Showing posts with label Windows Troubleshooting. Show all posts
Showing posts with label Windows Troubleshooting. Show all posts

September 15, 2009

Memory Stick များ My Computer မှာ မပေါ်တဲ့ပြဿနာ

Memory Stick ကို ကွန်ပျူတာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။

အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူတာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။

ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။

အဲဒါနဲ့ Run ထဲမှာ G: လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ G: က ဖျက်ခနဲပွင့်လာပြီး ပြန်ပျောက်သွားတယ်။ နောက်တစ်ဆင့်အနေနဲ့ Command Prompt ကနေ G: ကို access လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရတယ်။ ကဲ ဒါဆို Windows Explorer က ဖြစ်နေတာ သေချာသွားပြီပေါ့။

အဲဒါနဲ့ပဲ Registry Editor ကိုဖွင့်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ My Computer မှာပေါ်တဲ့ C: တွေ D: တွေကို MountPoint လို့ သုံးစွဲတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ Registry Editor မှာ MountPoint နဲ့ ပတ်သတ်တဲ့ Value တွေကို လိုက်ရှာကြည့်ပါတယ်။ မသကာင်္တာတွေ့ရင် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

တခြား Program တွေကြောင့်များလားဆိုပြီး Install လုပ်ထားတဲ့ Program တွေကို လိုက်ကြည့်လိုက်ပါတယ်။ အဲဒီမှာ Daemon Tools တင်ထားတာကို တွေ့လိုက်ရပါတယ်။ DT က သုံးမှာမို့တင်ထားတာလားလို့ Customer ကို မေးကြည့်တော့ မဟုတ်ဘူး ဘယ်သူတင်ထားမှန်းမသိဘူးလို့ ဖြေတာနဲ့ ကျွန်တော်လည်း Daemon Tools ကို Uninstall လုပ်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

ကျွန်တော် ခေါင်းစားရပါပြီ။ အဲဒါနဲ့ပဲ Customer ကို အခုတော့ မရသေးဘူးဗျာ။ ကျွန်တော် အင်တာနက်ထဲ ရှာလိုက်ဦးမယ်လို့ ပြောပြီး ရက်ချိန်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်ထဲ မွှေရတော့တာပေါ့။

အဲဒီအခါမှာမှ ကိုယ်နဲ့ဘ၀တူတွေအများကြီးပါလားဆိုတာ သိလိုက်ရပါတယ်။ အမလေးဗျာ Forum တွေထဲမှာ မေးတာ ဖြေထားတာတွေ တပုံကြီးပဲ။ သူတို့ရဲ့အမေးအဖြေတွေကို သေချာလိုက်ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အဖြေကို မတွေ့ဘူး။ နောက် နာရီဝက်လောက်ရှာကြည့်တော့မှ Forum တစ်ခုမှာ တွေ့သွားပါတယ်။ ဖြေတဲ့သူက Daemon Tools (DT) ကြောင့် ဖြစ်တာလို့ ဖြေထားတယ်။ အံကိုက်ပဲလေ။ ကျွန်တော်လည်း DT ကို မသင်္ကာဖြစ်နေတာကိုး။ ပြီးတော့ သူက ဆက်ပြောပါတယ်။ DT ကို ဖြုတ်ပါတဲ့။ ပြီးတော့ DT က install လုပ်တဲ့အခါမှာ Driver တစ်ခုကို C:\Windows\System32\Drivers အောက်မှာ သွားထည့်တယ်တဲ့။ အဲဒါကိုပါ ဖျက်ပါလို့ ပြောပါတယ်။ Driver ရဲ့ နာမည်က sptd.sys တဲ့။ ကိုင်း အိုကေပြီပေါ့ဗျာ။

နောက်ရက်ကျတော့ ဖြစ်တဲ့စက်ကို ဖွင့်ပြီး DT ကိုဖြုတ်၊ ပြီးတော့ C:\Windows\System32\Drivers အောက်မှာ ရှိတဲ့ sptd.sys ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။ ပြီးတော့ Stick လေး ထိုးကြည့်လိုက်တယ်။

ဟော My Computer မှာ ပေါ်လာလိုက်တာမှ ပြူးလို့ဗျာ။

May 4, 2009

copy ကူးရင်စိတ်မညစ်ရလေအောင်

ကျွန်တော်တို့ copy ကူးကြတဲ့အခါ virus file ပါလို့ပဲဖြစ်ဖြစ်၊ ကူးမရ ရွှေ့မရတဲ့ file တွေ့နဲ့တွေလို့ပဲဖြစ်ဖြစ် "ဒုန်" ဆိုတဲ့အသံထွက်လာရင် အရမ်းစိတ်ညစ်ရတယ်ဗျာ။ file error တတ်လဲ ဆက်ကူးတဲ့ non stop copy software တွေရှိပေမယ့် စက်တိုင်းမှာ မရှိနိုင်ပြန်တော့ အဆင်မပြေပြန်ဘူးလေ။

ဒါကြောင့် window က ပါတဲ့ xcopy utility တစ်ခုကို သုံးကြည့်ကြရအောင်။ command prompt ကနေသုံးရပါ့မယ်။
ကျွန်တော့ CD Drive က F: ဆိုပါတော့။ ကျွန်တော်က CD ခွေထဲကနေ hard disk (D:) ထဲကိုကူးမယ်။ ဒီတော့
အရင်ဆုံး D: ထဲမှာ aquartz ဆိုတဲ့ folder လေးအရင်ဆောက်လိုက်တယ်
> Run box ကနေ cmd လို့ ရိုက်ပြီး Ms DOS cmmand pormpt ထဲကို ၀င်လိုက်ပြီ၊
>> F: ဆိုပြီး enter နှိပ်လိုက်တယ် ပြီးတော့
> xcopy /c /s *.* D:\aquartz (ကြားထဲမှာ space တွေပါတယ်နော်) လို့ ရိုက် enter နှိပ်ပြီး ကော်ဖီသောက်ရင်း ကြည့်နေလိုက်တယ်လေ အေးဆေးပဲ
ဒီနေရာမှာ xcopy command လေး အကြောင်းနဲနဲ(သိသလောက်) ရှင်းပြပါရစေ
xcopy /s /c *.* D:\aquartz ကျွန်တော်သုံးလိုက်တာက
xcopy က အဓိက commnad, /s *.* ကတော့ CD ထဲကရှိသမျှ file တွေနဲ့ subfolder တွေအားလုံးကူးမယ်
/c ကတော့ error တတ်လည်း ဆက်ကူးပါ ပေါ့
နောက်ဆုံး D:\aquartz ဆိုတာကတော့ paste လုပ်မဲ့ destination ပေါ့ဗျာ



အသေးစိတ်သိချင်သူများအတွက် Xcopy ပုံစံကတော့ ဒီလိုပါ (as type XCOPY /? in command prompt)
XCOPY source [destination] [/A | /M] [/D[:date]] [/P] [/S [/E]] [/V] [/W]
[/C] [/I] [/Q] [/F] [/L] [/G] [/H] [/R] [/T] [/U]
[/K] [/N] [/O] [/X] [/Y] [/-Y] [/Z]
[/EXCLUDE:file1[+file2][+file3]...]

source Specifies the file(s) to copy.
destination Specifies the location and/or name of new files.
/A Copies only files with the archive attribute set, doesn't change the attribute.
/M Copies only files with the archive attribute set, turns off the archive attribute.
/D:m-d-y Copies files changed on or after the specified date. If no date is given, copies only those files whose source time is newer than the destination time.
/EXCLUDE:file1[+file2][+file3]... Specifies a list of files containing strings. Each string should be in a separate line in the files. When any of the strings match any part of the absolute path of the file to be copied, that file will be excluded from being copied. For example, specifying a string like \obj\ or .obj will exclude all files underneath the directory obj or all files with the .obj extension respectively.
/P Prompts you before creating each destination file.
/S Copies directories and subdirectories except empty ones.
/E Copies directories and subdirectories, including empty ones. Same as /S /E. May be used to modify /T.
/V Verifies each new file.
/W Prompts you to press a key before copying.
/C Continues copying even if errors occur.
/I If destination does not exist and copying more than one file, assumes that destination must be a directory.
/Q Does not display file names while copying.
/F Displays full source and destination file names while copying.
/L Displays files that would be copied.
/G Allows the copying of encrypted files to destination that does not support encryption.
/H Copies hidden and system files also.
/R Overwrites read-only files.
/T Creates directory structure, but does not copy files. Does not include empty directories or subdirectories. /T /E includes empty directories and subdirectories.
/U Copies only files that already exist in destination.
/K Copies attributes. Normal Xcopy will reset read-only attributes.
/N Copies using the generated short names.
/O Copies file ownership and ACL information.
/X Copies file audit settings (implies /O).
/Y Suppresses prompting to confirm you want to overwrite an existing destination file.
/-Y Causes prompting to confirm you want to overwrite an existing destination file.
/Z Copies networked files in restartable mode.

The switch /Y may be preset in the COPYCMD environment variable. This may be overridden with /-Y on the command line.
အားလုံးပဲ ကော်ပီကူးရင်း ကော်ဖီဇိမ်နဲ့သောက်နိုင်ကြပါစေ 

April 30, 2009

How to Improve Hard Disk Performance

ကျွန်တော် ဟိုတစ်နေ့က ကွန်ပျူတာတစ်လုံးကို လိုက်ဝယ်ပြီး ဆင်ပေးခဲ့ရပါတယ်။ ၀ယ်တုန်းကတော့ စိတ်ကြိုက် ရွေးဝယ်ခဲ့တာပါပဲ။ ပစ္စည်းတွေကို တစ်ခုချင်းစီ ရွေးဝယ်တာပေါ့။ အဲဒီမှာ ဆိုင်ကို ကျွန်တော်က Hard disk ဘာ အမျိုးအစားတွေရှိသလဲ၊ ဘယ်လောက် GB တွေ ရှိလဲလို့မေးတော့ သူတို့က Seagate 160 GB တစ်မျိုးပဲ ရှိတာ လို့ ပြောပါတယ်။ ကဲ ယူပါ့မယ်လေဆိုပြီး ကွန်ပျူတာတစ်စုံစာလုံးအတွက် ငွေချေလိုက်တယ်။ တခြားပစ္စည်းတွေကို စစ်ဆေးကြည့်မိပေမဲ့ အဲဒီ့ Hard disk ကိုတော့ မကြည့်မိဘူး။

ပြဿနာက အဲဒီမှာ စတာပါပဲ။ စင်တာရောက်တော့ စက်ကလေး ဆင်မယ် လုပ်တော့ Hard disk က ခါတိုင်းလိုမဟုတ်ဘဲ တရုတ်စာတွေ ပါနေတယ်။ စိတ်ထဲမှာ နည်းနည်းတော့ ထင့်သွားတယ်။ ဒီဟာကြီးက တရုတ် ပြည်တွင်းသုံးကြီးပဲ ဖြစ်မှာ သေချာနေပြီလေ။ Export Quality ရှိမှာမဟုတ်ဘူး။

အဲဒါနဲ့ Windows တင်၊ Software တွေ တင်ပြီး သုံးကြည့်တယ်။ ဘာမှ မဖြစ်သေးဘူး။ Nero 8 ကို တင်ပြီး ခွေကူးကြည့်တော့မှ ခွေကူးတာဟာ အရမ်းနှေးတာကို သတိထားမိတယ်။ အောက်မှာ မြင်ရတဲ့အတိုင်းပဲ။

ခွေကူးတဲ့အချိန်မှာ ခွေမကူးခင် Hard Disk ထဲ Image ရိုက်ထည့်တဲ့အချိန်မှာ ကြာနေတာ။ အစပိုင်း ကျွန်တော် DVD Driver ကြောင့်လားလို့ ထင်မိတယ်။ ၀ယ်လာတဲ့ DVD Drive က Aopen အမျိုးအစားပါ။ တစ်ခါမှ မသုံးဖူးသေးဘူး။

ကျွန်တော့်စက်ကလေးကတော့ Asus DVD Writer တပ်ထားတယ်။ အဲဒါနဲ့ Sandra ကို သုံးပြီး Aopen DVD Writer ရဲ့ specification နဲ့ Asus DVD Writer ရဲ့ Specification ကို ယှဉ်ကြည့်တယ်။ သိပ်မကွာဘူး။ အဲဒီတော့ Drive ကြောင့် ဖြစ်တာမဟုတ်နိုင်ဘူးဆိုပြီး သုံးသပ်လိုက်တယ်။

နောက်ထပ် စဉ်းစားမိတာက Hard Disk။ သိတယ်မလား။ ပေါက်ဖော်ကြီးလေ။ စိတ်မချရဘူး။ ပြီးတော့ ကျွန်တော်က 160GB ကို Windows အတွက် 40GB တစ်ပိုင်း၊ Data အတွက် 120GB တစ်ပိုင်း စုစုပေါင်း partition ကို နှစ်ပိုင်း ပိုင်းထားတယ်။

ကဲ အဲဒီတော့ Hard Disk ရဲ့ Write Speed ကို စမ်းဖို့ လိုလာပြီ။ Nero Burning ROM ကို ဖွင့်လိုက်တယ်။ New Compilation Dialog box မှာ CD Copy ကို ရွေးလိုက်တယ်။ ပြီးတော့ Image tab ကို နှိပ်တယ်။ ပြီးတော့ Test Speed ကို နှိပ်လိုက်တယ်။ အဲဒီအခါ Partition တစ်ခုချင်းစီရဲ့ Write Speed တွေ ပေါ်လာပါတယ်။ ပုံမှာ ပြထားသလိုပေါ့။


သိထားစရာကောင်းတာက C: D: E: partition သုံးခုမှာ E: ဟာ အနှေးဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူက platter ရဲ့ အပြင်ဆုံးမှာ ရှိတာလေ။ အဲဒီတော့ hard disk က arm ကို ရွေ့နေရတာနဲ့ ကြာသွားတာနဲ့ တူပါတယ်။ အဲ..အဲ.. ဘေးရောက်ကုန်ပြီ။ ဒီလိုဗျာ အဲဒီလို စမ်းကြည့်တော့ စက်အသစ်လေးခဗျာ ကျွန်တော့် စက်အဟောင်းလေးကရဲ့ speed ကို မမှီဘူးခင်ဗျ။

ကျွန်တော် စဉ်းစားရပြီလေ။ ဘာကြောင့်လဲပေါ့။ ဘာဖြစ်လို့ Hard Disk ရဲ့ Speed က နှေးနေရတာလဲပေါ့။ ပထမဆုံး ကျွန်တော်တွေးမိတာက partition size က ကြီးလွန်းနေတယ်ဆိုတာကို တွေးမိတာ။ 120GB ကို တစ်ပိုင်း ပိုင်းထားတာ။ partition size ကြီးလွန်းတာဟာ performance ကို ထိခိုက်နိုင်သလားဆိုတာကို internet ထဲရှာကြည့်တော့ ထိခိုက်နိုင်တယ်ဆိုတဲ့ အဖြေကို တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မယုံပါဘူး။ သူများပြောတိုင်း ယုံစရာလားလို့။

လက်တွေ့စမ်းကြည့်လိုက်တယ်။ 120GB Partition ကို 60GB နှစ်ပိုင်း ပိုင်းလိုက်တယ်။ ပြီးတော့ Nero Burning ROM နဲ့ Test Speed လုပ်လိုက်တယ်။ အားပါးပါး speed အတော်လေး တက်လာတာကို ၀မ်းသာအားရ တွေ့လိုက်ပါတယ်။ အင်တာနက်ထဲ ထပ်ရှာကြည့်တော့လည်း တွေ့ပါပြီ။ Partition များလေ Performance တက်လေတဲ့။ အနည်းဆုံး သုံးပိုင်းလောက်တော့ ရှိသင့်တယ်တဲ့။

ကျွန်တော် ဒီလောက်နဲ့ တင်းတိမ်မှုမရှိခဲ့ဘူးဗျ။ Hard Disk ကို ပိုပြီးတော့ မြန်ချင်သေးတယ်။ အဲဒါနဲ့ ထပ်ရှာပြန်ရော။ ဟော တွေ့ပြန်ပြီ။ Cluster size ပြောင်းပါတဲ့။ Cluster size ကို ခပ်ကြီးကြီး ထားလိုက်တာဟာ အကျိုးကျေးဇူးလည်း ရှိတယ်၊ တစ်ဘက်က ဆိုးကျိုးလည်း ရှိပါတယ်တဲ့။

ဘယ်လိုလည်းဆိုတော့
ဆိုပါစို့ Cluster size ကို 128 KBytes ထားမယ်ဆိုပါစို့။
အဲဒါဆို 1 MB ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါ 1MB(1024 KB) ကို 8 ပိုင်း ပိုင်းရမှာလေ။ (file size/cluster size=number of block) ပြဿနာမရှိသေးဘူး။ ကွက်တိဖြစ်တုန်းပဲ။

ကဲ တကယ်လို့များ 1.3 MB (1331.2 KB) ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါမှာတော့ တကယ်တမ်းယူရမှာက cluster အရေအတွက် 10.4 (1331.2/128=10.4) ပဲယူရမှာ ဖြစ်ပေမဲ့ cluster တွေဟာ ဖဲ့ယူလို့ မရတော့ cluter 11 ခုစာ နေရာယူပါလိမ့်မယ်။ 25.6 Kbytes ပုပ်သွားပါတယ်။
Kbytes လောက် နေရာပုပ်တာကို စာထဲထည့်ရေးတယ်လို့ မထင်ပါနဲ့ဦး။ ဖိုင်တွေအများကြီးနဲ့ဆို MBytes နဲ့ချီပြီးတော့ နေရာပုပ်နိုင်ပါတယ်။ ဒါတွေက cluster size ကြီးကြီးထားလို့ ရလာတဲ့ ဆိုးကျိုးပါ။

အကျိုးကျေးဇူးက ဘာလဲဆိုတော့
cluster size 4 Kbytes ရှိတဲ့ hard disk (A) နဲ့ 128 Kbytes ရှိတဲ့ Hard Disk (B) နှစ်လုံးကို ယှဉ်ကြည့်ရအောင်ဗျာ။
အဲဒီနှစ်လုံးမှာ 1 MB ရှိတဲ့ ဖိုင်ကို အတူတူသွားရေးမယ်ဆိုရင် A ဟာ အဲဒီဖိုင်လေးအတွက် block ပေါင်း 256 ခု ခွဲရပါမယ်။ B ကတော့ block 8 ခုပဲ ခွဲရမှာပါ။ block ခွဲရတဲ့အချိန်နည်းသွားတဲ့အတွက် B ဟာ A ထက် ပိုမြန်ပါလိမ့်မယ်။

အခုလောက်ဆို စာဖတ်သူရဲ့ Hard Disk ကို cluster size ပြောင်းဖို့ စဉ်းစားနေပြီလား။ နေဦးဗျ Windows ကပါတဲ့ Format ဟာ cluster size ကို အများဆုံး 4KB ထိပဲ ခွင့်ပြုပါတယ်။ အပေါ်က ပြောခဲ့သလို cluster size ကို 128 ထားချင်ရင်တော့ Paragon Partition Manager သို့မဟုတ် Acronis Disk Director အစရှိသည်တို့ကို သုံးစွဲနိုင်ပါကြောင်း........

February 1, 2009

Core2Duo And WinXP Fix

Core2Duo သုံးထားပြီး Windows XP တင်ထားတဲ့စက်တွေမှာ ဘာမှလည်း မလုပ်ရဘဲနဲ့ Windows တွေရဲ့ Size ကို ချုံ့ရုံ ချဲ့ရုံနဲ့ Blue Screen တက်လာတယ်ဆိုရင် အောက်မှာပေးထားတဲ့ Microsoft က ထုတ်တဲ့ HotFix လေးကိုသာ install လုပ်လိုက်ပါ။

December 15, 2008

Troubleshooting BSOD



အပေါ်မှာပြထားတဲ့ အပြာရောင်သေမင်းလို့ခေါ်တဲ့ BSOD(Blue Screen of Death) Screen ကို တော်တော်များများ မြင်ဖူးကြမှာပါ။ ကြုံရတဲ့အခါတိုင်း ဘာလုပ်ရမှန်းမသိတော့ပဲ ဖြစ်တတ်ကြပါတယ်။ အများအားဖြင့် restart လုပ်လိုက်ကြတယ်။ ပြန်ကောင်းသွားတယ်။ တခါတလေကျ restart လုပ်လည်း ဒါပဲ ပြန်ပြန်ပေါ်နေလို့ windows ပြန်တင်ကြတဲ့သူတွေလည်း ရှိပါတယ်။


အကြံလေးတစ်ခုလောက် ပေးပါရစေ။


အဲဒီလိုမျိုး BSOD Screen ပေါ်လာပြီဆိုရင် အဲဒီ BSOD ရဲ့ အောက်နားမှာပါတဲ့ STOP:--- နေရာက address ကို ဖတ်လိုက်ပါ။ ပုံမှာဆိုရင် 0x00000050 လို့ ရေးထားပါတယ်။ အဲဒီ address ကို microsoft.com သို့မဟုတ် Microsoft TechNet စီဒီခွေထဲမှာ ရှာလိုက်ရင် အဲဒီ BSOD ဘာကြောင့် ပေါ်တယ်၊ ဘယ်လိုဖြေရှင်းရတယ်ဆိုတာ ဖော်ပြပေးပါတယ်။


အဆင်ပြေကြပါစေ။

December 11, 2008

Disappear CD/DVD Drive

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ဆီ အီးမေးလ်တစ်စောင် ၀င်လာပါတယ်။ DVD Drive က My Computer ထဲမှာ မပေါ်တော့လို့ ဆိုပြီး မေးထားပါတယ်။ သူ့မေးခွန်းမှာက Device Manager ထဲ ၀င်ကြည့်တော့လဲ DVD Drive ရဲ့ ဘေးမှာ Caution Sign ပုံလေး ပြနေတယ်ဆိုတာပါ ထည့်ရေးထားပါတယ်။

ကျွန်တော့်အထင်က Driver ပျောက်သွားလို့ အဲဒီလိုဖြစ်တာပေါ့။ Driver ပြန်တင်ကြည့်လိုက်လို့ ခပ်ပေါ့ပေါ့ ဖြေလိုက်မိပါတယ်။ ဒါပေမဲ့ CD/DVD Drive တွေ Driver ပျောက်တယ်ဆိုတာမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။ ကြုံလည်း မကြုံဖူးပါဘူး။

နောက် မကြာခင်ပဲ သူက အဆင်ပြေသွားပြီဆိုတဲ့အကြောင်း reply လုပ်ပါတယ်။ သူ့ Laptop က Dell ဆိုတော့ Dell ကို မေးလိုက်တာနဲ့ တူပါတယ်။ ကျွန်တော့်ဆီကို သူနဲ့ Dell က Help Desk နဲ့ ပြောကြတာတွေကို ရှယ်ယာ ပြန်ပေးလိုက်ပါတယ်။ Dell က ပြောတဲ့ ဖြေရှင်းနည်းက ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ မတွေ့ဘူးတဲ့ ဖြေရှင်းနည်း ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ မသိသေးသူတွေ သိရအောင်၊ ကွန်ပျူတာမှာ CD/DVD Drive တွေ မသိတော့ရင် လုပ်ဆောင်ကြည့်သင့်တဲ့ ဖြေရှင်းနည်းလေးကို ဖော်ပြလိုက်ပါတယ်။

Problem

My Computer တွင် CD/DVD Drive မပေါ်ပါ။ Device Manager တွင်လည်း CD/DVD Drive ၏ ဘေးတွင် အ၀ါရောင် Caution Sign လေး ပေါ်နေသည်။ Properties တွင်(Windows cannot load the device driver for this hardware. The driver may be corrupted or missing. (Code 39) ဟု ပြသနေသည်။

Cause

Upper Filter နှင့် Lower Filter များကြောင့် ဖြစ်နိုင်ပါသည်။ Upper Filer Lower Filter ဆိုသည်မှာ ထို CD/DVD Drive ၏ Driver ကို ထိန်းချုပ်ပေးသော Registry Key များ ဖြစ်သည်။ ထို Key နှစ်ခုကို Registry မှ ဖျက်ပစ်ခြင်းဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။

Resolution

  1. Click Start>Run> and type regedit and press Enter.
  2. Locate, and then click the following registry subkey:
    HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}
    In the right pane, right-click UpperFilters, and then click Delete.
  3. Click Yes to confirm the removal of the UpperFilters registry entry.
  4. In the right pane, right-click LowerFilters, and then click Delete.
  5. Click Yes to confirm the removal of the LowerFilters registry entry.
  6. Exit Registry Editor, and then restart the computer.

October 23, 2008

How to Scan and Repair DLL Files Missing & Error

ကွန်ပျုတာကို စဖွင့်တဲ့အချိန်မှာ Shell32.dll,System32.dll missing ဖြစ်နေတယ် ဆိုတဲ့ error ကို တွေ့ဘူးမှာပေါ့။ တနေ့က wmp.dll Error ဖြစ်နေပါတယ်ပေါ့။WMPဆိုတော့ windows media player ကိုများပြောတာလားပေါ့ ထင်တာ အဲဒါနဲ့ windows media player ကိုဖွင့်ကြည့်တော့ ခုနက wmp.dll Error ပဲ ပြနေတယ်။ကျန်တဲ့ system အပိုင်းက အိုကေပဲ။ ဒါနဲ့ ဒီလိုလေးဖြေရှင်းကြည့်လိုက်တယ်။

1. Windows XP SP1 or SP2 CD ခွေကိုဦးစွာထည့်ထားပါ။ ဗားရှင်းတူလေးပေါ့
2. Start --- > ClK Run
3. sfc /scannow (sfc ကိုရှေ့တွင်ပုံသေရိုက်ထည့်ပါ။ )
4. Press Enter Key.
အချိန်အနည်းငယ်စောင့်ဆိုင်းပြီးတော့ Windows Media Player ကိုပြန်ဖွင့်ကြည့်တာ အိုကေ သွားပါတယ်။ DLL Missing, DLL Error ဆိုရင်တော့ sfc /scannow ကိုစမ်းသုံးကြည့်ပါ။ တိုက်ဆိုင်မှုမရှိလို့ အဆင်မပြေရင် ပြန်ပြောပါ ၀ိုင်းပြီးဖြေရှင်းကြတာပေါ့။
Syntax
sfc [/scannow] [/scanonce] [/scanboot] [/revert] [/purgecache] [/cachesize=x]
Parameters/scannow
Scans all protected system files immediately.
/scanonce
Scans all protected system files once.
/scanboot
Scans all protected system files every time the computer is restarted.
/revert
Returns the scan to its default operation.
/purgecache
Purges the Windows File Protection file cache and scans all protected system files immediately.
/cachesize=x
Sets the size, in MB, of the Windows File Protection file cache.
/?
Displays help at the command prompt.

ရှင်းလင်းချက်
သင့်အနေနှင့် SFC ကိုသုံးရန် Administrators Group တွင် Member အဖြစ်ပါဝင်ကြောင်း သေချာပါစေ။
SFC သည် %systemroot%\system32\dllcache folder အတွင်းရှိ ပျက်စီး ချို့ ယွင်း နေသော ( dll = dynamic link library ) files များကို Windows CD ထဲမှတစ်ဆင့် ပြန်လည် ရှာဖွေအစားထိုးပေးနိုင်ရန် လုပ်ဆောင်ပေးပါသည်။

တကယ်လို့များ %systemroot%\system32\dllcache folder အတွင်းရှိ files များ အမှားအယွင်းရှိနေပြီဆိုပါက sfc /scannow, sfc /scanonce, or sfc /scanboot command များကို အသုံးပြုပြီး ဖြေရှင်းပေးနိုင်ပါသည်။

SFC = System File Checker ဟုခေါ်သည်။

အောင်မြင်ပါစေ။