Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

March 5, 2009

Google ကြီး မြန်မာလိုဖြစ်တော့မယ်

Google Site ကို တခြားဘာသာတွေနဲ့ ဖော်ပြနိုင်ဖို့အတွက် Google က Google In Your Language ဆိုတဲ့ Services တစ်ခု ပေးထားပါတယ်။ Google Account ရှိသူတိုင်း အဲဒီ GIYL ကို သုံးနိုင်ပြီး သူတို့ release မလုပ်သေးတဲ့ language ကိုရွေးပြီး ကိုယ်ကိုယ်တိုင် Volunteer အနေနဲ့ သူတို့စကားလုံးတွေကို ဘာသာပြန် ပေးလို့ ရပါတယ်။

မြန်မာပြည်က volunteer များ ရဲ့ ကြိုးစားမှုကြောင့် အခုဆိုရင် Google ရဲ့ Main Search Site ဟာ 100% မြန်မာလို ဖြစ်သွားပါပြီ။ ဒါပေမဲ့ တခြားဟာတွေကျန်ပါသေးတယ်။ အောက်ကပုံလေးကို ကြည့်လိုက်ပါ။

Google In Burmese Language

လူတိုင်း ဘာသာဝင်ပြန်နေလို့ရတဲ့အတွက် Zawgyi သုံးထားတာ၊ Myanmar3 သုံးထားတာ စသည်ဖြင့် ရောထွေးနေပါတယ်။ တစ်ခုတည်းကိုပဲ သုံးပြီး ဘာသာပြန်ပေးကြရင် အဆင်ပြေမှာပါ။ အကုန်လုံး 100% ဖြစ်သွားရင်တော့ Google ကြီးကို မြန်မာလို မြင်ရတော့မှာပါ။

စာဖတ်သူလည်း အချိန်ရရင် ရသလို Volunteer လုပ်ပြီး Google ကြီး မြန်မာလိုဖြစ်အောင် ကူညီကြည့်ပါလား။
လိပ်စာက www.google.com/transconsole ဖြစ်ကြောင်းပါဗျား။

November 14, 2008

Google Chrome Dual View

အကြောင်းအရာတူ ဆိုဒ်နှစ်ခုကို နှိုင်းယှဉ် သုံးသပ်ရတဲ့ အခါများ အကြောင်းအရာ တစ်ခုကို ကိုးကား ခြေရာပြန်ကောက်ရတဲ့ အခါများမှာ Browser windows နှစ်ခု သို့ Tab နှစ်ခု သုံးပြီး ယှဉ်တွဲ ခဲ့ရတာပါ။ ၀င်းဒိုးနှစ်ခုကို ချုံ့ အရွယ်တော်ညှိပြီး ဘယ်ညာ နေရာချပြီး ကြည့်ရမယ် ဒါမှမဟုတ် ဟိုတပ်နှိပ် ဒီတပ်နှိပ် ရနဲ့ သိပ်မမိုက်လှ ပါဘူးဗျာ။

Chrome မှာတော့ plugin သုံးပြီး Tab တစ်ခုထဲမှာဘဲ ယှဉ်တွဲ ကြည့်နိုင်သွားတယ်။ Screen resolution နိမ့်နေရင်တော့ ပြည့်ဝစွာမြင်ရဖို့ ခဲယဉ်းပါမယ်။
ရယူ သုံးစွဲ ရာမှာလည်း အခက်အခဲ မရှိပါဘူး။
ဒီ Chrome dual view plugin ကို toolbar ပေါ် drag n drop ဆွဲထည့်ထားမယ်။
လိုအပ်ရင် Chrome dual view ကိုနှိပ်ပြီး first popup မှာ လိပ်စာတစ်ခု second popup မှာ ယှဉ်တွဲမယ့် လိပ်စာဖြည့်ပေးလိုက်ရင် ရပါပြီ။
ဒါဆို သေသေ သပ်သပ်လေး နှိုင်းယှဉ်ကြည့်နိုင်ပြီပေါ့....

September 8, 2008

Google Chrome Add-Ons for Firefox

Firefox မှာ Google Chrome addons ပေါင်းထည့်ထားလို့ရပါတယ်။ Firefox သုံးရင်း လင့်တွေကို အလွယ်တကူ chrome နဲ့ ပြောင်းဖွင့် သွားနိုင်ပါတယ်။ တွဲသုံးဖို့ ဒေါင်းလုဒ် မလုပ်ရသေးရင် google chrome portable သို့ မူရင်းဆိုဒ် က ယူထားနိုင်ပါတယ်။

GC (google chrome) က မပြည့်စုံသေးတော့ FF(firefox) ဘဲ သုံးနေရတာပေါ့။ FF ကို proxy နဲ့ သုံးရင်း မကျော် မခွရတဲ့ လင့်တွေကို rightclick လေးနဲ့ GC ကဖွင့်သွားရင် တော်တော် အလုပ်ရှုတ် သက်သာသွားတယ်။

Open-in-google-chrome.xpi ကို ဒေါင်းလုဒ် လုပ်ပြီး FF မှာ ဖွင့်လိုက်ပါ။ ဒါဆို addon install လုပ်သွားပါမယ်။

FF restart လုပ်ပြီး tools \addons \open in google chrome \options ကို အဆင့်ဆင့် သွားလိုက်ပါ။

Google Chrome Options Windows မှာ C:\Documents and Settings\Administrator\Local Settings\Application Data\Google\Chrome\Application\chrome.exe (for xp) or C:\Users\Administrator\AppData\Local\Google\Chrome\Application\chrome.exe (for vista) ကို copy/paste ဖြည့်ပြီး ရင် ရပါပြီ။ Administrator နေရာ မိမိ အကောင့် ပြောင်းပေးလိုက်ပါ။ Manual Browse လုပ်ရင်တော့ show hidden files and folders ကို folder options မှာ ရွေးထားပေးပါ။ Folder options က ဗိုင်းရပ်စ် နှိပ်စက်လို့ လူတိုင်းလောက် သိမှာပါ :-)
Navigation toolbar က home bottom ဘေးမှာ ခုလို ပေါ်နေအောင် toolbar \rightclick \customize သွားပြီး drag n drop ဆွဲထည့်ထားလို့ ရပါတယ်။

September 7, 2008

Google Chrome Add-ons

Firefox user တွေ Google Chrome Browser (GC) ကို သုံးကြည့်ပြီး အလိုအပ်ဆုံးက addons ဖြစ်နေပါတယ်။ Toolsbar မပါ addon မရှိလို့ အခက်တွေ့နေရင် ဒီက ယူသုံးလိုက်ပေါ့ဗျာ။ လွယ်သလား မမေးနဲ့ GC bookmarks bar ပေါ် drag and drop ဆွဲထည့်လိုက်ပါ။ သုံးနေကျ တွေမို့ ရှင်းပြနေဖို့ မလိုတော့ပါဘူးနော့.........

Google Chrome Add-ons



1.Adblock+

2.Stumble it

3.Socialize

4.Google Pagerank

5.Video downloader

6.Twitter now

7.Tumblelog

8.Dictionary

9.Translate

10. Reference

11.Gmail This

12.Google Apps Mail

13.Linkify

14.Thesaurus

September 3, 2008

Google Chrome

Google က ဘရောက်ဆာသစ် ထွက်လာလို့ စမ်းသုံးကြည့်မိတယ်။ Beta version ပေမယ့် အတော်လေး လန်းတယ်။ XP/VISTA support ဖြစ်ပြီး ပါးလွှာ ရှင်းလင်းနေတယ်လို့ မြင်မိတယ်။ Opensource အဖြစ် ပေးထားပြီး feature တွေကလည်း သုံးကြည့်သလောက် နှစ်သက်မိတယ်။
Opera ရဲ့ speeddial လိုမျိုး ctrl+t နဲ့ ခေါ်လိုက်ရင် recent boomarks လေးကိုမြင်ရပါတယ်။ Tabs ကိုလည်း drag n drop အလွယ် ရွှေ့ပြောင်းနိုင်တယ်။

Mail ကိုဖွင့် create application shortcuts နဲ့ desktop ကို ရွေးပေးလိုက်ရင် နောင် မေးလ်ကို web apps တစ်ခုလို ကလစ်လေးနဲ့ အလွယ်သုံးနိုင်သွားပါတယ်။
search box ကို သီးသန့်မဟုတ်ဘဲ url bar မှာ တွဲထားပြီး ယ္ခင် သုံးခဲ့တဲ့လိပ်စာ နဲ့ ရှာဖွေရေးအင်ဂျင် တစ်နေရာတည်း ရွေးချယ်ရပါတယ်။ Search enging ပြောင်းဘို့ တော့ option သွားခိုင်းထားတယ်။

Incognito windows ကသုံးရင် history,cookie,cache တွေ ပြန်ဖျက်စရာ မလိုတော့ပါဘူး။
Taskmanager က ဖွင့်ထားတဲ့ tabs ရဲ့ memory,cpu,network သုံးစွဲနေမှု အခြေအနေကို ကြည့်နိုင်ပြီး မလိုအပ်တာကို ပိတ်ထားနိုင်ပါတယ်။

ှSurf လုပ်ချိန်ဟာ safari,firefox တို့လောက်ကို မြန်ဆန်ပါတယ်။ Proxy setting ကို IE ကယူပေမယ့် fonts ကိုတော့ firefox လို ရွေးပေးရုံပါဘဲ။

Developer tools ကလည်း ပြည့်စုံအောင် အားဖြည့်ပေးထားလို့ web developer တွေ အကြိုက်တွေ့စေပါမယ်။

Firefox ရဲ့ စွမ်းဆောင်နိုင်စွမ်း ကို မယှဉ်သာပေမယ့် IE 8 beta 2 ထက်တော့ အပြတ်သာပါတယ်။ Google products က အတော်များများ ယူသုံးနေတော့ Google chrome ကိုရော သင် နှစ်သက် မှာလား...

June 13, 2008

Google Site

Google ကနေပြီး Free Website ဖန်တီးပေးနိုင်တဲ့ Site တစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။ သိသိချင်းပဲ အခုတင်လိုက်တာပါ။ အသေးစိတ်ကိုတော့ မကြည့်ရသေးဘူး။ Site တစ်ခုလောက်ဖန်တီးကြည့်ပြီးမှ ထပ်ရေးပါ့ဦးမယ်။ လိပ်စာအသစ်လေးကတော့ http://sites.google.com  ဖြစ်ပါတယ်။


March 20, 2008

Blogger များ Web Developer များအတွက် Google Analytics

ကိုယ့် blog ကို ဒီနေ့လူဘယ်နှစ်ယောက်ဝင်ကြည့်သလဲ။ လူသစ်က ဘယ်လောက်လဲ။ လူဟောင်းက ဘယ်နှစ်ယောက်ပြန်လာသလဲ။ သူတို့တွေက ဘယ်နိုင်ငံကလဲ။ ဘယ်အကြောင်းအရာကို ဖတ်သွားကြတာလဲ။ သူတို့က ဘယ်ကနေလာတာလဲ။ search engine ကလား၊ တခြား website ကလား၊ တခြား website ကလာတာဆိုရင် ကိုယ့် site လေးကို ညွှန်းပေးတာ ဘယ် website လဲ။ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ ကိုယ့် blog လေးကို လူကြည့်များသလဲ။ သူတို့တွေ အချိန်ဘယ်လောက်ကြာကြာ ကြည့်တတ်သလဲ။
အဲဒီ မေးခွန်းလေးတွေရဲ့ အဖြေကို သိချင်တဲ့ blogger များ www.google.com/analytics ကို အမြန်သွားပြီး သုံးကြည့်လိုက်ပါတော့။ Free နော် Free ။
အကူအညီလိုရင် email ပို့နိုင်ပါကြောင်း ထပ်လောင်းပြောလိုက်ဦးမယ်။

March 4, 2008

Google Face Search

Post From cmsmdy.blogspot.com
လူသုံးအများဆုံး Search Engine ကြီးတစ်ခုဖြစ်တဲ့ Goolge မှာ ပုံတွေရှာဖွေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ နောက်တစ်နည်းအနေနဲ့ ပုံတွေထဲကမှ မျက်နှာတွေကိုပဲ သီးသန့်ရှာဖွေပေးနိုင်ပါသေးတယ်။ Google ရဲ့ စွမ်းဆောင်ချက်ကတော့ ကမ်းကုန်လွန်းလှပါတယ်။ စမ်းပြီး လုပ်ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ Google image searh ကိုဖွင့်လိုက်ပါ။ Text Box ထဲမှာ Microsoft ဆိုတဲ့စာသားလေးကို ရိုက်ပါ။ ပြီးရင် search လုပ်ခိုင်းလိုက်ပါ။ အဲဒီအခါမှာ microsoft နဲ့ ပက်သက်တဲ့ image တွေကိုလာပြလိမ့်မယ်။ လာပြတဲ့ result ထဲမှာ လူပုံတွေ၊ logo တွေ၊ ကြော်ငြာတွေလည်း ပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့က face ကိုပဲ သီးသန့်ကြည့်ချင်တာဆိုတော့ address bar က address ရဲ့နောက်ဆုံးမှာ &imgtype=face ဆိုတာလေးကို ထည့်ပေးလိုက်ပါ။



ပြီးရင် enter ခေါက်ပြီး ထပ်ရှာတဲ့အခါမှာ မျက်နှာတွေချည်း သီးသန့်ပါတဲ့ result တွေကို တွေ့ရပါလိမ့်မယ်

iGoogle

Post From bagannat.blogspot.com
ကျွန်တော်အရင်က အင်တာနက်သုံးရင် ရှာရဖွေရတဲ့အလုပ် သိပ်ကို အချိန်ပေးရတယ်..။ Cyber Cafe' ကနေ အသုံးပြုတဲ့အချိန်တွေမှာ ပိုဆိုးပါတယ်..။ စရိတ်စက အလွန်အကျွံထောင်းပါတယ်..။ အိပ်ထဲပိုက်ဆံ အပြည့်ထည့်ထားနိုင်ရင်တော့ မဆိုးဘူးပေါ့လေ..။ ရသလောက် အချိန်ကလေး ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေ ရှာရဖွေရတာ ထိရောက်တဲ့နည်းလမ်းတွေ သုံးတာ ပိုကောင်းတာပေါ့..။ ကျွန်တော် အဲဒီနည်းလမ်းတွေ သုံးတယ်..။

အရင်တုန်းက Google Alert Service ကို သုံးထားပါတယ်..။ ကိုယ်လိုချင်တဲ့ Keyword တွေနဲ့ရှာခိုင်းပြီး g-Mail ထဲကို ပို့ထားပေးလိုက်တာပါ..။ လုပ်တဲ့နည်းကလည်း တော်တော်လွယ်ပါတယ်..။ ဒီလင့်မှာ ကလစ်နှိပ်ပြီး လုပ်ရင် Alert Service ကို ရောက်ပါတယ်..။ အဲဒီကနေ ကိုယ့်ရဲ့ Google Account နဲ့ Log In လုပ်ပြီး Manage လုပ်ပေးရုံပါပဲ..။ ကိုယ်လိုချင်တဲ့ သတင်းအချက်က Blog, News, Web, Group, Comprehensive ဆိုပြီး ရွေးထားပေးလို့ ရပါတယ်..။ ကိုက Technology ဆိုတဲ့ Keyword ကို News လို့ရွေးထားရင် Technology စာလုံးပါတဲ့ News Session က စာတွေ အကုန် ကိုယ့်ဆီကို ပို့ပေးပါလိမ့်မယ်..။ ဒါက တစ်နည်းပေါ့..။

နောက်တစ်နည်းက iGoogle နဲ့ သုံးတာ..။ iGoogle ကျတော့ ကိုယ်လိုချင်တာတွေကို ကိုယ့်ဟာကိုယ် စာမျက်နှာသီးသန့်တစ်ခုအနေနဲ့ google.com မှာ ယူထားတာမျိုးပါ..။ များသောအားဖြင့် မစိမ်းဘူးလို့ ထင်ပါတယ်..။ Google ဟာ အချိန်အကုန်အကျ သက်သာပြီး ကိုယ်လိုချင်တဲ့ Information တွေကို တစ်နေရာတည်းမှာ ကိုယ့်စိတ်ကြိုက် စုစည်းလို့ရအောင် လုပ်ထားပေးတဲ့ Service ဖြစ်ပါတယ်..။

ကျွန်တော် ဒီအသုံးချနည်းလေးကို အချိန်လုပြီး အင်တာနက်သုံးနေရတဲ့ ဗဟုသုတရှာဖွေသူ၊ ဗဟုသုတ ဖြန့်ဝေဖို့ ကြိုးစားနေတဲ့သူတွေအတွက် လက်တို့ချင်ပါတယ်..။ ပထမဆုံး လိုအပ်ချက်က Google Account ရှိနေဖို့လိုပါတယ်..။ Google Account နဲ့ g-mail တို့ Blog တို့ လုပ်ရပါတယ်..။ Google Account ဟာလည်း အင်တာနက် သုံးတဲ့သူ တော်တော်များများမှာ ရှိပြီးဖြစ်ပါလိမ့်မယ်..။ မရှိသေးရင်တော့ Register လုပ်ဖို့ လိုပါတယ်..။

www.google.com ကို Address Bar မှာရိုက်ပြီး ၀င်ပါ..။

Google web site တက်လာတယ်ဆိုရင် ညာဘက်ထောင့်မှာ iGoogle ဆိုတာလေး ပါပါတယ်..။ အဲဒီမှာ Click လုပ်ပြီးဝင်ပါ..။ ဒါဆိုရင် အောက်က စာမျက်နှာမျိုး တက်လာပါလိမ့်မယ်..။


အဲဒီမှာ Make it your own ဆိုပြီး အပေါ်မှာရေးထားပါတယ်..။ အဲဒီစာကြောင်းရဲ့အောက်မှာ Already have a page? Sign in to see your stuff ဆိုတဲ့စာသားလေးလည်း ပါပါတယ်..။ Make it your own ဆိုတာမှာ Click လုပ်ပေးပါ..။ တကယ်လို့ Account ရှိပြီး ပြင်ဆင်ထားပြီးသားဆိုရင်တော့ အဲဒီမှာ click လုပ် google account မှာ Sign in လုပ်လိုက်ရင် ကိုယ်လုပ်ထားတဲ့ page တန်းတက်လာပါလိမ့်မယ်..။ အခုလောလောဆယ်တော့ စလုပ်တဲ့နေရာကပဲ စတာပေါ့..။ Make it your own ဆိုတဲ့ လင့်မှာ ကလစ်လုပ်လိုက်တယ်ဆိုရင် အောက်က စာမျက်နှာ ကျလာပါလိမ့်မယ်..။


အဲဒီစာမျက်နှာမှာ ကိုယ်လိုချင်တဲ့ Service တွေကို Click လုပ်ပါ..။ ပြီးရင် Show My Page မှာ Click လုပ်ပါ..။ ဒါဆိုရင် ကိုယ်လိုချင်တဲ့အရာတွေကိုပဲ စုပြီး တစ်မျက်နှာတည်းမှာ လာပြပါလိမ့်မယ်..။ ကျွန်တော်တို့ ကိုယ်လိုချင်တဲ့ page design ကို ကိုယ်တိုင် ဖန်တီးပြီး အချက်အလက်တွေကို ကိုယ်နှစ်သက်ရာ ရွေးချယ်ပြီး ကြည့်လို့ရပါပြီ..။

တစ်ခု သတိထားရမှာက အဲဒီပြင်ဆင်ထားတဲ့ စာမျက်နှာကို ကိုယ်အဲဒီကွန်ပျူတာကနေ ထွက်သွားတာနဲ့ ကျန်ခဲ့မှာပါ..။ ဒါကို ဘယ်လိုသိမ်းမလဲဆိုရင် ကိုယ့် Google Account နဲ့ log in လုပ်ထားစဉ်မှာ ပြင်ဆင်ထားတယ် ဆိုရင်တော့ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့အတိုင်း အင်တာနက် အသုံးပြုလို့ရတဲ့ ဘယ် Computer မှာမဆို Google Account ကို log in လုပ်ပြီး သုံးလို့ရပါတယ်..။ အောက်က ပုံကတော့ ကျွန်တော့်ရဲ့ Account လုပ်ထားပုံကို ပြထားတာပါ..။


ကိုယ့်အတွက် သီးသန့် သက်ဆိုင်ရာကဏ္ဍလေးတွေ ခွဲထုတ်ထားချင်တယ်ဆိုရင် Tab ကလေးတွေနဲ့ ခွဲထုတ်ထားလို့ ရပါတယ်..။ ထည့်ချင်တယ်ဆိုရင် Add a tab မှာ Click လုပ်ပါ..။ ကိုယ်ပေးလိုက်တဲ့ Tab Name ပေါ်မှာ မူတည်ပြီး Google က သူ့ရဲ့ Available ဖြစ်တဲ့ သက်ဆိုင်တဲ့ Service တွေကို ထပ်ပေါင်းပေးသွားမှာ ဖြစ်ပါတယ်..။


တကယ်လို့ Add Button မှာ နှိပ်လိုက်တယ်ဆိုရင် အပေါ်မှာ ပြထားတဲ့အတိုင်း Box ကလေးတစ်ခု တက်လာပါမယ်..။ Tab Name ကို ကိုယ်ပေါင်းထည့်ချင်တဲ့ Tab နာမည်ရိုက်ထည့်ပါ..။ News ဆိုရင်လည်း News ပေါ့..။ ကျွန်တော် လောလောဆယ် Web Design ဆိုတာပဲ ပေါင်းထည့်ထားပါတယ်..။ ပြီးရင် I'm feeling lucky. ဆိုတဲ့ Check box မှာ click နှိပ်ပြီး OK မှာနှိပ်လိုက်ရင် Tab အသစ်တစ်ခု ထပ်ပေါင်းထည့်ပေးသွားတဲ့အပြင် လိုအပ်တဲ့ stuff တွေပါ ထည့်ပေးသွားပါလိမ့်မယ်..။

အဲဒါကိုမှ မကြိုက်သေးဘူး လိုအပ်ချက်ရှိသေးတယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ထည့်လို့ရပါတယ်..။ Add Stuff မှာနှိပ်ပေါ့..။ ပြီးရင် main page ကိုပြန်သွား..။ ကျန်တာတွေကတော့ အလွယ်တကူလုပ်လို့ ရမှာပါ..။ ကိုယ်ရွေးချယ်ထည့်သွင်းတဲ့ Staff တွေပေါ်မူတည်ပြီး ကိုယ့် page အသုံးတည့်မှာ သေချာပါတယ်..။

Interface Design ပြင်ဖို့အတွက် support လုပ်ပါသေးတယ်..။ အဲဒီ theme လေးတွေက အချိန်ပေါ်မူတည်ပြီး ပြောင်းပါတယ်..။
ကိုယ့်စိတ်ကြိုက် ပုံမှာ Click လုပ်ပြီး Save လုပ်ပါ..။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ Theme ကို ပြောင်းသွားပါလိမ့်မယ်..။ ဒီ Setting တွေဟာ google account log in လုပ်ထားချိန်မှာ ပြင်ဆင်တာ ကောင်းပါတယ်..။ ဘာလို့လဲဆိုတော့ ကိုယ်ပြင်ဆင်ထားတာတွေကို Google က သိမ်းပေးသွားမှာ ဖြစ်ပြီးတော့ ဘယ်စက်မှာမဆို ဘယ်နေရာမှာမဆို Sign in လုပ်တာနဲ့ ကိုယ်ပြင်ဆင်ထားတဲ့အတိုင်း တက်လာမှာ ဖြစ်ပါတယ်..။ နောက်တစ်ခုက Google Talk ကိုလည်း အဲဒီပေါ်မှာ ထည့်သွင်းလို့ရပါသေးတယ်..။

အားလုံးအဆင်ပြေမယ် ယူဆပါတယ်..။


August 12, 2007

Codes for Searching Music in Google

Google Search Engine မှာ ထဲထဲဝင်ဝင် သီချင်းရှာချင်ရင် ဒီကုဒ်ကို သုံးရပါမယ်။ သူက နောက်ဆုံး အပ်ဒိတ် လုပ်ထားတဲ့ သီချင်းရှိမယ့် နေရာတွေကို ပြပေးပါတယ်။
သီချင်း သီဆိုသူ နာမည်နဲ့ ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်ကို သုံးရပါမယ်။ နောက်က အနီပြထားတဲ့ ကုဒ်နေရာလေးမှာ ကိုယ်ရှာချင်သူကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ mp3 မဟုတ်ဘဲ wma ဖိုင်အမျိုးအစား လိုချင်တယ်ဆိုရင်လည်း ပြောင်းပေးရမှာ ဖြစ်ပါတယ်။
တစ်ခုသိရမှာက ဒီလို ရှာတာဟာ ဆိုဒ်တစ်ခုရဲ့ Directory ကိုတိုက်ရိုက် ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ ဆိုဒ်တွေက Access Denined ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှာရပါတယ်။ ကောင်းတာက တခြား အမ်ပီသရီး ဆိုဒ်တွေကလို ဗိုင်းရပ်စ်တွေ စပိုင်ဝဲယားတွေ မကပ်နိုင်တာပါ။ ရှားရှားပါးပါး သီချင်းတစ်ပုဒ်ကို ရှာမရ ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စမ်းကြည့် နိုင်ပါတယ်။ သာမန် အမ်ပီသရီး ဖိုင်တွေကတော့ အလွယ်တကူ ရှာနိုင်ကြမှာပါ။

Post From nyilynnseck.blogspot.com