Showing posts with label Windows 7. Show all posts
Showing posts with label Windows 7. Show all posts

January 21, 2010

Windows 7 and System Reserved Partition


Windows 7 ကို Fresh installation အနေနဲ့ တင်လိုက်မယ်ဆိုရင် System Reserved Partition တစ်ခုကို Windows 7 က ဖန်တီးပေးသွားမှာပါ။ အဲဒီ Partition ထဲမှာ bootmgr နဲ့ boot လုပ်ဖို့အတွက် လိုအပ်တဲ့ file တွေကို ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ bitlocker encryption အတွက်လည်း ရည်ရွယ်ထားတယ်လို့ Microsoft က ပြောပါတယ်။ System Reserved Partition ရဲ့ size ဟာ 100 MB ရှိပြီး သူ့ကို System, Active နဲ့ Primary partition အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ 100MB partition လေး ရှိနေမယ်ဆိုရင် Windows တစ်ခုခု ဖြစ်ရင် Troubleshoot လုပ်တဲ့အခါမှာ Windows ခွေ သုံးစရာမလိုပဲ လွယ်လွယ်ကူကူ Troubleshoot လုပ်နိုင်သွားမှာပါ။

ကျွန်တော်ကတော့ အဲဒီ partition လေးကို စိတ်ဝင်စားပါတယ်။ ပါစေချင်တယ်ပေါ့။ သို့ပေမယ့် တချို့စက်တွေ မှာ အဲဒီ partition လေးပါပြီး တချို့စက်တွေမှာကျ Windows 7 က ဖန်တီးမပေးပါဘူး။ ဘာကြောင့်လဲဆိုပြီး လိုက်ရှာကြည့်တော့ Windows 7 တင်တဲ့အခါမှာ Hard Disk မှာ partition တွေ၊ volume တွေ ရှိမထားမှ ဖန်တီးပေးတယ်လို့ သိသွားပါတယ်။ လုံးဝ unallocated space ဖြစ်နေမှ ရတယ်တဲ့။

အဲဒါကြောင့် Windows 7 တင်တဲ့အခါမှာ အဲဒီ partition လေး ရဖို့အတွက် Hard Disk တစ်ခုလုံးမှာ ရှိတဲ့ Partition တွေ ဖျက်ပြီးမှ တင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ စက်အသစ်တစ်လုံးအတွက် ကိစ္စမရှိပေမဲ့ သုံးနေတဲ့စက်တစ်လုံးကို Windows 7 အဖြစ် Upgrade လုပ်မယ်ဆိုရင်တော့ ရှိပြီးသား Data တွေကို နေရာရွှေ့ ရမှာကတော့ အတော်လေး လက်ဝင်တဲ့ကိစ္စပါ။

ကဲ စာဖတ်သူရော System Reserved Partition ထည့်မလား၊ မထည့်ဘူးလား။

January 5, 2010

Windows 7 Keyboard Shortcuts

Windows 7 မှာ Keyboard Shortcuts အသစ်တွေ တော်တော်များများပါလာပါတယ်။ Shortcut တွေကို သိထားခြင်းအားဖြင့် အလုပ်လုပ်တဲ့အခါမှာ ပိုမိုမြန်ဆန်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

Ctrl+Alt+Tab

Use the arrow keys to switch between open items.
Alt+Tab ကို အားလုံးသိကြမှာပါ။ ဖွင့်ထားတဲ့ Window တွေကို ပြောင်းချင်ရင် ကျွန်တော်တို့ သုံးခဲ့ကြတယ်။ အခု 7 မှာတော့ Ctrl+Alt+Tab ဆိုတာ ပါလာပါတယ်။ Alt+Tab လို နှိပ်ထားစရာ မလိုပါဘူး။ Ctrl+Alt+Tab ကို နှိပ်လိုက်တာနဲ့ လောလောဆယ်ဖွင့်ထားတဲ့ Window တွေကို Box တစ်ခုနဲ့ ပြပေး ထားပါလိမ့်မယ်။ ကိုယ်က ပြောင်းချင်တဲ့ဝင်းဒိုးပေါ်မှာ မောက်စ်နဲ့ တစ်ချက်နှိပ်လိုက်ရုံပါပဲ။

Ctrl+Mouse Scroll Wheel

Change the size of icons on the desktop.
Desktop ပေါ်နေတဲ့အချိန်မှာ Desktop ပေါ်က icon တွေရဲ့ အရွယ်အစားကို ပြောင်းလဲချင်ရင် Ctrl ကို ဖိထားပြီး Mouse က Scroll Wheel ကို လှိမ့်လိုက်ရုံနဲ့ ပြောင်းလဲနိုင်ပါတယ်။

Alt+Esc

Cycle through items in the order in which they were opened.
ဖွင့်ထားတဲ့ Window တွေကို တစ်ခုပြီးတစ်ခု ပြောင်းပေါ်ချင်ရင် သုံးလို့ရပါတယ်။ Alt+Tab လို ပုံစံမျိုး ပေမဲ့ Alt+Tab လို box ပေါ်မလာဘဲ တစ်ခုပြီးတစ်ခု ပြောင်းပေးသွားမှာပါ။

F4
Display the address bar list in Windows Explorer.
Windows Explore ဖွင့်ထားတဲ့အချိန်မှာ Address bar ကို ဖွင့်ချင်ရင် F4 ကို နှိပ်လိုက်ပါ။

Alt+Up Arrow

View the folder one level up in Windows Explorer
A ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ အဲဒီ A ထဲမှာရှိတဲ့ B ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ B ပွင့်သွားတယ်။ အဲဒီအချိန်မှာ A Folder အောက်ကို ပြန်ရောက်ချင်ရင် Alt နဲ့ Up arrow ကို နှိပ်လိုက်ပါ။


Windows logo Key + T
Cycle through programs on the taskbar.
Taskbar မှာ ပေါ်နေတဲ့ Program တွေ၊ Window တွေရဲ့ Preview ကို တစ်ခုချင်းစီ ကြည့်ချင်ရင် Windows logo Key နဲ့ T ကို တွဲနှိပ်လိုက်ပါ။

Windows logo Key + number

Start the program pinned to the taskbar in the position indicated by the number. If the program is already running, switch to that program.

ဆိုပါစို့။ Notepad ဖွင့်တယ်၊ ပြီးတော့ Calculator ဖွင့်ထားတယ်။ အဲဒီတော့ Taskbar မှာ Notepad icon နဲ့ Calculator ရဲ့ icon လေးပေါ်နေတယ်။ Notepad က ပထမ၊ ပြီးမှ Calculator က ဒုတိယ အနေနဲ့ ပေါ်နေတာ။ အဲဒီအချိန်မှာ Notepad ကို မြင်ကွင်းရှေ့ ပေါ်လာစေချင်ရင် Windows logo key နဲ့ 1 ကို နှိပ်ကြည့်ပါ။ Calculator ကို မြင်ကွင်းရှေ့ ရောက်စေချင်ရင်တော့ Windows logo key နဲ့ 2 ကို နှိပ်ကြည့်ပါ။

Shift+ Windows logo Key + number

Start a new instance of the program pinned to the taskbar in the position indicated by the number.
အစောကအတိုင်းပဲ။ Notepad ဖွင့်ပြီး Calculator ဖွင့်မယ်ဗျာ။ Shift ရယ် Windows logo key ရယ် 1 ရယ် နှိပ်ကြည့်လိုက်ပါ။ နောက်ထပ် Notepad အသစ်တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီလိုပါပဲ။ Shift ရယ် Windows logo key ရယ် 2 ရယ် နှိပ်ကြည့်လိုက်ပါ။ Calculator အသစ် ပွင့်လာပါလိမ့်မယ်။

November 7, 2009

7Loader

Windows 7 ကို activation လုပ်ဖို့အတွက် ခွေဝယ်တုန်းကပါလာခဲ့တဲ့ 7loader ကို အသုံးပြုနေပါတယ်။ ကျွန်တော်အခု Windows7 ကို Desktop သုံးလုံးနဲ့ Laptop နှစ်လုံးမှာ တင်ခဲ့ပြီးပါပြီ။ အကုန်လုံးကို 7loader နဲ့ Crack လုပ်တာချည်းပဲ။ Desktop မှာ လုံးဝ အဆင်ပြေပါတယ်။ Laptop မှာတော့ လုံးဝ အဆင်မပြေပါဘူး။ Activation လုံးဝ လုပ်မရဘူး။ ခွေထဲပါတဲ့ဟာက 7loader version 1.2 ပါ။ Activation လုပ်မရတော့ 1 လပဲ အသုံးခံမှာလေ။ အဲဒါနဲ့ပဲ အဆင်ပြေမယ့်ဟာကို အွန်လိုင်းမှာ အသည်းအသန် လိုက်ရှာနေရတယ်။ 7loader ကို ရေးသားတဲ့ Hazar ရှိတဲ့ My Digital Life Forum ကို မွှေကြည့်ရပါတယ်။ သူတို့ပေးတဲ့ Link တွေ ဖွင့်လိုက်တိုင်း Copyright နဲ့ ညှိနေလို့ ဖျက်ပစ်လိုက်ပါတယ်ဆိုတဲ့ စာသားတွေချည်းနဲ့ပဲ ကြုံနေရတယ်။ ifile, mediafire, megaupload အကုန်လုံးပါပဲ။ Microsoft က Windows 7 နဲ့ ပတ်သတ်တဲ့ Link မှန်သမျှ လိုက်ဖျက်ခိုင်းနေတယ်ဆိုတာ ဟုတ်မှာပဲ။

ကံကောင်းလို့ Link တစ်ခုရပါတယ်။ Download ဆွဲတယ်။ megaupload က download limit exceed ဖြစ်နေလို့ ရန်ကုန်က သူငယ်ချင်းကို အကူအညီတောင်း၊ သူကတစ်ဆင့် မလေးက အစ်မတစ်ယောက်ကို ပြန် download ဆွဲခိုင်း၊ ပြီးမှ ifile နဲ့ ပြန်တင်ခိုင်း၊ ကျွန်တော်က ပြန်ဆွဲ။ ရှုပ်နေတာပါပဲ။ စိတ်ရှည်လက်ရှည် download ဆွဲပြီးတော့ ရလာတာက version 1.2 ဖြစ်နေလို့ အတော်လေး လေသွားတယ်။

လိုချင်တာက နောက်ဆုံး version ဖြစ်တဲ့ 1.4 လေ။ သူနဲ့ဆိုရင်တော့ အဆင်ပြေမယ် ထင်တာပါပဲ။ အခုထိတော့ မရသေးဘူး။ သူငယ်ချင်း တစ်ယောက်ကတော့ Crack မလုပ်ပဲ Product Key တွေထည့်ပြီး Activate လုပ်ကြည့်ပါလားလို့ ပြောတယ်။ အဲဒါနဲ့ စမ်းကြည့်တယ်။ Product Key အခု သုံးဆယ်လောက် တစ်ခုပြီးတစ်ခု ထည့်ကြည့်တာ Microsoft က invalid ချည်းပဲ ပြောနေပြန်တယ်လေ။

Update:
Windows 7 ကို Fully activated ရသွားပါပြီ။ Windows 7 Loader 1.7.3 နဲ့ပါ။ Download Link ကတော့ http://slics.myftp.org/Tools/Daz/Windows%207%20Loader%20v1.7.3.zip ပါ။ သူ့အကြောင်း အသေးစိတ်သိချင်ရင်http://forums.mydigitallife.info/showthread.php?t=8632 ကိုသွားပါ။


Windows 7 Activation အကြောင်း အသေးစိတ်သိချင်ရင်တော့ http://forums.mydigitallife.info/showthread.php?t=7126 ကို သွားလိုက်ပါ။ တကယ်ကောင်းပါတယ်။ Activation လုပ်နည်းမျိုးစုံ ရှိပါတယ်။

November 5, 2009

Windows 7 နဲ့ အဆင်မပြေတဲ့ Program တွေ

မြန်မာနိုင်ငံတွင် လူသုံးများသော Program များအနက်မှ အောက်ပါ Program များသည် Windows 7 တွင် လုံးဝ အလုပ်မလုပ်နိုင်ပါ။ ထို့ကြောင့် ထို Program များအား တင်မိသောအခါတွင် ရရှိလာမည့် ဆိုးကျိုးများကို ရှောင်ရှားနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ နောက်ရက်များတွင်လည်း Update လုပ်ပေးသွားပါဦးမယ်။ စာဖတ်သူများမှလည်း Windows 7 နှင့် Compatible မဖြစ်သော Program များကို သိရှိခဲ့ပါက Comment များ ပေးခဲ့ရန် ဖိတ်ခေါ်အပ်ပါတယ်။

Adobe Reader 8
Nero 7
Kaspersky 2007 & 2008 & 2009
DeepFreeze 6
CCleaner v1
Registy Mechanic 7
CorelDraw 13

Windows 7 တွင် အလုပ်လုပ်နိုင်သော Program List အသေးစိတ်ကို သိရှိလိုပါက အောက်ပါ Link တွင် သွားရောက် ကြည့်နိုင်ပါသည်။

http://www.microsoft.com/windows/compatibility/windows-7/en-us/default.aspx

November 1, 2009

Microsoft Press: Windows 7 Ebooks

Microsoft ကနေပြီး ဖြန့်ချိမယ့် Windows 7 နဲ့ပတ်သတ်တဲ့ စာအုပ်တွေပါ။ အခုတော့ တစ်အုပ်မှ မထုတ်သေးပါဘူး။ ထွက်ရင်လည်း အလကားတော့ ရမှာမဟုတ်ပါဘူး။

Windows 7 Administrator’s Pocket Consultant
Windows 7 Inside Out
Windows 7 Plain & Simple
Windows 7 Resource Kit
Windows 7 Step by Step
MCTS Self-Paced Training Kit (Exam 70-680): Configuring Windows 7
Introducing Windows 7 for Developers

အခုလောလောဆယ်တော့ Microsoft ကနေပြီး Windows 7 နဲ့ပတ်သတ်ပြီး ထုတ်ထားတာ တစ်အုပ်ပဲရှိပါသေးတယ်။ နာမည်က Deploying Windows 7 Essential Guidance from the Windows 7 Resource Kit and Microsoft TechNet Magazine ပါ။ Download Link ကတော့ ဒီမှာပါ။

October 31, 2009

Windows 7 ကို စတင်သုံးစွဲကြည့်ခြင်း

Active ခွေဆိုင်ကနေ Windows 7 Ultimate Version ခွေကို ၀ယ်လာခဲ့ပါတယ်။ ခွေအမှတ်က DS-350 ပါ။ စင်တာရောက်ရောက်ချင်း စပြီးတင်ပါတော့တယ်။ ကျွန်တော်တင်တဲ့ ကွန်ပျူတာက Pentium Dual Core 2.2 GHz FSB 800MHz ရှိပြီး Memory က 1GB 800Hz ဖြစ်ပါတယ်။ Board ကတော့ MSI G31M3-LS ပါ။

အဲဒီကွန်ပျူတာကို Windows 7 တင်တဲ့အခါမှာ Install လုပ်ချိန် စုစုပေါင်း 15 မိနစ်သာ ကြာပါတယ်။ Software အနည်းငယ် တင်ပြီး Boot လုပ်တဲ့အချိန်ကို စောင့်ကြည့်တဲ့အခါမှာ ကွန်ပျူတာ ဖွင့်တဲ့အချိန်ကစပြီး Desktop ပေါ်လာတဲ့ အချိန်အထိ စက္ကန့်သုံးဆယ်ပဲ ကြာပါတယ်။

ဒါတောင်မှ 32 bit ပဲ ရှိပါသေးတယ်။ အခု Active က ၀ယ်လို့ရလာတဲ့ ခွေအမှတ် DS-350 ဟာ 32 bit ဖြစ်နေပါတယ်။ Vista ပေါ်ခါစတုန်းက Install လုပ်တဲ့အခါမှာ 32 bit လား 64 bit လားဆိုပြီး မေးပါတယ်။ အခု Windows 7 ကတော့ ဘာမှမမေးပါဘူး။ 32 bit နဲ့ပဲ တင်ပေးသွားပါတယ်။ ကျွန်တော့်အထင် 32 bit နဲ့ 64 bit ဆိုပြီး ခွဲများထုတ်သလားမသိပါဘူး။ Microsoft ကတော့ Windows 7 ရဲ့ အနှစ်သာရ အပြည့်အ၀ရဖို့အတွက် 64bit သုံးပါဆိုပြီး အကြံပေးထားပါတယ်။ ဒါပေမဲ့ 64 bit ဆိုရင် Memory က 2 GB ရှိသင့်ပါတယ်တဲ့။ ဒါကြောင့်မို့ ကျွန်တော်တောင် Memory 1GB တစ်ချောင်းဝယ်ဖို့ စဉ်းစားနေရပါတယ်။

Windows 7 မှာ အသစ်ပါလာတာတွေကို ရေးပြတာထက် စာဖတ်သူကိုယ်တိုင် လက်တွေ့စမ်းသပ်ပြီး သုံးစွဲ ကြည့်တာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ သေချာတာကတော့ Windows 7 ကို သုံးပြီးရင် XP သို့မဟုတ် Vista ကို မေ့သွားမှာပါ။

ကျွန်တော်လည်း အခု Windows 7 ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်ဖို့၊ တစ်ခုခုဖြစ်ရင် Troubleshooting လုပ်နိုင်ဖို့အတွက် စတင် လေ့လာနေရပါတယ်။ Microsoft ကထုတ်တဲ့ Windows 7 စာအုပ်တွေကို ရှာပြီး ဖတ်ရဦးမှာပါ။ Windows 7 နဲ့ ပတ်သတ်တာတွေကိုလည်း နောက်ရက်တွေကျရင် အလျဉ်းသင့်သလို တင်ပေးသွားပါဦးမယ်။

August 19, 2009

Why should you use Windows 7


အခုအချိန်မှာ ကွန်ပျူတာတစ်လုံး ၀ယ်သုံးမယ်ဆိုရင် သေချာတာကတော့ CPU ဟာ Dual Core သို့မဟုတ် Core2 Duo ဖြစ်မှာ အသေအချာပါပဲ။ အများသိတဲ့အတိုင်း Intel ဟာ Pentium 4 ပြီးတော့ Pentium D ကို ထုတ်လုပ်ခဲ့ပါတယ်။ Pentium 4 ဟာ 32 bit CPU အမျိုးအစားဖြစ်ပြီး Pentium D ဟာ 64 bit CPU အမျိုးအစားပါ။ 32 bit တွေ 64 bit တွေဆိုတာကတော့ CPU ထဲမှာပါတဲ့ register တွေရဲ့ အရွယ်အစားကို ပြောတာပါ။ CPU တိုင်းဟာ Process လုပ်တိုင်းလုပ်တိုင်း register တွေကို အသုံးပြုရပါတယ်။ ဥပမာအားဖြင့် ကွန်ပျူတာကို သုံးနဲ့ လေးနဲ့ မြှောက်ခိုင်းတယ်ဆိုပါစို့။ သုံးဆိုတဲ့ ဂဏန်းကို register တစ်ခုထဲမှာ ထည့်ရပါတယ်။ နောက် လေးဆိုတဲ့ ဂဏန်းလေးကို နောက် register တစ်ခုထဲမှာ ထည့်ရပါတယ်။ အဲ..မြှောက်လို့ရလာတဲ့ အဖြေကိုတော့ တတိယ register ထဲမှာ ထည့်လိုက်ပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် CPU ရဲ့ register အရွယ်အစားကြီးလေ data အများကြီးကို တပြိုင်တည်း တွက်ချက်နိုင်လေပါပဲ။

ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက ကျွန်တော်တို့တွေဟာ Pentium D တွေ Dual Core တွေလို 64bit hardware တွေကို အသုံးပြုနေကြပေမဲ့ OS က Windows XP လို 32 bit OS ဖြစ်နေခြင်းပါ်။ Windows XP ဟာ 32 bit ထိပဲ အလုပ်လုပ်နိုင်တာကြောင့် hardware က 64 bit ဖြစ်ပေမယ့်လည်း သူကတော့ အပြည့်အ၀ မခိုင်းနိုင်ပါဘူး။ ဒါကြောင့်မို့ လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ hardware တွေနဲ့ ကိုက်ညီတဲ့ OS ဟာ 64 bit OS တွေပါပဲ။ ကျွန်တော်တို့ အသုံးပြုနေတဲ့ 64 bit hardware ပစ္စည်းတွေရဲ့ အစွမ်းကို အပြည့်အ၀ခံစားရဖို့အတွက် ကျွန်တော်တို့တွေ 64 bit OS တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ သုံးလည်း သုံးသင့်နေပါပြီ။ Dual Core ကွန်ပျူတာတစ်လုံးဟာ XP OS ကိုအသုံးပြုခြင်းဟာ ကားအကောင်းစားကြီးဝယ်ပြီး တစ်နာရီ မိုင်သုံးဆယ်နှုန်းနဲ့ မောင်းနေတာနဲ့ တူတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။

ကဲ ဒါဖြင့် 64 bit OS တွေကို လေ့လာကြည့်ရအောင်။ Microsoft က Windows XP ကို 64 bit အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပေါက်ခဲ့ခြင်းမရှိပါဘူး။ နောက် Vista။ Vista မှာကျတော့ 32 bit နဲ့ 64 bit ဆိုပြီး နှစ်မျိုးခွဲထုတ်ခဲ့ပါယ်။ Vista ဟာ 64 bit ဖြစ်လို့ မြန်ဆန်သင့်ပေမဲ့ သူ့မှာပါတဲ့ Aero ရယ်၊ တခြား services တွေ ရယ်ကြောင့် တော်ရုံတန်ရုံကွန်ပျူတာမှာဆိုရင် ၀ပ်သွားပါတယ်။ ဒါ့အပြင် program တွေ တော်တော်များများနဲ့ Compatible မဖြစ်တာကြောင့် Vista ဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Vista ကို မသုံးခဲ့ပါ။
ကဲ.အခုတော့ Windows 7 ကြီးလာပါတော့မယ်။ တခြားဘာတွေပဲ ထည့်ထားပါစေဦး။ XP mode ပါတာရယ်၊ 64 bit ဖြစ်တာရယ်ကြောင့်ကို ကျွန်တော်တို့တွေ သုံးစွဲသင့်နေပါပြီ။ ကားအကောင်းစားကြီးစီးပြီး တစ်နာရီမိုင်သုံးဆယ်နှုန်းနဲ့တော့ မမောင်းသင့်တော့ဘူးပေါ့ဗျာ။