Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

August 12, 2009

Creating Gtalk Bot


Gtalk bot လုပ်နည်းကို mmgeeks အဖွဲ့က en2mm dictionary ကို Gtalk မှာရအောင် လုပ်ပြီး မြန်မာအွန်လိုင်းပရိတ်သတ်ကို bot တွေနဲ့ မိတ်ဆတ်ပေးခဲ့တယ်။ နောက် etrade myanmar က gtalk မှာပဲ sms ပို့ပေးတဲ့ bot တစ်ခုကို ဖန်တီးလိုက်ပြန်တယ်။ အခုနောက်ဆုံး technomation studio က mydirectory bot ကို ဖန်တီးပြလိုက်တယ်။
bot ဆိုတာ လူမဟုတ်ဘူးလေ။ Gtalk မှာ သူဟာအမြဲတမ်း အွန်လိုင်းဖြစ်နေလိမ့်မယ်။ သတ်မှတ်ထားတဲ့ အလုပ်တစ်ခုကိုပဲ လုပ်ပေးလိမ့်မယ်။ ဥပမာ technomation studio ရဲ့ mydirectory bot ဆိုရင် database query လုပ်ပေးတဲ့ bot တစ်မျိုးပဲပေါ့။ စာဖတ်သူရော အဲဒီလို လုပ်မကြည့်ချင်ဘူးလား။
ပထမဆုံးအနေနဲ့ bot ကို PHP နဲ့ ရေးရပါတယ်။ database တွေပါရင် MySQL နဲ့ပါ တွဲရေးပေါ့။ ဒီနေရာမှာ bot ကို PHP နဲ့တင် ရေးလို့ မရပါဘူး။ API တစ်ခုခုကို သုံးရပါလိမ့်မယ်။ www.imified.com ကထုတ်ပေးထားတဲ့ API ဆိုရင် တော်တော်လေးကောင်းပါတယ်။ သူ့ API ကိုသုံးပြီး ရလာတဲ့ bot ရဲ့ လိပ်စာဟာ botname@bot.im ဆိုပြီး ဖြစ်ပါလိမ့်မယ်။ ကဲ..အောက်မှာတော့ PHP နဲ့ imifield ရဲ့ API ကိုသုံးပြီး ရေးထားတဲ့ bot တစ်ခုရဲ့ coding ပါ။

switch ($_REQUEST['step']) { // user က ပထမဆုံး စာရိုက်ပြီး enter ခေါက်လိုက်တာနဲ့ step တန်ဖိုးက 1 ဖြစ်သွားပါတယ်။
case 1: //step တန်ဖိုး 1 ဆိုရင်
echo "Hi, what's your name?"; //မင်းနာမည်ဘယ်သူလဲဆိုပြီး bot က ပြန်မေးပါလိမ့်မယ်။ အဲဒီမှာ user က သူ့နာမည်ကိုရိုက်ပြီး enter ခေါက်ပါလိမ့်မယ်။ ဒါဆို step တန်ဖိုးက 2 ဖြစ်သွားပါပြီ။
break;
case 2:
echo "Hi " . $_REQUEST['value1'] . ", where do you live?"; // step တန်ဖိုး 2 ဆိုရင် အခုလို ပေါ်ပါလိမ့်မယ်။ $_REQUEST['value1'] ဆိုတာ step 1 တုန်းက user ရိုက်လိုက်တဲ့ စာကို ပြန်ဖော်ပြတာပါ။
break;
case 3:
echo "Well, welcome to this hello world bot, " . $_REQUEST['value1'] . "
from " . $_REQUEST['value2'] . ".";
break;
}

?>

ဒီ coding ကို notepad ထဲရိုက်၊ ပြီးရင် php ဖိုင်အနေနဲ့ သိမ်းပါ။ ပြီးတဲ့အခါ သူ့ကို PHP ရတဲ့ Free Web Server တစ်ခုခုမှာ သွားပြီး host လုပ်ရပါမယ်။ အဆင်ပြေဆုံး Free PHP Web server ကတော့ www.110mb.com ပါ။ register လုပ်လိုက်ရင် subdomain တစ်ခု ရပါတယ်။ ဥပမာ itmen.110mb.com ပေါ့။ အစောက php ဖိုင်လေးကို host လုပ်လိုက်မယ်ဆိုရင် ဥပမာ http://itmen.11mb.com/bot.php ဆိုပြီး ရပါလိမ့်မယ်။ အဲဒီ Link ကို ကော်ပီကူးထားလိုက်ပါ။

ပြီးတဲ့အခါ www.imified.com ကိုသွားပြီး register လုပ်ပါ။ ပြီးတဲ့အခါ login ၀င်ပြီး Bot Name မှာ bot ရဲ့ နာမည်ပေး၊ ပြီးရင် Bot URL မှာ bot တင်ထာတဲ့ Path (e.g itmen.110mb.com/bot.php) လမ်းကြောင်းကို ပေးလိုက်ပါ။ ဒါဆိုရင် ရသွားပါပြီ။

ပြီးရင် Gtalk လေးကို ဖွင့်ပြီး ကိုယ့် bot နဲ့ကိုယ် ပြောကြည့်ပေါ့ဗျာ။

April 29, 2009

Send SMS to Myanmar From Gtalk

gtalk at etmsms.com ကို add လုပ်ပါ။ Auto accept လုပ်ပါလိမ့်မယ်။
ပို့ရမယ့်ပုံစံက
sms(space bar)09xxxxxx(space bar)message ပါ။

March 14, 2009

How to Make FREE International Calls to Any Phone from Google Talk using Talkster

Exciting News!
Google Talk users can now make free international phone calls!

  • Always Free
  • No Credit Cards
  • No Registration
  • No Conditions
  • Unlimited
  • No Sign-up
  • Call to any phone, landline or mobile
  • More than 30 countries supported

How it Works

Adding phone numbers to your Google Talk contact list
1) To start, launch Google Talk on your desktop

2) Add contacts the same way you usually do: click on the Add button to add a friend

3) Type in the phone number of the person you want to call in the following format.
Use full phone number, including country code and area code:

phonenumber@talkster.gtalk2voip.com

Example: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

(Note: be sure to check the list of Talkster's supported countries to check if the friend you want to call is in one of the available countries)

4) You'll get a confirmation from Talkster with instructions.
We assign a local Talkster number for your friend in their country. Your friends will use Talkster phone numbers to call-in to be connected with you.

5) If you are calling your friend on a mobile phone, he will receive an SMS with his Talkster call-in number for you. Otherwise, let him know the Talkster number by IM or email.

Make calls from your Google Talk

1) Click on your friend's number in your Google Talk Contact List

2) Click on the Call button to start the call with your friend

3) Talkster will dial out to your friend from Google Talk

4) When your friend answers, you will have 10 seconds to check to see if he's available to talk. Tell him to hang up and call right back, using his local Talkster phone number for you.

5) You wait while your friend hangs up and calls back using his local number for you. (If he doesn't know his number, send it to him by email or IM.)

6) As soon as your friend calls in, we connect you and you can talk as long as you want for FREE.

7) When you're done, you just end the call!

8) Tell your friend to save his Talkster call-in number in his phone so he can use it whenever you want to call him from Google Talk.

You can call as often as you like and talk as long as you like. There are no catches, no limits, and no conditions!

Source: http://www.gtalk2voip.com/

January 14, 2009

English2Myanmar Dictionary at Gtalk

Gtalk မှာ English2Myanmar Dictonary ထည့်လို့ရနေပါပြီ။ mmgeeks အဖွဲ့ကနေ ဖန်တီးထားတာပါ။ Gtalk ကိုဖွင့်ပြီး en2mm at mmgeeks dot org ကို
add လုပ်လိုက်ရုံနဲ့ သုံးလို့ရပါပြီ။ ဥပမာ ကိုယ်က computer လို့ရိုက်ထည့်ပြီး ပြောလိုက်ရင် သူက ကွန်ပျူတာ လို့ ပြန်ပြောပါလိမ့်မယ်။ လောလောဆယ်တော့
စကားလုံးတွေ သိပ်မစုံသေးပါဘူး။ ဒါပေမဲ့ /add englishword wordcategory myanmarword ကိုသုံးပြီး ထည့်ပေးလို့ရပါတယ်။ သူတို့က
အတည်ပြုပေးပါလိမ့်မယ်။ အဲဒီတော့ သုံးလည်းသုံးရင်း လိုတဲ့စကားလုံးလေးတွေကိုလည်း ထည့်ပေးရင်းနဲ့ ကူညီကြလိုက်ရအောင်။

August 13, 2008

Gtalk ၀င်ခဲ့တဲ့နာမည်တွေ မပေါ်အောင်



MZ Forum မှာ ညမီးအိမ်တင်ထားတဲ့ Thread ကို ဖောက်သည်ချလိုက်တာပါ


ကျွန်တော်အခုပြောပြမဲ့အကြောင်းအရာကတော့ အင်တာနက်ဆိုင်မှာသုံးတဲ့သူများအတွက်ပါ။ အရေးကြီးလားမကြီးဘူးလားတော့မသိဘူးဗျ။

ကျွန်တော်တို့ Gtalk သုံးပြီး sign out တဲ့အခါ username မှာ ကျွန်တော်တို့အသုံးပြုခဲ့တဲ့နာမည်တွေကိုကျန်ခဲ့မှာဆိုးလို့ လျှောက်ရိုက်ပြီးထွက်တတ်ကြပါတယ်။ (ကျွန်တော်ဆိုရင် username မှာ as password မှာ as နှိပ်ပြီးနောက်လူတွေမမြင်ရအောင်ပိတ်ခဲ့ပါတယ်။)
ကျွန်တော်တစ်နေ့က registery ထဲဝင်ကလိရင်းနဲ့တွေ့သွားတာပါ။ အဲလို as ပေးပြီးပိတ်ခဲ့လဲ registery မှာ Gtalk ကိုဘယ် user တွေသုံးခဲ့လဲဆိုတာပြန်ကြည့်လို့ရတယ်ဗျ။

(အင်တာနက်ဆိုင်မှာလုပ်တဲ့သူများကောင်မလေးချောချောလေး လာသုံးလို့ gtalk သိချင်ရင်လဲကြည့်လို့ရတာပေါ့  ကောင်မလေးများဆိုရင်တော့ကောင်လေးချောချောလေးကိုမှတ်မှာပေါ့နော် ) ကျွန်တော်အခုဒီပိုစ်လေးရေးတာအဲလိုလုပ်ဖို့တော့မဟုတ်ပါဘူးဗျ။ အဲဒါကိုကာကွယ်ဖို့နည်းလေးပါ။ ဒီပိုစ်လေးကိုဖတ်ပြီး ကိုယ့် gtalk ကိုသူများတွေလာကြည့်လို့မရအောင်ကာကွယ်ဖို့သက်သက်ပါ

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ win+R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။ ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့  ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ်  ) သွားပါပြီ။

August 1, 2008

Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်!!!

Original Post is Here By ဘလူးဖီးနစ်

အရင်ဖတ်ပြီးသူများ မှတ်ချက် update ကိုကြည့်ပါခင်ဗျာ
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
၁။ Google Talk ကိုဖွင့်ပါ။
၂။ ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
၃။ အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။Make calls from your Google Talk
Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။Helpful Hintsဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။

PDF နဲ့ ရယူလိုရင် ဒီက ယူပါ။မှတ်ချက်။ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ အတိုင်း ဒီစံနစ်ကို သုံးတဲ့ သူတွေမှာ ဂျီတော့သမားက ပိုက်ဆံမကုန်ပေမယ့် ဖုန်းနဲ့ပြန်ဆက်ရတဲ့သူက ပိုက်ဆံဖြတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော လိုအပ်ချက်ရှိလာရင်တော့ အသုံးပြုနိုင်တာမို့ အသုံးဝင်နေဦးမယ်လို့ ထင်ပါတယ်။ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တစ်မျိုးပဲ လို့သာ သင်ခန်းစာ ယူကြပေတော့ဗျို့ :Pမှတ်ချက် update။ ကျွန်တော်ထပ်သိရတဲ့ သတင်းအရ ပိုက်ဆံ ဖြတ်တာက ဟိုဘက်ကသုံးနေတဲ့ ဖုန်းကဒ်နဲ့ ဆိုင်တယ် ဆိုပဲဗျ။ ဒါပေမယ့် စနေ၊ တနင်္ဂနွေဆို ဘယ်နိုင်ငံ ဘယ်ကဒ် ဖြစ်ဖြစ် ပိုက်ဆံ မဖြတ်ဘူးလို့ သိရပါတယ်။ စမ်းကြည့်လိုက်ကြပါဦး။

July 10, 2008

Gtalk တွင် ဘာသာပြန်စနစ် ထည့်သွင်းနည်း

အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။ Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။ ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။

Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။

အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။

Arabic – English ar2en en2ar

Bulgarian - English bg2en en2bg

Czech - English cs2en en2cs

Danish - English da2en en2da

German - English de2en en2de

German - French de2fr fr2de

Greek - English el2en en2el

Spanish - English es2en en2es

Finnish - English fi2en en2fi

French - English fr2en en2fr

Hindi - English hi2en en2hi

Croatian - English hr2en en2hr

Italian - English it2en en2it

Japanese - English ja2en en2ja

Korean - English ko2en en2ko

Dutch - English nl2en en2nl

Norwegian - English no2en en2no

Polish - English pl2en en2pl

Portuguese - English pt2en en2pt

Romanian - English ro2en en2ro

Russian - English ru2en en2ru

Swedish - English sv2en en2sv

Chinese - English zh2en en2zh

Traditional Chinese -

Englishzh-hant2en en2zh-hant

Traditional Chinese -Chinesezh-hant2zh zh2zh-hant

 

Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။

June 15, 2008

Gtalk Shortcut များ

Shortcuts

  • CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
  • ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
  • Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
  • ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
  • ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
  • ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။


Others

  • Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ  32767 characters ထိ ကန့်သတ်ထားပါတယ်။
  • စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
  • Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
  • Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
  • Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။

May 30, 2008

Gtalk ကို အမြဲ idle လုပ်ထားချင်လား??

From http://feeds.feedburner.com/~r/rapster88blog/~3/181159091/gtalk-idle.html

Google Talk မှာ Feature တစ်ခုပါတယ်လေ။ Keyboard နဲ့ Mouse ကို ၁၅ မိနစ် လှုပ်ရှားမှုမရှိရင် ကိုယ့်ရဲ့ Status ကို လိမ္မော်ရောင် အ၀ိုင်းလေးနဲ့ Idle ဆိုပြီးဖြစ်အောင်လုပ်ထားပေးတယ်။ Keyboard ဖြစ်ဖြစ် mouse ဖြစ်ဖြစ် ပြန်ပြီးလှုပ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Available or Busy ပြန်ဖြစ်သွားပါတယ်။ Google Talk မှာ Available or Busy Status ကိုကြိုက်သလိုပြောင်းလို့ ရပေမယ့် Idle ကိုတော့ ပြောင်းလို့မရပါဘူး။ Idle ကိုသာ ကြိုက်သလို ထိန်းထားခွင့်ရှိရင် ကိုယ်စကားမပြောချင်တဲ့သူတွေကို မရှိချင်ယောင်ဆောင်ပြီး လှည့်စားထားလို့ရတယ် :P ။

gAlwaysIdle ဆိုတဲ့ application သေးသေးလေးက idle status ကို ကြိုက်သလိုပြုပြင်လို့ရပါတယ်။ အမြဲပဲ idle ဖြစ်ချင်သလား normal ပဲထားမလား ဒါမှမဟုတ် လုံးဝကို idle မဖြစ်ချင်ဘူးပဲလား ဆိုတဲ့ options သုံးခုကို ရွေးလို့ရပါတယ်။ install လုပ်ရတာလဲ လွယ်ကူပြီးတော့ status ပြောင်းချင်ရင် System Tray ထဲက Google Talk Icon မှာ right click နှိပ်လိုက်ပြီး ရွေးရုံပါပဲ။

gAlwaysIdle က အခုအချိန်မှာတော့ Beta ပဲရှိနေသေးတဲ့အတွက် bug အနည်းငယ်ရှိနေပါတယ်။ အသိသာဆုံး bug ကတော့ status ကို idle ပြောင်းထားတုံး connection ကျနေရင် idle မဖြစ်သွားတာပါ။ နောက်ပြီး တစ်ခါတစ်လေ idle ဖြစ်အောင် ပြောင်းလို့မရတာပါ။ Connection ကောင်းတဲ့ အခါတွေမှာတော့ အဆင်ပြေပြေနဲ့ run နိုင်ပါတယ်။ ကဲ.. gAlwaysIdle နဲ့လူတွေကို လှည့်စားကြရအောင် ;)

>> Download gAlwaysIdle
>> gAlwaysIdle HomePage

April 9, 2008

Party Chat in Gtalk

Party Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat@gmail.com ကို invite လုပ်ပါ။ (partychat2, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ Partychat@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။ ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။
အောက်မှာ Partychat မှာ ထပ်ပြီးသုံးလို့ရတဲ့ command တွေကို ရေးပြထားပါတယ်။
/create chat_name password - party chat တစ်ခုဖန်တီးရန်၊ password ပေးချင်ပါက chat_name နောက်မှာ space ပုတ်ပြီး password ပေးနိုင်ပါတယ်။
/join chat_name password - party chat တစ်ခုကို ဆက်သွယ်ရန်၊ ထို chat သည် password ပေးထားပါက chat_name နောက်တွင် space ပုတ်ပြီး password ထည့်ပြီး enter ခေါက်ပါ။
/exit - party chat ကနေ ထွက်ဖို့ပါ။
/list - chat ထဲမှာ ရှိနေတဲ့ လူအရေအတွက်ကို ကြည့်ရန်။
တခြားကျန်နေတဲ့ command တွေကိုတော့ /commands နဲ့ကြည့်နိုင်ပါတယ်။

March 17, 2008

Gtalk Profile

Gtalk Profile Website ဟာ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ Gtalk အသုံးပြုတဲ့သူတွေရဲ့ Profile တွေကို ရှာပေးနိုင်ပါတယ်။ Profile မှာ ကိုယ်ရေးအချက်အလက် အနည်းအကျဉ်းနဲ့ Email လိပ်စာ ပါဝင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Profile တစ်ခုကိုလဲ ဖန်တီးလို့ရပါတယ်။ Online မိတ်ဆွေ ပေါသထက် ပေါလိုသူများ ၀င်ရောက်ကြည့်ပါကုန်။
လိပ်စာက www.gtalkprofile.com ဖြစ်ပါတယ်။

June 8, 2007

Running Multiple Instances of Google Talk

သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။



၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။


၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ

Post From notes4pc.blogspot.com