Showing posts with label Registry. Show all posts
Showing posts with label Registry. Show all posts

November 9, 2009

Redirecting Application Data in Windows XP


သင်တန်းက စက်တွေကို DeepFreeze တင်ဖို့ ကျွန်တော်ကြံနေတာ ကြာခဲ့ပါပြီ။ သင်တန်းသားတွေက ဟိုဟာကလိ၊ ဒီဟာကလိ လုပ်ကြတာဆိုတော့ ညတိုင်းညတိုင်း ကိုယ်က ပြန်ပြီး Maintain လိုက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အဲဒါတွေကြောင့်မို့ DeepFreeze တင်ချင်တာပေါ့။

ဒါပေမဲ့ တင်လို့မရတဲ့အကြောင်းက ပေါ်လာပြန်ရော။ သင်တန်းသားတွေ လက်ကွက်ကျင့်ဖို့သုံးတဲ့ Mavis Beacon Teach Typing ကြောင့်ပါ။ အဲဒီ Program မှာက သင်တန်းသား တစ်ယောက်ချင်းစီရဲ့ Profile တွေ ထည့်ထားလို့ရတယ်။ လက်ကွက်ကျင့်မယ်ဆိုရင် အဲဒီ Program လေးဖွင့်၊ ကိုယ့်နာမည်လေး ရွေး၊ ပြီးရင် အရင်ရက်က ရောက်ခဲ့တဲ့နေရာကနေ ပြန်ကျင့်ရုံပဲ။ အဲ အဲဒီ Mavis Beacon က ဘယ်သူက ဘယ်နေရာ ရောက်နေတယ်ဆိုတာကို File လေးတွေနဲ့ မှတ်ထားတယ်။ ဘယ်နေရာမှာ သွားမှတ်ထားသလဲဆိုတော့ C:\Document and Settings\All Users\Application Data အောက်မှာပါ။

အဲဒါကြောင့်မို့ ကျွန်တော်က DeepFreeze ကြီးတင်ပြီး C: ကို Freeze လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ C: ကို Freeze လုပ်လိုက်မယ်ဆိုရင် Mavis Beacon ဟာ Application Data ထဲမှာ ဖိုင်တွေ သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျောင်းသားရဲ့ လက်ကွက်အခြေအနေကို မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အဲဒီတော့ ကျွန်တော် စဉ်းစားရပါတယ်။ Mavis Beacon ကို C: အောက်မှာ မဟုတ်ဘဲ D: အောက်ကို သွားပြီး Install လုပ်ကြည့်တယ်။ ပြီးတော့ Deep Freeze တင်တယ်။ C: ကို Freeze လုပ်တယ်။ Mavis Beacon ကို ဖွင့်ပြီး User အသစ်တစ်ယောက် ထည့်ကြည့်တယ်။ ပြီးတော့ စက်ကို Restart လုပ်တယ်။ Mavis Beacon ကို ဖွင့်ကြည့်တယ်။ အစောက အသစ်လုပ်ခဲ့တဲ့ User က မရှိတော့ဘူး။ သွားရောပေါ့။ သူ့ကို D: ထဲမှာ Install လုပ်ပေမဲ့ သူက File တွေကို C: ထဲမှာ သွားရေးတာကိုး။

အဲဒါနဲ့ ထပ်စဉ်းစားရပါတော့တယ်။ ကဲ C:\Document and Setting\All Users အောက်မှာ ရှိနေတဲ့ Application Data ကို လမ်းကြောင်းလွှဲရင်တော့ ရနိုင်တယ်ဆိုပြီး စဉ်းစားမိပါတယ်။ Tweak UI နဲ့များ ရမလား ဆိုပြီး Tweak UI ကို တင်တယ်။ သူ့ထဲမှာက My Documents လောက်ကိုသာ လမ်းကြောင်းလွှဲတာပဲ ပါတယ်။ Application Data ကို လွှဲတာ မပါဘူး။ အဲဒါနဲ့ Manual လုပ်မယ်ဆိုပြီး Registry Editor ကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ Application Data ဆိုပြီး ရိုက်ထည့်ရှာလိုက်တယ်။ အဲဒီမှာ Application Data ကို လွှဲလို့ ရနိုင်တဲ့ Key တစ်ခုကို တွေ့လိုက်ပါတယ်။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\User Shell Folders အောက်မှာ ရှိတဲ့ Common AppData ဆိုတာလေးပါ။ သူ့ရဲ့ Value က %ALLUSERSPROFILE%\Application Data ပါ။ ဆိုလိုရင်းက Application Data ကို %ALLUSERPROFILE% အောက်မှာ ထားတယ်ပေါ့။ %ALLUSERPROFILE% က C:\Document and Settings\All Users ကို ကိုယ်စားပြုပါတယ်။

ကျွန်တော်က သူ့ရဲ့ မူရင်း Value ကို D:\Application Data ဆိုပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ Restart လုပ်တယ်။ Mavis Beacon ကို ဖြုတ်တယ်။ ပြန်တင်တယ်။ တင်ပြီးတဲ့အခါ Mavis Beacon ကိုဖွင့်ပြီး User အသစ်လုပ်တယ်။ ဟော အရင်ကလို User ဖိုင်အသစ်ဟာ C: အောက်ကို ရောက်မသွားတော့ပဲ D:\ Application Data အောက်ကို ရောက်သွားပါပြီ။

အဲဒီလိုနည်းနဲ့ ကျွန်တော်အဆင်ပြေသွားပါတယ်။ အခုတော့ သင်တန်းက စက်တွေမှာ DeepFreeze တင်ပြီး C: ကို Freeze လုပ်ထားတဲ့အတွက် ကျွန်တော်လည်း Maintain လုပ်ရတဲ့ဘ၀ကနေ ကျွတ်လွတ်သွားပါကြောင်း.

September 14, 2009

My Computer ထဲကို Fonts folder ထည့်ခြင်း

ကျွန်တော်လည်း အလုပ်ထွက်ပြီး ကတည်းက itmenမှာ ဘလော့ပုံမှန်မရေးဖြစ်တာကြာပြီဗျာ။
ဒီတစ်ခေါက်တော့ Regisity ထဲ ခဏလောက် သွားလည်ကြတာပေါ့။
Fonts တွေကို အလွယ်တကူ ထည့်လို့ရအောင် My Computer ထဲကို Fonts folder လေးထပ်ထည့်ကြည့်ကြရအောင်ဗျာ။
Fonts မှမဟုတ်ပါဘူး ClassID မှာပါတဲ့ My Computer, Recycle Bin, History, My Document, Administrative Tools, Fonts, Ptinters and Faxes အစတာတွေကိုလည်းထည့်နိုင်ပါတယ်။
ကျွန်တော် Fonts ဖိုလ်ဒါလေး ထည့်ပြပါမယ်
Run ကနေ regedit ရိုက်ပြီး Regisity ထဲဝင် [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\MyComputer\NameSpace\]
အောက်ကို ရောက်အောင်သွား NameSpace ပေါ်မှာ Right Click နှိပ်ပြီး New ကနေ Key ကိုရွေး Key တစ်ခုတည်ဆောက်ပါ Name ကို {D20EA4E1-3957-11D2-A40B-0C5020524152} လို့ပေးလိုက်တယ်
ကဲအခု My Computer ကို ဖွင့် ကြည့်လိုက်ပါ Fonts ဆိုတာလေး ပေါ်နေပါပြီ.....double click နိပ်ပြီး fonts folder ထဲကို အလွယ်တကူသွားလို့ရပါပြီပေါ့..

အော်ဒါများ Fonts ဆိုတာလေး Desktop ပေါ်မှာ Shortcut လုပ်ပြီး ထားလိုက်လည်းရတာပဲ... လို့ ဆိုကောင်းဆိုနိုင်ပါတယ် ဟုတ်ပါတယ် သို့ပေမယ့် My Computer ထဲမှာ ထည့်ကြည့်ခြင်း နဲ့ ClassID ကို သုံးတတ်စေလိုခြင်းအတွက် ကျွန်တော် ဒီ post လေး ကိုတင်လိုက်ရတာပါ
ClassID တွေက ကိုယ်သုံးတတ်လျှင် သုံးတတ်သလို အသုံးဝင်ပါတယ် ဥပမာဆိုပါတော့ ကျွန်တော့ ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်လေးတွေကို MyFolder လို့ နာမည်ပေးပြီးထည့်ထားမယ် လူတိုင်းဖွင့်ကြည့်လို့မရအောင် လုပ်ထားချင်တယ်ဆိုကြပါစို့ လွယ် လွယ်လေး MyFolder ကို MyFolder.{D20EA4E1-3957-11D2-A40B-0C5020524152} လို့ ပြောင်းလိုက်ရင် ကျွန်တော့ရဲ့ MyFolder ကိုကြိုက်သလောက်သာဖွင့် Fonts folerကိုပဲသွားသွားပွင့်နေတော့မှာပေါ့ MyFolder.{D20EA4E1-3957-11D2-A40B-0C5020524152} မဟုတ်ပဲနဲ့ MyFolder.{645FF040-5081-101B-9F08-00AA002F954E} ဆို My Computer ပဲပွင့်လာတော့မှာပေါ့

ကျွန်တော်သိသလောက် ClassID တွေကို ရေးပေးလိုက်ပါတယ်
My Computer {20D04FE0-3AEA-1069-A2D8-08002B30309D}
Fonts {BD84B380-8CA2-1069-AB1D-08000948F534}
Recycle Bin {645FF040-5081-101B-9F08-00AA002F954E}
Printers and Faxes {2227A280-3AEA-1069-A2DE-08002B30309D}
Administrative Tools {D20EA4E1-3957-11d2-A40B-0C5020524153}
History {FF393560-C2A7-11CF-BFF4-444553540000}
Run... {2559a1f3-21d7-11d4-bdaf-00c04f60b9f0}
**ဒီထက်ပိုသိလိုပါက regisity ထဲမှ [HKEY_CLASSES_ROOT\CLSID\] အောက်တွင် ရှာဖွေနိုင်ပါတယ်

ကြိုးစားပါဦးမည်.....

July 16, 2009

Restore My Computer

ဟိုတစ်နေ့က စက်တစ်လုံး ၀င်းဒိုးမတက်လို့ဆိုပြီး လာအပ်တယ်။ ဖွင့်ကြည့်လိုက်တော့ တကယ်တမ်း ၀င်းဒိုးက တက်တယ်။ Loading ပြီးသွားတဲ့အခါကျ Desktop ပေါ်လာရမယ့်အစား ဘာမှမပေါ်ဘဲ အပြာရောင် Screen ကြီးဘဲ ပေါ်နေတယ်။ (BSOD မဟုတ်ပါ)
အဲဒါနဲ့ ကျွန်တော် Task Manager ကို ခေါ်ကြည့်လိုက်တယ်။ ခေါ်လို့ရတယ်။ အဲဒါနဲ့ Task Manager ကိုသုံးပြီး Windows Folder ထဲ လိုက်ကြည့်တော့ explorer.exe မရှိတော့တာကို တွေ့ရတယ်။ သေချာတယ်ပေါ့။ ဗိုင်းရပ်စ်က explorer.exe ကို ဖျက်ပစ်လိုက်လို့ Desktop ကြီး မပေါ်နိုင်ဖြစ်နေတာလေ။ နောက်မှ သိရတာက ဗိုင်းရပ်စ်က explorer.exe ကို ၀င်ကိုက်တဲ့အချိန် Kaspersky ကြီးက ထအော်တာကို user က Delete ဆိုပြီး ချလိုက်တာ ဗိုင်းရပ်စ်တင်မကဘဲ explorer.exe ပါ ပျက်သွားတာပါ။

အဲဒါနဲ့ ကျွန်တော်လည်း Memory Stick နဲ့ တခြားစက်က explorer.exe ကို copy ကူးပြီး အဲဒီစက်ထဲ ထည့်လိုက်တယ်။ restart လုပ်လိုက်တယ်။ ဟော Desktop ကြီးပေါ်လာပြီ။ စိတ်ထဲမှာတော့ ပြီးပြီဆိုပြီး ထင်နေလိုက်တယ်။

မပြီးသေးဘူးဗျ။ သကောင့်သား ဗိုင်းရပ်စ်မွှေသွားပုံက My Computer ဖွင့်လိုက်ရင် My Computer မပွင့်ဘဲနဲ့ Command Prompt ကြီးပွင့်လာတယ်။ Start Menu က My Computer ပဲဖွင့်ဖွင့်၊ Desktop ပေါ်က My Computer ပဲဖွင့်ဖွင့် Command Prompt ပဲ ပွင့်လာတယ်။ နောက် Windows Key နဲ့ E ကို တွဲနှိပ်လည်း Windows Explorer ပွင့်မလာတော့ဘူး။ The Parameter is incorret ဆိုပြီး Dialog Box လေးတစ်ခု ကျလာတယ်။ ခေါင်းစားသွားတယ်ပေါ့ဗျာ။
Registry ထဲ ပြန်ပြင်ရမယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဘယ်နေရာ သွားပြင်ရမယ်မှန်းမသိဘူး။ သုံးနာရီလောက်ကြာအောင် လိုက်မွှေကြည့်လည်း မထူးဘူးဗျာ။ နောက်မှ Desktop ပေါ်က My Computer ပေါ် Right Click နှိပ်ကြည့်တဲ့အခါ CMD Shell ဆိုပြီး item လေးတစ်ခု တိုးပြီး ပေါ်နေတာကို သတိထားမိတယ်။ သဲလွန်စတော့ ရပြီပေါ့ဗျာ။

အဲဒါနဲ့ registry ထဲသွားပြီး CMD Shell ဆိုပြီး ရိုက်ပြီး ရှာလိုက်တာ ဒီ key လေးကို စတွေ့ပါတယ်။

HKEY_CLASSES_ROOTFolder hellcmdcommand အောက်မှာ Default Value က C:WindowsSystem32cmd.exe ဆိုပြီး တွေ့ရပါတယ်။


ကျွန်တော် အဲဒီ Key ကို မသင်္ကာဘူး။ အဲဒါနဲ့ တခြားစက်မှာသွားကြည့်တော့ တခြားစက်မှာ အဲဒီလို key မရှိဘူး။ ဒါနဲ့ အဲဒီ key ကို ဖျက်ပစ်လိုက်တယ်။ ပြီးတော့ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ အရင်လို Command Prompt မပွင့်တော့ဘဲ error တစ်ခု တက်လာတယ်။ နီးတော့ နီးလာပြီပေါ့ဗျာ။
အဲဒါနဲ့ တခြားစက်မှာရှိတဲ့ key အတိုင်း လိုက်ပြီး ဖန်တီးလိုက်တယ်။


HKEY_CLASSES_ROOTFolder hell အောက်မှာ Explore ဆိုပြီး key တစ်ခု ထပ်ဆောက်လိုက်တယ်။ အဲဒီ Explore အောက်မှာ command ဆိုပြီး key ထက်ဆောက်လိုက်တယ်။ သူ့ရဲ့ Default Value ကို %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်တယ်။ ဆိုလိုရင်းကတော့ My Computer ကို ဖွင့်လိုက်ရင် explorer.exe ကို သွားဖွင့်ခိုင်းလိုက်တာပါပဲ။ နောက်မှာပါတာတွေက Switch တွေပါပဲ။ အဲဒီ Switch တွေ အကြောင်းကိုတော့ ကျွန်တော်လည်း မသိပါဘူး။

နောက်ထပ် HKEY_CLASSES_ROOTFolder hell အောက်မှာပဲ Open ဆိုပြီး key တစ်ခု ဆောက်လိုက်ပါတယ်။ အဲဒီ Open အောက်မှာ command ဆိုပြီး Key တစ်ခု ထပ်ဆောက်ပါတယ်။ သူ့ရဲ့ Default Value ကိုလည်း အစောကအတိုင်းပဲ %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်ပါတယ်။

ပြီးတော့ Registry Editor ကို ပိတ်လိုက်ပါတယ်။ My Computer ကို ဖွင့်ကြည့်လိုက်ယ်။ ဟော My Computer မှ My Computer ကြီး ပွင့်လာပါကြောင်း။

စာဖတ်သူတွေထဲက ကျွန်တော့်လိုမျိုး My Computer ဖွင့်လိုက်လို့ My Computer မပွင့်ဘဲ တခြားဟာတွေ ပွင့်လာတယ်ဆိုရင် အောက်မှာပေးထားတဲ့ reg ဖိုင်လေးကို download ဆွဲပြီး double click နှိပ်ဖွင့်လိုက်ပါ။ ပြီးရင် Yes ကို နှိပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ reg ဖိုင်ထဲမှာ တခြား ဘာ code မှ မပါပါဘူး။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။


Download Restore My Computer Registry

May 5, 2009

Microsoft Word နှင့် registry ကို စောင့်ကြည့်ခြင်း

window registry ကို စောင့်ကြည့်နိုင်ဖို့ Third party software တွေ စမ်းသုံးရင်းနဲ့ တော်တော်ကြာခဲ့ပါပြီ။ ဖြစ်နေကြ ပြဿနာကတော့ စက်တိုင်း လိုက်တင်တင်နေရတာပါပဲ ခုတော့ microsoft word နဲ့အဆင်ပြေသွားပြီ။
word ဆိုတာက စက်တိုင်းလိုလို ရှိနေတယ် မဟုတ်လား။ ကဲလိုရင်းကိုစပြောတော့မယ်။ ပထမဆုံး Trace လိုက်ချင်တဲ့ regisity key ကိုမပြောင်းမီတခါ ပြောင်းပြီးတစ်ခါ export လုပ်ထားရမယ်။ ပြီးမှတိုက်ကြည့်မယ်လေ။ microsoft word က Tools Menu ထဲက Compare & Merge Document... နဲ့ပေါ့။

နမူနာအနေနဲ့ ကျွန်တော်စမ်းထားပုံလေး ပြောပြပါ့မယ်။
>ကျွန်တော်က gtalk မဖွင့်ခင်မှာ HKEY_CURRENT_USER\Software\Google ကို အရင် export လုပ်ထားလိုက်တယ် (1.reg)
>>နောက်တော့ gtalk ကိုဖွင့်လိုက်တယ် gtalk တတ်လာတဲ့အခါ HKEY_CURRENT_USER\Software\Google ကို နောက်တစ်ကြိမ် export လုပ်ထားလိုက်တယ် (2.reg)
>>>ပြီးတော့ 1.reg ကို microsoft word နဲ့ ဖွင့်လိုက်တယ် encode မှာသူ့အတိုင်း ok ပေးလိုက်တယ်
>>>> Tools > Compare & Merge Document... ကိုရွှေးပြီး 2.reg ရွှေးပေးလိုက်တယ်လေ ပြီးရော


have a nice day :)

October 23, 2008

Start Menu Features ကိုပြင်ရအောင်။

Start Menu မှာရှိတဲ့ Features တွေကိုပြင်ကြည့်ရအောင်။ စိတ်ချရအောင် Registry တွေကို backup လုပ်ထားဖို့လိုတယ်နော်။ နောက်မှ ကိုကျော်စိုးကြိုမပြောလို့ဖြစ်နေမယ်နော်။

1. Start --- Run မှာ regedit ရိုက် Enter ခေါက်ပါ။
2. HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer သွားပါ။
3. ညာဘက်မှာ အဖြူရောင် blank မှာ right click --- New --- CLK DWORD VALUE ကိုရွေးပါ။
4. NoClose ရိုက် တန်ဖိုးကို Zero ပေး ပြီးရင် စက်ကို Restart လုပ်ပေးပါ။ [ ဒီ Entries ကတော့ Start Menu က Turn Off Computer ကိုပိတ်တာပါ။

မှတ်ချက် ။ ။ registry entries မှာ DWORD Values မှာ တန်ဖိုးကို 1 ဆိုရင် Enabled, 0 ဆိုရင် Disabled ဆိုတာပါပဲ။

Start Menu ရှိ Help ကိုပိတ်ခြင်း
Registry Value : NoSMHelp

Start Menu ရှိ Search ကိုပိတ်ခြင်း။ (Disable)
Registry Value : NoFind

Start Menu ရှိ Logoff ကိုပိတ်ခြင်း။ (Disable)
Registry Value : StartMenuLogoff

Start Menu ထိပ်ရှိ user name ကိုဖျောက်ခြင်း။ (Disable)
Registry Value : NoUserNameInStartMenu

Start Menu ၏ properties နှင့် Task bar ၏ Settings များကို ဖျောက်ထားခြင်း/ ပိတ်ခြင်း (Disable)
Registry Value : NoSetTaskbar

Start Menu ရှိ Network Connectionsကို ဖယ်ရှားခြင်း (Disable)
Registry Value : NoNetworkConnections

Start Menu ရှိ Run ကို ဖယ်ရှားခြင်း (Disable)
Registry Value : NoRun
မှတ်ချက် - Start menu ရှိ run ပျောက်နေပါက command prompt (CMD) ဖြင့် regedit ရိုက်ပြီး registry ကိုပြန်ဝင် နိုင်သည်။

Start Menu ကို drag & drop နည်းလမ်းဖြင့်ရွှေ့ပြောင်းခြင်း ၊ resize (ကျဉ်း၊ကျယ်လုပ်ခြင်း)များကိုပိတ်သည်။
Registry Value : NoChangeStartMenu

October 9, 2008

Repairing Corrupted Registry

2002 လောက်တုန်းက မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကိုမျိုးသက်ကျော် (အခု ဆူးလေနားက PRO Center မှာ) နဲ့ စကားပြောရင်း XP မှာ Registry တွေ ပျက်သွားရင် Restore ပြန်လုပ်လို့ရရင် ကောင်းမှာပဲလို့ ပြောခဲ့ကြဖူးတယ်။ အဲဒီအချိန်တုန်းက သူရော ကျွန်တော်ရော Windows 98 ရဲ့ Registry ကိုပဲ ပြန် Restore လုပ်တတ်ကြသေးတာပါ။ ကျွန်တော့်အထင်က XP မှာလည်း Default Registry ဖိုင် တစ်ခု ပါကိုပါရမယ်ပေါ့။ Registry ကြောင့် Windows မတက်တော့ရင် အဲဒီဖိုင်ကို ပြန် Restore လုပ်ရင်ရမှာပဲဆိုပြီး သူ့ကို ပြောခဲ့ဖူးတယ်။ သူကတော့ “ဟ အဲဒီဖိုင်က ဘယ်နားမှာမှန်းမှ မသိဘဲနဲ့ ငါတို့က ဘယ်လိုလုပ်ရမှာလဲ” လို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက XP ရဲ့ Registry ကို တခြား Third Party Tools တွေသုံးပြီး Restore/Backup လုပ်နိုင်ပါတယ်။ ကျွန်တော်တို့လိုချင်တာက User က ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့ Registry Backup ကို ပြန် Restore မလုပ်ချင်ပါ။ XP မှာ ပါနိုင်တဲ့ Default Registry Backup ကိုပဲ Restore လုပ်ကြည့်ချင်တာကိုး။ ဘာကြောင့်လဲဆိုတော့ Normal User တစ်ယောက်က သူ့ Windows ရဲ့ Registry ကို Backup လုပ်ထားတယ်ဆိုတာက ကြုံနိုင်ခဲတဲ့ ကိစ္စပါ။

အဲဒီအချိန်တုန်းက MCSE ဆိုတာ ရှိမှန်းမသိသေး၊ 70-270 စာအုပ်မျိုးတွေ ရှိမှန်းလည်း မသိသေးခင်ကပေါ့။ နောက်ပိုင်း ရန်ကုန်မှာနေပြီး CompuTech မှာ A+ တက်တဲ့ကာလအတွင်းမှာ Microsoft ရဲ့ Website ကို ဆရာက ညွှန်းလွန်းလို့ ၀င်ကြည့်မိပါတယ်။ အဲဒီလိုနဲ့ အမြဲတမ်းကြည့်ဖြစ်ရင်း Microsoft မှာ TechNet ဆိုတဲ့ Site အခွဲရှိမှန်းသိခဲ့တယ်။ ဟ မိုက်လှချည်လားပေါ့။ Windows Problem အားလုံးရဲ့ Solution တွေကို စုစည်းထားတာလေ။ Windows Problem တစ်ခုခုနဲ့ကြုံရင် အဲဒီ TechNet ကိုပဲ အားကိုးရတာပါ။ ဒါပေမဲ့ TechNet က Resources တော်တော်များများကို Login လုပ်မှ ကြည့်ခွင့်ပေးတာ။ Register ကလည်း လူတိုင်း လုပ်လို့မရဘူး။ Microsoft Certified ဖြစ်တဲ့သူတွေပဲ ရတာလေ။ အဲဒီလိုနဲ့ တဖြည်းဖြည်း မ၀င်ဖြစ်တော့ပါဘူး။

လွန်ခဲ့တဲ့ သုံးလလောက်က ရန်ကုန်ရောက်တော့ Active ခွေဆိုင်မှာ ဟိုဟာဒီဟာမွှေရင်း Microsoft TechNet ဆိုပြီး CD နှစ်ချပ်တွဲတွေ့တာနဲ့ ကော်ပြီကွဆိုပြီး ၀ယ်လာခဲ့တယ်။ သူက Reference သဘောမျိုးဆိုတော့ Windows Error တစ်ခုခုတက်မှပဲ အဲဒီထဲမှာ Solution ရှာရပါတယ်။ အခုထိလည်း မက်မက်မောမော သုံးနေတုန်းပါပဲ။ အများအားဖြင့် BSOD Error တွေနဲ့ ကြုံရင် သူ့ကိုပဲ ဖွင့်ကြည့်ရပါတယ်။

ဒီလိုနဲ့ သုံးလာခဲ့တာ ဟိုတစ်လောက TechNet ကို မွှေရင်း အရမ်းသိချင်ခဲ့ဖူးတဲ့ Windows XP ရဲ့ Registry ကို Backup လုပ်ထားတာမရှိပဲ Restore လုပ်နည်းကို တွေ့ခဲ့ပါတယ်။ Windows က အစပိုင်းလေးတက်လာပြီး ဘာမှမပေါ်တော့တဲ့ ကွန်ပျူတာတစ်လုံးကို စမ်းကြည့်တာ အောင်မြင်စွာနဲ့ Windows ပြန်တက်လာပါတယ်။ အောက်မှာ ပြထားတဲ့ Error မျိုးတွေ တက်လာရင်းလည်း လုပ်နိုင်ပါတယ်။

Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SYSTEM
Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SOFTWARE
Stop: c0000218 {Registry File Failure} The registry cannot load the hive (file):
\SystemRoot\System32\Config\SOFTWARE or its log or alternate
System error: Lsass.exe
When trying to update a password the return status indicates that the value provided as the
current password is not correct.


Recovery Console ကနေပဲ Registry ကို Restore လုပ်ရပါတယ်။ XP ခွေထည့်၊ အဲဒီကနေ Boot တက်၊ Recovery Console ကို ဖွင့်၊ Console တက်လာရင် ဒီ Command တွေ ရိုက်ထည့်ပါ။

md tmp
copy c:\windows\system32\config\system c:\windows\tmp\system.bak
copy c:\windows\system32\config\software c:\windows\tmp\software.bak
copy c:\windows\system32\config\sam c:\windows\tmp\sam.bak
copy c:\windows\system32\config\security c:\windows\tmp\security.bak
copy c:\windows\system32\config\default c:\windows\tmp\default.bak
delete c:\windows\system32\config\system
delete c:\windows\system32\config\software
delete c:\windows\system32\config\sam
delete c:\windows\system32\config\security
delete c:\windows\system32\config\default
copy c:\windows\repair\system c:\windows\system32\config\system
copy c:\windows\repair\software c:\windows\system32\config\software
copy c:\windows\repair\sam c:\windows\system32\config\sam
copy c:\windows\repair\security c:\windows\system32\config\security
copy c:\windows\repair\default c:\windows\system32\config\default

Restart လုပ်လိုက်ရင် ပျက်နေတဲ့ Windows ပြန်တက်လာပါလိမ့်မယ်။ မပြီးသေးပါဘူး။ အခုအဆင့်ထိက XP မှာပါတဲ့ Default Registry ဖိုင်တွေကို ပြန်ပြီး Restore လုပ်ရုံပဲ ရှိပါသေးတယ်။ Original Registry ဆိုတော့ ကျွန်တော်တို့ တင်ထားတဲ့ Program တွေ Driver တွေကို မသိသေးပါဘူး။ ဒါကြောင့် Registry ထဲကို နောက်ဆုံးလုပ်ထားတဲ့ System Restore ထဲက Registry တွေ ပြန်ထည့်လိုက်မှ ရမှာပါ။
ပီစီကို Safe Mode နဲ့ တက်ပါ။ ပြီးရင် C:\ အောက်မှာရှိတဲ့ System Volume Information ကို ဖွင့်ပါ။ ဒီအတိုင်းဆို ဖွင့်မရပါဘူး။ သူက Super Hidden လုပ်ထားတာပါ။ ဒါကြောင့် cmd မှာ ဒါမျိုးရိုက်ပါ။

cacls "driveletter:\System Volume Information" /E /G username:F

ဒါဆိုရင် SVI Folder ပွင့်သွားပါပြီ။ သူ့ကိုဖွင့်လိုက်ရင် _restore{D86480E3-73EF-47BC-A0EB-A81BE6EE3ED8} လိုမျိုး Folder တွေ တော်တော်များများ တွေ့ရပါလိမ့်မယ်။ အဲဒီ Folder တွေထဲမှာ subfolder တစ်ခု RP (Restore Point) နဲ့စတဲ့ subfolder ပါတဲ့ Folder ကို ဖွင့်ပါ။ အဲဒီထဲက Snapshot ကို ဖွင့်ပါ။ ဥပမာ

C:\System Volume Information\_restore{D86480E3-73EF-47BC-A0EB-A81BE6EE3ED8}\RP1
\Snapshot

Snapshot Folder ထဲကနေ အောက်မှာပြထားတဲ့ File တွေကို C:\Windows\Tmp ထဲကို ကော်ပီပွားပါ။
_REGISTRY_USER_.DEFAULT
_REGISTRY_MACHINE_SECURITY
_REGISTRY_MACHINE_SOFTWARE
_REGISTRY_MACHINE_SYSTEM
_REGISTRY_MACHINE_SAM

ပြီးရင် အဲဒီဖိုင်တွေကို အောက်မှာပြထားတဲ့အတိုင်း နာမည်ပြောင်းလိုက်ပါ။

Rename _REGISTRY_USER_.DEFAULT to DEFAULT
Rename _REGISTRY_MACHINE_SECURITY to SECURITY
Rename _REGISTRY_MACHINE_SOFTWARE to SOFTWARE
Rename _REGISTRY_MACHINE_SYSTEM to SYSTEM
Rename _REGISTRY_MACHINE_SAM to SAM

နောက်ဆုံးအဆင့်အနေနဲ့ Restart လုပ်ပြီး Recovery Console ထဲ ၀င်ပါ။ ပြီးရင် အောက်မှာပြထားတဲ့ Command တွေ ရိုက်ထည့်လိုက်ပါ။ သဘောတရားက ရှိပြီးသား Registry တွေကို ဖျက်ပြီး အစောက Restore Point ကနေ ယူထားတဲ့ Registry တွေကို ပြန်ထည့်တာပါ။

del c:\windows\system32\config\sam
del c:\windows\system32\config\security
del c:\windows\system32\config\software
del c:\windows\system32\config\default
del c:\windows\system32\config\system
copy c:\windows\tmp\software c:\windows\system32\config\software
copy c:\windows\tmp\system c:\windows\system32\config\system
copy c:\windows\tmp\sam c:\windows\system32\config\sam
copy c:\windows\tmp\security c:\windows\system32\config\security
copy c:\windows\tmp\default c:\windows\system32\config\default

ပြီးပါပြီ။

August 31, 2008

Windows XP Registry Guide

Registry ကို စိတ်ဝင်စားသူတွေအတွက် Microsoft ကနေ ထုတ်ထားတဲ့ Windows Registry Ebook လေးကို Share ပေးလိုက်ပါတယ်။


Download Here

August 26, 2008

Registry backup and restore

Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့် လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။

Backup လုပ်ဖို့ အတွက် Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။

Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။

Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။

အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

ဒီထက် ပိုလုပ်နိုင်တာ ကတော့ system recovery options မှာ system restore ကို ရွေးပေးခြင်းပါ။ ဒါပေမယ့် vista မှာဘဲ ရပါတယ်။
registry ထဲ ၀င်မွှေရင် အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။

May 27, 2008

USB Storage Device တွေ အသုံးပြုခွင့်ကို ပိတ်ရအောင်

Post From http://mghla.blogspot.com

ကျတော့်ရုံးမှာ ကွန်ပျူတာ တော်တော်များများကို security အရနဲ့ virus တွေ ဝင်မှာ စိုးတဲ့အတွက် USB Storage device တွေဖြစ်တဲ့ memory stick, MP3/MP4 Player, Digital Camera, USB portable harddisk တွေကို အသုံးပြုခွင့် ပိတ်ထားတယ်... ကျတော့် ရုံးမှာတော့ CMOS ထဲကနေ USB ကို disable လုပ်ထားတဲ့အပြင် USB port တွေကိုပါ physical အရပါ ပိတ်ထားရတယ်... အခုတော့ Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင် ဘယ်လို ပိတ်ရမလဲ ဆိုတဲ့ နည်းကို google ကျေးဇူးနဲ့ ရှာတွေ့ပြီ...

အခုရေးမယ့် အဆင့်တွေကတော့ USB storage device တစ်ခုခု အနည်းဆုံး ၁-ခါ တစ်ခါ တပ်ဆင် အသုံးပြုဖူးတဲ့ Windows XP သုံး ကွန်ပျူတာတွေ အတွက်ပါ... မိမိ အသုံးပြုနေတဲ့ user account ဟာ administrator အဆင့်တော့ ရှိစရာလိုပါတယ်...

1. ပထမအဆင့်အနေနဲ့ Start ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်...)
2. ပေါ်လာတဲ့ Open ရဲ့ဘေးမှာ ရှိတဲ့ text box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
3. HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor
4. ညာဘက် pane ထဲက Start ကို double click ခေါက်ပါ...
5. Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ 3 လို့ရိုက်ထည့် ပေးရမှာပါ...)
6. Registy Editor ထဲမှ ထွက်ပါ...


USB Storage device တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျန်တဲ့ USB device တွေဖြစ်တဲ့ printer, keyboard, mouse တွေတော့ ဆက်လက် အသုံးပြုနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ပါသည်... အပေါ်ကအဆင့်တွေဟာ Registry ကို ပြင်ရတာဖြစ်တဲ့ အတွက် အန္တရာယ်ရှိပါတယ်... မပြင်ခင်မှာ Registry ကို backup ကြိုလုပ်ထားပါ... အပေါ်ကအဆင့်တွေ ရှုပ်လို့ မပြင်ချင်ဘူးဆိုရင် USB Storage Device တွေ မသုံးစေချင်ရင် http://maunghla.googlepages.com/USBstorageDisable.reg ကို download လုပ်ပြီး run ပါ... ပိတ်ထားတဲ့ USB Storage Device တွေ ပြန်သုံးချင်တယ် ဆိုရင်တော့ http://maunghla.googlepages.com/USBstorageEnable.reg ကို download လုပ်ပြီး run ပါ...