Showing posts with label Programming. Show all posts
Showing posts with label Programming. Show all posts

November 19, 2009

Framework and Redistributable Package

အရင်တုန်းက Programming Language တွေမှာ Program တစ်ခုရေးပြီးရင် Binary code လို့ ခေါ်တဲ့ .exe ဖိုင် ထုတ်ပေး ပါတယ်။ အဲဒီ .exe ဖိုင်ကို ဘယ်ကွန်ပျူတာမှာပဲ run ကြည့်ကြည့် run လို့ ရပါတယ်။ အခုအချိန်မှာ ခေတ်စားနေတဲ့ .Net တို့ Java တို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဥပမာ C#.Net တို့ VB.Net တို့နဲ့ ရေးသားထားတဲ့ Program တွေဟာ ကွန်ပျူတာတိုင်းမှာ run လို့ မရပါဘူး။ အဲဒီ ကွန်ပျူတာမှာ .Net Framework ဆိုတာရှိမှ run နိုင်ပါတယ်။ Java ဆိုလည်း အဲဒီအတိုင်းပါပဲ။ JRE လို့ခေါ်တဲ့ Java Runtime Environment ရှိမှ Java Program တွေက run နိုင်ပါတယ်။

.Net Framework က Version 1.1, 2.0, 3.0 စသည်ဖြင့် ရှိကြပါတယ်။ Programmer တစ်ယောက်က .Net 2.0 Framework ကိုအခြေခံပြီး ရေးသားလိုက်တဲ့ Program တစ်ခုကို စာဖတ်သူက အသုံးပြုချင်ရင် စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework 2.0 ရှိရပါမယ်။ 1.1 ရှိရုံနဲ့ မရပါဘူး။

အခုနောက်ပိုင်း Program တွေ တော်တော်များများဟာ .Net နဲ့ ရေးထားတာတွေ များပါတယ်။ ဒါကြောင့်မို့ စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework ရှိမှ အဲဒီ Program တွေကို အသုံးပြုနိုင်မှာပါ။ (Control Panel ထဲက Add/Remove Programs ကိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်) တချို့ Program တွေက Install လုပ်တဲ့အချိန်ကတည်းက .Net မရှိလို့ မရပါဘူးလို့ ပြောပါတယ်။ တချို့ကကျ ဘာမှ မပြောဘဲ တင်သွားတယ်။ သုံးကြည့်တော့ သုံးမရဘူး။ တချို့ကကျ .Net မရှိရင် .Net ကို သူ့အလိုလို install လုပ်သွားပါတယ်။ တချို့ကကျ .Net မရှိဘူး၊ တင်လိုက်ဦးဆိုပြီး ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီမှာ .Net Installer မရှိရင် အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆို .Net ကို Version မျိုးစုံ ဆောင်ထားရပါတယ်။ JRE ကိုလည်း အဲဒီအတိုင်းပါပဲ။

Framework လိုမျိုး လိုအပ်တဲ့နောက်တစ်ခုက Redistributable Package ပါ။ ဥပမာ Program တစ်ခုက Database သုံးထားတယ်၊ SQL Server ကိုသုံးတယ် ဆိုပါစို့။ အဲဒီအခါမှာ စာဖတ်သူကွန်ပျူတာ SQL Server Package ရှိရပါလိမ့်မယ်။ Package ဟာ Application တွေက တောင်းတဲ့ Request ကို ဖြည့်ဆည်းပေးရုံလောက်ပဲ ရှိပြီး ကျွန်တော်တို့က သွားအသုံးပြုလို့မရပါဘူး။ စာဖတ်သူ Database တစ်ခု ဖန်တီးဖို့အတွက် SQL Package လေး ရှိရုံနဲ့ မရပါဘူး။

အဲဒီလိုမျိုးပါဘဲ။ Visual C++ Package တွေလိုမျိုးလည်း တချို့ Program တွေအတွက် လိုအပ်ပါတယ်။ ဒါကြောင့် Package တွေကိုလည်း ဆောင်ထားသင့်ပါတယ်။

နောက် DirectX တို့ Windows Installer တို့ကိုလည်း ဆောင်ထားရင် မမှားပါဘူး။ အဲဒီနှစ်ခုက Windows ထဲမှာ ပါပြီးသားဖြစ်ပေမယ့် Version မြင့်တာကို ဆောင်ဖို့ပြောတာပါ။ တစ်ချို့က ပြောပါတယ်။ PowerDVD တင်တာ DirectX မရှိလို့ တင်မရဘူးဖြစ်နေတယ်ဆိုပြီးတော့ပါ။ အမှန်က DirectX က Windows ထဲမှာ ပါပြီးသားပါ။ PowerDVD က Version မြင့်တာကို တောင်းတာပါ။ မှတ်မှတ်ရရ DirectX 9.0c ကို တောင်းပါတယ်။

October 29, 2008

Java IDE

စကားကြို ခံထားပါရစေ။ ကျွန်တော် Programmer မဟုတ်ပါ။ ဒါပေသိ ကွန်ပျူတာတက္ကသိုလ်မှာ လေးနှစ်ကြာ ပျင်းရိစွာနေခဲ့ရသော ကျေးဇူးတွေကြောင့် အနည်းငယ် တီးမိခေါက်မိပါတယ်။ ကျောင်းက Language ကိုလည်း မျိုးစုံသင်သောကြောင့် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အကုန်လုံးကို အနည်းငယ်စီသိပါတယ်။

ကျောင်းက အဲဒီလိုပါ။ C++, VB, Java စတာတွေကို တစ်နှစ်ချင်းစီ သင်ပါတယ်။ ဒါပေမဲ့ ကျောင်းသာ ပြီးသွားရော၊ ဘယ်ကျောင်းသားမှ ဖြစ်ဖြစ်မြောက်မြောက် မတတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဟိုဟာလည်း အင်ထရို၊ ဒီဟာလည်း အင်ထရိုနဲ့ ကျွန်တော်တို့လည်း အင်ထရိုကနေ မတတ်တော့တာပါ။အခုလည်း ကြည့်ပါဦး။ Third Year မှာ Java သင်တယ်။ Hons မှာ မသင်တော့ဘူး။ Master မှာလည်း မသင်ဘူး။ အဲ အခု Master ဖြေပြီးတော့ Thesis လုပ်ရမယ်တဲ့။ Theory တစ်ခုခုကို အခြေခံပြီးSoftware တစ်ခု ရေးရမယ်တဲ့။ Java နဲ့ဆို ပိုကောင်းတယ်တဲ့။ သူတို့ ပြောသွားတာ တစ်ခွန်းရယ်။ ကျောင်းသားတွေမှာတော့ ဖုန်တက်နေတဲ့ Java စာအုပ်တွေကို ပြန်ရှာ၊ ပြန်ကျင့်။

အဲ. အဲဒီမှာ ကျောင်းသားတွေ ဒုက္ခစတွေ့တော့ပါပဲ။ သိတဲ့အတိုင်း Software တစ်ခုရေးပေးရမှာဆိုတော့ GUI လိုလာပြီလေ။ Form တွေရေးရမည်။ Button တွေထည့်ရမယ်။ ဘယ် Button ကို နှိပ်ရင် ဘာဖြစ်စေ၊ ညာဖြစ်စေပေါ့။ မန်းပေးရမှာ။ ပြီးတော့Menu Bar တွေ ဖောက်ရမယ်။ File ကနေ Exit ကို နှိပ်ရင် Program ကြီးပိတ်။ အဲဒီလိုလေ။ခက်တာက ကွန်ပျူတာတက္ကသိုလ်က သင်ပေးတဲ့ Java ဆိုတာက အဲဒီအဆင့်ထိ သင်မပေးပါဘူး။ ပြောမယ်ဆို CUI (Command-line User Interface) ပဲ သင်တယ်။ GUI (Graphical User Interface) မသင်ဘူး။ လုံးဝ မသင်ဘူး။ အဲ အခု Thesis ကျတော့ GUI နဲ့ လုပ်ရမှာ။ ဘယ်လိုကြီးမှန်းကို မသိပါဘူးဗျာ။ ဒါပေမဲ့ ကွန်ပျူတာကျောင်းသားတွေလေ။ Master ထိ တက်ပြီးပြီ။ Thesis လုပ်မှ ဘွဲ့ရမှာ။ ဘာရမလဲ။ လုပ်ကြမယ်ပေါ့။ ကဲ. လာ Java နဲ့ GUI Program ရေးကြမယ်ပေါ့။ကျောင်းမှာ သင်သလောက်က SDK လေးနဲ့တင် Run တဲ့အထိပဲလေ။ Notepad လေးဖွင့်၊ Java Code တွေရိုက်၊ သိမ်း၊ ပြီးရင် cmd ကနေ သွား Run။ ဒီထိပဲ။အခု GUI ကျတော့ Notepad မှာ ထိုင်ပြီး Code နေလို့ မရတော့ဘူးလေ။ ရအောင်လုပ်လည်း လချီကြာမှာပဲ။

ကဲ အဲဒီတော့ Java ကို GUI ရေးလို့ရတဲ့ Program တွေ ရှာရတော့တာပေါ့။ တွေ့တယ်။ NetBeans တဲ့။ JBuilder တဲ့။ နောက်လည်း ကျန်သေးတယ်။ ဒါပေမဲ့ ဒီနှစ်မျိုးက လူသုံးများတယ်တဲ့။အဲ နှစ်ခုကြီးများတောင်။ ဘယ်ဟာက ပိုကောင်းသလဲပေါ့။ Master တန်းက သူငယ်ချင်းတွေက Master မပါတဲ့ အနော့်ဆီ အပူလာကပ်ပြီး မေးပါတယ်။ အဟမ်း.. အနော်လည်း နည်းနည်းပါးပါးစမ်းပြီး NetBeans ကိုသာ သုံးလို့ ပြောလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NetBeans က Free ရတာပါ။ JBuilder က ၀ယ်သုံးရတာပါ။

JBuilder ဟာ NetBeans ထက် အများကြီး သာပေမယ့် ၀ယ်သုံးရတာဆိုတော့ အဆင်မပြေတော့ပါဘူး။ဒီနိုင်ငံမှာပဲနေမယ်။ ဒီမှာပဲ ရေးစားမယ်ဆိုရင်တော့ JBuilder ပဲကိုင်ပေါ့။ အဲ အပြင်ထွက်မယ်ဆိုရင်တော့ ဟိုမှာတွေက Copyright ရှိတယ်လေ။ ကိုယ် အလုပ်လုပ်မယ့် ကုမ္ပဏီက JBuilder ကို ၀ယ်သုံးသလား၊ မသုံးလားဆိုတာ ကိုယ်သိနိုင်တဲ့ ကိစ္စမှမဟုတ်ပဲ။ ဒါပေမဲ့ သူတို့လည်း Free ရတဲ့ NetBeans ကိုပဲ သုံးဖို့များပါတယ်လို့ ထင်ထားတာ။ ဟိုတစ်နေ့က စလုံးက သူငယ်ချင်းနှစ်ယောက်ကိုမေးကြည့်တော့ ဟုတ်တယ် NetBeans ပဲ သုံးကြတာတဲ့။ တစ်ယောက်ကတော့ ပြောပါတယ်။ မင်းဘာသာမင်း ဘယ် IDE ပဲ သုံးသုံး ကိစ္စမရှိဘူးတဲ့။ အဓိကက ပေးတဲ့အလုပ် ပြီးဖို့ပဲတဲ့။ ကျွန်တော်ဆိုရင်တော့ ရတဲ့လခလေးနဲ့ JBuider ကြီး ၀ယ်ပြီး လာအပ်တဲ့အလုပ်ကိုတော့ ရေးမပေးနိုင်ပေါင်။ Free ရတဲ့ဟာနဲ့ပဲ ရေးမှာပေါ့။