Showing posts with label Driver. Show all posts
Showing posts with label Driver. Show all posts

May 27, 2009

Do not need to Restart

sound driver ကြေင့် ခဏတိုင်း restart လုပ်ပေး နေရရင်စိတ်ညစ်မနေပါနဲ့။ Device Mananger က နေ Audio drive ကို Uninstall လုပ်ပြီးရင် scan for hardware changes ကိုနှိပ်ပြီး ခဏစောင့်နေလိုက်။ အားလုံး ok သွားပါလိမ့်မယ်။

December 9, 2008

New Utilities For Backup Drivers

ဟိုးတစ်ခါက Driver တွေကို Backup လုပ်နိုင်ဖို့ Driver Genius အကြောင်းကို ရေးခဲ့ဖူးပါတယ်။ အဲဒီဟာက Free မရတဲ့အတွက် ကျွန်တော့်ဆီကို crack တောင်းတဲ့ Mail တွေလည်း တော်တော်များများ ၀င်လာပါတယ်။ တကယ်တော့လည်း အဲဒီ့ Crack တွေ ဖြည်နေရတာ အတော်အလုပ်ရှုပ်ပါတယ်။ အဲဒါနဲ့ Softpedia မှာ Free ရတဲ့ဟာလေးများ ရှိမလားလို့ လိုက်ရှာရင်း Chily Device Driver Backup ဆိုတဲ့ Tools လေးတစ်ခုကို တွေ့လိုက်တာမို့ Download Link လေးကို ရှယ်ယာပေးလိုက်ပါပြီ။ Driver တွေကို Backup လုပ်နိုင်၊ Restore လုပ်နိုင်ပါတယ်။ Uninstall လည်း လုပ်နိုင်ပါသေးတယ်။

http://www.softpedia.com/progDownload/Device-Driver-Backup-Download-86809.html

March 4, 2008

Driver Sweeper

ကိုယ့် computer ထဲမှာ Hardware တစ်ခုခု Install လုပ်လိုက်တိုင်း Driver File တွေ သွင်းရတတ်ပါတယ်..။ နောက်တော့ အဲဒီ Device ကို မသုံးဖြစ်တော့တဲ့ အချိန်မှာပဲဖြစ်ဖြစ် အဲဒီ Device ကို upgrade လုပ်လိုက်ရလို့ driver အသစ်တင်ရတာပဲဖြစ်ဖြစ်ကြောင့် စက်ထဲမှာ driver file တွေ အပိုအနေနဲ့ ရှိနေတတ်ပါတယ်..။ အဲဒီ File တွေရှိနေတာ တစ်နည်းအားဖြင့် ကောင်းသလို ဆိုးတာတွေလည်း ရှိပါတယ်..။ အခန့်မသင့်ရင် System Crash ဖြစ်တာမျိုး ကြုံနိုင်သလို Disk Usage တွေမှာလည်း အနှောက်အယှက် ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင် Hardware Driver တွေကြောင့် Device အချင်းချင်း အနှောက်အယှက် ဒီတော့ ကိုယ်အသုံးမလိုတော့တဲ့ Driver File တွေကို ဖျက်ထား၊ ဖယ်ထားတာ အဆင်ပြေပါမယ်..။

Driver Sweeper ဆိုတဲ့ software က အဲဒီအလုပ်တွေကို ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်..။ အခမဲ့ ရယူနိုင်တဲ့ software လည်း ဖြစ်ပါတယ်..။ ဒါ့အပြင် Old Driver File တွေကို စုပြီး Backup လည်း လုပ်ပေးထားနိုင်ပါတယ်..။ တကယ်လို့ ကိုယ်မှားဖျက်ခဲ့သည်ရှိသော် ပြန်ပြီး restore လုပ်လို့ရဖို့အတွက်ပါ..။

Download Here

Post From Bagannat.blogspot.com

November 12, 2007

Driver backup လုပ်ဖို့

တစ်နေ့က ကျွန်တော့်ဆီ laptop တစ်လုံးရောက်လာတယ်။ အသံမထွက်လို့တဲ့။ ကျွန်တော်လည်း နည်းနည်းကြည့် လိုက်တော့ audio driver မရှိတာတွေ့ရော။ အဲဒါနဲ့ driver မရှိဘူးလို့၊ driver မရှိလို့ အသံမထွက်တာလို့ ပြောလိုက်တယ်။ laptop ၀ယ်တုန်းက driver ခွေပါမှာပါ၊ အဲဒါယူခဲ့လို့ ပြောတော့ driver ခွေမပါဘူးတဲ့။ ဆိုင်က မပေးလိုက်ဘူးလို့ပြောတယ်။ အဲဒါနဲ့ ၀ယ်ခါစကရော အသံထွက်သလားလို့မေးလိုက်တယ်။ ၀ယ်ခါစကတော့ အသံထွက်ပါတယ်တဲ့။ နောက်မှ Virus ၀င်လို့ ပြင်ပြီးတဲ့နောက်ပိုင်းမှ မထွက်တော့တာတဲ့။ အဲဒါလောက်ဆို ကျွန်တော်ရိပ်မိသွားပါပြီ။ Virus သတ်တဲ့သူက Format ချ၊ Windows တင်ပေးလိုက်တာပါပဲ။ Driver က Format ချ Windows တင်တော့ ပါသွားတာပေါ့။ ကျွန်တော် အဓိကပြောချင်တာက driver တွေကို backup လုပ်ထားကြဖို့ပါ။ Driver ခွေဆိုတာက ပျောက်နိုင်တယ်။ Laptop တွေဆိုလည်း အစောကပြောသလို ခွေမရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကိုယ့်စက်ကလေးကောင်းနေတုန်း driver တွေကို backup လုပ်ထားကြပါ။ ကွန်ပျူတာပြင်တဲ့သူတွေလည်း ကိုယ့်ဆီလာပြင်တဲ့ကွန်ပျူတာကို Format တွေဘာတွေချတော့မှာဆိုရင် driver ကို backup လုပ်ပြီးမှချပေါ့။ Backup လုပ်တဲ့ Program တွေထဲက ကျွန်တော်ကြိုက်တာကတော့ Driver Genius ပါ။ မရှိတဲ့သူများ ကျွန်တော့်ဆီ email ပို့ပြီး တောင်းယူနိုင်ပါတယ်ခင်ဗျား။