Showing posts with label Colors. Show all posts
Showing posts with label Colors. Show all posts

October 5, 2009

The Color Wizard



အရင်တုန်းက Graphic Design ဆွဲတဲ့အခါ၊ Web Design ဆွဲတဲ့အခါမှာ အရောင်တွေ စဉ်းစားရတာ တော်တော်လေး ခေါင်းခြောက်ပါတယ်။ အပြာရောင် background မှာ စာက ဘယ်အရောင်ထားရင် ကောင်းမလဲ စသည်ဖြင့် တွေးရပါတယ်။ ပန်းချီဆရာတစ်ယောက်ကို အဲဒီအကြောင်းကို ပြောမိတော့ သူက complimentary color ဆိုတာရှိတယ်။ မြန်မာလိုဆိုရင်တော့ မိတ်ဖတ်အရောင်တွေပေါ့။ ဥပမာ အနီနဲ့အနက်ဆိုရင် မိတ်ဖတ်အရောင်ပေါ့။ Design ဆွဲတဲ့အခါမှာ မိတ်ဖတ်အရောင်တွေကို သုံးစွဲမှ အဲဒီ design က ကြည့်ကောင်းတယ်လို့ သူကပြောပါတယ်။

အဲဒါနဲ့ပဲ ကျွန်တော်လည်းပဲ ကာလာသီအိုရီကို အင်တာနက်ထဲမှာ လေ့လာကြည့်ပါတော့တယ်။ မထင်မှတ်ဘဲ ဆော့ဖ်ဝဲလေးတစ်ခု ရခဲ့ပါတယ်။ Flash နဲ့ရေးထားတာပါ။ ကိုယ်သုံးမယ့် color ရဲ့ hex code ကို ရိုက်ထည့် ပေးလိုက်ရုံနဲ့ အဲဒီ color ရဲ့ မိတ်ဖတ်အရောင်တွေ၊ ဆင်တဲ့အရောင်တွေကို ထုတ်ပေးပါလိမ့်မယ်။

အားလုံးပဲ ဆန်းပြားလှပတဲ့ ဒီဇိုင်းများဖန်တီးနိုင်ကြပါစေ။