October 31, 2009

Windows 7 ကို စတင်သုံးစွဲကြည့်ခြင်း

Active ခွေဆိုင်ကနေ Windows 7 Ultimate Version ခွေကို ၀ယ်လာခဲ့ပါတယ်။ ခွေအမှတ်က DS-350 ပါ။ စင်တာရောက်ရောက်ချင်း စပြီးတင်ပါတော့တယ်။ ကျွန်တော်တင်တဲ့ ကွန်ပျူတာက Pentium Dual Core 2.2 GHz FSB 800MHz ရှိပြီး Memory က 1GB 800Hz ဖြစ်ပါတယ်။ Board ကတော့ MSI G31M3-LS ပါ။

အဲဒီကွန်ပျူတာကို Windows 7 တင်တဲ့အခါမှာ Install လုပ်ချိန် စုစုပေါင်း 15 မိနစ်သာ ကြာပါတယ်။ Software အနည်းငယ် တင်ပြီး Boot လုပ်တဲ့အချိန်ကို စောင့်ကြည့်တဲ့အခါမှာ ကွန်ပျူတာ ဖွင့်တဲ့အချိန်ကစပြီး Desktop ပေါ်လာတဲ့ အချိန်အထိ စက္ကန့်သုံးဆယ်ပဲ ကြာပါတယ်။

ဒါတောင်မှ 32 bit ပဲ ရှိပါသေးတယ်။ အခု Active က ၀ယ်လို့ရလာတဲ့ ခွေအမှတ် DS-350 ဟာ 32 bit ဖြစ်နေပါတယ်။ Vista ပေါ်ခါစတုန်းက Install လုပ်တဲ့အခါမှာ 32 bit လား 64 bit လားဆိုပြီး မေးပါတယ်။ အခု Windows 7 ကတော့ ဘာမှမမေးပါဘူး။ 32 bit နဲ့ပဲ တင်ပေးသွားပါတယ်။ ကျွန်တော့်အထင် 32 bit နဲ့ 64 bit ဆိုပြီး ခွဲများထုတ်သလားမသိပါဘူး။ Microsoft ကတော့ Windows 7 ရဲ့ အနှစ်သာရ အပြည့်အ၀ရဖို့အတွက် 64bit သုံးပါဆိုပြီး အကြံပေးထားပါတယ်။ ဒါပေမဲ့ 64 bit ဆိုရင် Memory က 2 GB ရှိသင့်ပါတယ်တဲ့။ ဒါကြောင့်မို့ ကျွန်တော်တောင် Memory 1GB တစ်ချောင်းဝယ်ဖို့ စဉ်းစားနေရပါတယ်။

Windows 7 မှာ အသစ်ပါလာတာတွေကို ရေးပြတာထက် စာဖတ်သူကိုယ်တိုင် လက်တွေ့စမ်းသပ်ပြီး သုံးစွဲ ကြည့်တာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ သေချာတာကတော့ Windows 7 ကို သုံးပြီးရင် XP သို့မဟုတ် Vista ကို မေ့သွားမှာပါ။

ကျွန်တော်လည်း အခု Windows 7 ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်ဖို့၊ တစ်ခုခုဖြစ်ရင် Troubleshooting လုပ်နိုင်ဖို့အတွက် စတင် လေ့လာနေရပါတယ်။ Microsoft ကထုတ်တဲ့ Windows 7 စာအုပ်တွေကို ရှာပြီး ဖတ်ရဦးမှာပါ။ Windows 7 နဲ့ ပတ်သတ်တာတွေကိုလည်း နောက်ရက်တွေကျရင် အလျဉ်းသင့်သလို တင်ပေးသွားပါဦးမယ်။

October 30, 2009

Website များကို Download ဆွဲကြည့်ခြင်း

ရွှေဘိုက အစ်ကိုတစ်ယောက်က သူ့သင်တန်းမှာ Intranet လေးလုပ်ချင်တယ်လို့ ပူဆာလာပါတယ်။ ရွှေဘိုမှာက အခုထိ အင်တာနက်မရသေးပါဘူး။ သူ့စိတ်ကူးက သူ့သင်တန်းလေးမှာ အင်တာနက်ပုံစံအတိုင်း Website တွေ ကြည့်ရစေချင်တယ်၊ Chat ပြောလို့ရချင်တယ်၊ Local email ပို့လို့ရစေချင်ပါတယ်တဲ့။

အဲဒီတော့ ကျွန်တော်က Windows Server 2003 တင်မယ်။ DNS ထည့်မယ်။ IIS ထည့်မယ်။ ပြီးရင် အဲဒီ Server ထဲမှာပဲ Website တွေထည့်မယ်။ လိုအပ်တဲ့ Configuration တွေလုပ်မယ်။ ဒါဆိုရင် တခြားစက်တွေဟာ အင်တာနက်ပုံစံအတိုင်း Firefox လေးဖွင့်ပြီး ဥပမာ www. .com လို့ရိုက်ပြီး site တွေကို ကြည့်နိုင်မယ်လို့ ပြောလိုက်ပါတယ်။ Site တွေကတော့ Server မှာထည့်ထားတဲ့ site တွေပဲ ရမှာပေါ့လေ။

အဲဒီတော့ လိုအပ်လာတာက Website တွေပါ။ အတော်လေးစဉ်းစားရပါတယ်။ ဘယ် site ကို download ဆွဲရမလဲပေါ့။ dynamic site တွေကတော့ ဆွဲလို့မရဘူး။ static site တွေပဲရမှာလေ။ အဲဒါနဲ့ပဲ site သုံးလေးခု လောက်ကိုစဉ်းစားပြီး download ဆွဲပါတော့တယ်။ ကျွန်တော်သုံးတာက Free ပေးတဲ့ WinHttrack ပါ။ ပထမဆုံး စဆွဲတဲ့ site ကတော့ PHP နဲ့ရေးထားတာမို့ အဆင်ပြေပါတယ်။ ဒါတောင် XAMPP လေးတင်ပြီးမှ Offline အနေနဲ့ ကောင်းကောင်းကြည့်ရသွားတာပါ။ ပြီးတော့ သုံးညလောက် အချိန်ပေးလိုက်ရပါတယ်။ နောက် site တစ်ခုကတော့ ASP နဲ့ ရေးထားတယ်။ အဲဒါကို Httrack နဲ့ဆွဲတယ်။ ဘယ်လိုမှဆွဲမရဘူး။ error ပဲ တက်တယ်။ နောက် တပည့်တစ်ယောက်က ကိုသူရိန် ကျွန်တော်နောက်တစ်ခု တွေ့ထားတယ်တဲ့။ Offline Downloader တဲ့။ သူစမ်းကြည့်ပြီးပြီလို့ ပြောပါတယ်။ ASP site တွေကိုလည်း ဆွဲနိုင်တယ်။ ပြီးတော့ ဆွဲတာ အရမ်းမြန်တယ်လို့ပြောပါတယ်။ ဒါပေမဲ့ Free ပေးတာတော့ မဟုတ်ပါဘူး။ အင်းပေါ့လေ။ ငွေပေးဝယ်ရတဲ့ software ဟာ Free ပေးတာထက်တော့ ကောင်းမှာပေါ့ဗျာ။

အဲဒီလိုနဲ့ Website တွေ Download ဆွဲတဲ့ကိစ္စက အဆင်ပြေသွားပါတယ်။

နောက်ထပ် Local Chat ပေါ့။ ရှာလိုက်၊ ဆွဲလိုက်၊ စမ်းလိုက်နဲ့ နောက်ဆုံးတော့ Outlook Messenger ဆိုတာလေးကို တွေ့ပါတယ်။ Interface လည်းလှတယ်။ အဆင်လည်းပြေပါတယ်။

Local Mail ကတော့ အရင်တုန်းက Hard Disk ထဲမှာ သိမ်းထားတာရှိတယ်။ အခုပြန်ရှာကြည့်တော့ မတွေ့တော့ဘူး။ အခုလုပ်ပေးရမှာက စက် ဆယ်လုံးလောက်ဆိုတော့ Exchange ကြီးကိုလည်း မသုံးချင်ဘူး ဖြစ်နေလို့ အခုလို ပေါ့ပေါ့ပါးပါးလေးတွေ လှည့်ရှာကြည့်နေတာပါ။

October 28, 2009

Exif (Exchangable Image Format)

ဝန်ခံချက်

Exif ဆိုတာကို အင်တာနက်ဂျာနယ်ဖတ်ရင်း ဧဧသက်(ဖြိုးနေဒစ်ဂျစ်တယ်ဓာတ်ပုံ) ရေးသားတဲ့ ဆောင်းပါးကို ဖတ်မိတဲ့အခါမှာမှ သိရှိခဲ့ပါတယ်။ အဲဒါနဲ့ ပိုပြီးသိချင်လို့ Wikipedia ထဲမှာရှာပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။

Exif ဆိုတာဘာလဲ
Exif ဆိုတာ image file တွေအတွက် specification တစ်ခုဖြစ်ပြီး Digital Camera တွေမှာ အသုံးပြုပါတယ်။ Digital Camera နဲ့ ရိုက်ပြီးရရှိလာတဲ့ JPEG နဲ့ TIFF ဖိုင်တွေမှာ Exif Information တွေပါဝင်လေ့ရှိပြီး PNG နဲ့ GIF ဖိုင်တွေမှာတော့ Exif information တွေ မပါပါဘူး။
Exif ကို Japan Electronic Industries Development Association (JEDIA) ကနေပြီး 1998 ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ နောက်ဆုံး Version ကတော့ 2.2 ဖြစ်ပြီး 2002 ခုနှစ် ဧပြီလမှာ ထွက်ရှိခဲ့ပါတယ်။ Exif ဟာ အခုထက်ထိ standard တစ်ခုဖြစ်မလာသေးပေမဲ့ Digital Camera တိုင်းမှာ အသုံးပြုနေပါပြီ။

Exif ထဲမှာဘာတွေပါလဲ
Exif မှာပါဝင်တဲ့ metadata tags တွေကတော့
ဓာတ်ပုံရိုက်ခဲ့တဲ့ နေ့စွဲနဲ့အချိန်တွေ ပါဝင်ပါတယ်
ဓာတ်ပုံရိုက်စဉ်တုန်းက အသုံးပြုခဲ့တဲ့ ကင်မရာရဲ့ setting တွေပါပါတယ်။ ဥပမာအားဖြင့် aperture, shutter speed, focal length, metering mode နဲ့ ISO Speed စတာတွေပါပါတယ်။
ပြီးရင် ကင်မရာရဲ့ LCD မှာပေါ်နိုင်ဖို့အတွက် thumbnail ပုံဟာလည်း အဲဒီ Exif ထဲမှာပါဝင်ပါတယ်။
နောက်ဆုံးကတော့ Copyright information တွေပါဝင်ပါတယ်။
စိတ်ဝင်စားစရာအကောင်းဆုံးကတော့ GPS ပါတဲ့ ကင်မရာမှာဆိုရင် တည်နေရာပြအချက်အလက်တွေတောင်မှ Exif ထဲမှာ ပါနိုင်ပါတယ်။

Exif Information တွေကို ဘယ်လိုကြည့်မလဲ
Digital Camera နဲ့ရိုက်ထားတဲ့ ဓာတ်ပုံမှန်သမျှမှာ Exif ပါပြီးသားပါ။ အဲဒီပုံပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးပြီး Summary ကိုနှိပ်ပါ။ အဲဒီအခါမှာ အဲဒီဓာတ်ပုံရဲ့ Exif Information တွေကို မြင်နိုင်ပါလိမ့်မယ်။ Opanda IExif Viewer ဆိုတဲ့ Free ပေးတဲ့ tool ကိုသုံးပြီးတော့လည်း ကြည့်နိုင်ပါသေးတယ်။ အသေးစိတ် Exif Information တွေကိုကြည့်ချင်တယ်ဆိုတော့ ExifTool ဆိုတဲ့ program လေးကို အသုံးပြုနိုင်ပါတယ်။

စာဖတ်သူများ Exif တွေကြည့်ပြီး ဓာတ်ပုံကပြောတဲ့စကားတွေကို ကြားနိုင်ကြပါစေ။

October 27, 2009

Networking

Mr. Phyoe Wai Kyaw send me this post and i share it to all. Thanks ko phyoe wai kyaw for it. If u wanna know more about it, u can ask mr.phyoewaikyaw@gmail.com.

Powerline Networking Devices တွေကို အခု ကျွန်တော်တို့နိုင်ငံမှာဝယ်သုံးလို့ရနေပါပြီ..အဲဒီ devices ကို HomePlug Wireless Adapter အနေနဲ့ Access Point တခုလိုအသုံးပြုလို့ရပါတယ် HomePlug Wireless Adapter က တစ်စုံပတယ်.နှစ်ခုပေါ့ဗျာ...တစ်ခုက RJ 45 Port နဲ့ နောက်တစ်ခုက wireless တိုင် လေးနဲ့..ဘယ်လို အသုံးပြုရလဲဆိုတော့... အဓိက လိုအပ်တာက အဲဒီ Adapter တွေကိဲုElectrical Outlet တဖက်စီမှာ တပ်ရမယ်..ပြီးတော့ အဒီ Electrical Outletတွေကလဲ မီးလိုင်းတစ်လိုင်းထဲ ဖြစ်ရမယ်ပြီးရင်..RJ 45 Port ပါတဲ့ Adapter ကို Router/Network က Cable နဲ့ချိတ်လိုက်.. အဲဒါဆိုရင်...တစ်ဖက်ကတပ်ထားတဲ့ Wireless Adapter ကအလိုလိုနေရင်း Access Point ဖြစ်သွားရော..သွားတဲ့ rate ကတော့ သူ့ Brandပေါ် မှုတည်တယ်ဗျ...ဥပမာ...Aztech HL105E(Starter Pack) ဆိုရင် 100 Mbps လောက် ရှိတယ်...နောက် SMC Brand လဲရှိတယ်..သူလဲ အတူတူလောက်ပဲ..Wireless မဟုတ်ပဲ Cable နဲ့လဲ ရှိတယ်အဲဒီAdapter ကတော့ 85 Mbps လောက်ပဲသွားတယ်ဗျ..သူတို့က အထဲမှာ IP ပါပြီးသားဗျ..ပြီးကြမှ ပြန်ပြီး Configuration လုပ်လို့ရတယ်..

October 26, 2009

My Current Activity

1. Windows 7 ကို Microsoft က end user တွေအတွက် တရားဝင် စတင်ရောင်းချတာ တစ်ပတ်ကျော်သွားပြီ ။ သုံးချင်လှပြီ။ ခွေဆိုင်ကို အခုထိ မရောက်နိုင်သေးဘူး ဖြစ်နေတယ်။ Full Version ရပါ့မလားမသိဘူး။

2. ကွန်ပျူတာတက္ကသိုလ်က သူငယ်ချင်းတွေရဲ့ Thesis အတွက် software တွေ ရေးပေးနေရတယ်။ တစ်ယောက်က (ကျွန်တော့်ကောင်မလေး) Web Usage Mining။ သူက Web server မှာရှိတဲ့ access log ကို analyze လုပ်ပြီး useful information တွေ ထုတ်ပြရမှာ။ ဥပမာ အကြည့်အများဆုံး page တို့၊ အကြည့်အများဆုံး အချိန်တို့ စသည်ဖြင့်ပေါ့။ အဲဒါကို PHP နဲ့ ရေးပေးလိုက်တယ်။ ပြီးသလောက်တော့ ရှိနေပြီ။ နောက်တစ်ယောက်က Sequence alignment သီအိုရီကို သက်သေပြပေးရမယ့် ဆော့ဖ်ဝဲ။ sequence alignment သီအိုရီက DNA တွေကို တိုက်စစ်တဲ့အခါမှာ သုံးတဲ့ဆော့ဖ်ဝဲတွေမှာ ထည့်သုံးရတဲ့ သီအိုရီပေါ့။ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ အခုတော့ စကို မစရသေးဘူး။ နောက်တစ်ယောက်ကတော့ Linear Programming တဲ့။ အဲဒါကျတော့ ဖတ်ကို မဖတ်ရသေးဘူး။

3. အင်တာနက်ဂျာနယ်ထဲမှာ အခန်းဆက်ပါပြီးသွားတဲ့ ကိုဝဏကျော်ရဲ့ လက်တွေ့အသုံးချ Digital Video လေ့လာမှုလမ်းညွှန်ကို ကြိုက်လွန်းလို့ Ebook ထုတ်မယ်ဆိုပြီး စာစီထားတာ။ အဲဒါ ကြားထဲမှာ ဂျာနယ်က အဆတ်ပြတ်သွားလို့ ဆောင်းပါးက တစ်ဝက်တစ်ပျက်ကြီး ဖြစ်နေတယ်။ လိုတာက အတွဲ(၁၀) အမှတ်(၁၀) အမှတ်(၁၅) နဲ့ အမှတ်(၁၆)။ Gtalk ထဲကနေ တွေ့သမျှလူကို အဲဒီအစောင်တွေများ ရှိရင် အဲဒီအစောင်တွေ ထဲမှာပါတဲ့ ကိုဝဏကျော်ရဲ့ဆောင်းပါးကို ပို့ပေးလို့ရမလား ဆိုပြီး လိုက်ပြောနေရတယ်။ အခုတော့ ဘယ်သူမှ ဘာမှပြန်မပို့ကြသေးဘူး။ ဟူး ရပါ့မလားမသိဘူး။ (update: ရပြီးသွားပါပြီ)

4. အွန်လိုင်းပေါ်မှာ မြန်မာဘလော့ဂ်တွေ၊ Forum တွေကလည်း တဖြည်းဖြည်းနဲ့ များသထက် များလာတယ်။ Forum တွေက များလွန်းတော့ လိုက်တောင် မကြည့်နိုင်တော့ဘူး။ တစ်နေရာတည်း စုစုစည်းစည်း ဆွေးနွေးကြရင် သိပ်ကောင်းမှာပဲ။

5. ရန်ကုန်မှာ အိုင်စီတီပြပွဲလုပ်တယ်တဲ့။ အင်း တကယ်တမ်းကျ အိုင်စီတီပြပွဲလို့ မခေါ်သင့်ဘူး။ ကွန်ပျူတာ ဈေးရောင်းပွဲတော် ဆိုပြီး ခေါ်ရမှာ။ ပစ္စည်းပဲ ရောင်းကြတာ။ ဘာမှလည်း မပါဘူး။ ရန်ကုန်မှာ ကွန်ဒိုတစ်ခု လောက်ဆောက်ပြီး ကွန်ပျူတာ sales မှန်သမျှ အဲဒီမှာပဲ ရောင်းကြမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ ဘန်ကောက်ရောက်တုန်းက အဲဒီလိုမျိုး တွေ့ခဲ့တယ်။ Computer Market တဲ့။ ၁၀ ထပ်လောက် ရှိမယ်ထင်တယ်။ ကွန်ပျူတာဆိုင် တွေချည်းပဲ။ customer တွေအတွက် ၀ယ်ရတာ အဆင်ပြေတာပေါ့။ အခုတော့ ရန်ကုန်မှာ ပစ္စည်းဝယ်ရင် ဟိုဆိုင်သွားလိုက်ရ၊ ဒီဆိုင်သွားလိုက်ရနဲ့။ ပြီးတော့ တစ်ဆိုင်နဲ့တစ်ဆိုင် နီးနီးနားနားလည်း မဟုတ်ဘူး။

6. သင်တန်းအတွက် CorelDraw Course စာအုပ်လေး ရေးပြီးသွားပြီ။ တော်တော်အချိန်ပေးလိုက် ရတယ်။ နောက်ထပ် Networking Course ရယ်၊ Multimedia Course ရယ်၊ Database သင်တန်းအတွက် Course စာအုပ်ရယ် ရေးဖို့ကျန်သေးတယ်။ ဟူး…

7. ifile.it ကလည်း ဘာဖြစ်တယ်မသိဘူး။ Ebook တစ်ခု upload လုပ်တာ ဘယ်လိုမှ မရဘူး။

8. စင်တာကို စက်ပျက်လို့ဆိုပြီး လာပြင်တာတွေများတယ်။ အများအားဖြင့် Windows မတက်တာတွေ ချည်းပဲ။ တကယ်တမ်းကျ Hard Disk တွေက ဖြစ်နေတာ။ NTFS File System ရဲ့ အားနည်းချက်လို့ပဲ ပြောရမလားမသိဘူး။ Master File Table ထဲပါတဲ့ index တွေ invalid ဖြစ်ကြတာတွေ ချည်းပဲ။ Recovery Console နဲ့ chkdsk လုပ်လိုက်တော့ ဟော ခဏပဲ။ ပြန်ကောင်းသွားတယ်။ အထာမသိတဲ့ သူဆိုရင် Windows မတက်လို့ဆိုပြီး Windows ပြန်တင်ရင် တင်နေဦးမှာ။

9. Netbook လေးတွေ ပေါ်လာတာ တော်တော်သဘောကျတယ်။ သယ်ရတာလည်း အဆင်ပြေတယ်။ သုံးရတာလည်းမြန်တယ်။ heavy ကြီးတော့ ခိုင်းမရဘူးပေါ့။ တစ်လုံးလောက်ရချင်သေးတယ်။ ငွေစုရဦးမယ်။

October 24, 2009

PageMaker မှာ Font ရွေးမရရင်

PageMaker ဟာ တစ်ခါတစ်ရံမှာ Font တွေ မပေါ်တာတို့၊ Font ပေါ်ပေမဲ့လည်း ရွေးလိုက်တဲ့အခါမှာ Font not Found ဆိုပြီး ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတာကို စာဖတ်သူလည်း ကြုံဖူးမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ခဏခဏကြုံပါတယ်။ အရင်တုန်းကတော့ ဘာကြောင့်မှန်းမသိဘူး။ PageMaker ကိုဖြုတ်တယ်၊ ပြန်တင်တယ်။ ဒါလည်းမရဘူး။ PageMaker က ဖြစ်တာလို့ပဲ ထင်ခဲ့တာ။

အခုတော့ သိသွားပြီ။ တကယ်တမ်းက PageMaker ဟာ C:\Windows\Font ဖိုလ်ဒါထဲမှာ Shortcut တွေ ရှိနေရင် တခြားဖိုင်တွေရှိနေရင် အဲဒီလိုတွေ ဖြစ်တတ်ပါတယ်။

ဖြေရှင်းနည်းက လွယ်ပါတယ်။

C:\Windows\Fonts ထဲကိုသွားပြီး Shortcut တွေ မှန်သမျှဖျက်ပါ။ ပြီးရင် .fon နဲ့ဆုံးတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်ပါ။ ပြီးရင် PageMaker ကိုဖွင့်ကြည့်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။

PageMaker ဟာ မသုံးသင့်တော့ပေမဲ့ ငယ်ကျွမ်းဆွေကြီးမို့ ကျွန်တော်ကတော့ မပစ်နိုင်ဖြစ်နေရပါတယ်။ PageMaker အစားထိုးအနေနဲ့ InDesign ကိုသုံးစွဲသင့်တယ်ဆိုတာ သိပေမဲ့လည်း အခုထိ InDesign ဘက်ကို ခြေဦးမလှည့်ဖြစ်သေးဘူး။

October 21, 2009

Jobstreet.com


စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယတို့မှာ အလုပ်ရှာလိုသူများ ၀င်ရောက်ကြည့်သင့်တဲ့ site တစ်ခုပါ။

www.jobstreet.com

October 19, 2009

BitDefender 2009 ရဲ့ အကြီးမားဆုံးအားနည်းချက်

BitDefender ကို ၀ယ်တဲ့အခါမှာ Installer CD ရယ်၊ စာရွက်လေးတစ်ရွက်ရယ် ပါပါတယ်။ အဲဒီ စာရွက်ထဲမှာ License Key ဆိုတာ ပါပါတယ်။ Install လုပ်ပြီးတဲ့အခါမှာ အဲဒီ Key ကို ထည့်ပေးရပါတယ်။ မထည့်ရင် သူက တစ်လပဲ အသုံးခံပါတယ်။ ကျွန်တော်တို့တွေက အဲဒီ Key ကို တစ်သောင်းခုနစ်ထောင် ပေးပြီး ၀ယ်ရတာပါ။


BitDefender 2009 ရဲ့ အားနည်းချက်က ဒီလိုပါ။


BitDefender 2009 တင်ထားတဲ့စက်မှာ BitDefender ကို သွားဖွင့်ကြည့်လိုက်ပါ။ ပြီးရင် Register ကို နှိပ်လိုက်ပါ။ အဲဒီအခါမှာ အောက်မှပြထားသလို Windows တစ်ခုပေါ်လာပါလိမ့်မယ်။

 
မြင်တဲ့အတိုင်းပါပဲ။ အဲဒီ Window ထဲမှာ Key ကြီးက အရှင်းသားအထင်းသား မြင်နေရပါတယ်။ သူငယ်ချင်းတစ်ယောက်က BitDefender ကိုဝယ်လာပြီး သူ့စက်မှာတင်ထားမယ်ဆိုပါစို့။ ကိုယ်က သူ့စက်ကလေးခဏသွားကိုင်ပြီး အခုလို နည်းနဲ့ ကြည့်လိုက်ရင် Key ကို အလွယ်တကူတွေ့နိုင်ပါတယ်။ ပြီးရင် အဲဒီ Key ကို စာရွက်လေးနဲ့မှတ်ပြီး ကိုယ့်စက်မှာ BitDefender တင်တဲ့အခါ Key ထည့်ပေးလိုက်မယ်ဆိုရင် ကိုယ်က တပြားတစ်ချပ်မှ မကုန်ဘဲ BitDefender ကို တရားဝင်သုံးလို့ ရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်က Offline သုံး ဖြစ်ဖို့တော့ လိုပါတယ်။ မဟုတ်ရင်တော့ ကိုယ်က ခိုးသုံးနေမှန်း BitDefender က သိနိုင်ပါလိမ့်မယ်။
 
ဒီ Post လေးဟာ ခိုးနည်းသင်ပေးတာမဟုတ်ပါဘူး။ BitDefender အသုံး ပြုသူတွေ သတိထားစေချင်လို့ပါ။ အကောင်းဆုံးက BitDefender ကို Public PC တွေမှာ မတင်တာအကောင်းဆုံးပါပဲ။ ကျွန်တော်ကတော့ Kaspersky ကိုပဲ ၀ယ်သုံးတာလေ။ Kaspersky ကျတော့ အဲဒီလိုမရှိပါဘူး။ Key File လေးက အဓိကပါပဲ။ အဲဒီ Key File လေးကိုသာ လုံခြုံစွာသိမ်းထားရင် ဘယ်သူမှ ဘာမှလုပ်မရတော့ဘူးလေ။

October 14, 2009

MP3 သီချင်းထဲမှာ ခွေကာဗာပုံ ထည့်ခြင်း

Windows Media Player 11 မှာ Advanced Tag Editor ဆိုတာ ပါပါတယ်။ သူနဲ့ဆိုရင် MP3 ထဲကို Lyrics ထည့်တာတွေ၊ အခုလို ခွေကာဗာပုံထည့်တာတွေကို လုပ်လို့ရပါတယ်။ ဒါပေမဲ့ သူက Library ထဲ ရှိတဲ့ သီချင်းတွေကိုပဲ လုပ်ပေးနိုင်ပါတယ်။ အခုနည်းကတော့ အဲဒီ Advanced Tag Editor ကို မသုံးပဲနဲ့ MP3 ထဲကို ခွေကာဗာထည့်နည်းလေးပါ။ ခွေကာဗာပုံမဟုတ်ဘဲ အဆိုတော်ပုံတွေဘာတွေလည်း ထည့်ရင်ရပါတယ်။ ပုံဆိုရင် ပြီးတာပါပဲ။


၁။ အရင်ဆုံးတော့ ခွေကာဗာပုံကို ရအောင်ရှာလိုက်ပါ။ Scan ဖတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အင်တာနက်ထဲကနေ ရှာပြီးတော့ပဲ ဖြစ်ဖြစ်ပေါ့။

၂။ ပြီးတော့ အဲဒီပုံကို Dimension ပြောင်းရပါ့မယ်။ Dimension ကို width 75 px နဲ့ height 75 px သို့ ပြောင်းလဲပါ။ Photoshop ကိုပဲသုံးသုံး Microsoft Office Picture Manager ကိုပဲသုံးသုံးပေါ့။

၃။ ပြီးရင် အခု Dimension ပြောင်းလိုက်တဲ့ပုံကို MP3 သီချင်းတွေရှိတဲ့ Folder ထဲမှာ Folder.jpg အနေနဲ့ သိမ်းလိုက်ပါ။ ဥပမာ- ကိုလေးဖြူရဲ့ BOB ကာဗာပုံဆိုရင် အဲဒီ BOB Folder ထဲကို သိမ်းလိုက်ပေါ့။

၎။ ပြီးသွားပါပြီ။ ပြီးရင် ဥပမာ အဲဒီ BOB Folder ထဲက သီချင်းတစ်ပုဒ်ကို Windows Media Player နဲ့ ဖွင့်ကြည့်လိုက်ပါ။ Now Playing List ရဲ့ အပေါ်မှာ ခွေကာဗာပုံလေး ပေါ်နေပါလိမ့်မယ်။

October 13, 2009

MS-DOS ( Net Start, Net Stop )

MS-DOS အကြောင်း နဲ့ ပတ်သတ်ပြီး ကျွန်တော်သိသလောက်လေးတွေ ရှဲ လုပ်ပေးရင်ကောင်းမယ်လို့ စိတ်ကူးမိတာနဲ့ ဒီပိုစ့်လေးကို ရေးလိုက်ရတာပါ
ဟိုး အရင်တုံးက Run box မှာ ရိုက်ထည့် လိုက်ရတာလေး တွေကို ပြေးမြင်မိတယ်ဗျာ ကျွန်ပျူတာရှေ့ရောက်တာနဲ့ မောက် ကိုမကိုင်တော့ဘူး Run box ခေါ် command တွေရိုက် အတော် ကြေနပ်နေခဲ့တဲ့ဘ၀လေးပေါ့
Windows တင်မယ်ဆိုလဲ DOS ကနေပဲ fdisk တွေဘာတွေနဲ့ တော်တော် လုပ်ခဲ့ရတဲ့ အခြေအနေပေါ့ နောက်ပိုင်း Xp ပေါ်လာတော့ ဒါတွေမလို့တော့ဘူးလေ ဒါနဲ့ DOS နဲ့ အဆက်ပြတ်နေခဲ့တာ (command ချင်းက ခပ်ဆင်ဆင်ဆိုတော့)
တကယ်တော့ computer သမားတစ်ယောက် က DOS အကြောင်းကို နားလည်ထားသင့်တယ် လို့ကျွန်တော်ထင်ပါတယ်
ဥပမာ CD အဟောင်းထဲက Data တွေရသလောက်ကူးချင်တယ် ဆိုပါတော့ folder တွေ file တွေ ကလဲ အများကြီး ကူးနေရင် file တစ်file အရောက်မှာ Cyclical Redundancy Check ဆိုပြီး error တတ်ပြီး copy ကူးတာရပ်သွားမယ် ဆိုပါတော့
စက်ထဲမှာ unstoppable copy လို software ကလဲမရှိဘူး ကဲ..ဘာဆက်လုပ်ကြမှာလဲ - ဒီအချိန်မှာ MS-DOS ထဲက xcopy utility ကိုသိထားခဲ့မယ်ဆိုရင် ခေါင်းမစားရတော့ဘူးပေါ့ xcopy /s /c ဆိုပြီး သုံးလေးလုံးလောက် ရိုက်ထည့်လိုက်ပြီး ဆေးလိပ်လေးထိုင်သောက် နေလိုက်တော့မှာပေါ့ ( ကျွန်တော်ဆိုရင်ပေါ့လေ.... :) )
အခု post ကတော့ Services.msc ထဲက service တွေကို DOS ကနေ ပိတ်နိုင်ဖွင့်နိုင်အောင် Net Start နဲ့ Net Stop အကြောင်းသိသလောက်လေးပါ
Computer နဲ့ အကျွမ်းတ၀င် ရှိသူတွေ အားလုံး နီးပါး Window Services အကြောင်းကို သိကြမှာပါ
DOS ကနေဖွင့် နိုင်ရန်အတွက်တော့ Net Start [service] ၊ run နေတဲ့ service တွေကို ကြည့်ချင်ရင်တော့ Net Start ရိုက် enter ခေါက်လိုက်ရုံပါပဲ ၊ပိတ်ချင်တယ်ဆိုရင်တော့ Net Stop [service]၊ [service] ဆိုတဲ့နေရာမှာ service name ရိုက်။
တစ်ချို့သိပြီးသားဖြစ်ကြမှာပါ လွယ်လွယ်လေးပဲ ခက်တာက service name မှာ သူတို့ရဲ့ Internal Name တွေကိုပဲရိုက်ပေးရမှာ workstation service တို့ server service တို့ ကလွယ်တယ်၊ Network Connection တို့ Help and Support တို့ Windows Time တို့ Indexing Service တို့ COM+ System Application တို့လို service ကြတော့ လွယ်လွယ်နဲ့မသိနိုင်တော့ဘူး ဒါပေ့မယ့် အခုလွယ်သွားပါပြီ ကျွန်တော် ရသလောက် service တွေရဲ့ Internal Name တွေရှာစုထားပါတယ်
မှတ်ချက်။ ။Services.msc ထဲတွင် မိမိဖွင့်လိုသော service မှာ disable မဖြစ်ဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ DOS မှ Disable မှ Menual , Automatic သို့ပြောင်းနိုင်စေရန် ကြိုးစားနေဆဲပါ။

ကြိုးစားပါအုံးမယ်

AppMgmt = Application Management
AudioSrv = Windows Audio
BITS = Background Intelligent Transfer Service
Browser = Computer Browser
CyptSvc = Cryptographic Services
TermService = Terminal Services
DcomLaunch = DCOM Server Process Launcher
Dhcp = DHCP Client
dmserver = Logical Disk Manager
ERSvc = Error Reporting Service
EventSystem = COM+ Event System
FastUserSwitchingCompatibility = First User Switching Compatibity
helpsvc = Help and Support
lanmanserver = Server
lanmanworkstation = Workstation
Netman = Network Connection
Nla = Network Location Awareness (NLA)
RasAuto = Remote Access Auto Connection Manager
RasMan = Remote Access Connection Manager
RemoteAccess = Routing and Remote Access
Schedule = Task Scheduler
seclogon = Secondary Logon
SENS = Secondary Event Notification
SharedAccess = Windows Firewall/Internet Connection Sharing (ICS)
ShellHWDection = Shell Hardware Detection
srservice = System Restore Service
TapiSrv = Telephony
Themes = Themes
TrkWks = Distributed Link Tracking Client
W32Time = Windows Time
winmgmt = Windows Management Instrumentation
WmdmPmSN = Portable Media Serial Number Service
Wmi = Window Management Instrumentation Driver Extension
wscsvc = Security Center
wuauserv = Automatic Updates
WZCSVC = Wireless Zero Configuration
xmlprov = Network Provisioning Service
Alerter = Alerter
LmTHosts = TCP/IP NetBIOS Helper
RemoteRegistry = Remote Registry
SSDPSRV = SSDP Discovery Service
upnphost = Universal Plug and Play Device Host
WebClient = WebClient
RpcLocator = Remote Procedure Call (RPC) Locator
MSIServer = Window Installer
VSS = Volume Shadow Copy
stisvc = Windows Image Acquisition (WIA)
TlntSvr = Telnet
SCardSvr = Smart Card
RDSessmgr = Remote Desktop Help Session Manager
NetDDE = Network DDE
NetDDEdsdm = Network DDE DSDM
SwPrv = MS Software Copy Provider
COMSysApp = COM+ System Application
MSDTC = Distributed Transaction Coordinator
dmadimin = Local Disk Manager Administrative Service
CiSvc = Indexing Service
ImapiService = IMAPI CD-Burning COM Service
HTTPFilter = HTTPSSL
ClipSrv = ClipBook
WmiApSrv = WMI Performance Adapter
NtLmSsp = NT LM Security Support Provider
PolicyAgent = IPSEC Services
ProtactedStorage = Protected Storage
SamSs = Security Accounts Manager
RpcLocator = Remote Procedure Call (RPC) Locator

October 12, 2009

PDF File Size ချုံ့ခြင်း

PDF ဖိုင်တွေဟာ သာမန်အားဖြင့်တော့ ချုံ့စရာမလိုပါဘူး။ ဒါပေမယ့် Scan ဖတ်ထားတာဆိုရင်တော့ File Size တွေက ကြောက်စရာကောင်းလောက်အောင်ကို ကြီးမားနေတာပါ။ ကျွန်တော်ဆိုရင် စာအုပ်တစ်အုပ်ကို Scan ဖတ်ပြီး Ebook လုပ်ကြည့်တဲ့အခါမှာ ထွက်လာတဲ့ File Size က 375 MB ဖြစ်နေလို့ မဖြစ်သေးဘူးဆိုပြီး File Size ကို လျော့ကြည့်ဖို့ ကြိုးစားမိပါတယ်။ အဲဒီအခါမှာ အံ့သြစရာကောင်းလောက်အောင် File Size ဟာ 375 MB ကနေ 49 MB ထိ ကျုံ့သွားတာကို တွေ့ရပါတယ်။

အဲဒါနဲ့ပဲ ကျွန်တော်တွေ့ရှိခဲ့တဲ့နည်းလေးကို ရှယ်ယာလုပ်ဖြစ်သွားတာပါ။

စာအုပ်ကို Scan ဖတ်တဲ့အခါမှာ ပျှမ်းမျှအားဖြင့် စာမျက်နှာတစ်မျက်နှာဟာ 1 MB နီးနီးကို ရောက်သွားပါတယ်။ ဒါပေမယ့် အဲဒီစာမျက်နှာမှာပါဝင်တဲ့ ပုံတွေ၊ စာတွေ အနည်းအများပေါ်မူတည်ပြီး size က ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော်တို့တွေ အရင်ဆုံး အဲဒီ File size ကို လျှော့ချရပါမယ်။

ကျွန်တော် Scan ဖတ်တဲ့စာအုပ်ဆိုရင် စာမျက်နှာတစ်မျက်နှာချင်းစီဟာ 1 MB လောက်စီ နေရာယူပါတယ်။ ပြီးတော့ Dimension 2084*2960 ပါ။ ကျွန်တော် အဲဒီဖိုင်ကို Paint နဲ့ ဖွင့်လိုက်ပါတယ်။ ပြီးတော့ Ctrl+S နှိပ်လိုက်ပါတယ်။ ပြီးတော့ Paint ကို ပိတ်လိုက်ပါတယ်။ ဟော File Size က 828 KB ဖြစ်သွားပါတယ်။ ဒါပေမယ့် များပါသေးတယ်။ ဒါကြောင့်မို့ အဲဒီဖိုင်ကို Microsoft Office Picture Manager နဲ့ ဖွင့်လိုက်ပါတယ်။ ပြီးတော့ Documents အနေနဲ့ Compress လုပ်လိုက်ပါတယ်။ ဟော File Size က 68.7 KB ဖြစ်သွားပါပြီ။ တခြား စာမျက်နှာတွေလည်း အဲဒီအတိုင်း (စိတ်ရှည်စွာနဲ့) လိုက်လုပ်လိုက်ပါတယ်။

အားလုံးပြီးသွားတော့ Adobe Acrobat 7.0 နဲ့ PDF အဖြစ် ဖန်တီးလိုက်ပါတယ်။ ထွက်လာတဲ့ PDF File Size က အတော်လေးကြီးနေပါတယ်။ အဲဒါနဲ့ Acrobat ထဲမှာများ ပါမလားလို့ လှည့်ရှာကြည့်မိပါတယ်။ ဟော File Menu ထဲမှာ Reduce File Size ဆိုတာ တွေ့တာနဲ့ အားကိုးတကြီးနဲ့ နှိပ်လိုက်ပါတယ်။ ဒါပေမယ့် point အနည်းငယ် လောက်ပဲ လျော့သွားပါတယ်။ ပြောတော့ Reduce File Size တဲ့။ နောက်က a littte ဆိုပြီး ထည့်ထားရမှာ။

အဲဒါနဲ့ ထပ်ရှာကြည့်ပြန်တယ်။ Advanced Menu ထဲမှာ PDF Optimizer ဆိုတာ တွေ့လိုက်ပါတယ်။ သူ့ကို ရွေးလိုက်ပါတယ်။ Box တစ်ခုပေါ်လာပါတယ်။ ဘယ်ဘက်က Scanned Pages ကို ရွေးလိုက်ပါတယ်။ အဲဒီမှာ Slider လေးပါပါတယ်။ Small Size ကနေ High Quality ဆီကို ရွှေ့လို့ရပါတယ်။ ကျွန်တော် Small Size ဘက် အဆုံးထိ Slider ကို ရွှေ့လိုက်ပါတယ်။ ပြီးတော့ OK နှိပ်လိုက်တယ်။ Ctrl+S နှိပ်လိုက်ပါတယ်။

အဲဒီမှာ 375 MB ရှိတဲ့ PDF File ဟာ 49 MB ထိ ကျုံ့သွားပါတယ်။ အချိန်တော့ နည်းနည်း ပေးရပါလိမ့်မယ်။

October 10, 2009

Yahoo User Interface


YUI ဟာ Javascript နဲ့ CSS တွေနဲ့ရေးသားထားတဲ့ Utilities တွေ Control တွေကို စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ AJAX ကိုအခြေခံတဲ့ Web Application တွေရေးသားဖို့အတွက် အရမ်းအသုံးတည့်ပါတယ်။ လက်ရှိ Yahoo ရဲ့ Home Page ဟာ YUI Library နဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း Web Developer တိုင်း လေ့လာနေရတဲ့ YUI ဖြစ်နေတာပါ။
အသေးစိတ်ကိုတော့ http://developer.yahoo.com/yui/ မှာသွားပြီး လေ့လာနိုင်ပါတယ်။

October 7, 2009

Troubleshooting Taskill Problem

ကျွန်တော် 2008တုန်းက ဒီပို့စ်လေးမှာ Network ကနေ တခြားကွန်ပျူတာမှာ run နေတဲ့ process ကို လှမ်းပိတ်နည်း လေးကို ဖော်ပြခဲ့ပါတယ်။ စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို အတော်လေးကို ရရှိခဲ့ပါတယ်။ တော်တော်များများလည်း အီးမေးလ်ပို့ပြီး စမ်းကြည့်တာ မရကြောင်း၊ Password တောင်းနေကြောင်း စသည်ဖြင့် ပြောကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တချို့စက်တွေမှာရပြီး တချို့စက်တွေမှာ မရခဲ့ပါဘူး။ အဖြေရှာကြည့်တော့ DCOM ကြောင့် ဖြစ်တာလို့ပဲ သိပါတယ်။ DCOM ဆိုတာဘာမှန်းလည်း မသိ၊ ဘယ်လို ဖြေရှင်းရမှန်းလည်းမသိခဲ့ပါဘူး။ အဲဒီလိုနဲ့ ဖြေရှင်းနည်းကို မရေးနိုင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

အခုတော့ တွေ့သွားပါပြီ။

ဒီလိုပါ။ DCOM ဆိုတာက ၀င်းဒိုးထဲမှာပါတဲ့ Protocol တစ်ခုပါ။ သူက network security ပိုင်းကို ထိန်းချုပ်ပါတယ်။ အဲဒီ DCOM ကိုဖွင့်ထားမှ ကိုယ့်စက်ကို တခြားစက်ကနေ လှမ်းပိတ်တာတို့၊ ကိုယ်သုံးနေတဲ့ program တွေကို တခြားစက်ကနေ လှမ်းပိတ်တာတွေကို ပြုလုပ်နိုင်မှာပါ။ အဲဒီ DCOM ကို ပိတ်ထားရင် တခြားစက်ကနေ ဘာမှလုပ်လို့မရတော့ပါဘူး။

DCOM ဖွင့်နည်း
Registry ထဲကို သွားပြင်ရပါမယ်။ လမ်းကြောင်းကတော့
HKLM\Software\Microsoft\Ole ပါ။
အဲဒီကနေ EnableDCOM ကို Y ပေးလိုက်ပါ။ ပိတ်ချင်ရင်တော့ N ပေးလိုက်ပေါ့။

ကိုယ့်စက်ကို လုံခြုံချင်သူတွေအနေနဲ့ DCOM ကို ပိတ်ထားပါ။ စမ်းသပ်လိုသူများအနေနဲ့ကတော့ စက်တွေတိုင်းမှာ DCOM ကိုဖွင့်ပြီးမှ စမ်းသပ်ပါ။

October 5, 2009

The Color Wizard



အရင်တုန်းက Graphic Design ဆွဲတဲ့အခါ၊ Web Design ဆွဲတဲ့အခါမှာ အရောင်တွေ စဉ်းစားရတာ တော်တော်လေး ခေါင်းခြောက်ပါတယ်။ အပြာရောင် background မှာ စာက ဘယ်အရောင်ထားရင် ကောင်းမလဲ စသည်ဖြင့် တွေးရပါတယ်။ ပန်းချီဆရာတစ်ယောက်ကို အဲဒီအကြောင်းကို ပြောမိတော့ သူက complimentary color ဆိုတာရှိတယ်။ မြန်မာလိုဆိုရင်တော့ မိတ်ဖတ်အရောင်တွေပေါ့။ ဥပမာ အနီနဲ့အနက်ဆိုရင် မိတ်ဖတ်အရောင်ပေါ့။ Design ဆွဲတဲ့အခါမှာ မိတ်ဖတ်အရောင်တွေကို သုံးစွဲမှ အဲဒီ design က ကြည့်ကောင်းတယ်လို့ သူကပြောပါတယ်။

အဲဒါနဲ့ပဲ ကျွန်တော်လည်းပဲ ကာလာသီအိုရီကို အင်တာနက်ထဲမှာ လေ့လာကြည့်ပါတော့တယ်။ မထင်မှတ်ဘဲ ဆော့ဖ်ဝဲလေးတစ်ခု ရခဲ့ပါတယ်။ Flash နဲ့ရေးထားတာပါ။ ကိုယ်သုံးမယ့် color ရဲ့ hex code ကို ရိုက်ထည့် ပေးလိုက်ရုံနဲ့ အဲဒီ color ရဲ့ မိတ်ဖတ်အရောင်တွေ၊ ဆင်တဲ့အရောင်တွေကို ထုတ်ပေးပါလိမ့်မယ်။

အားလုံးပဲ ဆန်းပြားလှပတဲ့ ဒီဇိုင်းများဖန်တီးနိုင်ကြပါစေ။

October 2, 2009

Installing Windows from Memory Stick

Windows XP, Windows Vista, Windows 7 တို့ကို Memory Stick ကနေ Install လုပ်လိုသူတွေ အတွက် Software လေးတစ်ခု ထွက်ရှိလို့လာပါပြီ။ နာမည်ကတော့ Navicorp WintoFlash ပါ။ အခုမှ Beta version ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ File size လည်းသေးပြီး သုံးရတာလည်း အရမ်းလွယ်ကူပါတယ်။ Wizard နဲ့ သွားရုံပါပဲ။
စမ်းသပ်ကြည့်တဲ့အခါ Prolink 4GB ထဲကို Windows XP ထည့်ပြီး Install လုပ်ကြည့်ပါတယ်။ ဘာ error မှ မရှိပဲ စီဒီခွေနဲ့တင်တာထက် ပိုပြီး လျင်မြန်စွာ install လုပ်သွားပါတယ်။
တစ်ခုအကြံပေးလိုတာကတော့ Windows တင်ရင် CD/DVD တွေနဲ့ တင်တာကပဲ အကောင်းဆုံးပါ။ အခုလို Memory Stick နဲ့ တင်တဲ့အခါ Stick မှာ read/write cycles တွေ တိုးလာတာမို့ Stick ကို လျင်မြန်စွာ ပျက်စီးစေနိုင်ပါတယ်။ မသုံးမဖြစ် သုံးရမယ့်အခြေအနေမျိုးမှသာ သုံးသင့်ပါတယ်။

File size: 2.09 MB

လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ

လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ
ရေးသူ....မောင်ဒေး



ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက် ရာဇ၀တ်ကောင်တွေ သုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား တကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ
လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။
ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။
ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။

မောင်ဒေး
ချင်းတွင်းမဂ္ဂဇင်း
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ