December 31, 2008
Oph Crack ကို စမ်းသပ်ကြည့်ခြင်း
November 22, 2008
Free BitDefender AntiVirus 2009 License Key for one year
ဆော့ဖ်ဝဲလ် ကို ဒီမှာ ရယူ နိုင်ပါတယ်။
http://reg.qihoo.com/index.php?op=register&src=360sd&tpl=360sd&destUrl=http://sd.360.cn/sqk.html ကို ဖြည့်ရခက်မှာစိုးလို့ Chinese to english translate လုပ်ပြီး register လုပ်လည်း လက္ခံပါတယ်။
November 10, 2008
Keylogger
Keylogger ဆိုတာဘာလဲ
Keylogger ဆိုတာကို ကြားဖူးခဲ့တာ ကြာပါပြီ။ မျိုးစုံး စမ်းကြည့်ဖူးပါတယ်။ Keylogger ဆိုတာ Program တစ်ခုဖြစ်ပြီး နောက်ကွယ်ကနေ ကျွန်တော်တို့ Keyboard ပေါ်မှာ ရိုက်သမျှ စာတွေကို ဖမ်းယူထားပါတယ်။ တစ်ချို့ Keylogger တွေကတော့ တစ်မိနစ်တစ်ကြိမ် စသဖြင့် Monitor မှာ ပေါ်သမျှကို ဖမ်းပြီး ဖိုင်တွေအဖြစ် သိမ်းဆည်းပေးနိုင်ပါတယ်။ Function စုံတဲ့ Keylogger ဆိုရင် ဖမ်းရသမျှကို ဘယ် Email ကို ဘယ်အချိန်မှာ ပို့ပါလို့တောင် ခိုင်းထားလို့ရပါသေးတယ်။
ကွန်ပျူတာဟာ Keylogger ထည့်ထားမှန်း ဘယ်လိုသိနိုင်မလဲ
တော်ရုံတန်ရုံနဲ့တော့ မသိနိုင်ဘူးလို့ ပြောရပါ့မယ်။ အဲဒီ Program တွေဟာ Taskbar မှာလည်းမပေါ်ပါဘူး။ Tray Icon Area မှာလည်း မပေါ်ပါဘူး။ Install လုပ်တဲ့သူကိုယ်တိုင်တောင် ပြန်ဖွင့်ချင်တဲ့အခါ Install လုပ်စဉ်က သတ်မှတ်ခဲ့ရတဲ့ Hot Key နဲ့ ဖွင့်ရပါတယ်။ ဥပမာ- Ctrl+Alt+P စသည်ဖြင့်ပါ။
ဒါပေမဲ့ Keylogger ထည့်ထားတယ်ဆိုရင် စာရိုက်တဲ့အခါ ချက်ချင်းမပေါ်ပဲ လေးနေတာတို့၊ Screen ဟာ တိကျတဲ့ အချိန်အပိုင်းအခြားတစ်ခုစီမှာ ဖျက်ကနဲ လှုပ်သွားတာတို့ ဖြစ်တတ်ပါတယ်။
သေချာတဲ့ နည်းတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ Task Manager ကို ဖွင့်ပြီး ကြည့်တဲ့နည်းပါ။ Task Manager မှာ Processes ဆိုတဲ့ Tab ပါတာ အားလုံးသိမှာပါ။ အဲဒီမှာ ကွန်ပျူတာ လက်ရှိ run နေတဲ့ Processes မှန်သမျှ ပေါ်ပါတယ်။ ဥပမာ- ကျွန်တော်တို့ Firefox ကို ဖွင့်ထားတယ်ဆိုရင် firefox.exe ကို အဲဒီမှာ တွေ့မှာပါ။
Processes Tab မှာက အဲဒီလို Process နာမည်လေးတင် မကပဲ အဲဒီ Process ကို user က run တာလား၊ System က run တာလား၊ CPU သုံးစွဲမှု ဘယ်လောက်ရှိသလဲ၊ Memory သုံးစွဲမှု ဘယ်လောက်ရှိသလဲ အဲဒါတွေကို Column လေးတွေ ခွဲပြီး ပြပေးထားပါတယ်။
ဒါမျိုးပါ
Image Name User Name CPU Mem Usage
Firefox.exe Ko Thurein 01 29072k
အဲဒါကို ကြည့်လိုက်မယ်ဆိုရင် Ko Thurein account ကို သုံးပြီး Firefox ကို ဖွင့်ထားတယ်ဆိုတာ သိနိုင်ပါတယ်။ အဲဒီမှာ System က run နေတဲ့ process ဆိုရင်တော့ ဒါမျိုး ပေါ်ပါလိမ့်မယ်။
Image Name User Name CPU Mem Usage
Winlogon.exe System 00 3207k
Keylogger တော်တော်များများရဲ့ Process တွေဟာ ဒီမှာ လာပေါ်တတ်ပါတယ်။ Username မှာလည်း System နဲ့ မဟုတ်ဘဲ လက်ရှိ ကိုယ်သုံးနေတဲ့ account နာမည်နဲ့ run ပါတယ်။ အဲဒီ Process ကို ပိတ်လိုက်မယ်ဆိုရင် အဲဒီ Keylogger ဟာ အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
အဲဒီတော့ ကိုယ်လက်ရှိသုံးနေတဲ့ Program ရဲ့ Process မဟုတ်ဘူးဆိုရင် အဲဒီ Process ကို ပိတ်ပစ်တာ အကောင်းဆုံးပါပဲ။ အောက်မှာတော့ အသုံးများတဲ့ Program တွေရဲ့ Process နာမည်တွေ ရေးထားပါတယ်။
Mozilla Firefox firefox.exe
Internet Explorer iexplore.exe
Google Chrome chrome.exe
Gtalk googletalk.exe
Internet Download Manager IDMan.exe
ဒါမျိုးလေးတွေ သိထားပြီဆိုရင် Task Manager ကို ဖွင့်ပြီး Process Tab မှာ ကိုယ်သုံးနေတဲ့ Program ရဲ့ Process မဟုတ်တဲ့ဟာတွေ့ရင် ပိတ်ပစ်လိုက်ပါ။ ပိတ်နည်းကတော့ အဲဒီ Process နာမည်ပေါ်မှာ Right Click နှိပ်ပြီး End Process ကို ရွေးလိုက်ပါ။
အကောင်းဆုံးကတော့ အင်တာနက်ဆိုင်က ကွန်ပျူတာမှာ ထိုင်လိုက်တာနဲ့ Task Manager ကို ဖွင့်ပြီး System က run နေတာမဟုတ်တဲ့ Process မှန်သမျှကို ကြိုပိတ်ပစ်တာက ဘေးအကင်းဆုံးပါပဲ။ အဲဒီ Process Tab မှာ System က run တဲ့ Process ရယ်၊ User က run တဲ့ process တွေကို ခွဲမြင်နိုင်ဖို့အတွက် အပေါ်က UserName ဆိုတဲ့ Column Header မှာ တစ်ချက်နှိပ်လိုက်ရင် ခွဲပြီး စီပေးသွားမှာပါ။ အဲဒီမှာ Username မှာ System, Network Service နဲ့ Local Service နဲ့ run တဲ့ Process ကလွဲလို့ ကျန်တဲ့ Process မှန်သမျှ အကုန် ပိတ်ပါ။ တစ်ခုတော့ရှိပါတယ်။ explorer.exe နဲ့ userinit.exe processes တွေကိုတော့ လုံးဝမပိတ်ပါနဲ့။
နောက်ထပ် အိမ်သုံး၊ ရုံးသုံးကွန်ပျူတာ ကိုင်သူများအနေနဲ့ Antivirus Program ရဲ့ Process ကိုလည်း မပိတ်သင့်ပါဘူး။ (မဟုတ်ရင် ကွိသွားမှာပေါ့) Kaspersky သုံးတဲ့သူဆိုရင် avp.exe ဆိုတဲ့ Process ကို မပိတ်ရပါ။
ဒါပေမဲ့ Internet Café တော်တော်များများမှာက User အင်တာနက်သုံးတဲ့အချိန်ကို မှတ်တဲ့ Software တွေ တင်ထားကြပါတယ်။ ဥပမာ- CafeZee, HandyCafe, CafeSuite စသည်ဖြင့်ပေါ့။ အဲဒီ Software တွေမှာလည်း သူတို့ Process တွေ ရှိတာပေါ့။ အဲဒီ Process တွေကို ပိတ်လိုက်မယ်ဆိုရင်တော့ အင်တာနက်သုံးတဲ့အချိန်ကို အဲဒီ Software က မမှတ်နိုင်တော့ပါဘူး။ (ထိုနည်းကို မေးမြန်းခြင်း သည်းခံပါ) ဒါကြောင့် သူတို့ကလည်း ကာကွယ်တဲ့အနေနဲ့ အဲဒီ Software တွေကို တင်လိုက်ပြီဆိုရင် Task Manager ကို ဖွင့်မရအောင် လုပ်ပစ်တတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးကို ကြုံရပြီဆိုရင်တော့ တခြား Software တွေကို သုံးပြီး Process တွေ သိအောင် လုပ်ရပါတော့မယ်။ Taskkill တို့ ProcessExplorer တို့ကတော့ တော်တော် ကောင်းပါတယ်။ အဲဒီ Program တစ်ခုခုကို MemoryStick ထဲမှာ ထည့်ထားတာတို့၊ ဒါမှမဟုတ် Online Drive တစ်ခုခုမှာ ထည့်တာပြီး Task Manager ပိတ်ထားတဲ့ စက်မှာထိုင်ရပြီဆိုရင် ကောက်ဖွင့်ပြီး ဘာ Process တွေ run နေလဲဆိုတာ ကြည့်ရမှာပါ။ လုံးဝ သတိပြုရမှာက အင်တာနက်ကို လုံးဝ မသုံးသေးခင် ကြည့်ပါ၊ မသင်္ကာတာ တွေ့ရင် ပိတ်ပစ်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။
(မှတ်ချက်- Username မှာ System အနေနဲ့ run နိုင်တဲ့ Keylogger ကို မတွေ့ဖူးသေးပါဘူး။ တကယ်လို့များ စာဖတ်သူထဲက တွေ့ဖူးထားတဲ့သူများရှိရင် အများအတွက် Comment ပေးခဲ့ပါဦး)
October 28, 2008
Free BitDefender Internet security 2009 License key
သူ့ရဲ့ ရယူပုံကလည်း လွယ်ပါတယ်။ ဒီလင့်လေးမှာ E-mail သာမှန်အောင်ဖြည့် ကျန်တာကတော့ fake fake ပေါ့။ ဗီယက်နမ်စာ က ဘာလည်း ကျွန်တော်လည်း မသိဘူး။ Send နှိပ်လိုက်ရင် ကီးရပြီ :)
လိုင်စင် သက်တမ်းက 120 ဆိုပေမယ့် trail version သုံးရင် ရက် 30 ဆိုတော့ ရက် 150 ဖြစ်သွားမလားဘဲ။ Translate လုပ်ကြည့်တော့ ဘယ်နှစ်ရက်အတွင်း activate လုပ်ပါတော့ မဆိုထားပါဘူး။
ဆော့ဖ်ဝဲလ် ဒေါင်းလုဒ် လိုရင်တော့
BitDefender Internet Security 2009 32bit
BitDefender Internet Security 2009 64bit
BitDefender က ပရိတ်သတ် နည်းတော့ နည်းတယ်။ အသုံးတဲ့သူ တွေ့သွားရင်တော့ ရှယ်ရကျိုး နပ်တာပေါ့လေ။ တစ်ခါတစ်ရံ ဘယ်ဗိုင်းရပ်စ်က ဘယ်ဆော့ဖ်ဝဲလ်ဘဲနိုင်တယ် ဆိုတဲ့ အရေးပေါ် အခြေအနေ မျိုးလည်း ကြုံတတ်ပါတယ်။ ဒါဆို ကိုယ့် အီးမေးလ်ထဲက ကီးတစ်ခုဟာ အတော်လေး အကျိုးသက်ရောက် လာမယ် မျှော်လင့်မိပါတယ်။
September 28, 2008
Exclusive 100-day Kaspersky Internet Security 2009 offer!
Computer Shopper က စာဖတ်သူတွေကို ပရိုမိုးရှင်း လုပ်တာပါ။ လုပ်ရမှာက...
http://www.coverdisc.co.uk/cs249/kis/index.php လင့်ကိုသွားပြီး အချက်အလက်တွေ ပြည့်စုံအောင် ဖြည့်ပေးရပါတယ်။
ဒုတိယ အဆင့်မှာ ပရိုမိုးရှင်း ကုဒ် also ကို ထည့်ပေးလိုက်ရင် ရပါပြီ။ မေးလ်မှာ ကီး ရောက်လာပါမယ်။
အမှန်အကန် ၀ယ်သုံးနေသူတော့ မလိုဘူးပေါ့ဗျာ။ Blacklist ဖြစ်ဖြစ် နေတတ်သူတွေတော့ အသုံးတည့်မှာပါ။
March 27, 2008
Supper Hidden Folder
၁။ ပထမဆုံး Folder အသစ်တစ်ခု ဖန်တီးပါ။ Folder အမည်ပေးတဲ့အချိန်မှာ Alt ကိုဖိထားပြီး Numeric Keypad ကနေ 255 လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Folder နာမည်မပေါ်ပဲ Folder တစ်ခုဖန်တီးပြီးသား ဖြစ်သွားပါပြီ။
၂။ ပြီးရင် Folder ပေါ် Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Customize Tab ကိုဆက်နှိပ်ပါ။
၃။ Change Icon button ကိုနှိပ်ပါ။
၎။ Icon ပုံလေးတွေ ရွေးတဲ့အခါကျရင် blank icon ကိုရွေးပေးပါ။ အောက်ပါပြထားတဲ့ပုံအတိုင်းလိုပေါ့။
၅။ OK နှိပ်ပါ။ OK ထပ်နှိပ်ပါ။ ပြီးရင် ကိုယ့် Folder လေးကို ကြည့်လိုက်ပါဦး။ အောက်ကပုံလေးလို ဖြစ်သွားပါပြီ။
ပုံမှာ ပေါ်နေတဲ့ အပြာရောင်တုံးလေးက Folder ပေါ် တစ်ချက်နှိပ်ထားလို့။ နိုမို့ဆို ဘာမှမမြင်ရဘူး။ နောက်တစ်ခါ ဖွင့်ချင်ရင် Folder ရှိမဲ့နေရာကိုသာမှန်းပြီး Double click နှိပ် ဖွင့်နိုင်ပါပြီ။ တစ်ခုသတိပြုရမှာက အဲဒီ Folder လေးကို ကြိုက်တဲ့နေရာမှာ ထားနိုင်ဖို့ Folder Windows ရဲ့ လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး Arrang Icons By> Auto Arrange အမှန်ခြစ်ကို ဖြုတ်ထားလိုက်ပါ။
အိုင်တီမန်း
February 18, 2008
Firefox သုံးသူတွေ သတိထားရန်

ကိုယ်က အင်တာနက်ကို ကိုယ့်အိမ်မှာတင်သုံးတယ်ဆိုရင် ကိစ္စမရှိပါဘူး။ တကယ်လို့များ ကဖီးမှာ သုံးရင်တော့ အဲဒီ dialog box ပေါ်လာတဲ့အခါမှာ Never for This Site ဒါမှမဟုတ် Not Now ကိုနှိပ်ပေးပါ။ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင် ခင်ဗျားရဲ့ password တွေဟာ လူတိုင်းကြည့်လို့ရနိုင်တဲ့ အခြေအနေထိဖြစ်သွားနိုင်ပါတယ်။
လူတော်တော်များများက ဒီ dialog box ကို သိပ်သတိမထားတတ်မိကြပါဘူး။ ကျွန်တော် အင်တာနက်ကဖီးတွေသွားသုံးပြီး စမ်းသပ်ကြည့်တဲ့အခါ Remember ခလုတ်ကို နှိပ်ထားတဲ့ သူတွေကို တော်တော်များများတွေ့ခဲ့ရပါတယ်။ ကဲ..ခင်ဗျားက Remember ကိုနှိပ်မိပြီ ဆိုပါတော့။ ဘာလုပ်မလဲ။
Firefox မှာ Tools>Option ကိုသွားပါ။ Security tab ကိုနှိပ်ပါ။ အဲဒီမှာ show passwords ကို နှိပ်ပါ။ ကဲဗျာ.အောက်မှာ Remember ကိုနှိပ်တဲ့သူတွေရဲ့ password တွေနဲ့ အဲဒီ password ကို အသုံးပြုပြီး ၀င်ထားတဲ့ website address တွေပေါ်နေပါပြီ။
ကဲ..အခုပဲ ခင်ဗျားသုံးနေကျ အင်တာနက်ကဖီးဆိုင်သွားပြီး firefox ရဲ့ Remember Password ထဲမှာ ခင်ဗျားနာမည်နဲ့ password ပါနေသလားလို့ သွားကြည့်လိုက်ပါဦး။ ပါနေရင်တော့ Remove All ခလုတ်လေးကိုသာ နှိပ်လိုက်ပါတော့။
August 6, 2007
Hide Files in JPEG
http://www.thetechtray.net/2007/05/30/hiding-files-in-jpegs/
July 27, 2007
ကိုယ့်ဓာတ်ပုံတွေ သူများမကြည့်စေချင်ရင်
Hex number ဆိုတာက 0 to F (0.1.2...9,A,B....F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို ပြောင်းလိုက်ရင်
အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။ အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ဘူးလေ။ သူများမမြင်စေချင်တဲ့ ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး
ဘာ software မှမလိုပဲ ဖျောက်လို့ရပါတယ်။
1. Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
2. အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
3. debug "Your Picture File Location" လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D:\ ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:\mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
4. e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
5. ။ ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,....,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
6. w လို့ရိုက်ပြီး Enter ခေါက်ပါ။
7. Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
8. q လို့ရိုက်ပြီး Enter ခေါက်ပါ။
9. ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။
ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။
ဖြည်နည်း
1. အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
2. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။
