October 27, 2009
Networking
Powerline Networking Devices တွေကို အခု ကျွန်တော်တို့နိုင်ငံမှာဝယ်သုံးလို့ရနေပါပြီ..အဲဒီ devices ကို HomePlug Wireless Adapter အနေနဲ့ Access Point တခုလိုအသုံးပြုလို့ရပါတယ် HomePlug Wireless Adapter က တစ်စုံပတယ်.နှစ်ခုပေါ့ဗျာ...တစ်ခုက RJ 45 Port နဲ့ နောက်တစ်ခုက wireless တိုင် လေးနဲ့..ဘယ်လို အသုံးပြုရလဲဆိုတော့... အဓိက လိုအပ်တာက အဲဒီ Adapter တွေကိဲုElectrical Outlet တဖက်စီမှာ တပ်ရမယ်..ပြီးတော့ အဒီ Electrical Outletတွေကလဲ မီးလိုင်းတစ်လိုင်းထဲ ဖြစ်ရမယ်ပြီးရင်..RJ 45 Port ပါတဲ့ Adapter ကို Router/Network က Cable နဲ့ချိတ်လိုက်.. အဲဒါဆိုရင်...တစ်ဖက်ကတပ်ထားတဲ့ Wireless Adapter ကအလိုလိုနေရင်း Access Point ဖြစ်သွားရော..သွားတဲ့ rate ကတော့ သူ့ Brandပေါ် မှုတည်တယ်ဗျ...ဥပမာ...Aztech HL105E(Starter Pack) ဆိုရင် 100 Mbps လောက် ရှိတယ်...နောက် SMC Brand လဲရှိတယ်..သူလဲ အတူတူလောက်ပဲ..Wireless မဟုတ်ပဲ Cable နဲ့လဲ ရှိတယ်အဲဒီAdapter ကတော့ 85 Mbps လောက်ပဲသွားတယ်ဗျ..သူတို့က အထဲမှာ IP ပါပြီးသားဗျ..ပြီးကြမှ ပြန်ပြီး Configuration လုပ်လို့ရတယ်..
October 7, 2009
Troubleshooting Taskill Problem
August 8, 2009
Powerline Networking
July 21, 2009
Not enough Server Storage
တစ်နေ့က ကွန်ပျူတာနှစ်လုံးကို Network ချိတ်ပေးရပါတယ်။ PC to PC ပါ။ IP တွေပေး၊ Computer Name တွေပေး၊ Workgroup name တွေ သတ်မှတ်လိုက်တယ်။ အဲဒီလို လုပ်ပြီးတော့ Ping ရိုက်ကြည့်တယ်။ Reply တွေ တက်လာတယ်။ OK ပေါ့။ အဲဒါနဲ့ PC2 ကနေ PC1 ရဲ့ Partition D: ကို လှမ်းခေါ်ကြည့်တယ်။
အဲဒီအခါမှာ ကျွန်တော်လုံးဝမမြင်ဖူးတဲ့ error တက်လာပါတယ်။ ဒါမျိုးလေးပါ။
အစပိုင်တော့ Not enough Server Storage ဆိုတော့ Memory များ နည်းလို့လားလို့ဆိုပြီး ထင်မိတယ်။ (အလိုက်ပုံက) ဒါပေမဲ့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလေ။ PC1 က Memory က 1GB တောင် ရှိတာ။ ဟိုလိုလုပ်ကြည့်၊ ဒီလိုလုပ်ကြည့်နဲ့ ဘယ်လိုမှ မရတော့ နောက်ဆုံးမှာ Event Viewer ကို ခေါ်ကြည့်မိတယ်။ အဲဒီမှာ အခုလို Event လေး တက်နေပါတယ်။
ဘာတဲ့။ irpstacksize is too small ဆိုပါလား။ irp တန်ဖိုးနည်းနေလို့ ဒါမျိုးဖြစ်တာပေါ့။ အဲဒီ irp တန်ဖိုး ဘယ်နား သွားတိုးရမှန်း ကျွန်တော်လည်း မသိခဲ့ဘူး။ အဲဒါနဲ့ customer ကို နောက်ရက်မှ ပြန်လာခဲ့မယ်ဆိုပြီး ချိန်းလိုက်ပါတယ်။ ပြီးတော့ အင်တာနက်မှာ ရှာကြည့်ခဲ့ပါတယ်။ IRP အကြောင်းရယ်၊ ဘယ်လို တန်ဖိုးတိုးရမလဲ ဆိုတာကိုပါ သိခဲ့ရပါတယ်။
IRP ဆိုတာ I/O Request Packets ရဲ့ အတိုကောက်ပါ။ IRP stack တစ်ခုဟာ 36 bytes ဆီ အသုံးပြုပြီး အဲဒီ IRP တွေကို buffer လုပ်ပေးနိုင်ပါတယ်။ IRPStackSize ဆိုတာကတော့ IRP Stack အရေအတွက်ကို ပြောတာပါ။ သူ့ရဲ့ Default Value 15 ဖြစ်ပါတယ်။ Default Value ထက် နည်းနေတယ်ဆိုရင် အခု ကျွန်တော် ကြုံသလိုမျိုး error တွေ တက်လာပါလိမ့်မယ်။
ဖြေရှင်းနည်း
Microsoft ကတော့ အခုလို လုပ်ခိုင်းထားပါတယ်။
To resolve this behavior, increase the IRPStackSize value in the registry:
1. Click Start, and then click Run.
2. Type regedit, and then click OK.
3. Navigate to the following key:
HKEY_LOCAL_MACHINESystemCurrentControlSetServicesLanmanServerParameters
4. In the right pane, double-click the IRPStackSize value.
NOTE: If the IRPStackSize value does not already exist, use the following procedure to create it:
a. In the Parameters folder of the registry, right-click the right pane.
b. Point to New, and then click DWord Value.
c. Type IRPStackSize.
IMPORTANT: Type "IRPStackSize" exactly as it is displayed because the value name is case-sensitive.
5. Change the Base to decimal.
6. In the Value Data box, type a value that is larger than the value that is listed.
If you created the IRPStackSize value using the procedure described in step 4, the default value is 15. It is recommended that you increase the value by 3. Therefore, if the previous value was 11, type 14, and then click OK.
7. Close the Registry Editor.
8. Restart the computer.
(မူရင်းအတိုင်း ဖော်ပြတာ ဘာသာပြန်ဖို့ အပျင်းကြီးမဟုတ်ပါဘူး။ မြန်မာလိုရေးလိုက်ရင် ဖတ်ရတာလွယ်ပြီး ကောင်းနေတဲ့စက်တွေမှာပါ လျှောက်ကလိကုန်ကြမှာ မို့လို့ပါ)
March 20, 2009
Viewing Proxy Server IP using nslookup
Bagan net proxy (or) myantel proxy တို့ ၏ လိပ်စာကိုသိချင်လျှင်
Start>>run. Enter the "cmd". And then , you try the Following Command.
nslookup cache.bagan.net.mm >>> Enter
203.81.71.229
203.81.71.234
203.81.71.237
203.81.71.238
203.81.71.70
203.81.71.74
203.81.71.75
203.81.71.80
203.81.71.88
203.81.71.111
203.81.71.116
203.81.71.120
203.81.71.228
nslookup cache.myantel.net.mm >>>Enter
203.81.71.237,
203.81.71.238,
203.81.71.70,
203.81.71.74,
203.81.71.75,
203.81.71.80,
203.81.71.88,
203.81.71.120,
203.81.71.228,
203.81.71.229,
203.81.71.234,
February 24, 2009
ပိတ်ထားသော Site တစ်ခုအား IP ဖြင့် ၀င်ကြည့်ခြင်း
Start>Run ထဲမှာ cmd လို့ ရိုက်ပြီး Enter ခေါက်လိုက်တယ်။
January 5, 2009
Difference Between Wi-Fi & Wi-Max
Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။
Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။
December 27, 2008
TCP View
Download TCP View (94 KB)
October 23, 2008
Admin Shares ကိုပိတ်မယ်ဆိုရင်။
1. Start --- Run--- Type Regedit ရိုက်ပါ။
2. HKEY_LOCAL_MACHINE\System\CurrentControlSet\Services\lanmanserver\parameters ကို ရောက်အောင်သွားပါ။
3. ညာဘက်လွတ်နေသော Space တွင် right click နှိပ် New --- DWORD Value ကိုရွေးပါ။
4. AutoShareWks ရိုက်ပြီး တန်ဖိုးကို zero ရိုက်ပါ။
5. စက်ကို restart လုပ်ပါ။
အဆင်ပြေပါစေ။
September 12, 2008
Private IP Addressing
Class A ဆိုရင် 10.0.0.0 ကနေ 10.255.255.255
September 8, 2008
UltraVNC
ဒီမှာနှိပ်ပြီး Download လုပ်ပါ။ (Size: 2.13 MB)
July 14, 2008
Network Load Balancing
Network Load Balancing မိတ်ဆတ်
NLB service ဟာ Web Server, Firewall Server, Proxy Server စသည်တွေမှာသုံးတဲ့ Internet Server Application တွေကို အချိန်တိုင်းခေါ်ယူသုံးစွဲနိုင်အောင် (server down သည့်အချိန်နည်းပါးအောင်) နဲ့ cluster (server များကို အုပ်စုဖွဲ့ထားခြင်း) တစ်ခုဟာ performance နှေးနေပါက နောက်ထပ် system များ အလွယ်တကူ ထပ်တိုးနိုင်အောင် စသည်တို့ကို ပိုကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။ Windows Server တင်ထားတဲ့ ကွန်ပျူတာတစ်လုံးဟာ စွမ်းဆောင်ရည်အပိုင်းမှာရော၊ စိတ်ချရမှုမှာပါ အကန့်အသတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ Windows Server တင်ထားတဲ့ ကွန်ပျူတာနှစ်လုံး၊ သုံးလုံးလောက်ကို cluster တစ်ခုအနေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် NLB ဟာ အဲဒီ server တွေ အချင်းချင်းအတွက် performance တွေ reliability တွေကို ညီအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဥပမာ Web Server၊ FTP Server၊ Telnet Server သုံးလုံးကိုစုထားတဲ့ cluster တစ်ခုမှာဆိုရင် NLB ဟာ ၀င်လာတဲ့ client request မှန်သမျှကို အဲဒီ cluster အတွင်းမှာရှိတဲ့ host (Network အတွင်းရှိသော IP ပါသည့် device မှန်သမျှ) တွေအကုန်လုံးဆီ ဖြန့်ဝေပေးပါတယ်။ ဒါမှမဟုတ်လည်း NLB ကိုသုံးပြီး traffic တွေမှန်သမျှကို host တစ်ခုတည်းဆီသွားအောင်လည်း လုပ်လို့ရပါသေးတယ်။
ပြီးတော့ NLB ဟာ cluster အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေအကုန်လုံးကို cluster IP address သုံးပြီး address တပ်လို့ရပါသေးတယ်။ (မူရင်း IP ကို မထိခိုက်စေပါဘူး)
ကိုယ့် Network မှာ NLB ကိုလည်း သုံးထားမယ်၊ run နေတာကလည်း Load-Balanced application ဖြစ်မယ်ဆိုရင် အဲဒီ application တင်ထားတဲ့ ကွန်ပျူတာ down သွားတောင်မှ NLB က တခြား အလုပ်လုပ်နေသေးတဲ့ ကွန်ပျူတာဆီကို အဲဒီကွန်ပျူတာဆီရောက်လာတဲ့ load တွေကို လွှဲပေးမှာပါ။ မူလကွန်ပျူတာ ပြန်ကောင်းသွားရင်တော့ load တွေကို share ပြန်ယူလို့ရပါတယ်။
June 23, 2008
Tasklist ပြဿနာ
June 14, 2008
Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်း (၁)
ဖော်ပြပေးလိုက်ပါတယ်။ Network နဲ့ မရင်းနှီးသေးသူတွေအတွက်တော့ အိမ်သုံး၊
ရုံးသုံး ကွန်ရက် လက်တွေ့တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်လေးရေးပြီးတော့မှပဲ
လက်ဆောင်ပေးတော့မယ်။
ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကို
ထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါတယ်။
တခြားကွန်ပျူတာဘာလုပ်နေတာကအစ ထိုင်ကြည့်လို့ရတဲ့ Program တွေလည်း
မြောက်မြားစွာရှိပါတယ်။ Local Chat (Text, Voice) ၊ Local Mail၊ Local
Intranet စတာတွေလည်း ဖန်တီးလို့ ရပါသေးတယ်။ နောက်ပိုင်းမှာ
တစ်ခုချင်းရေးတင်သွားပါ့မယ်။ (နောက်မှတွေများနေပြီနဲ့တူတယ်)
အခုတော့ တခြားကွန်ပျူတာတွေမှာ သုံးနေတဲ့ Program တွေကို
လှမ်းပိတ်တဲ့နည်းလေး တင်လိုက်ပါတယ်။ တစ်ခုလောက်တောင်းဆိုချင်တာက
ဒီနည်းလမ်းကို အသုံးချပြီး သူတစ်ပါးကို အနှောင့်အယှက်မပေးပါနဲ့။
အထူးတောင်းဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့
tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /s
computername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်
ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။ ဥပမာ
notepad.exe
ခဏလောက် စောင့်ကြည့်ပါ။ ပြီးရင် အဲဒီကွန်ပျူတာ ကိုင်တဲ့သူ ငါ့ကွန်ပျူတာ
ဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့
ကြည့်နေလိုက်ပေါ့။
April 21, 2008
Protocol များအကြောင်း
protocol ပေါင်းမြောက်မြားစွာရှိပါတယ် ။ အင်တာနက် website တွေကိုကြည့်တဲ့အခါမှာသုံးရတဲ့ protocol က http ပါ။ hyper text transfer protocol ဆိုတော့ hyper text များပြောင်းရွေ့သယ်ယူရာတွင် သုံးရသော protocol ပေါ့။ hyper text ဆိုတာက ရိုးရိုး text တွေမဟုတ်ဘဲ link ပါတဲ့စာသားတွေကို hyper text လို့ခေါ်ပါတယ် ။ အားလုံးသိတဲ့အတိုင်း webpage တိုင်း webpage တိုင်းမှာ link ပါတဲ့ text တွေရှိတာပဲမဟုတ်လား။
http ပြီးတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ protocol ကတော့ https ပါ။ https ရဲ့အရှည်က hyper text transfer protocol over secure socket layer (ssl) ပဲဖြစ်ပါတယ် ။ ssl ပါတဲ့ http ပါ ။ ssl က ဘာလုပ်ပေးနိုင်သလဲဆိုတော့ encryption/decryption လုပ်ပေးနိုင်ပါတယ်။ encrypt လုပ်တယ်ဆိုတာက မြန်မာလိုပြောရင် ၀ှက်စာလုပ်တာပေါ့ ။ ဥပမာ ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို abc ဆိုတဲ့စာသားလေးကိုပို့မယ်ဆိုပါစို့။ ဒီအတိုင်းရိုးရိုးတန်းတန်းပို့မယ်ဆိုရင် ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို မရောက်ခင်ကြားမှာ တတ်တဲ့သူတစ်ယောက်က ခိုးယူလို့ရပါတယ်။ encrypt လုပ်ပြီးပို့မယ်ဆိုရင် ခိုးယူ၍ရခဲ့ရင်တောင်မှ ဖက်လို့ရမှာမဟုတ်တော့ပါဘူး။ abc လို့တိုက်ရိုက်မပို့ပဲ abc ဆိုတဲ့စာလုံးသုံးလုံးကြားမှာ 123 ထည့်ပြီး ပို့မယ်၊ ဒါဆိုရင်a1b2c3ဖြစ်သွားပြီ။ ပြီးတော့မှ ကွန်ပျုတာ B ကို မင်းငါပို့တဲ့ data ရတဲ့အခါမှာ 123 ကိုဖယ်ပြီးမှ လက်ခံလို့ပြောထားလိုက်မယ်။ ကြားကနေဖောက်တဲ့သူကတော့ a1b2c3 ဆိုတာကို နားလည်မှာ မဟုတ်တော့ဘူး။ ဒါက ဥပမာ အနေနဲ့ပြောတာပါ ။ တကယ်တမ်း encrypt လုပ်နည်းများစွာရှိပြီး အဲဒီ encrypt ကိုပြန်လည်ဖြည်ခြင်း decrypt လုပ်ဖို့ရာ အတော်ခက်ခဲပါတယ်။
့https protocol ကို login လုပ်ရတဲ့ website တွေမှာ အသုံးများပါတယ်။ user တွေ ရိုက်ထည့်တဲ့ login name နဲ့ password တွေ လုံခြုံမှုရှိစေဖို့ ဖြစ်ပါတယ်။ Gmail ဟာ https ကိုသုံးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ username နဲ့ password ကို ကြားကနေ ခိုးယူလို့မရနိုင်ပါဘူး။
နောက် Internet မှာ အသုံးများတဲ့ protocol ကတော့ ftp ပါပဲ။ file transfer protocol ဖြစ်ပါတယ်။ ဖိုင်တွေ ရွေ့ပြောင်းလို့ရအောင် အထူးတလည် တီထွင်ထားတဲ့ protocol ပါ။ website တိုင်းကို ftp နဲ့ access လုပ်လို့ရပါတယ်။ ftp://www.google.com ပေါ့။ ဒါပေမယ့် အဲဒီ ftp ကိုသုံးတဲ့အခါမှာ authorized person မှကြည့်လို့ရပါလိမ့်မယ်။ free ဖွင့်ပေးထားတဲ့ ftp site တွေလည်း ရှိပါတယ်။ ftp နဲ့ site တွေကို ကြည့်တဲ့အခါမှာ စာတွေပုံတွေကိုမြင်ရမှာမဟုတ်ဘဲ PC မှာ My Computer ကိုဖွင့်လိုက်သလိုမျိုး file တွေ folder တွေကိုပဲမြင်ရမှာပါ။
နောက်ကျန်သော Protocol များအကြောင်းကို ရေးသားသွားပါဦးမည်။
အိုင်တီမန်း