Showing posts with label Windows Vista. Show all posts
Showing posts with label Windows Vista. Show all posts

November 13, 2008

Vista shortcut manager

Desktop icon တွေမှာ မြှားတွေပါနေတာ မျက်စိနောက်နေရင် ဖြုတ်ထားကြရအောင်။ ဒီလို ဖြုတ်ထားဖို့ vista shortcut manager freeware သုံးလိုက်ရုံပါဘဲ။ Program download & install လုပ်ပြီး run မယ်။ no arrow ရွေးပေးလိုက်မယ်ဆို logout လုပ်ပြီး နောက်ပိုင်း မြှားတွေ ဖယ်ထုတ်ပြီး ဖြစ်နေပါလိမ့်မယ်။


Vista Shortcut Manager 32bit

Vista Shortcut Manager 64bit

October 24, 2008

ReadyBoost

Windows Vista မှာ Ready Boost ဆိုတဲ့ Feature တစ်ခု ပါလာပါတယ်။ သူက USB Flash Device ကို သုံးပြီး ကွန်ပျူတာသုံးရတာ မြန်အောင် လုပ်ပေးပါတယ်။

Vista တင်ထားတဲ့ ကွန်ပျူတာမှာ Memory Stick တပ်လိုက်တာနဲ့ AutoPlay Dialog Box တက်လာပြီး Ready Boost ကိုသုံးမှာလားဆိုတဲ့ Option ပေါ်လာပါတယ်။ အဲဒါကို ရွေးလိုက်မယ်ဆိုရင် ကိုယ့် Memory Stick ရဲ့ Space ဘယ်လောက်ကို System အတွက် သုံးမယ်ဆိုတာကို သတ်မှတ်ပေးရပါတယ်။ ပြီးရင် OK နှိပ်လိုက်တာနဲ့ ကွန်ပျူတာသုံးရတာ သိသိသာသာမြန်လာတာကို သတိထားမိမှာပါ။


ဒါပေမဲ့ တခါတရံမှာ Memory Stick တပ်ပေမယ့်လည်း ReadyBoost မရတာမျိုးလည်း ရှိတတ်ပါတယ်။ တကယ်တော့ Memory Stick တွေထဲမှာပါတဲ့ Flash Memory တွေမှာ မြန်တဲ့ဟာရှိသလို နှေးတဲ့ဟာလည်း ရှိပါတယ်။ Vista က မြန်တဲ့ Flash Memory ပါတဲ့ Memory Stick တွေကိုပဲ ReadyBoost လုပ်ပေးနိုင်တာပါ။ ပြီးတော့ Memory Stick ရဲ့ Capacity ကလည်း စကားပြောပါတယ်။ ကိုယ့်ကွန်ပျူတာမှာ တပ်ထားတဲ့ RAM ရဲ့ သုံးဆ လိုအပ်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာ 512 MB ရှိတဲ့ RAM တပ်ထားမယ်ဆိုရင် 1.5GB အနည်းဆုံးလွတ်နေတဲ့ Memory Stick တပ်မှ Ready Boost ရပါလိမ့်မယ်။

August 17, 2008

Grub ဖြင့် vista နှင့် xp အား boot လုပ်ခြင်း

cbox 14 ထဲက k.l.t ရဲ့ မေးခွန်းလေးတွေ့လို့ပါ။ vista တင်ပြီးတော့ xp ကို boot လို့မရတော့ဘူးဆိုတာ။ Grub နဲ့ boot ကြည့်ပါလား။
၁။ ကျွန်တော် ခုပြောမယ့် ဟာတွေ ကို vista မှာလုပ်ရမှာပါ။

၂။ ပထမဆုံး vista boot file တွေကို backup လုပ်ရမယ်ဗျ။ vista တင်ထားတဲ့ drive က C:\ လို့ဘဲဆိုပါဆို့ဗျာ။ C:\ ထဲက bootmgr, config.sys ဆိုတဲ့ file တွေနဲ့ boot ဆိုတဲ့ folder ကို flash drive တစ်ခုနဲ့ copy လုပ်ထားပါ။မှားပြီးတစ်ခုခုလုပ်မိရင် flash drive နဲ့ပြန်ပြီး boot လုပ်လို့ရအောင်ပါ။အဲဒီဟာတွေက hide လုပ်ထားပါတယ်။ organize>floder and search options>view tab ထဲက show hidden files and folders ကို check, hide protected system files ကို uncheck လုပ်ပါ။
၃။ Grub ကို ဒီနေရာမှာ download လုပ်ပါ။
၎။
C:\ drive ထဲက bootmgr ကို bootmgrv လို့နာမည်ပြောင်းပါ။ Access denied ဖြစ်နေရင် file ရဲ့  ownership ကိုယူရပါမယ်။ Cmd(Run>cmd) ထဲမှာ ဒီ command ကို run ပါ takeown /f C:\bootmgr
၅။ download လုပ်ထားတဲ့ file တွေကို C:\ ထဲကို extract လုပ်ပါ။ bootmgr နဲ့ menu.lst ဆိုတဲ့ file ၂ခုပါ။
၆။ restart လုပ်လိုက်ပါ။ vista နဲ့ xp ကို grub menu က နေ ရွေးပြီး boot လို့ရပါပြီ။
၇။ bootmgr နဲ့ menu.lst ဆိုတာ တကယ်တော့ grub file တွေပါ။ vista အတွက် rename လုပ်ထားတာပါ။menu.lst က လည်း vista နဲ့ xp ၂ခုတည်းအတွက် ပြင်ထားတာပါ။boot menu အရမ်းရှုပ်နေမှာစိုးလို့ပါ။ Grub က OS တွေအများကြီး boot လို့ရပါတယ်။ Grub အကြောင်း ပြည့်ပြည့်စုံစုံသိချင်ရင် ဒီနေရာ မှာ လေ့လာနိုင်ပါတယ်။

March 29, 2008

Removable Disk Icon ပြောင်းလဲခြင်း

ကျွန်တော်တို့ လူငယ်တွေတော်တော်များများဆီမှာ MP3 Player ၊ MP4 Player ၊ Memory Stick တွေ အသီးသီး ကိုင်ဆောင်ထားကြပါတယ်။ အဲဒါတွေ ကွန်ပျူတာနဲ့တွဲတဲ့အခါ My Computer မှာ Removalbe Disk လို့ပေါ်လာတယ်။ ဒါပေမဲ့ Icon ကြီးက မလှဘူး။ အဲဒီ Icon အစား ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံလေးကို ထည့်ကြည့်ရအောင်။
အောက်မှာ ပြထားတဲ့ ပုံလေးလိုပေါ့။


လိုအပ်သော Software များ
၁။ IconWorkshop
၂။ Notepad

ပထမဆုံး မိမိပုံကို Icon အဖြစ်ပြောင်းလဲခြင်း

၁။ Iconworkshop ဆိုတဲ့ Program လေးကို ဒီမှာနှိပ်ပြီး Download လုပ်ပါ။ ကွန်ပျူတာမှာ Install လုပ်ပါ။ Program ကို ဖွင့်ပါ။
၂။ File>Open ကို နှိပ်ပါ။ ကိုယ့်ဓာတ်ပုံကို ရွေးပါ။ Open ကို နှိပ်ပါ။
၃။ ပုံပွင့်လာရင် Ctrl+A နှိပ်ပါ။ ပြီးရင် Keyboard ကနေ I ကို နှိပ်ပါ။
၎။ Extra Format Area မှာ 128*128 ကို အမှန်ခြစ်ပေးပါ။
၅။ ပြီးရင် OK နှိပ်ပါ။ File ကနေ Save ကို နှိပ်ပါ။
၆။ သိမ်းမယ့်နေရာကို ကိုယ့်ရဲ့ Memory Stick နေရာကို ရွေးပေးပါ (G: တို့ F: တို့ ဖြစ်ဖို့များပါတယ်)။ Subfolder ထဲမသိမ်းပါနဲ့။ File Name ပေးပါ။ Save ကို နှိပ်ပါ။
ဒါဆိုရင် ဓာတ်ပုံကနေ Icon ပြောင်းတဲ့ လုပ်ငန်းစဉ် ပြီးသွားပါပြီ။

နောက်တစ်ဆင့်အနေနဲ့ MP3 MP4 Memory Stick ထဲထည့်ကြည့်ရအောင

၁။ Notepad ကို ဖွင့်ပါ။
၂။ [Autorun]
icon=xxx.ico လို့ရိုက်ပါ။ xxx တွင် အစောက ပြောင်းထားသော icon file name ကို အစားသွင်းရပါမည်။
၃။ File မှ Save ကိုနှိပ်ပါ။ သိမ်းမည့်နေရာကို Memory Stick ၏နေရာ ရွေးပေးပါ။ Subfolder ထဲ မသိမ်းပါနှင့်။
၎။ File name ကို autorun.inf လို့ ရိုက်ပြီး Save ကို နှိပ်ပါ။

ဒါဆိုပြီးသွားပါပြီ။ Memory Stick ကို ဖြုတ်ပါ။ Computer တွင် ပြန်တပ်ပါ။ My Computer ကိုဖွင့်ကြည့်လိုက်ပါဦး။

အိုင်တီမန်း

March 17, 2008

Vista သုံးဖို့ရာ စောလွန်းပါသေးသည်

Windows Vista ပေါ်ထွက်လာသည်မှာ အတော်အတန်ကြာမြင့်လာပါပြီ။ ဒါပေမဲ့ ဘာကြောင့် အသုံးမများသေးတာလဲ။ သေချာသုံးသပ်ကြည့်လိုက်တော့ အားနည်းချက်တွေ ရှိသေးလို့ပဲဖြစ်ပါတယ်။

(၁) Upgrade လုပ်ရန်အတွက် Hardware ပိုင်း လိုအပ်ချက်မြင့်မားမှု
Windows Vista ကိုသုံးဖို့ရာ Memory ပမာဏ 1GB ရှိသင့်သည်ဟု Microsoft က အဆိုပြုထားပါသည်။ လောလောဆယ် သင့်ကွန်ပျူတာသည် Pentium 4 ကွန်ပျူတာတစ်လုံးဆိုပါက ထိုကွန်ပျူတာတွင်သုံးသော Memory အမျိုးအစားသည် DDR အမျိုးအစားဖြစ်ပါလိမ့်မည်။ အခုလက်ရှိတွင် DDR Memory များ ပျောက်ကွယ်သလောက်ရှိနေပြီး DDR2 Memory များသာ ဈေးကွက်ထဲရှိနေပါတော့သည်။ ထို့ကြောင့် DDR Memory ကို 1GB ပြည့်အောင် ဖြည့်ဖို့ရန်မူ လွယ်ကူသောအလုပ်မဟုတ်ပေ။ DDR Memory ကို ရတောင်မှ ဈေးနှုန်းကြီးမြင့်ပါလိမ့်မည်။ ကဲ..ဒါဖြင့် ဒီလောက်ရှားနေတဲ့ DDR Memory
မ၀ယ်ဘူးပေါ့။ လောလောဆယ် ဈေးကွက်ထဲရောင်းနေသော DDR2 Memory ကိုသာ ၀ယ်မည်ဆိုပါစို့။ ၀မ်းနည်းပါသည်။ Pentium 4 ကွန်ပျူတာများသည် DDR2 Memory ကို လက်မခံပါ။ ကဲ..ဒါဖြင့် လက်ခံအောင် ဘယ်လိုလုပ်မလဲ။ ဟုတ်ကဲ့..Motherboard အသစ်တစ်ခု ၀ယ်ရပါမည်။ ပို၍ ကံဆိုးသည်မှာ Pentium 4 CPU များတွင် ပါဝင်သော Pin အရေအတွက်သည် 478 ချောင်းဖြစ်ပြီး၊ ဈေးကွက်အတွင်း လက်ရှိရောင်းနေသော Motherboard များသည် 478 Pin CPU ကို support မလုပ်တော့ဘဲ 775 Pin ရှိသော CPU ကိုသာ တပ်ဆင်ရပါတော့သည်။ အတိုချုပ်ရသော် သင်သည် Pentium 4 ကွန်ပျူတာတစ်လုံးကို သုံးစွဲနေသူတစ်ယောက်ဖြစ်ပါက Windows Vista ကို သုံးရန်အတွက် DDR Memory 1GB ပြည့်အောင်ဖြည့်၊ မဖြည့်နိုင်လျှင်တော့ Motherboard လဲရမည်၊ Windows Vista ၏ Aero Glass Feature ကို ရရှိရန်အတွက် Graphic Card အကောင်းစား၊ Graphic Memory များများလိုအပ်သေးသည်။ လက်ရှိသုံးနေသော CPU ကြီး မြောင်းထဲပစ်ရမည်။ Power Supply ပါ အဆစ်ပါလိုက်ဦးမယ်ဗျား။

(၂) 64 Bit ဖြစ်နေတာကြောင့်ပါ

Windows Vista သည် 32bit နှင့် 64bit ဆိုပြီး နှစ်မျိုးလာသော်လည်း 64bit ကိုသုံးမှသာ Vista ၏စွမ်းပကားကို အပြည့်အ၀မြင်ရမည်ဖြစ်ပါသည်။ Operating System ကို 64 bit သုံးမည်ဆိုလျှင် Hardware များကလည်း 64bit ဖြစ်ရပါမည်။ Motherboard ကလည်း 64bit ၊ CPU ကလည်း 64 bit ဖြစ်ရပါမည်။ Pentium 4 CPU များသည် 32bit ဖြစ်ပြီး ယခုနောက်ပေါ် Pentium D CPU များကသာ 64bit ဖြစ်ပါသည်။ ထို့အပြင် Pentium 4 တပ်ထားသော Motherboard သည်လည်း 64bit မဖြစ်နိုင်ဘဲ 64bit Motherboard ထပ်မံဝယ်ယူရပါမည်။ လက်ရှိဈေးကွက်ထဲတွင် Vista Ready ဟု တံဆိပ်ကပ်ထားသော Motherboard များသည် 64bit ကို support လုပ်ပေးနိုင်ပါသည်။

(၃) 64bit ဖြစ်သော်လည်းပဲ

Vista ကို အရူးအမူးသုံးချင်၍ 64bit computer တစ်လုံးဝယ်ပြီး 64bit Windows Vista ကိုထည့်လိုက်ပြီဆိုပါစို့။ စောလွန်းပါသေးသည်။ 64bit Windows Vista ပေါ်တွင် run နိုင်သော 64bit program များအရေအတွက်မှာ လောလောဆယ် လက်ချိုးရေနိုင်သေးပါသည်။ 64bit တွေ မထွက်သေးလို့ 32bit Program တွေကိုပဲ Vista ပေါ်တင်မည် ဆိုပါစို့။ ဂီယာလေးချက်ပါသော ဆိုင်ကယ်ကြီးစီးပြီး ဂီယာနံပါတ်နှစ်နဲ့သာ မောင်းနေသလို ဖြစ်နေပါလိမ့်မည်။ Microsoft ကလည်း တော်တော်များများနှင့် ရန်ဖြစ်ထားပုံရပါသည်။ သူ့ 64 bit Vista အတွက် လက်ရှိထွက်နေသော 64bit Program များမှာ Microsoft ကသာ များပြီး အခြားကုမ္ပဏီများမှ မထုတ်ကြသေးပါ။ Adobe Photoshop တောင် 64 bit version မထုတ်သေးပါ။ Vista က ထပ်ပြီး ဂျီးများသည်မှာ လက်ရှိသုံးနေကြသော 32bit Program တောင်မှ တော်တော်များများတင်မရပါ။ အဓိကအားဖြင့် Hard disk နှင့်ပတ်သတ်သော Program များ၊ Antivirus Program များမှ Vista ပေါ်တွင် အလုပ်မလုပ်ပါ။ ထို့ကြောင့် 32bit ဖြစ်သော်လည်း Vista Compatiable ဖြစ်မှ Vista ပေါ်တွင် အဆင်ပြေပြေ run ပါလိမ့်မည်။ တလောကတော့ ထို Program Compatiable အပိုင်းကို ကိုင်တွယ်သော အရာရှိတစ်ယောက်ကို Program တော်တော်များများနှင့် Windows Vista အဆင်ပြေအောင် အလုပ်မလုပ်နိုင်ခြင်းကြောင့် အလုပ်ထုတ်လိုက်သည်ဟု ဖတ်လိုက်ရပါသည်။

(၄) Gamer တွေလည်း မသုံးကြသေးပါ

Windows Vista သည် Game များအတွက် အရေးကြီးသောနည်းပညာဖြစ်သည့် DirectX 10 ကို support လုပ်ပါသည်။ Windows XP တွင်မူ DirectX 9 ကိုသာ support လုပ်ပါသည်။ DirectX10 သည် DriectX9 ထက် Game များကို ရုပ်ထွက်အားပိုကောင်းစေပါသည်။ သို့သော်လည်း လက်ရှိ လူကြိုက်များသော Game များမှာ DirectX10 version အနေဖြင့် မထွက်သေးပါ။ ထို့ပြင် ထို Windows Vista ၏ DirectX10 ကို သုံးနိုင်ရန် မိမိကွန်ပျူတာတွင် DirectX10 ရသော Graphic Card စိုက်ရပါမည်။ လက်ရှိဈေးကွက်ထဲတွင်လည်း DirectX10 Graphic Card များသည် ဈေးနှုန်းကြီးမြင့် ၍ ရှားပါးနေဆဲဖြစ်ပါသည်။ ထို့ကြောင့်လည်း Gamer များအနေဖြင့် Vista ကို ကောင်းမှန်းသိတယ်၊ ဒါပေမဲ့ ပေါင်းမရသေးဘူး ဖြစ်နေပါသေးတယ်။

(၅) လှသော်လည်းပဲ အထိမခံမှု

Windows Vista သည် Interface အတော်လေးကို လှပသပ်ရပ်ပါသည်။ သို့သော်လည်း အထိမခံပါ။ ဆိုလိုသည်မှာ Protection ကောင်းလွန်းနေပါသည်။ Hard Disk ကို Defragment လုပ်သည်ကအစ မေးခွန်းနှစ်ခုလောက်မေးသည်ကိုဖြေပြီးမှ လုပ်နိုင်ပါလိမ့်မည်။ Vista ကို သုံးကြမည့်သူများအနေနှင့် ထိုကဲ့သို့ မေးခွန်းများကို လိုက်လံဖြေကြားရသည်မှာ အပိုအလုပ်တစ်ခုလို ဖြစ်နေပါသည်။ ထိုကဲ့သို့ မမေးရန် Vista တွင်
ပါဝင်သော UAC ကိုပိတ်ထားနိုင်သောလည်း မီးခံသေတ္တာရှိသောအခန်းကို သော့မခတ်ပဲ ပစ်ထားသည်နှင့် တူနေပါလိမ့်မည။်

(၆) ယခုအချိန်ထိလည်း မတည်ငြိမ်သေးပါ

Vista ထုတ်မည်ဟု ကြေငြာကတည်းက အားနည်းချက်များ မရှိသလောက်ဖြစ်မည်ဖြစ်ကြောင်း..စသည်ဖြင့် ပြောပြီးကာမှ ယခုမူ service pack 1 ဆိုပြီး ထပ်မံထုတ်ရပြန်သေးသည်။ ထို service pack 1 ဖြင့် Vista တည်ငြိမ်သွားပါမည်ဟု Microsoft လည်း အာမမခံနိုင်သေးပေ။

(၇) သာမန်userများအတွက် အသုံးပြုရသည်မှာ ရှုပ်ထွေးမှု

အပိုမဆလာတွေများလာခြင်း၊ သူတို့က လွယ်ကူစေအောင်လုပ်ပေးထားသည်များက ပို၍ခက်ခဲနေစေခြင်း စသည်တို့မှာ vista ကို စကိုင်မည့် သာမန် user များအတွက် ခေါင်းခဲစရာများပင်ဖြစ်သည်။ XP သုံးနည်း အလွတ်ကျတ်ထားသမျှ Vista တွင် အနည်းငယ်မျှသာ အကျုံးဝင်တော့မည်ဖြစ်သည်။ Vista ကို စသုံးသုံးချင်း ဘာတွေမှန်းလည်းမသိဘူး ရှုပ်ယှတ်ခတ်နေတာပဲဆိုပြီး စတင်မိတ်ဆက်ရပေလိမ့်မည်။

အခြား ပြောစရာအချက်များကျန်ရှိသေးသော်လည်း ဤမျှလောက်နှင့်ဆိုလျှင်ပင် Vista ကို သုံးဖို့ စောလွန်းသေးသည်ဆိုတာ သိသွားမည်ဟု ယူဆသဖြင့် ရပ်လိုက်ပါတော့မည်။