January 27, 2010
Kaspersky ၀ယ်ပြီးတဲ့အခါ
http://www.thaikaspersky.com/2010eng/register_product.html
မှာ register လုပ်ပါ။ အဲဒီအခါမှာ Activation code ရလာပါလိမ့်မယ်။ အဲဒီ Activation code ကနေ Key file ထုတ်လို့ ရပါတယ်။ Key file ထုတ်ဖို့အတွက်
http://support.kaspersky.com/personalcabinet ကိုသွားပါ။ Customer ID အသစ်တစ်ခု လုပ်ပါ။ Customer ID ရပြီးသွားရင် login ၀င်ပါ။ အဲဒီအခါမှာ activation code ထည့်ပေးလိုက်ရုံနဲ့ Key file ကို download လုပ်နိုင်မှာဖြစ်ပါတယ်။
December 8, 2009
Trojan.Flystudio.pl
အဲဒါနဲ့ပဲ Kaspersky 2010 ကို တင်ကြည့်လိုက်တယ်။ Key တောင်းတော့ ၀ယ်သုံးထားတဲ့ 2009 key လေးကို ထည့်ကြည့်လိုက်တယ်။ အံမယ် ရတယ်ဗျ။ ကျွန်တော်က 2010 အတွက် key သပ်သပ် ရှိတယ် ထင်နေတာလေ။ ပြီးတော့ Update လုပ်တယ်။ အဲဒီအကောင် အောင်းနေတဲ့ C:\Windows\System32 ကို စစ်လိုက်တယ်။ အံမယ် Kaspersky 2010 က ချက်ချင်းတွေ့တယ်။ သတ်ပစ်တယ်။ အဲဒီမှာ Kaspersky 2010 ကို ခိုက်သွားတာပါပဲ။
ကျွန်တော်အစက ထင်တာက 2010 က Virtual Keyboard တို့ IM Protection စတဲ့ Features တွေ ထပ်ထည့် ထားတာပဲထင်နေတာ။ Detection ပိုင်းမှာ 7 နဲ့ အတူတူလောက်ပါပဲလို့ ထင်ပြီး Upgrade လုပ်ဖို့ မစဉ်းစားခဲ့ဘူးလေ။ အခုမှ Detection ပိုင်း တော်တော်လေးကွာမှန်း သိသွားတယ်။
စာဖတ်သူလည်း 2010 ကို ချက်ချင်း Upgrade လိုက်လိုက်ပါတော့ဗျာ။ မဟုတ်ရင်တော့ Flystudio နဲ့ ပျာသွားလိမ့်မယ်။
Trojan.Flystudio.pl
အဲဒီအကောင်ဝင်ရင် C:\Windows\System32 အောက်မှာ 46ED08 (Random) စတဲ့ Folder တွေ ရောက်နေပါလိမ့်မယ်။ Task Manager မဖျောက်ပါ။ Folder Option မပျောက်ပါ။ အားလုံး ပုံမှန်အတိုင်းပါ။ သိသာတာ တစ်ခုကတော့ အချိန်ပြောင်းမရတော့ပါ။ User Account Pictures တွေ မရှိတော့ပါ။ target အနေနဲ့ သူက Kernel32.dll ဖိုင်ကို ဖျက်ပါလိမ့်မယ်။ ဒါကြောင့် Windows တက်တဲ့အခါမှာ Failed to load kernel library ဆိုတဲ့ error message box တစ်ခု အမြဲတမ်း ပေါ်လာပါလိမ့်မယ်။
ပြန့်ပွားနှုန်းကတော့ အတော်မြန်ပါတယ်။ Network မှာရှိတဲ့ ပီစီတွေ တစ်လုံးမကျန် ကူးကုန်ပါတယ်။ USB က ကူးတာကတော့ ပြောစရာကို မလိုတော့ဘူး။ မူရင်း Folder တွေကို ဖျောက်ပစ်ပြီး အဲဒီ Folder နာမည်နဲ့ exe တွေ ဖန်တီးပစ်ပါတယ်။ ဒါကြောင့်မို့ စာဖတ်သူအနေနဲ့ ဒါမျိုး Trojan ရန်ကနေ ကာကွယ်ဖို့ Folder Options ထဲက Hide extensions ကို ဖြုတ်ထားဖို့လိုပါတယ်။ ပြီးတော့ Show Hidden Files ကိုရွေးပြီး Hide Protected Operating System files ကိုလည်း အမှန်ခြစ်ဖြုတ်ထားဖို့ လိုပါတယ်။
ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖျက်ဆီးသလဲဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး။ ကျွန်တော်က အဲဒီကောင် အရိပ်အယောင်မြင်တာနဲ့ သတ်ပစ်လိုက်တာကိုး။
November 15, 2009
Kaspersky 2010 ကို အင်တာနက်မလိုပဲ Activation လုပ်နိုင်
Kapsersky 2010 ကို Activation လုပ်နည်း၊ Update လုပ်နည်းကိုတော့ မရေးတော့ပါဘူး။ အွန်လိုင်းမှာ တခြား ညီနောင်တွေက ရေးသားပြီးကြပါပြီ။
ဒီ Link တွေမှာ ရေးထားကြပါတယ်။
http://www.mmso.org/forum/index.php//topic,200.msg6753.html#msg6753
http://www.nyinaymin.com/search?q=kaspersky
အင်တာနက်မလိုဘဲ လုပ်နိုင်တဲ့အကြောင်း Comment တွေ ပေးခဲ့ကြတဲ့ စာဖတ်သူများကို အထူးကျေးဇူးတင်ပါတယ်။
November 11, 2009
Activating Kaspersky 2010
2. Go to Kaspersky's settings, click Options, and untick Enable Self-Defence
3. Exit Kaspersky
4. Go to Start, run, then type regedit and press enter
5. Press CTRL+F and type in ProductStatus and hit enter
6. Double click ProductStatus and change Release to Beta (it may say Trial instead of Release)
7. Press OK then open Kaspersky.
8. Tick Activate beta license then press Next and Finish
9. Re-enable Self-Defence.
10. Every 30 days Kaspersky will ask for a license, simply click Activate Beta and boom you're good to go Smile
If it still doesn't work, some users found re-installing the application worked, or removing the existing license key allowed the patch to work.
Common Problems
*Delete the old key before running the patch.
*Make sure Kaspersky isn't running
*Reboot before activating the beta license
မကွေးက ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းက ရှဲလုပ်လိုက်တာပါ။ အခု ပြန်ရှဲလိုက်ပါတယ်။ မြန်မာလို မပြန်တာက လူအများကြီး သိကုန်ရင် သိပ်မကောင်းဘူးလို့ ထင်လို့ပါ။ သူများစီးပွားရေးကို ထိခိုက်တယ်လေ။ စမ်းသပ်ကြည့်ထားပါတယ်။ အဆင်ပြေပါတယ်။
November 9, 2009
Download Kapsersky 2009 & 2010 Update
November 8, 2009
Kaspersky 2010 မသုံးခင် သိထားသင့်သောအချက်များ
အဲဒါနဲ့ပဲ Windows 7 မှာ တင်ရမယ့် Antivirus ဟာ Kaserpsky Antivirus 2010 ဖြစ်သွားတာပါပဲ။ အဲဒါနဲ့ပဲ ကျွန်တော်လည်း Kaspersky Website ကနေ Kaspersky Antivirus 2010 ကို Download ဆွဲပြီး Windows 7 ပေါ်မှာ စမ်းသပ် သုံးစွဲကြည့်ပါတယ်။
အရမ်းတင်းကျပ်သွားပါတယ်။ ခိုးသုံးလို့မရအောင် တင်းကျပ်သွားတာပါ။ Install လုပ်ပြီးတဲ့အခါမှာ သူက Activation code ရိုက်ထည့်ခိုင်းပါတယ်။ အရင်တုန်းကလို Activation code မရိုက်ချင်ရင် Key file ကို ရွေးပေးလို့ရတဲ့ option ပါမလာတော့ပါဘူး။ Activation code မရိုက်ထည့်ဘူးဆိုရင် Trial mode ကို ရွေးလို့ရပါတယ်။ Trial ကတော့ 1 လပဲ အသုံးခံမှာပါ။ အဲဒီတစ်လအတွင်းမှာ Update တောင် လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ Actiavtion code ကလည်း အလကား မရပါဘူး။ ၀ယ်တဲ့အခါမှာမှ ပါလာမှာပါ။ Activation code ထည့်ပြီး Activate လုပ်ပေးရပါတယ်။ Kaspersky Server က ရိုက်ထည့်တဲ့ Activation code မှန်မမှန်စစ်ဆေးပါတယ်။ ဒါကြောင့် Kaspersky Antivirus 2010 ဟာ အင်တာနက်ချိတ်ဆတ်မှု မရှိတဲ့ လုံးဝ အသုံးပြုလို့မရပါဘူး။ (Crack တွေ ရှိချင်ရှိပါလိမ့်မယ်၊ ကျွန်တော်ကတော့ အခုထိမတွေ့သေးပါဘူး)
နောက်တစ်ခုက Update ကိစ္စပါ။ Kaspersky က Automatice Update နဲ့ Manual Update ဆိုပြီး နှစ်မျိုး ရွေးချယ်ခွင့်ပေးထားပါတယ်။ ကျွန်တော်တို့အတွက်ကတော့ Manual Update က အဆင်အပြေဆုံးပါ။ ဒါပေမဲ့ Kaspersky Website ထဲမှာ 2010 အတွက် Virus Update Database လုံးဝ ပေးမထားပါဘူး။ ဒါကြောင့်မို့ Kasersky 2010 ဟာ အင်တာနက်ချိတ်ထားတဲ့ ကွန်ပျူတာမှာပဲ တင်ရမယ်။ ပြီးရင်လည်း Automatic Update လုပ်ပြီး သုံးစွဲရုံပဲ ရှိပါတော့တယ်။ Automatic Update ဟာ Connection နှေးတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အဆင်မပြေနိုင်ပါဘူး။
နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ 2010 ကို Install လုပ်။ ပြီးရင် အင်တာနက်ရတဲ့နေရာသွားပြီး Activate လုပ်။ ပြီးရင် အိမ်ကို ပြန်သယ်လာ။ Update လုပ်ချင်ရင် Kaserpsky 2010 သုံးတဲ့ အင်တာနက်လည်း ချိတ်ထားတဲ့၊ လိုင်စင်ဗားရှင်းကိုသုံးတဲ သူငယ်ချင်းကို အကူအညီ တောင်းရပါလိမ့်မယ်။ ဘယ်လို အကူအညီ တောင်းရမလဲဆိုတော့ မင်း Automatic Update မလုပ်ခင် Setting ထဲက Copy Update to Distribution Folder ဆိုတဲ့ Checkbox လေးကို အမှန်ခြစ်ပြီး Update ရောက်သွားချင် တဲ့ Folder တစ်ခုကို ရွေးပေးထားပေးပါကွာလို့ ပြောထားရပါမယ်။ ဒါဆိုရင် သူ့စက်က Automatic Update လုပ်ပြီးသွားတဲ့အခါမှာ Update ဟာ သူရွေးပေးထားတဲ့ Folder အောက်ကို ရောက်သွားပါလိမ့်မယ်။ ကိုယ်က အဲဒီ Folder လေးကို Copy ကူးပြီး ကိုယ့်အိမ်က ကွန်ပျူတာရှိတဲ့ Kaspersky 2010 ကို Update လုပ်နိုင်ပါလိမ့်မယ်။ (ခက်ခဲလိုက်တာနော်)
ရှေ့က ဖော်ပြခဲ့တဲ့အတိုင်းပါပဲ။ Kaspersky 2010 ဟာ Activation လုပ်ဖို့အတွက် Internet Access လိုအပ်ခြင်း၊ Update လုပ်ဖို့ရာ ခက်ခဲခြင်း၊ ခိုးသုံးလို့ မလွယ်ကူခြင်း တို့ကြောင့် မြန်မာပြည်မှာ ပေါက်ဖို့ဆိုတာ သိပ်တော့ မထင်ပါဘူး။ ခိုးသုံးဖို့အတွက် Activation code ရှိရပါလိမ့်မယ်။ ကျွန်တော်ရှာကြည့်သလောက်တော့ ဘယ်မှာမှ မတွေ့ပါဘူး။ ဒါပေမဲ့ Windows 7 မှာ Kaspersky သုံးချင်ရင် 2010 မှဘဲ အဆင်ပြေပါလိမ့်မယ်။ ကဲ ဘယ့်နှယ်လုပ်ကြမလဲ။
ကျွန်တော်ကတော့ အခုထိ Kaspersky 7 လေးနဲ့ အဆင်ပြေနေတုန်းပါပဲ။ ၀ယ်ထားတဲ့ဖြစ်တဲ့အတွက် Key ပြဿနာလည်း မရှိပါဘူး။ ပြီးတော့ လိုင်စင်သက်တမ်းကလည်း မကုန်သေးဘူးလေ။ လိုင်စင်သက်တမ်း ကုန်တဲ့နေ့ရောက်ရင်၊ ပြီးတော့ Kaserspky 7 နဲ့မနိုင်ဘဲ 2010 (version 9) နဲ့မှ နိုင်တဲ့ ဗိုင်းရပ်စ်ပေါ်လာတဲ့ အခါကျရင်တော့ Kaserspky 2010 ကို ၀ယ်ဖို့ စဉ်းစားရပါလိမ့်မယ်။
BitDefender ကတော့ ဘယ်လိုနေမလဲ မသိဘူး။ သူက ကမ္ဘာ့အကောင်းဆုံးလည်း ဖြစ်တယ်။ ပြီးတော့ 2009 version အထိ Activate လုပ်ဖို့အတွက် အင်တာနက်မလိုပါဘူး။ License Key မှန်မမှန်ကို Program ကပဲ စစ်ပေးသွားပါတယ်။ 2010 မှာလည်း အဲဒီလို Internet access မလိုဘူးဆိုရင်တော့ BitDefender ကိုပဲ သုံးရတော့မယ် ထင်ပါတယ်။ ဒါပေမဲ့ Update ကို Kaspersky လို အင်တာနက်ကဖေးမှာ သွားဝယ်လို့ မရနိုင်တော့ဘူးလေ။ ကိုယ်တိုင် download လုပ်ရတော့မှာ။ အင်တာနက်ကဖေးတွေကလည်း လူသုံးများတဲ့ Kaspersky ရဲ့ Update ကိုပဲ ဆွဲထားကြတာ။ Bitdefender update ကိုကျ ဆွဲထားမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ဆိုင်တစ်ချို့တော့ ရှိတယ်ထင်ပါတယ်။
October 19, 2009
BitDefender 2009 ရဲ့ အကြီးမားဆုံးအားနည်းချက်
September 26, 2009
Advanced Using Kaspersky 7.0
August 28, 2009
Kido ရန်က ကာကွယ်ပါ
August 26, 2009
Naevius USB Antivirus 2.1
လူသုံးများနေတဲ့ USB Disk Security လို ဆော့ဖ်ဝဲလ်တစ်ခုပါ။ ဒါပေမဲ့ USB Disk Security ထက် ပိုပြီး ကောင်းပါတယ်။ ဘယ်နေရာ ပိုကောင်းသလဲဆိုတော့ USB Disk Security က USB Stick ထိုးလိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ပါတယ်ဆိုရင် ပါတဲ့အကြောင်း သတိပေးပါတယ်။ user က ကိုယ့်ဘာသာကို Delete လုပ်ပေးရပါတယ်။ အခု Naevius ကတော့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ပါတဲ့ Memory Stick ထိုးလိုက်ရင် အဲဒီဗိုင်းရပ်စ်ကို အလိုလို ဖျက်ပစ်ပါတယ်။
ပြီးတော့ သူ့မှာ USB Protect ဆိုတဲ့ Function လေးတစ်ခုပါပါတယ်။ သူကဘာလဲဆိုတော့ ကျွန်တော်တို့ Memory Stick ထဲကို ဗိုင်းရပ်စ်မ၀င်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့်မို့ ဗိုင်းရပ်စ်ရှိတဲ့စက်မှာ Stick သွားထိုးလည်း ဗိုင်းရပ်စ်မကူးနိုင်တော့ပါဘူး။ ဒါပေမဲ့ အဲဒီလို Protect မလုပ်သေးခင် Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို အရင်ယူထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ Protect လုပ်တဲ့အခါမှာ Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို ဖျက်ပစ်တာမို့ပါ။
တကယ်ကောင်းတာမို့ ဗိုင်းရပ်စ်ရန်က ကင်းဝေးလိုသူတိုင်း အသုံးပြုစေချင်ပါတယ်။
Download Naevius USB Antivirus 2.1
July 30, 2009
USBcillin is not a Virus
www.rajat.com.np ဟာ USBcillin ရဲ့ offical site ပါ။ သူ့ထဲမှာတော့ အခုလိုလေး ရေးထားပြန်ပါတယ်။
USBcillin is a software that protects your PC from autorun.inf virus that infects your PC when you plug in infected USB Drive. USBcillin automatically scans the autorun.inf file and search for the linked exe/com/bat file in the drive and deletes it. USBcillin also fixes different windows registry that are changed by USB drive viruses. USBcillin allows you to access your Control Panel Task Manager, Hidden Files, System Files etc that USB-Drive viruses blocks you from accessing. USBcillin also changes the Internet Explorer Title to default.USBcillin is not a Virus.
သူက ဘာပဲပြောပြော ကျွန်တော်ကတော့ အဲဒီကောင်လေးကို မျက်စိနောက်တယ်ဗျ။ အဲဒါနဲ့ သူတို့ပေးတဲ့ removable tool နဲ့ ဖယ်ရှားပစ်လိုက်ပါတယ်။
Download USBcillin Removable Tool
July 1, 2009
Prevent virus for usb
၁ - Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်ပါ။
၂ - md \\.\\e:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။
ဒါဆိုရင် autorun.inf ကို create လုပ်ပြီးပါပြီ။
drive letter "e:" မှာသွားကြည့်ရင် autorun.inf ကိုတွေ့ပါလိမ့်မယ်။ Delete လုပ်လို့မရပါဘူး။ Format ရိုက်ရင်တော့ပျက်ပါတယ်။
drive "e:" နေရာမှာ မိမိ usb drive letter ရေးရမှာပါ။
ပြန်ဖျက်ချင်ရင်
command prompt မှာ rd \\.\\e:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။
Thanks for reading my post.
Microsoft(R) Windows(R) Malicious Software Removal Tool
Download MSRT
June 22, 2009
Prevent Virus Infecting To Your Memory Stick
အခုပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်တော်တော်များများဟာ Memory Stick ထဲကို ၀င်ရောက်တဲ့အခါ ဗိုင်းရပ်စ်နဲ့အတူ autorun.inf ဖိုင်လေးပါ အလိုလိုထည့်ရေးလိုက်ပါတယ်။ အဲဒီအခါမှာ အဲဒီ Stick ကို တခြား ဗိုင်းရပ်စ်မရှိတဲ့စက်မှာ တပ်၊ My Computer ကနေ ဖွင့်လိုက်တဲ့အခါမှာ autorun.inf က စတင်အလုပ်လုပ်ပြီး ဗိုင်းရပ်စ်ဟာ စပြီး အလုပ်လုပ်ပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ Stick ထဲမှာ autorun.inf ဖိုင် တစ်ခုကြိုတင်ဆောက်ထားပြီး အဲဒါကို Read Only ပေးထားလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်ရှိတဲ့စက်မှာတပ်လိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ဟာ ၀င်တော့ဝင်သွားနိုင်ပေမဲ့ autorun.inf ဖိုင်ဟာ ရှိပြီးသားဖြစ်နေပြီး read only ပေးထားတဲ့အတွက် သူဟာ နောက်ထပ် ထပ်မရေးနိုင်တော့ပါဘူး။ ဒါကြောင့် အဲဒီ Stick ကို တခြား ကွန်ပျူတာတပ်ပြီး My Compute ကနေ ဖွင့်ရင်တောင် ဗိုင်းရပ်စ်ဟာ အလုပ်လုပ်မလုပ်နိုင်တော့ပါဘူး။ (မှတ်ချက်၊ Folder ဟန်ဆောင်ထားတဲ့ ဗိုင်းရပ်စ်ကို ဖွင့်မိရင်တော့ ကူးမှာပါ။ ဒါတော့ ကိုယ်ဘာသာကိုယ် သတိထားရမှာပါ)
Autorun.inf ဖန်တီးနည်း
လွယ်လွယ်လေးပါ။ notepad ကိုဖွင့်ပြီး ဘာမှမရိုက်ဘဲနဲ့ Stick ထဲမှာ autorun.inf ဆိုပြီး သိမ်းလိုက်ပါ။ ပြီးရင် အဲဒီဖိုင်ပေါ်မှာ right click နှိပ် properties ခေါ်ပြီး Read-Only ကို အမှန်ခြစ်ပေး OK နှိပ်လိုက်ရုံပါပဲ။
April 26, 2009
Downadup Worm
February 12, 2009 ရက်နေ့ မှာ Microsoft ကကြေငြာထားတယ်
http://www.microsoft.com/Presspass/press/2009/feb09/02-12ConfickerPR.mspx
virus နာမည်ကတော့ Conficker / Downadup တဲ့ ကျွန်တော့ ဆီမှာတော့ သူဝင်မွှေနေပြီ။ သူလာရင်ဒီလိုလာတာ
ဒါပေမယ့် Symantec ကယ်လို့ OK သွားပါပြီ။
ကဲဗျာ ကြာပါတယ် http://www.symantec.com/security_response/writeup.jsp?docid=2009-011316-0247-99 ကိုသာသွား ကြည့်လိုက်ပေတော့ဗျို့။
အဆင်မပြေသူရှိရင် mail ပို့လိုက်ပေါ့
Downadup ရေ အမျှအမျှ
March 15, 2009
attrib /s /d –s –h –r [drive:][path] ဆိုပြီးပြောင်းမှပဲရတော့တယ်။
Brontok ရန်မှကင်းဝေးကြပါစေ
February 24, 2009
Kaspersky Antivirus 2009 License Version
အင်း အဲဒါနဲ့ ဆိုင်တွေမှာလိုက်ကြည့်လိုက်တယ်။ ကျွန်တော့်အထင်က Package တွေနဲ့ ရောင်းမယ်ထင်တာ၊ အထဲမှာ Software ခွေအပြင် User Guide တွေဘာတွေပါ ပါမယ်ထင်နေတာ၊ အခုတော့ ပလစ်စတစ်ဗူးခွံလေးနဲ့ ရောင်းတာကို အောင့်သီးအောင့်သက်နဲ့ ၀ယ်လာခဲ့ပါတယ်။
အိမ်ရောက်တော့ ဘူးခွံကို ဖွင့်လိုက်ပါတယ်။ ဗူးခွံရဲ့ ဘယ်ဘယ်အတွင်းကာဗာမှာ Activation Code ကို အပေါ်က စက္ကူကာဗာလေးနဲ့ အုပ်ထားပါတယ်။ အမလေး အဲဒါလေးကို အတော်ခွာယူရပါတယ်။ မတော်လို့များ Key စာရွက်လေး ဆုတ်ပြဲသွားရင် သွားရောလေ။ တကယ်လို့များ ခဲခြစ်လေးနဲ့ဆိုရင် အတော်ကောင်းမှာပဲဗျာ။
ခွေထည့်ပြီး Install လုပ်ပါတယ်။ Install လုပ်ပြီးတော့ Kaspersky က Activation Code တောင်းပါတယ်။ အဲဒါနဲ့ Code ရိုက်ထည့်ပေးရပါတယ်။ Next ကို နှိပ်လိုက်တော့ သူက Internet ကနေတစ်ဆင့် Kaspersky Server နဲ့ ချိတ်ပြီး Key မှန်မမှန်စစ်ပါတယ်။ ပြီးတဲ့အခါ Email Address တောင်းပါတယ်။ အဲဒါနဲ့ ကျွန်တော့် Gmail လိပ်စာကို ရိုက်ထည့်လိုက်ပါတယ်။ ပြီးတော့ Finish ကို နှိပ်လိုက်ပါတယ်။ အဲဒီမှာ Kaspersky က အခု 365 days remain ဆိုပြီး ပြပေးပါတယ်။ အိုကေဖြစ်သွားပြီလေ။ တစ်နှစ်အတွင်းတော့ Key ပြဿနာ မတက်တော့ဘူး။
နောက် Gmail ကို ဖွင့်ကြည့်တော့ Kaspersky ကပို့တဲ့ အီးမေးလ်တစ်စောင် ရောက်နေပါတယ်။ ဖွင့်ကြည့်လိုက်တော့ Kaspersky Website ရဲ့ Customer Support ကိုဝင်ဖို့ UserName နဲ့ Password ပေးထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ဘာရမလဲ။ ၀င်ကြည့်လိုက်တာပေါ့။ အထဲဝင်ကြည့်လိုက်တဲ့အခါ Key File ကိုပါ download လုပ်ခွင့်ပေးထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ download လုပ်လိုက်ပါတယ်။
ကျွန်တော်ကတော့ အခု key လေးကို internet ချိတ်မထားတဲ့ သူငယ်ချင်းတွေရဲ့ စက်ထဲမှာ လိုက်ထည့်ပေးလိုက်ပါတယ်။ ခက်တာက Network ချိတ်ထားတဲ့ ကွန်ပျူတာတိုင်းမှာ key အတူတူ သုံးလို့မရတာပါပဲ။ Kaspersky က အတော်သိတာပဲဗျ။
စာဖတ်သူတွေကိုတော့ အဲဒီ key လေး Present ပေးချင်ပါတယ်ဗျ။ ဒါပေမဲ့လည်း မတော်လို့ အဲဒီ Key ကြီးနဲ့ Automatic Update လုပ်လိုက်ရင် အနော့် Key လေး Blacklist ဖြစ်သွားမှာမို့ မပေးရဲတော့ဘူး။
February 23, 2009
Kaspersky Key ပေါင်းချုပ်
November 22, 2008
Free BitDefender AntiVirus 2009 License Key for one year
ဆော့ဖ်ဝဲလ် ကို ဒီမှာ ရယူ နိုင်ပါတယ်။
http://reg.qihoo.com/index.php?op=register&src=360sd&tpl=360sd&destUrl=http://sd.360.cn/sqk.html ကို ဖြည့်ရခက်မှာစိုးလို့ Chinese to english translate လုပ်ပြီး register လုပ်လည်း လက္ခံပါတယ်။