www.4shared.com
February 28, 2008
When can't to delete files or folder
Download link:
http://zawthureintun.googlepages.com/unlocker1.8.5.exe
Kaspersky License Key
http://zawthureintun.googlepages.com/kavkey.zip
CD ခွေများကို မပျက်စီးအောင်ထိန်းသိမ်းခြင်း
ဒီနေရာမှာ စီဒီခွေတွေကို Hard Disk ထဲထည့်တဲ့အချိန်မှာ ရိုးရိုးခွေတွေဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ Windows ခွေတွေတို့၊ Recovery ခွေစတာတွေကိုတော့ ဒီအတိုင်း Copy/Paste လုပ်ပြီး ထည့်လို့မရပါဘူး။ ဘယ်လိုလုပ်ထည့်ရသလဲဆိုရင် Image ရိုက်ထည့်ရပါတယ်။ Image ရိုက်တယ်ဆိုတာက CD ခွေထဲမှာ ပါသမျှ ဖိုင်တွေအကုန်လုံးကို ဖိုင်တစ်ဖိုင်တည်းအနေနဲ့ စုစည်းပစ်လိုက်ခြင်းဖြစ်ပါတယ်။ File Extension က .nrg (or) .iso ဖြစ်နိုင်ပြီး အဲဒီဖိုင်တွေကို CD ပြန် Burn လို့ရပါတယ်။
လုပ်နည်းကတော့ Image ရိုက်ချင်တဲ့ခွေကို Drive ထဲထည့်၊ Nero ကိုဖွင့်၊ Copy Entire Disc ကိုရွေး၊ Destination Drive မှာ Image Recorder ကိုရွေးပါ။ ပြီးရင် Finish ထိစောင့်ပါ။
Image လုပ်ထားတဲ့ခွေတွေကို ကူးမယ်ဆိုရင်တော့ Nero ထဲမှာ Disc Image or Saved Project ကိုရွေးပါ။ ပြီးရင် Image File ကိုရွေး၊ ခွေလွတ်ထည့်ပေးပြီး ကူးယူနိုင်ပါပြီ။
ခွေမကူးဘဲ စက်ထဲတင်ကြည့်ချင်တယ်ဆိုရင်တော့ Nero Ultra Edition မှာ ImageDrive ဆိုတာပါပါတယ်။ အဲဒါကို Enable လုပ်ပြီး Image File ကို Browse လုပ်ပေးပါ။ Image Drive တွေမသုံးချင်ဘူးဆိုရင်တော့ Power Archiver ဆိုတဲ့ Program နဲ့ Image ဖိုင်တွေကို ကြည့်နိုင်ပါတယ်။
Windows XP ကို USB Memory Stick မှ အသုံးပြုခြင်း
February 27, 2008
iRepairMan
blog ရေးရတာ၊ ကြည့်ရတာတွေ အဆင်ပြေစေဖို့
အားလုံး အဆင်ပြေနိုင်ကြပါစေ။
February 26, 2008
တကယ်ကို ယူကြုံးမရဖြစ်ရပါတယ် ရတနာပုံရေ
ကျေးဇူးတင်ရှိခြင်း
February 18, 2008
Firefox သုံးသူတွေ သတိထားရန်

ကိုယ်က အင်တာနက်ကို ကိုယ့်အိမ်မှာတင်သုံးတယ်ဆိုရင် ကိစ္စမရှိပါဘူး။ တကယ်လို့များ ကဖီးမှာ သုံးရင်တော့ အဲဒီ dialog box ပေါ်လာတဲ့အခါမှာ Never for This Site ဒါမှမဟုတ် Not Now ကိုနှိပ်ပေးပါ။ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင် ခင်ဗျားရဲ့ password တွေဟာ လူတိုင်းကြည့်လို့ရနိုင်တဲ့ အခြေအနေထိဖြစ်သွားနိုင်ပါတယ်။
လူတော်တော်များများက ဒီ dialog box ကို သိပ်သတိမထားတတ်မိကြပါဘူး။ ကျွန်တော် အင်တာနက်ကဖီးတွေသွားသုံးပြီး စမ်းသပ်ကြည့်တဲ့အခါ Remember ခလုတ်ကို နှိပ်ထားတဲ့ သူတွေကို တော်တော်များများတွေ့ခဲ့ရပါတယ်။ ကဲ..ခင်ဗျားက Remember ကိုနှိပ်မိပြီ ဆိုပါတော့။ ဘာလုပ်မလဲ။
Firefox မှာ Tools>Option ကိုသွားပါ။ Security tab ကိုနှိပ်ပါ။ အဲဒီမှာ show passwords ကို နှိပ်ပါ။ ကဲဗျာ.အောက်မှာ Remember ကိုနှိပ်တဲ့သူတွေရဲ့ password တွေနဲ့ အဲဒီ password ကို အသုံးပြုပြီး ၀င်ထားတဲ့ website address တွေပေါ်နေပါပြီ။
ကဲ..အခုပဲ ခင်ဗျားသုံးနေကျ အင်တာနက်ကဖီးဆိုင်သွားပြီး firefox ရဲ့ Remember Password ထဲမှာ ခင်ဗျားနာမည်နဲ့ password ပါနေသလားလို့ သွားကြည့်လိုက်ပါဦး။ ပါနေရင်တော့ Remove All ခလုတ်လေးကိုသာ နှိပ်လိုက်ပါတော့။
February 15, 2008
Print Error
(1) Printer နှင့် Computer ချိတ်ဆတ်ထားခြင်းမရှိပါ။
(2) အရေးကြီးပါက စာရွက်နှင့် ဘောပင်ဆောင်ထားပါ။
OK Cancel
December 30, 2007
အင်တာနက်သုံးတာမြန်အောင်
သဘောတရားက ကျွန်တော်တို့က www.google.com ဆိုပြီး ရိုက်ထည့်တယ်။ ဒါပေမဲ့ နောက်ကွယ်မှာ တကယ်တမ်းသွားနေတာက google.com ဆိုပြီး မသွားဘူး။ IP address ပြောင်းပြီးမှ သွားတာပါ။ google ကိုဖွင့်လိုက်တဲ့အခါမှာ ကွန်ပျူတာက GOOGLE ရဲ့ IP address ဘယ်လောက်လဲဆိုပြီး DNS Server ကိုလှမ်းမေးတယ်။ DNS Server က ပြန်ပို့လိုက်တဲ့ IP Adrress ကိုရတော့မှ browser က အဲဒီ IP address အတိုင်းဖွင့်ပေးတာပါ။
Windows XP မှာ DNS Cache က ဘယ်လိုကောင်းတာလဲဆိုတော့ အဲဒီလို DNS Server က ပြန်ဖြေပေးတဲ့ IP Address တွေကို သိမ်းထားပေးတယ်။ နောက်တစ်ခါ ခင်ဗျားက GOOGLE ကို ဖွင့်တဲ့အခါမှာ GOOGLE ရဲ့ IP ကဘယ်လောက်လဲ ဆိုပြီး DNS Server ကိုလှမ်းမမေးတော့ဘူး။ DNS Cache ထဲမှာပဲ သွားကြည့်လိုက်တယ်။ အဲဒီတော့ Website တက်တာ ပိုမြန်တာပေါ့။
ဒါဖြင့် အဲဒီ DNS Cache ရဲ့ အရွယ်အစားကြီးလေ ပိုများများဆန့်လေမဟုတ်လား။ တိုးကြည့်ရအောင်။
၁။ HKLM\System\CurrentControlSet\Services\Dnscache\Parameters ကိုသွားပါ။
၂။ အောက်ပါ DWORD Value များကို Create လုပ်ပါ။
CacheHashTableBucketSize=1
CacheHashTableSize=180
MaxcacheEntryTtlLimit=ff00
MaxSOACacheEntryTtlLimit=12d
ပြီးရင် Restart လုပ်ပါ။
December 25, 2007
Cloning Hard Disk
December 11, 2007
Pfingo
ပေါင်းစည်းကြပါစို့
December 6, 2007
ဘာဆက်လုပ်ကြမှာလဲ
ကျွန်တော် အခုတစ်လောမှာ ဖြေရှင်းပေးနေရတဲ့ ပြသနာက ဒီပြသနာတွေပါပဲ။ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိဘူးကွာဆိုတဲ့ သူငယ်ချင်းတွေကို ရှင်းပြပေးရ၊ လိုက်ပို့ပေးရ စတာတွေပေါ့။ အခု ဒီဘလော့ဂ်လေးကို ဖတ်နေတဲ့သူတွေထဲမှာလည်း အဲဒီလို ကွန်ပျူတာနဲ့ပတ်သတ်ပြီး ဘာဆက်လုပ်ရမှန်းမသိသေးတဲ့သူတွေအတွက် ကျွန်တော့်အမြင်လေးတွေကို ရှယ်ယာလုပ်လိုက်ပါပြီ။
အဓိကကတော့ ကိုယ့်ဝါဿနာပါ။ ကိုယ့်ကိုယ်ကိုမေးကြည့်ပေါ့ ကိုယ်ဘာဝါဿနာပါလဲ။ A+ လား၊ Network လား၊ Software ရေးတဲ့အပိုင်းလား၊ Web Developer လုပ်ချင်တာလား၊ ဒါမှမဟုတ် Graphic Designer လား၊ Animation ပိုင်း စိတ်ဝင်စားသလား၊ Database ပိုင်း လုပ်ချင်တာလား၊ Audio ပိုင်း လုပ်ချင်သလား၊ Video Editing ပိုင်း လုပ်မှာလားပေါ့။ အများကြီးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကို ဘာဝါသနာပါမှန်း မသိရင် ကိုယ်အမြဲတမ်းလုပ်ဖြစ်နေတဲ့အရာ ပြီးတော့ အဲဒီဟာလေးလုပ်နေရတဲ့အချိန်မှာ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားတဲ့အလုပ်က ကိုယ်တကယ်စိတ်ဝင်စားတဲ့အလုပ်ပေါ့။
သူငယ်ချင်းက ဟေ့ကောင် ဒီသင်တန်းကောင်းတယ်။ ဟိုမှာ လစာဘယ်လောက်ရတယ် လို့ပြောလည်း မမက်မောပါနဲ့။ ရှင်းရှင်းပြောရရင် လစာမက်ပြီး မလုပ်ပါနဲ့။ ကိုယ်တကယ်ဖြစ်ချင်တာကိုပဲ ရွေးပါ။ ပညာကို ခုတုံးလုပ်ပြီး ငွေရှာတယ်ဆိုတာရှက်စရာကောင်းပါတယ်။ ကိုယ်ကသာ တကယ်တော်နေရင် အဲဒီငွေတွေက ကိုယ့်ဆီ အလိုလိုရောက်လာမှာပါ။
နောက်တစ်ခုရွေးရမှာက Local အတွက်လား၊ Global အတွက်လား။ နိုင်ငံခြားမှာဆိုရင်တော့ Programmer တွေ Web Developer တွေ Network Engineer တွေက အလုပ်အကိုင်ပေါပါတယ်။ ကိုယ်က တကယ်တတ်ထားဖို့လည်း လိုတဲ့အပြင် International Level Certificate တစ်ခုရထားရမယ်။ ပြီးတော့ e ကောင်းရမယ်။
နောက်တစ်ခုကဇွဲပါ။ အရေးကြီးပါတယ်။ တစ်ခုခုကို ရွေးချယ်ပြီးသွားပြီဆိုရင် အဲဒါကိုပဲ ဇောက်ချလုပ်ရမှာပါ။ ကိုယ်က Animation လုပ်နေတယ်၊ networking ကို သွားစိတ်မ၀င်စားနဲ့။ ကိုယ်လိုင်းမဟုတ်ရင် ကိုယ်နဲ့ဘာမှမဆိုင်သလို နေတတ်ရပါတယ်။ ကိုယ့်ကွန်ပျူတာမှာ တင်ထားတဲ့ software ကအစ Animation software မဟုတ်ရင် ဖြုတ်ပစ်လိုက်။ အဲသည်လိုကို စိတ်ပြတ်နိုင်ရမှာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောဖူးသလိုပေါ့။ ကွန်ပျူတာပညာရပ်တစ်ခုစီဟာ မြင်းတစ်ကောင်စီနဲ့ တူတယ်တဲ့။ အဲဒီတော့ တစ်ချိန်တည်းမှာ မြင်းတစ်ကောင်တည်းပဲစီးတဲ့။ နှစ်ကောင်စီးရင်တော့ ပေါင်ကားပြီး သေမှာတဲ့။
နောက်တစ်ခုကတော့ ကိုယ်တိုင်လေ့လာအားထုတ်လိုစိတ်ရှိမှုပါ။ သင်တန်းတွေမှာ သင်ပေးလိုက်တာနဲ့ လုံးဝ လုံးဝ မလုံလောက်ပါဘူး။ ကိုယ်တိုင် ဆက်ပြီးလေ့လာရမှာပါ။ စာအုပ်တွေဖတ်ရမယ်။ စီဒီခွေတွေ ၀ယ်ရမယ်။ အင်တာနက်သုံးရမယ်။ ကိုယ်တတ်ထားတဲ့နည်းပညာနဲ့ အဆက်မပြတ်အောင် အမြဲကြည့်နေရပါမယ်။ ပြီးတော့ ကိုယ်သင်တန်းတတ်တဲ့ဆီကနေပေးလိုက်တဲ့ ပညာကို အသုံးချနိုင်မယ့် နေရာကိုရှာပါ။ ဥပမာ A+ သင်တန်းတက်ပြီးသားဆိုရင် Service Center တစ်ခုမှာ ၀င်လုပ်တာမျိုးပေါ့။
နည်းနည်းရှည်သွားပြီဗျာ..ဆက်ရေးစေချင်ကြရင်တော့ နောက်မှ ဆက်ရေးပါ့မယ်။
December 3, 2007
Microsoft Word 2003 မှာ Zawgyi-One ရိုက်ရတာ အဆင်ပြေအောင်...
၁. အဲဒီဖိုင်ကို download အရင်လုပ်ပါ... download လုပ်ပြီးပြီ ဆိုရင် အဲဒီ ဖိုင်ကို copy လုပ်ပါ... Microsoft Office Suite ထဲမှာပါတဲ့ Program အကုန်ကို ပိတ်ထားပါ...
၂. C:\Documents and Settings\***user အမည်***\Application Data\Microsoft\Templates ထဲကိုသွားပါ...
***user အမည်*** နေရာမှာ မိမိ လက်ရှိသုံးနေတဲ့ user name ဖြစ်ရပါမယ်...
၃. အဲဒီ folder ထဲမှာရှိနေတဲ့ normal.dot ဖိုင်ကို select ပေး၊ F2 လေး နှိပ်ပြီး normal_org.dot ဆိုပြီး ဖိုင်နာမည် ပြောင်းလိုက်ပါ...
၎. paste လုပ်ပါ... download လုပ်ထားတဲ့ normal.dot ဆိုတဲ့ ဖိုင်ရောက်လာပါလိမ့်မယ်... အဲဒီ folder ထဲမှာ normal.dot နဲ့ normal_org.dot ဆိုပြီး ဖိုင် ၂-ဖိုင် အနည်းဆုံးရှိရပါမယ်...
၅. ဒါဆိုရင် Microsoft Word ကို သုံးလို့ရပါပြီ... Microsoft Word ကို ဖွင့်လိုက်ရင် "Normal ဇော်ဂျီ..." ဆိုပြီး မြင်ရပြီဆိုရင် Zawgyi-One ကို အဆင်ပြေစွာ သုံးလို့ရပါပြီ..
Posted By Mg Hla (blog.mghla.com)
Myanmar IT Professionals
I found this website on the internet journal. So good. The Founder of this website is Ko Chit. Created using Ning Social Network Website Creator. Contents are member profile, forum, groups, share video, share photo. Let see there! Address is www.myanmaritpros.com
November 16, 2007
Social Networking
ဒါ့ကြောင့် သင်ဟာအင်တာနက်ကို စသုံးပြီဆိုတာနဲ့ ကမ္ဘာအနှံမှာ သင့်လိုပဲအင်တာ နက်ကို သုံးစွဲနေတဲ့သူသန်းပေါင်းများစွာရှိနေတယ်ဆိုတာ သတိရပါ။ အဲဒီလူအများကြီးထဲကမှ သင့်ရဲ့ဖူးစာရှင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေကို လွယ်လွယ်ကူကူရှာဖွေချင်တယ်ဆိုရင် တော့ social network တွေကို မသုံးမဖြစ်သုံးရပါတော့မယ်။
Social network ဆိုတာ အင်တာနက်ပေါ်ကနေ အလွယ်တကူမိတ်ဆွေဖွဲ့ ဖို့စီစဉ်ထား တဲ့ဝက်ဒ်ဆိုဒ်တွေကို ပြောတာပါ။
ဥပမာ…. www.hi5.com
www.orkut.com
www.friendster.com စသဖြင့်ရှိပါတယ်။
www.hi5.com ဆိုရင် ကိုယ်တွေ့ချင်သူရဲ့အသက်၊ နေထိုင်တဲ့မြို့ (သို့မဟုတ်) နိုင်ငံနဲ့ ကျား/မ ရွေးချယ်ထည့်သွင်းပေးတာနဲ့ အဲဒီ့အချက်အလက်နဲ့ ကိုက်ညီတဲ့သူရာနဲ့ချီပြီး ဖေါ်ပြပေးပါတယ်။
ဓါတ်ပုံတွေလည်းပါလာတတ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အကြောင်းအရာအသေးစိတ်သိချင်ရင် တော့ ကိုယ်ကိုယ်တိုင်က ဒီ website မှာ register လုပ်ဖို့လိုပါတယ်။ Register လုပ်တဲ့အခါ ကိုယ့်ရဲ့နာမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ email၊ ဝါသနာစသဖြင့် အခြေခံအားဖြင့်ထည့်ပေးရပါ တယ်။ ကိုယ့်ဓါတ်ပုံထည့်ချင်လည်းရပါတယ်။ ကိုယ့် email ကိုမမြင်ရအောင်ထားလို့လည်းရပါ တယ်။ တချို့ website တွေက ကိုယ့်ရဲ့ အချက်အလက်တွေကို အသေးစိတ်တောင်းတတ်ကြပါ တယ်။ ဒီလိုအချက်အလက်တွေ ဖြည့်တဲ့အခါ ကိုယ်ဘက်က အမှန်အကန်မိတ်ဆွေတွေနဲ့ ခင်ချင်ရင် ကိုယ့်အကြောင်းကို မှန်မှန်ကန်ကန် ဖြည့်ပေးဖို့ အကြံပြုလိုပါတယ်။ ဒါမှ ရေရှည်မှာ ပွင့်ပွင့်လင်းလင်းနဲ့ မိတ်ဆွေဖြစ်နိုင်မှာပါ။
ဒီလိုလုပ်ပြီးပြီဆိုရင်တော့ ကိုယ့် email ကိုပြန်စစ်ကြည့်သင့်ပါတယ်။ များသောအားဖြင့် ကိုယ် register လုပ်ထားတဲ့ social network ဆိုဒ်ကနေ အကြောင်းကြားစာပို့ပေးတတ်ပါ တယ်။ တခါတခါ အဲဒီအကြောင်းကြားစာမှာ ကိုယ်ဒီဝက်ဒ်ဆိုဒ်မှာ register လုပ်ထားတာ သေချာလားဆိုတဲ့ အတည်ပြုစာမျိုးပါလာတတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် အခြားသူတစ်ဦးက ကိုယ့်ရဲ့ email လိပ်စာကိုသုံးပြီး register လုပ်ခွင့်ရသွားတာမျိုးမဖြစ် အောင်လို့ပါ။
Register လုပ်ပြီးပြီဆိုရင်တော့ ကိုယ်သိချင်တဲ့ သူရဲ့အကြောင်း (Profile) တွေကိုကြည့်လို့ ရပါပြီ။ သဘောကျတယ်၊ ခင်တယ် ဆိုရင် message တွေပို့ လို့ရပါတယ်။ ဒီ social network တွေမှာ member အချင်းချင်းပဲပို့လို့ရတဲ့ email စနစ်တွေရှိတတ်ပါတယ်။ message ပို့ပြီးဆက်သွယ်ရတာလောက်နဲ့ အားမရဘူး၊ ဓါတ်ပုံတွေ၊ videoတွေ၊ ကိုယ်ပိုင် Blog တွေပါ ဝေမျှချင်တယ်ဆိုရင်တော့ www.myspace.com, 360.yahoo.com, www.multiply.com လို အနည်းငယ်ရှုပ်ထွေးပေမယ့် ပိုမိုစုံလင်တဲ့ functions တွေပါတဲ့ social network တွေသုံးသင့်ပါတယ်။
Function တစ်မျိုးတည်း (ဓါတ်ပုံသက်သက်၊ video သက်သက်) ပဲ share လုပ်ရတာ စိတ်ဝင်စားရင်တော့ content communities တွေသုံးကြည့်ပါ။ ဓါတ်ပုံဝါသနာပါတဲ့ သူတွေအတွက် www.flickr.com ၊ video တွေအတွက် www.youtube.com တို့ရှိကြပါတယ်။ ဒါအပြင် ကိုယ်ကြိုက်တဲ့ web site အကြောင်းနဲ့ အဲဒီ website တွေထဲမှာပါတဲ့ အကြောင်းအရာတွေဝေမျှချင်ရင်တော့ www.digg.com, www.stumbleupon.com, www.del.iciou.us, www.slashdot.org စတဲ့ website တွေကိုအသုံးပြုလို့ရပါတယ်။ သူများတွေတင်ထားတဲ့ ဓါတ်ပုံ၊ video တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ၊ ကိုယ့်အမြင်သူ့အမြင်တွေကို ပျော်ပျော်ရွှင်ရွှင်ရင်ဖွင့်ရေးသားနိုင်ပါတယ်။ ဒီနေ့ internet ခေတ်မှာဒီလို social network တွေ၊ content communities တွေသုံးတဲ့အတွက် နိုင်ငံအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းအသစ်တွေ ဗဟုသုတအသစ်တွေ တိုးပွားစေနိုင်သလို ကမ္ဘာကြီးဟာကျဉ်းကျဉ်းလေးပါလားဆိုတဲ့ ခံစား ချက်လေးလည်း ရရှိလာမှာဖြစ်ပါတယ်။
(social network တွေရဲ့ စာရင်းကို wikipedia မှာ ဒီ (URL)ကိုကြည့်နိုင်ပါတယ်။)
http://en.wikipedia.org/wiki/List_of_social_networking_websites
Post From http://mynetclass.blogspot.com
Wikipedia
Wikipedia ဆိုတာကတော့ ဘာသာစကားမျိုးစုံပါဝင်တဲ့ အင်တာနက်ပေါ်က အခမဲ့ လွတ်လပ်စွယ်စုံကျမ်းပါ။ ဒီစွယ်စုံကျမ်းကြီးမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို မည်သူမဆို လွတ်လပ်စွာ ဖတ်ရှုနိုင်သလို ကိုယ်တိုင်လည်း ပါဝင်ရေးသားနိုင်ပါတယ်။ ဘာသာစကား အသီးသီးနဲ့ ပါဝင်ရေးသားကြပြီး သင်ကိုယ်တိုင်လည်း wikipedia ရဲ့ တစိတ်တပိုင်းအဖြစ် လိုနေသေးကြောင်းကို wikipedia website ရဲ့ home page မှာ အပိုင်းအစလေးတွေကို ဆက်ပြီး ပုံဖော်ရတဲ့ Jigsaw ကစားနည်းလေးနဲ့ ပုံဖော်ထားတာတွေ့ ရမှာပါ။ Wiki ကို ၂၀၀၁ ဇန်နဝါရီမှာ ဂျင်မီဝေးလ်စ် နဲ့ လာယ်ရီစင်းဂါ တို့က ဖန်တီးခဲ့တာပါ။
တချိန်တုန်းကတော့ စွယ်စုံကျမ်းဆိုရင် ဘာသာရပ်ကျွမ်းကျင်သူတွေ၊ တက္ကသိုလ် ပါမောက္ခတွေက နှစ်ပေါင်းများစွာ ရေးသားပြုစုပြီး စာအုပ်အကြီးကြီးတွေနဲ့ အတွဲလိုက် ပုံနှိပ်ကြတယ်၊ ဒေါ်လာ ရာနဲ့ချီ၊ ထောင်နဲ့ချီပြီးပေးရပါတယ်၊ Britannica စွယ်စုံကျမ်းကတော့ နာမည်အကြီးဆုံးပေါ့။ computer ခေတ်ရောက်လာတော့ စာအုပ်တွေအစား CD-ROM တွေပေါ်လာတယ်။ Microsoft ကထုတ်တဲ့ Encarta စွယ်စုံကျမ်းCDက ထိပ်ဆုံးကပါ ။ ဒါပေမဲ့ အရင်တုန်းက အကြောင်းအရာတွေကို စာရွက်ပေါ်ကနေ CD အဖြစ်အသွင်ပြောင်းလိုက်တာပဲ ရှိတာပါ။ Britannica မှာ ဆောင်းပါးပေါင်း ၈၀,၀၀၀ လောက်ပဲရှိရာက Microsoft Encarta မှာတော့ တစ်သိန်းကျော်လောက်ထိ ပါလာပါတယ်။
ထူးခြားတဲ့အပြောင်းအလဲကတော့ အင်တာနက်ကို သုံးပြီးဖတ်ရှုလို့ရအောင်လုပ်ခဲ့တဲ့ wikipedia ပါ။ အစမှာတော့ အရင်ပုံစံ စွယ်စုံကျမ်း တစ်ခုဖြစ်တဲ့ Nupedia နဲ့ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စွယ်စုံကျမ်းကို project ပုံစံပြောင်းပြီး လူတိုင်းပါဝင်မှုကို ဖိတ်ခေါ်ထားပါတယ်။ လူတစ်ယောက်က မိမိ နှံစပ်ကျွမ်းကျင်တဲ့ အကြောင်းအရာတစ်ခုကို စရေးတယ်၊ တခြားတ ယောက်ကလည်း အဲဒီအကြောင်းအရာကို ပိုသိတယ်ဆိုရင် ဝင်ပြီးဖြည့်ရေးနိုင်ပါတယ်။ အဲလိုပဲ ကိုယ်ကလည်း တခြားသူရေးထားတဲ့ အကြောင်းအရာကို လိုနေတယ်ထင်ရင် ထပ်ပြီးဖြည့်စွက် နိုင်တယ်။ မှားနေရင်လည်း ပြင်ပေးလို့ရပါတယ်။ တကယ်လို့ အချက်အလက်တစ်ခုက အငြင်းပွားစရာဖြစ်နေရင်လည်း discussion ကဏ္ဍမှာဆွေးနွေးနိုင်ပါတယ်။
ကိုယ်က ခေါင်းစဉ်သစ်တစ်ခုကို စရေးမယ်ဆိုရင်တော့ wikipeida website မှာ register လုပ်ဖို့လိုပါတယ်။ ရှိပြီးသားခေါင်းစဉ်ကို ထပ်ဖြည့်ဖို့ဆိုရင်တော့ ဆောင်းပါးထဲမှာ edit ဆိုတဲ့ နေရာလေးတွေကို နှိပ်လိုက်ရင် ရေးလို့ရမဲ့နေရာဆီ ရောက်သွားပါလိမ့်မယ်။ ဆောင်းပါး အသစ်တွေဟာ ဆီလျှော်တဲ့အကြောင်းအရာဖြစ်မဖြစ်၊ အချက်အလက်မှန်ကန်မှုရှိမရှိ ကိုတော့ စိစစ်ပါတယ်။
Wikipedia ကိုယခုချိန်ထိ ဘာသာစကားပေါင်း (၂၅၃) မျိုးနဲ့တွေ့ နိုင်ပါတယ်။ မြန်မာဘာသာ အပါအဝင်ပေါ့။ ဆောင်းပါးအားလုံးစုစုပေါင်း ၇.၅သန်း ရှိနေပါပြီ။ အင်္ဂလိပ်ဘာသာနဲ့ချည်းပဲ ဆောင်းပါး ၁.၈၄ သန်းလောက်ရှိတယ်။ ထပ်ပြီးလဲ တိုးလာနေ ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ wiki ကို en.wikipedia.org ၊မြန်မာက my.wikipedia.org နဲ့ တိုက်ရိုက်သွားလို့ရပါတယ်။ wiki ရဲ့ main နေရာဖြစ်တဲ့ www.wikipedia.org မှလည်း အခြားဘာသာတွေကို သွားလို့ရပါတယ်။
ကိုယ်လိုချင်တဲ့ အကြောင်းအရာ၊ အချက်အလက်ကို Search ဆိုတဲ့နေရာလေးမှာ ရိုက်ထည့်ပြီး ရှာရမှာပါ။ ရှေ့ စာမျက်နှာမှာတော့ နေ့တိုင်းအတွက် အကောင်းဆုံး ဆောင်းပါး၊ ဓါတ်ပုံ၊ မွေးနေ့ရှင်အဆိုအမိန့်တွေနဲ့ သတင်းအတိုအထွာလေးတွေကို ထုတ်ပေးထားပါတယ်။ ဆောင်းပါးတစ်ပုဒ်ကိုဖတ်ပြီဆိုရင် အဲဒီအကြောင်းအရာထဲက ဝေါဟာရတွေ၊ စကားလုံးတွေမှာ သီးခြားဆောင်းပါး ရှိရင်လည်း အပြာရောင်လေးတွေ ပြပြီးချိတ်ဆက်ထားပါတယ်။ တခြားဆက်စပ်နေတဲ့ ခေါင်းစဉ်တွေကိုလည်း အောက်ဘက်က See also နေရာမှာပေး ထားတယ်။ ဒီ့ပြင် တခြား websites ကောင်းတာတွေကိုလည်း External Links အနေနဲ့ လမ်းညွှန်ထားပါတယ်။ ကျမ်းကိုးစာရင်း References တွေကိုလည်းဖော်ပြထားပါတယ်။ သာမန်လူတစ်ဦးကလည်း ဝင်ရေးနိုင်တဲ့ စွယ်စုံကျမ်းက စိတ်ချနိုင်မှုရှိပါ့မလားဆိုပြီး မေးခွန်းထုတ်ကြပေမဲ့ လူအများစုရေးကြတာဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုထိ ပြည့်စုံ မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ လွတ်လပ်ပြီး လူတိုင်းပါဝင်နိုင်မှုကို အဓိက ထားတဲ့အတွက် အချက်အလက်တွေက ကိုယ့်အတွက် တကယ်အသုံးဝင်မဝင်ကိုတော့ ကိုယ်တိုင် ချင့်ချိန်ဖို့ အားပေးထားပါတယ်။
Wikipedia မှာ စွယ်စုံကျမ်းအပြင် တခြားစီမံကိန်းတွေလည်းရှိပါသေးတယ်။ ဘာသာမျိုးစုံ အဘိဓါန် wiktionary ၊ အဆိုအမိန့်တွေစုထားတဲ့ wikiquote ၊ online သင်ယူနိုင်တဲ့ wikiversity နဲ့ တခြား wiki ရဲ့ အလားတူ sister projects တွေကိုလည်းလေ့လာနိုင်ပါတယ်။ ကမ္ဘာ့မြေပုံပေါ်မှာ ကိုယ့်အိမ်နေရာလေးထည့်ချင်ရင်တော့ www.wikimapia.org မှာညွှန်းပေးလို့ရပါတယ်။ လူကြည့်အများဆုံး websites တွေကို စာရင်းပြုစုတဲ့ www.alexa.com ရဲ့အဆိုအရ wikipedia ဟာယခုလက်ရှိ လူကြည့် အများဆုံးထိပ်ဆုံး ၁၀ စာရင်းဝင်ပါ။ တခြားစွယ်စုံကျမ်း တွေကိုလေ့လာချင်ရင်တော့ wiki ကိုအရင်သွားပြီး list of encyclopedias ဆိုပြီးရှာကြည့် လိုက်ပါ။ တကမ္ဘာလုံးက အမျိုးအစားစုံလင်တဲ့ စွယ်စုံကျမ်းစာရင်းကိုတွေ့ရမှာပါ။
Open Courseware
ကျောင်းအပ်တဲ့အနေနဲ့လုပ်ရမှာက MIT web site မှာ register လုပ်ရုံပါပဲ။ သင်ခန်းစာတွေမှာ assignmentတွေ၊ projectတွေ လုပ်ရလေ့ရှိပါတယ်။ တချို့သင်ရိုးတွေက စာမေးပွဲတွေဖြေရတယ်။ သင်ခန်းစာရှင်းလင်းချက်တွေကို ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ download ကူးယူပြီးလေ့လာနိုင်တယ်။ တချို့သင်ခန်းစာတွေကတော့ မှတ်စုနဲ့ အမေးအဖြေတွေပဲပေးပါတယ်။ MITတက္ကသိုလ်ပါမောက္ခတွေ ရေးတဲ့ ပြဌာန်းစာအုပ်တွေလဲရှိတယ်။ Simulations (သရုပ်ပြပရိုဂရမ်)တွေ၊ Power Point presentation တွေနဲ့လဲ ရှင်းလင်းထားပါတယ်။ ကျောင်းသားအချင်းချင်းတိုင်ပင်ဆွေးနွေးဖို့ကိုလဲ discussion groupတွေနဲ့ လုပ်လို့ရတယ်။ OCW သင်ရိုးတွေက ဘွဲ့ ချီးမြှင့်မှာမဟုတ်ကြောင်းကိုတော့ ပြောထားပါတယ်။
အခုဆိုရင် MIT အပြင် တခြားနေရာတွေမှာလဲ OCW လှုပ်ရှားမှုတွေရှိနေပါပြီ။ OCW လေ့လာနိုင်တဲ့နေရာတွေကတော့…….
http://ocw.mit.edu (Massachusetts institute of Technology OCW)
http://ocw.usu.edu (Utah State University OCW)
http://ocw.jhsph.edu (Johns Hopkins School of Public Health OCW)
http://ocw.tufts.edu (Tufts University OCW)
http://ocw.fhda.edu (Foothill – De Anza Community College SOFIA)
http://ocw.cmu.edu/oli/ (Carnegie Mellon Open Learning Initiative)
MIT ကသင်ရိုးတွေကို တရုတ်၊ ဂျပန်နဲ့ တခြားဘာသာတွေကိုလည်း ပြန်ဆိုထားပါတယ်။ Open Courseware တွေကို ကျောင်းသူကျောင်းသားတွေအပြင် ဆရာ၊ဆရာမတွေလည်း ကိုးကားဖို့ ခွင့်ပြုထားပါတယ်။ Open Courseware နည်းတူတခြားအဖွဲ့အစည်းတွေကလည်း Open Educational Resources၊ Development Gateway ဆိုပြီး knowledgeတွေကို shareလုပ်ထားတာ တွေလဲရှိပါသေးတယ်။ topics.developmentgateway.org, www.dgfoundation.org တို့မှာလေ့လာ နိုင်ပါတယ်။
Post From http://mynetclass.blogspot.com
About File Hash
ဒါနဲ့ အဲဒါ ဘာလဲပေါ့။ လိုက်ရှာကြည့်တော့ လားလား download ပြဿနာကြီးကို လုံးဝရှင်းပေးတဲ့နည်းပဲဗျ။
သဘောက ဖိုင်တစ်ဖိုင်မှာ သူ့ရဲ့ size ပေါ်မူတည်ပြီး Hash value တွေပြောင်းသွားတယ်။ အဲဒီဖိုင် ပြည့်စုံမှု ရှိမရှိဆိုတာ File Hash ကိုကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။ ခင်ဗျားက Website တစ်ခုကနေ File download လုပ်မယ်ဗျာ။ အဲဒီ Website မှာ အဲဒီဖိုင်အတွက် Hash value ပေးထားမယ်။ ခင်ဗျား download လုပ်လိုက်တဲ့ File ရဲ့ Hash value နဲ့ Website မှာ ပြထားတဲ့ Hash value တူကိုတူရမယ်။ မတူရင် အဲဒီဖိုင် download လုပ်တာ မပြီးဘူးလို့ယူဆလို့ရပါတယ်။
File Hash တွက်နည်းတွေ အများကြီးရှိပါတယ်။ MD5, SHA1, CRC32 စသည်ဖြင့်ပေါ့။ MD5 က အသုံးများတယ်။ File Hash တွက်ပေးတဲ့ Program ထဲမှာ www.beeblebrox.org က ထုတ်တဲ့ Hash Tabက အကောင်းဆုံးပဲ။ Windows Shell Extension လည်းဖြစ်တယ်။ File ကို Right Click နှိပ်၊ Properties ရွေးပြီး File Hash ကို ရွေးလိုက်ရုံပဲ။ Compare လုပ်ဖို့အတွက် Compare button လေးပါပါတယ်။ download လုပ်ဖို့အတွက်တော့ http://www.beeblebrox.org/hashtab/ ကိုသွားလိုက်ပါဦး။်
November 14, 2007
One click to stop windows xp services
Download Stop Services Batch File
ကွန်ပျူတာအမြန်နှုန်းမြင့်စေဖို့ လုပ်ဆောင်သင့်သောအချက်များ
၁။ File Indexing ကို Disable လုပ်ထားပါ
ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော်ပါလိမ့်မယ်။ Disable လုပ်တဲ့နည်းကတော့
Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။
Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလိုအပ်တာတွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ်ဆိုရင်တော့
Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။
တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။ ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်မိပါစနေဲ့။
Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့
Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services> Temporary Folder အတိုင်း သွားပါ။
ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့။
Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့
Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။
Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။ ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့
Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။
Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့
Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။
November 13, 2007
အကောင်းဆုံး Antivirus
November 12, 2007
Driver backup လုပ်ဖို့
November 10, 2007
7zip
Internet Bandwidth တွေတိုးလိုက်ပြီ
Website တွေဘယ်လိုပိတ်တာလဲ
ပထမဆုံး နောက်ခံသီအိုရီလေးအရင်ရှင်းပြပါရစေ။ အခု ခင်ဗျားတို့သိတဲ့ MPT တို့ ၊ BaganNet(အခု MTP) တွေကို ISP လို့ခေါ်ပါတယ်။ အဲဒီ ISP တွေမှာ Server ကွန်ပျူတာ နှစ်မျိုးထား ရှိပါတယ်။ DNS Server နဲ့ Proxy Server ပါ။ DNS ကတော့ ဒီ ကျော်တာခွတာနဲ့ မဆိုင်လို့ မပြောတော့ပါဘူး။ အဓိကက Proxy Server ပါ။ Proxy ကို ဘာသာပြန်ရင် ကိုယ်စားလှယ်လို့ ခေါ်နိုင်ပါတယ်။ ဒါဖြင့် ဘာကိုယ်စားလှယ်လဲ။ ဟုတ်ကဲ့..Website ကိုယ်စားလှယ်ပါ။ ဥပမာ ကျွန်တော်တို့က www.microsoft.com ကို ၀င်ကြည့်တယ်ဆိုပါတော့။ အဲဒီ Microsoft ဆိုဒ်ကြီးကို သိမ်ထားတဲ့ကွန်ပျူတာ တနည်းအားဖြင့် Microsoft Web Server က သူ့ဆိုဒ်ကြီးကို ကျွန်တော်တို့ဆီလှမ်းပို့ပေးလိုက်မယ်။ စဉ်းစားကြည့်ဗျာ Microsoft နဲ့ ကျွန်တော်တို့ကအဝေးကြီး။ အရမ်းကြာမှပေါ့မဟုတ် ဘူးလား။ အဲဒီလိုမကြာအောင် ဒီMPT မှာရှိတဲ့ Proxy Server က Microsoft website ကိုကြိုပြီးယူထားတယ်။ ကျွန်တော်တို့က Microsoft Website လိပ်စာရိုက်လိုက်တာနဲ့ အရင်လို Microsoft Web Server ကနေ လှမ်းမယူတော့ပဲ အဲဒီ Proxy Server က သူ့ထဲမှာရှိတဲ့ Microsoft Website ကို ကျွန်တော်တို့ဆီပို့ပေးလိုက်တယ်။ ပိုမြန်သွားတာပေါ့မဟုတ်ဘူးလား။
Website ပိတ်တယ်ဆိုတာ ဒီနေရာမှာလာပါပြီ။ ဒီ Proxy Server ဆီ request လုပ်တဲ့ address တွေထဲမှာ သူတို့ပိတ်တဲ့ Site ရဲ့ address လေးပါလာပြီဆိုရင် Proxy server က ထုတ်မပေးတော့ဘူး။ ကဲ..အဲဒီတော့ ကျွန်တော်တို့က ကြည့်မရတော့ဘူးပေါ့။ဒါဖြင့် ဘယ်လိုကျော်မှာလဲ။ လွယ်လွယ်လေးပါ။ MPT က Proxy Server ကိုမသုံးဘူးပေါ့။ နိုင်ငံခြားက Proxy Server ကိုလှမ်းသုံးမှာပေါ့။
ဘယ်လိုသုံးရတာလဲဆိုတော့ နှစ်နည်းရှိပါတယ်။ တစ်ခုက CGI Proxy သုံးတာ၊ နောက်တစ်ခုက Proxy Switch Program တွေသုံးပြီး ကျော်တာပါ။ လွယ်တာက CGI Proxy ကလွယ်တာပါ။ CGI Proxy Website ကိုဖွင့်၊ ကိုယ်ကျော်ချင်တဲ့ Site ရဲ့လိပ်စာရိုက်ထည့်လိုက်ရုံပဲ။Google ထဲမှာ CGI Proxy လို့ရိုက်ထည့်လိုက်ရင် CGI Proxy Site တွေအများကြီးထွက်လာမှာပါ။
နောက်တစ်ခုက Proxy Switch Program ပါ။ ဥပမာ Your Freedom ပေါ့။ သူကတော့ ကမ္ဘာတစ်ဝန်း အားနေတဲ့ Proxy Server တွေကို အလိုလိုရှာပေးတယ်။ ပိတ်ထားတဲ့ Site တွေကို Auto ကျော်ပေးပါတယ်။ Configuration လုပ်ရတာတော့ နည်းနည်းလက်ဝင်ပါတယ်။ ပြီးတော့ Connection က နှေးသွားပါတယ်။
November 9, 2007
P4 ပြီးတော့ ဘယ်လိုခေါ်မလဲ
November 8, 2007
Portable Application တွေအကြောင်း
ခင်ဗျားတို့လည်းတွေ့မှာပါ။ ကွန်ပျူတာဂျာနယ်နောက်ကျောဖုံးမှာ စီဒီဖိုရမ်ကကြော်ငြာကိုလေ။ အဲဒီထဲမှာ USB Drive ကနေတိုက်ရိုက်သုံးလို့ရတဲ့ AutoCAD တွေဘာတွေ စသည်ဖြင့်ရေးထားတာလေ။ အဲဒါ portable application တွေပဲ။ အခုနောက်ပိုင်း ဗိုင်းရပ်စ်တွေဆိုးရွားလာတော့ ကျွန်တော်က ကျွန်တော့် Memory Stick ထဲ Antivirus Software လေးထည့်ထားလိုက်တယ်။ ဗိုင်းရပ်စ်ရှိတဲ့စက်ထိုးလည်း ကိစ္စမရှိဘူး။ Automatic ကာကွယ်ပြီးသားပဲ။
ကဲ..ကဲ ကျွန်တော်ဒီလောက်ညွှန်းနေမှတော့ သုံးချင်လာပြီနဲ့တူတယ်။ အလကားရတယ်နော်။ ဘယ်မှာလဲဆိုတော့ www.portableapps.com
Add and show lyrics in Windows Media Player 11
You can add lyrics to music files in Windows Media Player that appear in the Now Playing tab as you play the files. Lyrics can be either static or synchronized: Static lyrics appear all at once as text that you can scroll through as the file plays; synchronized lyrics appear at the times you set as the file plays.
- Navigate to a Web site that includes song lyrics and locate the artist, album, and songs for which you want lyrics. If you can't find the lyrics, or if you want to create your own lyrics, type them in a word processor or text editor.
- Select the text of the lyrics and copy it to the Clipboard by pressing CTRL+C.
- In the Player, click the Library tab, and then browse to the file that you want to add lyrics to.
- Right-click the file, and then click Advanced Tag Editor.
If the Advanced Tag Editor command is not available, remove the Read Only property from the file. To do so, find the file on your computer, right-click the file, click Properties, and then clear the Read-only check box.
- Click the Lyrics tab, and then click Add.
- In the Language box, click the language that you want.
- Paste the lyrics into the Text box.
The easiest way to add synchronized lyrics is to convert a copy of the static lyrics for a song by using Advanced Tag Editor.
- Follow the steps in the procedure above to add static lyrics, being sure to press ENTER after each line of verse.
- In the Lyrics tab of the Advanced Tag Editor, click Synchronized Lyrics.
- Wait for the Player to load the static lyrics data into the timeline area. Each line of static lyrics is assigned a time on the timeline.
- Adjust the time values to synchronize the lyrics to the vocals in the song. To do so, click the value in the Time column for a verse, click Edit, and then type a new time value.
You can test how closely the updated time values match the song's vocals by clicking a time value, and then clicking Play. The song will play starting at the new time. Repeat this step until you are satisfied with the synchronization.
- To add more lyrics, click Add in the timeline area. A new entry appears in the timeline area with an arbitrary assigned time on the left, and the text Type lyric here on the right.
- Add the text you want and synchronize the time to match the vocals.
- Add additional lyrics if you want, and then click OK.
- Click Apply, and then click OK.
- Click the Play menu, point to Lyrics, Captions, and Subtitles, and then click On if Available.
- Begin playing the file that contains lyrics, and then click Now Playing. The lyrics appear at the bottom of the pane.
If a file has both captions and lyrics, only the captions are displayed. If a file has both synchronized and static lyrics, the static lyrics are displayed until the time value for the first synchronized verse is reached, then the synchronized lyrics will replace the static lyrics. You can delete the static lyrics if you only want the synchronized lyrics to appear.
August 17, 2007
August 12, 2007
What is That Files
Download FLV Player Here [Click]
Post From Nyilynnseck.blogspot.com
What is That Files
Codes for Searching Music in Google
သီချင်း သီဆိုသူ နာမည်နဲ့ ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်ကို သုံးရပါမယ်။ နောက်က အနီပြထားတဲ့ ကုဒ်နေရာလေးမှာ ကိုယ်ရှာချင်သူကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ mp3 မဟုတ်ဘဲ wma ဖိုင်အမျိုးအစား လိုချင်တယ်ဆိုရင်လည်း ပြောင်းပေးရမှာ ဖြစ်ပါတယ်။
တစ်ခုသိရမှာက ဒီလို ရှာတာဟာ ဆိုဒ်တစ်ခုရဲ့ Directory ကိုတိုက်ရိုက် ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ ဆိုဒ်တွေက Access Denined ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှာရပါတယ်။ ကောင်းတာက တခြား အမ်ပီသရီး ဆိုဒ်တွေကလို ဗိုင်းရပ်စ်တွေ စပိုင်ဝဲယားတွေ မကပ်နိုင်တာပါ။ ရှားရှားပါးပါး သီချင်းတစ်ပုဒ်ကို ရှာမရ ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စမ်းကြည့် နိုင်ပါတယ်။ သာမန် အမ်ပီသရီး ဖိုင်တွေကတော့ အလွယ်တကူ ရှာနိုင်ကြမှာပါ။
Post From nyilynnseck.blogspot.com
Lingoes Dictionary
ဘူး။ အဲဒီခွေလိုချင်လိုက်တာလို့ တောင့်တမိခဲ့သေးတယ်။
စမ်းကြည့်ပါ။ ခင်ဗျားရဲ့ English skill တိုးတက်ဖို့အတွက်ပေါ့။
www.lingoes.com
August 11, 2007
Zawgyi-one Web Text Editor
တယ်။ အဲဒီမှာ ဒုက္ခတွေ့ရတာက ဆိုင်ကတစ်ချို့စက်တွေမှာက Unicode တင်မထားဘူး။ အဲဒီတော့ဘာမှရေးမရတော့ဘူးလေ။ အဲဒါနဲ့ လှည့်ပတ်ရှာရင်းနဲ့ Zawgyi-One Web Text Editior ကိုတွေ့သွားပါတယ်။ မဆိုးဘူးဗျ။ Unicode တင်မထားလည်း သူ့ထဲမှာစာရိုက်လို့ရတယ်။ စာရိုက်ပြီးရင် Copy လုပ်၊ ပြီးတော့ blogger ထဲ paste လုပ်ပြီးblog တင်လိုက်ရုံပဲ။
ူlink ကတော့
http://www.mysteryzillion.com/project/webtext/
August 6, 2007
Hide Files in JPEG
http://www.thetechtray.net/2007/05/30/hiding-files-in-jpegs/
ကျွန်တော့ကြုံခဲ့သော ဗိုင်းရပ်စ်များ
ကျွန်တော်က ကွန်ပျူတာဂျာနယ်၊ပီစီဝါးလ်မြန်မာ၊ပီစီမဂ္ဂဇင်း လစဉ်ဖတ်သူပါ။ အရင်တုန်း
ကတော့ အဲဒါတွေထဲမှာ ဗိုင်းရပ်တွေအကြောင်းပါပေမယ့် ကိုယ်နဲ့မဆိုင်သလို မဖတ်ဘဲ
နေခဲ့တာဗျ။ ဒါပေမဲ့ နောက်ပိုင်းကျ ကျွန်တော်တို့ကွန်ပျူတာတွေမှာ ဗိုင်းရပ်စ်တွေစထိတော့
တာပဲ။ မှတ်မိသေးတယ် ပထမဆုံးကြုံရတဲ့ဗိုင်းရပ်စ်က Brontok ဗျ။ အဲဒီကောင်က Folder
Option ကိုဖျောက်ပစ်တယ်။ Command Prompt, Task Manager, Regedit တွေ run
လို့မရတော့ဘူး။ နောက်ပိုင်း စက်ကတအားလေးသွားပြီး ဘာprogramမှဖွင့်မရတော့ဘူး။
စကြုံကြုံချင်းတော့ အတော်ဖျားသွားတာပေါ့။ ဘာနဲ့များသတ်ရမလဲပေါ့။ Norton တင်ကြည့်
တယ်။ Brontok ကိုမသိဘူး။ နောက် ရှာတွေ့သွားတာက Symantec Antivirus Coporate
Edition။ ခွေတွေထဲ လျှောက်နှိုက်ရင်းနဲ့ တွေ့သွားတာ။ တင်ကြည့်တယ်။ သူလည်းမသိဘူး။
အဲဒါနဲ့ Internet Cafe သွားပြီး Update Files download လုပ်တယ်။ ပြီးတော့ Update
လုပ်ပြီး Scan စစ်ကြည့်တော့ လားလား..တွေ့ပါလေရော။ Virus တွေအကောင်လိုက်
အထွေးလိုက်ပဲ။ ပြီးတော့ Restart လုပ်။ အင်း ဗိုင်းရပ်စ်တော့ရှင်းသွားပြီ။ ဒါပေမဲ့ Folder
Option လည်းပြန်မပေါ်သေးဘူး။ အဲဒါနဲ့ Hijack This ဆိုတဲ့ program လေးနဲ့ Registry
ကို scan စစ်၊ Fix လုပ်မှပြန်ကောင်းသွားတာ။ အဲဒီ Hijack This ကအတော်ကောင်းတာဗျ
Windows စတက်တက်ချင်း run တဲ့ program တွေ၊ registry အမှားတွေကို ထောက်လှမ်း
ပေးနိုင်တယ်။ PC World ကညွှန်းတာနဲ့ download လုပ်ပြီး သုံးကြည့်တာလေ။
ဒီနေ့ ဒီလောက်ပဲ ရေးချင်တယ်ဗျာ။ နောက်ရက်တွေကျရင် Flashy နဲ့ကြုံခဲ့တာ၊ Ship Up
ကူးစက်ခံရတဲ့အကြောင်း၊ Ravmon ကိုသတ်ခဲ့တဲ့အကြောင်း စတာတွေကို ရေးပြီး တင်ပါ့မယ်။
July 27, 2007
ကိုယ့်ဓာတ်ပုံတွေ သူများမကြည့်စေချင်ရင်
Hex number ဆိုတာက 0 to F (0.1.2...9,A,B....F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို ပြောင်းလိုက်ရင်
အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။ အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ဘူးလေ။ သူများမမြင်စေချင်တဲ့ ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး
ဘာ software မှမလိုပဲ ဖျောက်လို့ရပါတယ်။
1. Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
2. အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
3. debug "Your Picture File Location" လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D:\ ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:\mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
4. e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
5. ။ ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,....,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
6. w လို့ရိုက်ပြီး Enter ခေါက်ပါ။
7. Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
8. q လို့ရိုက်ပြီး Enter ခေါက်ပါ။
9. ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။
ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။
ဖြည်နည်း
1. အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
2. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။
July 20, 2007
My USB Flash drive
The flashkey has an autorun.inf to start PStart on double click, or on the right click menu either open explorer or mount a Truecrypt archive (to protect customer data). Lastly the key is bootable with Acronis True Image V9
Installations for PC's
- 7-Zip - Supports ZIP,RAR and many others and it's own 7z format is hard to beat.
- Ad-aware - Spyware cleaner
- ActiveSync 4.2 - PocketPC Sync software
- Adobe Reader 7.08 - PDF Reader
- Audacity - for recording and editing sounds
- Autohotkey - hotkeys and keyboard macro program for repetitive tasks.
- AxCrypt - File Encryption Software with a nice "Shred file" feature
- Blender - suite of tools for 3D creation
- CDBurnerXP Pro - CD/DVD burning solution
- Codecs All-in-one - one of the most complete codec packs
DaemonTools - Virtual CD/DVD-ROM Emulator - Freeware for private use only(V4+ includes spyware, use 3.x)- .NET Framework
- Exact Audio Copy - copy audio data from an audio CD with jitter correction.
- EFS3 (Email Forwarding System) - POP3 gateway for any SMTP server
- Wireshark - network protocol analyzer (changed its name from Ethereal)
- Files and Settings Transfer Wizard - helps you copy files and settings from your old computer to a new computer (Commercial software found on Windows XP CD)
- Filezilla - fast and reliable FTP client and server
- Firefox - open-source browser (or Firefox with Google Toolbar *)
- Firetune - optimization software for Firefox
- Gaim - instant messenger client, which can handle multiple protocols, including AIM, ICQ, Yahoo!
- Google Desktop - easy access to information on your computer and from the web
- GTK+ - package needed for GIMP and Gaim
- HTML Slideshow - create an HTML slide show of your digital pictures
- HTTrack Website Copier - easy-to-use offline browser utility
- ImageResizer Powertoy - resize one or many image files with a right-click.
- Inkscape - Inkscape is a Vector Graphics Editor, similar to Adobe Illustrator
- Flash player for Mozilla/Opera
- InnoSetup - powerful script based freeware installation builder
- Java Runtime Environment - allows end-users to run Java applications
- KeePass - open-source password safe
- LAME - LGPL MP3 encoder for use with EAC.
- MySQL ODBC Connector
- NVU - WYSIWYG HTML editor with site manangement features
- OpenOffice - free office suite to use and distribute
- OpenVPN - full-featured SSL VPN solution
- PaintDotNet - image and photo manipulation software
- PDFCreator - easily creates PDFs from any Windows program. Use it like a printer.
- Barts PEBuilder - Create Windows bootdisk for PC maintenance tasks
- Picasa2 - Get photo software from Google*
- Planner - project scheduling tool
- Quicktime Alternative - Play Quicktime files without installing Quicktime player
- Realplayer Alternative - Play Realplayer files without installing Realplayer
- RunPCRun Total Support - Have to carry around our support package!
- Skype - The now famous VoIP software. Will be lovely when there's a proper Asterisk gateway.
- Spambayes - Probability based mail filter includes Microsoft Outlook plug-in.
- Thunderbird - cross-platform email and Usenet client
- TightVNC - remote control software
- TrueCrypt - create a virtual encrypted disk within a file and mount it as a real disk
- WinSCP - SCP/SFTP client
- XnView - View and convert graphics files - not free for commercial use
Applications - Working directly off drive
- 7-Zip - dragging the folder containing the executables seems to work
- KeePass - Password Safe, use zip version for portability
- Firefox Portable - the portable version of this great browser
- Portable Filezilla - portable FTP client
- Portable Clamwin - portable antivirus
- Portable Gaim - portable Messaging
- Portable NVU - portable HTML editor
- Portable Thunderbird - portable email program
- Notepad2 - notepad replacement
- Spacemonger - show the layout of files and space on a hard drive.
- Putty - SSH client
- TrueCrypt - create a virtual encrypted disk within a file and mount it as a real disk without installation
Diagnostics & Removal - Working directly from drive
- Dependency Walker - scans any Windows module and builds a hierarchical tree diagram of all dependent modules
- DiskMon - logs and displays all hard disk activity
- Filemon - displays file system activity on a system in real-time
- PortMon - displays all serial and parallel port activity
- Process Explorer - shows you information about which handles and DLLs processes have opened or loaded
- Pstools - SysInternals 'Resource Kit'
- RegMon - Real-time Registry monitoring utility
- TCPView - detailed listings of all TCP and UDP endpoints on your system. Graphical netstat
- TokenMon - monitors and displays a variety of security-related activity taking place on a system
- Winobj - display information on the NT Object Manager's name space
- Norton Removal Tool - Norton can be stubborn to remove at times.
- autoruns - show all auto-starting locations
- HijackThis
- "remove msn messenger.cmd" - simply RunDll32 advpack.dll,LaunchINFSection %windir%\INF\msmsgs.inf,BLC.Remove
- RootkitRevealer - advanced rootkit detection utility
- WinsockXPFix - simple winsock fix. i don't know if it's just netsh int ip reset but it does work.
Toolkit - Working directly off drive
- NT Resource Kit - the original resource kit (not freeware)
- 2000 Resource Kit - (not freeware)
- 2000 Support Tools
- 2003 Resource Kit - (not freeware)
- UnixUtils - ports of common GNU utilities
- BluesPortScan - Fast port scanner
- eicar - Anti virus test file
- pixie - an 8Kb colour picker
- rawwritewin - for writing floppy disk images
- tftpd32 - TFTP server
- UPX - powerful executable packer
- Tight VNCviewer - just the viewer
- WinSCP - standalone WinSCP
Commercial Installations
Only two, but I have to have them.
- Acronis True Image V9 - Great HDD imaging utility.
- NOD32 - The only antivirus we recommend
New Art House Myanmar Fonts
http://download.yousendit.com/F1E777763DB432AE
July 8, 2007
ကွန်ပျူတာကိုယ်ကျင့်တရား ဆယ်ပါး
(ကွန်ပျူတာကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဖြစ်သည်)
၂။ အခြားသူများ၏ ကွန်ပျူတာလုပ်ငန်းများကို အနှောင့်အယှက်မပေးရ။
(ဥပမာ- အဓိပ္ပာယ်မဲ့ အီးမေးလ်များကို မတန်တဆပေးပို့ခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်များပေးပို့ခြင်း)
၃။ အခြားသူများ၏ ကွန်ပျူတာဖိုင်များကို ခိုးမကြည့်ရ။
(တစုံတယောက်က ခွင့်ပြုချက်မပေးဘဲ ထိုသူ၏ကွန်ပျူတာဖိုင်များကို ဖွင့်မကြည့်ရ)
၎။ ကွန်ပျူတာကို ခိုးမှုကျူးလွန်ရန်အတွက် အသုံးမပြုရ။
၅။ ကွန်ပျူတာကို လွဲမှားသောသက်သေခံရန်အတွက် အသုံးမပြုရ။
(ဥပမာ- ကောလာဟလများပေးပို့ခြင်း၊ မိမိအီးမေးလ်လိပ်စာများကို လွဲမှားစွာပေးပို့ခြင်း)
၆။ ကုမ္ပဏီတစ်ခုခုမှ ထုတ်လုပ်သည့်ဆော့ဖ်ဝဲများကို သတ်မှတ်ထားသည့် အခကြေးငွေများပေးဆောင်ခြင်းမပြုဘဲ
ကူးယူသုံးစွဲခြင်းမပြုရ။
ဆော့ဖ်ဝဲ၊ တေးသီချင်း စီဒီသို့မဟုတ် ဒီဗွီဒီများကို မူပွားကူးယူပြီး သူငယ်ချင်းများအား လက်ဆင့်ကမ်းပေးဝေခြင်းမပြုရ)
၇။ တစ်ဦးတစ်ယောက် ပိုင်ဆိုင်သည့် ကွန်ပျူတာဖြင့် ထိုသူ၏တရားဝင်ခွင့်ပြုချက်မရဘဲ ထိုက်တန်သည့်
အခကြေးငွေပေးဆောင်ခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံးမပြုရ။
၈။ တစ်ဦးတစ်ယောက်၏အသိဥာဏ်ဖြင့် ပြုလုပ်ဖန်တီးထားချက်များကို အပိုင်စီးကာချုပ်ကိုင်ထားခြင်းမပြုရ။
(သီချင်း၊ဂီတ၊စာ၊ရုပ်ပုံများကို မူပိုင်ရှင်ခွင့်ပြုချက်မရဘဲ အပိုင်စီးကာ ထင်သလိုပြုလုပ်ခြင်း)
၉။ မိမိရေးသားထားသည့် ကွန်ပျူတာပရိုဂရမ်စနစ် သို့မဟုတ် ဒီဇိုင်းတစ်ခုသည် လူ့ဘောင်အဖွဲ့အစည်းနှင့် ပြဿနာဖြစ်စေမည့်
အချက်များမဖြစ်စေရန် ထည့်သွင့်စဉ်းစားရမည်။
၁၀။ ကွန်ပျူတာကို လူ့ဘောင်က အထင်ကြီးလေးစားစေမည့် အချက်များအပေါ်တွင်သာ အခြေခံပြီးသုံးစွဲရမည်။
(တစ်ဦးတစ်ယောက်က မလုပ်ပါနှင့်ဟု အမိန့်ပေးစေခိုင်းမှ ရှောင်ကြဉ်ရခြင်းထက် ကိုယ်တိုင်ကမလုပ်သင့် မလုပ်ထိုက်သည့်
ကိစ္စတစ်ခုအနေဖြင့် ရှောင်ကြဉ်ရန်ဖြစ်သည်)
From Personal Computer Magazine July 2007
TOP 101 Classic Sites
www.gmail.com
www.handango.com
www.webex.com
www.yousendit.com
BUSINESS & FINANCE
bloomberg.com
bplans.com
www.irs.gov
www.fool.com
CARRERS
www.dice.com
www.monster.com
hotjobs.yahoo.com
COMPUTING
annoyances.org
broadbandreports.com
www.cnet.com
www.devx.com
distrowatch.com
www.eweek.com
www.extreme.com
www.grc.com
labs.google.com
www.lifehacker.com
www.pcmag.com
www.securityfocus.com
www.slashdot.org
sourceforge.net
www.schools.com
www.webopedia.com
CONSUMAR ELECTRONICS & PHOTOGRAPHY
www.dpreview.com
www.engadget.com
www.flickr.com
www.popphoto.com
www.shutterfly.com
HEALTH
www.cdc.gov
ediets.com
www.webmd.com
www.who.int
INFORMATION, SEARCH & REFERENCE
about.com
answer.com
www.craigslist.com
www.dictionary.com
www.epic.org
www.fedstats.gro
firstgov.gov
www.google.com
www.howstuffworks.com
www.ipl.org
www.lii.org
www.getnetwise.com
www.snopes.com
www.loc.gov
www.nasa.gov
www.nationalgeographic.com
www.nolo.com
www.opensecrets.org
www.pbs.org
www.straightdope.com
www.wikipedia.org
www.yahoo.com
INFORMATION, LIFESTYLE, ENTERTAINMENT & FUN
www.allmusic.com
www.aldaily.com
www.blinkx.com
www.boingboing.net
www.citysearch.com
www.eonline.com
www.epicurious.com
www.espn.com
foodnetwork.com
www.iflim.com
www.imdb.com
www.archive.org
www.mcsweeneys.net
www.nick.com
www.gutenberg.org
ww.theonion.com
www.sciencedaily.com
www.si.edu
www.tv.com
www.urbandictionary.com
music.yahoo.com
news.bbc.co.uk
cnn.com
www.npr.org
www.nytime.com
www.slate.com
www.salon.com
www.salon.com
1up.com
www.gamefly.com
homestarrunner.com
www.overheardinny.com
games.yahoo.com
amazon.com
www.ebay.com
www.netflix.com
overstock.com
shopping.com
suprise.com
www.techbargains.com
www.thinkgeek.com
www.expedia.com
maps.google.com
www.orbitz.com
June 23, 2007
Windows XP ကို ပိုမြန်စေမယ့်နည်းလမ်းများ
Windows XP တွင် Prefetcher ဟုခေါ်သောကြိုတင်စုဆောင်းသည့်စနစ်ပါရှိပါသည်။ ထို Prefetcher သည် မကြာခဏ
အသုံးပြုသော Application များဖွင့်ရာတွင် လိုအပ်သော Files များကိုကြိုတင်စုဆောင်းထားသောကြောင့် နောင်တစ်ဖန် ထို
Application များကို ဖွင့်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းမရှိတော့ပေ။
Prefecher ၏ Value ကိုဤကဲ့သို့ပြောင်းလဲနိုင်သည်။
Registry Editor ကိုဖွင့်ပါ။
HKEY_LOCAL_MACHINE\SYSTEM\ControlSet001\Control\Session Manager\Memory Management\PrefetchParameters
သို့သွားပါ။
EnablePrefetcher Value ကို ပြောင်းပါ။
1 သည် Application Files များကို Prefetch လုပ်ခိုင်းခြင်းဖြစ်သည်။
2 ဟုရိုက်ထည့်ပါက Boot Files များကို Prefetch လုပ်ပေးလိမ့်မည်။
3 ဆိုပါက မိမိအသုံးပြုသော Files များကို တတ်နိုင်သလောက် Prefetch လုပ်ပေးပါလိမ့်မည်။
ဆက်လက်ရေးသားပါမည်။
About CCleaner
တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
1. IE Temp Files
2. IE Cookies
3. IE Recentlry Typed URLs
4. IE Index.dat files
5. IE Last Download Location
6. Windows Explorer Recent Documents List
7. Run List
8. Search Autocomplete List
9. Other Explorer MRUs
10. Empty Recycle Bins
11. Windows Temp Files
12. Data in Clipboard
13. Memory Dumps Files
14. Chkdsk File Fragment
15. Old Prefetch Data
16. Menu Order Cache
17. Tray notification Cache
18. Windows Size/location Cache
19. User Assist Histroy
20. IIS Log Files
21. Hotfix Uninstallters
22. Adobe Reader 5.0 Temp Files
23. Office 03, XP Temp Files
24. Flash Player Temp Files
25. Windows Media Player Temp Files
26. MS Paint Temp Files
တခြား အပို Tools အနေနဲ့ Registry Scan ကိုထည့်ပေးထားပါတယ်။
Program Unistaller လည်းပါပါသေးတယ်။
Download လုပ်ချင်ရင်တော့ www.ccleaner.com ကိုသွားလိုက်ပါ။
Download လုပ်တဲ့သူ သန်းချီနေပြီလို့ သိရပါတယ်။
June 12, 2007
Wallpaper Website
Click this link: http://wallpaperstock.net
June 10, 2007
Welcome Anyone Who Want to Write Post At This Blog
Gmail And Plus Addressing
June 8, 2007
Running Multiple Instances of Google Talk
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။

၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။
၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီPost From notes4pc.blogspot.com
June 6, 2007
အဘွား
အဘွားအိုဖြစ်ခွင့်ရှိပါသလဲ
မွေးခါစကနေ အဘွားအိုဘ၀ထိရောက်အောက် အရာရာကို
သူဖြတ်သန်းခဲ့တယ်
တွန့်တွနေတဲ့ ပါးရေနားရေတွေဟာ ဖျော့တော့အေးမြတဲ့
မျက်လုံးတွေကို ကွေ့ဝိုက်ထားပုံ
ချိုင့်နေတဲ့ပါး၊ ကျိုးနေတဲ့သွား၊ ကိုင်းနေတဲ့ခါး၊ ထိုင်းနေတဲ့နား၊
ဝါးနေတဲ့မျက်စိနဲ့ သား၊မြေး၊မြစ် ဘုစုခရုတွေကို ဆံပင်ဖြူ
နုတ်ခိုင်းနေတဲ့အဘွား
ကျွန်တော်ကိုယ့်အဘွားကိုကြည့်ပြီး ရယ်ချင်တယ်
သူ့အနားဗျောက်ဖောက်ရင် `ဘုရားကြီးငုတ်တုတ်´ လို့
ယောက်တတ်တဲ့အဘွား
ထန်းလျက်နဲ့လက်ဖက်ကို ကျောသားရင်သားမခွဲခြား
မှီဝဲတဲ့အဘွား
တုတ်ကောက်နဲ့ကုန်းကွကွ လမ်းလျှောက်တဲ့အဘွား
အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ၀င်ရီမှာ ပြောင်းဖူးဖက်ဆေးလိပ်
တဖွားဖွား ဖွာနေပြန်တဲ့အဘွား
အဘွားဟာ ကျွန်တော်တို့အမျိုးရဲ့ သမိုင်းစာအုပ်
အဘွားဟာ ကျွန်တော်တို့ရဲ့ ပုံပြင်စာအုပ်၊
ဘုရားရှိခိုးအမျိုးမျိုးစာအုပ်
အဘွားဟာ ငါးရာ့ငါးဆယ်နိပါတ်တော်စာအုပ်ပေါ့
အဘွားဟာ အင်တာနက်မဖတ်တတ်ပေမဲ့ ပရိတ်ကြီး (၁၁) သုတ်
အလွတ်ရတယ်
အဘွားဟာ ကုလားကားမကြည့်ရပေမဲ့ ကုလားမုန့်လေးတွေ
ကျွေးတတ်တယ်
အိမ်တစ်အိမ်မှာ ကလေးတစ်ယောက်ရှိနေတာဟာ သာယာသလို
အိမ်တစ်အိမ်မှာ အဘွားအိုတစ်ယောက်ရှိနေတာလည်း ပျော်စရာပါ
ကြောင်အိုတော့ ကြွက်မလေးဆိုသလို
အဘွားရိုက်ရင် မနာဘူး
အဘွားဘာစားစား မကုန်ဘူး
အဘွားဟာ ဆန်မကုန်မြေမလေး သက်ရှိရုပ်ကြွင်းလား
မယားဆိုပျိုမှ
အဘွားဆိုအိုမှ
အိုတာကိုက လှတာပါပဲ
ဒီအဘွားဟာ
နောက်ထပ်အဘွားတွေဘယ်လောက်များများမွေးထုတ်ပေးမလဲ
ဆိုတာတော့
အဘွားရော အဘွားဖြစ်လာမယ့်သူတွေရော ဘယ်သူမှ ဖွင့်
ကြည့်ခွင့်မရခဲ့ဘူး။
ဝိုင်ချို
June 2, 2007
အဖေ့ကိုနားလည်စာနာပါ
အာဏာရှင်ဆိုသည်မှာ
ဦးအေးမောင် (`ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´မှ ကောက်နှုတ်ဖော်ပြသည်)
