Showing posts with label Hardwares. Show all posts
Showing posts with label Hardwares. Show all posts

September 9, 2009

Intel Processors

Pentium 4 ကို လူတိုင်းသိကြပါတယ်။ ပီဖိုး ပီဖိုးဆိုပြီးတော့ အရမ်းရေပန်းစားခဲ့ပါတယ်။ အခုတော့ ပီဖိုးကွန်ပျူတာဆိုတာ အတော်လေးကို ဒိတ်အောက်သွားပါပြီ။ ဒါ့အပြင် ပီဖိုးနောက်ပိုင်း ထွက်လာတဲ့ Intel ရဲ့ CPU တွေအကြောင်းကို သေချာစွာသိတဲ့သူ အလွန်နည်းပါးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ P4 နောက်ပိုင်းမှာ နည်းပညာပြောင်းလဲမှု အရမ်းမြန်ဆန်လွန်းခဲ့တယ်၊ ပြီးတော့ ရှုပ်ထွေးလှတဲ့ technology တွေ ပေါ်ထွန်းခဲ့တာရယ်ကြောင့်ပါ။

Intel Company က Pentium 4 နောက်ပိုင်း အစဉ်လိုက်ထုတ်ခဲ့တဲ့ Processor တွေကတော့
1. Pentium D & Celeron D
2. Pentium (Dual Core) & Celeron (Dual Core)
3. Core2 Duo
4. Core2 Extreme
5. Core2 Quad
6. i7 တို့ ဖြစ်ပါတယ်။

သေချာလေ့လာကြည့်မယ်ဆိုရင် Pentium 4 ပြီးတော့ Pentium D ထုတ်တယ်။ Pentium D ပြီးတော့ Pentium ဆိုပြီး နောက်က ဘာမှမပါပဲ ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အခု အဲဒီ Pentium ကို Dual Core လို့ပဲ လူသိများကြပါတယ်။

Pentium 4 ထိ 32bit ဖြစ်ပြီး Pentium D ကစပြီး 64bit တွေ ဖြစ်လာပါတယ်။ 32bit 64bit တွေဆိုတာက CPU ထဲမှာပါတဲ့ register တွေထဲမှာ သိမ်းဆည်းနိုင်တဲ့ data ပမာဏကိုပြောတာပါ။

Dual Core ဆိုတာက CPU ထဲမှာ Core နှစ်ခုပါတယ်လို့ပြောတာပါ။ သာမန် CPU တစ်လုံးမှာ Core တစ်ခုပဲ ပါပါတယ်။ Core ထဲမှာ ALU(Arithmetic Logic Unit), CU (Control Unit) နဲ့ Register ဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ Dual Core နည်းပညာဟာ သာမန် CPU နှစ်လုံးကို တစ်လုံးတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာနဲ့ တူပါတယ်။

Dual Core ပြီးတော့ သူတို့ထုတ်လိုက်တာက Core2 Duo ပါ။ Core2 Duo နဲ့ Dual Core လို့ လူတွေခေါ်ကြတဲ့ Pentium နဲ့ ဘာကွာသလဲဆိုတော့ Features အသစ်တွေ ပါတာ မပါတာပဲ ကွာပါတယ်။ ဒါ့အပြင် Core2 Duo က Dual Core ထက်ပိုကောင်းတယ်လို့လည်း ယတိပြတ်ပြောလို့မရပြန်ပါဘူး။ ဥပမာအားဖြင့် Intel Pentium E5300 နဲ့ Intel Core2Duo E4300 ကိုယှဉ်ကြည့်မယ်ဆိုရင် Pentium E5300 ကတောင်မှ Clock Speed ပိုများတာကို တွေ့ပါလိမ့်မယ်။ ဒါကြောင့် Dual Core (Pentium) နဲ့ Core2 Duo ကို နှိုင်းယှဉ်တဲ့အခါမှာ Process Number (Exxxx) တွေကိုပါ အတိအကျသိမှ နှိုင်းယှဉ်လို့ရပါလိမ့်မယ်။

Core2 Duo နဲ့ Core2 Extreme လည်း အလားတူပါပဲ။ ဒါပေမဲ့ မြန်မာပြည်ဈေးကွက်ထဲမှာတော့ Core2 Extreme ကို အတွေ့ရနည်းပါတယ်။

Core2 Duo နဲ့ Core2 Quad ရဲ့ ကွာခြားချက်ကတော့ အရမ်းသိသာပါတယ်။ Core2 Quad က Core လေးခု ပါတယ်လေ။

i7 အကြောင်းကတော့ လေ့လာပြီးပါပြီ။ နောင်အလျဉ်းသင့်မှ ရေးသားဖော်ပြပါဦးမယ်။
စာဖတ်သူများ မှန်ကန်တဲ့ Processor များကို ရွေးချယ်နိုင်ကြပါစေ။

May 7, 2009

DVD/CD-ROM စက်မပိတ်ပဲ ဖြုတ်မယ်

ကဲကဲ အိုင်တီမန်း ပရိတ်သတ်တွေမို့ လက်တို့ ပြောလိုက် CD Drive ကို စက်မပိတ်ပဲ ဖြုတ်လို့ရတယ်ဗျို့ Device Manager ထဲက DVD/CD-ROM drives ကို ဖွင့်ချလိုက်ပြီး ဖြုတ်ချင်တဲ့ Drive ကို right click နှိပ်ပြီး Uninstall ကိုရွှေးပြီး စိတ်ချလက်ချသာဖြုတ် (ပျက်သွားလဲမသစ်ပေါ့ ဟဲဟဲ) စက်လုံးဝလုံးဝ မဟန်း ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် အိုင်တီမန်း ပရိတ်သတ်အပေါင်းတို့ခင်ဗျား

February 1, 2009

QuickPath And DDR3

Intel ရဲ့ i7 မှာ FSB ကို မသုံးတော့ပဲနဲ့ QuickPath ဆိုတဲ့ နည်းပညာကို အစားထိုးသုံးစွဲလိုက်ပါပြီ။ အဲဒီ QuickPath အကြောင်း သိချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
ပြီးတော့ အခုလူသုံးများလာပြီဖြစ်တဲ့ SD DDR3 RAM အကြောင်းကို သိချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
တကယ်လို့များ စာဖတ်သူထဲက ဒီထက်ကောင်းတဲ့ Link တွေများ ရှိထားရင်လည်း Comment ပေးခဲ့ပါဦးလို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

ကွန်ပျူတာဝယ်ရင် သုံးမျိုးတူရမယ်

ကွန်ပျူတာတစ်စုံဆင်တဲ့အခါမှာ

  • CPU ရဲ့ FSB Speed ရယ်
  • RAM ရဲ့ Bus Speed ရယ်
  • Motherboard က Support ပေးတဲ့ CPU FSB Speed ရယ်

သုံးမျိုးတူရင် အဲဒီစက်က ပိုမြန်ပါတယ်။

November 21, 2008

Real MP4 Player

MP4 တွေ စပေါ်ခါစက တစ်လုံးဝယ်ပြီး စမ်းကြည့်ဖူးတယ်။ MP3 တွေထည့်ကြည့်၊ အဆင်ပြေတယ်။ Video တွေ ထည့်မယ်လို့ စဉ်းစားလိုက်တော့ ခေါင်းစားပါလေရော။ စိတ်ထဲမှာထင်တာက MP4 Player ဖြစ်တဲ့အတွက် MP4 Format ကို ထည့်ရမယ်လို့ ထင်တာကိုး။ MP3 ကအသံ၊ MP4 ဆိုရင် ရုပ်ရော၊ အသံရောပါလာတယ်လို့ ကြားဖူးထားတာလေ။ အဲဒါနဲ့ အင်တာနက်ထဲမှာ MP4 Converter တွေ လိုက်ရှာတယ်။ Xilisoft ကထုတ်တဲ့ MP4 Converter ကို တွေ့တာနဲ့ ဒေါင်းလိုက်တယ်။ install လုပ်၊ VCD တစ်ခွေထည့်၊ MP4 ဖိုင်အဖြစ် ပြောင်းတယ်။ ပြီးတော့ MP4 Player ထဲ ထည့်လိုက်တယ်။ USB ကြိုးလေးဖြုတ်ပြီး ပြန်ဖွင့်ကြည့်တယ်။ အဲဗျ..ဘယ်လိုမှ ဖွင့်မရဘူး။ ဟ ဘာဖြစ်တာလဲပေါ့။ နေစမ်းပါဦးဆိုပြီး MP4 ၀ယ်တုန်းက ပါလာတဲ့ Manual စာအုပ်ကို ဖွင့်လိုက်တယ်။ အဲဒီတော့မှ Mini-CD လေးတစ်ချပ်က စာအုပ်ထဲက ထွက်လာတယ်။

စာအုပ်က ဗူးသီးကြော်စာတွေရော၊ အင်္ဂလိပ်စာရော ပါတယ်။ ဖတ်ကြည့်လိုက်တော့ ဒီ Player လက်ခံတဲ့ File Format က MP4 Format မဟုတ်ပဲ ASF ဆိုတာ သိသွားတယ်။ သူက ဆက်ပြောထားသေးတယ်။ ASF Converter က စီဒီထဲမှာတင် ပါတယ်တဲ့။ အဲဒါနဲ့ စီဒီထဲမှာပါတဲ့ PMP Transcoding Tool ဆိုတာကို Install လုပ်၊ VCD ခွေထဲကပါတဲ့ DAT ဖိုင်တွေကို ASF ဖိုင်တွေ အဖြစ်ပြောင်း၊ MP4 ထဲထည့် ပြီးတော့ဖွင့်ကြည့်။ အဲ..သူ့ဟာနဲ့သူက အဆင်ကိုချောနေတာပဲ။

အဲဒီလို စမ်းသပ်ကြည့်ပြီးတော့ စိတ်ထဲ သိပ်ဘ၀င်မကျဘူး။ ဘယ့်နှယ် MP4 Player လို့လဲ ပြောသေး၊ MP4 File Format ကို မသိရကောင်းလားပေါ့။ ဒါများ MP4 Player လို့ ရေးမနေနဲ့။ ASF Player လို့ ရေးလိုက် ပြီးနေတာပဲ။

နောက်ပိုင်း တရုတ် Sony MP4 တွေ ပေါ်လာတယ်။ လာပြန်ပြီ။ သူကျ တစ်မျိုး။ AMV File Format မှ လက်ခံတယ်။ အခုနောက်ပိုင်းပေါ်လာတဲ့ Player တော်တော်များများမှာကျတော့ 3GP Format ကို လက်ခံလာတယ်။

အဲဒီလို MP4 မျိုးစုံ Format မျိုးစုံနဲ့ဆိုတော့ ကွန်ပျူတာထဲမှာ VCD သီချင်းတစ်ပုဒ်တည်းကိုပဲ Format မျိုးစုံ ပြောင်းထည့်ထားရတယ်။ Customer တစ်ယောက်လာရင် သူ့ MP4 ရဲ့ Brand ကိုကြည့်ရတယ်။ JXD ဆိုရင် ASF ထည့်ပေးလိုက်တယ်။ Sony ဆိုရင် AMV ထည့်ပေးတယ်။ ဘာမှန်းမသိတဲ့ Brand ဆိုရင် ASF ရော AMV ရော 3GP ရော ထည့်ကြည့်ပြီး Test လုပ်ရပါတယ်။

အဲဒီလို လုပ်နေခဲ့တာ ကြာပါပြီ။ Format တစ်ခုနဲ့တစ်ခု အားသာချက်၊ အားနည်းချက်တွေကိုလည်း တဖြည်းဖြည်းနဲ့ တွေ့လာတယ်။ ASF က ရုပ်ထွက်ကောင်းပေမဲ့ Convert လုပ်တဲ့အခါ ဖိုင်တစ်ဖိုင်ချင်းစီ လုပ်ရတာဆိုတော့ အချိန်အရမ်းပေးရတယ်။ ဒါပေမဲ့ ASF ကိုဖွင့်နိုင်တဲ့ Player တော်တော်များများရှိတဲ့အတွက် ကွန်ပျူတာကနေလည်း ကြည့်ရတာ အဆင်ပြေပါတယ်။

AMV ကျ ဖိုင်တွေအများကြီးကို Parallel Convert လုပ်နိုင်ပေမဲ့ သူ့ကိုဖွင့်နိုင်တဲ့ Player က လုံးဝမရှိဘူး။ Convert လုပ်ပေးတဲ့ MP3 Player Utilities ကပဲ ပြန်ဖွင့်ပေးနိုင်တယ်။ သူကလည်း Play လုပ်ရတာ သိပ်အဆင်မပြေဘူး။ ပြီးတော့ AMV က Screen Size အရမ်းသေးတယ်။

3GP Format ကတော့ ဖုန်းထဲလည်း ထည့်ရတယ်၊ MP4 ထဲလည်း ထည့်ရတယ်ဆိုပေမဲ့ Resolution အရမ်းနည်းတယ်။ ရုပ်ကလည်း ၀ါးတားတားဖြစ်၊ အသံထွက်လည်း မကောင်း။ ကောင်းတာဆိုလို့ File Size အရမ်းသေးတာပဲ ရှိတယ်။

အခု သတင်းကောင်းလေးတစ်ခု ပြောပါတော့မယ်။

အခုနောက်ပိုင်းထုတ် JXD MP4 Player တွေမှာ MP4 Format ကို သိသွားပါပြီ။ Xilisoft Video Converter ကိုသုံးပြီး VCD ခွေထဲက ဖိုင်တွေကို MP4 Format အဖြစ်ပြောင်းနိုင်ပါတယ်။ စမ်းသပ်ကြည့်တော့ MP4 Format ဟာ တခြား Video Format တွေထက် အရမ်းကောင်းပါတယ်။ JXD MP4 Player မှာ MP4 ဖိုင်တွေကို ဖွင့်ကြည့်တော့ ရုပ်ထွက်လည်း အရမ်းကြည်ပါတယ်၊ အသံပိုင်းလည်း အတော်လေးကောင်းပါတယ်။ တကယ့် တီဗီမှာ ကြည့်ရတဲ့ အတိုင်းပဲ။ စာဖတ်သူထဲမှာ MP4 Player ရှိသူများ စမ်းကြည့်ပါ။ ကိုယ့် MP4 လေးကို တကျော့ပြန် ကြိုက်သွားပါလိမ့်မယ်။

December 25, 2007

Cloning Hard Disk

တစ်နေ့က ကွန်ပျူတာလေးလုံးလောက်ကို ၀င်းဒိုးတင်ပေးဖို့ အခွင့်အရေးကြုံလာတယ်။ သိတဲ့အတိုင်း စက်လေးလုံး ကိုလုပ်ရမှာဆိုတော့ တော်တော်ကြာမှာလေ။ အဲဒါနဲ့ ကျွန်တော်လည်း ဖြတ်လမ်းနည်းလေးတွေ စဉ်းစားကြည့်တယ်။ အခုလုပ်ရမဲ့ကွန်ပျူတာတွေက အသစ်တွေ။ အမျိုးအစားတွေကလည်း အကုန်အတူတူ၊ ဟက်ဒစ် ဆိုဒ်တွေကလည်း တူနေတာဆိုတော့ ကလုံးရိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ တော်တော်များများ သုံးကြတာကတော့ Norton Ghost ကို သုံးကြတာ။ ကျွန်တော်တစ်ခါစမ်းဖူးတယ်။ သိပ်မကြိုက်ဘူး။ အဲဒါနဲ့ တခြားဟာ စဉ်းစားကြည့်တော့ တစ်ခါက PC World ထဲမှာ True Image ဆိုပြီး Hard disk clone ရိုက်တဲ့ software လေးအကြောင်းပါဖူးတယ်။ အဲဒါနဲ့ စက်တစ်လုံးကို Windows တင်၊ ပြီးတော့ အဲဒီ True Image ကိုတင်၊ ပြီးတော့ shutdown လုပ်၊ နောက် Hard disk အသစ်တစ်လုံး ထပ်တပ်၊ စက်ပြန်ဖွင့်၊ True Image ကို run ပြီး Clone ရိုက်လိုက်တာ ငါးမိနစ်နဲ့တင် ပြီးသွားတယ်ဗျ။ တော်တော်လက်ဖျားခါရတယ်ပြောရမယ်။ အရပ်သဘောနဲ့ ပြောရရင် Windows ကို ငါးမိနစ်နဲ့ တင်လို့ရတယ်လို့ပြောရမှာပေါ့။

November 9, 2007

P4 ပြီးတော့ ဘယ်လိုခေါ်မလဲ

တစ်နေ့က သူငယ်ချင်းမလေးတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူက သူ့ကွန်ပျူတာ မော်ဒယ်အောက်နေလို့တဲ့။ အဲဒါ အခုပေါ်တဲ့ P5 ၀ယ်ချင်လိုက်တာတဲ့။ ဟိုက်..ကျွန်တော်ကိုယ့်နဖူးကိုယ် ရိုက်မိတယ်။ ဘယ့်နှယ်..အဲဒီ ကောင်မလေးမှမဟုတ်ဘူး။ တော်တော်များများ P4 ပြီးရင် P5 လာမယ်ဘဲထင်နေကြတာ။ Intel company က Pentium 4 ပြီးတော့ Pentium 5 လို့မထုတ်ပါခင်ဗျ။ Pentium D လို့နာမည်ပေးပါတယ်။ တစ်ချို့ကရှိသေးတယ်။ 775 ကွန်ပျူတာတဲ့။ အဲဒါလည်းမှားတာပဲ။ 775 က Pentium D မှာပါတဲ့ Pin အရေအတွက်ကိုပြောတာပါ။ ကဲ..အဲဒီတော့ P5 လို့တော့ မသုံးကြပါနဲ့ဗျာ။ ရှက်စရာကြီး။ PD လို့ပြောချင်ရင်ပြော ဒါမှမဟုတ် Pentium D လို့ခေါ်ကြပေါ့ဗျာ။ ဒါတောင် Celeron D ဆိုပြီး ရှိသေးတယ်။ နောက်..Dual Core တဲ့။ Celeron D ကတော့ Pentium D ကို ၀ိတ်လျော့ထားတာ။ Dual Core ဆိုတာတော့ Processor နှစ်လုံးကို တစ်လုံးတည်းဖြစ်အောင် ပေါင်းထားတာပါ။ နောင်မကြာခင်မှာ Quad Core ဆိုပြီး လာပါတော့မယ်။