Showing posts with label Files And Folders. Show all posts
Showing posts with label Files And Folders. Show all posts

August 23, 2009

Window က ဖျက်မရတဲ့ autorun.inf တည်ဆောက်ခြင်း

အရင် post မှာ ကျွန်တော် ရေးခဲ့သလိုပေါ့ NUL, CON, AUX, PRN, COM0, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT0, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9 ဆိုတဲ့နာမည်တွေဟာ သာမန်ဆောက်လို့ မရနိုင်သလို ဖျက်လို့လဲမရနိုင်ပြန်ဘူး
ဒီတော့ ကျွန်တော် စဉ်းစားမိတာလေး တစ်ခုပေါ့ဗျာ share လုပ်ပေးလိုက်ပါတယ်

flash drive တွေမှာ autorun.inf ဆိုတဲ့ autorun လုပ်စေတဲ့ file လေးသာမန် ဖျက်မရနိုင်အောင် ဖန်တီးထားလိုက်ရင် တော်ရုံတန်ရုံ virus လောက်တော့ ကာကွယ်နိုင်မယ် လို့ထင်ပါတယ် command prompt ထဲက md ဆိုတဲ့ command လေးက make directroy(folder) ပါ ဒီတော့ autorun.inf ဆိုတဲ့ နာမည် ကို ကျွန်တော်က folder name လုပ်လိုက်တယ် "autorun.inf" folder ပေါ့ဗျာ သူ့ထဲမှာမှ con ဆိုတဲ့ folder လေးထပ်ဆောက်လိုက်တယ် ဘာလို့လဲဆိုတော့ con folder ကို သာမန် ဖျက်လို့ မရဘူး ဒီတော့ သူကိုထည့်ထားတဲ့ autorun.inf ကိုလဲ ဖျက်လို့ မရနိုင်တော့ဘူးပေါ့
start>run>cmd
change ur drive name (eg. J:)
md autorun.inf
md \autorun.inf\con\
ဖျက်ချင်ရင်
rd \autorun.inf\con\

NUL, CON, AUX, PRN, COM?, LPT? နာမည်တွေနဲ့ ကစားခြင်း

ဒီ post လေးကိုမဖတ်ခင် သင့် computer (Microsoft Window တင်ထားသော) ထဲကတစ်နေရာရာမှာ အောက်မှာပေးထားတဲ့ name တွေထဲက နာမည်တစ်ခုခုနဲ့ file name ဒါမှမဟုတ် folder name ပေးပြီး တည်ဆောက်ကြည့်ပါ။
NUL, CON, AUX, PRN, COM0, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT0, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9
ရကြရဲ့လားဗျာ ကျွန်တော်တော့ ရဘူး၊ တနေ့ အစ်ကိုတစ်ယောက်က ကျွန်တော့ကို con ဆိုတဲ့ folder လေး ဆောက်ခိုင်းကြည့်တယ် ဘယ်လိုမှ မရခဲ့ဘူး
ဒါနဲ့ ထုံးစံအတိုင်း Internet ဆိုင်ပြေးရှာတာပေါ့ဗျာ ဘာရမလဲ ဟဲဟဲ
ခုတော့တွေ့ပါပြီ၊ ရှင်းပါတယ် system က သုံးနေတဲ့ နာမည်တွေဖြစ်လို့ပါ ပိုပြီးအတိအကျ ပြောရရင်တော့ System Device Driver အတွက် window စပြီဆိုတာနဲ့ memory ထဲမှာနေရာယူထားပြီးသားမို့ပါ
CON - Keyboard and display (console)
PRN - System list device, usually a parallel port
AUX - Auxiliary device, usually a serial port
NUL - Bit-bucket device
COM1 - First serial communications port
COM2 - Second serial communications port
COM3 - Third serial communications port
COM4 - Fourth serial communications port
LPT1 - First parallel printer port
LPT2 - Second parallel printer port
LPT3 - Third parallel printer port
မရတဲ့ဟာကို ရအောင် ကြိုးစားနည်းလမ်းရှာကြရအောင် Alt+255 တို့ Alt+0160 တို့ကတော့ ရိုးလွန်းပါတယ် command prompt ထဲကနေ လိုချင်တဲ့ နေရာ (path) ကိုရောက်အောင်သွား ဥပမာ- desktop ပေါ်လိုချင်ရင် C:\Documents and Settings\Administrator\Desktop> md con\ ဆိုရင်တော့ administrator ရဲ desktop မှာ con ဆိုတဲ့ folder လေးကို ဆောက်နိုင်ပါတယ် နောက်ဆုံးကနေ backslash (\) လေးထည့်ဖို့တော့မမေ့နဲ့နော်
md \\.\c:\con လည်းရပါတယ် ( \\.\ ဆိုတာကတော့ symbolizes local system ပါ၊ c:\con ကတော့ path )
ပြန်ဖျက်ချင်ရင်လည်း rd con\ rd \\.\c:\con နဲ့ ဖျက်နိုင်ပါတယ် ရိုးရိုးဖျက်လို့တော့ ရမှာမဟုတ်ပါဘူး

July 5, 2008

How to open *.docx, *.xlsx, *.pptx files without Microsoft Office 2007

Post From thinzar00.blogspot.com

MS Office 2007 မှာ file format အသစ်တွေ ပြောင်းသွားတာ သတိထားမိမှာပေါ့။

*.docx, *.xlsx, *.pptx file တွေကို microsoft office 2007 မရှိဘဲနဲ့ ဘယ်လို ဖွင့်မလဲ။ နည်းလမ်း နှစ်နည်း ရှိပါတယ်။

First method:

File Format Converter (Compatibility pack for MS office 2007) ကို ဒီမှာ download လုပ်ပြီး install လုပ်ပါ။ file size က 25MB လောက်ရှိတယ်။ install လုပ်ပြီးသွားရင်တော့ Word 2007 document (*.docx), Excel 2007 workbook (*.xlsx), Powerpoint 2007 presentation (*.pptx) တွေကို MS Office 2003 သုံးပြီး အရင်အတိုင်း ဖွင့်လို့ ရသွားပါပြီ။


Second method:
အကယ်လို့ ကိုယ်က အင်တာနက် မရှိတဲ့ နေရာမှာ ရောက်နေမယ်။ အထဲမှာ ပါတဲ့ content ကို အရေးတကြီး ကြည့်ချင်တယ်ဆိုရင် နောက်တစ်နည်းကို သုံးလို့ရပါတယ်။

Step 1: ဥပမာ file name က mynotes.docx ဆိုရင် right click > rename လုပ်ပြီး mynotes.zip လို့ပြောင်းလိုက်ပါ။
Step 2: zip file အနေနဲ့ ဖြစ်သွားပြီဆိုရင် folder ပေါ်မှာ right click လုပ်ပြီး Extract All လုပ်လိုက်ရင် အောက်ကလိုမျိုး file/folder တွေ ရလာလိမ့်မယ်။
Step 3: word ဆိုတဲ့ folder ထဲက document.xml ဆိုတဲ့ file ကို Microsoft Internet Explorer (သို့) Mozilla Firefox နဲ့ဖွင့်လိုက်ရင် XML code တွေ ကြားထဲကနေ content ရှာပြီး ဖတ်လို့ ရပါတယ်။ document ထဲမှာ ပုံတွေ ပါမယ်ဆိုရင်တော့ media ဆိုတဲ့ folder ထဲမှာ save လုပ်ထားပေးပါတယ်။

Excel 2007 Workbook (*.xlsx) နဲ့ powerpoint (*.pptx) တွေကိုလည်း ဒီနည်းအတိုင်း ဖွင့်လို့ ရပါတယ်။

ဒုတိယ နည်းက document ကို original format အတိုင်း ဖတ်လို့ ရမှာ မဟုတ်ပေမယ့် အရေးတကြီး လိုအပ်လာရင် သိထားသင့်တဲ့ နည်းတစ်ခုပါ။ Office 2007 ရဲ့ XML format တွေကိုပါ လေ့လာလို့ ရသွားတာပေါ့။

June 10, 2008

DVD ခွေတွေမှာ မြန်မာ Subtitle ပါလာ

အခုနောက်ပိုင်း ထွက်လာတဲ့ DVD9 နိုင်ငံခြားဇာတ်ကားခွေတွေမှာ မြန်မာ Subtitle တွေပါလာပါတယ်။ အများအားဖြင့် Diamond တံဆိပ်ခွေတွေမှာ ပါပါတယ်။ DVD Player က Remote နဲ့ Subtitle ပြောင်းတဲ့အခါ 1. English လို့ပါတယ်။ ပြီးတော့ 2 ဆိုပြီး ပါပါတယ်။ အဲဒါက Myanmar Subtitle ပါပဲ။ အရင်တုန်းကတော့ Movie ပေါ်မှာ စာတန်းတွေကို အသေထိုးထားပါတယ်။ အခုစနစ်ကတော့ မြန်မာ Subtitle ကိုရွေးမှ Subtitle ဖိုင်လေးကို ဖတ်ပြီး ပြပေးတာပါ။ ကျွန်တော့်အထင် အဲဒီ Subtile ဖိုင်လေးမှာ ဘယ်မိနစ်၊ ဘယ်စက္ကန့်မှာ ဘယ်စာတန်းထိုးပေးပါဆိုတဲ့ instruction တွေပါမယ်ထင်တာပါပဲ။ အင်္ဂလိပ် Subtitle လုပ်နည်းကတော့ အရင်တုန်းကတော့ တစ်ခါစမ်းဖူးပါတယ်။ အောင်မြင်တယ်။ အခု Myanmar Subtitle တွေ ဘယ်လိုလုပ်ထားသလဲဆိုတာကိုတော့ လေ့လာလိုက်ပါဦးမယ်။ ပြီးရင်တော့ ဒီ Blog မှာ လုပ်နည်း တင်ထားပေးမယ်လေ။

November 16, 2007

About File Hash

ခင်ဗျားရော ကျွန်တော်ရော အင်တာနက်သုံးတယ်။ ဟိုဟာဒီဟာ download လုပ်တယ်။ တခါတလေ connection ကျသွားရင် download လုပ်တာ 99% ရောက်ပြီးကာမှ အစကပြန်လုပ်ရတာမျိုး ကြုံဖူးတယ် မဟုတ်လား။ အဲဒီလို ပြဿနာကျ Free Download Manager သုံးပြီး ဖြေရှင်းနိုင်တယ်။ သူ့မှာက Resume စနစ် ပါတယ်။ connection ပြတ်လည်း ရောက်တဲ့နေရာကနေ ပြန်လုပ်ပေးတယ်။ ဒီထိတော့ ခင်ဗျားလည်း သိမှာပါ။ အဲ နောက်တစ်ခုကတော့ တကယ့်ပြဿနာဗျ။ 100% ထိလည်း ရောက်တယ်။ ဖွင့်ကြည့်တော့မရ။ download လုပ်တာ မပြည့်စုံဘူးလို့ပဲ error ပြပြနေတာမျိုးပေါ့။ ဒီထိ ကျွန်တော်လည်း ဘယ်လိုလုပ်ရမှန်းမသိသေးဘူး။ နောက်ပိုင်း တချို့ website တွေမှာ File တစ်ဖိုင်ကို download ပေးပြီဆိုရင် အောက်မှာ MD5 Hash ဆိုတာ ပါလာတယ်။ 32 လုံးထိ ရှည်တယ်။ number တွေရော၊ character တွေရော ပါတယ်။ ဒါမျိုးလေး 4E5DFD6C2B42409AF27340A1E7D4FE41
ဒါနဲ့ အဲဒါ ဘာလဲပေါ့။ လိုက်ရှာကြည့်တော့ လားလား download ပြဿနာကြီးကို လုံးဝရှင်းပေးတဲ့နည်းပဲဗျ။
သဘောက ဖိုင်တစ်ဖိုင်မှာ သူ့ရဲ့ size ပေါ်မူတည်ပြီး Hash value တွေပြောင်းသွားတယ်။ အဲဒီဖိုင် ပြည့်စုံမှု ရှိမရှိဆိုတာ File Hash ကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။ ခင်ဗျားက Website တစ်ခုကနေ File download လုပ်မယ်ဗျာ။ အဲဒီ Website မှာ အဲဒီဖိုင်အတွက် Hash value ပေးထားမယ်။ ခင်ဗျား download လုပ်လိုက်တဲ့ File ရဲ့ Hash value နဲ့ Website မှာ ပြထားတဲ့ Hash value တူကိုတူရမယ်။ မတူရင် အဲဒီဖိုင် download လုပ်တာ မပြီးဘူးလို့ယူဆလို့ရပါတယ်။
File Hash တွက်နည်းတွေ အများကြီးရှိပါတယ်။ MD5, SHA1, CRC32 စသည်ဖြင့်ပေါ့။ MD5 က အသုံးများတယ်။ File Hash တွက်ပေးတဲ့ Program ထဲမှာ www.beeblebrox.org က ထုတ်တဲ့ Hash Tabက အကောင်းဆုံးပဲ။ Windows Shell Extension လည်းဖြစ်တယ်။ File ကို Right Click နှိပ်၊ Properties ရွေးပြီး File Hash ကို ရွေးလိုက်ရုံပဲ။ Compare လုပ်ဖို့အတွက် Compare button လေးပါပါတယ်။ download လုပ်ဖို့အတွက်တော့ http://www.beeblebrox.org/hashtab/ ကိုသွားလိုက်ပါဦး။်