Showing posts with label Games. Show all posts
Showing posts with label Games. Show all posts

October 8, 2008

Can You Run It?

ဂိမ်း နောက်ထွက်တာတွေက ဟတ်ဝဲလ် လိုအပ်ချက်ကြီးမားလာလို့ ၀ယ်ပြီးမှ သုံးလို့ အဆင်မပြေတာတွေ ကြုံကြရတတ်တယ်။ High-end user တွေ တော့ အေးဆေးပေါ့။

ဆိုင်တွေက ဘာ ဟတ်ဝဲလ် သုံးထားလဲ မေးကြပေမယ့် ဘယ်လောက်ထိ match ဖြစ်မလဲ ကြိုသိထားရင် ပိုအဆင်ပြေစေမှာပါ။ တစ်ခါတစ်လေ ကျတော့ ၀ယ်ပြီးမှ သုံးလို့ ရရုံလေက်သာ ကြုံတတ်တယ်။

အ၀ယ်မမှားရအောင် ဒီဆိုဒ်မှာ ကြိုတင် စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိ သုံးချင်တဲ့ ဂိမ်း အမျိုးအစား ကိုရွေးပြီး Can You Run It ကို နှိပ်လိုက်ရင် မိမိ ကွန်ပြူတာကို အန်နာလိုက်စ် လုပ်ပြီး အသေးစိတ် ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ထွက် ဂိမ်းတွေလည်း အပ်ဒိတ်လုပ်ထားတာ တွေ့ရတယ်။

အနိမ့်ဆုံး လိုအပ်ချက် မပြည့်စုံရင် fail ပြနေပါလိမ့်မယ်။ အောက်က ပုံမှာ supreme commander နဲ့ စမ်းသပ်ထားပြီး လိုအပ်တဲ့အပိုင်း ကို ပြနေပုံပါ။

Gamer တွေ system requirement ကြိုတင် စမ်းသပ်နိုင်မယ့် ဆိုဒ်လေးပါဘဲ။ Java plugin ရှိဖို့နဲ့ popup blocker ပိတ်ထားဖို့တော့ တောင်းဆို ထားပါတယ်။ ဂိမ်းအသစ်တွေ ၀ယ်တော့မယ်ဆို ကြို စမ်းထားတော့ အမှားကင်းပြီပေါ့...

September 10, 2008

KAWAI

KAWAI ဆိုတဲ့ ဂိမ်းလေးရှိပါတယ်။ တရုတ်ကလူတွေ ရေးထားတာပါ။ အတော်လေးလည်း ဆော့ကောင်းပါတယ်။ ကျွန်တော်ကတော့ တခါတလေစိတ်ရှုပ်ရင် ဒီဂိမ်းလေးနဲ့ အပန်းဖြေလိုက်တာပဲ။ သူ့ကိုဖွင့်လိုက်ရင် အောက်မှာ ပြထားသလို ပုံလေးတွေကို အကွက်လေးတွေနဲ့ ပြပေးထားပါတယ်။



အဲဒါကိုမှ Mouse နဲ့ တူတာလေးတွေကို လိုက်နှိပ်ပေးရပါတယ်။ ကပ်လျက်တူတာမျိုးတွေဆို ရတယ်၊ ဒါမှမဟုတ် အောက်မှာပြထားတဲ့ပုံအတိုင်း လိုက်နှိပ်ပေးရင်လည်း ရပါတယ်။


အဲဒီနည်းနဲ့ အတုံးလေးတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ကုန်အောင် လုပ်ပေးရပါတယ်။ Level 1 ပြီးရင် Level 2 လာပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ခက်သထက်ခက်လာတယ်။ ရုပ်ပုံလေးတွေကလည်း ပုံစံတူသလိုလိုနဲ့ မတူတာတွေလည်း များလာပါတယ်။ မျက်စိလည်းလျင်၊ Mouse နှိပ်တာလည်းမြန်မှ အောင်မြင်အောင် ဆော့နိုင်မှာပါ။ တစ်ခုတော့ မှာချင်ပါတယ်။ စိတ်ကိုထွက်ပေါက်ပေးတဲ့အနေနဲ့ပဲ ဆော့စေချင်ပါတယ်။ အလကားနေရင်း ဒီဂိမ်းလေးနဲ့ အချိန်ကုန်တာမျိုးတော့ မဖြစ်စေလိုပါ။
ဒီမှာနှိပ်ပြီး ရယူပါ။ Size: 496 KB