January 14, 2009
Asus Power Supply Wattage Calculator
စဉ်းစားရမှာပါ။ ကိုယ်ဆင်ထားတဲ့ပစ္စည်းတွေပေါ် မူတည်ပြီး လိုအပ်တဲ့ Watt ကွာခြားနိုင်ပါတယ်။ ပိုပိုလိုလို များများထုတ်ပေးတာဝယ်ရင်တော့
အဆင်ပြေပေမဲ့ မလိုအပ်ဘဲ ငွေဖြုန်းတီးသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဆင်ထားတဲ့ပစ္စည်းတွေကို ရွေးချယ်ပေးရုံနဲ့ Watt ဘယ်လောက်
လိုမယ်ဆိုတာ တွက်ပေးတဲ့ Asus ရဲ့ Power Supply Wattage Calculator ဆိုတဲ့ Web Application ကို လိုတဲ့အခါသုံးနိုင်ကြဖို့ Link လေး
ရှယ်ယာပေးလိုက်ပါတယ်။
http://support.asus.com/PowerSupplyCalculator/PSCalculator.aspx?SLanguage=en-us
Asus P5B Deluxe and Core2 Duo
ဘယ်လိုလုပ်ရမလဲလို့ မေးပါတယ်။ Monitor ပေါ်မှာတောင် ဘာမှမပေါ်ဘူးဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း ငါလာခဲ့ပါမယ်ကွာဆိုပြီး
သွားကြည့်လိုက်ပါတယ်။
ရောက်တဲ့အခါမှာ စက်ကိုဖွင့်ကြည့်တယ်။ စက်ကဖွင့်တဲ့အချိန်မှာ ခဏလေးတက်လာလိုက်၊ ပြီးတော့ ကျသွားလိုက်နဲ့
ဖြစ်နေပါတယ်။ စက်တက်လာတယ်ဆိုတာကတောင် မော်နီတာမှာ ဘာမှမပေါ်ပါဘူး။ CPU Fan နဲ့ Power Supply Fan တွေ လည်လာလိုက်
ရပ်သွားလိုက် အဲဒီလိုဖြစ်တာပါ။ ကျွန်တော်လည်း စဉ်းစားတာပေါ့။ Power Supply ကများ Watt နည်းတာလားပေါ့။ Core2 Duo က Power
Usage များတာကိုး။ အဲဒါနဲ့ Power Supply ကို ဖြုတ်ပြီး Watt ကြည့်လိုက်ပါတယ်။ Watt က 350 W တဲ့။ အဲဒါနဲ့ နည်းလို့လားမသိဘူးဆိုပြီး
တခြားစက်မှာတပ်ထားတဲ့ 550 W Power Supply နဲ့ ပြောင်းတပ်ကြည့်ပါတယ်။ အဲဒါလည်း မရဘူး။ အင်း 550 W ကြီးတပ်ထားတာတောင်
ဖြစ်တာဆိုတော့ Power Supply ကတော့ မဖြစ်နိုင်တော့ဘူးဆိုပြီး တွက်လိုက်ပါတယ်။ Motherboard ကလားမသိဘူးဆိုပြီး တွက်ကြည့်မိတယ်။
အဲဒါနဲ့ အရင်က သုံးနေတဲ့ Pentium D Processor ကို ပြန်တပ်ကြည့်တယ်။ အဲဒီလိုကျတော့ အကောင်း။ ဖျတ်ခနဲ တက်လာတယ်။
ဒါဆိုသေချာပြီပေါ့။ Motherboard က Core2Duo Processor ကို မသိတာပဲ။ Motherboard က Asus P5B Deluxe ပါ။ Chipset က 965 လေ။
အဲဒါနဲ့ Manual ကြည့်ဦးမှပဲဆိုပြီး သူငယ်ချင်းကို Manual ရှိလားလို့ မေးလိုက်တယ်။ သူက မရှိတော့ဘူးဆိုတာနဲ့ အွန်လိုင်းပေါ်တက်ပြီး
P5B Deluxe ရဲ့ Manual ကို Download လုပ်ပြီး ဖတ်ကြည့်ပါတယ်။ Manual ထဲ ရေးထားတာကတော့ Core2 Quad ထိတောင် ရတယ်လို့
ရေးထားတာ။ ဟ အဲဒါဆိုဘာကြောင့် အခုလိုမသိသလဲဆိုပြီး စဉ်းစားကြည့်မိတယ်။
နောက်ဆုံးတော့ BIOS တစ်ခုပဲ ဖြစ်နိုင်စရာရှိတာပဲ ဆိုပြီးတွက်လိုက်တယ်။ BIOS ကို Upgrade လုပ်ကြည့်ရမှာပဲဆိုပြီး Asus Website ထဲဝင်ပြီး
P5B Deluxe ရဲ့ BIOS Update ကို ရှာကြည့်ပါတယ်။ အားပါး P5B Deluxe အတွက် release လုပ်ထားတဲ့ BIOS Update တွေက မနည်းဘူးဘဲ။
အဲဒါနဲ့ နောက်ဆုံး BIOS Update ကို down လိုက်တယ်။ ပြီးတော့ Motherboard ၀ယ်တုန်းကပါတဲ့ CD ခွေကိုဖွင့်ပြီး Asus Update Program
ကို စက်မှာ Install လုပ်လိုက်ပါတယ်။ အရင် Pentium D လေးကို သုံးရတာပေါ့နော်။ ပြီးတော့ အဲဒီ Program နဲ့ BIOS ကို Upgrade လုပ်လိုက်
ပါတယ်။ ပြီးတော့ shutdown လုပ်၊ Core2Duo လေး ပြန်တပ်။ ပြန်ဖွင့်လိုက်တဲ့အခါ ဖျတ်ခနဲ ပွင့်လာကြောင်းပါဗျာ။
မှတ်ချက်။ ။ BIOS ကို Upgrade ပြုလုပ်ခြင်းဟာ အခန့်မသင့်ရင် Motherboard ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခဏခဏ မလုပ်သင့်ပါ။
အခုလို မဖြစ်မနေအချိန်မှသာ လုပ်သင့်ပါတယ်။ ပြီးတော့ Upgrade လုပ်နေတဲ့အချိန်မှာ မီးမပျက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်ကတော့
လင်းရာမ နဲ့ ကွန်ပျူတာကိုချိတ်ပြီး လုပ်ပါတယ်။
English2Myanmar Dictionary at Gtalk
add လုပ်လိုက်ရုံနဲ့ သုံးလို့ရပါပြီ။ ဥပမာ ကိုယ်က computer လို့ရိုက်ထည့်ပြီး ပြောလိုက်ရင် သူက ကွန်ပျူတာ လို့ ပြန်ပြောပါလိမ့်မယ်။ လောလောဆယ်တော့
စကားလုံးတွေ သိပ်မစုံသေးပါဘူး။ ဒါပေမဲ့ /add englishword wordcategory myanmarword ကိုသုံးပြီး ထည့်ပေးလို့ရပါတယ်။ သူတို့က
အတည်ပြုပေးပါလိမ့်မယ်။ အဲဒီတော့ သုံးလည်းသုံးရင်း လိုတဲ့စကားလုံးလေးတွေကိုလည်း ထည့်ပေးရင်းနဲ့ ကူညီကြလိုက်ရအောင်။
January 5, 2009
New Technologies Come With 2009
နံပါတ်တစ် - Windows OS အသစ်
Widows Vista တောင် ကောင်းကောင်းမသုံးရသေးဘူး။ အခု Windows 7 ထွက်တော့မယ်တဲ့။ 2010 မတိုင်ခင် ထွက်မယ်လို့ ဖော်ပြကြပါတယ်။ Windows Vista ကလည်း သိကြတဲ့အတိုင်းပဲ အဆင်မပြေတာတွေက ခပ်များများဆိုတော့ Microsoft က အဲဒါကိုအစားထိုးတဲ့အနေနဲ့ အမြန်ထုတ်တာ ထင်တာပါပဲ။ ဘာတွေအသစ်ပါလာမလဲဆိုတော့
Network ပိုင်းမှာ အသစ်တွေပါလာမယ်
Touch Screen တွေအတွက် အဆင်ပြေအောင် လုပ်ထားတာတွေ အသစ်ပါမယ်၊
Device Stack ဆိုတာ ပါလာမှာဖြစ်ပြီး Hardware Device တစ်ခုတပ်လိုက်တာနဲ့ သူနဲ့ပတ်သတ်တာတွေ၊ လုပ်လို့ရတာတွေအားလုံး ဖော်ပြပေးမဲ့ Windows တစ်ခု ပေါ်လာမယ်၊
Vista ရဲ့ စိတ်ပျက်စရာကောင်းတဲ့ UAC (User Account Control) ပြန်ပါလာမယ်၊ ဒါပေမဲ့ Notify လုပ်တဲ့အရေအတွက်ကို လျှော့နိုင်လိမ့်မယ်
Network ချိတ်ထားတဲ့ PC တွေထဲကနေ Search လုပ်နိုင်တဲ့ Function ပါလာမယ်
Start Menu ထဲက Accessories မှာ ဘာမှပါလာတော့မှာမဟုတ်ပဲ Downloadable အနေနဲ့ပဲ ပေးတော့မယ်။
Interface အပြောင်းအလဲတွေ၊ Taskbar ပုံစံအသစ်တွေ ပါလာလိမ့်မယ်...တဲ့
နံပါတ်နှစ်- Gigabit Network
အခုအချိန်ထိ LAN တွေမှာ Speed က 100 Mbps နဲ့ ကောင်းကောင်းအလုပ်လုပ်နေပါတယ်။ အခုတော့ Gigabit LAN ဆိုပြီး ပေါ်လာပါပြီ။ LAN အတွက် Speed ကို 1 Gbps ထိ ရနေပြီ။
အော်..နည်းပညာကသာ ရနေတာ လိုက်သုံးနိုင်ဖို့က ပိုက်ပိုက်လိုသေးတယ်လေ။ Gigabit Network တစ်ခုဖြစ်လာဖို့ Gigabit Switch ၀ယ်ရမယ်။ Gigabit Switch ကလည်း လောလောဆယ်မှာတော့ ရိုးရိုး Switch ထက် ဈေးက နှစ်ဆလောက် များနေပါတယ်။ ပြီးတော့ လက်ရှိသုံးနေတဲ့ UTP ကြိုးတွေ သုံးမရတော့ဘူး။ အခုသုံးနေကြတာက CAT 5 တွေဖြစ်ပြီး 100 Mbps ပဲ အများဆုံးရပါတယ်။
Gigabit Network တစ်ခု ဖြစ်ဖို့ CAT 6 UTP ကြိုးတွေသုံးရပါလိမ့်မယ်။ CAT 6 ကလည်း CAT 5 ထက် ဈေးကြီးနေပါတယ်။ ပေါ်ခါစမို့လို့လည်း ဖြစ်မှာပါ။ ပြီးတော့ ကြိုးကလည်း CAT 5 ကြိုးထက် ပိုပြီး တုတ်လာပါတယ်။
နံပါတ်သုံး- 802.11n
လက်ရှိသုံးနေတဲ့ Wireless Standard က 802.11 g ဖြစ်ပြီး Speed က 54 Mbps ပဲ အများဆုံးရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Cable Network တွေရဲ့ Speed ကိုမမှီလို့ Wireless ကို လက်ရှိအချိန်မှာ အသုံးနည်းသေးတာပါ။ အခုတော့ 802.11n ဆိုတဲ့ Standard အသစ်က 248 Mbps အထိ ရနိုင်တဲ့အတွက် အခုလက်ရှိသုံးနေကြတဲ့ LAN တွေရဲ့ Speed ထက်တောင် နှစ်ဆပိုမြန်သွားပါပြီ။ အတော်လေးတော့ သုံးချင်စဖွယ်ပါ။ ဒါပေမဲ့ အဲဒီ 802.11n ကို support လုပ်တဲ့ Wireless Router အသစ်ဝယ်ရပါမယ်။ ပြီးတော့ PC တွေမှာတပ်မဲ့ Wirless Adapter တွေလည်း
အသစ်ထပ်ဝယ်ရပါ့မယ်။ Neo Tech မှာ အဲဒီပစ္စည်းတွေကို ၀ယ်လို့ရနေပါပြီ။ နည်းပညာဆိုတာကလည်း ငွေနဲ့လိုက်မှ မှီမယ်ထင်တော့တာပါပဲ။
နံပါတ်လေး- i7 and Socket 1366
Intel ကြီးက Pentium D တွေ Dual Core တွေ Quad Core ကြီးတွေ ဆက်တိုက်ထုတ်နေတော့ Eight Core တွေ Multi Core တွေလာမယ်လို့ ထင်နေတုန်းမှာပဲ i7 ဆိုတဲ့ Processor ကို ထုတ်လိုက်ပါပြီ။ ပိုကောင်းလာမယ်ဆိုတာကတော့ အားလုံးခန့်မှန်းမိပြီးသားပါ။ ဒါပေမဲ့ Socket ပြောင်းသွားတာကတော့ ရင်နာစရာပါပဲ။ Socket 1366 ကိုပြောင်းသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Socket 775 Motherboard လေးနဲ့ i7 ရဲ့အရသာကို မမြည်းနိုင်တော့ဘူးပေါ့။ လောလောဆယ် Socket 1366 Motherboard တွေကို ASUS နဲ့ MSI က အပြိုင် ထုတ်ထားပါတယ်။ ဈေးကွက်ထဲမှာလည်း ၀ယ်လို့ရနေပါပြီ။
နောက်ထပ်အသစ်ပေါ်လာတဲ့ နည်းပညာတွေကိုလည်း အချိန်ရရင် ရေးပြီးတင်ပါဦးမယ်။
Difference Between Wi-Fi & Wi-Max
Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။
Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။
December 31, 2008
Oph Crack ကို စမ်းသပ်ကြည့်ခြင်း
December 28, 2008
Making Blog ebooks
Most of all come and visit here mean they are interested to blog and want to know what blogger post it. On the other hand, they want to build their own blog and want to know what the other do their blog. I here collect some e-books and submit to this blog. I want to say thanks to authors who write these ebooks. I believe that these books will help you the knowledge of creating blog. Yon can download on following links.
http://www.divshare.com/download/6209322-87a (Blogger_Handbook_Inside)
http://www.divshare.com/download/6209454-a6d (howtomakemyanmarblog)
http://www.divshare.com/download/6209469-5b2 (MakingBlog)
http://www.divshare.com/download/6208834-244 (Own Forum Creation By Yamanya)
http://www.divshare.com/download/6208841-2ed (Website Creation Training)
http://www.divshare.com/download/6208908-7fc (Wordpress Creation by yamanya)
December 27, 2008
thirt party softမှာ deffault setting ပြန်လုပ်ချင်ရင်
Mail4U is a Attack Site!
mail4u.com.mm ဟာ သင့်ကွန်ပျူတာကိုတိုက်ခိုက်နိုင်တဲ့ Website တစ်ခုဖြစ်ပါတယ် ဒါကြောင့် Block လုပ်ထားတာပါဆိုပြီး Google က ပြောနေတာခင်ဗျ။ Google က mail4u.com.mm ကို ဘာကြောင့် block လုပ်တာလည်းဆိုတာ သိချင်ရင်တော့ အောက်မှာပေးထားတဲ့လင့်ခ်လေးကို နှိပ်ပြီး ဖတ်ကြည့်လိုက်ပါ။ ကဲ. mail4u သုံးနေတဲ့ အကိုတို့ အမတို့ ညီတို့ ညီမလေးတို့ရေ သတိသာထားနေပေတော့။
http://safebrowsing.clients.google.com/safebrowsing/diagnostic?client=Firefox&hl=en-US&site=http://www.mail4u.com.mm/
Taskill
Download Taskill (6 KB)
TCP View
Download TCP View (94 KB)
December 25, 2008
New Author
December 21, 2008
portable google chrome
Here is the link to download for portable google chrome web browser for usb edition
http://h1.ripway.com/zawminsoe/Portable_Google_Chrome_1.0.154.36.exe
December 15, 2008
Myanmar Computer Ebooks (6)
password ပြဿနာတက်လွန်းလို့ password ပေးမထားပါ။
Download Link:
http://ifile.it/3i5tz2u
Troubleshooting BSOD
အကြံလေးတစ်ခုလောက် ပေးပါရစေ။
အဲဒီလိုမျိုး BSOD Screen ပေါ်လာပြီဆိုရင် အဲဒီ BSOD ရဲ့ အောက်နားမှာပါတဲ့ STOP:--- နေရာက address ကို ဖတ်လိုက်ပါ။ ပုံမှာဆိုရင် 0x00000050 လို့ ရေးထားပါတယ်။ အဲဒီ address ကို microsoft.com သို့မဟုတ် Microsoft TechNet စီဒီခွေထဲမှာ ရှာလိုက်ရင် အဲဒီ BSOD ဘာကြောင့် ပေါ်တယ်၊ ဘယ်လိုဖြေရှင်းရတယ်ဆိုတာ ဖော်ပြပေးပါတယ်။
အဆင်ပြေကြပါစေ။
December 11, 2008
Disappear CD/DVD Drive
ကျွန်တော့်အထင်က Driver ပျောက်သွားလို့ အဲဒီလိုဖြစ်တာပေါ့။ Driver ပြန်တင်ကြည့်လိုက်လို့ ခပ်ပေါ့ပေါ့ ဖြေလိုက်မိပါတယ်။ ဒါပေမဲ့ CD/DVD Drive တွေ Driver ပျောက်တယ်ဆိုတာမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။ ကြုံလည်း မကြုံဖူးပါဘူး။
နောက် မကြာခင်ပဲ သူက အဆင်ပြေသွားပြီဆိုတဲ့အကြောင်း reply လုပ်ပါတယ်။ သူ့ Laptop က Dell ဆိုတော့ Dell ကို မေးလိုက်တာနဲ့ တူပါတယ်။ ကျွန်တော့်ဆီကို သူနဲ့ Dell က Help Desk နဲ့ ပြောကြတာတွေကို ရှယ်ယာ ပြန်ပေးလိုက်ပါတယ်။ Dell က ပြောတဲ့ ဖြေရှင်းနည်းက ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ မတွေ့ဘူးတဲ့ ဖြေရှင်းနည်း ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ မသိသေးသူတွေ သိရအောင်၊ ကွန်ပျူတာမှာ CD/DVD Drive တွေ မသိတော့ရင် လုပ်ဆောင်ကြည့်သင့်တဲ့ ဖြေရှင်းနည်းလေးကို ဖော်ပြလိုက်ပါတယ်။
Problem
My Computer တွင် CD/DVD Drive မပေါ်ပါ။ Device Manager တွင်လည်း CD/DVD Drive ၏ ဘေးတွင် အ၀ါရောင် Caution Sign လေး ပေါ်နေသည်။ Properties တွင်(Windows cannot load the device driver for this hardware. The driver may be corrupted or missing. (Code 39) ဟု ပြသနေသည်။
Cause
Upper Filter နှင့် Lower Filter များကြောင့် ဖြစ်နိုင်ပါသည်။ Upper Filer Lower Filter ဆိုသည်မှာ ထို CD/DVD Drive ၏ Driver ကို ထိန်းချုပ်ပေးသော Registry Key များ ဖြစ်သည်။ ထို Key နှစ်ခုကို Registry မှ ဖျက်ပစ်ခြင်းဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။
Resolution
- Click Start>Run> and type regedit and press Enter.
- Locate, and then click the following registry subkey:HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}In the right pane, right-click UpperFilters, and then click Delete.
- Click Yes to confirm the removal of the UpperFilters registry entry.
- In the right pane, right-click LowerFilters, and then click Delete.
- Click Yes to confirm the removal of the LowerFilters registry entry.
- Exit Registry Editor, and then restart the computer.
December 10, 2008
Myanmar Computer Ebooks (5)
http://www.mediafire.com/file/hykjwnyjirf/Deep
AutoCAD အသုံးပြုနည်း
http://www.mediafire.com/file/jeymmtzndej/Autocad.pdf
ဆရာဇော်လင်း၏ Hardware စာအုပ်
http://myfreefilehosting.com/f/904ee139a6_289.06MB
Microsoft Excel အသုံးပြုနည်း
http://mihd.net/b6suqd
Photoshop CS2
http://mihd.net/4zqmnl
Networking မိတ်ဆတ်
http://ifile.it/k7ruzb8
Password တောင်းပါက itmen.myanmarbloggers.org လို့ ရိုက်ထည့်ပါ။ မဟုတ်ရင်တော့ blank password ပါ။ တစ်ချို့ဖိုင်တွေကိုတော့ www.myanmarfamily.org နဲ့ စမ်းကြည့်ပါ။
December 9, 2008
New Utilities For Backup Drivers
http://www.softpedia.com/progDownload/Device-Driver-Backup-Download-86809.html
December 1, 2008
DVD File Structure
အခု နောက်ပိုင်း DVD ခွေ ခေတ်စားလာတယ်။ ပေါ်ကာစတုန်းက DVD Drive ဖိုး မတတ်နိုင်လို့ အနားတောင်မသီနိုင်ပါ။ အခုတော့ ဈေးတွေကလည်းကျ ငါးသောင်းလောက်နဲ့ DVD Writer ပါ ရတာဆိုတော့ နောက်ပိုင်းဆင်တဲ့ ကွန်ပျူတာတော်တော်များများ DVD Drive တွေနဲ့ချည်း ဖြစ်ကုန်ပါပြီ။ Software တွေ OS တွေ Learning ခွေတွေကလည်း DVD နဲ့ချည်းပဲ လာတော့တာဆိုတော့ DVD Drive လေးမှ တပ်မထားရင် ကွန်ပျူတာရာမ၀င်တော့ဘူးပေါ့ (လူရာမ၀င်တာမဟုတ်ပါ)
DVD ကလည်း သုံးလုံးထဲသာ ရှိတာ။ အရှုပ်သားပဲ။ DVD5 တွေရော DVD9 တွေရော Double Layer, Single Layer, DoubleSide Double Layer စတာတွေနဲ့ အများကြီးပဲ။ ဒါပေမဲ့ ဈေးကွက်ထဲမှာတော့ Blank DVD ၀ယ်ရင် 4.7 GB ဆန့်တဲ့ DVD5 ကိုပဲ ၀ယ်လို့လွယ်ပါတယ်။ 8GB ကျော်ဆန့်တဲ့ DVD9 ကိုတော့ နည်းနည်း အ၀ယ်ရခက်ပါတယ်။ (ရန်ကုန်မှာတော့ လွယ်လောက်ပါတယ်) ဒါပေမဲ့ အားလုံးက Single Layer တွေ ချည်းပါပဲ။
Double Layer ကတော့ မြင်တောင် မမြင်ဘူးပါ။ တလောကတော့ Video Camera လေးတစ်လုံး ခဏကိုင်ရလို့ Single Layer-Double Side DVD RW လေး တစ်ချပ်ကို မြင်ဖူးလိုက်ပါတယ်။ Customer က နောက်တစ်ချပ်ဝယ်ချင်တယ်ဆိုလို့ မန္တလေး Sony ကို သွားဝယ်ပေးရတယ်။ အရောင်းစာရေးက +RW ယူမှာလား -RW ယူမှာလားလို့ မေးပါတယ်။ +RW နဲ့ -RW အကြောင်းကို ဖတ်ဖူးပေမဲ့ ခေါင်းထဲမရောက်တာကြောင့် အဲဒီ + နဲ့ - ဘယ်လိုကွာလဲဆိုတာ မသိတော့ဘူး။ ဒါပေမဲ့ + က ပိုကောင်းမယ်ထင်တာနဲ့ + ပဲ ပေးပါလို့ ခပ်တည်တည်နဲ့ ဖြီးရပါတယ်။ အဲဒီလိုပြောမှ DVD +RW က ကုန်နေတယ် -RW ယူမှာလားဆိုတာနဲ့ ထူးပါဘူးလေဆိုပြီး ယူခဲ့ပါတယ်။ စိတ်ထဲမတော့ ဘာမှကွာလောက်ပါဘူးလေဆိုပြီး ထင်နေခဲ့ပါတယ်။
ကင်မရာထဲ ထည့်တော့မှ -RW က ရိုက်ပြီးသွားရင် Finalize လုပ်ပေးရမှန်း သိတော့တာ။ မဟုတ်ရင် DVD စက်မှာ ဖွင့်လို့ မရဘူး။ + နဲ့ - လေး ကွာသွားတာနဲ့ အချိန်ပေးရတာချင်း ကွာသွားတာလေ။
လေကြောရှည်နေတာနဲ့ ပို့စ်ခေါင်းစဉ်အကြောင်းကို မရောက်နိုင်တော့ဘူး။ DVD ဇာတ်ကားခွေတွေရဲ့ File Structure ကို စိတ်ဝင်စားလို့ အင်တာနက်မှာရှာရင်းကနေ တွေ့တာလေးတွေနဲ့ ကိုယ်တွေ့လေးရယ်ကို ပေါင်းပြီး ပြန်လည် ဖော်သည်ချလိုက်ခြင်း ဖြစ်ပါတယ်။
အဲဒီ DVD ဇာတ်ကားခွေထဲမှာ AUDIO_TS နဲ့ VIDEO_TS ဆိုတဲ့ Folder နှစ်ခု ပါပါတယ်။ ဗွီဒီယိုဖိုင်တွေဟာ VIDEO_TS ဆိုတဲ့ Folder ထဲမှာ .VOB ဖိုင်အမျိုးအစားနဲ့ ထည့်ထားပါတယ်။ အဲဒီ VOB (Video OBject) က တကယ့် ဗွီဒီယိုဖိုင်တွေပါပဲ။ DVD Player က အဲဒီ VOB ဖိုင်တွေကို ဖတ်ပြီး Output ပြန်ထုတ်ပေးတာပါ။ ဒါပေမဲ့ အဲဒီ VIDEO_TS Folder ထဲမှာ တခြားဖိုင်တွေ ပါပါသေးတယ်။ အဲဒါတွေကတော့ VIDEO_TS.IFO - VIDEO Title Set InFOrmation Set ပါ။ အဲဒီထဲမှာ Region Code တွေ ပါပါတယ်။ နိုင်ငံခြားက ခွေတွေ ဒီကစက်တွေနဲ့ ဖွင့်မရတာက အဲဒီဖိုင်မှာ ပါတဲ့ Region Code နဲ့ Player ရဲ့ Region Code မတူလို့ပါ။
VIDEO_TS.VOB - အဲဒီဖိုင်ကတော့ Bookmark နဲ့တူပါတယ်။ DVD စက်ကို ခွေကို စဖတ်ဖတ်ချင်း သူ့ကို အရင်ဖတ်ပါ လို့ ပြောထားပါတယ်။
VIDEO_TS.BUP - VIDEO_TS.IFO ဖိုင်ရဲ့ Backup ပါ။
VTS_01_0.IFO - IFO ဖိုင်တွေဟာ VOB ဖိုင်တွေအတွက် အရေးကြီးပါတယ်။ အဲဒီဖိုင်တွေထဲမှာ VOB ဖိုင်တွေကို DVD စက်က Play လုပ်တဲ့အခါ ဘယ် Subtitle, Language, Menus, Aspect Ration သုံးပြီး Play လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေပါပါတယ်။ IFO တွေမပါဘဲ VOB ဖိုင်တွေကို တခြား File Format သို့
မပြောင်းလဲနိုင်ပါ။ (အဲဒါကတော့ လက်တွေ့ပါ)
VTS_01_0.VOB - သူကတော့ ပထမဆုံး စ Play လုပ်ရတဲ့ VOB ဖိုင်ပါ။ DVD ဇာတ်ကားခွေထည့်လိုက်လို့ Menu လေးပွင့်လာတာဟာ သူ့ကြောင့်ပါ။ Chapter ရွေးလို့ရအောင် Language ရွေးလို့ရအောင် သူက လုပ်ပေးတာပါ။
VTS_01_0.BUP - VTS01_1.IFO ရဲ့ Backup ဖိုင်ပါ။
VTS_01_1.VOB - သူကတော့ ဇာတ်ကားခွေရဲ့ တကယ့် Main ဖိုင်ပေါ့။ အများအားဖြင့် အဲဒီဖိုင်ကို သုံးဖိုင် သို့မဟုတ် လေးဖိုင်အထိ အစဉ်လိုက် အပိုင်းခွဲထားပါတယ်။ ဒါမျိုးပါ
VTS_01_1.VOB
VTS_01_2.VOB
VTS_01_3.VOB အဲသလိုမျိုးပါ။ ဒါပေမဲ့ ဘယ်ဖိုင်မှ 1GB ထက် ကျော်ခွင့်မရှိပါဘူး။ အဲဒီ VOB ဖိုင်တွေကို နာမည်ပေးပုံကလည်း Standard ရှိပါတယ်။
ဥပမာ VTS_01_1.VOB ဆိုပါတော့။
ဒါမျိုးမှတ်လိုက်ပါ VTS_xx_yy.VOB
xx က Title နံပါတ်ကို ပြောတာဖြစ်ပြီး yy က Section နံပါတ်ကို ပြောတာဖြစ်ပါတယ်။ ရှစ်ကားတွဲပါတဲ့ ခွေတွေဆိုရင် VTS_01_01.VOB ဟာ ပထမဆုံးကားရဲ့ Chapter 1 ကို ဆိုလိုတာပါ။
အပေါ်က ရေးခဲ့သမျှကို အတိုချုပ်မှတ်ချင်ရင်တော့ VOB ဟာ Video/Audio Data ဖိုင်တွေ ဖြစ်ပါတယ်။ IFO တွေဟာ Navigation လုပ်နိုင်ဖို့ ဖြစ်ပြီး BUP တွေကတော့ IFO တွေရဲ့ Backup တွေ ဖြစ်ပါတယ်။
တချို့ခွေတွေမှာ trailer တွေ Behind the Sence တွေအတွက် အပိုဖိုင်တွေ ပါပါသေးတယ်။ သေချာတာကတော့ Title တစ်ခု (ဇာတ်ကားတစ်ကား) အတွက် VOB ဖိုင် နှစ်ဖိုင်လိုပါတယ်။ တစ်ဖိုင်က Menu အတွက် ဖြစ်ပြီး တစ်ဖိုင်က အဲဒီဇာတ်ကားကြီးပါ။ ပြီးရင် IFO ဖိုင်တစ်ဖိုင်နဲ့ BUP ဖိုင်ကလည်း သေချာပေါက် လိုပါတယ်။
ရေးထားတာက အနည်းငယ်ရှုပ်ထွေးနေပါက DVD ဇာတ်ကားခွေလေး တစ်ခွေလောက်ကို Explorer ကနေ ဖွင့်လိုက်၊ စာလေးဖတ်လိုက် လုပ်ကြည့်လိုက်ပါ။
လိုအပ်တာတွေ ရှိနေသေးပါကလည်း Comment ပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
ICANN သို့ပေးစာ
Assigned Names and Numbers (ICANN) အဖွဲ့ရဲ့ တင်းကျပ်မှုတွေဟာ အခုဆိုရင်
တဖြည်းဖြည်းနဲ့
ပြေလျော့လာပါတယ်။ မကြာသေးခင်ကလည်း .com .edu .net .org .edu
စတာတွေပါဝင်တဲ့ TLD (Top Level Domain) အုပ်စုထဲမှာ Pornography website
တွေအတွက် .xxx domain name
ထည့်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။ ကန့်ကွက်မှုတွေလည်း အတော်လေးများတယ်လို့
ရေးကြပါတယ်။ .xxx ကို ပေးသင့်တယ်လို့ ယူဆပါတယ်။ Website တစ်ခုရဲ့ address
ကိုကြည့်လိုက်မယ်။ .xxx ပါရင်
ဖွင့်ကြည့်စရာမလိုပဲ ဒါဟာ Adult Content Site တစ်ခုပဲဆိုတာ
တန်းသိနိုင်ပါတယ်။ စိတ်ဝင်စားသူတွေကတော့ ၀င်ကြည့်နိုင်သလို
စိတ်မ၀င်စားသူတွေအတွက် ကြိုတင်ရှောင်ထားလို့ ရတယ်လေ။
ပြီးတော့ အဲဒီလို Adult Content Site တွေကို .xxx ချည်းပဲ
ပေးလိုက်မယ်ဆိုရင် Filter လုပ်ရတာလည်း ပိုလွယ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့
ဆယ်ကျော်သက်တွေအတွက်တော့ မကောင်းဘူးပေါ့။
အဲဒီ .xxx လိပ်စာတွေချည်းပဲ လိုက်ရှာနေရင် ဘယ်အဆင်ပြေတော့မလဲ။ ICANN က
ဘယ်လို အကြောင်းပြချက်ပေးလဲတော့ မသိဘူး။ အခုတော့ အဲဒီ .xxx ကို
မပေးဘူးလို့ ဖတ်ရပါတယ်။
အဲ ဟိုတစ်လောကကျ TLD တွေမှာ ကိုယ့်နာမည်၊ ကိုယ့်မြို့နာမည်တွေ
ထည့်ခွင့်ပေးလိုက်တယ်လို့ သိလိုက်ပါတယ်။ အဲဒီလိုသာသေချာရင်တော့
ကျွန်တော်လည်း www.thurein.monywa လို့
လိုချင်သား။ ဟဲ..ဟဲ
လောလောဆယ် တောင့်တတာကတော့ အဲဒီ TLD ကို မဟုတ်ဘူးဗျ။ Domain Name တွေကို
တခြားဘာသာနဲ့ Assign လုပ်ခွင့်ပဲ ICANN အဖွဲ့ကို တောင်းဆိုချင်တာ။
အဲဒီလိုသာ ခွင့်ပေးလိုက်ရင်တော့
ခင်ဗျားတို့ ကျွန်တော်တို့အတွက် ဘယ်လောက်ကောင်းမလဲဗျာ။ ဥပမာပြောရရင်
www.အိုင်တီမန်း.မြန်မာဘလော့ဂါ.org ဆိုပြီး လုပ်လို့ ရသွားမှာ။
(နမူနာပြောတာပါ ICANN က လုပ်ခွင့်ပေးတောင်မှ
Register လုပ်ဖို့ ပိုက်ပိုက်မရှိပါ)
မှတ်ချက်။ ICANN ရဲ့ အရှည်ကိုသိဖို့ Microsoft ကထုတ်တဲ့ Internet &
Networking Dictionary ကို လှန်ကြည့်ရပါသေးသည်။