September 23, 2008

UpComing Post

တင်ချင်တာလေးတွေက များပြီး အချိန်မရဘူးဖြစ်နေတယ်ဗျာ။ ကိုလွင်ဦးပို့ထားတဲ့ မြန်မာစာအုပ် လေးတွေလည်း တင်ချင်သေးတယ်။ Data Communication အကြောင်းတို့၊ Internet Sharing ဘယ်လိုလုပ်မလဲတို့၊ Hardware အကြောင်းတို့ကို မြန်မာလို ရေးထားတာတွေကို သူက ပို့လိုက်တာ။ ကျွန်တော်က အခုထိ Download လုပ်တာ မပြီးသေးဘူး။ ပြီးရင် Blog ပေါ်မှာ Share ပြန်လုပ်ဖို့အတွက် Upload ပြန်လုပ်ရဦးမှာ။ ကိုလွင်ဦးကလည်း File Upload တစ်ခုခုနဲ့ ပို့လိုက်ပြီးရော။ အခုတော့ သူက Attachment လုပ်ပို့တာဆိုတော့ အလုပ်ရှုပ်သွားတာပေါ့။ (စတာနော် ကိုလွင်ဦး)။
အဲ. ပြီးတော့ အင်တာနက်ကို မြန်အောင်လုပ်ပေးတဲ့ Software လေးတွေ တွေ့ထားတယ်။ များလွန်းလို့ စမ်းမနိုင်သေးဘူး။ ပြီးတော့မှ အကောင်းဆုံးကို Share လုပ်ပေးရဦးမယ်။
IT Men's Blog မှာလည်း Label တွေက ပွစိခတ်နေတာကို ရှင်းရဦးမှာ။ ခက်တာက ဘယ်ဟာကို ဘယ်ခေါင်းစဉ်အောက် ထည့်ရမလဲဆိုတာကို စဉ်းစားရတာ အတော်လေး အုန်းစားတယ်။ Categories ခွဲတာ တကယ်တော့ ပညာအရမ်းပါတယ်ဆိုတာ သိသွားတယ်။ ကျောင်းတက်တုန်းက ကျောင်းစာကြည့်တိုက်ကို သူငယ်ချင်းတွေစုပြီး ကိုယ်ထူကိုယ်ထ လုပ်ကြတုန်းက စာအုပ်တွေကို Categories ခွဲရတာကို ပြန်သတိရ မိတယ်။ အဲဒီတုန်းကလည်း အခု Label ခွဲသလို ရွာလည်ခဲ့ကြတာပဲ။
ပြီးတော့ Myanmar3 ကိုစမ်းသုံးကြည့်တာ အတော်လေးကြိုက်သွားလို့ ဒုက္ခ ရောက်နေတယ်။ Blog ရေးတော့ Zawgyi နဲ့ရိုက်၊ စာအုပ်ရေးတော့ Myanmar3 သုံးဆိုတော့ လက်ကွက်တွေ အတော်လေးရောနေတယ်ဗျ။ Myanmar3 ကို ကောင်းကြောင်းညွှန်းလို့ ကျွန်တော့်ကို ဘယ်ဘက်ကလဲ လို့တော့ မထင်ပါနဲ့။ ဘယ်ထဲမှ မပါပါဘူး။ ရိုက်ရတာလွယ်လို့ ကောင်းတယ်ပြောပါတာ။ တခြား 5.1 Unicode တွေက ရိုက်ရတာ အဆင်မပြေ ဘူး။ Ctrl တွေရော Alt တွေရော စာရိုက်ရတာ တရုတ်သိုင်းကျင့်နေရတာ ကျလို့။ ရေးတဲ့သူတွေ Data အများကြီး ရိုက်မကြည့်ဘူးနဲ့တူတယ်။ အင်း ဘယ်ဟာက Standard Input Method ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်။
ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ သုံးအုပ်တွဲကို ebook လုပ်မလို့ ကြံနေတယ်။ သိတဲ့အတိုင်း Share လုပ်ဖို့ပေါ့။ ဒါပေမဲ့ Net ပေါ်မှာ လုပ်ပြီးသားများ ရှိနေမလားမသိဘူး။ သိရင် ပြောကြပါဦး။ တကယ့်ကို Request လုပ်တာပါ။

IT Men's Logo ပြိုင်ပွဲ

IT Men's Blog ၊ IT Men's Group နှင့် နောက်လာမည့်အစီအစဉ်များတွင် အသုံးပြုရန်အတွက် Logo တစ်ခု လိုအပ်နေပါသည်။ IT Men's Member များအတွက် မိမိ၏ကိုယ်ပိုင်အရည်အသွေးကို ထုတ်ဖော်ခွင့်ရစေရန် IT Men' Logo ပြိုင်ပွဲကို စတင်လိုက်ပါပြီ။ မိမိကြိုက်နှစ်သက်သလို ဆွဲနိုင်ပြီး zawthureintun@gmail.com ကို ပေးပို့နိုင်ပါသည်။ ရောက်လာသည့် ပြိုင်ပွဲဝင် Logo များကို IT Men's Blog တွင် တင်ပြီး အွန်လိုင်းမဲပေးသည့်စနစ်ဖြင့် ဒီမိုကရေစီနည်းကျကျ ရွေးချယ်သွားမည်ဖြစ်ပါသည်။ 15.10.08 ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ပါသည်။

September 19, 2008

Free PCtools internet security 2009 key

အင်္ဂလန်မှာ PCtools internet security 2009 Genuine License Key တွေ free ပေးနေတယ်ဆိုလို့ သွားတိုးတာ 1 Year key ရခဲ့တယ်။ KIS 2009 လောက် ပေါ်ပြူလာ မဖြစ်ပေမယ့် key ပြသနာ ခေါင်းခြောက်နေရင် ပြောင်းသုံးကြည့်သင့်ပါတယ်။

ဒီဆော့ဖ်ဝဲလ်က ၀ယ်ရင် ၃လုံးသုံးနိုင်မယ့် လိုင်စင်က 59.95$ ကျသင့်ပါတယ်။ စွမ်းဆောင်ရည် အသေးစိတ်ကတော့ မူရင်းဆိုဒ် မှာ ညွန်းထားပါတယ်။ ကိုယ့်နာမည် ကိုယ်ပိုင် ကီး ဆိုတော့ အဆင်ပြေတာပေါ့ဗျာ။
ကီးရယူပုံက ဒီလိုပါ။

1.http://defilter.co.uk/ ကို သွားပါ။ ကျော်သွားရပါတယ်။ အင်္ဂလန် IP ရနိုင်တဲ့ တခြား webproxy ဆိုလည်း ဖြစ်ပါတယ်။

2.http://www.pctools.com/internet-security/free/promo/PCADVISOR0809/ ဖြည့်ပြီး GO ပေါ့။

3.မိမိ နာမည်၊အီးမေးလ်၊လိပ်စာ ဘာဘာညာညာတွေ(အီးမေးလ်ကလွဲရင်) ဖြီးတာပေါ့။ အဓိကက promotion code ပါ။ " jkm3cx " ထည့်ပေးပြီး request လုပ်လိုက်ရင် အီးမေးလ်ထဲ ကီးရောက်လာပါမယ်။

4.ဒီကနေ ဆောဖ့်ဝဲလ် ဒေါင်းလုဒ်လုပ် ကီးဖြည့်ပြီးရင် အမှန်အကန် သုံးပေရော့ဗျာ။

2000,XP and Vista 32bit တွေ တင်လို့ ရပါတယ်။ ကီးတောင်းတာ အဆင်မပြေဖြစ်ရင် မေးလ်ပို့လိုက်ပါ။ ကျွန်တော် တန်းစီပေးပါ့မယ်။ အဆင်ပြေမှာပါ။

Rapidshare Premium Link Generators

Rapidshare က file တွေကို free download လုပ်နိုင်ပေမယ့် IP,Download limit အခက်အခဲကြောင့် နှောင့်နှေး နေတတ်ပါတယ်။ Rapidshare Premium Link Generators တွေသုံးရင်လည်း အတော်အတန် အဆင်ပြေနိုင်ပါတယ်။ ပရီမီရမ် အကောင့်လောက် မမြန်ပေမယ့် ဒေါင်းလုဒ်မန်နေဂျာတွေ သုံးနိုင်သွားပြီး download limited ကို ကျော်လွှား သွားနိုင်ပါမယ်။

Forum,sharelinks အပြင် သီးသန့် ဖိုင်တွေကို ရှာပေးနိုင်တဲ့ rapidshare search engine တွေ နဲ့ လိုချင်တဲ့ ဖိုင်တွေ ဆော့ဖ်ဝဲလ်တွေ ရှာနိုင်ပါတယ်။ ရရှိပြီးပြီ ဆိုရင် ဒေါင်းလုဒ်လုပ်မယ့် လင့်ကို Rapidshare Premium Link Generators မှာ copy/paste လုပ်ပြီး generate လုပ်မယ် ရလာတဲ့ လင့်ကို ဒေါင်းလုဒ်လုပ်ရုံပါဘဲ။ အသုံးဝင်မယ့် လင့် တစ်ချို့က....
ဒေါင်းလုဒ် လုပ်ရာမှာ ကွန်နက်ရှင် ကောင်းမကောင်း တစ်ရက် လင့်မည်မျှ ဒေါင်းလုဒ် လုပ်နိုင်မှု တွေကို ဂရုပြုရပါတယ်။

September 15, 2008

Myanmar A+ Ebooks

ဆရာဇော်လင်း၏ Beyond A+ စာအုပ်
Download Link> http://ifile.it/9ctv3nf
Unzip password= www.myanmarfamily.org

ဆရာဇော်လင်း၏ A+
Download Link>http://ifile.it/dfj1n27
Unzip password= www.myanmarfamily.org

ဆရာမျိုးသူရ၏ PC Hardware
Download> http://ifile.it/xcdhu0k
Unzip password= www.myanmarfamily.org

ဆရာဦးအေးကိုကို၏ Teach Yourself the Best Technology and Repairing PCs
Download> http://ifile.it/dip2j6s
password= www.myanmarfamily.org
If u need video files
http://www.myanmarfamily.org/forum/showthread.php?t=4518

September 14, 2008

Tweaks for Firefox 3

Firefox 3 ကို ပိုပြီး အသုံးချလာနိုင်စေမယ့် နည်းလမ်းလေးတွေ စုစည်းထားတာပါ။ About:config သုံးပြီး မြန်နှုန်းမြှင့်ခြင်း၊မန်မိုရီ လျှော့ချခြင်း တွေလို Firefox 3 ရဲ့ တိမ်မြုတ်နေတဲ့ စွမ်းအားတွေကို ဖော်ထုတ်ပေးနိုင် လာပါမယ်။ Hack for Firefox 3 မှာ ရေးပြီးခဲ့သမျှ နဲ့လည်း တွဲဖက် ပြုပြင်နိုင်ပါတယ်။

about:config ကို Url bar မှာ ရိုက်လိုက်ပါ။ သတိပေးချက် ပြလာတော့ I`ll be careful I promise ပေါ့။ နောက်တစ်ကြိမ် မတွေ့ရအောင် ဖြုတ်ခဲ့လည်း ဖြစ်ပါတယ်။
1.Consumes less memory and CPU usage
Filter bar မှာ browser.cache.memory.enable ကိုရိုက်ပြီး value ကို double click ဖြင့် true သို့ ပြောင်းပေးပါ။
ပြီးလျှင် right click \new \integer ရွေးပြီး popup windows မှာ browser.cache.memory.capacity ကို ဖြည့်ပေးပါ။
ထပ်မံပြီး သူ့တန်ဖိုးကို ဖြည့်ပေးလိုက်ပါ။
ဥပမာ မိမိ RAM Memory က 256 MB နှစ်ချောင်း ရှိရင် 8192 ကို ဖြည့်ပေးရပါတယ်။ Start /control panel /system မှာ ကြည့်နိုင်ပါတယ်။
256 MB of RAM, enter “4096”
512 MB of RAM, enter “8192”
1 GB of RAM, enter “16384”
ဆက်တင် အလုပ်လုပ်ဖို့ restart လုပ်ပေး ရပါတယ်။ firetune addon သုံးထားရင် မလိုပါဘူး။

2.Speed Tweaks

network.http.pipelining false to true
network.http.pipelining.maxrequests 30 to 8
network.http.max-connections 30 to 96
network.http.max-connections-per-server 15 to 32
network.http.max-persistent-connections-per-server 6 to 8
network.http.pipelining.ssl false to true
network.http.proxy.pipelining false to true
nglayout.initialpaint.delay 100 to 0

3.Auto Complete URL while You type at address Bar

browser.urlbar.autoFill=True

4.Disable Delay Time While Installing Firefox Add-on

security.dialog_enable_delay = 0

5.Disable Extension Compatibility Checks

extensions.checkCompatibility = False
extensions.checkUpdateSecurity = False

6.Stop Displaying Website Icon (Favicon) in Address bar & On Tab

browser.chrome.site_icons = False

7.Disable Prefetch

network.prefetch-next = False
Helpful for frequent Google searcher, low-speed internet connection or low RAM

8.Extend Spell check to forms

layout.spellcheckDefault = 2
Change Value from 1 to 2

9.Disable Blinking Text

browser.blink_allowed = False

10.Disable Annoying Browser Behavior

dom.disable_window_open_feature.menubar
dom.disable_window_move_resize
dom.disable_window_open_feature.titlebar
dom.disable_window_open_feature.toolbar
Set all of above to value False

11.Remove Tab Close Button from all Tab and set A single Close Button at Right

browser.tabs.closeButtons = 3

12.Disabler Browser Toolbar Tip

browser.chrome.toolbar_tips = False

13.Show More Tabs on Single Firefox Window before Scrolling

browser.tabs.tabMinWidth = 75

14.Past Copy Content with Middlemouse Click

middlemouse.paste = True

15.Scroll webpage in One Go

mousewheel.withaltkey.action=1

16.Increase History Undo Close Tab Limit ( Recently Closed Tabs )

browser.sessionstore.max_tabs_undo=15

By default you can undo 10 recently closed tabs inorder to increase your history closed tabs. Change number 13 to as per your choice.

17.Open Firefox Default Search Bar Result in New Tab

browser.search.openintab=True

18.Right Click View Source in Your Favorite Editor

view_source.editor.external=True
view_source.editor.path= Path of Editor
(e.g. path C:\Program Files\npp.4.8.2.bin\notepad++.exe)

19.Enable/Disable Single Click to Select Whole URL in Address bar

browser.urlbar.clickSelectsAll = True ( for enable )

browser.urlbar.clickSelectsAll = False ( for disable )

20.Fast Scrolling Across Tabs

toolkit.scrollbox.scrollIncrement =75
75 is number of pixels to scroll at a time when scrolling the tab strip’s scrollbox. (Default: 20)

စမ်းသပ်ရင်း မှားနိုင်တယ်၊မကြိုက်လို. ပြန်ဖျက်နိုင်အောင် backup ကြိုလုပ်ထားလိုက်ပါ။

September 12, 2008

Modern DSL speedtest

ကွန်နက်ရှင် ကို မှတ်တမ်းတင် ထားနိုင်ကြစေရန် အလို့ငှာ website နှစ်ခု ညွှန်းဆိုလိုက်ပါတယ်။
အောက်ကပုံလေး နှိပ်ပြီး စမ်းဖြစ်အောင် စမ်းသွားလိုက်ပါဦး။ 256 Kbps reset ကတော့ ရှယ်ဘဲ။



speed.io - Der DSL Speedtest

Private IP Addressing

အရင်ကတည်းက Network ဆင်တိုင်း ကွန်ပျူတာတွေရဲ့ IP မှာ network ID ကို Class C ဖြစ်တဲ့ 192.168.0 ကိုပဲ အမြဲပေးမိတယ်။ ဒါပေမယ့် ဘာကြောင့် အဲဒီ net ID ပဲ ပေးမိမှန်းမသိဘူး။ နောင်တော်ကြီးတွေဆီကပဲ အတုခိုးမိတာလား။ ကိုယ့်ကိုယ်ကိုလည်း မသိတော့ဘူး။ သူငယ်ချင်းတစ်ယောက်ကလည်း မေးဖူးတယ်။ ဘာကြောင့် LAN တွေရဲ့ Net ID ကို 192.168.0 ပဲ သုံးတာလဲတဲ့။ ကျွန်တော်လည်း ဘာရမလဲ။ မှတ်ရတာ လွယ်လို့နေမှာပေါ့ကွာလို့ ဖြေမိတယ်။ အခု MCSE XP SP2 စာအုပ်ဖတ်တော့မှ တက်တက်စင်အောင် လွဲမှန်းသိတော့တယ်။ အဲဒီထဲမှာ ရေးထားတာက
IP တွေသုံးစွဲခွင့်ကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းကြီး ရှိတယ်။ အင်တာနက်နဲ့ ချိတ်မဲ့ကွန်ပျူတာတိုင်းဟာ IP ရှိရတယ်။ အဲဒီ IP ကို ကိုယ်ပေးချင်တာ ရမ်းပေးလို့မရဘူး။ IANA (Internet Assigned Numbers Authority) ဆိုတဲ့ အဖွဲ့ဆီမှာ မှတ်ပုံတင်ရမယ်။ ဒါပေမဲ့ အင်တာနက်နဲ့ ဆက်သွယ်မှုမရှိတဲ့ Network (ဒါမှမဟုတ်) Private Network တွေအတွက်တော့ မှတ်ပုံတင်စရာမလိုဘဲ လွတ်လပ်စွာအသုံးပြု ခွင့်ပြုပေးထားတဲ့ IP တွေရှိပါတယ်။

Class A ဆိုရင် 10.0.0.0 ကနေ 10.255.255.255
Class B ဆိုရင် 172.16.0.0 ကနေ 172.31.255.255
Class C ဆိုရင် 192.168.0.0 ကနေ 192.168.255.255 ထိ ပေးခွင့်ရှိတယ်လို့ ရေးထားပါတယ်။ အခုဖော်ပြထားတဲ့ Address range တွေကို ဘယ် Internet Host ကမှ သုံးစွဲထားခြင်းမရှိဘူးလို့လည်း ရေးထားပါသေးတယ်။

September 11, 2008

Useful tricks non add-ons in Firefox

Gtalk,Gmail နဲ့ Cbox တွေ ကို add-ons မသုံးဘဲ firefox မှာပေါင်းထည့်ထားကြရအောင်။ ကိုယ်ပိုင် Cbox မဟုတ်လည်း တခြား Cbox မှာ မေးထား ပြောထားတာတွေ စောင့်ကြည့်ဖို့ သုံးနိုင်တာပေါ့။


လွယ်ပါတယ်..Gtalk အတွက် http://talkgadget.google.com/talkgadget/popout မှာ login ၀င်ပြီး Url bar က star လေးနှိပ် bookmark toolbar ပေါ် မှတ်ထားလိုက်ပေါ့။

Bookmark toolbar ပေါ်က Gtalk icon ပေါ် right click \properties သွားပြီး load this bookmark in the sidebar ကို အမှန်ခြစ်လေး ပေးခဲ့ရင် ရပါပြီ။ Firefox မှာ ၀န်မပိစေဘဲ အိုင်ကွန်လေးနှိပ်ပြီး ချတ်နိုင်ပါပြီ။

Cbox အတွက်ကတော့ Cbox link တစ်ခုမှာ rightclick \this frame \bookmark this frame ရွေးပြီး Gtalk အတိုင်း load this bookmark in the sidebar ကို အမှန်ခြစ် ပေးလိုက်ရုံပေါ့။

Gmail ကို https://mail.google.com/mail/feed/atom လင့်ကနေ login ၀င်ပြီး bookmark toolbar မှာပေါင်းထည့်ပေးလိုက်ပါ။ ဒါဆို စာအ၀င် သိနိုင်ပါပြီ။

အားလုံးကို logout မလုပ်ဘဲ master password ခံသုံးရင် ပိုအဆင်ပြေတာပေါ့။ Tools \options \security \change master password မှာ နှစ်သက်ရာ password ထည့်ပေးလိုက်တာပေါ့။ အသုံးဝင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

Useful of Foxyproxy and IE7pro

Foxyproxy နဲ့ IE7pro ကို အသုံးပြုပြီး browser တွေမှာ proxy တွေ ပြောင်းနိုင် ပါတယ်။ ဒီနှစ်ခုက plugin နဲ့ addon ကွာခြားနေပေမယ့် proxy တွေ ပြောင်းလည်းရာမှာ foxyproxy က firefox အတွက် IEpro က IE အတွက် သုံးစွဲပါမယ်။ tool \options \proxy setting မှာ server no. တွေ သွားပြောင်းပေးနေရတဲ့ အချိန်ကုန် အလုပ်ရှုတ် သက်သာစေတဲ့ freeware တွေပါ။

အခက်အခဲတွေကို ကျော်လွှားဖို့ Ultrasurf, Freedom, Freegate software တွေ ရယူအသုံးပြုနေသူ ဖြစ်ရပါမယ်။ အခြား proxy software တွေ ရှိသေးပေမယ့် ဒီ ဆော့ဖ်ဝဲလ်တွေလောက် အခမဲ့ အဆင်ပြေပြေ သုံးမရပါဘူး။
တစ်ခြား ခုန်ပျံ ကျော်လွှား နည်းတစ်ချို့တော့ ဒီမှာ နဲ့ ဒီမှာ ရေးခဲ့ဘူးပါတယ်။

ပထမဆုံး အထက်က proxy software(Ultrasurf) တစ်ခု ရယူပြီး ဖွင့်ထားလိုက်ပါ။

Foxy proxy for Firefox

Firefox မှာ Foxyproxy ကို download&install ပြီးရင် restart လုပ်လိုက်ပါ။ Tor proxy ကိုတော့ မသုံးဘူးဗျာ။ ကျော်ခဲ့လိုက်ပေါ့။

Firefox statusbar မှာ foxyproxy လေးရောက်နေပြီဆိုရင် right click နဲ့ options ကိုရွေးလိုက်ပါ။

Add new proxy ကို နှိပ်ပြီး General tab မှာ Ultrasurf နဲ့ proxy details tab ရဲ့ manual proxy configuration မှာ host name 127.0.0.1 port 9666 ကို ဖြည့်ပေးပါ။ Freedom က 127.0.0.1:8080 ဖြစ်ပြီး Freegate က 127.0.0.1:8567 ဖြစ်ပါတယ်။

Pattern tab မှာ Add new pattern ကို နှိပ်ပြီး Pattern name=sanle URl pattern=linsanle.blogspot.com ဖြည့်ပေးရင် ရပါပြီ :)။ဒါဆို status bar က foxyproxy ကို ညာကလစ် နှိပ်ပြီး Ultrasurf ကို ရွေးရင် ကျော်ခွ ထွက်ခွါ နိုင်ပါပြီ။

Froxyproxy ရဲ့ အားသာချက် တစ်ခုက block page တွေကို auto ပြောင်းဖွင့်ပေးနိုင်ပါတယ်။ Setting တော့ ချိန်ထားပေးရပါတယ်။
Foxyproxy ရဲ့ options ကို သွားပြီး Mode မှာ Use proxies based on their pre-defined patterns and priorities ကို ရွေးပေးပါ။ ဆက်ပြီး auto add မှာ enable ကို အမှန်ခြစ်လေး ပေးလိုက်ပါ။

Proxy to which patterns are automatically added မှာ Ultrasurf ရွေးပေးပေါ့။
Pattern to identify blocked websites ရဲ့ Define tab ကိုနှိပ်ပြီး *The access to requested URL has been denied* သို့ *This site is blocked by MPT* သက်ဆိုင်ရာတစ်ခုကို ပြောင်းထည့်ပေးလိုက်ပါ။ ဒါဆို ရပါပြီ။
Blocked site တစ်ခုနဲ့ IP viewer site တစ်ခုတို့ ယှဉ်တွဲ ဖွင့်လိုက်ရင် proxy နှစ်ခုနဲ့ သွားနေတာ တွေ့နိုင်ပါမယ်။

IE7pro for internet explorer

IE7pro ကို download&install လုပ်ပေးပါ။

ပြီးလျှင် IE status bar မှာ IEpro icon ပေါ် rightclick \proxy setting \edit proxy list ကိုသွားပြီး 127.0.0.1:9666 ကို ပေါင်းထည့်ပေးလိုက်ပါ။

ဒါဆို နောင် ကျော်ခွဖို့ လိုအပ်ရင် IEpro icon ပေါ် rightclick \proxy setting \127.0.0.1:9666 ကို ရွေးတာပေါ့။ မလိုတော့ Disable proxy ပေါ့ဗျာ။
ကျွန်တော် ဒီနည်းတွေနဲ့ rapidshare မှာ ဟိုပြေး ဒီပြေး လုပ်လေ့ရှိတယ်။ IE7pro က Enhance Internet Explorer's Tabbed Browsing Capabilities, Super Drag and Drop, Mouse Gesture, Crash Recovery, Save Page to Image, AD Blocker, Greasy monkey alike User Script, Inline Search, Spell Check လုပ်ငန်းတွေကိုပါ စွမ်းဆောင် ပေးပါတယ်။ သူ့ကိုသုံးထားရင် IE လည်း ပိုမြိုင်သွားတာပေါ့။

နောက်တစ်ခုက Avant browser ပါ။ သူ့ကိုသုံးရင် proxy setting ပါပြီးသားမို့ 127.0.0.1:9666 ကို tools \proxy \customize မှာ သွားထည့်ပေးလိုက်ရုံပါဘဲ။ မြန်ပေမယ့် ကွန်နက်ရှင် ကျဆင်းနေရင် အု..အား..ပြားချပ်ချပ်..ဖြစ်သွားတတ်လို့ မြန်မာ့ရေမြေ ကို မကြိုက်ပါဘူး။
ဒီအကြောင်းတွေကို တော်တော် များများ ရေးခဲ့ကြ ပြီးပါပြီ။ လက်ရှိ သုံးနေသူတွေ မှတ်သားဖူးသူတွေက မလိုအပ် တော့ပေမယ့် မေးမြန်း သိလိုသူတွေ ရှိဆဲပါ။ အခြေအနေ အရလည်း လိုအပ်ချက် ကြီးမားလာတာကိုး။ ဒါကြောင့် လက်လှမ်းမှီရာ မည်သည့်နေရာမဆို ရရှိနိုင်ပြီး အဆင်ပြေပြေ သုံးစွဲနိုင်စေဖို့ ဝေငှ လိုက်ပါတယ်။ ဒီနည်းတွေနဲ့ အချိန်ပိုတွေ တိုးပွားဖို့ အကြိုးပြုနိုင်ကောင်းပါရဲ့။

September 10, 2008

KAWAI

KAWAI ဆိုတဲ့ ဂိမ်းလေးရှိပါတယ်။ တရုတ်ကလူတွေ ရေးထားတာပါ။ အတော်လေးလည်း ဆော့ကောင်းပါတယ်။ ကျွန်တော်ကတော့ တခါတလေစိတ်ရှုပ်ရင် ဒီဂိမ်းလေးနဲ့ အပန်းဖြေလိုက်တာပဲ။ သူ့ကိုဖွင့်လိုက်ရင် အောက်မှာ ပြထားသလို ပုံလေးတွေကို အကွက်လေးတွေနဲ့ ပြပေးထားပါတယ်။



အဲဒါကိုမှ Mouse နဲ့ တူတာလေးတွေကို လိုက်နှိပ်ပေးရပါတယ်။ ကပ်လျက်တူတာမျိုးတွေဆို ရတယ်၊ ဒါမှမဟုတ် အောက်မှာပြထားတဲ့ပုံအတိုင်း လိုက်နှိပ်ပေးရင်လည်း ရပါတယ်။


အဲဒီနည်းနဲ့ အတုံးလေးတွေကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ကုန်အောင် လုပ်ပေးရပါတယ်။ Level 1 ပြီးရင် Level 2 လာပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ခက်သထက်ခက်လာတယ်။ ရုပ်ပုံလေးတွေကလည်း ပုံစံတူသလိုလိုနဲ့ မတူတာတွေလည်း များလာပါတယ်။ မျက်စိလည်းလျင်၊ Mouse နှိပ်တာလည်းမြန်မှ အောင်မြင်အောင် ဆော့နိုင်မှာပါ။ တစ်ခုတော့ မှာချင်ပါတယ်။ စိတ်ကိုထွက်ပေါက်ပေးတဲ့အနေနဲ့ပဲ ဆော့စေချင်ပါတယ်။ အလကားနေရင်း ဒီဂိမ်းလေးနဲ့ အချိန်ကုန်တာမျိုးတော့ မဖြစ်စေလိုပါ။
ဒီမှာနှိပ်ပြီး ရယူပါ။ Size: 496 KB

September 9, 2008

OEM Wizard

Windows Key ရယ်၊ Pause Break Key ရယ်တွဲနှိပ်လိုက်ရင် System Properties Dialog Box ကျလာပါတယ်။ အောက်မှာ ပြထားတဲ့ ပုံလိုပေါ့။

အပေါ်ပုံမှာ အ၀ိုင်းကွင်းပြထားတဲ့နေရာမှာ ပုံလေးတစ်ပုံထည့်ထားတာ တွေ့တဲ့အတိုင်းပဲ။ အဲ ပြီးတော့ လေးထောင့်ကွင်းဝိုက်ပြထားတဲ့နေရာမှာ Support Information ဆိုတဲ့ Button လေးကို နှိပ်လိုက်ရင် အောက်မှာ ပြထားတဲ့ Box လေးတစ်ခု ကျလာပါတယ်။


အဲဒီလိုမျိုးလေးလုပ်ရင်ချင် Program တစ်ခုရှိပါတယ်။ အရင်တုန်းကတော့ ကျွန်တော် Manual နည်းနဲ့ လုပ်တာပါ။ အခုတော့ ကျွန်တော့်ရဲ့ ညီတစ်ယောက်လိုဖြစ်တဲ့ ကိုသက်ပိုင်ဝင်းကနေ အဲဒီလိုဖြစ်သွားအောင် C# နဲ့ Program တစ်ခု ရေးထားပါတယ်။ (ကျွန်တော်တောင်းဆိုလို့ပါ) အခု အဲဒီ Program လေးကို Share ပေးလိုက်ပါတယ်။


ဒီမှာနှိပ်ပြီး ရယူပါ။ (Size: 72 KB)

September 8, 2008

UltraVNC



Network ကနေ တခြားကွန်ပျူတာကို လှမ်းကြည့်ချင်ရင် အကောင်းဆုံး Program တစ်ခုရှိပါတယ်။ အဲဒါကတော့ UltraVNC ပါ။ သုံးရတာလည်း အရမ်းလွယ်ပါတယ်။ လှမ်းကြည့်ချင်တဲ့ကွန်ပျူတာမှာရော၊ ကိုယ့်ကွန်ပျူတာမှာပါ ဒီ Program ကိုတင်လိုက်ပါ။ စကြည့်မယ်ဆိုရင်တော့ VNC Viewer ကိုဖွင့်ပြီး ကိုယ်ကြည့်ချင်တဲ့ကွန်ပျူတာရဲ့ IP သို့မဟုတ် Computer name ကို ရိုက်ထည့်ပြီး Connect ကို နှိပ်လိုက်ရင် စကြည့်လို့ရပါပြီ။

ဒီမှာနှိပ်ပြီး Download လုပ်ပါ။ (Size: 2.13 MB)

nLite


nLite ဟာ Windows Installation ကို Customize လုပ်ဖို့ Free ပေးထားတဲ့ Program ပါ။ အားလုံးလည်း သတိထားမိကြမှာပါ။ အခုနောက်ပိုင်း ၀င်းဒိုးစီဒီတွေမှာ CD Key ရိုက်စရာမလိုတာတို့၊ ၀င်းဒိုးတင်ပြီးတာနဲ့ Program တွေပါ တစ်ခါတည်းပါလာတို့ပေါ့။ အဲဒါတွေအားလုံးဟာ nLite နဲ့ လုပ်ထားတာပါ။

nLite ကိုသုံးဖို့ ကိုယ့်ဆီမှာ ၀င်းဒိုးခွေရှိရမယ်၊ ပြီးရင် အဲဒီဝင်းဒိုးခွေထဲမှာပါသမျှအကုန်လုံးကို ကော်ပီကူးပြီး ကွန်ပျူတာထဲကို Folder တစ်ခု (e.g. XP ) ဆောက်ပြီး ထည့်ရပါမယ်။ ပြီးရင် nLite ကို Download လုပ်ပြီး Install လုပ်၊ ပြီးရင်ဖွင့်၊ ဖွင့်ပြီးတာနဲ့ သူက Windows Folder ကို ရွေးခိုင်းပါလိမ့်မယ်။ အဲဒီအခါမှာ အစောက Folder ကို ရွေးပေးပါ။ ပြီးတဲ့အခါမှာ ကိုယ့်စိတ်ကြိုက် Customize လုပ်လို့ရပါပြီ။ နောက်ဆုံး အဆင့်မှာ ISO ဖိုင် ထုတ်ပေးပါလိမ့်မယ်။ အဲဒီ ISO ဖိုင်ကို CD ပြန်ရိုက်ပြီး စသုံးလို့ ရပါပြီ။ အဲဒီစီဒီခွေဟာ ကိုယ့်စိတ်ကြိုက် ပြုပြင်ထားတဲ့ ၀င်းဒိုးခွေဖြစ်သွားပါပြီ။ ကျွန်တော်တောင် အခုထွက်တဲ့ Windows XP SP3 ကို ဆိုင်ကနေမ၀ယ်ဘဲ nLite နဲ့ ကိုယ့်ဘာသာ လုပ်ထားတယ်။

nLite နဲ့ ဒါတွေလုပ်လို့ရပါတယ်။
1. Slipstream Service Pack (Service Pack များ ပေါင်းထည့်ခြင်း)
2. Add Hotfixes, Addons and Update Packs များ ပေါင်းထည့်ခြင်း
3. Drivers များပေါင်းထည့်ခြင်း (ဒါကြောင့် ၀င်ဒိုးတင်ပြီးတာနဲ့ Driver ထည့်စရာမလိုတော့ပါ)
4. Components များဖယ်ရှားခြင်း (၀င်ဒိုးထဲကနေ ကိုယ့်အတွက် အသုံးမလိုတဲ့ဟာတွေကို ကြိုဖြုတ်နိုင်ခြင်း၊ ဥပမာ Windows Messenger)
5. Unattended Installation လုပ်ခြင်း (၀င်ဒိုးတင်တဲ့အခါ မေးမယ့် CD Key တွေ၊ Computer Name တွေကို ကြိုတင်ထည့်ထားနိုင်ခြင်း)
6. Tweaks (၀င်ဒိုးကို ပိုမြန်အောင်၊ ပိုကောင်းအောင် လုပ်နိုင်မယ့် Tweak တွေ Apply လုပ်နိုင်ခြင်း)
7. Bootable ISO (အားလုံးစိတ်ကြိုက်လုပ်ပြီးပါက Boot လုပ်နိုင်သော ISO ဖိုင် ထုတ်ပေးနိုင်ခြင်း)

http://www.nliteos.com/ မှာ download လုပ်နိုင်ပါတယ်။


ကိုသူရိန်

Google Chrome Add-Ons for Firefox

Firefox မှာ Google Chrome addons ပေါင်းထည့်ထားလို့ရပါတယ်။ Firefox သုံးရင်း လင့်တွေကို အလွယ်တကူ chrome နဲ့ ပြောင်းဖွင့် သွားနိုင်ပါတယ်။ တွဲသုံးဖို့ ဒေါင်းလုဒ် မလုပ်ရသေးရင် google chrome portable သို့ မူရင်းဆိုဒ် က ယူထားနိုင်ပါတယ်။

GC (google chrome) က မပြည့်စုံသေးတော့ FF(firefox) ဘဲ သုံးနေရတာပေါ့။ FF ကို proxy နဲ့ သုံးရင်း မကျော် မခွရတဲ့ လင့်တွေကို rightclick လေးနဲ့ GC ကဖွင့်သွားရင် တော်တော် အလုပ်ရှုတ် သက်သာသွားတယ်။

Open-in-google-chrome.xpi ကို ဒေါင်းလုဒ် လုပ်ပြီး FF မှာ ဖွင့်လိုက်ပါ။ ဒါဆို addon install လုပ်သွားပါမယ်။

FF restart လုပ်ပြီး tools \addons \open in google chrome \options ကို အဆင့်ဆင့် သွားလိုက်ပါ။

Google Chrome Options Windows မှာ C:\Documents and Settings\Administrator\Local Settings\Application Data\Google\Chrome\Application\chrome.exe (for xp) or C:\Users\Administrator\AppData\Local\Google\Chrome\Application\chrome.exe (for vista) ကို copy/paste ဖြည့်ပြီး ရင် ရပါပြီ။ Administrator နေရာ မိမိ အကောင့် ပြောင်းပေးလိုက်ပါ။ Manual Browse လုပ်ရင်တော့ show hidden files and folders ကို folder options မှာ ရွေးထားပေးပါ။ Folder options က ဗိုင်းရပ်စ် နှိပ်စက်လို့ လူတိုင်းလောက် သိမှာပါ :-)
Navigation toolbar က home bottom ဘေးမှာ ခုလို ပေါ်နေအောင် toolbar \rightclick \customize သွားပြီး drag n drop ဆွဲထည့်ထားလို့ ရပါတယ်။

September 7, 2008

Google Chrome Add-ons

Firefox user တွေ Google Chrome Browser (GC) ကို သုံးကြည့်ပြီး အလိုအပ်ဆုံးက addons ဖြစ်နေပါတယ်။ Toolsbar မပါ addon မရှိလို့ အခက်တွေ့နေရင် ဒီက ယူသုံးလိုက်ပေါ့ဗျာ။ လွယ်သလား မမေးနဲ့ GC bookmarks bar ပေါ် drag and drop ဆွဲထည့်လိုက်ပါ။ သုံးနေကျ တွေမို့ ရှင်းပြနေဖို့ မလိုတော့ပါဘူးနော့.........

Google Chrome Add-ons



1.Adblock+

2.Stumble it

3.Socialize

4.Google Pagerank

5.Video downloader

6.Twitter now

7.Tumblelog

8.Dictionary

9.Translate

10. Reference

11.Gmail This

12.Google Apps Mail

13.Linkify

14.Thesaurus

September 6, 2008

Disable virus scan for firefox 3

Firefox 3 ရဲ့ သွင်ပြင်သစ် တစ်ခုက ဒေါင်းလုဒ် ပြီးသွားရင် ဗိုင်းရပ်စ် စစ်ပေးပါတယ်။ ကိုယ့်မှာ အန်တီဗိုင်းရပ်စ် ပရိုဂရမ် ကောင်းကောင်းရှိရင် ဒီအဆင့်ကို ဖြုတ်ထားနိုင်ပါတယ်။ စက္ကန့် ပိုင်းလောက်သာ ဆိုပေမယ့် မလိုအပ်ဘဲ အကြိမ်များစွာ မစောင့်ရအောင် ဖြုတ်ထားလည်း ပြသနာ မရှိပါဘူး။

Firefox ရဲ့ address bar မှာ about:config ကိုရိုက်ပါ။ သတိပေးချက် ပေါ်လာရင် ဆက်နှိပ်တာပေါ့။

Filter bar မှာ " scanWhenDone " ကိုရိုက်ပြီး " browser.download.manager.scanWhenDone " ကိုရှာလိုက်ပါမယ်။

Preference Name မှ " browser.download.manager.scanWhenDone " ရဲ့ value ကို double click ဖြင့် false သို့ ပြောင်းပေးခြင်းဖြင့် auto scan ကို ဖယ်ထုတ်နိုင်ပါတယ်။ Restart ပြန်လုပ်စရာ မလိုဘဲ ဒေါင်းလုဒ် ပြီးသွားတိုင်း scan လုပ်ခြင်းအဆင့် ပျောက်ကွယ် နေပါလိမ့်မယ်။

Check Google Analytics for Today

Blog တွေမှာ Google Analytics ကို အတော်များများ သုံးကြမယ် ထင်ပါတယ်။ သူရဲ့ နောက်ဆုံး ရက် 30 ကြည့်နိုင်တဲ့ default view မှာ ယနေ့ အန်နာလိုက်စ် လုပ်ထားတာ ကြည့်လို့မရပါဘူး။ ဒီနေ့ အတွက် ကြည့်မယ်ဆို ဖန်တီး ရပါတယ်။

အရင်ဆုံး Google Analytics မှာ login ၀င်ပြီး မိမိ ID ယူရပါမယ်။ Dashboard ထိ သွားပြီး browser address bar မှာ ?reset=1&id= ကုဒ်ကို ရှာလိုက်ပါ။ အဲဒီကုဒ်ရဲ့နောက်က ဂဏာန်းဟာ မိမိ ID ပါဘဲ။

javascript:var%20d=new%20Date();var%20pad='';var%20padm='';if(d.getDate()<10){pad='0';};if(d.getMonth()<10){padm='0';};var%20t=''+d.getFullYear()+padm+(d.getMonth()+1)+pad+d.getDate();location.href='https://www.google.com/analytics/reporting/dashboard?id=YOURID&pdr='+t+'-'+t+'&cmp=average'

Google မှာ login ၀င်ပြီး အထက်က ကုဒ်တွေကို address bar မှာ copy/paste နဲ့ ဖွင့်လိုက်ပါ။ အဆိုပါ လင့်ကို bookmark toolsbar ပေါ် သိမ်းဆည်းပါမယ်။ Toolsbar ပေါ်က today analytics icon ပေါ် right click \properties သို့ သွားပြီး Location ရဲ့ ?reset=1&id= နောက်က YOURID နေရာမှာ မိမိ ID အစား သွင်းပေးပြီး ok ပေါ့။

နောက်ပိုင်း Toolsbar က icon ကို နှိပ်ပြီး မိမိ web blog တွေရဲ့ ရောက်ဆဲ analytics ကို ကြည့်နိုင်ပါပြီ။ IE နဲ့ firefox နှစ်မျိုးလုံး မှာ သုံးနိုင်ပါတယ်။ Google ချစ်သူတွေ ပျော်ရွှင် ကြပါစေ....

September 4, 2008

Myanmar IT Men Group

Blog ဆိုတာက presentation သက်သက်ပဲကိုး။ ဒီ IT Men Blog ကိုပဲကြည့်။ ကျွန်တော်တို့ ရေးတင်နေတာကိုပဲ စာဖတ်သူတွေက ဖတ်နေရတယ်။ Discussion လုပ်မရဘူး။ အဲဒါကြောင့် အခု Myanmar IT Men ဆိုတဲ့ Google Group လေးတစ်ခု ဖန်တီးလိုက်ပါပြီ။ မသိတာတွေလည်း မေးလို့ရတယ်၊ ကိုယ်တတ်ထားတွေလည်း ပြန်ဖြန့်ဝေပေးနိုင်မယ်။ Gmail account ရှိရုံနဲ့ ၀င်လို့ရပါတယ်။ Zawgyi ရှိရင် မြန်မာလိုလည်း ရေးလို့ရပါတယ်။ လိပ်စာကhttp://groups.google.com/group/myanmaritmen ပါ။




Google Groups

Myanmar IT Men

Visit this group

September 3, 2008

Google Chrome

Google က ဘရောက်ဆာသစ် ထွက်လာလို့ စမ်းသုံးကြည့်မိတယ်။ Beta version ပေမယ့် အတော်လေး လန်းတယ်။ XP/VISTA support ဖြစ်ပြီး ပါးလွှာ ရှင်းလင်းနေတယ်လို့ မြင်မိတယ်။ Opensource အဖြစ် ပေးထားပြီး feature တွေကလည်း သုံးကြည့်သလောက် နှစ်သက်မိတယ်။
Opera ရဲ့ speeddial လိုမျိုး ctrl+t နဲ့ ခေါ်လိုက်ရင် recent boomarks လေးကိုမြင်ရပါတယ်။ Tabs ကိုလည်း drag n drop အလွယ် ရွှေ့ပြောင်းနိုင်တယ်။

Mail ကိုဖွင့် create application shortcuts နဲ့ desktop ကို ရွေးပေးလိုက်ရင် နောင် မေးလ်ကို web apps တစ်ခုလို ကလစ်လေးနဲ့ အလွယ်သုံးနိုင်သွားပါတယ်။
search box ကို သီးသန့်မဟုတ်ဘဲ url bar မှာ တွဲထားပြီး ယ္ခင် သုံးခဲ့တဲ့လိပ်စာ နဲ့ ရှာဖွေရေးအင်ဂျင် တစ်နေရာတည်း ရွေးချယ်ရပါတယ်။ Search enging ပြောင်းဘို့ တော့ option သွားခိုင်းထားတယ်။

Incognito windows ကသုံးရင် history,cookie,cache တွေ ပြန်ဖျက်စရာ မလိုတော့ပါဘူး။
Taskmanager က ဖွင့်ထားတဲ့ tabs ရဲ့ memory,cpu,network သုံးစွဲနေမှု အခြေအနေကို ကြည့်နိုင်ပြီး မလိုအပ်တာကို ပိတ်ထားနိုင်ပါတယ်။

ှSurf လုပ်ချိန်ဟာ safari,firefox တို့လောက်ကို မြန်ဆန်ပါတယ်။ Proxy setting ကို IE ကယူပေမယ့် fonts ကိုတော့ firefox လို ရွေးပေးရုံပါဘဲ။

Developer tools ကလည်း ပြည့်စုံအောင် အားဖြည့်ပေးထားလို့ web developer တွေ အကြိုက်တွေ့စေပါမယ်။

Firefox ရဲ့ စွမ်းဆောင်နိုင်စွမ်း ကို မယှဉ်သာပေမယ့် IE 8 beta 2 ထက်တော့ အပြတ်သာပါတယ်။ Google products က အတော်များများ ယူသုံးနေတော့ Google chrome ကိုရော သင် နှစ်သက် မှာလား...

September 2, 2008

How To Create PDF

PDF (Portable Document Format) ဖိုင် ဖန်တီးချင်ရင် PDFCreator ဆိုတဲ့ software လေးရှိပါတယ်။ SourceForge.net ကနေ Free ပေးတာပါ။ အတော်ကောင်းပါတယ်။ သုံးရတာလည်း အရမ်းလွယ်ပါတယ်။ PDF ဖိုင်တွေကို ဖတ်ဖို့ ကိုယ့်စက်မှာ Adobe Reader ကို တင်ထားဖို့ လိုပါလိမ့်မယ်။

Install လုပ်နည်း
၁။ Installer ကို ဒီမှာနှိပ်ပြီး ယူပါ။
၂။ ပြီးရင် အဲဒီဖိုင်ကို ဖွင့်ပြီး Wizard အတိုင်း Next တွေနှိပ်ပြီး Install လုပ်ပါ။

အသုံးပြုနည်း
၁။ ကိုယ် PDF လုပ်ချင်တဲ့ File ကို ဖွင့်ပြီး (ဥပမာ- Word File) File ကနေ Print ကိုနှိပ်၊ ပြီးရင် PDF Creator ကို ရွေးလိုက်ရုံပါပဲ။
၂။ Dialog box တစ်ခု ကျလာရင် Save ကို နှိပ်ပါ။ သိမ်းမယ့်နေရာကို ရွေးပါ။ ပြီးရင် Save ကို နှိပ်ပါ။
၃။ ပြောင်းနေတာကို ခဏစောင့်ပါ။ ပြီးသွားရင် Adobe Reader နဲ့ သူ့အလိုလို ဖွင့်ပေးပါလိမ့်မယ်။

August 31, 2008

Windows XP Registry Guide

Registry ကို စိတ်ဝင်စားသူတွေအတွက် Microsoft ကနေ ထုတ်ထားတဲ့ Windows Registry Ebook လေးကို Share ပေးလိုက်ပါတယ်။


Download Here

Windows Media Player တွင် သီချင်းစာသား ထည့်သွင်းခြင်း

WMP မှာ Lyrics တွေ ထည့်လို့ရပါတယ်။ MP3 သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ရင် သီချင်းစာသားတွေပါ ပေါ်လာအောင် WMP မှာ လုပ်လို့ရပါတယ်။ အဲဒါ အရင် version တွေမှာပါ။ WMP 11 မှာကျ Synchronized Lyrics ပါ ထည့်လို့ရလာတယ်။ Synchronized Lyrics ဆိုတာက ကာရာအိုကေစာတန်းထိုးသလို သီချင်းသံနဲ့ စာသားနဲ့အကိုက် ပြောင်းပြီး ပေါ်ပေးပါတယ်။ အခု အဲဒီနည်းလေးကို အသုံးပြုပြီး မြန်မာ MP3 သီချင်းတွေမှာ Synchronized Lyrics ထည့်နည်းလေးကို Ebook လုပ်ပြီး Share ပေးလိုက်ပါတယ်။ ကဲဗျာ.. မြန်မာ MP3 နားထောင်ရင်း သီချင်းစာသားလေးတွေနဲ့ လိုက်ဆိုကြတာပေါ့။
ဒီမှာနှိပ်ပြီး download လုပ်ပါ။

August 29, 2008

အရောင်များနှင့် ပေါင်းသင်းကြည့်ခြင်း

အရောင်တွေ အစိမ်းရောင်၊ အပြာရောင် စတာတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ ကွန်ပျူတာမှာလည်း အရောင်တွေ တွေ့နေရပြန်သေးတယ်။ အရောင်တွေမှာ အားတွေရှိတယ်ဆိုတာ ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ အရောင်တွေပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ စိတ်တွေ ပြောင်းလဲတတ်တယ်ဆိုတာလည်း ဖတ်ခဲ့ဖူးတယ်။

အ၀ါရောင်ဟာ နာကျင်မှုကို သက်သာစေလို့ ဆေးရုံတွေရဲ့ နံရံမှာ အ၀ါရောင်တွေ သုတ်လိမ်းလေ့ရှိကြပါတယ်။ အနီရောင်ဟာ အမှန်တရားရဲ့ သက်သေဖြစ်လို့ တရားရုံးတွေမှာ အနီရောင်ကို လိမ်းခြယ်ထားတယ်။ ဒါ့အပြင် အနီရောင်ဟာ အရမ်းပေါ်လွင်လို့ သတိပေးဆိုင်းဘုတ်တွေမှာ အနီရောင်ကို သုံးကြပြန်ပါသေးတယ်။ အနက်ရောင်ကတော့ ဗေဒင်ဆရာတွေရဲ့ အခန်းတွေမှာ သုံးကြပါတယ်။ အင်တာနက်မှာဆိုရင် Crack Website တွေဟာ အနက်ရောင် background ကို ခံလေ့ရှိပါတယ်။ Copyright ကို ချိုးဖောက်ထားတဲ့အကြောင်းကို အဲဒီ အနက်ရောင် background ကြီးက သက်သေပြထားသလိုပါပဲ။
ခရမ်းရောင်ကတော့ အလွမ်းရဲ့ သင်္ကေတအရောင်လို့ ရေးကြပါတယ်။ ရွှေရောင်ကတော့ မြင့်မြတ်တဲ့အရောင်၊ ဒါကြောင့် ရှေးဘုရင်တွေရဲ့ အသုံးအဆောင်၊ အ၀တ်အထည်တွေဟော ရွှေရောင်တွေ သုတ်လိမ်းထားတာပေါ့။
ဂရစ်ဖစ်ဒီဇိုင်နာတွေ၊ Web Designer တွေ၊ Application Program’s Interface Designer တွေအနေနဲ့ အရောင်တွေရဲ့အားကို မလေ့လာလို့ မရပါဘူး။ အရောင်တွေတွဲစပ်ပုံကို သိထားရပါမယ်။ ဘယ်အရောင်နဲ့ ဘယ်အရောင်တွဲသင့်သလဲ။ ဘယ်အရောင်ပေါ်မှာ ဘယ်အရောင် မသုံးသင့်ဘူးလဲ။ အဲဒါတွေကို သိထားရပါ့မယ်။ Website တွေဆိုလည်း အရောင်တွဲစပ်ပုံမှန်တဲ့ site တွေဟာ user နဲ့ ပိုပြီး sticky ဖြစ်ပါတယ်။ Program တွေဆိုလည်း Interface လှတဲ့ program တွေကို ကြာရှည်သုံးကြတယ်။ သုံးရတာ စိတ်ချမ်းသာစရာ ပိုကောင်းပါတယ်။

နာမည်ကျော်တဲ့ ဂရစ်ဖစ်ဒီဇိုင်းတွေကို လေ့လာကြည့်ရင် အရောင်တွေ သုံးတတ်လို့ ပိုပြီးလှပတယ်ဆိုတာ သိကြမှာပါ။ ဘာ effect မှ မပါချင်နေပါစေ၊ အရောင်တွဲတတ်ရင်ကို အဲဒီ ဒီဇိုင်းဟာ အတော်လေးကို ကြည့်လို့ ကောင်းနေပါပြီ။ ဂရစ်ဖစ်ဒီဇိုင်းမှာ ကျွမ်းကျင်ဖို့အတွက် အရောင်တွေကို နိုင်ရပါမယ်။ အရောင်တွေ မနိုင်ပဲနဲ့တော့ ဂရစ်ဖစ်ဒီဇိုင်းဆွဲလို့ရတောင်မှ လုံးဝကြည့်ကောင်းမှာ မဟုတ်ပါဘူး။

ကျွန်တော် ဟိုဟိုဒီဒီသွားတဲ့အခါ သတိထားကြည့်မိတာကတော့ လမ်းဘေးက ကြော်ငြာတွေပါပဲ။ သူတို့တွေ ဘယ်အရောင်နဲ့ ဘယ်အရောင်တွဲထားသလဲဆိုတာ ကြည့်တယ်၊ ပြီးရင် စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ ကျွန်တော်မှတ်ထားသလောက် ပြောရရင် အ၀ါရောင်ပေါ်မှာ အနက်ရောင်စာလုံးရေးရင် အရမ်းပေါ်ပါတယ်။ လိုက်ဖက်တယ်။ ဥပမာအနေနဲ့ပြောရင် ပရီမီယာကော်ဖီ ရဲ့ banner တွေကိုပဲ ကြည့်ကြည့်ပါ။ အစိမ်းရောင်ပေါ်မှာကျတော့ အဖြူရောင်က ပေါ်ပါတယ်။ အစိမ်းနဲ့အဖြူဆိုတာ ကျွန်တော်တို့ဆီက လူတွေရဲ့ အမြင်ထဲမှာ လုံးဝလိုက်ဖက်ပြီးသားပါ။ ကျောင်းဝတ်စုံက အစိမ်းနဲ့အဖြူကိုး။

သတိ လမ်းပြင်နေသည်ဆိုတဲ့ ဆိုင်းဘုတ်ကို ရေးတဲ့သူဟာ အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့ပဲ ရေးသင့်ပါတယ်။ တခြားအရောင်တွေသွားသုံးလို့ မရပါဘူး။ အစိုးရဌာနတွေနဲ့ သက်ဆိုင်တာတွေကတော့ သူ့ဌာနနဲ့၊ သူ့အရောင်နဲ့သူ ရှိပြီးသားပါ။ သစ်တောဆိုရင် အစိမ်းရောင်ပေါ်မှာ အဖြူသုံးတယ်၊ မီးရထားဆိုရင် အ၀ါရောင်ပေါ်မှာ အနက်ရောင်သုံးတယ်။ ပညာရေးဆိုရင် အစိမ်းပေါ်မှာ အဖြူသုံးတယ်။ အိုင်တီလောကက လူတွေကတော့ သတ်မှတ်ထားတာမဟုတ်ပေမဲ့ အပြာရောင်ကို အ၀တ်များကြတာကို တွေ့ရပါတယ်။ သာသနာရေးကတော့ အ၀ါရောင်ကို သုံးပါတယ်။

တလောက နာဂစ်နဲ့ပတ်သတ်တဲ့ ဒီဇိုင်းလေးတစ်ခုကို အွန်လိုင်းပေါ်မှာ တွေ့ပါတယ်။ အဲဒီဒီဇိုင်းမှာ ငတ်ပြတ်နေတဲ့ပုံပေါက်နေတဲ့ ကလေးငယ်တွေရဲ့ ပုံကို background အနေနဲ့ ထားထားတယ်။ ပညာပါတာက အဲဒီကလေးငယ်တွေရဲ့ပုံတွေကို အဖြူအမည်းလုပ်ထားတာပါပဲ။ အဲဒါကြောင့် အဲဒီကလေးတွေပုံဟာ ပိုပြီး ခြောက်ကပ်သွားသလို၊ ပိုပြီး သနားစရာကောင်းသွားပါတယ်။

Gmail ဆိုရင်လည်း အပြာရောင်ကို ဦးစားပေးသုံးထားတဲ့အတွက် သုံးရတာ ပိုကောင်းတယ်လို့ ထင်ရပါတယ်။ ကျွန်တော်တို့ အရင်က သုံးခဲ့ဖူးသမျှ Free Mail တွေထဲမှာ Gmail လောက် Interface ကောင်းတာမျိုး လုံးဝမရှိခဲ့ဘူးပါဘူး။ ဒါကိုတော့ Free Mail သုံးသူတိုင်း ၀န်ခံကြမှာပါ။ Gmail မှာ သာလွန်တာက အပြာရောင်ရယ်၊ Arial Font ကို သုံးထားတယ်ရယ်၊ design ကလည်း ရှင်းလင်းတာကြောင့်ရယ်ပါ။

XP ကနေ Vista ကို ပြောင်းသုံးချင်တဲ့ လူတစ်ယောက်ကိုမေးကြည့်ပါ။ Vista ရဲ့ တခြားစွမ်းဆောင်ရည်တွေကို သိလို့ထက် Vista က ပိုလှလို့ သုံးချင်တာလို့ ဖြေကြမှာ မလွဲပါပဲ။ Vista က အနက်ရောင်ကို ဦးစားပေးထားတဲ့အတွက် သုံးရတာ လုံခြုံမှုရှိသယောင် ခံစားရလို့ပါပဲ။

အရောင်သီအိုရီအကြောင်း ဆက်လက်ရေးသားပါဦးမည်။

ကိုသူရိန်

Virus ရန်က ကင်းဝေးအောင် ဒါတွေဆောင်

Antivirus တင်ထားရပါမယ်
ဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် မရှိမဖြစ် ရှိရမယ့်ဟာကတော့ Antivirus ပါပဲ။ ဘယ် Antivirus ကပိုကောင်းတယ်ဆိုပြီး အမျိုးမျိုး ပြောနေကြတာလည်း ကြားဖူးကြမှာပါ။ ကျွန်တော့်အနေနဲ့ recommended လုပ်ချင်တာကတော့ Kaspersky Antivirus 7.0 ပါ။ ဘာဖြစ်လို့ ညွှန်းတာလဲဆိုတော့ 2006 နဲ့ 2007 အတွက် အကောင်းဆုံးဆု ရထားလို့ပါ။ ဒါပေမဲ့ Kaspersky က Blacklist လည်း ခဏခဏ ပေါ်တယ်။ Update လည်း မလုပ်တတ်ဘူး ဘာညာစသည်ဖြင့် ညည်းတာတွေကိုလည်း ပြန်ကြားရပါတယ်။ Blacklist မဖြစ်အောင်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဂရုစိုက်ရပါမယ်။ Kaspersky ရဲ့ သဘောက Update လုပ်လိုက်ရင် ရှိပြီးသား Key လေးတွေ Blacklist ဖြစ်ဖြစ် သွားတတ်ပါတယ်။ အဲဒီအခါမှာ http://www.kavkiskey.com/ ကိုသွားပြီး Key တော်တော်များများကို download ဆွဲချရပါတယ်။ ပြီးတော့မှ တစ်ခုချင်း ထည့်စမ်းကြည့်ရပါတယ်။ Blacklist မဖြစ်တဲ့ Key ကတော့ အမြဲတမ်းပါလာလေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီနည်းကို သုံးနေပါတယ်။

တပတ်တစ်ခါ Update လုပ်ပါ
Antivirus တင်ပြီးပြီဆိုပြီး ပေါ့နေလို့လည်း မရသေးပါဘူး။ ဗိုင်းရပ်စ်တွေကို အထင်မသေးပါနဲ့။ အချိန်တိုင်း အသစ်တွေ ပေါ်နေပါတယ်။ ကိုယ့် Antivirus က 1 ရက်နေ့ Update ဆိုရင် 2 ရက်နေ့မှာ ထွက်လာတဲ့ ဗိုင်းရပ်စ်ကို ယောင်လို့တောင် သိမှာမဟုတ်ပါဘူး။ ဒါကြောင့် Antivirus ရဲ့ database ကို တပတ်တခါ update လုပ်ပေးရပါ့မယ်။ Kaspersky အတွက်တော့ http://www.kaspeskylab.com/ မှာ ရနိုင်ပါတယ်။ သူပေးထားတဲ့ Update ဖိုင် သုံးမျိုးထဲက av-i386-cumul.zip ကို download ဆွဲချရင် ရပါတယ်။ မပျက်မကွက်ပဲ တပတ်တခါ update လုပ်နိုင်ရင်တော့ av-i386-weekly.zip ဖိုင်ကို download လုပ်ရင် ရပါတယ်။ weekly က cumulative ထက်စာရင် File size သေးတဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ပျက်ကွက်ခဲ့ရင်တော့ မရပါဘူး။

Full Scan လုပ်ပါ
Update လုပ်ပြီးတိုင်း Computer ကို Full Scan လုပ်ပါ။ အချိန်ပေးရတယ်လို့ထင်ရင် ညအိပ်ရာဝင်ခါနီးမှာ command ပေးပြီး ပစ်ထားလို့ ရပါတယ်။

Autorun Killer သုံးပါ
မြန်မာပြည်မှာတော့ ဗိုင်းရပ်စ်အများစုဟာ Memory Stick တွေကနေ ပြန့်ပွားကြတာ များပါတယ်။ ကူးစက်တဲ့ဗိုင်းရပ်စ် တော်တော်များများကလည်း Memory Stick ကို ကွန်ပျူတာမှာတက်လိုက်တာနဲ့ ဗိုင်းရပ်စ်အလုပ်လုပ်အောင် autorun.inf ဖိုင်မှာ ၀င်ရေးထားတာ များပါတယ်။ အဲဒီ autorun.inf ကို အလုပ်မလုပ်နိုင်အောင်သာ တားနိုင်မယ်ဆိုရင် တော်ရုံတန်ရုံ ဗိုင်းရပ်စ် မ၀င်နိုင်ပါဘူး။ အဲဒီအတွက် http://www.cpe17.com/ မှာ Free ရနိုင်တဲ့ CPE17 Autorun Killer ကို သုံးပါ။ သူက Removable Disk နဲ့ Drive မှန်သမျှမှာ ပါလာတဲ့ autorun.inf ကို အလုပ်မလုပ်နိုင်အောင် တားပေးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ autorun.inf မှာ အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့ ဗိုင်းရပ်စ်ရဲ့ executable file တွေကို ဖျက်ပေးနိုင်ပါတယ်။ ဒါ့အပြင် Memory Stick ကို လုံးဝမဖွင့်သေးခင် Antivirus နဲ့ Scan လုပ်ဖို့လည်း မမေ့ပါနဲ့။
Here is Autorun Killer Quick download link:
http://cpe17.com/yabb/Attachment/cpe17antiautorun1330.exe

System Restore ကို ပိတ်ထားပါ
ကြုံတွေ့ရသလောက် ဗိုင်းရပ်စ်အများစုဟာ Windows Partition အောက်က Restore ဖိုလ်ဒါအောင်မှာ သွားအောင်းကြတာ များပါတယ်။ အဲဒီ ဖိုလ်ဒါဟာ Windows ရဲ့ Function တစ်ခုဖြစ်တဲ့ System Restore ကို enable လုပ်ထားလို့ ပေါ်နေတာပါ။ System Restore ဟာ Windows System ကို အမှားလုပ်မိရင် Recover ပြန်လုပ်နိုင်အောင် ထည့်ပေးထားတာပါ။ ဒါပေမဲ့ သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ System Restore ကို ပိတ်ထားလိုက်ပါ။ My Computer မှာ Right Click နှိပ် Properties ရွေးပြီး System Restore ကို နှိပ်၊ Turn off System Restore ကို ရွေးလိုက်ရင် ပိတ်သွားပါပြီ။

ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားပါ
ဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့ ဗိုင်းရပ်စ်တွေကို စိတ်ဝင်စားရပါ့မယ်။ ဘယ်ဗိုင်းရပ်စ်အသစ်ထွက်လာသလဲ ဆိုတာ အမြဲနားစွင့်နေပါ။ အဲဒီ ဗိုင်းရပ်စ်က System ကို ဘာလုပ်ပစ်သလဲ၊ ဘယ်လိုကာကွယ်နိုင်သလည်း စတာတွေကို လက်လှမ်းမီသလောက် လေ့လာပါ။ ကျွမ်းကျင်သူများဆိုရင် ကူးစက်ခံရတာနဲ့ အဲဒီ ဘာဗိုင်းရပ်စ်ဆိုပြီး ဒက်ကနဲ ပြောနိုင်ကြပါတယ်။

Spyware လည်း ကာကွယ်ရမယ်
Spyware တွေဟာလည်း သောင်းကျန်းတာပါပဲ။ အဲဒီအတွက် Spy Sweeper ဆိုတဲ့ Anti-Spyware Program ကို တင်ထားရပါမယ်။

Firefox ကိုသာသုံးပါ
ကိုယ့်ကွန်ပျူတာက အင်တာနက်ချိတ်ဆတ်ထားတယ်ဆိုရင် အင်တာနက်သုံးတဲ့အခါ Firefox ကိုပဲ သုံးပါ။ IE မှာ လုံခြုံရေးယိုပေါက်တွေ မြောက်မြားစွာ ရှိလို့ပါ။

Free ဆိုတိုင်း မယူပါနဲ့
အင်တာနက်သုံးပြီး Free တိုင်း မယူပါနဲ့။ Website တော်တော်များများက Free ထဲမှာ Adware တွေ၊ Malware တွေ ထည့်လွှတ်ကြတာ များပါတယ်။ နာမည်ကြီး Website တွေဆီကပဲ download လုပ်ပါ။ ပိုသေချာချင်တယ်ဆိုရင်တော့ McAfee Site Advisor ကို သုံးပါ။

(ပြည့်စုံမှုမရှိသေးပါ၊ နောင်အလျဉ်းသင့်ပါက ဆက်လက်ရေးသားပါဦးမည်)

ကိုသူရိန်

August 28, 2008

Product and Licenes Key Recover

ဝင်းဒိုး၊ဂိမ်း နဲ့ ဆော့ဖ်ဝဲလ် တွေအတွက် cdkey,serial key,product key တွေက install လုပ်တိုင်း ထည့်သွင်း ရလေ့ ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဒီကီးတွေ ရယူ သိမ်းဆည်း ထားပေးဖို့ လိုအပ်ရင် Key recover တွေ သုံးပြီး ရှာဖွေထား နိုင်ပါတယ်။ ဒါဆို နောက်တစ်ချိန် install ပြန်လုပ်ရင် ဖြစ်ဖြစ် ကိုယ့် ကီး တစ်ခြားသူ ရှယ်ဖို့ ဖြစ်ဖြစ် လွယ်ကူသွားပါမယ်။

License Crawler

Windows registry မှာ ရှိတဲ့ windows product keys နဲ့ အခြား serial no. တွေ ရှာနိုင်ပါတယ်။ win 95 ကနေ vista ထိအပြင် nero,office,VMWare နဲ့ အခြား ဆော့ဖ်ဝဲလ် ကုဒ်တွေကိုပါ registry ထဲ ရှာပေးပါတယ်။ ဖိုင်ဆိုဒ် က 50 KB သာရှိပြီး portable application မို့ နှစ်လိုစရာပါ။

License Crawler ရဲ့ မူလဆိုဒ် မှာ ဂျာမန် ဘာသာ နဲ့ပါ ရယူနိုင်ပြီး အင်္ဂလိပ်လိုတော့ ဒီလင့်ကနေ တိုက်ရိုက် ယူနိုင်ပါတယ်။

Key Revealer

Game နဲ့ Software နှစ်မျိုး ခွဲထားပါတယ်။ Game Key Revealer v1.0.2 နဲ့ SoftKey Revealer v1.1.4 ဆိုပြီး ရယူရပါမယ်။

Game အတွက် 10tacle Studios, Activision,Atari, Codemasters, Crytek, Electronic Arts, Epic Games, Eugen Systems, Funatics Development, GameHouse, id, Iron Lore, JoWooD, KONAMI, Lionhead Studios, LucasArts, Maxis, Oberon Media, Phenomic, Pi Eye Games, PopCap Games, Red Storm, SEGA, Sierra, Techland, THQ, Ubisoft, Valve, Westwood တို့က ထွက်တဲ့ ဂိမ်းတွေ ရတယ်လို့ အတည်ပြု ထားပါတယ်။ တခြား ဂိမ်း 500 ကျော် ရှာပေး နိုင်ပါတယ်။

Software အတွက် 700 ကျော် ရှာပေးနိုင်ပြီး Text,word အနေနဲ့ save ထားနိုင်ပါတယ်။ Key Revealer တွေကလည်း သေးငယ်တဲ့ ပမာဏ ပါဘဲ။ အားလုံး freeware အဖြစ် ပေးထားပြီး ဆောင်ထား သင့်လှပါတယ်။
ကီးတွေရှာပေးမယ့် software name တွေက....

3D Screensavers (many)
3D Editor
3D Me Now
3D Web Button
ABF Outlook Backup 2
Absolute Time Corrector
AccelPad
Access Password Recovery Genie
ACDSee Photo Manager
ACDSee FotoAngelo
ACDSee FotoCanvas
ACDSee ImageFox
ACDSee PicaView
ACDSee Pro 2
Acronis Disk Director
Acronis True Image
Acronis Universal Restore
ActMon Password Recovery XP
Addweb Website Promoter 6, 7, 8
Adobe Acrobat 5, 6, 7, 8
Adobe Acrobat Distiller 6
Adobe After Effects 6, 6.5, 7
Adobe Lightroom 1.0
Adobe Photoshop 5, 5.5, 6, 7, CS
Adobe Premiere 5, 5.5, CS3
Advanced Batch Converter
Advanced Direct Remailer
Advanced SmartCheck
AirplanePDQ
Alice-soft Products
Alcohol 120%
All Image
Amabilis 3D Canvas 6
Atlantis
Atomic ZIP Password Recovery
Audio Recorder Deluxe
AutoCAD
AutoCAD LT
Autoplay Menu Builder
AutoWorld 3D Garage
Avira AntiVir PersonalEdition Classic
Axailis IconWorkshop
Axialis Professional Screen Saver Producer
BadCopy
BeFaster
Belarc Advisor
Beyond Compare
Beyond Media
Beyond TV
BitComet Acceleration Patch
BootXP 2
Borland Delphi 5, 6, 7, 8
CachemanXP
Casir 2.2
CD2HTML
CDMenu
CDMenuPro 5, 6, 7
CDWinder
Chily Registry Cleaner
Clean Disk Security
Code Lobster
Codec Tweak Tool
CodeWiz
CompanionLink
CorelDRAW 7,8,9,10,11,12,13
Corel WordPerfect
Cool Recorder
CoreAVC Pro
CoverXP
CreateInstall 2000
Crystal Reports 9, 10, 11
Cubase SX
CuteFTP
Cyberlink Products
Cyberlink CDS
Cyberlink LabelPrint 2
Cyberlink PCM4Everio
Cyberlink Power2Go 5, 6
Cyberlink PowerDirector 6.5, Uniplayer
Cyberlink PowerDirector Express 5
Cyberlink PowerDVD 5,6,7
Cyberlink PowerDVD DX, MyMovie
Cyberlink PowerProducer 3
Cyberlink PowerStarter
DameWare NT Utilities
Dell Service Tag
Delphi Source formatting Wizard
Depot
DFX Plugin
Dictation Buddy
Digital Photo Cut 2
Download Accelerator Plus
DVDIdle Pro
DVD Profiler
DVD2One
DVDFab Platinum
Easy Autorun Creator
EasyBoot 2, 3
Easy-Hide-IP
Easy CD-DA Extractor 4.6, 6, 7, 8, 9
Easy Photo Editor
EDrawSoft Flow Chart
Efes Fatura
Efes Hesap
Efes Stok
Efes Uretim Takip
eHelp RoboHelp Office X3
Elaborate Bytes Clone DVD
ElcomSoft Products
Elprime Clock Pro
Email Spyder
EO Video
Equation Wizard
ethosBASIC
ExamXML
Fast Video Indexer
FileRecoveryAngel
FinalRecovery
FinePrint 3, 4, 5
FinePrint pdfFactory 2, 3
FlashGet
Folder Content Maker
FotoSlate 2, 3, 4
Frigate 2,3
Futuremark 3DMark 2001,2003,2005,2006
Futuremark PCMark 2004,2005,2006
GameGain
GetDataBack for FAT
GetDataBack for NTFS
GetRight
Glary Utilities Pro
gotoMaxx pdfMAILER
Grab File
Hard Drive Inspector
HDD State Inspector
HiDownload
Hide Folders XP 2
Historykill 2003
HTTP Debugger Pro
IconSaver
Image-Line Products
- Deckadance
- DirectWave
- FL Studio 4, 4.5, 5, 6, 7, 8
- Fruity DrumSynth Live
- Fruity DX10
- FruityLoops 2, 3
- Fruity Soundfont Player
- Maximus
- PoiZone
- ProductCookies
- Sytrus
- Toxic III
- Wasp
Installer2GO
Internet Download Manager
IsoBuster
ISOpen
Kingdia Products
LeapFTP
LimeWire Acceleration Patch
L0pht Crack LC4
L0pht Crack LC5
Macromedia Products
Macromedia Contribute Studio MX
Macromedia Dreamweaver 4,5,Studio MX,MX 2004,8
Macromedia Fireworks 3,4,5,Studio MX,7,8
Macromedia Flash 5,6,7,8
Macromedia FreeHand 8,9,10,11
Macromedia Homesite 4,5,6,+55
Macromedia UltraDev 3,4,5
MagicISO
Magic Speed
Mediafour MacDrive 7
MediaMonkey
MemoriesOnTV
Mindjet MindManager 4, 4.5, 5, 6, 7
mIRC
Monitor Control
MP3 Remix
MP3 Remix for Winamp
MP3 Remix for Windows Media Player
MP3 Resizer
MP3 Splitter and Joiner
Multi Password Recovery
myJAL Java Application Loader
Naturally Speaking 7, 8
Nero Burning Rom 5, 6, 7, 8
Nero Burning Rom 6 Plugins
Nero Burning Rom 7 Plugins
Nero Burning Rom 8 Plugins
Nero 8 Move-It
Netopia Timbuktu Pro
NewsBin Pro, 4, 5
Norton Antivirus 2005, 2006, 2007
Norton Internet Security 2005, 2007
Norton Partition Magic 8
Norton System Works 2005
Nufsoft Products
O&O Products
O&O BlueCon 5
O&O CleverCache 5, 6
O&O Defrag Pro 4,5,6,7,8,9,10
O&O DiskImage 1,2
O&O DiskRecovery 3, 4
O&O DriveLED 2
O&O FormatRecovery 3, 4
O&O MediaRecovery 3, 4
O&O SafeErase 2
O&O UnErase 2, 3, 4
Offline Explorer MX, Pro
onOne Focalpoint 1.0
onOne Phototools Professional 1.0
onOne Mask Pro 4.0
PageGenie Pro
PageSaver
Padus DiscJuggler
Paint Shop Pro 6,7,8,9,10,11,12
Panorama Maker 3.0, 3.5
PartitionRecovery
Passware Kit Enterprise 7, 8
PassWD2000
PC Icon Editor
PC Washer
PentaZip
PGWARE Products
Photomatix Pro
Picture Finder Pro
Pinnacle Studio 8, 9, 10, 10 plus, 11
Plato Products
Portfolio 4, 5, 6, 7
PowerArchiver
PowerQuest PartitionMagic 7,8
PowerStrip
PrivateZone
Pure CD Ripper
Quick Batch File Compiler
Quick View Folder Size
Real Passwords
ReplayConverter
Replay Screencast
Registry Mechanic
Registry Optimierer
Restorator
Roxio My DVD 8 Premier, 9
SART Telefon Fihristi
ScanSoft PaperPort
ScanStar Spectrum Commander
Screensaver Remover
Secret Record 3
SecurDataStor 6, CD-Media
Setup2GO
SimSynth Fruity Live
Slysoft AnyDVD
Slysoft CloneCD
Smart Flash Recovery
Smart NTFS Recovery
SmartVersion
SoftDisc
Sonic Foundry ACID 3,4
Sonic Record Now!
Sony ACID XMC 6
Sony Sound Forge 7,8,9
Sony Vegas 5, 6, 7, 8
SourceSafe 7, 8
SQL Script Builder
Stardock Products
Stardock
Stardock Apogee Icon Suite
Stardock Aquarium Desktop , 2006, 2007
Stardock Blog Navigator
Stardock CursorXP Plus
Stardock Desktop Pet
Stardock DesktopX
Stardock Natural Desktop
Stardock ObjectDesktop
Stardock Orion Icon Suite
Stardock ThinkDesk
Stardock Unorthodox Suite
Stardock Utopia Icon Suite
Stardock WinCustomize
Suitcase 8, 9
Super Utilities
SuperCleaner
SwiftDog GameHike
SwiftDog GameThrust
System Mechanic
Tag & Rename
Talking 2 Desktop
Talking E-mail
Techsmith Camtasia Studio 2,3,4,5,5.1
Techsmith SnagIt 5, 6, 7, 8, 8.1
TERMINAL Studio Screensavers
Texas Calculatem
TGTSoft StyleXP
The Bat!
TMPGEnc Plus 2.5
Tobit ClipIncPlayer 4
Total Recorder
Total Video2DVD Author
Total Video Converter
Tracks Eraser Pro
Trend Micro PC-cillin Antivirus 11
Trend Micro PC-cillin Antivirus 2007
TuneUP 2004, 2006, 2007, 2008
Ulead COOL 3D 2, 3
Ulead DVD PictureShow 3, 4
Ulead DVD MovieFactory 4, 5
Ulead GIF Animator 5, 5.05, 6
Ulead PhotoImpact 5, 6, 7, 8, 9
Ulead MediaStudio Pro 5, 6, 7, 8, 9
Ulead VideoStudio 7, 8, 9, 10, 11
UltraISO
USA DVD Video MP4 Converter
USA DVD Video XviD Converter
USB Admin Pro
UtilityPlanet DocCommander
VanDyke SecureCRT
VanDyke SecureFX
Visual Studio , 2003, 2005, 2008
VSA 8
VMware Server
VMware Workstation 4,5,6,6 ACE Edition
Vocabilis
VSO BlindWrite 5, 6
VSO ConvertX to DVD , 2, 3
VueScan
X1 Desktop Search
Xilisoft Products
XLS Converter
XnView
XP Tools
XThink Calculator
Winamp 5
Windows Password Cracker
WinImage
WinISO
WinPatrol
WinZip
WinZip Self-Extractor
WinX DVD Player
WinXP Manager
Word Password Recovery Genie
WordPerfect Office 8, 9, 2002, 11, 12
WS FTP
WWW2Image
ZoneAlarm

And more.............

August 26, 2008

Registry backup and restore

Windows Registry ဟာ OS နဲ့ program တွေ အားလုံး စုဝေးထိန်းချုပ် ထားတယ်လို့ ယေဘူယျ ပြောနိုင်ပါတယ်။ Registry နဲ့ ပတ်သက်ပြီး ချိန်ညှိ ပြင်ဆင် ဖို့လိုတိုင်း ဦးစွာ backup လုပ်ထား ရပါတယ်။ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရင် restore ပြန်လုပ် နိုင်အောင်ပါ။ Registry ရဲ့ အရေးကြီးတဲ့ ကဏ္ဍ တစ်ခု မှားသွားရင် သုံးမရအောင် OS က ရပ်ဆိုင်း သွားတတ်တာကိုး....

Reg. backup,restore and reg. defrag အသင့် လုပ်ပေးတဲ့ ဆောဖ့်ဝဲလ် များစွာ ရှိပါတယ်။ ဒါကို အမြဲ မတင် ထားချင်ဘူး အဆင်သင့် ဖြစ်မနေဘူး ဆိုရင် manual backup လုပ်လိုက်တာပေါ့။ Basic user အတွက်လည်း မခက်ခဲ လှပါဘူး။ Windows မှာ build-in ပါပြီးသားမို့ အဆင့်ဆင့် လုပ်ကြည့်ရုံပါဘဲ။

Backup လုပ်ဖို့ အတွက် Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

System restore windows မှာ To create a restore point ကို ထပ်နှိပ်ရင် system properties ရောက် သွားပါမယ်။

Create ကိုနှိပ်ပြီး အမည်တစ်ခု(Regbackup) ပေးကာ restore point တစ်ခု ဖန်တီးခြင်း အဆုံးသတ် နိုင်ပါပြီ။

Restore ပြန်လုပ်မယ်ဆို ပထမ ဘက်အပ် လုပ်ခဲ့တဲ့ အဆင့် အတိုင်း Start \all programs \accessories \system tools \system restore ကို ရွေးချယ်ပေးပါ။

Choose a diffirent restore point ကို ရွေးရ်ျ Regbackup file ကို restore ပြန်လုပ် ပေးရုံပါဘဲ။ restore လုပ်ငန်း ပြီးဆုံးရင် ကွန်ပြူတာမှ auto restart လုပ်ပေး ပါလိမ့်မယ်။

အကယ်ရ်ျ ၀င်းဒိုး မတက်သေးရင် boot လုပ်နေချိန်မှာ F8 key ကို ဖိထားပြီး Advanced Boot Options screen ကို ခေါ်လိုက်ပါ။ Last Known Good Configuration (advanced) ကိုရွေးခြင်းဖြင့်လည်း နောက်ဆုံး logon လုပ်ခဲ့တဲ့ အခြေအနေကို ရွေးယူ နိုင်ပါသေးတယ်။

ဒီထက် ပိုလုပ်နိုင်တာ ကတော့ system recovery options မှာ system restore ကို ရွေးပေးခြင်းပါ။ ဒါပေမယ့် vista မှာဘဲ ရပါတယ်။
registry ထဲ ၀င်မွှေရင် အတော်အသင့် အမှားလောက်တော့ ကာကွယ် နိုင်သွားပါမယ်။

August 23, 2008

Myanmar Internet Journal

Internet Journal က Website တင်လိုက်ပြီဆိုတဲ့အကြောင်း ရေးထားတာတွေ့တာနဲ့ ၀င်ကြည့်မိပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စုံလင်အောင် ဖန်တီးထားတာကို တွေ့ရလို့ ကွန်ပျူတာ ၀ါသနာရှင်များရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်ဆုံးထုတ် issue က အစ PDF နဲ့ download လုပ်ခွင့်ပေးထားတယ်။ ရှာဖွေရလွယ်ကူအောင် ခေါင်းစဉ်လေးတွေ ခွဲပေးထားတယ်။ Feed ယူခွင့်လည်း ပေးထားပါတယ်။ ဒီကရှေ့လျှောက် အမြဲ ၀င်ကြည့်နေရမယ့် site တစ်ခုပါပဲ။
အားလုံးလည်း သွားရောက် လေ့လာ မှတ်သားလိုက်ကြပါဦး။
www.myanmarinternetjournal.com

August 21, 2008

Flash Drive နဲ့ Virus အကြောင်းကျွန်တော့်အမြင်ပါ။

ကျွန်တော်dna30xရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးနည်းနည်းလောက်ဆွေးနွေးပါရစေ။ ကျွန်တော့်အမြင်ပြောရရင် stroageDevicePolicies မှာ writeProtect လုပ်ထားရင် ကိုယ့်စက်ရဲ့  registry မှာဘဲပြင်ထားတာဆိုတော့ ကိုယ့်ရဲ့ ကွန်ပြူတာမှာဘဲ writeProtect ဖြစ်မှာပါ။ တစ်ခြားစက်တွေမှာကိုယ့် flashDrive သွားတပ်ရင် write လုပ်လို့ရနေဦးမှာပါ။အဲဒီတော့ ကိုယ့်စက်မှာပြန်တပ်တဲ့အခါ virus က run နိုင်ပါသေးတယ်။ ပြီးတော့ file တွေကို encrypt လုပ်တာပါ။ ကျွန်တော်သိသလောက်ပြောရရင် virus တွေက file တွေမှာ append မလုပ်ပါဘူး။ သူ့ file နဲ့သူပါ။ အဲဒီတော့ file တွေကို encrypt လုပ်ထားလဲ flashDrive ထဲမှာနေရာလွတ်ရှိသရွေ့ virus က၀င်နိုင်ပါသေးတယ်။virus တွေက autorun.inf ဆိုတဲ့ file ကို flashDrive ထဲမှာ ထည့်ပြီး virus file ကို run ခိုင်းတာပါ။ window ရဲ့ autorun feature ကိုပိတ်ထားရင်တောင် double click နဲ့ ဖွင့်ရင် autorun.inf ကအလုပ်လုပ်ပါသေးတယ်။ RightClick>Explore ကလည်း virus ရေးတဲ့လူအားလုံးလိုလို က သူတို့ file run ဖို့ autorun.inf မှာ ထည့်ရေးထားပြီးသားပါ။ flashDrive ကို FolderView ဒါမှမဟုတ် AdressBar မှာ driveLetter နဲ့ ဖွင့်ရင်တော့ autorun.inf ကအလုပ်မလုပ်နိုင်ပါဘူး။ အဲလိုဖွင့်ပြီး ကိုယ့် flashDrive မှာ autorun.inf ရှိမရှိ စစ်ကြည့်တာပိုကောင်းပါတယ်။ autorun.inf ကို system file အဖြစ်နဲ့ hide လုပ်ထားလေ့ရှိပါတယ်။ adressBar မှာ X:\autorun.inf(X = ur flashDrive's letter) လို့ရိုက်ပြီး ဖွင့်ကြည့်တာတော့ အမြန်ဆုံး ပါဘဲ။ ကိုယ့်ဟာကိုယ်ထည့်ထားတာ မဟုတ်ဘဲနဲ့ autorun.inf က defult text editor တစ်ခုခုနဲ့ ပွင့်လာရင်တော့ သေချာပါတယ် virus ၀င်နေလို့ပါ။ autorun.inf file ထဲက "open=" ဆိုတဲ့နောက်မှာ executable file name တစ်ခုပါ ပါလိမ့်မယ်။ အဲဒီ file နဲ့ autorun.inf ကို flashDrive ထဲကဖျက်ပစ် လိုက်ရင် ရပါတယ်။


CBox မှ မေးခွန်းများအး ဖြေကြားခြင်း

ရဲမင်း: ကျွန်တော့ရဲ့ blog ကို myanmarbloggers.org ကို transfer လုပ်လို့မရ၀ူး
phyoekyaw@gmail.com ဆီ ဆက်သွယ်ပြီး myanmarbloggers.org ရဲ့ subdomain တစ်ခုရဖို့ request လုပ်ပါ။ သူက လုပ်ပြီးကြောင်း reply လုပ်တဲ့အခါ blogger.com မှာ ကိုယ့် account နဲ့ဝင်ပါ။ Setting ကို နှိပ်ပါ။

softlight: ကို itmen ရေ ကျွန်တော် မြန်မာကားတစ်ကားကို ကွန်ပျုတာထဲထည့်တာမရဘူး 2 m ဘဲ ပြတယ် vcd စက်နဲ့ကြည့်တော့ရတယ်ဗျကူညီပါဦး
protect လုပ်ထားတာပါ။ Alchol တို့၊ Daemon Tools တို့ သုံးပြီး ထည့်ပါ။ CloneCD နဲ့ image ရိုက်ရင်လည်း တခါတလေတော့ ရတတ်ပါတယ်။

dna30x: ကျွန်တော်က pen drive ထဲမှာ portable apps တွေထည့်ပြီးသုံးလေ့ရှိပါတယ် ဒီအခါ အခြား PC တွေမှာသုံးရင် pen drive ထဲကို virus မ၀င်ဖို. Registry ရဲ.StorageDevicePolicies မှာ WriteProtect ကို enabled လုပ်ထားရင်လုံလောက်ပါသလား တချို.ပြောတာက file တွေကို encrypted လုပ်ပြီးpen drive ထဲထားရင် virus infected မဖြစ်ဘူးလို.ပြောကြပါတယ် အဲံဒါ အကို အားရင် နဲနဲဆွေးနွေးပေးပါအုံးwriteprotect ကို enable လုပ်ထားရင် လုံလောက်တယ်လို့ ပြောနိုင်ပါတယ်။ encrypt လုပ်ပြီး ထည့်ရင် infected မဖြစ်ဘူးဆိုတာ မှန်ပါတယ်။ နှစ်ခုစလုံး လုပ်ရင် ပိုကောင်းတာပေါ့။

komt08@gmail.com: kaspersky ကမသိတဲ့virus ကို newvirus@kaspersky.com ကို ဘာနဲ့ ဘယ်လိုပို့ ရမှာလဲခင်ဗျာ။ကျေးဇူးပြုပြီးဖြေကြားပေးပါအုံး။
virus ကို file hosting တစ်ခုခုမှာ upload လုပ်ပါ။ ပြီးရင် email ပို့လို့ရပါပြီ။ Title မှာ Kaspersky Can't Protect This Virus လို့ ရေးပါ။ Body မှာ ဗိုင်းရပ်စ်ရဲ့ download link ထည့်ပေးလိုက်ပါ။ ဒါဆိုရပါပြီ။

min nyo: pls upload the learning lesson to control remote destop application and dos command to used windowXP
use UltraVNC (free download)

aungpu80: how can i get a member of ur blog?i want to ask u some problem.pls help
You can ask me about problem by sending email to zawthureintun@gmail.com