Showing posts with label Dictionary. Show all posts
Showing posts with label Dictionary. Show all posts

June 3, 2009

ကိုစိုးမင်း၏ Dictionary


မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကိုလဲ ပြောင်းလို့ရတယ်။ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကိုလဲ ပြောင်းနိုင်တယ်။ စကားလုံးအရေအတွက်က Babylon ထက်သာတယ်ဗျာ။ အခုလို မြန်မာနိုင်ငံမှာ မြန်မာလူမျိုးများအတွက် အချိန်တွေကိုစတေးပြီး အထူးပြုလုပ်ပေးတဲ့ ပရိုဂရမ်မာ ကိုစိုးမင်း အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

Download wxPyDict

February 17, 2009

Myanmar English Dictionary

ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာစာအဖွဲ့ဦးစီးဌာနတို့ ပူပေါင်းပြီး ထုတ်ဝေနေကြဖြစ်တဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန် ထွက်ရှိလာပါပြီ။ န၀မအကြိမ်မြောက် ပုံနှိပ်ခြင်း ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မြန်မာအဘိဓာန်ပါ တွဲထွက်လာပါတယ်။ ခါတိုင်းနဲ့မတူတာက စာအုပ်တွေထဲမှာ စီဒီခွေပါလာပါတယ်။ အဲဒီစီဒီခွေထဲမှာ အဲဒီအဘိဓာန်တစ်ခုလုံးကို ထည့်သွင်းပေးထားပြီး အလွယ်တကူ ရှာဖွေလို့ ရအောင် ပြုလုပ်ပေးထားပါတယ်။

စီဒီခွေထဲမှာပါတဲ့ Dictionary Software ကို Technomation Studio က ရေးသားပေးထားပါတယ်။ သေသပ်လှပတယ်။ အသုံးပြုရတာ လွယ်ကူအောင် On Screen Keyboard ပါ ထည့်ပေးထားပါတယ်။ ပြီးတော့ ဘယ် Font ကိုမဆို သုံးပြီး ရိုက်ထည့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ Print ထုတ်လို့ရအောင်၊ ကြိုက်နှစ်သက်တာတွေ မှတ်ထားဖို့အတွက် Favorites တွေပါ ထည့်ပေးထားပါတယ်။ Program ရဲ့ Icon လေးကစ အတော်လေးကို လှပချစ်စရာကောင်းပါတယ်။ Installion Guide စာအုပ်သေးသေးလေးပါ ထည့်သွင်းပေးထားပါတယ်။

.Net နဲ့ရေးထားတာဖြစ်လို့ အဲဒီ Software ကို သုံးဖို့ ကိုယ့်စက်မှာ .Net Framework 2.0 ရှိရပါမယ်။ မရှိရင်လည်း သူ့ Installer က အလိုလိုတင်ပေးသွားမှာပါ။

အဆင်မပြေတာကတော့ ဈေးနှုန်းပါပဲ။ စာအုပ်ရောစီဒီခွေပါ တွဲရောင်းတာ ဖြစ်ပြီး တစ်သောင်းခွဲ ပေးရပါတယ်။ တကယ်လို့များ ဆော့ဖ်ဝဲစီဒီခွေကိုလေးကိုပဲ သုံးလေးထောင်လောက်နဲ့ ရောင်းရင် အတော် အဆင်ပြေမှာပါ။ Technomation အနေနဲ့ ဆော့ဖ်ဝဲစီဒီခွေကိုပဲ သီးသန့်ရောင်းနိုင်ရင် ရောင်းကြည့်ဖို့ အကြံပေးလို ပါတယ်။ ပြီးတော့ အခု အဘိဓာန်ထဲမှာပါတဲ့ စီဒီခွေဟာ CD-R ဖြစ်နေပါတယ်။ ဒါဟာ ရေရှည်သိမ်းဖို့ အတွက် အဆင်မပြေပါဘူး။ CD-ROM အနေနဲ့ ထည့်ပေးသင့်ပါတယ်။ (ခဲရောင်ခွေကို ပြောတာပါ) အဲဒီလို ဆိုရင်တော့ ပေးရတဲ့ငွေကြေးနဲ့တန်တယ်လို့ ပြောချင်ပါတယ်။

မူပိုင်ခွင့်တွေလုပ်ထားတဲ့အတွက် စာဖတ်သူတွေကို Blog ပေါ်ကနေ ရှယ်ယာမလုပ်နိုင်တာကိုတော့ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကြိုးစားဖန်တီးထားတာကို အလကား မယူသင့်ဘူးလေ။

June 11, 2008

Babylon Crack

ဟိုတလောက တင်လိုက်တဲ့ Babylon Crack က အလုပ်မလုပ်ပါဘူး။ ကျွန်တော်လည်း တင်ပြီးမှ သိတာပါ။ အခု ကိုကျော်ဖုန်းမြင့်ကပဲ နောက်ထပ် Crack တစ်ခုကို ပို့လိုက်ပါတယ်။ အောက်က လင့်ခ်နဲ့ download လုပ်ကြပါခင်ဗျား။

http://rs35.rapidshare.com/files/121380465/BabylonPro_1_.7.0.3.11.zip

June 5, 2008

Babylon 7 Crack

ကိုကျော်ဖုန်းမြင့်က Babylon 7 အတွက် Crack ကို Gmail ကန ကျွန်တော့်ဆီ လှမ်းပို့လိုက်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ် ကိုကျော်ဖုန်းမြင့်။
Download Link:
http://download.9down.com/Babylon7.0.1.4.Incl.Crack.rar

Crack ဖြည်နည်းကို နောက်ရက်မှတင်တော့မယ်နော်။ အခုတော့ မအားသေးလို့။

June 3, 2008

register ရပြီဗျို့

---------- Forwarded message ----------
From: Min Naing Oo <minnai.u21@gmail.com>
Date: Sat, May 31, 2008 at 7:00 PM
Subject: Re: register ရပြီဗျို့
To: Thurein




On 6/1/08, Min Naing Oo <minnai.u21@gmail.com> wrote:
အစ်ကိုရေ babylon အတွက် register ရပြီဗျ။ babylon7 တော့မဟုတ်ဘူး။ 6 ကြီးဗျ။ ဒီမှာ download လုပ်လိုက်။ ပြီးရင် Babylon6_setup.exe ကို install လုပ်လိုက်။ ပြီးရင် babylon.6.0.3.4.pro-patch.exe ကိုcopy လုပ်ပြီး C:Program FilesBabylonBabylon-Pro ထဲမှာ paste လုပ်လိုက်။ task bar ညာဘက် အောက်ချေက system tray ထဲက babylon ကို right-click လုပ်ပြီး exit လိုက်။ ပြီးရင် C:Program FilesBabylonBabylon-Pro ထဲက babylon.6.0.3.4.pro-patch.exe ကို Run လိုက်။ ပြီးရင် patch ကို click လိုက်။ patch ပြီးရင် exit ကိုclick လိုက်။ အဲ့ဒါဆိုရပြီဗျ။ ပျော်လိုက်တာနော်..  :)
 
The download is from padonma.com

 

May 30, 2008

Babylon And Padoma

အခုခေတ်က ကွန်ပျူတာခေတ်ပါ။ အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ ဆိုလိုရင်းကို သိဖို့ Oxford Dictionary အထူကြီးကို လှန်ရှာနေရမယ့်ခေတ်မဟုတ်တော့ဘူးလေ။ Computer နဲ့ရှာကြည့်၊ အချိန်တွေအများကြီးသက်သာသွားမယ်။ (ဒါကလည်း မီးလာမှပေါ့)။ အင်တာနက်မှာ ရနိုင်တဲ့ Dictionary Program တွေထဲက Babylon ကို ဖောက်သည်ချလိုက်ပါတယ်။ (Babylon ကို Gmail ကနေ မိတ်ဆတ်ပေးတဲ့ ကိုမင်းနိုင်ဦးကို ကျေးဇူးတင်ပါတယ်)
Babylon ဆိုတာက Dictionary Program လေးတစ်ခုပါ။ Size လည်းသေးတယ်။ ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့စကားလုံးတစ်ခု တွေ့ပြီဆိုရင် Control key နဲ့ Mouse တစ်ချက်နှိပ်ပြီး အနက်အဓိပာယ်ကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် dictionary တွေလည်း ထပ်ထည့်လို့ ရပါသေးတယ်။ အဲဒါကိုသိတဲ့ Padoma အဖွဲ့က Babylon မှာ ထပ်ထည့်လို့ရတဲ့ English-Myanmar Dictionary File လေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ တကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ စာဖတ်သူလည်း သုံးကြည့်ပါဦး။
အသုံးပြုနည်း
၁။ Babylon ရဲ့ မူရင်းလိပ်စာက www.babylon.com ပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ Myanmar ISP တွေက ပိတ်ထားပါတယ်။ ဒါကြောင့် www.download.com မှာ Babylon 7 လို့ရိုက်ထည့်ပြီး ရှာပြီး Download လုပ်ပါ။ ပြီးရင် Babylon မှာ English-Myanmar ရနိုင်ဖို့ ဒီဖိုင်လေးကို Download လုပ်ပါ။
၂။ ပြီးရင် Babylon ကို Install လုပ်ပါ။
၃။ English-Myanmar Dictionary ကို Babylon ထဲ ထည့်ဖို့အတွက် Options ကိုနှိပ်ပါ။ Dictionaries>Install dictionaries from disk ကိုရွေးပါ။
၎။ Padoma-English-Myanmar ဖိုင်ကိုရွေးပါ။ OK နှိပ်ပါ။
၅။ စသုံးကြည့်လို့ရပါပြီ။ Babylon ထဲမှာ ကိုယ်မသိတဲ့စကားလုံးကို ရိုက်ထည့်ပြီး ရှာနိုင်သလို ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့ စကားလုံးတွေ့ရင် Control key ကို ဖိထားပြီး Mouse နဲ့ တစ်ချက်နှိပ်ရင်လည်း အဲဒီစကားလုံးရဲ့ meaning ကို Babylon က ပြောပြပါလိမ့်မယ်။

August 12, 2007

Lingoes Dictionary

ခင်ဗျားတော့မသိဘူး။ ကျနော်ကတော့ ကွန်ပျူတာတစ်လုံးမှာ Dictionary လေးတော့ထည့်ထားသင့်တယ်လို့ထင်တယ်။ နို့မို့ဆိုရင်ဗျာ..dictionary စာအုပ်အထူကြီးကို ဟိုလှန်လိုက်ရ၊ဒီလှန်လိုက်ရနဲ့အတော်အလုပ်ရှုပ်တာ။ ကွန်ပျူတာနဲ့ဆို သိချင်တဲ့စာလုံးရိုက်ထည့်လိုက်။ ချက်ချင်းပေၞလာတာ။ အရင်တုန်းကတော့ Oxford သုံးတယ်။ သိပ်မကြိုက်ဘူး။ Dateအောက်နေလို့လေ။ တကယ်တမ်းကျ Oxford Advanced Learner's မှာ CD ခွေပါတယ်ဗျ။ ဒီမှာရောင်းတော့ ပါမလာ
ဘူး။ အဲဒီခွေလိုချင်လိုက်တာလို့ တောင့်တမိခဲ့သေးတယ်။
အခုတော့ ညီလင်းဆက် blog ကနေ Lingoes ဆိုတဲ့ dictionary viewer လေးကိုသွားတွေ့ပါတယ်။ သူက ကိုယ်ကြည့်ချင်တဲ့ dictionary တွေကို ကြည့်လို့ရတယ်။ သူ့ site ထဲမှာလည်း dictionary files တွေပေးထားပါတယ်။
စမ်းကြည့်ပါ။ ခင်ဗျားရဲ့ English skill တိုးတက်ဖို့အတွက်ပေါ့။

www.lingoes.com