Showing posts with label Browsers. Show all posts
Showing posts with label Browsers. Show all posts

December 21, 2008

portable google chrome

Welcome to all
Here is the link to download for portable google chrome web browser for usb edition

http://h1.ripway.com/zawminsoe/Portable_Google_Chrome_1.0.154.36.exe

November 14, 2008

Google Chrome Dual View

အကြောင်းအရာတူ ဆိုဒ်နှစ်ခုကို နှိုင်းယှဉ် သုံးသပ်ရတဲ့ အခါများ အကြောင်းအရာ တစ်ခုကို ကိုးကား ခြေရာပြန်ကောက်ရတဲ့ အခါများမှာ Browser windows နှစ်ခု သို့ Tab နှစ်ခု သုံးပြီး ယှဉ်တွဲ ခဲ့ရတာပါ။ ၀င်းဒိုးနှစ်ခုကို ချုံ့ အရွယ်တော်ညှိပြီး ဘယ်ညာ နေရာချပြီး ကြည့်ရမယ် ဒါမှမဟုတ် ဟိုတပ်နှိပ် ဒီတပ်နှိပ် ရနဲ့ သိပ်မမိုက်လှ ပါဘူးဗျာ။

Chrome မှာတော့ plugin သုံးပြီး Tab တစ်ခုထဲမှာဘဲ ယှဉ်တွဲ ကြည့်နိုင်သွားတယ်။ Screen resolution နိမ့်နေရင်တော့ ပြည့်ဝစွာမြင်ရဖို့ ခဲယဉ်းပါမယ်။
ရယူ သုံးစွဲ ရာမှာလည်း အခက်အခဲ မရှိပါဘူး။
ဒီ Chrome dual view plugin ကို toolbar ပေါ် drag n drop ဆွဲထည့်ထားမယ်။
လိုအပ်ရင် Chrome dual view ကိုနှိပ်ပြီး first popup မှာ လိပ်စာတစ်ခု second popup မှာ ယှဉ်တွဲမယ့် လိပ်စာဖြည့်ပေးလိုက်ရင် ရပါပြီ။
ဒါဆို သေသေ သပ်သပ်လေး နှိုင်းယှဉ်ကြည့်နိုင်ပြီပေါ့....

November 11, 2008

Useful Firefox as a calculater

ဂဏာန်းပေါင်းစက်လိုရင် accessories ထဲမှာရှိတယ်လို့ ပြေးမြင်ကြပါမယ်။ Google site မှာလည်း “ answer to life, the universe, and everything ” ရိုက်လိုက်ရင် ရတာဘဲ။ Vista widget တွေနဲ့ သီးသန့် ဆော့ဖ်ဝဲလ်တွေဆို တောင်ပုံရာပုံ ပါဘဲ။

ခု firefox browser သုံးရင်းလိုအပ်ရင် တွက်ချက်နိုင်အောင်ပါ။ ဒါလည်း Firefox Calculator 1.1.12 addon ရှိသားဘဲ မဟုတ်လား...ဆိုကြပါမယ်။

အဲဒါတွေ အားလုံးထက် ပိုလွယ်တာလေးပါ။ Firefox မှာ အသင့်ပါလာတဲ့ Google search engine မှာ 1+1 ဆိုတာနဲ့ =2 suggestion တန်းပေါ်လာပါတယ်။ သတိမမူ မိသေးရင် ရိုက်ကြည့်ပါဦး။ သချာင်္ သမား ဆိုရင်တော့ functions တွေ သုံးဖို့ ဒီလင့်က အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

September 14, 2008

Tweaks for Firefox 3

Firefox 3 ကို ပိုပြီး အသုံးချလာနိုင်စေမယ့် နည်းလမ်းလေးတွေ စုစည်းထားတာပါ။ About:config သုံးပြီး မြန်နှုန်းမြှင့်ခြင်း၊မန်မိုရီ လျှော့ချခြင်း တွေလို Firefox 3 ရဲ့ တိမ်မြုတ်နေတဲ့ စွမ်းအားတွေကို ဖော်ထုတ်ပေးနိုင် လာပါမယ်။ Hack for Firefox 3 မှာ ရေးပြီးခဲ့သမျှ နဲ့လည်း တွဲဖက် ပြုပြင်နိုင်ပါတယ်။

about:config ကို Url bar မှာ ရိုက်လိုက်ပါ။ သတိပေးချက် ပြလာတော့ I`ll be careful I promise ပေါ့။ နောက်တစ်ကြိမ် မတွေ့ရအောင် ဖြုတ်ခဲ့လည်း ဖြစ်ပါတယ်။
1.Consumes less memory and CPU usage
Filter bar မှာ browser.cache.memory.enable ကိုရိုက်ပြီး value ကို double click ဖြင့် true သို့ ပြောင်းပေးပါ။
ပြီးလျှင် right click \new \integer ရွေးပြီး popup windows မှာ browser.cache.memory.capacity ကို ဖြည့်ပေးပါ။
ထပ်မံပြီး သူ့တန်ဖိုးကို ဖြည့်ပေးလိုက်ပါ။
ဥပမာ မိမိ RAM Memory က 256 MB နှစ်ချောင်း ရှိရင် 8192 ကို ဖြည့်ပေးရပါတယ်။ Start /control panel /system မှာ ကြည့်နိုင်ပါတယ်။
256 MB of RAM, enter “4096”
512 MB of RAM, enter “8192”
1 GB of RAM, enter “16384”
ဆက်တင် အလုပ်လုပ်ဖို့ restart လုပ်ပေး ရပါတယ်။ firetune addon သုံးထားရင် မလိုပါဘူး။

2.Speed Tweaks

network.http.pipelining false to true
network.http.pipelining.maxrequests 30 to 8
network.http.max-connections 30 to 96
network.http.max-connections-per-server 15 to 32
network.http.max-persistent-connections-per-server 6 to 8
network.http.pipelining.ssl false to true
network.http.proxy.pipelining false to true
nglayout.initialpaint.delay 100 to 0

3.Auto Complete URL while You type at address Bar

browser.urlbar.autoFill=True

4.Disable Delay Time While Installing Firefox Add-on

security.dialog_enable_delay = 0

5.Disable Extension Compatibility Checks

extensions.checkCompatibility = False
extensions.checkUpdateSecurity = False

6.Stop Displaying Website Icon (Favicon) in Address bar & On Tab

browser.chrome.site_icons = False

7.Disable Prefetch

network.prefetch-next = False
Helpful for frequent Google searcher, low-speed internet connection or low RAM

8.Extend Spell check to forms

layout.spellcheckDefault = 2
Change Value from 1 to 2

9.Disable Blinking Text

browser.blink_allowed = False

10.Disable Annoying Browser Behavior

dom.disable_window_open_feature.menubar
dom.disable_window_move_resize
dom.disable_window_open_feature.titlebar
dom.disable_window_open_feature.toolbar
Set all of above to value False

11.Remove Tab Close Button from all Tab and set A single Close Button at Right

browser.tabs.closeButtons = 3

12.Disabler Browser Toolbar Tip

browser.chrome.toolbar_tips = False

13.Show More Tabs on Single Firefox Window before Scrolling

browser.tabs.tabMinWidth = 75

14.Past Copy Content with Middlemouse Click

middlemouse.paste = True

15.Scroll webpage in One Go

mousewheel.withaltkey.action=1

16.Increase History Undo Close Tab Limit ( Recently Closed Tabs )

browser.sessionstore.max_tabs_undo=15

By default you can undo 10 recently closed tabs inorder to increase your history closed tabs. Change number 13 to as per your choice.

17.Open Firefox Default Search Bar Result in New Tab

browser.search.openintab=True

18.Right Click View Source in Your Favorite Editor

view_source.editor.external=True
view_source.editor.path= Path of Editor
(e.g. path C:\Program Files\npp.4.8.2.bin\notepad++.exe)

19.Enable/Disable Single Click to Select Whole URL in Address bar

browser.urlbar.clickSelectsAll = True ( for enable )

browser.urlbar.clickSelectsAll = False ( for disable )

20.Fast Scrolling Across Tabs

toolkit.scrollbox.scrollIncrement =75
75 is number of pixels to scroll at a time when scrolling the tab strip’s scrollbox. (Default: 20)

စမ်းသပ်ရင်း မှားနိုင်တယ်၊မကြိုက်လို. ပြန်ဖျက်နိုင်အောင် backup ကြိုလုပ်ထားလိုက်ပါ။

September 11, 2008

Useful tricks non add-ons in Firefox

Gtalk,Gmail နဲ့ Cbox တွေ ကို add-ons မသုံးဘဲ firefox မှာပေါင်းထည့်ထားကြရအောင်။ ကိုယ်ပိုင် Cbox မဟုတ်လည်း တခြား Cbox မှာ မေးထား ပြောထားတာတွေ စောင့်ကြည့်ဖို့ သုံးနိုင်တာပေါ့။


လွယ်ပါတယ်..Gtalk အတွက် http://talkgadget.google.com/talkgadget/popout မှာ login ၀င်ပြီး Url bar က star လေးနှိပ် bookmark toolbar ပေါ် မှတ်ထားလိုက်ပေါ့။

Bookmark toolbar ပေါ်က Gtalk icon ပေါ် right click \properties သွားပြီး load this bookmark in the sidebar ကို အမှန်ခြစ်လေး ပေးခဲ့ရင် ရပါပြီ။ Firefox မှာ ၀န်မပိစေဘဲ အိုင်ကွန်လေးနှိပ်ပြီး ချတ်နိုင်ပါပြီ။

Cbox အတွက်ကတော့ Cbox link တစ်ခုမှာ rightclick \this frame \bookmark this frame ရွေးပြီး Gtalk အတိုင်း load this bookmark in the sidebar ကို အမှန်ခြစ် ပေးလိုက်ရုံပေါ့။

Gmail ကို https://mail.google.com/mail/feed/atom လင့်ကနေ login ၀င်ပြီး bookmark toolbar မှာပေါင်းထည့်ပေးလိုက်ပါ။ ဒါဆို စာအ၀င် သိနိုင်ပါပြီ။

အားလုံးကို logout မလုပ်ဘဲ master password ခံသုံးရင် ပိုအဆင်ပြေတာပေါ့။ Tools \options \security \change master password မှာ နှစ်သက်ရာ password ထည့်ပေးလိုက်တာပေါ့။ အသုံးဝင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

Useful of Foxyproxy and IE7pro

Foxyproxy နဲ့ IE7pro ကို အသုံးပြုပြီး browser တွေမှာ proxy တွေ ပြောင်းနိုင် ပါတယ်။ ဒီနှစ်ခုက plugin နဲ့ addon ကွာခြားနေပေမယ့် proxy တွေ ပြောင်းလည်းရာမှာ foxyproxy က firefox အတွက် IEpro က IE အတွက် သုံးစွဲပါမယ်။ tool \options \proxy setting မှာ server no. တွေ သွားပြောင်းပေးနေရတဲ့ အချိန်ကုန် အလုပ်ရှုတ် သက်သာစေတဲ့ freeware တွေပါ။

အခက်အခဲတွေကို ကျော်လွှားဖို့ Ultrasurf, Freedom, Freegate software တွေ ရယူအသုံးပြုနေသူ ဖြစ်ရပါမယ်။ အခြား proxy software တွေ ရှိသေးပေမယ့် ဒီ ဆော့ဖ်ဝဲလ်တွေလောက် အခမဲ့ အဆင်ပြေပြေ သုံးမရပါဘူး။
တစ်ခြား ခုန်ပျံ ကျော်လွှား နည်းတစ်ချို့တော့ ဒီမှာ နဲ့ ဒီမှာ ရေးခဲ့ဘူးပါတယ်။

ပထမဆုံး အထက်က proxy software(Ultrasurf) တစ်ခု ရယူပြီး ဖွင့်ထားလိုက်ပါ။

Foxy proxy for Firefox

Firefox မှာ Foxyproxy ကို download&install ပြီးရင် restart လုပ်လိုက်ပါ။ Tor proxy ကိုတော့ မသုံးဘူးဗျာ။ ကျော်ခဲ့လိုက်ပေါ့။

Firefox statusbar မှာ foxyproxy လေးရောက်နေပြီဆိုရင် right click နဲ့ options ကိုရွေးလိုက်ပါ။

Add new proxy ကို နှိပ်ပြီး General tab မှာ Ultrasurf နဲ့ proxy details tab ရဲ့ manual proxy configuration မှာ host name 127.0.0.1 port 9666 ကို ဖြည့်ပေးပါ။ Freedom က 127.0.0.1:8080 ဖြစ်ပြီး Freegate က 127.0.0.1:8567 ဖြစ်ပါတယ်။

Pattern tab မှာ Add new pattern ကို နှိပ်ပြီး Pattern name=sanle URl pattern=linsanle.blogspot.com ဖြည့်ပေးရင် ရပါပြီ :)။ဒါဆို status bar က foxyproxy ကို ညာကလစ် နှိပ်ပြီး Ultrasurf ကို ရွေးရင် ကျော်ခွ ထွက်ခွါ နိုင်ပါပြီ။

Froxyproxy ရဲ့ အားသာချက် တစ်ခုက block page တွေကို auto ပြောင်းဖွင့်ပေးနိုင်ပါတယ်။ Setting တော့ ချိန်ထားပေးရပါတယ်။
Foxyproxy ရဲ့ options ကို သွားပြီး Mode မှာ Use proxies based on their pre-defined patterns and priorities ကို ရွေးပေးပါ။ ဆက်ပြီး auto add မှာ enable ကို အမှန်ခြစ်လေး ပေးလိုက်ပါ။

Proxy to which patterns are automatically added မှာ Ultrasurf ရွေးပေးပေါ့။
Pattern to identify blocked websites ရဲ့ Define tab ကိုနှိပ်ပြီး *The access to requested URL has been denied* သို့ *This site is blocked by MPT* သက်ဆိုင်ရာတစ်ခုကို ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆို ရပါပြီ။
Blocked site တစ်ခုနဲ့ IP viewer site တစ်ခုတို့ ယှဉ်တွဲ ဖွင့်လိုက်ရင် proxy နှစ်ခုနဲ့ သွားနေတာ တွေ့နိုင်ပါမယ်။

IE7pro for internet explorer

IE7pro ကို download&install လုပ်ပေးပါ။

ပြီးလျှင် IE status bar မှာ IEpro icon ပေါ် rightclick \proxy setting \edit proxy list ကိုသွားပြီး 127.0.0.1:9666 ကို ပေါင်းထည့်ပေးလိုက်ပါ။

ဒါဆို နောင် ကျော်ခွဖို့ လိုအပ်ရင် IEpro icon ပေါ် rightclick \proxy setting \127.0.0.1:9666 ကို ရွေးတာပေါ့။ မလိုတော့ Disable proxy ပေါ့ဗျာ။
ကျွန်တော် ဒီနည်းတွေနဲ့ rapidshare မှာ ဟိုပြေး ဒီပြေး လုပ်လေ့ရှိတယ်။ IE7pro က Enhance Internet Explorer's Tabbed Browsing Capabilities, Super Drag and Drop, Mouse Gesture, Crash Recovery, Save Page to Image, AD Blocker, Greasy monkey alike User Script, Inline Search, Spell Check လုပ်ငန်းတွေကိုပါ စွမ်းဆောင် ပေးပါတယ်။ သူ့ကိုသုံးထားရင် IE လည်း ပိုမြိုင်သွားတာပေါ့။

နောက်တစ်ခုက Avant browser ပါ။ သူ့ကိုသုံးရင် proxy setting ပါပြီးသားမို့ 127.0.0.1:9666 ကို tools \proxy \customize မှာ သွားထည့်ပေးလိုက်ရုံပါဘဲ။ မြန်ပေမယ့် ကွန်နက်ရှင် ကျဆင်းနေရင် အု..အား..ပြားချပ်ချပ်..ဖြစ်သွားတတ်လို့ မြန်မာ့ရေမြေ ကို မကြိုက်ပါဘူး။
ဒီအကြောင်းတွေကို တော်တော် များများ ရေးခဲ့ကြ ပြီးပါပြီ။ လက်ရှိ သုံးနေသူတွေ မှတ်သားဖူးသူတွေက မလိုအပ် တော့ပေမယ့် မေးမြန်း သိလိုသူတွေ ရှိဆဲပါ။ အခြေအနေ အရလည်း လိုအပ်ချက် ကြီးမားလာတာကိုး။ ဒါကြောင့် လက်လှမ်းမှီရာ မည်သည့်နေရာမဆို ရရှိနိုင်ပြီး အဆင်ပြေပြေ သုံးစွဲနိုင်စေဖို့ ဝေငှ လိုက်ပါတယ်။ ဒီနည်းတွေနဲ့ အချိန်ပိုတွေ တိုးပွားဖို့ အကြိုးပြုနိုင်ကောင်းပါရဲ့။

September 8, 2008

Google Chrome Add-Ons for Firefox

Firefox မှာ Google Chrome addons ပေါင်းထည့်ထားလို့ရပါတယ်။ Firefox သုံးရင်း လင့်တွေကို အလွယ်တကူ chrome နဲ့ ပြောင်းဖွင့် သွားနိုင်ပါတယ်။ တွဲသုံးဖို့ ဒေါင်းလုဒ် မလုပ်ရသေးရင် google chrome portable သို့ မူရင်းဆိုဒ် က ယူထားနိုင်ပါတယ်။

GC (google chrome) က မပြည့်စုံသေးတော့ FF(firefox) ဘဲ သုံးနေရတာပေါ့။ FF ကို proxy နဲ့ သုံးရင်း မကျော် မခွရတဲ့ လင့်တွေကို rightclick လေးနဲ့ GC ကဖွင့်သွားရင် တော်တော် အလုပ်ရှုတ် သက်သာသွားတယ်။

Open-in-google-chrome.xpi ကို ဒေါင်းလုဒ် လုပ်ပြီး FF မှာ ဖွင့်လိုက်ပါ။ ဒါဆို addon install လုပ်သွားပါမယ်။

FF restart လုပ်ပြီး tools \addons \open in google chrome \options ကို အဆင့်ဆင့် သွားလိုက်ပါ။

Google Chrome Options Windows မှာ C:\Documents and Settings\Administrator\Local Settings\Application Data\Google\Chrome\Application\chrome.exe (for xp) or C:\Users\Administrator\AppData\Local\Google\Chrome\Application\chrome.exe (for vista) ကို copy/paste ဖြည့်ပြီး ရင် ရပါပြီ။ Administrator နေရာ မိမိ အကောင့် ပြောင်းပေးလိုက်ပါ။ Manual Browse လုပ်ရင်တော့ show hidden files and folders ကို folder options မှာ ရွေးထားပေးပါ။ Folder options က ဗိုင်းရပ်စ် နှိပ်စက်လို့ လူတိုင်းလောက် သိမှာပါ :-)
Navigation toolbar က home bottom ဘေးမှာ ခုလို ပေါ်နေအောင် toolbar \rightclick \customize သွားပြီး drag n drop ဆွဲထည့်ထားလို့ ရပါတယ်။

September 7, 2008

Google Chrome Add-ons

Firefox user တွေ Google Chrome Browser (GC) ကို သုံးကြည့်ပြီး အလိုအပ်ဆုံးက addons ဖြစ်နေပါတယ်။ Toolsbar မပါ addon မရှိလို့ အခက်တွေ့နေရင် ဒီက ယူသုံးလိုက်ပေါ့ဗျာ။ လွယ်သလား မမေးနဲ့ GC bookmarks bar ပေါ် drag and drop ဆွဲထည့်လိုက်ပါ။ သုံးနေကျ တွေမို့ ရှင်းပြနေဖို့ မလိုတော့ပါဘူးနော့.........

Google Chrome Add-ons



1.Adblock+

2.Stumble it

3.Socialize

4.Google Pagerank

5.Video downloader

6.Twitter now

7.Tumblelog

8.Dictionary

9.Translate

10. Reference

11.Gmail This

12.Google Apps Mail

13.Linkify

14.Thesaurus

September 6, 2008

Disable virus scan for firefox 3

Firefox 3 ရဲ့ သွင်ပြင်သစ် တစ်ခုက ဒေါင်းလုဒ် ပြီးသွားရင် ဗိုင်းရပ်စ် စစ်ပေးပါတယ်။ ကိုယ့်မှာ အန်တီဗိုင်းရပ်စ် ပရိုဂရမ် ကောင်းကောင်းရှိရင် ဒီအဆင့်ကို ဖြုတ်ထားနိုင်ပါတယ်။ စက္ကန့် ပိုင်းလောက်သာ ဆိုပေမယ့် မလိုအပ်ဘဲ အကြိမ်များစွာ မစောင့်ရအောင် ဖြုတ်ထားလည်း ပြသနာ မရှိပါဘူး။

Firefox ရဲ့ address bar မှာ about:config ကိုရိုက်ပါ။ သတိပေးချက် ပေါ်လာရင် ဆက်နှိပ်တာပေါ့။

Filter bar မှာ " scanWhenDone " ကိုရိုက်ပြီး " browser.download.manager.scanWhenDone " ကိုရှာလိုက်ပါမယ်။

Preference Name မှ " browser.download.manager.scanWhenDone " ရဲ့ value ကို double click ဖြင့် false သို့ ပြောင်းပေးခြင်းဖြင့် auto scan ကို ဖယ်ထုတ်နိုင်ပါတယ်။ Restart ပြန်လုပ်စရာ မလိုဘဲ ဒေါင်းလုဒ် ပြီးသွားတိုင်း scan လုပ်ခြင်းအဆင့် ပျောက်ကွယ် နေပါလိမ့်မယ်။

September 3, 2008

Google Chrome

Google က ဘရောက်ဆာသစ် ထွက်လာလို့ စမ်းသုံးကြည့်မိတယ်။ Beta version ပေမယ့် အတော်လေး လန်းတယ်။ XP/VISTA support ဖြစ်ပြီး ပါးလွှာ ရှင်းလင်းနေတယ်လို့ မြင်မိတယ်။ Opensource အဖြစ် ပေးထားပြီး feature တွေကလည်း သုံးကြည့်သလောက် နှစ်သက်မိတယ်။
Opera ရဲ့ speeddial လိုမျိုး ctrl+t နဲ့ ခေါ်လိုက်ရင် recent boomarks လေးကိုမြင်ရပါတယ်။ Tabs ကိုလည်း drag n drop အလွယ် ရွှေ့ပြောင်းနိုင်တယ်။

Mail ကိုဖွင့် create application shortcuts နဲ့ desktop ကို ရွေးပေးလိုက်ရင် နောင် မေးလ်ကို web apps တစ်ခုလို ကလစ်လေးနဲ့ အလွယ်သုံးနိုင်သွားပါတယ်။
search box ကို သီးသန့်မဟုတ်ဘဲ url bar မှာ တွဲထားပြီး ယ္ခင် သုံးခဲ့တဲ့လိပ်စာ နဲ့ ရှာဖွေရေးအင်ဂျင် တစ်နေရာတည်း ရွေးချယ်ရပါတယ်။ Search enging ပြောင်းဘို့ တော့ option သွားခိုင်းထားတယ်။

Incognito windows ကသုံးရင် history,cookie,cache တွေ ပြန်ဖျက်စရာ မလိုတော့ပါဘူး။
Taskmanager က ဖွင့်ထားတဲ့ tabs ရဲ့ memory,cpu,network သုံးစွဲနေမှု အခြေအနေကို ကြည့်နိုင်ပြီး မလိုအပ်တာကို ပိတ်ထားနိုင်ပါတယ်။

ှSurf လုပ်ချိန်ဟာ safari,firefox တို့လောက်ကို မြန်ဆန်ပါတယ်။ Proxy setting ကို IE ကယူပေမယ့် fonts ကိုတော့ firefox လို ရွေးပေးရုံပါဘဲ။

Developer tools ကလည်း ပြည့်စုံအောင် အားဖြည့်ပေးထားလို့ web developer တွေ အကြိုက်တွေ့စေပါမယ်။

Firefox ရဲ့ စွမ်းဆောင်နိုင်စွမ်း ကို မယှဉ်သာပေမယ့် IE 8 beta 2 ထက်တော့ အပြတ်သာပါတယ်။ Google products က အတော်များများ ယူသုံးနေတော့ Google chrome ကိုရော သင် နှစ်သက် မှာလား...

July 5, 2008

How to open *.docx, *.xlsx, *.pptx files without Microsoft Office 2007

Post From thinzar00.blogspot.com

MS Office 2007 မှာ file format အသစ်တွေ ပြောင်းသွားတာ သတိထားမိမှာပေါ့။

*.docx, *.xlsx, *.pptx file တွေကို microsoft office 2007 မရှိဘဲနဲ့ ဘယ်လို ဖွင့်မလဲ။ နည်းလမ်း နှစ်နည်း ရှိပါတယ်။

First method:

File Format Converter (Compatibility pack for MS office 2007) ကို ဒီမှာ download လုပ်ပြီး install လုပ်ပါ။ file size က 25MB လောက်ရှိတယ်။ install လုပ်ပြီးသွားရင်တော့ Word 2007 document (*.docx), Excel 2007 workbook (*.xlsx), Powerpoint 2007 presentation (*.pptx) တွေကို MS Office 2003 သုံးပြီး အရင်အတိုင်း ဖွင့်လို့ ရသွားပါပြီ။


Second method:
အကယ်လို့ ကိုယ်က အင်တာနက် မရှိတဲ့ နေရာမှာ ရောက်နေမယ်။ အထဲမှာ ပါတဲ့ content ကို အရေးတကြီး ကြည့်ချင်တယ်ဆိုရင် နောက်တစ်နည်းကို သုံးလို့ရပါတယ်။

Step 1: ဥပမာ file name က mynotes.docx ဆိုရင် right click > rename လုပ်ပြီး mynotes.zip လို့ပြောင်းလိုက်ပါ။
Step 2: zip file အနေနဲ့ ဖြစ်သွားပြီဆိုရင် folder ပေါ်မှာ right click လုပ်ပြီး Extract All လုပ်လိုက်ရင် အောက်ကလိုမျိုး file/folder တွေ ရလာလိမ့်မယ်။
Step 3: word ဆိုတဲ့ folder ထဲက document.xml ဆိုတဲ့ file ကို Microsoft Internet Explorer (သို့) Mozilla Firefox နဲ့ဖွင့်လိုက်ရင် XML code တွေ ကြားထဲကနေ content ရှာပြီး ဖတ်လို့ ရပါတယ်။ document ထဲမှာ ပုံတွေ ပါမယ်ဆိုရင်တော့ media ဆိုတဲ့ folder ထဲမှာ save လုပ်ထားပေးပါတယ်။

Excel 2007 Workbook (*.xlsx) နဲ့ powerpoint (*.pptx) တွေကိုလည်း ဒီနည်းအတိုင်း ဖွင့်လို့ ရပါတယ်။

ဒုတိယ နည်းက document ကို original format အတိုင်း ဖတ်လို့ ရမှာ မဟုတ်ပေမယ့် အရေးတကြီး လိုအပ်လာရင် သိထားသင့်တဲ့ နည်းတစ်ခုပါ။ Office 2007 ရဲ့ XML format တွေကိုပါ လေ့လာလို့ ရသွားတာပေါ့။

June 10, 2008

DVD ခွေတွေမှာ မြန်မာ Subtitle ပါလာ

အခုနောက်ပိုင်း ထွက်လာတဲ့ DVD9 နိုင်ငံခြားဇာတ်ကားခွေတွေမှာ မြန်မာ Subtitle တွေပါလာပါတယ်။ အများအားဖြင့် Diamond တံဆိပ်ခွေတွေမှာ ပါပါတယ်။ DVD Player က Remote နဲ့ Subtitle ပြောင်းတဲ့အခါ 1. English လို့ပါတယ်။ ပြီးတော့ 2 ဆိုပြီး ပါပါတယ်။ အဲဒါက Myanmar Subtitle ပါပဲ။ အရင်တုန်းကတော့ Movie ပေါ်မှာ စာတန်းတွေကို အသေထိုးထားပါတယ်။ အခုစနစ်ကတော့ မြန်မာ Subtitle ကိုရွေးမှ Subtitle ဖိုင်လေးကို ဖတ်ပြီး ပြပေးတာပါ။ ကျွန်တော့်အထင် အဲဒီ Subtile ဖိုင်လေးမှာ ဘယ်မိနစ်၊ ဘယ်စက္ကန့်မှာ ဘယ်စာတန်းထိုးပေးပါဆိုတဲ့ instruction တွေပါမယ်ထင်တာပါပဲ။ အင်္ဂလိပ် Subtitle လုပ်နည်းကတော့ အရင်တုန်းကတော့ တစ်ခါစမ်းဖူးပါတယ်။ အောင်မြင်တယ်။ အခု Myanmar Subtitle တွေ ဘယ်လိုလုပ်ထားသလဲဆိုတာကိုတော့ လေ့လာလိုက်ပါဦးမယ်။ ပြီးရင်တော့ ဒီ Blog မှာ လုပ်နည်း တင်ထားပေးမယ်လေ။

April 21, 2008

McAfee SiteAdvisor Plugin for Firefox

Post from cmsmdy.blogspot.com
This plug-in performs a little background check on the Web sites you visit. Get a warning icon next to potentially dangerous results from popular search engines, along with an icon in your status bar that shows the risks and annoyances associated with the page you're viewing.

မိမိ browsing လုပ်နေတဲ့ site တွေ ဒါမှမဟုတ် search engine result တွေမှာ ပြလာတဲ့ site တွေရဲ့ ယုံကြည်စိတ်ချရမှု ရှိမရှိဆိုတာကို McAfee SiteAdvisor Plugin က ကူညီပေးသွားပါလိမ့်မယ်။ အစိမ်းပြနေရင်တော့ အိုကေ စိတ်ချရတယ်ဆိုတဲ့သဘော၊ အ၀ါပြနေရင် နည်းနည်း စဉ်းစားသင့်တယ်၊ အနီပြနေရင်တော့ သွားမလုပ်နဲ့ ကွိသွားမယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ Site တစ်ခုကို browsing မလုပ်ခင်မှာ siteadvisor.com မှာသွားပြီး အဲဒီ site နှင့်ပက်သက်တဲ့ report တွေကို ဖတ်ကြည့်သင့်ပါတယ်။ အသုံးပြုတဲ့ user တွေအတွက် စိတ်ချယုံကြည်ရမည့် plugin တစ်ခုဖြစ်ပြီး Firefox မှာပဲ အသုံးပြုနိုင်ပါတယ်။

March 4, 2008

Dictionary Extensions for Firefox


Post From cmsmdy.blogspot.com

internet ကနေ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ အချက်အလက်တွေကို ရှာဖွေ ဖတ်ရှူ့ မှတ်စုလုပ်နေကြရပါတယ်။ "သတင်းစာတစ်ရက် မဖတ်ရင် တစ်ရက်ခေတ်နောက်ကျတယ်" ဆိုသလိုပဲ အင်တာနက် တစ်ရက်မကြည့်ရင်လည်း အဲဒီထက်ပိုပြီး ခေတ်နောက်ကျသွားမယ်တောင် ထင်ပါတယ်။ အချက်အလက်တွေရှာဖွေတဲ့အခါမှာ ကျွန်တော်တို့ အဓိကကြုံတွေ့နေရတာက English စာ အခက်အခဲပါ။ အဓိကကတော့ ကိုယ်မသိတဲ့ စာလုံးပေါင်း အဓိပ္ပယ်တွေကို နားလည်ဖို့လိုပါတယ်။ အဲဒီလို အခက်အခဲတွေကို အဆင်ပြေဖို့အတွက် Dictionary တွေကို အသုံးချရပါတယ်။ Dictionary သုံးတဲ့အခါမှာ စာအုပ်နဲ့ကြည့်တာ ရှိသလို အင်တာနက်သုံးရင်းနဲ့ Online Dictionary site တွေမှာ သွားရောက်ရှာဖွေတာလည်း ရှိပါတယ်။ အခုပြောမယ့် firefox extension တွေကို သုံးမယ်ဆိုရင် စာလုံးပေါင်းတွေကို အဲလိုမျိုး တကူးတကသွားပြီး ရှာဖွေစရာ မလိုပါဘူး။ click လုပ်ရုံနဲ့ ကိုယ်သိချင်တဲ့ result ကို ဖော်ပြပေးမှာဖြစ်ပါတယ်။


1. Dict - ဒီ extension ကို install လုပ်ပြီး ရှာဖွေရတာလွယ်ကူပါတယ်။ ကိုယ်သိချင်တဲ့စာလုံးကို highlight လုပ်၊ နောက် .. right click လုပ်ပြီး ကြည့်ရုံပါပဲ။ ဥပမာ .. "blog" ဆိုတဲ့စာလုံးကို hightlight လုပ်ပြီး right click လုပ်ကြည့်မယ်ဆိုရင် Define "blog" ဆိုပြီးပေါ်နေတာ တွေ့ရမှာပါ။ အဖြေ (result) ကိုတော့ pop-up window တစ်ခုအနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

2. Dictionary Search - အပေါ်မှာ ဖော်ပြခဲ့တဲ့ dict extension နဲ့အတူတူပါပဲ။ result ကိုတော့ new tab တစ်ခုအနေနဲ့ ဖော်ပြပေးပြီး The Free Dctionary ကို အခြေခံထားပါတယ်။

3. FastDict - ကျွန်တော်ကတော့ ဒီ extension ကိုအကြိုက်ဆုံးပါပဲ။ install လုပ်ပြီးချင်း သုံးလို့မရသေးပဲ သူ့ရဲ့ option ကိုသွားပြီး setting လုပ်ပေးရပါသေးတယ်။ setting လုပ်ဖို့အတွက်ကတော့ Tools > Add on ကိုသွားပြီး FastDict ရဲ့ Option မှာ ထည့်ပေးရမှာပါ။ setting ပေးရတာ သုံးမျိုးပဲရှိပါတယ်။ စာလုံးတစ်လုံးရဲ့ အဓိပ္ပယ်ကို သိချင်ရင် အဲဒီစာလုံးကို control+click (or) shift+click (or) alter+click နဲ့ကြည့်မှာလား ဒါမှမဟုတ် သုံးမျိုးလုံးကို အသုံးပြုပြီး ရွေးမှာလားဆိုပြီး setting သတ်မှတ်နိုင်ပါတယ်။

Option ထဲမှာပါတဲ့ setting တွေပါ။ ကျွန်တော့်ဆီမှာ control+click လုပ်ရင် စာလုံးရဲ့ အဓိပ္ပာယ်ကို ဖော်ပြဖို့ လုပ်ထားပြီး Dictionary ကိုတော့ Cambridge Dictionary ကို ရွေးထားပါတယ်။ Dictionary တွေအပြင် wiki, google search စတာတွေမှာလည်း ရှာဖွေဘို့အတွက် setting ပေးထားနိုင်ပါတယ်။

May 23, 2007

Comparing IE And Firefox

ကျွန်တော်က Firefox Crazy ပါ။ အင်တာနက်စသုံးခါစက IE ကိုပဲသုံးပါတယ်။ နောက်ပိုင်းမှာမှ Firefox ကိုသုံးတာပါ။Firefox က IE ထက်ပိုမြန်ပါတယ်။ နောက်တစ်ချက်က Security ပါ။ Firefox ကIE ထက် Security ကောင်းပါတယ်။ အောက်က IE နဲ့ Firefox နှိုင်းယှဉ်ချက်ပုံလေးကို ကြည့်ပါ။