March 17, 2008

Gtalk Profile

Gtalk Profile Website ဟာ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ Gtalk အသုံးပြုတဲ့သူတွေရဲ့ Profile တွေကို ရှာပေးနိုင်ပါတယ်။ Profile မှာ ကိုယ်ရေးအချက်အလက် အနည်းအကျဉ်းနဲ့ Email လိပ်စာ ပါဝင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Profile တစ်ခုကိုလဲ ဖန်တီးလို့ရပါတယ်။ Online မိတ်ဆွေ ပေါသထက် ပေါလိုသူများ ၀င်ရောက်ကြည့်ပါကုန်။
လိပ်စာက www.gtalkprofile.com ဖြစ်ပါတယ်။

Vista သုံးဖို့ရာ စောလွန်းပါသေးသည်

Windows Vista ပေါ်ထွက်လာသည်မှာ အတော်အတန်ကြာမြင့်လာပါပြီ။ ဒါပေမဲ့ ဘာကြောင့် အသုံးမများသေးတာလဲ။ သေချာသုံးသပ်ကြည့်လိုက်တော့ အားနည်းချက်တွေ ရှိသေးလို့ပဲဖြစ်ပါတယ်။

(၁) Upgrade လုပ်ရန်အတွက် Hardware ပိုင်း လိုအပ်ချက်မြင့်မားမှု
Windows Vista ကိုသုံးဖို့ရာ Memory ပမာဏ 1GB ရှိသင့်သည်ဟု Microsoft က အဆိုပြုထားပါသည်။ လောလောဆယ် သင့်ကွန်ပျူတာသည် Pentium 4 ကွန်ပျူတာတစ်လုံးဆိုပါက ထိုကွန်ပျူတာတွင်သုံးသော Memory အမျိုးအစားသည် DDR အမျိုးအစားဖြစ်ပါလိမ့်မည်။ အခုလက်ရှိတွင် DDR Memory များ ပျောက်ကွယ်သလောက်ရှိနေပြီး DDR2 Memory များသာ ဈေးကွက်ထဲရှိနေပါတော့သည်။ ထို့ကြောင့် DDR Memory ကို 1GB ပြည့်အောင် ဖြည့်ဖို့ရန်မူ လွယ်ကူသောအလုပ်မဟုတ်ပေ။ DDR Memory ကို ရတောင်မှ ဈေးနှုန်းကြီးမြင့်ပါလိမ့်မည်။ ကဲ..ဒါဖြင့် ဒီလောက်ရှားနေတဲ့ DDR Memory
မ၀ယ်ဘူးပေါ့။ လောလောဆယ် ဈေးကွက်ထဲရောင်းနေသော DDR2 Memory ကိုသာ ၀ယ်မည်ဆိုပါစို့။ ၀မ်းနည်းပါသည်။ Pentium 4 ကွန်ပျူတာများသည် DDR2 Memory ကို လက်မခံပါ။ ကဲ..ဒါဖြင့် လက်ခံအောင် ဘယ်လိုလုပ်မလဲ။ ဟုတ်ကဲ့..Motherboard အသစ်တစ်ခု ၀ယ်ရပါမည်။ ပို၍ ကံဆိုးသည်မှာ Pentium 4 CPU များတွင် ပါဝင်သော Pin အရေအတွက်သည် 478 ချောင်းဖြစ်ပြီး၊ ဈေးကွက်အတွင်း လက်ရှိရောင်းနေသော Motherboard များသည် 478 Pin CPU ကို support မလုပ်တော့ဘဲ 775 Pin ရှိသော CPU ကိုသာ တပ်ဆင်ရပါတော့သည်။ အတိုချုပ်ရသော် သင်သည် Pentium 4 ကွန်ပျူတာတစ်လုံးကို သုံးစွဲနေသူတစ်ယောက်ဖြစ်ပါက Windows Vista ကို သုံးရန်အတွက် DDR Memory 1GB ပြည့်အောင်ဖြည့်၊ မဖြည့်နိုင်လျှင်တော့ Motherboard လဲရမည်၊ Windows Vista ၏ Aero Glass Feature ကို ရရှိရန်အတွက် Graphic Card အကောင်းစား၊ Graphic Memory များများလိုအပ်သေးသည်။ လက်ရှိသုံးနေသော CPU ကြီး မြောင်းထဲပစ်ရမည်။ Power Supply ပါ အဆစ်ပါလိုက်ဦးမယ်ဗျား။

(၂) 64 Bit ဖြစ်နေတာကြောင့်ပါ

Windows Vista သည် 32bit နှင့် 64bit ဆိုပြီး နှစ်မျိုးလာသော်လည်း 64bit ကိုသုံးမှသာ Vista ၏စွမ်းပကားကို အပြည့်အ၀မြင်ရမည်ဖြစ်ပါသည်။ Operating System ကို 64 bit သုံးမည်ဆိုလျှင် Hardware များကလည်း 64bit ဖြစ်ရပါမည်။ Motherboard ကလည်း 64bit ၊ CPU ကလည်း 64 bit ဖြစ်ရပါမည်။ Pentium 4 CPU များသည် 32bit ဖြစ်ပြီး ယခုနောက်ပေါ် Pentium D CPU များကသာ 64bit ဖြစ်ပါသည်။ ထို့အပြင် Pentium 4 တပ်ထားသော Motherboard သည်လည်း 64bit မဖြစ်နိုင်ဘဲ 64bit Motherboard ထပ်မံဝယ်ယူရပါမည်။ လက်ရှိဈေးကွက်ထဲတွင် Vista Ready ဟု တံဆိပ်ကပ်ထားသော Motherboard များသည် 64bit ကို support လုပ်ပေးနိုင်ပါသည်။

(၃) 64bit ဖြစ်သော်လည်းပဲ

Vista ကို အရူးအမူးသုံးချင်၍ 64bit computer တစ်လုံးဝယ်ပြီး 64bit Windows Vista ကိုထည့်လိုက်ပြီဆိုပါစို့။ စောလွန်းပါသေးသည်။ 64bit Windows Vista ပေါ်တွင် run နိုင်သော 64bit program များအရေအတွက်မှာ လောလောဆယ် လက်ချိုးရေနိုင်သေးပါသည်။ 64bit တွေ မထွက်သေးလို့ 32bit Program တွေကိုပဲ Vista ပေါ်တင်မည် ဆိုပါစို့။ ဂီယာလေးချက်ပါသော ဆိုင်ကယ်ကြီးစီးပြီး ဂီယာနံပါတ်နှစ်နဲ့သာ မောင်းနေသလို ဖြစ်နေပါလိမ့်မည်။ Microsoft ကလည်း တော်တော်များများနှင့် ရန်ဖြစ်ထားပုံရပါသည်။ သူ့ 64 bit Vista အတွက် လက်ရှိထွက်နေသော 64bit Program များမှာ Microsoft ကသာ များပြီး အခြားကုမ္ပဏီများမှ မထုတ်ကြသေးပါ။ Adobe Photoshop တောင် 64 bit version မထုတ်သေးပါ။ Vista က ထပ်ပြီး ဂျီးများသည်မှာ လက်ရှိသုံးနေကြသော 32bit Program တောင်မှ တော်တော်များများတင်မရပါ။ အဓိကအားဖြင့် Hard disk နှင့်ပတ်သတ်သော Program များ၊ Antivirus Program များမှ Vista ပေါ်တွင် အလုပ်မလုပ်ပါ။ ထို့ကြောင့် 32bit ဖြစ်သော်လည်း Vista Compatiable ဖြစ်မှ Vista ပေါ်တွင် အဆင်ပြေပြေ run ပါလိမ့်မည်။ တလောကတော့ ထို Program Compatiable အပိုင်းကို ကိုင်တွယ်သော အရာရှိတစ်ယောက်ကို Program တော်တော်များများနှင့် Windows Vista အဆင်ပြေအောင် အလုပ်မလုပ်နိုင်ခြင်းကြောင့် အလုပ်ထုတ်လိုက်သည်ဟု ဖတ်လိုက်ရပါသည်။

(၄) Gamer တွေလည်း မသုံးကြသေးပါ

Windows Vista သည် Game များအတွက် အရေးကြီးသောနည်းပညာဖြစ်သည့် DirectX 10 ကို support လုပ်ပါသည်။ Windows XP တွင်မူ DirectX 9 ကိုသာ support လုပ်ပါသည်။ DirectX10 သည် DriectX9 ထက် Game များကို ရုပ်ထွက်အားပိုကောင်းစေပါသည်။ သို့သော်လည်း လက်ရှိ လူကြိုက်များသော Game များမှာ DirectX10 version အနေဖြင့် မထွက်သေးပါ။ ထို့ပြင် ထို Windows Vista ၏ DirectX10 ကို သုံးနိုင်ရန် မိမိကွန်ပျူတာတွင် DirectX10 ရသော Graphic Card စိုက်ရပါမည်။ လက်ရှိဈေးကွက်ထဲတွင်လည်း DirectX10 Graphic Card များသည် ဈေးနှုန်းကြီးမြင့် ၍ ရှားပါးနေဆဲဖြစ်ပါသည်။ ထို့ကြောင့်လည်း Gamer များအနေဖြင့် Vista ကို ကောင်းမှန်းသိတယ်၊ ဒါပေမဲ့ ပေါင်းမရသေးဘူး ဖြစ်နေပါသေးတယ်။

(၅) လှသော်လည်းပဲ အထိမခံမှု

Windows Vista သည် Interface အတော်လေးကို လှပသပ်ရပ်ပါသည်။ သို့သော်လည်း အထိမခံပါ။ ဆိုလိုသည်မှာ Protection ကောင်းလွန်းနေပါသည်။ Hard Disk ကို Defragment လုပ်သည်ကအစ မေးခွန်းနှစ်ခုလောက်မေးသည်ကိုဖြေပြီးမှ လုပ်နိုင်ပါလိမ့်မည်။ Vista ကို သုံးကြမည့်သူများအနေနှင့် ထိုကဲ့သို့ မေးခွန်းများကို လိုက်လံဖြေကြားရသည်မှာ အပိုအလုပ်တစ်ခုလို ဖြစ်နေပါသည်။ ထိုကဲ့သို့ မမေးရန် Vista တွင်
ပါဝင်သော UAC ကိုပိတ်ထားနိုင်သောလည်း မီးခံသေတ္တာရှိသောအခန်းကို သော့မခတ်ပဲ ပစ်ထားသည်နှင့် တူနေပါလိမ့်မည။်

(၆) ယခုအချိန်ထိလည်း မတည်ငြိမ်သေးပါ

Vista ထုတ်မည်ဟု ကြေငြာကတည်းက အားနည်းချက်များ မရှိသလောက်ဖြစ်မည်ဖြစ်ကြောင်း..စသည်ဖြင့် ပြောပြီးကာမှ ယခုမူ service pack 1 ဆိုပြီး ထပ်မံထုတ်ရပြန်သေးသည်။ ထို service pack 1 ဖြင့် Vista တည်ငြိမ်သွားပါမည်ဟု Microsoft လည်း အာမမခံနိုင်သေးပေ။

(၇) သာမန်userများအတွက် အသုံးပြုရသည်မှာ ရှုပ်ထွေးမှု

အပိုမဆလာတွေများလာခြင်း၊ သူတို့က လွယ်ကူစေအောင်လုပ်ပေးထားသည်များက ပို၍ခက်ခဲနေစေခြင်း စသည်တို့မှာ vista ကို စကိုင်မည့် သာမန် user များအတွက် ခေါင်းခဲစရာများပင်ဖြစ်သည်။ XP သုံးနည်း အလွတ်ကျတ်ထားသမျှ Vista တွင် အနည်းငယ်မျှသာ အကျုံးဝင်တော့မည်ဖြစ်သည်။ Vista ကို စသုံးသုံးချင်း ဘာတွေမှန်းလည်းမသိဘူး ရှုပ်ယှတ်ခတ်နေတာပဲဆိုပြီး စတင်မိတ်ဆက်ရပေလိမ့်မည်။

အခြား ပြောစရာအချက်များကျန်ရှိသေးသော်လည်း ဤမျှလောက်နှင့်ဆိုလျှင်ပင် Vista ကို သုံးဖို့ စောလွန်းသေးသည်ဆိုတာ သိသွားမည်ဟု ယူဆသဖြင့် ရပ်လိုက်ပါတော့မည်။

March 16, 2008

တွေ့လား Template အသစ်ပြင်ထားတယ်

ဒီဘလော့ခ်လေးရဲ့ Template အသစ်ပြောင်းလိုက်တာ တွေ့တယ်မလား။ ဘယ်လိုနေလဲ။ အကုန်လုံးကို ကိုယ့်ဘာသာကို dreamweaver နဲ့ အစအဆုံး လုပ်ထားတာပါ။ ဟဲ..ဟဲ own creating ပေါ့။ လေးငါးရက်အတွင်း ဒါမျိုး blogger template တစ်ခု ကိုယ့်ဘာသာကို ဘယ်လိုလုပ်ရမလဲဆိုတာကို ရေးပြီး တင်ပေးထားပါ့မယ်။ အခုတော့ ဒီ Template လေးမှာ လိုအပ်တာလေးတွေ ရှိနေသေးလို့ ထပ်ဖြည့်လိုက်ဦးမယ်။

March 14, 2008

Blog Post များကို Copy ကူးခြင်းကိစ္စ

တလောက ကွန်ပျူတာသမားတစ်ယောက်ရဲ့ ဘလော့ခ်ဖတ်ရင်း သူ့ရေးထားတဲ့ ပို့စ်တွေကို ကော်ပီကူးတာတွေတွေ့ရကြောင်း၊ တချို့ဆို သူ့ဘလော့ခ်ရဲ့ link တောင် မပါကြောင်း၊ အနည်းအကျဉ်းမှာ link ပါသော်လည်း သူ့ဆီက ခွင့်ပြုချက်တောင်းမထားကြောင်း ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောထားပါတယ်။ အဲဒီ ဘလော့ခ်လေး ဖတ်ပြီးလို့ တစ်ရက်နှစ်ရက်ပဲ ရှိပါသေးတယ်၊ ၁၁.၃.၀၇ ထုတ် အင်တာနက်ဂျာနယ်မှာ ကျွန်တော့်ရဲ့ ဒီဘလော့ခ်မှာရေးထားတဲ့ Firefox သုံးသူတွေ သတိထားရမယ့်အချက် ဆိုတာကို Mozilla Firefox သုံးသူတွေ သတိပြုရန်ဆိုပြီး ဆောင်းပါးတိုလေး ပါလာတာကိုတွေ့ရပါတယ်။ ကျွန်တော်ရေးထားတဲ့စာသားတွေကိုပဲ ပြန်ရေးပြီး နောက်မှာ ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားသည်လို့ ထည့်လိုက်ပါတယ်။ ကျွန်တော့်ဆီက ခွင့်ပြုချက်လည်း မတောင်းဘူး..ဗျဲ...၊
ကဲဗျာ..ကောင်းသလား။ ဟဲ..ဟဲ ကောင်းပါတယ်။ ကျွန်တော်ဘလော့ခ်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို မည်သူမဆို လွတ်လပ်စွာ ကိုးကား၊ ကူးယူ၊ ဖြန့်ချိ နိုင်ပါတယ်။ လူတွေ အသိပညာရစေချင်လို့ ရေးတာပါ။ ပြန်ကူးတဲ့သူတွေအနေနဲ့ ကျွန်တော့်နာမည် ထည့်ထည့် မထည့်ထည့် ခွင့်ပြုချက်တောင်းတောင်း မတောင်းတောင်း အရေးမကြီးပါဘူးခင်ဗျား...
တစ်ခုတော့သတိပြုပါဦး။ ကျွန်တော့်ရဲ့ ဒီဘလော့ခ်မှာ ရေးထားတဲ့ တချို့အကြောင်းအရာတွေက တခြားblog တွေဆီကနေ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ Post From.... ဆိုပြီး link ထည့်ထားတဲ့ post တွေကို ပြောတာပါ။ အဲဒါတွေကို copy လုပ်ရမရကတော့ ကျွန်တော်နဲ့မဆိုင်ပါဘူး။ မူရင်း blogger ကိုပဲ ဆက်သွယ်ပါ။ မူရင်း blogger တွေအနေနဲ့လည်း ခင်ဗျားတို့ရဲ့ တချို့ post တွေ ဒီ blog ထဲ ရောက်နေတာကို မကြိုက်ရင် email ပို့ပြီး ပိတ်ပင်နိုင်ပါကြောင်း.....

March 13, 2008

Kaspersky Key ရပြီဗျို့

ရှာလိုက်ရတာဗျာ၊ အခုမှပဲ တွေ့တော့တယ်။ ဘာလဲသိလား။ Kaspersky 7.0 Antivirus အတွက် License Key လေ။ 21 ရက် 9 လပိုင်းထိ valid ဖြစ်ပါတယ်။ ဒါပေမဲ့ download လုပ်မဲ့သူတွေကို တစ်ခုသတိပေးချင်တာက ဒီ Key နဲ့ automatic update မလုပ်ကြပါနဲ့။ automatic update လုပ်တဲ့အခါ သူတို့ဆီကို Key တွေ ရောက်သွားပါတယ်။ စက်နှစ်လုံးက Key တစ်ခုတည်း သုံးနေတာတွေ့ရင် သူတို့က အဲဒီ key ကို blacklist လုပ်ပစ်ကြတာခင်ဗျ။ ဒါကြောင့် manual update ပဲ လုပ်ပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။

Download link:
http://zawthureintun.googlepages.com/KAV7_9.21.2008_017CF78F.key

March 10, 2008

Ebooks From Internet (2)

Post From sharingtofrds.blogspot.com
လုံခြုံရေး၊ ဟက်ဟာ၊ ခရက်ကာ၊ ရုပ်ပုံများအတွင်းမှာ စာသားများလျှို့ဝှက်ထည့်သွင်းနည်းများ၊ ပီအိပ်ခ်ျပီ လုံခြုံရေး၊ လင်းနပ်စ် လုံခြုံရေး၊ ဆိုက်ဘာစစ်ပွဲ ဆိုင်ရာ နည်းဗျုဟာများနှင့် နည်းပရိယာယ်များ၊ ဆိုက်ဘာ တိုက်ခိုက်နည်းများနဲ့ ကာကွယ်နည်းများ... စတဲ့ လုံခြုံရေးနည်းပညာများနဲ့ သက်ဆိုင်တဲ့ အင်တာနက်နေရာတစ်ခုပါ...

အဲဒီနေရာမှာ ရနိုင်တဲ့ စုစုပေါင်းစာအုပ်.. ၁၉၃ အုပ် အတွက် ဒေါင်းလုဒ်လင့်ခ်တွေကို စုစည်းပေးထားတဲ့ ဖိုင်ကို အောက်မှာ ယူနိုင်ပါတယ်...

Ebooks From Internet (1)

Post From sharingtofrds.blogspot.com
ညီအကို မောင်နှမများနဲ့ ရောင်းရင်းများ အတွက် အင်တာနက်ထဲက စာအုပ်စင်လို့
(ကျွန်တော့်ဘာသာ) အမည်ပေးထားတဲ့ အင်တာနက် လိပ်စာ တစ်ခုကို ဝေမျှလိုက်ပါတယ်... စီ၊စီ++၊ ဂျာဗား၊ ပိုင်သွန်း၊ ပါးလ်၊ ပီအိပ်ခ်ျပီ၊ စီဂျီအိုင် အစရှိတဲ့ ပရိုဂရမ်ဘာသာ စကား - စာအုပ်များ... ဟက်ကာ၊ လုံခြုံရေးစနစ်များ၊ ခရက်ကင်းနဲ့ စီစီအင်အေစတဲ့ ကွန်ရက်စနစ်ဆိုင်ရာ စာအုပ်များ.. ဆိုလာရစ်၊ အပါချီ၊ လင်းနပ်စ်၊ ယူနစ်စ်၊ ဖရီးဘီအက်စ်ဒီ.. စတဲ့ စနစ်ဆိုင်ရာ စာအုပ်များ...စုစုပေါင်း စာအုပ်အမည်စုံ အမျိုးစုံ ၅၁၄ အုပ် ပါရှိတဲ့ အင်တာနက် နေရာတစ်ခု ဖြစ်ပါတယ်.. အဲဒီစာအုပ် တစ်အုပ်ချင်းစီအတွက် ဒေါင်းလုဒ်လင့်ခ်တွေကို ဖိုင်တစ်ခုအတွင်းမှာ စုထည့်ပေးထားပါတယ်.. အဲဒီဖိုင်လေးကို အရင် ဒေါင်းလုဒ် လုပ်ပြီးမှ လိုချင်တဲ့ စာအုပ်အမည်ကို ဖတ်ကြည့်ပြီး ကြိုက်တဲ့စာအုပ်ကို ဒေါင်းလုဒ်နိုင်ပါတယ်..

စာအုပ်တွေကိုတော့ ထုံးစံအတိုင်း Google အကူအညီနဲ့ ရှာဖွေတွေ့ရှိတာပါ...

March 9, 2008

IT Men has invited you to try out Google Reader

I've been using Google Reader and thought you might like to try it out. With Reader, keeping up with your favorite websites is as easy as checking your email.

You may want to check out and subscribe to my shared items. To take a look at them, visit this page:

http://www.google.com/reader/shared/09660511293674232366

Blog တွေကို အီးမေးလ်ဖတ်သလို ဖတ်နိုင်ဖို့

အင်တာနက်သုံးပြီဆိုရင် ကိုယ့်အမြဲကြည့်နေကျ Website လေးတွေ၊ blog လေးတွေရဲ့ အသစ်တင်တဲ့အကြောင်းအရာတွေကို လိုက်ကြည့်ရတာလည်း အမောပါပဲ။ တချို့ blog တွေ၊ Website တွေဆိုရင် ကိုယ်က အမောတကော ၀င်ကြည့်ပြီးမှ update လုပ်ထားတာမတွေ့ရရင် စိတ်ထဲ ကသိကအောက် ဖြစ်သွားတာပဲ မဟုတ်လား။ ကြာတော့လည်း ဒီလောက်တောင် update မလုပ်တဲ့ blog မကြည့်ဘူးကွာလို့ ဆုံးဖြတ်ချက်ချပြီး တစ်လလောက်နေ၊ နောက် ယောင်လည်လည်နဲ့ ၀င်ကြည့်တော့မှ မဖတ်ရသေးတာတွေက တစ်ပုံတစ်ခေါင်း။ အဲဒီလိုမျိုးလေးတွေ ကြုံနေရပြီဆိုရင်တော့ Google Reader ကိုသာ သုံးလိုက်ပါတော့မိတ်ဆွေ။
Google Reader အကြောင်း မပြောခင် RSS အကြောင်းလေး ပြန်ပြောရဦးမယ်။ အရင်တစ်ခါကလည်း ပြောဖူးပါတယ်။ RSS ဆိုတာ ဖိုင်တစ်ဖိုင်ပါပဲ။ Really Simple Syndication လို့ ခေါ်ပါတယ်။ အဲဒီ ဖိုင်ဟာ Website တော်
တော်များများမှာ ပါရှိပါတယ်။ (လေ့လာကြည့်သလောက် ပြည်တွင်း Website များတွင် မတွေ့သေးပါ) အဲဒီဖိုင်ထဲမှာ Website ဒါမှမဟုတ် Blog တစ်ခုရဲ့ Update ဖြစ်တဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဆိုလိုတာက Website ဒါမှမဟုတ် Blog တစ်ခု Update လုပ်လိုက်တဲ့အခါမှာ Update လုပ်တဲ့စာသားတွေဟာ Blog ပေါ်မှာရော အဲဒီ RSS ဖိုင်မှာပါ သွားရေးပါတယ်။ (RSS လုပ်နည်းကို နောင် အလျဉ်းသင့်ပါက ဖော်ပြပေးပါမည်။ Local Website တွေကို အဆင့်မြင့်စေချင်လို့ပါ)
ကဲ..ဒါဆိုရင် အဲဒီ RSS ဖိုင်လေးကို ဖွင့်ကြည့်ရုံနဲ့ blog တစ်ခုရဲ့ update တွေကို ဖတ်နိုင်ပြီပေါ့။ ၀မ်းနည်းစရာကောင်းတာက အဲဒီ RSS ဖိုင်တွေဟာ ဒီအတိုင်း ဖွင့်ကြည့်လို့မရပဲ RSS Reader လို့ခေါ်တဲ့ Program တွေနဲ့မှ ကြည့်လို့ရပါတယ်။ RSS Reader ဆိုလို့ အဝေးကြီးမတွေးပါနဲ့။ Google Reader ဆိုတဲ့ Online Application လေးဟာ RSS Reader ပဲဖြစ်ပါတယ်။ PC Word တို့၊ PC Mag တို့မှာဆိုရင် Feed (RSS ဖိုင်များကို နောက်တစ်မျိုးအခေါ်) တွေ ၁၀ ခုထက်မက ပေးထားပါတယ်။ Popular Download အတွက် Feed တစ်ခု၊ Software Review အတွက် Feed တစ်ခု စသည်ဖြင့်ပေါ့။ မြန်မာပြည်မှာတော့ Planet ကြီးတောင်မှ Feed မပေးနိုင်သေးတာ တွေ့ရပါတယ်။ ကျွန်တော်တို့ Blogger တွေအတွက်တော့ ကျွန်တော်တို့ရဲ့ Blog တွေ Feed တွေ အလိုလိုထုတ်ပေးနေအောင် blogger.com ကြီးက စွမ်းဆောင်ပေးထားပါတယ်။ ကဲပါ..အဲဒီ Feed တွေကို ဖတ်ချင်ရင် Feed Reader တွေသုံးဖတ်ရတယ်။ အဲဒီလို Feed တွေဖတ်ဖို့ တောင်းခံတာကို Subscription လုပ်တယ်လို့ ခေါ်တယ်။
Step By Step စလုပ်ကြည့်ရအောင်။
၁။ reader.google.com ကိုသွားပါ။
၂။ မိမိတွင်ရှိသော Gmail account ဖြင့် log on လုပ်ပါ။ အောက်တွင်ပြထားသောပုံတွင် Google Reader ကို ကျွန်တော် Log on လုပ်လိုက်သောအခါ မြင်ရသောမြင်ကွင်းဖြစ်ပါတယ်။
၃။ Feed များကို subscribe လုပ်ရန်အတွက် Add Subscription ကိုနှိပ်ပါ။ ပေါ်လာသော text box ထဲတွင် website (or) Blog တစ်ခု၏ address ကို ရိုက်ထည့်ပါ။ (ဥပမာ- itmen.blogspot.com) (ထို Website သို့မဟုတ် Blog သည် Feed ပေးမှသာရပါမည်။ Website တစ်ခု၊ သို့မဟုတ် Blog တစ်ခုသည် Feed ပေးမပေးသိနိုင်ရန် ထို Blog သို့မဟုတ် Website တွင် ဤသို့သော icon များ ပါမပါကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။

Feed Icon
၎။ ဒါဆိုရင် စဖတ်လို့ရသွားပါပြီ။ မိတ်ဆွေထည့်လိုက်တဲ့ ဘလော့ခ် ဒါမှမဟုတ် ၀က်ဆိုက်ရဲ့ အမည်က ဘယ်ဘယ်မှာ လာပေါ်ပါလိမ့်မယ်။ အဲဒီအမည်ကိုနှိပ်လိုက် ညာဘက်မှာ သူ့ရဲ့ update content တွေထွက်လာပါလိမ့်မယ်။ email ဖတ်သလိုပဲ ဆက်ဖတ်လိုက်ပေါ့နော်။

March 6, 2008

After Wife 1.0 Program Install

Post From mghla.blogspot.com
ဆရာခင်ဗျား..

ကျွန်တော့် ရဲ့ ကွန်ပြူတာ Program ပြဿနာတွေနဲ့ ပတ်သက်လို့  ဆရာ့ထံ သို့ တင်ပြ အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့
Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ့  အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ့  Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း မတွေ့ ခဲ့ရပါဘူး၊၊ အဲဒီ အပြင်
Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး နဂိုမူလ system ထဲရှိပြီးသား Activities တွေကိုထိန်းကွပ်တော့တာပါဘဲ၊၊ ဥပမာ အားဖြင့် Kara OK night 10.3 နဲ့  Beer Bash 2.5 ကဲ့သို့ သော Program တွေဟာ လုံးဝ အလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်၊၊ Wife 1.0 ရဲ့  စွမ်းဆောင်ချက်တွေပါဘဲ၊၊
Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊
ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝအလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြ ဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား၊၊
လေးစားစွာဖြင့်
JP


Mr.JP ခင်ဗျား..

လူကြီးမင်းကြုံတွေ့ နေရသောပြသနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏ မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို့  Upgrade လုပ်ကြတာပါဘဲ၊၊
အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating System တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများ လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစံပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကို system ထဲမှာ install လုပ်ပြီးတာနဲ့  uninstall Delete(သို့ ) Purge လုပ်လို့ မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့ ကို Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို့ မရအောင် စီမံထားလို့ ပါဘဲ။
တချို့  ကတော့ Girlfriend 2.0 တို့  Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး System ထဲ မှာ install လုပ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှု မရဘဲ မူလထက် ရှုတ်ထွေး မှုများနဲ့  အဆုံး သတ်ကြတာတွေ့ ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊ ဥာဏ်ပညာ နဲ့  ယှဉ်ပြီး ရင် ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေ နဲ့  အကြံပြုချင် နောက်တခုကတော့ Wife 1.0 တစ်ခုလုံးနဲ့  သူ့ ရဲ General Protection Faults(GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။ ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ့  အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှုတွေကို ကြိုတင်ပြီး ခန့် မှန်း ထားကြည့်ပါ။
အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို့ မရလောက် အောင် ကြုံတွေ့  နေရပြီ ဆိုရင် တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ့  ပြစ်ချက်တွေ ဟာ မိမိကြောင့်ပါ လို့  တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ့ စွာနဲ့ အလုပ်လုပ်နေပါလိမ့် မယ်။
တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့ အင်မတန် အဆင့်မြင့်မားတဲ့ ပြုပြင်ထိမ်းမှု လိုအပ်တာတော့အမှန်ပါ။

ပညာရပ်ဆိုင်ရာပံပိုးသူ
စာကြွှင်း ……
ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ တရားမ၀င်သော Program များ ဥပမာ အားဖြင့် Mistress 1.0 ဆိုတာမျိုး ကို ကြိုးစားပြီး install မလုပ်ဖြစ်ပါစေနဲ့ ။အကယ်၍ Wife 1.0 က အဲဒီလို Program မျိုး ကိုတွေ့ ထိမိခဲ့ရင် ကြိုတင် မှန်းဆ၍ မရနိုင်သော လုံးဝပြန်လည်၍ ကောင်း မွန်မလာ နိုင်သော ပျက်စီးမှုမျိုး နဲ့ သေချာပေါက် ကြုံတွေရ နိုင်ပါတယ်။အဲဒီလိုဖြစ်ခဲ့ရင် ပြင်ဆင်ခနဲ့ အချိန် ကာလဆုံးရှုံးမှုတွေဟာ အလွန်မြင့်မားသွားတော့မှာပါ။

March 4, 2008

Dictionary Extensions for Firefox


Post From cmsmdy.blogspot.com

internet ကနေ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ အချက်အလက်တွေကို ရှာဖွေ ဖတ်ရှူ့ မှတ်စုလုပ်နေကြရပါတယ်။ "သတင်းစာတစ်ရက် မဖတ်ရင် တစ်ရက်ခေတ်နောက်ကျတယ်" ဆိုသလိုပဲ အင်တာနက် တစ်ရက်မကြည့်ရင်လည်း အဲဒီထက်ပိုပြီး ခေတ်နောက်ကျသွားမယ်တောင် ထင်ပါတယ်။ အချက်အလက်တွေရှာဖွေတဲ့အခါမှာ ကျွန်တော်တို့ အဓိကကြုံတွေ့နေရတာက English စာ အခက်အခဲပါ။ အဓိကကတော့ ကိုယ်မသိတဲ့ စာလုံးပေါင်း အဓိပ္ပယ်တွေကို နားလည်ဖို့လိုပါတယ်။ အဲဒီလို အခက်အခဲတွေကို အဆင်ပြေဖို့အတွက် Dictionary တွေကို အသုံးချရပါတယ်။ Dictionary သုံးတဲ့အခါမှာ စာအုပ်နဲ့ကြည့်တာ ရှိသလို အင်တာနက်သုံးရင်းနဲ့ Online Dictionary site တွေမှာ သွားရောက်ရှာဖွေတာလည်း ရှိပါတယ်။ အခုပြောမယ့် firefox extension တွေကို သုံးမယ်ဆိုရင် စာလုံးပေါင်းတွေကို အဲလိုမျိုး တကူးတကသွားပြီး ရှာဖွေစရာ မလိုပါဘူး။ click လုပ်ရုံနဲ့ ကိုယ်သိချင်တဲ့ result ကို ဖော်ပြပေးမှာဖြစ်ပါတယ်။


1. Dict - ဒီ extension ကို install လုပ်ပြီး ရှာဖွေရတာလွယ်ကူပါတယ်။ ကိုယ်သိချင်တဲ့စာလုံးကို highlight လုပ်၊ နောက် .. right click လုပ်ပြီး ကြည့်ရုံပါပဲ။ ဥပမာ .. "blog" ဆိုတဲ့စာလုံးကို hightlight လုပ်ပြီး right click လုပ်ကြည့်မယ်ဆိုရင် Define "blog" ဆိုပြီးပေါ်နေတာ တွေ့ရမှာပါ။ အဖြေ (result) ကိုတော့ pop-up window တစ်ခုအနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

2. Dictionary Search - အပေါ်မှာ ဖော်ပြခဲ့တဲ့ dict extension နဲ့အတူတူပါပဲ။ result ကိုတော့ new tab တစ်ခုအနေနဲ့ ဖော်ပြပေးပြီး The Free Dctionary ကို အခြေခံထားပါတယ်။

3. FastDict - ကျွန်တော်ကတော့ ဒီ extension ကိုအကြိုက်ဆုံးပါပဲ။ install လုပ်ပြီးချင်း သုံးလို့မရသေးပဲ သူ့ရဲ့ option ကိုသွားပြီး setting လုပ်ပေးရပါသေးတယ်။ setting လုပ်ဖို့အတွက်ကတော့ Tools > Add on ကိုသွားပြီး FastDict ရဲ့ Option မှာ ထည့်ပေးရမှာပါ။ setting ပေးရတာ သုံးမျိုးပဲရှိပါတယ်။ စာလုံးတစ်လုံးရဲ့ အဓိပ္ပယ်ကို သိချင်ရင် အဲဒီစာလုံးကို control+click (or) shift+click (or) alter+click နဲ့ကြည့်မှာလား ဒါမှမဟုတ် သုံးမျိုးလုံးကို အသုံးပြုပြီး ရွေးမှာလားဆိုပြီး setting သတ်မှတ်နိုင်ပါတယ်။

Option ထဲမှာပါတဲ့ setting တွေပါ။ ကျွန်တော့်ဆီမှာ control+click လုပ်ရင် စာလုံးရဲ့ အဓိပ္ပာယ်ကို ဖော်ပြဖို့ လုပ်ထားပြီး Dictionary ကိုတော့ Cambridge Dictionary ကို ရွေးထားပါတယ်။ Dictionary တွေအပြင် wiki, google search စတာတွေမှာလည်း ရှာဖွေဘို့အတွက် setting ပေးထားနိုင်ပါတယ်။

Solve your computer problems


Post From cmsmdy.blogspot.com

tucows.com - ကွန်ပျူတာအသုံးပြုတဲ့သူတွေအနေနဲ့ software ပြဿနာတွေ တက်လာတဲ့အခါမှာ သူများကို မေးနေစရာမလိုပဲ ကိုယ်တိုင် အင်တာနက်မှာ solution တွေကို ရှာဖွေပြီး လုပ်ဆောင်နိုင်တဲ့ website လေးတစ်ခုပါ။ အဓိကအနေနဲ့ ဘယ်လိုလုပ်ရသလဲ ဆိုတဲ့ How to stuff တွေပေါ်မှာ အခြေခံထားပါတယ်။ ကိုယ်ပိုင်မေးခွန်းတွေ မေးချင်တယ်ဆိုရင်တော့ signup လုပ်ဖို့လိုပါတယ်။

answer.yahoo.com - yahoo answer website ကတော့ တော်တော်များများ လူသိပြီးသားဖြစ်ပါတယ်။ ask, answer, discover ဆိုတဲ့ ခေါင်းစဉ်သုံးခုကို အခြေခံထားပါတယ်။ ကွန်ပျူတာနဲ့ ပက်သက်တဲ့ solution တွေတင်မဘဲ ကျန်မာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ Topic ပေါင်းစုံ ပါဝင်မေးမြန်းဖြေဆိုနိုင်တဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးဆိုရင်လည်း မမှားပါဘူး။ သူလည်း tucows လိုပဲ မေးခွန်းမေးဖို့အတွက်ကိုတော့ signup လုပ်ဖို့လိုအပ်ပါတယ်။

အထက်ပါပုံစံမျိုး website လေးတွေ သိခဲ့ရင်လည်း comment ၀င်ပေးထားခဲ့နိုင်ပါတယ်။ ကျွန်တော် ဆက်လက်ပြီး ဖြည့်စွက်သွားပါ့မယ်။ ပြဿနာ အခက်အခဲများ အားလုံး ပြေလည်နိုင်ပါစေ

Google Face Search

Post From cmsmdy.blogspot.com
လူသုံးအများဆုံး Search Engine ကြီးတစ်ခုဖြစ်တဲ့ Goolge မှာ ပုံတွေရှာဖွေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ နောက်တစ်နည်းအနေနဲ့ ပုံတွေထဲကမှ မျက်နှာတွေကိုပဲ သီးသန့်ရှာဖွေပေးနိုင်ပါသေးတယ်။ Google ရဲ့ စွမ်းဆောင်ချက်ကတော့ ကမ်းကုန်လွန်းလှပါတယ်။ စမ်းပြီး လုပ်ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ Google image searh ကိုဖွင့်လိုက်ပါ။ Text Box ထဲမှာ Microsoft ဆိုတဲ့စာသားလေးကို ရိုက်ပါ။ ပြီးရင် search လုပ်ခိုင်းလိုက်ပါ။ အဲဒီအခါမှာ microsoft နဲ့ ပက်သက်တဲ့ image တွေကိုလာပြလိမ့်မယ်။ လာပြတဲ့ result ထဲမှာ လူပုံတွေ၊ logo တွေ၊ ကြော်ငြာတွေလည်း ပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့က face ကိုပဲ သီးသန့်ကြည့်ချင်တာဆိုတော့ address bar က address ရဲ့နောက်ဆုံးမှာ &imgtype=face ဆိုတာလေးကို ထည့်ပေးလိုက်ပါ။



ပြီးရင် enter ခေါက်ပြီး ထပ်ရှာတဲ့အခါမှာ မျက်နှာတွေချည်း သီးသန့်ပါတဲ့ result တွေကို တွေ့ရပါလိမ့်မယ်

iGoogle

Post From bagannat.blogspot.com
ကျွန်တော်အရင်က အင်တာနက်သုံးရင် ရှာရဖွေရတဲ့အလုပ် သိပ်ကို အချိန်ပေးရတယ်..။ Cyber Cafe' ကနေ အသုံးပြုတဲ့အချိန်တွေမှာ ပိုဆိုးပါတယ်..။ စရိတ်စက အလွန်အကျွံထောင်းပါတယ်..။ အိပ်ထဲပိုက်ဆံ အပြည့်ထည့်ထားနိုင်ရင်တော့ မဆိုးဘူးပေါ့လေ..။ ရသလောက် အချိန်ကလေး ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေ ရှာရဖွေရတာ ထိရောက်တဲ့နည်းလမ်းတွေ သုံးတာ ပိုကောင်းတာပေါ့..။ ကျွန်တော် အဲဒီနည်းလမ်းတွေ သုံးတယ်..။

အရင်တုန်းက Google Alert Service ကို သုံးထားပါတယ်..။ ကိုယ်လိုချင်တဲ့ Keyword တွေနဲ့ရှာခိုင်းပြီး g-Mail ထဲကို ပို့ထားပေးလိုက်တာပါ..။ လုပ်တဲ့နည်းကလည်း တော်တော်လွယ်ပါတယ်..။ ဒီလင့်မှာ ကလစ်နှိပ်ပြီး လုပ်ရင် Alert Service ကို ရောက်ပါတယ်..။ အဲဒီကနေ ကိုယ့်ရဲ့ Google Account နဲ့ Log In လုပ်ပြီး Manage လုပ်ပေးရုံပါပဲ..။ ကိုယ်လိုချင်တဲ့ သတင်းအချက်က Blog, News, Web, Group, Comprehensive ဆိုပြီး ရွေးထားပေးလို့ ရပါတယ်..။ ကိုက Technology ဆိုတဲ့ Keyword ကို News လို့ရွေးထားရင် Technology စာလုံးပါတဲ့ News Session က စာတွေ အကုန် ကိုယ့်ဆီကို ပို့ပေးပါလိမ့်မယ်..။ ဒါက တစ်နည်းပေါ့..။

နောက်တစ်နည်းက iGoogle နဲ့ သုံးတာ..။ iGoogle ကျတော့ ကိုယ်လိုချင်တာတွေကို ကိုယ့်ဟာကိုယ် စာမျက်နှာသီးသန့်တစ်ခုအနေနဲ့ google.com မှာ ယူထားတာမျိုးပါ..။ များသောအားဖြင့် မစိမ်းဘူးလို့ ထင်ပါတယ်..။ Google ဟာ အချိန်အကုန်အကျ သက်သာပြီး ကိုယ်လိုချင်တဲ့ Information တွေကို တစ်နေရာတည်းမှာ ကိုယ့်စိတ်ကြိုက် စုစည်းလို့ရအောင် လုပ်ထားပေးတဲ့ Service ဖြစ်ပါတယ်..။

ကျွန်တော် ဒီအသုံးချနည်းလေးကို အချိန်လုပြီး အင်တာနက်သုံးနေရတဲ့ ဗဟုသုတရှာဖွေသူ၊ ဗဟုသုတ ဖြန့်ဝေဖို့ ကြိုးစားနေတဲ့သူတွေအတွက် လက်တို့ချင်ပါတယ်..။ ပထမဆုံး လိုအပ်ချက်က Google Account ရှိနေဖို့လိုပါတယ်..။ Google Account နဲ့ g-mail တို့ Blog တို့ လုပ်ရပါတယ်..။ Google Account ဟာလည်း အင်တာနက် သုံးတဲ့သူ တော်တော်များများမှာ ရှိပြီးဖြစ်ပါလိမ့်မယ်..။ မရှိသေးရင်တော့ Register လုပ်ဖို့ လိုပါတယ်..။

www.google.com ကို Address Bar မှာရိုက်ပြီး ၀င်ပါ..။

Google web site တက်လာတယ်ဆိုရင် ညာဘက်ထောင့်မှာ iGoogle ဆိုတာလေး ပါပါတယ်..။ အဲဒီမှာ Click လုပ်ပြီးဝင်ပါ..။ ဒါဆိုရင် အောက်က စာမျက်နှာမျိုး တက်လာပါလိမ့်မယ်..။


အဲဒီမှာ Make it your own ဆိုပြီး အပေါ်မှာရေးထားပါတယ်..။ အဲဒီစာကြောင်းရဲ့အောက်မှာ Already have a page? Sign in to see your stuff ဆိုတဲ့စာသားလေးလည်း ပါပါတယ်..။ Make it your own ဆိုတာမှာ Click လုပ်ပေးပါ..။ တကယ်လို့ Account ရှိပြီး ပြင်ဆင်ထားပြီးသားဆိုရင်တော့ အဲဒီမှာ click လုပ် google account မှာ Sign in လုပ်လိုက်ရင် ကိုယ်လုပ်ထားတဲ့ page တန်းတက်လာပါလိမ့်မယ်..။ အခုလောလောဆယ်တော့ စလုပ်တဲ့နေရာကပဲ စတာပေါ့..။ Make it your own ဆိုတဲ့ လင့်မှာ ကလစ်လုပ်လိုက်တယ်ဆိုရင် အောက်က စာမျက်နှာ ကျလာပါလိမ့်မယ်..။


အဲဒီစာမျက်နှာမှာ ကိုယ်လိုချင်တဲ့ Service တွေကို Click လုပ်ပါ..။ ပြီးရင် Show My Page မှာ Click လုပ်ပါ..။ ဒါဆိုရင် ကိုယ်လိုချင်တဲ့အရာတွေကိုပဲ စုပြီး တစ်မျက်နှာတည်းမှာ လာပြပါလိမ့်မယ်..။ ကျွန်တော်တို့ ကိုယ်လိုချင်တဲ့ page design ကို ကိုယ်တိုင် ဖန်တီးပြီး အချက်အလက်တွေကို ကိုယ်နှစ်သက်ရာ ရွေးချယ်ပြီး ကြည့်လို့ရပါပြီ..။

တစ်ခု သတိထားရမှာက အဲဒီပြင်ဆင်ထားတဲ့ စာမျက်နှာကို ကိုယ်အဲဒီကွန်ပျူတာကနေ ထွက်သွားတာနဲ့ ကျန်ခဲ့မှာပါ..။ ဒါကို ဘယ်လိုသိမ်းမလဲဆိုရင် ကိုယ့် Google Account နဲ့ log in လုပ်ထားစဉ်မှာ ပြင်ဆင်ထားတယ် ဆိုရင်တော့ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့အတိုင်း အင်တာနက် အသုံးပြုလို့ရတဲ့ ဘယ် Computer မှာမဆို Google Account ကို log in လုပ်ပြီး သုံးလို့ရပါတယ်..။ အောက်က ပုံကတော့ ကျွန်တော့်ရဲ့ Account လုပ်ထားပုံကို ပြထားတာပါ..။


ကိုယ့်အတွက် သီးသန့် သက်ဆိုင်ရာကဏ္ဍလေးတွေ ခွဲထုတ်ထားချင်တယ်ဆိုရင် Tab ကလေးတွေနဲ့ ခွဲထုတ်ထားလို့ ရပါတယ်..။ ထည့်ချင်တယ်ဆိုရင် Add a tab မှာ Click လုပ်ပါ..။ ကိုယ်ပေးလိုက်တဲ့ Tab Name ပေါ်မှာ မူတည်ပြီး Google က သူ့ရဲ့ Available ဖြစ်တဲ့ သက်ဆိုင်တဲ့ Service တွေကို ထပ်ပေါင်းပေးသွားမှာ ဖြစ်ပါတယ်..။


တကယ်လို့ Add Button မှာ နှိပ်လိုက်တယ်ဆိုရင် အပေါ်မှာ ပြထားတဲ့အတိုင်း Box ကလေးတစ်ခု တက်လာပါမယ်..။ Tab Name ကို ကိုယ်ပေါင်းထည့်ချင်တဲ့ Tab နာမည်ရိုက်ထည့်ပါ..။ News ဆိုရင်လည်း News ပေါ့..။ ကျွန်တော် လောလောဆယ် Web Design ဆိုတာပဲ ပေါင်းထည့်ထားပါတယ်..။ ပြီးရင် I'm feeling lucky. ဆိုတဲ့ Check box မှာ click နှိပ်ပြီး OK မှာနှိပ်လိုက်ရင် Tab အသစ်တစ်ခု ထပ်ပေါင်းထည့်ပေးသွားတဲ့အပြင် လိုအပ်တဲ့ stuff တွေပါ ထည့်ပေးသွားပါလိမ့်မယ်..။

အဲဒါကိုမှ မကြိုက်သေးဘူး လိုအပ်ချက်ရှိသေးတယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ထည့်လို့ရပါတယ်..။ Add Stuff မှာနှိပ်ပေါ့..။ ပြီးရင် main page ကိုပြန်သွား..။ ကျန်တာတွေကတော့ အလွယ်တကူလုပ်လို့ ရမှာပါ..။ ကိုယ်ရွေးချယ်ထည့်သွင်းတဲ့ Staff တွေပေါ်မူတည်ပြီး ကိုယ့် page အသုံးတည့်မှာ သေချာပါတယ်..။

Interface Design ပြင်ဖို့အတွက် support လုပ်ပါသေးတယ်..။ အဲဒီ theme လေးတွေက အချိန်ပေါ်မူတည်ပြီး ပြောင်းပါတယ်..။
ကိုယ့်စိတ်ကြိုက် ပုံမှာ Click လုပ်ပြီး Save လုပ်ပါ..။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ Theme ကို ပြောင်းသွားပါလိမ့်မယ်..။ ဒီ Setting တွေဟာ google account log in လုပ်ထားချိန်မှာ ပြင်ဆင်တာ ကောင်းပါတယ်..။ ဘာလို့လဲဆိုတော့ ကိုယ်ပြင်ဆင်ထားတာတွေကို Google က သိမ်းပေးသွားမှာ ဖြစ်ပြီးတော့ ဘယ်စက်မှာမဆို ဘယ်နေရာမှာမဆို Sign in လုပ်တာနဲ့ ကိုယ်ပြင်ဆင်ထားတဲ့အတိုင်း တက်လာမှာ ဖြစ်ပါတယ်..။ နောက်တစ်ခုက Google Talk ကိုလည်း အဲဒီပေါ်မှာ ထည့်သွင်းလို့ရပါသေးတယ်..။

အားလုံးအဆင်ပြေမယ် ယူဆပါတယ်..။


Driver Sweeper

ကိုယ့် computer ထဲမှာ Hardware တစ်ခုခု Install လုပ်လိုက်တိုင်း Driver File တွေ သွင်းရတတ်ပါတယ်..။ နောက်တော့ အဲဒီ Device ကို မသုံးဖြစ်တော့တဲ့ အချိန်မှာပဲဖြစ်ဖြစ် အဲဒီ Device ကို upgrade လုပ်လိုက်ရလို့ driver အသစ်တင်ရတာပဲဖြစ်ဖြစ်ကြောင့် စက်ထဲမှာ driver file တွေ အပိုအနေနဲ့ ရှိနေတတ်ပါတယ်..။ အဲဒီ File တွေရှိနေတာ တစ်နည်းအားဖြင့် ကောင်းသလို ဆိုးတာတွေလည်း ရှိပါတယ်..။ အခန့်မသင့်ရင် System Crash ဖြစ်တာမျိုး ကြုံနိုင်သလို Disk Usage တွေမှာလည်း အနှောက်အယှက် ဖြစ်နိုင်ပါတယ်..။ ဒါ့အပြင် Hardware Driver တွေကြောင့် Device အချင်းချင်း အနှောက်အယှက် ဒီတော့ ကိုယ်အသုံးမလိုတော့တဲ့ Driver File တွေကို ဖျက်ထား၊ ဖယ်ထားတာ အဆင်ပြေပါမယ်..။

Driver Sweeper ဆိုတဲ့ software က အဲဒီအလုပ်တွေကို ကောင်းကောင်းလုပ်ပေးနိုင်ပါတယ်..။ အခမဲ့ ရယူနိုင်တဲ့ software လည်း ဖြစ်ပါတယ်..။ ဒါ့အပြင် Old Driver File တွေကို စုပြီး Backup လည်း လုပ်ပေးထားနိုင်ပါတယ်..။ တကယ်လို့ ကိုယ်မှားဖျက်ခဲ့သည်ရှိသော် ပြန်ပြီး restore လုပ်လို့ရဖို့အတွက်ပါ..။

Download Here

Post From Bagannat.blogspot.com

အင်တာနက်ကို ရှာဖွေမွေနှောက်ခြင်း

အင်တာနက် သုံးစွဲသူများဟာ ကိုယ်လိုချင်တဲ့ အချက်အလက် ရဖို့ Search Engine တွေမှာ အများဆုံး ရှာဖွေ ကြပါတယ်။ အဲဒီလိုရှာရာမှာ တခါတရံမှာ ကိုယ်လိုချင်တဲ့ အချက်အလက်ကို SE (Search Engine) က ရှာပေးရာမှာ စိတ်တိုင်းကျတဲ့ ရလဒ်မျိုး မရရှိတတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ ရလဒ် ကို ရှာဖွေ ပေးတာက လူမဟုတ်ပဲ Web Spider (Web Crawler, Web Robot) ဆိုတဲ့ program လေးက ရှာဖွေ ပေးလို့ပါ။ သူက ဘယ်လို ရှာပေးလဲဆိုတော့ ကိုယ်ရိုက်ထည့်လိုက်တဲ့ query (ရှာလိုတဲ့ စာသား) ပါတဲ့ Site တွေ မှန်သမျှကို လိုက်ရှာပြီး result ပြပေးခြင်း ကြောင့်ပါ။

ဒါကြောင့် တခါတရံမှာ ကိုယ်ရှာတဲ့ အကြောင်းအရာ query ကို စာသား အကြောင်းအရာနဲ့ ဆိုင်တဲ့ အချက်အလက် တစ်ကြောင်းနှစ်ကြောင်းလောက်သာ ပါဝင်တဲ့ site တွေပါ result မှာ တွေ့ရမှာပါ။ ဒီလိုရလဒ်မျိုးတွေထက် ပိုပြီးတိတိကျကျရှာဖွေ ချင်တယ်ဆိုရင်တော့ Advanced Web Search ကိုသုံးပြီး ရှာနိုင်ပါတယ်။ ဒီလို Advanced Web Search ကို နာမည်ကျော် Search Engine တော်တော်များများမှာ ၀န်ဆောင်မှုပေးထားပါတယ်။ ဥပမာ - Google ရဲ့ Google Advanced Web Search Form ကို ဖြည့်၍ ရှာခြင်းဖြင့် လိုချင်တဲ့ အချက်အလက်ကို တိတိကျကျ ရှာလို့ရပါတယ်။

တချို့ အကြောင်းအရာတွေ ဥပမာ Music, Game, Sports & Travel စတဲ့ အရှာများတဲ့ အကြောင်းအရာတွေကို ရှာဖွေရာမှာ စိတ်တိုင်းကျ ရလဒ်မျိုး မရခဲ့ရင်တော့ Topic တူ အကြောင်းအရာ တူတွေ စုစည်းပေးထားတဲ့ Topic Directory ကနေ ရှာဖွေတာက ပိုကျေနပ်ဖို့ ကောင်းပါလိမ့်မယ်။ ဒီလို Directory Search ကို နာမည်ကျော် Search Engine တွေမှာ ရရှိနိုင် ပါတယ်။ သူ့ကို Topic Directory, Category List, an Index, Directory စသည်ဖြင့် ခေါ်ဝေါ် ကြပါသေးတယ်။

Search Engine တွေမှာ ဒီလို Directory Search တွေအပြင် File Extension နဲ့ ကိုယ်လိုချင်တဲ့ ဖိုင် အမျိုးအစား တွေကိုလည်း ရှာလို့ ရနိုင် ပါတယ်။ ဥပမာ ကိုယ်က mp3 ဖိုင် ရှာချင်တယ် ဆိုပါစို့ index of mp3 လို့ ရိုက်ထည့်ပြီး ရှာလိုက်လို့ ရပါတယ်။ ဒါဆိုရင်သူက mp3 ဖိုင် ရနိုင်တဲ့ ဆိုဒ်တွေကို လာပြပေးမှာပါ။ ဆိုဒ်ကို ကလစ် နှိပ်လိုက်ရင် သူကဆိုဒ်ရဲ့ Directory ကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို mp3 ဖိုင် အပြင် တခြား wma, mov, exe စသည်ဖြင့် ကိုယ်ရှာလိုတဲ့ ဖိုင် extension ကို index of နောက်မှာ ထည့်ရှာလို့ ရပါတယ်။ ဖိုင် extension အမျိုးအစား အများကြီးကို တခါထဲ တန်းရှာချင်တယ် ဆိုရင်တော့ ဥပမာ - index of (wmv|mov|mp4|mpg|avi) ဆိုပြီး ရှာချင်တဲ့ extension တွေကို | လေးခြားပြီး ရှာနိုင်ပါတယ်။



သီချင်း ကြိုက်သူများ အတွက်ကတော့ Search Engine ကို အသုံးချစရာ နည်းလမ်းတွေ ရှိပါသေးတယ်။ နောက်ဆုံးထွက် latest သီချင်းတွေကို ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်လေးသုံးပြီး ရှာလို့ရပါတယ်။
-inurl:htm -inurl:html intitle:"index of" "Last Modified" mp3 လို့ ရိုက်ထည့်ပြီး သီချင်း အသစ် တွေကို ရယူနိုင် ပါတယ်။ mp3 မဟုတ်ပဲ တခြားဖိုင် လိုချင်ရင်လည်း mp3 နေရာမှာ လိုချင်တဲ့ ဖိုင် extension ကို ရိုက်ထည့်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ဖိုင်တွေ ရနိုင် ပါတယ်။ သီချင်းဖိုင်ကို သီချင်းနာမည် ဒါမှမဟုတ် သီချင်းဆိုသူ အမည်နှင့် ရှာချင်တယ် ဆိုရင်တော့ -inurl:htm -inurl:html intitle:"index of" mp3 "guns n roses" ဒီကုဒ်ကို အသုံးပြု ရှာနိုင် ပါတယ်။ အဲဒီ ကုဒ်ရဲ့ နောက်ဆုံး mp3 နောက်က ကွင်းထဲမှာ ကိုယ်ရှာချင်တဲ့ သီချင်းနာမည် ဒါမှမဟုတ် အဆိုတော် နာမည်ကို ပြောင်းထည့်ပြီး ရှာရုံပါပဲ။ ဒီလို ရှာခြင်းအားဖြင့် ဆိုဒ်ရဲ့ Directory ကို တိုက်ရိုက် ရောက်တာ ဖြစ်တာကြောင့် တခါတရံ Access Denined ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားသာချက်က virus တွေ spyware တွေ မကပ်နိုင်ပါဘူး။

နောက် Search Engine ကို လူသိနည်းတဲ့ အသုံးချစရာ နည်းလမ်း တွေလည်း ရှိပါသေးတယ်။ ဒါကတော့ Search Operators တွေကို သုံးပြီးရှာခြင်းပါ။ ဒီ Search Operators တွေကို နာမည်ကျော် Search Engine တော်တော် များများမှာ အသုံးချနိုင်ပါတယ်။ Search Operators တွေက query မှာ ပါတဲ့ စကားလုံး တွေကို တွဲဆက် ပေးပါတယ်။ ဒီ Operators တွေ အကြောင်းကို Search Engine တွေရဲ့ Help pages တွေမှာလည်း ဖတ်ရှုနိုင် ပါတယ်။ Search Operators ၇ မျိုးရှိပါတယ်။ အဲဒါတွေကတော့ -
1. AND
2. OR
3. NOT
4. Quotation Marks
5. NEAR
6. Wildcards
7. Field Searches ဆိုတဲ့ ၇ မျိုးပါ။

1. AND (+)
ဒီကုဒ်ကို ရှာလိုတဲ့ query နှစ်ခုလုံးပါတဲ့ result မျိုး လိုချင်ရင် သုံးပါတယ်။ ဥပမာ - railroad AND cars လို့ ရှာမယ် ဆိုရင် ရမယ့် result က railroad cars တွေ အကြောင်း၊ railroad cars တည်ဆောက်ပုံ အကြောင်း၊ railroad မှာ လမ်းချော်တဲ့ cars တွေ အကြောင်း စတဲ့ railroad နဲ့ cars ဆိုတဲ့ စာသားပါတဲ့ စာမျက်နှာ တွေကို ပြပေးမှာ ဖြစ်ပါတယ်။ ဒီကုတ်ကို ရေးတဲ့ အခါမှာ Operator သုံးရင် AND ကို အားလုံး အကြီးစာလုံးနဲ့ ရေးရပါမယ်။ ဒါ့အပြင် AND အစား ( + ) သင်္ကေတ အစားသုံးလို့ရပါတယ်။

2. OR
ဒီကုဒ် သုံးပြီး ရှာမယ် ဆိုရင်တော့ တစ်ခု မဟုတ် တစ်ခု လိုချင်တဲ့အခါ သုံးနိုင် ပါတယ်။ ဥပမာ - railroad OR cars လို့ ရှာလိုက်ရင် ရလဒ်က railroad ပေါ်က cars အကြောင်း ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် railroad အကြောင်း ပဲပါတာမျိုး ဖြစ်ချင်ဖြစ်မယ်၊ cars အကြောင်းချည်းပဲ ပါတဲ့ စာမျက်နှာမျိုး တနည်းအားဖြင့် query နှစ်ခုထဲက တစ်ခုခု ပါရင်ကို ရလဒ် လာပြပေးမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း ရေးတဲ့အခါ OR ဆိုပြီး အကြီးနဲ့ပဲ ရေးရပါမယ်။

3. NOT (-)
ဒီ Operator ကိုတော့ မလိုချင်တဲ့ စာသားမျိုး မပါအောင် ရှာတဲ့နေရာမှာ သုံးပါတယ်။ ဥပမာ - railroad NOT cars ဆိုရင် Search Engine က railroad ဆိုတဲ့ စာသားပါပြီး cars ဆိုတဲ့ စာသားမပါတဲ့ စာမျက်နှာ တွေကိုသာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဒီ Operator ကို သုံးရင် မပါစေချင်တဲ့ စာသားကို NOT နောက်မှာ ထည့်ရပါမယ်။ Operator ကို လည်း NOT ဆိုပြီး အကြီးစာလုံးနဲ့ ရေးရပါမယ်။ NOT မရေးဘဲ ( - ) ဆိုတဲ့ သင်္ကေတလေး နဲ့ လည်းသုံးလို့ ရပါတယ်။

4. Quotation Marks
ဒီ Operator ကတော့ ရိုးရှင်းပါတယ်။ ရှာလိုတဲ့ query ကို ( "" ) လေးထည့်ပေးခြင်းပါ။ ဥပမာ - "green card" လို့ ရိုက်ထည့်ပြီး ရှာရင် သူက Immigration အချက်အလက်တွေ အကြောင်း ပြပေး မှာပါ။

5. NEAR
ဒီ Operator ကိုတော့ ရှာလိုတဲ့ keyword နှစ်ခုရဲ့ အကွာအဝေးနဲ့ ရှာတဲ့နေရာမှာ သုံးပါတယ်။ သုံးတဲ့နေရာမှာ NEAR နောက်ကပ်ရပ်မှာ / သင်္ကေတ ထည့်ပြီး သုံးရ ပါမယ်။ ဥပမာ - library NEAR/15 congress ဆိုရင် ရလဒ်က library နဲ့ congress ဆိုတဲ့ စာသား နှစ်ခု စကားစု ၁၅ စု အတွင်းမှာ ရှိနေတဲ့ စာမျက်နှာ တွေကို ပြပေးမှာပါ။ Library Of Congress ဒါမှမဟုတ် Congress funds special library research လိုမျိုး စကားစု ၁၅ လုံးအတွင်းမှာ ရှိတဲ့ စာမျက်နှာ တွေ ပြပေး မှာပါ။ အဲဒီ ဥပမာ ပြထားတဲ့ ၁၅ ဆိုတဲ့နေရာမှာ လိုချင်တဲ့ အကွာအဝေး ထည့်ပြီး ရှာနိုင်ပါတယ်။ သူ့ကိုလည်း အားလုံး စာလုံး အကြီးနဲ့ ရေးရပါမယ်။

6. Wildcards ( * )
Asterisk ( * ) လို့ခေါ်တဲ့ ကြယ်ပုံ သင်္ကေတလေးရဲ့ တခြား အမည်က wildcard character လို့ခေါ်ပါတယ်။ ဒီ Operator ကိုတော့ အဓိပါယ် ဆင်တူတဲ့ စာသားမျိုးတွေ ရှာရင် သုံးပါတယ်။ ဥပမာ - medic* ဆိုရင် result က medic, medics, medicine, medical, medication နဲ့ medicinal စတဲ့ medic နဲ့ဆင်တူတဲ့ စာသားပါတဲ့ စာမျက်နှာတွေ ရှာပေးမှပါ။

7. Field Searches
ဒီ Operator ကိုတော့ စာမျက်နှာရဲ့ title ဒါမှမဟုတ် URL မှာ ပါတဲ့ စာသားကို ရှာဖို့ သုံးပါတယ်။ ဥပမာ - T:Computer ဆိုရင် Web page ရဲ့ Title မှာ ဒါမှမဟုတ် URL မှာ Computer ဆိုတဲ့ စကားလုံးပါတဲ့ စာမျက်နှာ တွေကို ပြပေး မှာပါ။ ရှာချင်တဲ့ keyword ရှေ့မှာ T: ဆိုတဲ့ စာသား ရေးလိုက်ရုံ ပါပဲ။ ဒီလို T: နဲ့ Title အလိုက် ရှာတာအပြင် အခြား ကုဒ်တွေကို Code Search မှာ ကြည့်ရှုနိုင် ပါတယ်။

ဒီလိုဆိုရင်တော့ Search Engine တွေကို ကောင်းကောင်း အသုံးချလို့ ရလောက်ပြီလို့ ထင်ပါတယ်။ Search Engine တွေမှာ အထက်ကလို Operators တွေ အပြင် ရိုးရှင်းတဲ့ မေးခွန်းတွေကို သုံးပြီး ရှာလို့ရ ပါတယ်။ ဥပမာ - movie + review လို့မရှာပဲ Where can I find music reviews? လို့ ရိုက်ပြီး ရှာနိုင် ပါတယ်။ လူသိများတဲ့ Search Engine အချို့ကတော့ -
  • Google
  • Yahoo!!
  • msn
  • Ask
  • All The Web
  • Lycos
  • Gahoo Yoogle (Yahoo!!+ Google)
  • Dog Pile (Yahoo!! + Google + msn + Ask)
  • Baidu (Chinese Search Engine)

  • ဒီ ပို့စ် အတွက်
  • www.course.com
  • www.google.com
  • www.wikipedia.org
  • ကိုညီလင်းဆက် ရဲ့ mp3 search code ပို့စ်
  • www.pcworld.com
  • တီချယ် ချယ်ရီ ရဲ့ ကျောင်းသင်ခန်းစာများ
  • Computer Journal မှ What's next for Google? တို့ကို မှီငြမ်းပါသည်။

  • Post From tayzar44.blogspot.com

    Ebook ကောင်းကောင်းလေးတွေ ပေးထားတဲ့နေရာ


    www.btebook.com
    ကွန်ပျူတာ နည်းပညာဆိုင်ရာ စာအုပ်တွေကိုပဲ ဘာသာရပ်အလိုက် စုစည်းပေးထားပြီး လုံးဝ Free စစ်စစ် ဖြစ်ပါတယ်။ download ချကြပါ။ တတ်သတတ် တတ်အောင် ကြိုးစားကြပါလို့။

    March 3, 2008

    Download Manager တွေအကြောင်း

    စာဖတ်သူ download လုပ်ဖူးမှာပါ။ တခါတလေ 99% ထိရောက်ပြီးမှ connection ပြုတ်သွားတာမျိုးရော ကြုံဖူးလား။ ဟား..ဟား..တော်တော်ခံရခက်တယ်နော်။ အဲဒီလိုမဖြစ်အောင် download manager တွေ သုံးလို့ရပါတယ်။ (ဟာ.ဒါများ အဆန်းလုပ်လို့ အားလုံးသိပြီးသားပဲ)
    ဟုတ်ပါတယ်။ တော်တော်များများ သိကြပါတယ်။ အခုကျွန်တော်ပြောမဲ့ အကြောင်းအရာက အဲဒီ download manager တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာပါ။ ကဲ..စပါပြီ။
    တကယ်တော့ download လုပ်တယ်ဆိုတာ အင်တာနက်ကတစ်ဆင့် တခြားကွန်ပျူတာတစ်လုံးဆီမှာ ဖိုင်တစ်ဖိုင်ကို ကိုယ့်ကွန်ပျူတာထဲ ဆွဲချတာပါ။ အဲဒီမှာ ကိုယ့်ကွန်ပျူတာနဲ့ အဲဒီကွန်ပျူတာနဲ့က တော်တော်လေး ဝေးနေမယ်ဆိုရင် download လုပ်ရတာကြာမယ်။ နီးရင် မြန်မယ်ပေါ့။ မဟုတ်ဘူးလား။ တကယ်လို့များ အဲဒီ ကွန်ပျူတာမှာတင်ထားတဲ့ဖိုင်ကို လူပေါင်းများစွာက တပြိုင်နက်တည်း download လုပ်မယ်ဆိုရင် အဲဒီကွန်ပျူတာခဗျာ အတော်လေး အလုပ်ရှုပ်ရပါတယ်။ download လုပ်တဲ့သူတွေအနေနဲ့လည်း တစ်ယောက်တည်း လုပ်တာလောက်တော့ အဆင်မပြေတော့ဘူးပေါ့။ အဲဒီပြဿနာကို ဖြေရှင်းဖို့ Mirror site ဆိုတာ ရှိပါတယ်။ Mirror site ဆိုတာက တကယ်တော့ အရန်ကွန်ပျူတာတစ်လုံးပေါ့။ မူရင်း download ပေးတဲ့ ကွန်ပျူတာမှာ ရှိတဲ့ဖိုင်တွေကို သူ့ဆီမှာလည်း သိမ်းထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့က မူရင်း download site busy ဖြစ်နေပြီဆိုရင် သူ့ဆီကယူပေါ့။ အဆင်ပြေသွားပြီလေ..

    Download Manager တွေက ကျွန်တော်တို့ ဖိုင်တစ်ဖိုင်ကို download လုပ်ပြီဆိုရင် အဲဒီ Mirror site တွေကပါ တခါတည်း ယူပေးပါတယ်။ မူရင်း ဆီကလဲယူ၊ Mirror ဆီကလည်းယူ..ဒါကြောင့် download manager တွေသုံးရင် download speed တွေတက်လာတာပေါ့။

    ပြီးတော့ download manager တွေက Resume ရပါတယ်။ ဆိုလိုတာက ကိုယ် download လုပ်နေတုန်း 54% ရောက်ပြီးမှ connection ပြတ်သွားတယ်ဆိုရင် နောက်တစ်ခါ connection ပြန်တတ်ရင် 54% ကနေပဲ ပြန် download လုပ်ပေးနိုင်ပါတယ်။


    ကျွန်တော် အကြိုက်ဆုံး download manager ကတော့ DAP ပါ။

    March 2, 2008

    Myanglish ကိုသဘောမကျပါ

    Myanglish ကို အသုံးပြုသူ များပြားလွန်းပါသည်။ မိမိပြောချင်သော မြန်မာစကားမှန်သမျှကို English လို အကုန်လုံး ပြောနိုင်တဲ့သူ ရှားပါလိမ့်မည်။ သို့သော်လည်း မပြောတတ်ဘူးဆိုပြီး မပြောဘဲနေလျှင်လည်း ဘယ်တော့မှ ပြောတတ်မှမဟုတ်ပါဘူး။ Chatting ထိုင်ခြင်းသည် အချိန်ဖြူန်းဖို့မဟုတ်ပါ။ ဘယ်အကြောင်းအရာကို ပြောသည်ဖြစ်ပါစေ၊ ကိုယ်က အင်္ဂလိပ်ကို ကြိုးစားပြီး ရိုက်မယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးရှိမယ်၊ ငွေကုန်ခံရကျိုး၊ အချိန်ကုန်ခံရကျိုး နပ်တယ်။ အင်္ဂလိပ်စာ မတိုးတက်တော့ ဘာဖြစ်လဲကွာဟု ပြောသူကလည်း ပြောကြပါသည်။ ဟုတ်ကဲ့..ဒီခေတ်ကြီးမှာ အင်္ဂလိပ်စာမကျွမ်းကျင်ရင်တော့......။
    ကျွန်တော် Gtalk ကို တခါတလေ ပြောပါသည်။ ကျွန်တော်ဝင်လာပြီဆိုရင် လှမ်းနှုတ်ဆတ်ကြ၊ မေးခွန်းလေးတွေ မေးကြ လုပ်ကြပါသည်။ အဲဒီမှာ Myanglish နဲ့ လာပြောတဲ့သူဆိုရင် ကျွန်တော်က English လိုပြောပေးပါ လို့ request လုပ်ပါတယ်။ ဘယ်လိုမှ မရနိုင်တဲ့စကားလုံးကိုမှ Myanglish သုံးပေါ့။ ပြီးတော့ ကျွန်တော်က myanglish မဖတ်တတ်ပါဘူး။ ဖတ်လဲမဖတ်ချင်ပါဘူး။ ကျွန်တော် အင်္ဂလိပ်စာကိုမှ အထင်ကြီးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူငယ်တွေပါ။ ပညာတွေ ဆက်လေ့လာကြရဦးမှာပါ။ ဘယ်ပညာရပ်နေနေ အင်္ဂလိပ်စာနဲ့ လွတ်ကင်းနိုင်တာမရှိပါဘူး။ အထူးသဖြင့် ကွန်ပျူတာစာအုပ်တွေဆိုရင် မြန်မာလိုထွက်တာက နည်းနည်းပါ၊ တကယ်ကောင်းတဲ့စာအုပ်တွေကျ အင်္ဂလိပ်လိုရေးထားတာပဲမဟုတ်လား။
    Online ပေါ်မှာ e ကောင်းတဲ့သူတွေလည်း တော်တော်များများရှိပါတယ်။ သူတို့ပြောတာဆိုတာကိုလည်း အတုယူပါ။ ကိုယ်မသိတဲ့ words တွေပါလာပြီဆိုရင် မေးပါ။ သူငယ်ချင်း အချင်းချင်းလည်း အပြန်အလှန် လေ့ကျင့်ကြပါ။ Myanglish ကို တတ်နိုင်သမျှ မသုံးမိပါစေနဲ့။
    ကျွန်တော်တို့က ငါတို့နိုင်ငံမတိုးတက်ဘူးလို့ ပြောနေကြပါသည်။ ကျွန်တော်တို့ကရော တိုင်းပြည်တိုးတက် အောင် ဘာတွေများ လုပ်ပေးနေကြသလဲ။
    ကျွန်တော်တို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ နေထိုင်နေကြတာပါ။ တိုင်းပြည်က ကိုယ့်ကိုဘာလုပ်ပေးနိုင်သလဲ ဆိုတာထက် ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုသာ စဉ်းစားပါ။ NGO တစ်ခုမှာ Volunteer အနေနဲ့ပဲလုပ်မလား၊ ကလေးတွေကိုပဲ စာသင်ပေးဦးမလား စသည်ဖြင့် အစိုးရနဲ့ မဆက်ဆံဘဲ တဖက်တလမ်းမှ လုပ်ပေးနိုင်တာတွေ အများကြီးရှိပါတယ်။

    Gmail မှာ Exe ဖိုင် တွဲပို့နည်း

    Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။ ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။
    ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
    File extension ကို ပြောင်းလဲနည်းကတော့
    ၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
    ၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
    ၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
    ၄။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။