Showing posts with label Cracking. Show all posts
Showing posts with label Cracking. Show all posts

November 12, 2009

Deep Freeze Password Remover

Deep Freeze ကြီးတင်ပြီး password မေ့သွားလို့ အခက်တွေ့နေသူများအတွက် Deep Freeze Password Remover ကို ကိုဇော်ထက်ဟန်ကနေ မေးလ်ပို့လိုက်တဲ့အတွက် ပြန်ရှဲလိုက်ပါတယ်။ Deep Freeze version 6.10 မှာ စမ်းသပ်ကြည့်တာ ချက်ချင်းကိုပဲ password ပြုတ်သွားပါတယ်။
Download Link: http://www.mediafire.com/?my5wt4qjnkw
File Size: 104 KB

August 16, 2009

Cracking Windows Genuine Advantages (WGA)


WGA(Windows Genuine Advantages) ဟာ Windows XP ထဲမှာပါလာတဲ့ program တစ်ခု ဖြစ်ပါတယ်။ သူက ကျွန်တော်တို့သုံးနေတဲ့ Windows ဟာ License Version ဟုတ်မဟုတ်ကို စစ်ဆေးပေးပါတယ်။ လိုင်စင်ဗားရှင်း မဟုတ်ဘူးဆိုတာသိတာနဲ့ တပြိုင်နက် သင်ဟာ Genuine Victim တစ်ယောက် ဖြစ်နေပြီဆိုပြီး သူက ပြောပါလိမ့်မယ်။ ပြီးတဲ့အခါမှာ ၀င်းဒိုးထဲက ဟိုဟာဒီဟာဖွင့်လို့မရအောင် စပြီး တားဆီးပါတော့တယ်။


ဒါပေမဲ့ ကျွန်တော်တို့သုံးနေတဲ့ ၀င်းဒိုးစီဒီခွေ တော်တော်များများဟာ Crack version တွေ များတာမို့ အဲဒီ WGA ဟာ ဖြုတ်ထားပြီးသား ဖြစ်နေတတ်ပါတယ်။ WGA ကို ဘယ်အချိန်မှာ ရှောင်လွှဲလို့မရသလဲဆိုတော့ ကိုယ့် Windows XP မှာ Windows Media Player 11 တင်တဲ့အခါမှာပါ။ XP တင်ပြီးတဲ့အခါမှာ ပါလာတဲ့ WMP က version 10 ပါ။ သိပ်အဆင်မပြေပါဘူး။ Interface ကလည်း WMP11 လောက် မလှပါဘူး။ WMP11 က Microsoft ကနေ သက်သက် download ဆွဲရပါတယ်။ တစ်ချို့ Windows CD တွေမှာတော့ WMP11 တစ်ခါတည်း ပါလာအောင် လုပ်ထားတာကိုတော့ တွေ့ဖူးပါတယ်။
WMP 11 တင်တဲ့အခါမှာ သူဟာ ကျွန်တော်တို့ သုံးနေတဲ့ ၀င်းဒိုးက လိုင်စင်ဗားရှင်းဟုတ်မဟုတ်ကို Validate လုပ်ခိုင်းပါတယ်။ လိုင်စင်ဗားရှင်းမဟုတ်ဘူးဆိုရင် WMP 11 ကို တင်လို့ရမှာမဟုတ်တော့ပါဘူး။


အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့် Windows ကြီး လိုင်စင်ဗားရှင်းဖြစ်အောင် လုပ်ရပါတော့မယ်။ ၀င်းဒိုးကြီးကို တကယ်ဝယ်သုံးစရာမလိုပါဘူး။ Windows ရဲ့ Product Key လေးကို ပြောင်းလဲရုံနဲ့ ရပါတယ်။ အဲဒီလို ပြောင်းရုံနဲ့ မရဘူးဆိုရင်တောင်မှ နောက်ထပ်အဆင့်တွေနဲ့ ထပ်ပြီး ချိုးဖောက်လို့ရပါသေးတယ်။ အဲဒီအတွက် အောက်မှာပေးထားတဲ့ WGA ကို Crack လုပ်တဲ့ Program လေးကို Download ဆွဲထားလို့ ရပါတယ်။ Genuine Victim ဖြစ်နေတဲ့ စာဖတ်သူတွေလည်း ဒီ Program နဲ့ပဲ Genuine Victim ကနေ လွတ်အောင် လုပ်လို့ရပါတယ်။

Download Link: http://ifile.it/n0w78qz

December 31, 2008

Oph Crack ကို စမ်းသပ်ကြည့်ခြင်း

Oph Crack အကြောင်းကို Myanmar PC World ကို ဖတ်ရင်းနဲ့ သိခဲ့တာပါ။ သူရေးထားတာကတော့ အတိုလေးပါပဲ။ Windows Password မေ့ရင် သုံးဖို့ပေါ့။ ဒီလောက်ပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း စမ်းမယ်စမ်းမယ်နဲ့ တော်တော် မစမ်းဖြစ်ပါဘူး။ ဟိုတစ်လောကမှ Download လုပ်ပြီး စမ်းကြည့်မိပါတယ်။

XP နဲ့ Vista အတွက်ဆိုပြီးISO ဖိုင် နှစ်ခု download လုပ်ခွင့်ပေးထားပါတယ်။ File Size က အရမ်းကြီးတဲ့အတွက် တစ်ပတ်လောက်download လုပ်ရပါတယ်။ ဒါပေမဲ့လည်း စိတ်ရှည်ရတာပေါ့လေ။ Oph Crack ဆိုတာ Windows ရဲ့ Login Password တွေကို ကြည့်လို့ရတယ်လို့ ကြားဖူးထားတာကိုး။download ပြီးတော့ ရလာတာက ISO ဖိုင်ဆိုတော့ စီဒီပြန် Burn ပြီး စမ်းပါတယ်။ သူ့ကို First Boot Device အနေနဲ့ထားလိုက်တာပေါ့။

သူက Linux OS ကိုသုံးထားတာပါ။ အတိအကျပြောရရင်တော့ SLAX (slax.org) ကိုသုံးထားတာပါ။ Live Version ပါ။ Install လုပ်စရာမလိုဘူး။ စီဒီကနေ OS တက်လာတယ်။ပြီးတော့ Oph Crack program ပွင့်လာတယ်။ အဲဒီမှာ သူက SAM database ရှိတဲ့ partition ကို ရွေးခိုင်းပါတယ်။ SAM ဆိုတာက Windows ရဲ့ login password တွေကို encrypt လုပ်ပြီး သိမ်းထားတဲ့ database ပါ။ အဲဒါနဲ့ ကျွန်တော်လည်း ၀င်းဒိုးတင်ထားတဲ့C: partition ကို ရွေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာ သူက Braud Force Algorithm ကိုသုံးပြီး အဲဒီ SAM ထဲမှာ encrypt လုပ်ပြီး သိမ်းထားတဲ့ password တွေကို စဖော်ပါတယ်။ ကျွန်တော့်စက်မှာ User Account နှစ်ခုရှိပါတယ်။ နှစ်ခုလုံးကို password ပေးထားပါတယ်။ တစ်ခုကတော့ character တွေချည်းပဲ ပါတဲ့ simple password လေးပေးထားတယ်။နောက်တစ်ခုကတော့ special character တွေပါတဲ့ strong password ပေးထားပါတယ်။

Oph Crack အနေနဲ့ simple password ပေးထားတဲ့ account ကိုပဲ ဖော်နိုင်ပါတယ်။strong password ပေးထားတဲ့ account ကိုတော့ မဖော်နိုင်ပါဘူး။ ဒါကြောင့်လည်း Blog ပေါ်တင်လိုက်တာပါ။ ဒါဆို မြင်ကြပြီလို့ ထင်ပါတယ်။ strong password ပေးဖို့ ဘယ်လောက်အရေးကြီးတယ်၊ Windows ဟာ Security ပိုင်း အားနည်းတယ်ဆိုတာကိုပေါ့ဗျာ။ စာဖတ်သူလည်းကိုယ့်ကွန်ပျူတာရဲ့ Login Password ကို strong password အဖြစ် ပြန်ပြောင်းထားလိုက်ပါတော့။ မဟုတ်ရင်တော့ Oph Crack နဲ့ တွေ့သွားမယ်နော်။

သြော်..ဒါနဲ့ ကျွန်တော် စမ်းသပ်သုံးစွဲခဲ့တဲ့ strong password လေးကို လက်ဆောင်အဖြစ် ဖော်ပြလိုက်ပါတယ်။ အဲဒါက Wk2@D0& ပါ။

March 24, 2008

Trial Program တွေကို အမြဲသုံးလို့ရအောင်

ကျွန်တော်တို့တွေ Program တွေသုံးတဲ့အခါ Trail Version တွေကို အများအားဖြင့် သုံးကြရပါတယ်။ Trial ကာလ ၁ လ ပေးတာတို့ ၊ ၁၀ ရက် ပေးတာတို့မျိုးပေါ့။ ၁၀ ရက် Trial version ဆိုရင် ၁၀ ရက်ပြည့်တဲ့အခါ Your Trial Version is Expire ဆိုပြီး သုံးမရတော့ဘူးလေ။ အဲဒီလို Expire မဖြစ်ရအောင် လုပ်နည်းလေးပါ။ အရင်တုန်းကတော့ program expire မဖြစ်ခင် computer date ကို ရှေ့ပြန်တိုးပေးလိုက်ရင် အဆင်ပြေသွားပါတယ်။ အခုတော့ RunAsDate ဆိုတဲ့ Program လေးကို တွေ့လိုက်ပါတယ်။ ဥပမာ- Program တစ်ခုကို ၂၀၀၈ ၁ လပိုင်း ၁ ရက်နေ့မှာ install လုပ်မယ်၊ သူ့ရဲ့ Trial ကာလက ၁၀ရက်ပေးတယ်ဆိုရင် အဲဒီ Program ဟာ ၂၀၀၈ ၁ လပိုင်း ၁၁ ရက်နေ့ရောက်ရင် သုံးရမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အဲဒီ Trial Program ကို RunAsDate ဆိုတဲ့ Program ကနေတစ်ဆင့် ၂၀၀၈ ၁လပိုင်း ၁ရက်နေ့အနေနဲ့ပဲ အမြဲ run ခိုင်းပြီး သုံးမယ်ဆိုရင် ဘယ်တော့မှ expire ဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ့်အသုံးဝင်တဲ့နည်းလေးမို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

RunAsDate Program အတွက် Download Link ကတော့
http://zawthureintun.googlepages.com/runasdate.zip ဖြစ်ပါတယ်။

March 18, 2008

Software များကို Crack လုပ်နည်းမျိုးစုံ

(၁) Serial Number Cracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Software company တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှ ကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။ Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Code ကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။

(၃) Executable File & Others File Adding Cracking
တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation လည်းမတောင်းပါ။ ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။ အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။ ထိုကဲ့သို့ software မျိုးဆိုလျှင် Exe file replace လုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။ ဥပမာပြရလျှင် Photoshop CS3 ဆိုလျှင် ထိုကဲ့သို့လုပ်ရပါသည်။ Installer CD အတွင်းရှိ Crack Folder ထဲတွင်ရှိသော Photoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folder ထဲသို့ Replace လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။

(၄) Registration File Cracking
တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။ ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။ တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို Crack လုပ်ရန် ထို License key ကို အင်တာနက်ထဲရှာရပါသည်။ တွေ့တဲ့အခါမှာ ကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို disable လုပ်ရပါသည်။ မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ ကိုယ့် Kaspersky ရဲ့ License Key ကို လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း သိသွားနိုင်ပါသည်။


Crack လုပ်ခြင်း၏ အကျိုးရလဒ်များ
Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရသည်တော့မှန်ပါသည်။ သို့သော်လည်း ထို Crack File များတွင် Virus များ၊ Spyware များ ပါလာလေ့ရှိပါသည်။ ထို့ကြောင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။