HTML မှာ ပုံတွေထည့်ရင် ပုံမှန်အားဖြင့် img tag ထဲမှာ src ဆိုပြီး ပုံရဲ့ တည်နေရာကို ညွှန်းကြပါတယ်။ ဥပမာအားဖြင့်
<img src="images/logo.png"/>
အဲဒီနည်းလမ်းအစား နည်းနည်းလေးပိုပြီးထူးတဲ့ နည်းလမ်းတစ်ခုနဲ့ ပုံတွေကို HTML စာမျက်နှာထဲမှာ တစ်ပါတည်း ပေါင်းထည့်လို့ ရပါတယ်။ သဘောတရားကတော့ Base64 Encoding ကိုအသုံးချပြီး ပုံကို စာသားအဖြစ် Encode လုပ်ပြီး ပြောင်းလဲပါ့မယ်။ ရရှိလာတဲ့ စာသား(String)ဟာ ပုံကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စာသားတွေ ဖြစ်ပါတယ်။ အဲဒီစာသားကို Decode ပြန်လုပ်လိုက်ရင် မူလပုံအတိုင်း ပြန်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ HTML စာမျက်နှာထဲမှာ အရင်လို ပုံရဲ့ တည်နေရာကို မညွှန်းတော့ပဲ အဲဒီစာသားတွေကို တစ်ခါတည်း ပေါင်းထည့်မှာဖြစ်ပါတယ်။ ပုံဆိုတာ မရှိတော့ဘူးပေါ့။ Webpage မှာ ပုံကနေပြောင်းထားတဲ့ စာသားတွေပဲ ပါပါတယ်။ အဲဒီစာသားတွေကို ပုံအဖြစ် ပြန်ပြောင်းပြီး ပြသမှာပါ။
နှစ်သက်ရာပုံကို Base64 Encoding နဲ့ Encode လုပ်နိုင်ဖို့အတွက် http://www.opinionatedgeek.com/dotnet/tools/base64encode/ ကိုသွားပါ။ နှစ်သက်ရာပုံကို Upload လုပ်ပါ။ အဲဒီအခါ အဲဒီပုံကို Encode လုပ်လို့ ရရှိလာတဲ့ စာသားတွေကို သူက ထုတ်ပေးပါလိမ့်မယ်။ အဲဒီစာသားတွေကို Copy ကူးထားပါ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံအလံပုံကို Upload လုပ်ကြည့်ပါတယ်။ အဲဒီအခါ သူက အောက်ပါ စာသားတွေ ထုတ်ပေးပါတယ်။
ရပါပြီ။ Notepad ကိုဖွင့်ပြီး အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။
<html>
<body>
</body>
</html>
<body>
</body>
</html>
Insert Your Code Here ဆိုတဲ့နေရာမှာ အစောက Encode လုပ်လို့ရလာတဲ့ String တွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် HTML ဖိုင်အနေနဲ့ သိမ်းလိုက်ပါ။
Browser တစ်ခုခုနဲ့ အဲဒီ HTML ဖိုင်ကို ဖွင့်ကြည့်လိုက်ပါ။ မြန်မာနိုင်ငံအလံပုံ ပေါ်နေတောတွေ့ရပါလိမ့်မယ်။ လုံခြုံရေးပိုင်း ဆိုင်ရာ လိုအပ်တဲ့ပုံတွေအတွက်လည်း အခုလိုနည်းလမ်းနဲ့ ကွန်ပျူတာထဲမှာ သိမ်းလို့ရပါတယ်။ ပုံတွေမသိမ်းဘဲ အခုလို string တွေချည်းပဲ သိမ်းထားမယ်ပေါ့။ လိုအပ်မှာ Decode ပြန်လုပ်ပြီး ပုံကို ပြန်ဖော်ကြည့်တာမျိုးတွေ စသည်ဖြင့် ဥာဏ် ရှိသလို အသုံးချနိုင်ပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
What's the point? I don't get it at all....
ReplyDeleteAdvantages?
မဆိုးပါဘူး code တွေတော့ အများကြီးနော်
ReplyDelete