July 27, 2007

ကိုယ့်ဓာတ်ပုံတွေ သူများမကြည့်စေချင်ရင်

ကွန်ပျူတာဖိုင်များတွင် Header code တွေပါတယ်။ အဲဒီ Header code တွေက Hex number တွေဖြစ်ပါတယ်။
Hex number ဆိုတာက 0 to F (0.1.2...9,A,B....F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို ပြောင်းလိုက်ရင်
အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။ အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ဘူးလေ။ သူများမမြင်စေချင်တဲ့ ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး
ဘာ software မှမလိုပဲ ဖျောက်လို့ရပါတယ်။

1. Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
2. အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
3. debug "Your Picture File Location" လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D:\ ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:\mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
4. e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
5. ။ ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,....,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
6. w လို့ရိုက်ပြီး Enter ခေါက်ပါ။
7. Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
8. q လို့ရိုက်ပြီး Enter ခေါက်ပါ။
9. ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။

ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။

ဖြည်နည်း

1. အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
2. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။

July 20, 2007

My USB Flash drive

This is a list of software that I carry on my portable thumbdrive (1Gb). Almost all of it is Freeware (any exceptions are noted) and most of it is Open Source too.

The flashkey has an autorun.inf to start PStart on double click, or on the right click menu either open explorer or mount a Truecrypt archive (to protect customer data). Lastly the key is bootable with Acronis True Image V9

Installations for PC's

Applications - Working directly off drive

All the rest of these are executables working directly off the drive as well.

Diagnostics & Removal - Working directly from drive

  • Dependency Walker - scans any Windows module and builds a hierarchical tree diagram of all dependent modules
  • DiskMon - logs and displays all hard disk activity
  • Filemon - displays file system activity on a system in real-time
  • PortMon - displays all serial and parallel port activity
  • Process Explorer - shows you information about which handles and DLLs processes have opened or loaded
  • Pstools - SysInternals 'Resource Kit'
  • RegMon - Real-time Registry monitoring utility
  • TCPView - detailed listings of all TCP and UDP endpoints on your system. Graphical netstat
  • TokenMon - monitors and displays a variety of security-related activity taking place on a system
  • Winobj - display information on the NT Object Manager's name space
  • Norton Removal Tool - Norton can be stubborn to remove at times.
  • autoruns - show all auto-starting locations
  • HijackThis
  • "remove msn messenger.cmd" - simply RunDll32 advpack.dll,LaunchINFSection %windir%\INF\msmsgs.inf,BLC.Remove
  • RootkitRevealer - advanced rootkit detection utility
  • WinsockXPFix - simple winsock fix. i don't know if it's just netsh int ip reset but it does work.

Toolkit - Working directly off drive

Commercial Installations

Only two, but I have to have them.

From http://www.runpcrun.com/usb-flash-key-2006

New Art House Myanmar Fonts

You can download Art house myanmar fonts(41 to 60) from this link.

http://download.yousendit.com/F1E777763DB432AE

July 8, 2007

ကွန်ပျူတာကိုယ်ကျင့်တရား ဆယ်ပါး

၁။ ကွန်ပျူတာအား အခြားသူများကို ထိခိုက်နစ်နာစေရန်အတွက် အသုံးမပြုရ။
(ကွန်ပျူတာကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဖြစ်သည်)
၂။ အခြားသူများ၏ ကွန်ပျူတာလုပ်ငန်းများကို အနှောင့်အယှက်မပေးရ။
(ဥပမာ- အဓိပ္ပာယ်မဲ့ အီးမေးလ်များကို မတန်တဆပေးပို့ခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်များပေးပို့ခြင်း)
၃။ အခြားသူများ၏ ကွန်ပျူတာဖိုင်များကို ခိုးမကြည့်ရ။
(တစုံတယောက်က ခွင့်ပြုချက်မပေးဘဲ ထိုသူ၏ကွန်ပျူတာဖိုင်များကို ဖွင့်မကြည့်ရ)
၎။ ကွန်ပျူတာကို ခိုးမှုကျူးလွန်ရန်အတွက် အသုံးမပြုရ။
၅။ ကွန်ပျူတာကို လွဲမှားသောသက်သေခံရန်အတွက် အသုံးမပြုရ။
(ဥပမာ- ကောလာဟလများပေးပို့ခြင်း၊ မိမိအီးမေးလ်လိပ်စာများကို လွဲမှားစွာပေးပို့ခြင်း)
၆။ ကုမ္ပဏီတစ်ခုခုမှ ထုတ်လုပ်သည့်ဆော့ဖ်ဝဲများကို သတ်မှတ်ထားသည့် အခကြေးငွေများပေးဆောင်ခြင်းမပြုဘဲ
ကူးယူသုံးစွဲခြင်းမပြုရ။
ဆော့ဖ်ဝဲ၊ တေးသီချင်း စီဒီသို့မဟုတ် ဒီဗွီဒီများကို မူပွားကူးယူပြီး သူငယ်ချင်းများအား လက်ဆင့်ကမ်းပေးဝေခြင်းမပြုရ)
၇။ တစ်ဦးတစ်ယောက် ပိုင်ဆိုင်သည့် ကွန်ပျူတာဖြင့် ထိုသူ၏တရားဝင်ခွင့်ပြုချက်မရဘဲ ထိုက်တန်သည့်
အခကြေးငွေပေးဆောင်ခြင်းမရှိဘဲကိုယ်ကျိုးအတွက် အသုံးမပြုရ။
၈။ တစ်ဦးတစ်ယောက်၏အသိဥာဏ်ဖြင့် ပြုလုပ်ဖန်တီးထားချက်များကို အပိုင်စီးကာချုပ်ကိုင်ထားခြင်းမပြုရ။
(သီချင်း၊ဂီတ၊စာ၊ရုပ်ပုံများကို မူပိုင်ရှင်ခွင့်ပြုချက်မရဘဲ အပိုင်စီးကာ ထင်သလိုပြုလုပ်ခြင်း)
၉။ မိမိရေးသားထားသည့် ကွန်ပျူတာပရိုဂရမ်စနစ် သို့မဟုတ် ဒီဇိုင်းတစ်ခုသည် လူ့ဘောင်အဖွဲ့အစည်းနှင့် ပြဿနာဖြစ်စေမည့်
အချက်များမဖြစ်စေရန် ထည့်သွင့်စဉ်းစားရမည်။
၁၀။ ကွန်ပျူတာကို လူ့ဘောင်က အထင်ကြီးလေးစားစေမည့် အချက်များအပေါ်တွင်သာ အခြေခံပြီးသုံးစွဲရမည်။
(တစ်ဦးတစ်ယောက်က မလုပ်ပါနှင့်ဟု အမိန့်ပေးစေခိုင်းမှ ရှောင်ကြဉ်ရခြင်းထက် ကိုယ်တိုင်ကမလုပ်သင့် မလုပ်ထိုက်သည့်
ကိစ္စတစ်ခုအနေဖြင့် ရှောင်ကြဉ်ရန်ဖြစ်သည်)

From Personal Computer Magazine July 2007

TOP 101 Classic Sites

APPS - PC& MOBILE
www.gmail.com
www.handango.com
www.webex.com
www.yousendit.com

BUSINESS & FINANCE
bloomberg.com
bplans.com
www.irs.gov
www.fool.com

CARRERS
www.dice.com
www.monster.com
hotjobs.yahoo.com

COMPUTING
annoyances.org
broadbandreports.com
www.cnet.com
www.devx.com
distrowatch.com
www.eweek.com
www.extreme.com
www.grc.com
labs.google.com
www.lifehacker.com
www.pcmag.com
www.securityfocus.com
www.slashdot.org
sourceforge.net
www.schools.com
www.webopedia.com

CONSUMAR ELECTRONICS & PHOTOGRAPHY
www.dpreview.com
www.engadget.com
www.flickr.com
www.popphoto.com
www.shutterfly.com

HEALTH
www.cdc.gov
ediets.com
www.webmd.com
www.who.int

INFORMATION, SEARCH & REFERENCE
about.com
answer.com
www.craigslist.com
www.dictionary.com
www.epic.org
www.fedstats.gro
firstgov.gov
www.google.com
www.howstuffworks.com
www.ipl.org
www.lii.org
www.getnetwise.com
www.snopes.com
www.loc.gov
www.nasa.gov
www.nationalgeographic.com
www.nolo.com
www.opensecrets.org
www.pbs.org
www.straightdope.com
www.wikipedia.org
www.yahoo.com

INFORMATION, LIFESTYLE, ENTERTAINMENT & FUN
www.allmusic.com
www.aldaily.com
www.blinkx.com
www.boingboing.net
www.citysearch.com
www.eonline.com
www.epicurious.com
www.espn.com
foodnetwork.com
www.iflim.com
www.imdb.com
www.archive.org
www.mcsweeneys.net
www.nick.com
www.gutenberg.org
ww.theonion.com
www.sciencedaily.com
www.si.edu
www.tv.com
www.urbandictionary.com
music.yahoo.com
news.bbc.co.uk
cnn.com
www.npr.org
www.nytime.com
www.slate.com
www.salon.com
www.salon.com
1up.com
www.gamefly.com
homestarrunner.com
www.overheardinny.com
games.yahoo.com
amazon.com
www.ebay.com
www.netflix.com
overstock.com
shopping.com
suprise.com
www.techbargains.com
www.thinkgeek.com
www.expedia.com
maps.google.com
www.orbitz.com

June 23, 2007

Windows XP ကို ပိုမြန်စေမယ့်နည်းလမ်းများ

Prefetcher ကို Tweak လုပ်ခြင်း
Windows XP တွင် Prefetcher ဟုခေါ်သောကြိုတင်စုဆောင်းသည့်စနစ်ပါရှိပါသည်။ ထို Prefetcher သည် မကြာခဏ
အသုံးပြုသော Application များဖွင့်ရာတွင် လိုအပ်သော Files များကိုကြိုတင်စုဆောင်းထားသောကြောင့် နောင်တစ်ဖန် ထို
Application များကို ဖွင့်ရာတွင် နှောင့်နှေးကြန့်ကြာခြင်းမရှိတော့ပေ။
Prefecher ၏ Value ကိုဤကဲ့သို့ပြောင်းလဲနိုင်သည်။
Registry Editor ကိုဖွင့်ပါ။
HKEY_LOCAL_MACHINE\SYSTEM\ControlSet001\Control\Session Manager\Memory Management\PrefetchParameters
သို့သွားပါ။
EnablePrefetcher Value ကို ပြောင်းပါ။
1 သည် Application Files များကို Prefetch လုပ်ခိုင်းခြင်းဖြစ်သည်။
2 ဟုရိုက်ထည့်ပါက Boot Files များကို Prefetch လုပ်ပေးလိမ့်မည်။
3 ဆိုပါက မိမိအသုံးပြုသော Files များကို တတ်နိုင်သလောက် Prefetch လုပ်ပေးပါလိမ့်မည်။

ဆက်လက်ရေးသားပါမည်။

About CCleaner

အလွန်ကောင်းတဲ့ သန့်ရှင်းရေး software လေးတစ်ခုပါ။ အောက်မှာ ဖော်ပြထားတဲ့ဖိုင်
တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
1. IE Temp Files
2. IE Cookies
3. IE Recentlry Typed URLs
4. IE Index.dat files
5. IE Last Download Location
6. Windows Explorer Recent Documents List
7. Run List
8. Search Autocomplete List
9. Other Explorer MRUs
10. Empty Recycle Bins
11. Windows Temp Files
12. Data in Clipboard
13. Memory Dumps Files
14. Chkdsk File Fragment
15. Old Prefetch Data
16. Menu Order Cache
17. Tray notification Cache
18. Windows Size/location Cache
19. User Assist Histroy
20. IIS Log Files
21. Hotfix Uninstallters
22. Adobe Reader 5.0 Temp Files
23. Office 03, XP Temp Files
24. Flash Player Temp Files
25. Windows Media Player Temp Files
26. MS Paint Temp Files
တခြား အပို Tools အနေနဲ့ Registry Scan ကိုထည့်ပေးထားပါတယ်။
Program Unistaller လည်းပါပါသေးတယ်။
Download လုပ်ချင်ရင်တော့ www.ccleaner.com ကိုသွားလိုက်ပါ။
Download လုပ်တဲ့သူ သန်းချီနေပြီလို့ သိရပါတယ်။

June 12, 2007

Wallpaper Website

It is the Best Website to download high resolution, high quality wallpaper. All images can free download. Suprise!


Click this link: http://wallpaperstock.net

June 10, 2007

Welcome Anyone Who Want to Write Post At This Blog

ဒီ Blog လေးမှာ Post ၀င်ရေးချင်တဲ့သူတွေကို ဖိတ်ခေါ်ပါတယ်။ကျွန်တော် Profile မှာ ကျွန်တော့် Email Address ပေးထားပါတယ်။ကျွန်တော့်ဆီ Email ပို့ပြီး ဆက်သွယ်နိုင်ပါတယ်။

Gmail And Plus Addressing

gmail ရဲ့ plus addressing ဆိုတာက အတော်အသုံးဝင်ပါတယ်။Website တွေမှာ Register လုပ်တဲ့အခါ ဒီ Website ဟာ ကိုယ့် email address ကိုspammer တွေဆီ ရောင်းစား/မစားဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် အဲဒီလို Website တွေကို register လုပ်ရင်း ကိုယ့် email address ကိုရိုက်ထည့်တဲ့အခါကိုယ့်အီးမေးလ်နောက်မှာ plus sign လေးထည့်ပေးလိုက်ပါ။ဥပမာ ခင်ဗျားမေးလ်က kyawkyaw@gmail.com လို့ဆိုပါတော့။ Email ထည့်ခိုင်းတဲ့Website က gogo.com ဆိုပါတော့။ ဒါဆိုရင် kyawkyaw+gogo@gmail.com လို့ရိုက်ပေးလိုက်ပါ။ အဲဒီ Website ကမေးလ်ပို့တဲ့အခါ kyawkyaw+gogo@gmail.com နဲ့ပို့မှာပါ။ kyawkyaw+gogo@gmail.com နဲ့ kyawkyaw@gmail.com ကအတူတူပါပဲ။ဒါပေမဲ့ Plus ခံထားတဲ့အတွက် Filter လုပ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ Gmail ထဲက Filter Option က To: မှာ kyawkyaw+gogo@gmail.com လို့ထည့်ပါ။ပြီးရင် အဲဒီ Address နဲ့ လာတဲ့Mail တွေကို Star ပဲလုပ်လုပ်၊ Delete ပဲလုပ်လုပ်ကိုယ်ကြိုက်တာ လုပ်ခိုင်းလို့ရပါပြီ။

June 8, 2007

Running Multiple Instances of Google Talk

သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။



၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။


၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ

Post From notes4pc.blogspot.com

June 6, 2007

အဘွား

လောကမှာလူဘယ်နှစ်ယောက်လောက်
အဘွားအိုဖြစ်ခွင့်ရှိပါသလဲ
မွေးခါစကနေ အဘွားအိုဘ၀ထိရောက်အောက် အရာရာကို
သူဖြတ်သန်းခဲ့တယ်
တွန့်တွနေတဲ့ ပါးရေနားရေတွေဟာ ဖျော့တော့အေးမြတဲ့
မျက်လုံးတွေကို ကွေ့ဝိုက်ထားပုံ
ချိုင့်နေတဲ့ပါး၊ ကျိုးနေတဲ့သွား၊ ကိုင်းနေတဲ့ခါး၊ ထိုင်းနေတဲ့နား၊
ဝါးနေတဲ့မျက်စိနဲ့ သား၊မြေး၊မြစ် ဘုစုခရုတွေကို ဆံပင်ဖြူ
နုတ်ခိုင်းနေတဲ့အဘွား
ကျွန်တော်ကိုယ့်အဘွားကိုကြည့်ပြီး ရယ်ချင်တယ်
သူ့အနားဗျောက်ဖောက်ရင် `ဘုရားကြီးငုတ်တုတ်´ လို့
ယောက်တတ်တဲ့အဘွား
ထန်းလျက်နဲ့လက်ဖက်ကို ကျောသားရင်သားမခွဲခြား
မှီဝဲတဲ့အဘွား
တုတ်ကောက်နဲ့ကုန်းကွကွ လမ်းလျှောက်တဲ့အဘွား
အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ၀င်ရီမှာ ပြောင်းဖူးဖက်ဆေးလိပ်
တဖွားဖွား ဖွာနေပြန်တဲ့အဘွား
အဘွားဟာ ကျွန်တော်တို့အမျိုးရဲ့ သမိုင်းစာအုပ်
အဘွားဟာ ကျွန်တော်တို့ရဲ့ ပုံပြင်စာအုပ်၊
ဘုရားရှိခိုးအမျိုးမျိုးစာအုပ်
အဘွားဟာ ငါးရာ့ငါးဆယ်နိပါတ်တော်စာအုပ်ပေါ့
အဘွားဟာ အင်တာနက်မဖတ်တတ်ပေမဲ့ ပရိတ်ကြီး (၁၁) သုတ်
အလွတ်ရတယ်
အဘွားဟာ ကုလားကားမကြည့်ရပေမဲ့ ကုလားမုန့်လေးတွေ
ကျွေးတတ်တယ်
အိမ်တစ်အိမ်မှာ ကလေးတစ်ယောက်ရှိနေတာဟာ သာယာသလို
အိမ်တစ်အိမ်မှာ အဘွားအိုတစ်ယောက်ရှိနေတာလည်း ပျော်စရာပါ
ကြောင်အိုတော့ ကြွက်မလေးဆိုသလို
အဘွားရိုက်ရင် မနာဘူး
အဘွားဘာစားစား မကုန်ဘူး
အဘွားဟာ ဆန်မကုန်မြေမလေး သက်ရှိရုပ်ကြွင်းလား
မယားဆိုပျိုမှ
အဘွားဆိုအိုမှ
အိုတာကိုက လှတာပါပဲ
ဒီအဘွားဟာ
နောက်ထပ်အဘွားတွေဘယ်လောက်များများမွေးထုတ်ပေးမလဲ
ဆိုတာတော့
အဘွားရော အဘွားဖြစ်လာမယ့်သူတွေရော ဘယ်သူမှ ဖွင့်
ကြည့်ခွင့်မရခဲ့ဘူး။
ဝိုင်ချို

June 2, 2007

အဖေ့ကိုနားလည်စာနာပါ

အဖေချစ်တဲ့သား.... သားအမြင်မှာ အဖေအိုလာပြီလို့ ထင်နေမလားပဲ။ အဖေမအိုသေးပါဘူး။ အဖေ့ကိုသည်းခံနားလည်ပေးပါ။ အဖေစားသောက်တဲ့အခါ အဖေ့အ၀တ်အစားတွေ ညစ်ပတ်ပေရေတဲ့အခါကျရင်သားငယ်ငယ်က ညစ်ပတ်ပေရေလာတိုင်း အဖေကရေမိုးသန့်စင်ပေးခဲ့တာလေးတွေ၊ ခြေသည်း၊လက်သည်းညှပ်ပေးခဲ့တာလေးတွေ ပြန်သတိရလိုက်စမ်းပါ။ အဖေက အကြောင်းအရာတစ်ခုကို ထပ်တလဲလဲပြောမိခဲ့ရင်လည်း နားမငြီးပါနဲ့။သားစိတ်မှာအနှောင့်အယှက်မဖြစ်ပါနဲ့။ သည်းခံနားထောင်ပေးပါ။ သားငယ်ငယ်တုန်းက သားအိပ်မပျော်မချင်း ပုံပြင်တစ်ပုဒ်ကို ထပ်တလဲလဲအဖေပြောပြခဲ့တယ်လေ။ အဖေ ရေမချိုးချင်လို့ ငြင်းခဲ့ရင်လည်း စိတ်မဆိုးနဲ့နော်။ သားငယ်ငယ်တုန်းကရေချိုးရမှာကြောက်လို့ ဆင်ခြေအမျိုးမျိုးပေးပြီး ထွက်ပြေးတိုင်း သားနောက်ကို အဖေလိုက်လိုက်ဖမ်းခဲ့ရတာ မှတ်မိမှာပါ။ သားရဲ့ခေတ်မီပစ္စည်းကိရိယာတွေကို အဖေအသုံးမှားခဲ့ရင် `ညံ့လှချည်လားဆိုတဲ့အကြည့်မျိုးနဲ့သရော်ပြုံး မပြုံးပါနဲ့သားရယ်။ သားတို့ကို ၀တ်တတ်၊စားတတ်၊ ပြောတတ်၊ဆိုတတ်အောင် အဖေက အမျိုးစုံသင်ပြပေးခဲ့တာ ပြန်သတိရလိုက်စမ်းပါ။ သားနဲ့အဖေစကားပြောရင်းက ပြောလက်စအကြောင်းအရာလေးမေ့သွားရင်လည်းပြန်စဉ်းစားဖို့အချိန်ပေးပါ။ ပြန်သတိမရခဲ့ရင်လည်း သားစိတ်မှာ အနှောင့်အယှက်မဖြစ်ပါနဲ့။တကယ်တော့ အဖေပြောတဲ့စကားကအရေးမကြီးပါဘူး။ အရေးကြီးတာက အဖေ့အနားမှာသားရှိနေပြီး အဖေပြောပြနေတာကို သားနားထောင်နေဖို့ပါ။ အဖေစားချင်စိတ်မရှိလို့ မစားရင်လည်းဇွတ်မကျွေးပါနဲ့။ ဘယ်အချိန်မှာ စားဖို့လိုတယ်ဘယ်အချိန်မှာမစားရဘူးဆိုတာ အဖေကောင်းကောင်းသိပါတယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ အဖေ့ခြေထောက်တွေမလျှောက်နိုင်တဲ့အခါ သားငယ်ငယ်က အဖေ့လက်တွေနဲ့ ဖေးမပြီး လမ်းလျှောက်သင်ပေးခဲ့သလို သားလက်တွေနဲ့ အဖေ့ကိုကူပေးပါလား။ တစ်နေ့နေ့မှာ ဒီလူ့ဘ၀ကြီးကို အဖေငြီးငွေ့ပြီလို့ပြောခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့။တစ်နေ့ကျရင် သားနားလည်လာပါလိမ့်မယ်။ အသက်ရှည်ပေမဲ့ နေဖို့မကောင်းတော့တဲ့အသက်အရွယ်ပါလားလို့ နားလည်ပေးပါ။ အဖေ့အမှားတွေ၊ ပျက်ကွက်မှုတွေ ရှိကောင်းရှိခဲ့ပေမဲ့ အဖေဟာသားကို အကောင်းဆုံးအမြဲပဲဖြစ်စေချင်တယ်။ အကောင်းဆုံးဖြစ်အောင်လည်း အဖေကြိုးစားပံ့ပိုးပေးခဲ့တယ်ဆိုတာသားတစ်နေ့သိလာပါလိမ့်မယ်။ သားအနားမှာ အဖေရှိနေလို့ သားစိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။ သားငယ်စဉ်တုန်းကသားဘ၀အစမှာ သားကိုအဖေပြုစုခဲ့သလို အဖေ့အနားမှာ သားနေရမယ်။ အဖေ့ကိုနားလည်အောင်ကြိုးစားရမယ်။ အဖေ့ကို ကူပေးရမယ်။ အဖေလမ်းလျှောက်တဲ့အခါ ကူပေးပါ။ အဖေ့ဘ၀နေ၀င်ချိန်မှာ သားရဲ့မေတ္တာနဲ့သည်းခံပေးပါ။ အဖေကတော့ သားအပေါ်မှာ အစဉ်အမြဲရှိနေတဲ့မေတ္တာအပြည့်ကို ဖော်ပြတဲ့အပြုံးလေးနဲ့တုံ့ပြန်ပေးနေမှာပါ။ သားကို အဖေချစ်တယ်။ သားရဲ့အဖေ

အာဏာရှင်ဆိုသည်မှာ

အာဏာရှင်အစိုးရတို့သည် တိုင်းပြည်လူထု၏အကျိုးကိုရှေးရှု၍ အာဏာရှင်စနစ်ကို ကျင့်သုံးရခြင်းဖြစ်သည်ဟုယုံကြည်ကြ၏။ အာဏာရှင်မိဘတို့သည် သားသမီးများကို ချစ်သောကြောင့်ဖိနှိပ်ချုပ်ချယ်ထားခြင်းဖြစ်သည်ဟု ဆိုကြ၏။ အာဏာရှင်တို့သည် မိမိတို့၏အတ္တမာနအားကြီးမှုကို ၀န်ခံကြမည်မဟုတ်ချေ။ သူတို့၏လက်အောက်ခံလူများကလည်း မိမိတို့၏မိဘ၊ သို့မဟုတ် ခေါင်းဆောင်များကို ကြည်ညိုလေးစားသောကြောင့် အမိန့်နာခံခြင်းဖြစ်သည်ဟုယုံကြည်ကြ၏။ စင်စစ် မိမိတို့၏အစွမ်းသတ္တိညံ့ဖျင်းမှု၊ လွတ်လပ်ရေးကိုတန်ဖိုးမထားမှု၊ မိမိကိုယ်ကိုအားမကိုးဘဲ သူတစ်ပါးကိုမှီခိုလိုမှု စသောအားနည်းချက်များကြောင့် ကျိုးနွံခြင်းဖြစ်ကြောင်း မသိမြင်ကြချေ။
ဦးအေးမောင် (`ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ´မှ ကောက်နှုတ်ဖော်ပြသည်)

May 29, 2007

အခေါင်းအရောင်းအ၀ယ်

တစ်ခါက အခေါင်းရောင်းသူတစ်ယောက်ထံ လူတစ်ယောက်က အခေါင်းလာဝယ်လေသည်။`အခေါင်းတစ်လုံးလောက်လိုချင်လို့ဗျာ..တစ်လုံးဘယ်လောက်လဲ´ ဟုမေးရာအခေါင်းရောင်းသူက `တစ်လုံးတစ်သောင်းခွဲပါ´ ဟုပြန်ပြောလေသည်။အခေါင်းဝယ်သူက `မများလွန်းဘူးလားဗျာ..လျော့ပါဦး´ဟုဆိုလေသည်။အခေါင်းရောင်းသူက `ဈေးတော့မဆစ်ပါနဲ့နောင်ကြီးရယ်..လိုချင်ရင် အခေါင်းသေးတစ်လုံးအပိုပေးပါ့မယ်´

သုသာန်မြေနေရာဖြစ်သည်

တစ်ခါက ဆိုင်းဘုတ်ပန်းချီဆရာတစ်ယောက်ဟာ
မဖြစ်ပါဘူးဗျာ..ဒီဆိုင်းဘုတ်ကို ကျုပ်ကိုယ်တိုင် သွားပို့မှဖြစ်မယ် လို့ညည်းတွားလိုက်သတဲ့
အဲဒီမှာ သူ့အသိတစ်ယောက်က
ဟာ..ခင်ဗျားလို ပညာရှင်က ပညာရှင်လိုနေစမ်းပါဗျာ၊ သူ့ဘာသာသူ လာယူလိမ့်မပေါ့
ဘာသွားပေးစရာလိုတုန်း
ခင်ဗျားက ပြောရော့မယ်..ဆိုင်းဘုတ်ကိုလည်းဖတ်ကြည့်လိုက်အုန်း
ထိုသို့ပြော၍ဆိုင်းဘုတ်ကိုလှမ်းကြည့်လိုက်သောအခါ
ဆိုင်းဘုတ်တွင် ရေးထားသည်မှာကား
ဤနေရာသည် သုသာန်မြေနေရာဖြစ်သည်...တဲ့.

May 24, 2007

Feeds တွေသုံးသင့်ပြီဗျို့

Feed ဆိုတာက Website တွေရဲ့ Update ဖြစ်နေတဲ့အကြောင်းအရာတွေကို အနှစ်ချုပ်ဒါမှမဟုတ် အပြည့်အစုံဖော်ပြပေးတဲ့ XML File တစ်ခုပါ။Feed တွေကို အသုံးပြုခြင်းအားဖြင့် ကိုယ်အမြဲတမ်းကြည့်နေတဲ့ Website တွေရဲ့ Update Content တွေကိ တစ်ခါတည်းနဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Website တွေအများကြီးဖွင့်ပြီး ကြည့်ရတဲ့အချိန်တွေ သက်သာသွားမှာဖြစ်ပါတယ်။Feed Format နှစ်မျိုးရှိပါတယ်။ RSS & Atom ပါ။ ကိုယ်အဆင်ပြေတဲ့ဟာ သုံးလို့ရပါတယ်။လိုအပ်တာကတော့ Feed Reader ပါ။ Feed Reader ထဲမှာ ကိုယ်မှန်မှန်ကြည့်နေတဲ့Website တွေရဲ့ Feed patch ကိုထည့်ပေးရမှာပါ။ကျွန်တော်အကြိုက်ဆုံး Online Feed Reader ကတော့ http://reader.google.com/ ပါ။Google Account မရှိသူတွေအတွက် http://www.bloglines.com/ ကိုလည်းသုံးနိုင်ပါတယ်။ကဲ..ဒါဖြင့် ဘယ်လိုစသုံးမလဲ။ဥပမာအနေနဲ့ http://news.google.com/ ကိုဝင်ကြည့်ပါ။ပုံမှာပြထားတဲ့ RSS ဆိုတဲ့ link ကိုနှိပ်ပါ။ ထွက်လာတဲ့ Page ရဲ့ Link ကို Copy လုပ်ပါ။


reader.google.com ကိုသွားပါ။ Login လုပ်ပါ။Google reader ပွင့်လာရင် Add Subscription ဆိုတဲ့ Link ကိုနှိပ်ပါ။Text Box ထဲမှာ Paste လုပ်၊ Add ကိုနှိပ်လိုက်ရင် Google News Feed တွေကိုဖတ်လို့ရပါပြီ။ ဒီနည်းနဲ့ တခြား Website တွေရဲ့ Feed တွေကိုလိုက်ထည့်ပါ။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး Website အများကြီးရဲ့ Update အကြောင်းအရာတွေကို reader.google.comကနေ သိရှိနိုင်ပါပြီ။

သစ်ခုတ်သမားနဲ့ ပုဆိန်

တစ်ခါက သစ်ခုတ်သမားတစ်ယောက်ဟာ ပုဆိန်တစ်လက်နဲ့ သစ်ခုတ်တယ်တဲံ။စခုတ်စခါက တစ်နေ့ကိုအပင်နှစ်ဆယ်လောက် ခုတ်နိုင်တယ်။ ဒါနဲ့ပဲ အချိန်ပိုယူဇွဲမလျော့ပဲ ဆတ်ခုတ်ပေမဲ့ တဖြည်းဖြည်းနဲ့ ခုတ်နိုင်တဲ့အပင်အရေအတွက်ဟာ နည်းနည်းလာတာကို သတိပြုမိပေမဲ့ ဘာကြောင့်မှန်း သူစဉ်းစားလို့မရဘူးဖြစ်နေသတဲ့။အဲဒီမှာ လမ်းဘေးခရီးသွားတစ်ယောက်က ခင်ဗျှားပုဆိန်ကို မသွေးသေးဘူးလား လို့မေးတယ်အဲဒီမှာ သစ်ခုတ်သမားက ကျွန်တော့်မှာ ခုတ်စရာအပင်တွေအများကြီးကျန်သေးလို့မသွေးနိုင်သေးပါဘူးဗျာ လို့ ပြန်ပြောသတဲ့။

May 23, 2007

Comparing IE And Firefox

ကျွန်တော်က Firefox Crazy ပါ။ အင်တာနက်စသုံးခါစက IE ကိုပဲသုံးပါတယ်။ နောက်ပိုင်းမှာမှ Firefox ကိုသုံးတာပါ။Firefox က IE ထက်ပိုမြန်ပါတယ်။ နောက်တစ်ချက်က Security ပါ။ Firefox ကIE ထက် Security ကောင်းပါတယ်။ အောက်က IE နဲ့ Firefox နှိုင်းယှဉ်ချက်ပုံလေးကို ကြည့်ပါ။








MP3 Playerမှာသီချင်းစာသားပေါ်အောင်လုပ်နည်း

အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်းစာသားပေါ်အောင်လုပ်လို့ရနေပါပြီ။ နည်းကလွယ်လွယ်လေးပါ။ ပထမဆုံး သီချင်းဖိုင်ကို MP3 ထဲထည့်ပါ။ ဥပမာ- M2M-Pretty Boy ဆိုပါတော့။သီချင်းစာသားဖိုင်ကို http://www.lrcdb.org/ ကနေ ရယူပါ။ ပြီးတော့ MP3 ထဲထည့်ပါ။သတိထားရမှာက စာသားဖိုင်နဲ့ အသံဖိုင်နဲ့ ဖိုင်အမည်ခြင်း တူရပါ့မယ်။ဒါဆိုရင် စနားထောင်လို့ ရပါပြီ။MP3 ကိုဖွင့်၊ နားကျပ်ကိုတပ်၊ သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကိုသုံးစက္ကန့်လောက်နှိပ်လိုက်ရင်သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်