December 29, 2009

Guide to Applying Digital Video


အင်တာနက်ဂျာနယ်မှာ အပတ်စဉ်ပါခဲ့တဲ့ ကိုဝဏ္ဏကျော်ရဲ့ လက်တွေ့အသုံးချ Digital Video လေ့လာမှု လမ်းညွှန် ဆောင်းပါးတွေကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။ မူရင်း ဆောင်းပါးမှာ မပါရှိတဲ့ လိုအပ်တဲ့ပုံတွေကိုလည်း ထည့်ပေးထားပါတယ်။ ဒီစာအုပ်လေး ဖြစ်မြောက်ဖို့အတွက် ကူညီပေးခဲ့ကြတဲ့ အွန်လိုင်းမှ မိတ်ဆွေသူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။
ကိုဝဏ္ဏကျော်ကိုလည်း ဒီနေရာကနေ အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။ အများ သိစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာမို့ ကိုဝဏ္ဏကျော် နားလည် ခွင့်လွှတ်ပေးနိုင်ပါစေလို့ ဆုတောင်းနေပါတယ်။

File name: Guide to Applying Digital Video
File Size: 1.86 MB
Download Link: http://www.4shared.com/file/182560833/e45e891d/Guide_to_Applying_Digital_Vide.html

December 27, 2009

Microsoft ICT Curriculum Roadmap

Microsoft က ဖန်တီးပေးထားတာပါ။ ကွန်ပျူတာလိုင်းမှာ ဘယ်ဟာပြီးရင် ဘယ်ဟာလုပ်ရမယ်။ ဘယ်လတ်မှတ်ရရင် ဘာဖြစ်နိုင်တယ်ဆိုပြီး လမ်းညွှန်ပေးထားတဲ့ လမ်းပြမြေပုံလေး တစ်ချပ်ပါ။ ကျွန်တော်ကတော့ Vinyl ထုတ်ပြီး အခန်းထဲမှာ ကပ်ထားလိုက်ပြီ။

Download PDF file

ဒါကတော့ မူရင်းလင့်ခ်ပါ။
http://www.microsoft.com/education/MSITAcademy/curriculum/roadmap/default.mspx

December 25, 2009

Beginner Guide to Digital Photography


တစ်နေ့ကပဲ Nikon Coolpix L19 ကင်မရာလေးတစ်လုံး ၀ယ်လာခဲ့ပါတယ်။ အရင်တုန်းကလည်း Digital Camera တွေကို ကိုင်တွယ်ခဲ့ဘူးပေမဲ့ စိတ်ကြိုက်ကလိခွင့်မရခဲ့ဘူး။ အခု ကိုယ့်ကင်မရာနဲ့ကိုယ် ဆိုတော့မှ စိတ်ကြိုက် ကလိကြည့်တယ်။ Manual စာအုပ်ဖတ်ပြီး အကုန်လိုက် စမ်းကြည့်တယ်။ ဓာတ်ပုံတွေ ရိုက်ကြည့်တယ်။ အဲဒီအခါမှ တစ်ချို့ပုံတွေက ကောင်းပေမဲ့ တစ်ချို့ပုံတွေကျ ၀ါးနေတာ၊ မှောင်နေတာ၊ လင်းလွန်းသွားတာမျိုးတွေ ကြုံရတဲ့အခါမှာ ဒါဘာကြောင့်ဖြစ်ရတာပါလိမ့်ဆိုပြီး ဓာတ်ပုံဆရာတွေ မေးကြည့်၊ အင်တာနက်ထဲ မွှေကြည့်တဲ့အခါမှာ အခုလို သိခဲ့ရပါတယ်။ တကယ်တော့ Digital Photography ဟာ အရမ်း အရမ်းကို နက်နဲကျယ်ပြန့်တဲ့ ပညာရပ်ကြီးတစ်ခုပါ။ ကျွန်တော်ဟာ အခုမှ Digital Photography ကို စတင် လေ့လာနေတာ ဖြစ်တာမို့ အခုရေးတဲ့ Post လေးဟာ Beginner တွေ အတွက်ပါပဲလို့ ကြိုတင် ပြောပါရစေ။ Pro များအနေဖြင့် မှားနေတာများရှိရင်၊ လိုအပ်တာများရှိရင် ပြင်ဆင်ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။


အရင်က Digital Camera နဲ့ ဓာတ်ပုံရိုက်တယ်ဆိုတာ ချိန်ပြီး ခလုတ်နှိပ်လိုက်တာပါလို့ ထင်ခဲ့ပါတယ်။ ရတော့ ရပါတယ်။ ဒါပေမဲ့ ပုံကောင်းတစ်ပုံ မဖြစ်နိုင်ပါဘူး။ ဓာတ်ပုံမရိုက်ခင် Focus ပြတ်သားအောင် ချိန်ရပါတယ်။ အရင်ခေတ် ဖလင်ကင်မရာတွေတုန်းကတော့ Focus ပြတ်အောင် ချိန်ရတာ လက်ဝင်လှပေမဲ့ အခုခေတ် Digital Camera တွေကတော့ အဲဒီလောက် မခက်တော့ပါဘူး။

Focus ပြတ်၊ မပြတ် ဘယ်လိုသိနိုင်သလဲဆိုတော့ Object ကို ချိန်ပြီးရင် Shutter ခလုတ်ကို အဆုံးထိ မနှိပ်ဘဲ တစ်ဝက်ပဲ နှိပ်လိုက်ပါ။ အဲဒီအခါမှာ ကင်မရာရဲ့ LCD Screen မှာ Focus ပြတ်ရင် အစိမ်းရောင် လေးထောင့်လေး ပေါ်လာမှာဖြစ်ပြီး Focus မပြတ်ရင် အနီရောင်လေးထောင့်လေး ပေါ်လာမှာပါ။ အစိမ်းရောင် ဆိုရင် ရိုက်လို့ရပါပြီ။ အနီရောင် ဆိုရင်တော့ နေရာပြောင်းချိန်ပါ။

Digital Camera တိုင်းမှာ Auto mode ပါပါတယ်။ ဒါပေမဲ့ အဲဒီ Auto ကို ဓာတ်ပုံရိုက်တဲ့အခါတိုင်း မသုံးစွဲ သင့်ပါဘူး။ တစ်ချို့နေရာမှာ Auto တွေက မကောင်းတတ်ပါဘူး။ ဒါပေမဲ့ Manual ထားဖို့ကျတော့ Digital Photography Concepts တွေကို နားလည်ဦးမှ ဖြစ်မှာပါ။ ဒါကြောင့် အောက်မှာ Digital Photography ရဲ့ Basic Concepts တွေကို တတ်နိုင်သလောက် ရှင်းပြထားပါတယ်။ အောက်မှာ ပြောထားတဲ့ စကားလုံးတွေကို Digital Camera ရဲ့ Setting တွေထဲမှာ တွေ့နိုင်ပါတယ်။ ဒါမှမဟုတ် Digital Camera နဲ့ ရိုက်ထားတဲ့ပုံတစ်ပုံကို ကွန်ပျူတာမှာ Right Click နှိပ် Properties ခေါ်ပြီး Summary tab ထဲမှာလည်း တွေ့နိုင်ပါတယ်။

(၁) Shutter Speed
Shutter Speed ကို Point and Shoot Camera တွေမှာ ပြင်ဆင်လို့ မရပါဘူး။ Nikon D40 လို Digital Camera အကြီးစားတွေမှာသာ ပြင်နိုင်ပါလိမ့်မယ်။ Point and Shoot လို့ခေါ်တဲ့ လူသုံးများတဲ့ Digital Camera အသေးစားလေးတွေဟာ Shutter Speed ကို သူ့အလိုလို သတ်မှတ်ပြီး ရိုက်သွားပါတယ်။

Shutter Speed ကို Second နဲ့ တိုင်းတာပါတယ်။ 1/125 တို့ 1/62 တို့လိုမျိုးပါ။ 1/125 ဆိုရင် Shutter Speed ဟာ တစ်စက္ကန့်ရဲ့ အပုံ ၁၂၅ပုံ ၁ပုံ ရှိတယ်လို့ပြောတာပါ။ နေ့လည်ခင်းလိုမျိုး နေသာတဲ့အချိန်မှာ Shutter Speed ကို လျော့ရိုက်ပေးရပါတယ်။ 1/125 လောက် ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့ခင်း ဖြစ်တဲ့အတွက် ကင်မရာထဲကို အလင်းဝင်အားက များနေပါတယ်။ အဲဒီအချိန်မှာ Shutter Speed ကို နှေးလိုက်ရင် ကင်မရာထဲကို အလင်းတွေအများကြီးဝင်လာပြီး ရလာတဲ့ပုံဟာ burn သွားတာမျိုး ဖြစ်နိုင်ပါတယ်။ Indoor ရိုက်တာမျိုးဆိုရင်တော့ 1/62 ထားရင် ရပါတယ်။ လှုပ်ရှားနေတဲ့ ပုံရိပ်ကို ရိုက်မယ်ဆိုရင်တော့ Shutter Speed ကို မြန်ပေးရပါလိမ့်မယ်။ နောက်ပြီး အလင်းအားနည်းတဲ့အခါမှာတော့ Shutter Speed ကို နှေးပေး ရပါလိမ့်မယ်။ ဥပမာ 1/62 လောက် ထားပေးရပါတယ်။

(၂) Aperture

ကင်မရာမှာ Lens Diaphragm ဆိုတာ ပါပါတယ်။ သူက Shutter လေးဖွင့်လိုက်တဲ့အခါမှာ ဖလင်ပေါ်ကို ရောက်လာတဲ့ ပုံရိပ်ရဲ့ပမာဏကို ထိန်းချုပ်ပါတယ်။ အဲဒီ Lens Diaphragm ဟာ ၀င်လာတဲ့ပုံရိပ်ကို ဘယ်လောယ်အကျယ်ထိ လက်ခံမလဲဆိုတာကို Aperture ဆိုပြီး သတ်မှတ်ပါတယ်။ Aperture ရဲ့ တန်ဖိုးကို F-numbers နဲ့ တိုင်းတာပါတယ်။ F-stops (သို့မဟုတ်) Focal ratio လို့လည်း သုံးစွဲကြပါသေးတယ်။ F-numbers ကိုတော့ ကင်မရာရဲ့ Lens diameter ကို Focal length နဲ့ စားပြီး ရပါတယ်။

ဆိုလိုတာက လူတစ်ယောက်ကို အနီးကပ်ရိုက်ချင်တာမျိုးဆိုရင် Aperture တန်ဖိုးကို များပေးရပါတယ်။ (မှတ်ချက် Aperture တန်ဖိုးများရင် f-number ရဲ့တန်ဖိုး နည်းပါတယ်၊ သူတို့က ပြောင်းပြန် အချိုးကျပါတယ်) f-number ကို f3.0 ကနေ f5.5 လောက်အတွင်း ထားရပါတယ်။ အဲဒီလိုထားရိုက်မယ်ဆိုရင် ကိုယ်ရိုက်တဲ့လူရဲ့ ပုံကပဲ ကြည်နေပြီး နောက်က background က ၀ါးနေတဲ့ပုံလိုမျိုး ပုံကောင်းတစ်ပုံ ရနိုင်ပါတယ်။
ရှုခင်းတွေ၊ လူအုပ်စုပုံတွေ၊ တခြားသာမန်ပုံတွေ ရိုက်မယ်ဆိုရင်တော့ Aperture တန်ဖိုးကို နည်းပေးရတယ်၊ တစ်နည်းအားဖြင့် f-number ကို များပေးရပါတယ်။ f16 ကနေ f32 လောက်အထိ ထားလို့ရပါတယ်။
မနီးလွန်း မဝေးလွန်းရိုက်ချင်ရင်တော့ f8 ကနေ f11 လောက်အတွင်း ထားရိုက်ရင် ရပါတယ်။

မှတ်ချက်၊ အပျော်တမ်း ဒီဂျစ်တယ်ကင်မရာတွေမှာ Aperture တန်ဖိုးကို ပြင်လို့မရပါဘူး။ Auto ပါ။

(၃) Exposure
Exposure ကတော့ အလင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ Exposure တန်ဖိုးကို များများ ထားပြီး ရိုက်ရင် ရလာတဲ့ပုံဟာ အလင်းများမှာဖြစ်ပြီး Exposure တန်ဖိုးကို နည်းနည်းထားရိုက်ရင်တော့ ရလာာတဲ့ပုံဟာ အလင်းနည်းနေမှာပါ။ အရမ်းလင်းနေတဲ့နေရာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် Exposure ကို လျော့ပြီး ရိုက်သင့်ပါတယ်။ Nikon L19 မှာတော့ Exposure ကို +2 ကနေ -2 အတွင်း ရပါတယ်။

(၄) ISO Speed
ISO Speed ကတော့ Film Speed နဲ့ အတူတူပါပဲ။ Film Speed မြန်တယ်ဆိုရင် အလင်းရရှိချိန် နည်းသွားပါလိမ့်မယ်။ ဒါကြောင့် အလင်းများပေးဖို့လိုတယ် သို့မဟုတ် အလင်းကို အာရုံခံနိုင်စွမ်း များဖို့လိုပါတယ်။ အဲဒါ ISO ပါပဲ။ ISO တန်ဖိုးများရင် အလင်းကို အာရုံခံနိုင်စွမ်းများတယ် ဒါကြောင့် အရမ်း မှောင်တဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ချင်တယ် Flash ကိုလည်း မသုံးချင်ဘူးဆိုရင် ISO တန်ဖိုးကို များများ ထားပြီး ရိုက်လို့ရပါတယ်။ လက်ရှိကင်မရာအများစုကတော့ ISO ကို 1600 အထိ ထားလို့ရပါတယ်။

ဒီလောက်ဆိုရင် အနည်းငယ် လုံလောက်ပြီလို့ ထင်ပါတယ်။ နောင် အလျဉ်းသင့်ရင်လည်း ဆက်လက် ဖော်ပြပေး သွားပါလိမ့်မယ်။ terms တွေကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ ကျွန်တော့်အနေနဲ့က ကိုယ်သိမဟုတ်ဘဲ စာသိနဲ့ နားသိပဲ ဖြစ်တဲ့အတွက် အရေးအသား ချောမွေ့မှာမဟုတ်ပါဘူး။ လိုအပ်တာလေးများ ရှိရင်လည်း Comments ပေးခဲ့ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ။

Reference:
www.photography.com
en.wikipedia.org
Nikon Coolpix L19 Manual

December 24, 2009

HDTV & HDMI

အခုနောက်ပိုင်း Laptop တွေမှာ HDMI port ဆိုတာလေး ပါ ပါလာတာနဲ့ HDMI ဆိုတာ ဘာကြီးပါလိမ့်ဆိုပြီး အွန်လိုင်းပေါ်တက်ပြီး စပ်စုကြည့်မိပါတယ်။ အခု ကျွန်တော် ရှာတွေ့ခဲ့သလောက်လေးကို ဖောက်သည် ချလိုက်ပါတယ်။

HDMI ဆိုတာက High Definition Media Interface ရဲ့ အတိုကောက်တဲ့။ သူ့ကို HDTV တွေမှာ BlueRay Player တွေမှာ၊ Laptop တွေမှာ တွေ့နိုင်ပါတယ်တဲ့။ HD အတွက် HDMI ဆိုတာ ပေါ်လာတယ်လို့တောင် ပြောနိုင်ပါတယ်တဲ့။ ကျွန်တော်တို့ လက်ရှိသုံးနေကြတဲ့ TV တွေဟာ SD (Standard Definition) တွေဖြစ်ပြီး သူတို့ဟာ interlaced method ကို သုံးပြီး ပုံရိပ်တွေကို ဖော်ပြပေးနေကြပါတယ်တဲ့။ interlaced method ဆိုတာက ပုံရိပ်တစ်ခုလုံးကို ချက်ချင်းဖော်ပေးတာမဟုတ်ဘဲ တစ်လိုင်းပြီးရင် တစ်လိုင်းဖော်တဲ့ပုံစံနဲ့ သွားတာပါတဲ့။ ဒါပေမဲ့ အရမ်းမြန်တဲ့အတွက် လူမျက်စိက မမြင်တာပါတဲ့။

HDTV တွေကတော့ လုံးဝ digital တွေ ဖြစ်ပါတယ်တဲ့။ HDTV တွေဟာ Aspect ration ကို 16:9 အထိ ရပြီး resolution က 1920*1080 အထိရပါတယ်တဲ့။ (SD က 704*480 ပဲရပါတယ်) ပြီးတော့ HDTV တွေရဲ့ color ထွက်ကတော့ SD နဲ့ တခြားစီပဲတဲ့။ (ကြည့်ဖူးသူတွေ သိကြမှာပါ)

အဲဒီ HDTV တွေအတွက် HDMI ကြိုးနဲ့ HDMI port ဆိုတာ လိုအပ်လာပါတယ်တဲ့။ HDMI ကြိုးတွေဟာ audio ရော video ရော နှစ်မျိုးစလုံးကို သယ်ပို့ပေးနိုင်ပါတယ်တဲ့။ audio ကို 8 channel အထိတောင် သယ်ပို့ပေး နိုင်ပါတယ်တဲ့။
Laptop တွေမှာပါတဲ့ HDMI port ကတော့ output port ဖြစ်ပြီး အဲဒီ Laptop နဲ့ HDTV နဲ့ တွဲဖို့အတွက် ဖြစ်ပါတယ်တဲ့။ အခုဆိုရင် Desktop တွေမှာတောင် ပါလာပြီဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ HD ဇာတ်ကားတွေကို ခံစားနိုင်ပါပြီတဲ့။ (အင်း. Blueray ခွေရယ်၊ Blureray drive လေးရယ်၊ HDTV လေးရယ် ရှိရင်ပေါ့)

နောင်တစ်ချိန်မှာ VGA port, DVI port နဲ့ S-Video port တွေနေရာမှာ HDMI က နေရာယူသွားနိုင်ပါတယ်တဲ့။
ပြီးတော့ အရင်လို ကြိုးတွေ ရှုပ်တော့မှာမဟုတ်ဘူးတဲ့။ ဆိုလိုတာက HDTV နဲ့ HD DVD Player နဲ့ ဆက်သွယ်ဖို့ HDMI တစ်ကြိုးတည်းနဲ့ ပြီးတယ်တဲ့။ (မျက်မြင်ကိုယ်တွေ့ဟုတ်ဘူးနော်)

အဲ. ကျွန်တော်ဖတ်ကြည့်ပြီး သိခဲ့ရသလောက်တော့ အဲဒီလောက်ပါပဲဗျာ။ စာဖတ်သူထဲကလည်း HD အကြောင်း သိထားသူများရှိနေရင် ပညာဝေမျှပေးခဲ့ပါဦးဗျာ။




References:
www.hdmi.org
http://electronics.howstuffworks.com/hdmi.htm
http://hometheater.about.com/od/hometheatervideobasics/qt/hdmifacts.htm
http://askville.amazon.com/laptop-HDMI-port-connect-cable-box-receive-tv-channels/AnswerViewer.do?requestId=18786543
http://electronics.howstuffworks.com/hd-dvd.htm

December 22, 2009

Microsoft Answers


Microsoft site ကို မွှေရင်းနဲ့ တွေ့ခဲ့တာပါ။ သူ့ရဲ့ ဆောင်ပုဒ်လေးကို အရမ်းသဘောကျတယ်။ Real People, Real Answers တဲ့။ ရှိပြီးသား အမေးအဖြေတွေကိုလည်း ရှာလို့ရတယ်။ ကိုယ်အခက်အခဲဖြစ်နေတာတွေကိုလည်း မေးလို့ရသေးတယ်။ ကဲ.. စာဖတ်သူမေးခွန်းကို Microsoft က ဖြေပေးမှာနော်။ ပြေးကြည့်လိုက်ပါဦး။ Link က
answers.microsoft.com ပါ။

December 16, 2009

သင်တန်းတွေရဲ့အသက်ဟာ Course

Thesis တွေအတွက် software တွေရေးပြီးတော့ နောက်အလုပ်တစ်ခု ရောက်လာပြန်ပါရော။ သင်တန်းမှာ အသစ်ဖွင့်မယ့် Web Development အတန်းအတွက် Course တွေ ရေးရတာလေ။ ကျွန်တော်က HTML, XHTML, CSS, Javascript, XML ကို Web Essential လို့ထားပြီး PHP နဲ့ AJAX ကိုတော့ Web Development သင်တန်းမှာ သင်မယ်လို့ စိတ်ကူးလိုက်ပါတယ်။

အဲဒါနဲ့ပဲ Course တွေ စရေးဖို့ လုပ်ရပါတော့မယ်။ ပထမဆုံး HTML ပေါ့။ ဘယ်ကနေ Reference လုပ်ရမှန်း မသိဘူး။ နောက်မှ အော် W3 Schools ရှိသားပဲလို့ သတိရပြီး W3 Schools site တစ်ခုလုံးကို Download ဆွဲလိုက်ပါတယ်။ ပြီးတော့ HTML ကို အဲဒီထဲကအတိုင်းပဲ သင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး Word 2003 လေးနဲ့ စာပြန်စီရပါတယ်။ အစပိုင်းက HTML ကို စာမျက်နှာနည်းနည်းလောက်နဲ့ ပြီးမယ်ထင်တာ အခု တကယ်စီလိုက်တော့ A4 စာမျက်နှာ ၈၀ ကျော်တာတောင် မပြီးသေးဘူး။ ကျွန်တော်က ဒီ Course စာအုပ်ကို ကိုင်တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ နောင်လည်း ဒီ Course စာအုပ်ကို အသုံးချလို့ရအောင် W3 Schools ထဲကဟာတွေကို လုံးဝမချန်ဘဲ ထည့်လိုက်ပါတယ်။ W3 Schools ဟာ Web အတွက်ဆိုရင်တော့ တကယ်လို့ ကောင်းလွန်းလှပါတယ်။ သူ့ရဲ့ Tutorial တွေဟာ အပိုမပါဘဲ လိုတိုရှင်းပါ။ အခုခေတ် စာများများ မဖတ်ချင်တဲ့ လူငယ်တွေအတွက်တော့ တကယ်ကို သင့်တော်လှပါတယ်။

Course ရေးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ အခုလို Reference လုပ်စရာရှိနေရင် လွယ်လွယ်နဲ့ ပြီးပေမဲ့ ကိုယ်တိုင်ရေးရရင် အရမ်းခက်ပါတယ်။ ဒါပေမဲ့ တစ်ခါပဲ။ ပြီးသွားရင် အဲဒီ Course စာအုပ်နဲ့ ဘယ်သူကပဲ သင်သင် အဆင်ပြေသွားတာပါ။ သင်တန်းတွေအနေနဲ့ Course ကို အလေးထားပေးသင့်ပါတယ်။ သင်တန်း တက်နေတဲ့အချိန်လေးအတွင်းမှာ သုံးရတဲ့ ပုံစံထက် နောင်လည်း အမြဲဖတ်နေလို့ရတဲ့ ပုံစံမျိုး ဖန်တီပေးသင့်ပါတယ်။ ကျောင်းသားကို လျော့တွက်ပြီး ဒါကတော့ မြင့်လွန်းတယ်ဆိုပြီး မထည့်တာမျိုးကလည်း မကောင်းပါဘူး။ အဲဒီလိုလုပ်ရင် ကျောင်းသားက တတ်မှာမဟုတ်တော့ဘူး။ ပြီးတော့ တစ်ချို့သင်တန်းတွေဆို ဘာပြီးရင်ဘာနှိပ်ဆိုပြီး step တွေကိုပဲ ရေးထားတာတွေကို တွေ့ဖူးတယ်။ Concept ကို မထည့်ဘူး။ ဒါလည်း မကောင်းပါဘူး။ တစ်ချို့သင်တန်းကတော့ ဖြစ်သလိုပါပဲ။ Course စာအုပ်ပေးတယ်ဆိုတာလောက်ပဲ အမည်ခံပြီး အထဲမှာ ဘာမှမယ်မယ်ရရ မပါဘူး။

ကျွန်တော်ဆို Application တွေအတွက်ဆို Help File ကို အားကိုးပြီး ရေးပါတယ်။ A+ Course ရေးခဲ့တုန်းကဆိုရင် Mike Meyer နဲ့ Scott Muller တို့ရဲ့ စာအုပ်တွေကို အားကိုးပြီး ရေးပါတယ်။ Network တုန်းကဆိုရင် Network+ 2005 ကို အားကိုးပြီးရေးပါတယ်။ ဒါပေမဲ့ စာတွေများတော့ ကျောင်းသားတွေက ငြီးငွေ့ကြပါတယ်။ ပြန်ပြင်ရတယ်။ အခုကျ Concept တစ်ခုပေး၊ ပြီးရင် Exercise လာတဲ့ ပုံစံမျိုးနဲ့ပဲ သွားပါတော့တယ်။

ဟိုးတစ်လောက ရေးမယ်လို့ပြောထားတဲ့ Post တွေကိုလည်း မရေးနိုင်သေးပါဘူး။ အဲဒီ Field တွေက ကျယ်လွန်းတော့ ဟာသွားရင်မကောင်းလို့ အေးအေးဆေးဆေး အချိန်ရမှပဲ ရေးပါတော့မယ်။ အိုင်တီမန်းကို အသစ်များတင်လေမလားဆိုပြီး ၀င်ဝင်ကြည့်နေတဲ့ စာဖတ်သူတွေကို အားနာလှပါတယ်။ အခုတစ်လောတော့ Post တွေ အရေးကျဲနေဦးမှာပါ။ ခေါင်းထဲမှာတော့ စီထားပါတယ်။ လာရင်တော့ စောင့်ရကျိုးနပ်စေရပါ့မယ်။ အသစ်တွေလေ။

December 8, 2009

Trojan.Flystudio.pl

Deep Freeze လည်းတင်ထားတယ်ဗျာ။ Kapsersky 7.0 ကိုလည်း တစ်ပတ်တစ်ခါ Update ပုံမှန်လုပ်တယ်။ ဒီကြားထဲကကို အဲဒီကောင်က ဘယ်ကနေဘယ်လို ၀င်သွားမှန်းမသိဘူး။ Kapsersky 7 ကလည်း ဒီကကောင်က ဗိုင်းရပ်စ်မှန်းသိလို့ အဲဒီဖိုင်ကို Scan စစ်ပါတယ်ဆိုမှ No Threats Detected တဲ့။
အဲဒါနဲ့ပဲ Kaspersky 2010 ကို တင်ကြည့်လိုက်တယ်။ Key တောင်းတော့ ၀ယ်သုံးထားတဲ့ 2009 key လေးကို ထည့်ကြည့်လိုက်တယ်။ အံမယ် ရတယ်ဗျ။ ကျွန်တော်က 2010 အတွက် key သပ်သပ် ရှိတယ် ထင်နေတာလေ။ ပြီးတော့ Update လုပ်တယ်။ အဲဒီအကောင် အောင်းနေတဲ့ C:\Windows\System32 ကို စစ်လိုက်တယ်။ အံမယ် Kaspersky 2010 က ချက်ချင်းတွေ့တယ်။ သတ်ပစ်တယ်။ အဲဒီမှာ Kaspersky 2010 ကို ခိုက်သွားတာပါပဲ။
ကျွန်တော်အစက ထင်တာက 2010 က Virtual Keyboard တို့ IM Protection စတဲ့ Features တွေ ထပ်ထည့် ထားတာပဲထင်နေတာ။ Detection ပိုင်းမှာ 7 နဲ့ အတူတူလောက်ပါပဲလို့ ထင်ပြီး Upgrade လုပ်ဖို့ မစဉ်းစားခဲ့ဘူးလေ။ အခုမှ Detection ပိုင်း တော်တော်လေးကွာမှန်း သိသွားတယ်။
စာဖတ်သူလည်း 2010 ကို ချက်ချင်း Upgrade လိုက်လိုက်ပါတော့ဗျာ။ မဟုတ်ရင်တော့ Flystudio နဲ့ ပျာသွားလိမ့်မယ်။

Trojan.Flystudio.pl
အဲဒီအကောင်ဝင်ရင် C:\Windows\System32 အောက်မှာ 46ED08 (Random) စတဲ့ Folder တွေ ရောက်နေပါလိမ့်မယ်။ Task Manager မဖျောက်ပါ။ Folder Option မပျောက်ပါ။ အားလုံး ပုံမှန်အတိုင်းပါ။ သိသာတာ တစ်ခုကတော့ အချိန်ပြောင်းမရတော့ပါ။ User Account Pictures တွေ မရှိတော့ပါ။ target အနေနဲ့ သူက Kernel32.dll ဖိုင်ကို ဖျက်ပါလိမ့်မယ်။ ဒါကြောင့် Windows တက်တဲ့အခါမှာ Failed to load kernel library ဆိုတဲ့ error message box တစ်ခု အမြဲတမ်း ပေါ်လာပါလိမ့်မယ်။
ပြန့်ပွားနှုန်းကတော့ အတော်မြန်ပါတယ်။ Network မှာရှိတဲ့ ပီစီတွေ တစ်လုံးမကျန် ကူးကုန်ပါတယ်။ USB က ကူးတာကတော့ ပြောစရာကို မလိုတော့ဘူး။ မူရင်း Folder တွေကို ဖျောက်ပစ်ပြီး အဲဒီ Folder နာမည်နဲ့ exe တွေ ဖန်တီးပစ်ပါတယ်။ ဒါကြောင့်မို့ စာဖတ်သူအနေနဲ့ ဒါမျိုး Trojan ရန်ကနေ ကာကွယ်ဖို့ Folder Options ထဲက Hide extensions ကို ဖြုတ်ထားဖို့လိုပါတယ်။ ပြီးတော့ Show Hidden Files ကိုရွေးပြီး Hide Protected Operating System files ကိုလည်း အမှန်ခြစ်ဖြုတ်ထားဖို့ လိုပါတယ်။
ဘယ်လောက်ဆိုးဆိုးဝါးဝါး ဖျက်ဆီးသလဲဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး။ ကျွန်တော်က အဲဒီကောင် အရိပ်အယောင်မြင်တာနဲ့ သတ်ပစ်လိုက်တာကိုး။

December 4, 2009

မရှိသေးသော ကွန်ပျူတာ Blog များ

ရှိချင်လည်း ရှိမှာပါ။ ကျွန်တော်တော့ မြန်မာဘလော့ဂ်တွေထဲမှာ မတွေ့မိလို့။
(၁) Language အကြောင်း ရေးသော blog (ဥပမာ C#, Java)
(၂) Video Editing blog (ဥပမာ Vegas, Edius, Pinnacle, Premier, After Affect)
(၃) 3D Blog (ဥပမာ Cinema 4D, LightWave, 3D studio Max)
(၄) Web Development Blog (ဥပမာ PHP, ASP, Javascript, CSS, XML, XSLT, Ajax, DOM)
(၅) Networking Blog
(၆) Exam Certification Blog (ဥပမာ CCNA, MCTS, SCJP, MCSE,..)
(၇) Diagram Blog (ဥပမာ MVC, UML, SFD, DFD)
(၈) Animation Blog
(၉) Database Blog (MySQL, Oracle, SQL Server)
(၁၀) PIC Blog
(၁၁) AutoCAD Blog

December 3, 2009

ကြုံဖူးသလား BIOS ပျက်တာ

သင်တန်းက စက်လေးတစ်လုံးပေါ့။ မီးပျက်သွားလို့ shutdown မလုပ်လိုက်ရဘူး။ မီးစက်နှိုးပြီး ပြန်ဖွင့်တော့ BIOS is beginning to dump ဆိုပြီး စာကြောင်းလေးပေါ်ပြီး အကုန်ပျောက်သွားတယ်။ နောက်ထပ် ဘယ်လောက်ပြန်ဖွင့်ဖွင့် မော်နီတာမှာလည်း ဘာမှမပေါ်တော့ဘူး။ Alarm လည်း မပေးတော့ဘူး။ သူ့ခမျာ RAM ကိုဖြုတ်ပစ်တာတောင် RAM မရှိတဲ့အကြောင်း Beep မပေးနိုင်ရှာတော့ပါဘူး။ သိလိုက်ပါပြီ။ BIOS ပျက်သွားပြီဆိုတာကိုပေါ့။ Motherboard ကအကောင်းကြီးတောင်မှ အဲဒီ BIOS လေးပျက်သွားတာနဲ့ လုံးဝ သုံးမရတော့တာ။ Board က Gigabyte P4 လေးပါ။ 845 Chipset လေးနဲ့ပေါ့။
အခုလို ကြုံတော့မှ အခုနောက်ပေါ် Board တွေမှာ Crash Free BIOS ဆိုတာ အလကား ထည့်တာတာ မဟုတ်မှန်း သိတော့တယ်။ ဟိုတစ်နေ့ကလည်း Gigabyte က ကြော်ငြာလေး တွေ့လိုက်တယ်။ Dual BIOS ပါတယ်ပေါ့။ မြင်ခါစကတော့ အပိုတွေပါကွာလို့ထင်မိတယ်။ အခုလိုကြုံတော့မှ အင်း Dual BIOS လေးဆို သိပ်ကောင်းမှာပဲလို့ တောင့်တမိတယ်။
ကျွန်တော်ဖြစ်ပြီး သိပ်မကြာဘူး။ အသိတစ်ယောက်ရဲ့ 775 Asus Board ကြီးလည်း BIOS ပျက်သွားလို့ ချောင်ထိုးထားလိုက်ရတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ Asus Board ကတော့ BIOS ပျက်သွားတယ်။ ဒါပေမဲ့ စက်ဖွင့်တဲ့အချိန်မှာ BIOS ပျက်တဲ့အကြောင်းပြောပြီး g ကိုနှိပ်လိုက်တာနဲ့ CD Drive ထဲမှာ BIOS ခွေ ရှိမရှိ စစ်တယ်လို့တော့ သူကပြောတယ်။ အဲဒါနဲ့သူလည်း Asus Website က BIOS ကို download ဆွဲပြီး စီဒီခွေထဲ ထည့်ပြီး မောင်းလိုက်တာ အဆင်ပြေသွားတယ်လို့ ပြောပါတယ်။ အင်း သူ့လိုဆိုရင်တော့ အကောင်းသား။ အခု ကျွန်တော်တော့ ပေါက်ဖော်ကြီးရဲ့ 478 Board အသစ်တစ်လုံး ၀ယ်လိုက်ရပြီ။

November 29, 2009

Zip ဆိုတာ File ချုံ့ဖို့တင်မဟုတ်ပါ

Zip ဖိုင်ဆိုရင် အများအားဖြင့် ဖိုင်တွေကို Compress လုပ်ထားတာလို့ပဲ အသိများကြပါတယ်။ Zip လုပ်ခြင်းကြောင့် တခြား အသုံးတည့်တဲ့ နေရာလေးတစ်ခုလည်း ရှိပါသေးတယ်။

ဆိုပါစို့။ အင်တာနက်သုံးတယ်။ ကြိုက်တဲ့ Web Page လေးတွေကို Folder တစ်ခုအောက်မှာ Save လုပ်ထားတယ် ဆိုပါစို့။ Web Page တွေ တော်တော်များများပေါ့။ အဲဒီ Web Page တွေပါတဲ့ Folder ကြီးကို Memory Stick ထဲ ထည့်ကြည့်လိုက်ပါ။ ပျင်းနေအောင် ထိုင်စောင့်ရပါလိမ့်မယ်။ Memory Stick တွေကိုက ဘာကြောင့်မှန်းမသိပေမဲ့ File သေးသေးလေးတွေ အများကြီး ထည့်တဲ့အခါ အချိန်အရမ်း ကြာပါတယ်။ အဲဒီတော့ အဲဒီ Web Page တွေပါတဲ့ Folder ကို ဒီအတိုင်း Stick ထဲကို ကော်ပီကူးမထည့်ဘဲ Zip လုပ်လိုက်ပါ။ ပြီးမှ အဲဒီ Zip ဖိုင်ကို Stick ထဲထည့်ပါ။ ခဏလေးအတွင်းမှာ ပြီးသွားပါလိမ့်မယ်။

Web Page တွေတင်မကပါဘူး။ File Size သေးတာလေးတွေကို Stick ထဲ ထည့်မယ်ကြံတိုင်း Zip လုပ်ပြီး ထည့်နိုင်ပါတယ်။

November 22, 2009

Upcoming Posts

အခုရက်ပိုင်း မအားသေးတာနဲ့ Blog လည်းမတင်နိုင်ဘူး ဖြစ်နေတယ်ဗျာ။ IT Men က Author တွေ အများကြီးရှိပေမဲ့ တစ်ယောက်မှ အားမကိုးရဘူး။ (ဟဲ.ဟဲ) ကြည့်ပါ့လား ကျွန်တော်ကလွဲလို့ ဘယ်သူမှ ပုံမှန်မတင်ကြဘူး။ ဘာတွေများ လုပ်နေကြလဲမသိပါဘူး။ နောက်လေးငါးရက်နေရင်တော့ ပုံမှန် ပြန်တင်ပါ့မယ်။ အောက်ကဟာတွေကတော့ တင်ဖို့ စဉ်းစားထားတဲ့ Post လေးတွေပါ။

၁။ ကွန်ပျူတာတက္ကသိုလ်များနှင့် Thesis ပြဿနာ
၂။ Web Log များနှင့် Web Usage Mining အကြောင်း
၃။ Sequence Alignment နည်းပညာများအကြောင်း
၎။ Linear Programing အကြောင်း

Post တွေမတင်နိုင်ပေမဲ့ Bookmark တွေတော့ လုပ်ဖြစ်နေတယ်။ သတိမထားမိသူများ Bookmark တွေကို ကြည့်လိုက်ပါဦး။

November 19, 2009

Framework and Redistributable Package

အရင်တုန်းက Programming Language တွေမှာ Program တစ်ခုရေးပြီးရင် Binary code လို့ ခေါ်တဲ့ .exe ဖိုင် ထုတ်ပေး ပါတယ်။ အဲဒီ .exe ဖိုင်ကို ဘယ်ကွန်ပျူတာမှာပဲ run ကြည့်ကြည့် run လို့ ရပါတယ်။ အခုအချိန်မှာ ခေတ်စားနေတဲ့ .Net တို့ Java တို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဥပမာ C#.Net တို့ VB.Net တို့နဲ့ ရေးသားထားတဲ့ Program တွေဟာ ကွန်ပျူတာတိုင်းမှာ run လို့ မရပါဘူး။ အဲဒီ ကွန်ပျူတာမှာ .Net Framework ဆိုတာရှိမှ run နိုင်ပါတယ်။ Java ဆိုလည်း အဲဒီအတိုင်းပါပဲ။ JRE လို့ခေါ်တဲ့ Java Runtime Environment ရှိမှ Java Program တွေက run နိုင်ပါတယ်။

.Net Framework က Version 1.1, 2.0, 3.0 စသည်ဖြင့် ရှိကြပါတယ်။ Programmer တစ်ယောက်က .Net 2.0 Framework ကိုအခြေခံပြီး ရေးသားလိုက်တဲ့ Program တစ်ခုကို စာဖတ်သူက အသုံးပြုချင်ရင် စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework 2.0 ရှိရပါမယ်။ 1.1 ရှိရုံနဲ့ မရပါဘူး။

အခုနောက်ပိုင်း Program တွေ တော်တော်များများဟာ .Net နဲ့ ရေးထားတာတွေ များပါတယ်။ ဒါကြောင့်မို့ စာဖတ်သူ ကွန်ပျူတာထဲမှာ .Net Framework ရှိမှ အဲဒီ Program တွေကို အသုံးပြုနိုင်မှာပါ။ (Control Panel ထဲက Add/Remove Programs ကိုဖွင့်ပြီး စစ်ဆေးနိုင်ပါတယ်) တချို့ Program တွေက Install လုပ်တဲ့အချိန်ကတည်းက .Net မရှိလို့ မရပါဘူးလို့ ပြောပါတယ်။ တချို့ကကျ ဘာမှ မပြောဘဲ တင်သွားတယ်။ သုံးကြည့်တော့ သုံးမရဘူး။ တချို့ကကျ .Net မရှိရင် .Net ကို သူ့အလိုလို install လုပ်သွားပါတယ်။ တချို့ကကျ .Net မရှိဘူး၊ တင်လိုက်ဦးဆိုပြီး ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီမှာ .Net Installer မရှိရင် အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဆို .Net ကို Version မျိုးစုံ ဆောင်ထားရပါတယ်။ JRE ကိုလည်း အဲဒီအတိုင်းပါပဲ။

Framework လိုမျိုး လိုအပ်တဲ့နောက်တစ်ခုက Redistributable Package ပါ။ ဥပမာ Program တစ်ခုက Database သုံးထားတယ်၊ SQL Server ကိုသုံးတယ် ဆိုပါစို့။ အဲဒီအခါမှာ စာဖတ်သူကွန်ပျူတာ SQL Server Package ရှိရပါလိမ့်မယ်။ Package ဟာ Application တွေက တောင်းတဲ့ Request ကို ဖြည့်ဆည်းပေးရုံလောက်ပဲ ရှိပြီး ကျွန်တော်တို့က သွားအသုံးပြုလို့မရပါဘူး။ စာဖတ်သူ Database တစ်ခု ဖန်တီးဖို့အတွက် SQL Package လေး ရှိရုံနဲ့ မရပါဘူး။

အဲဒီလိုမျိုးပါဘဲ။ Visual C++ Package တွေလိုမျိုးလည်း တချို့ Program တွေအတွက် လိုအပ်ပါတယ်။ ဒါကြောင့် Package တွေကိုလည်း ဆောင်ထားသင့်ပါတယ်။

နောက် DirectX တို့ Windows Installer တို့ကိုလည်း ဆောင်ထားရင် မမှားပါဘူး။ အဲဒီနှစ်ခုက Windows ထဲမှာ ပါပြီးသားဖြစ်ပေမယ့် Version မြင့်တာကို ဆောင်ဖို့ပြောတာပါ။ တစ်ချို့က ပြောပါတယ်။ PowerDVD တင်တာ DirectX မရှိလို့ တင်မရဘူးဖြစ်နေတယ်ဆိုပြီးတော့ပါ။ အမှန်က DirectX က Windows ထဲမှာ ပါပြီးသားပါ။ PowerDVD က Version မြင့်တာကို တောင်းတာပါ။ မှတ်မှတ်ရရ DirectX 9.0c ကို တောင်းပါတယ်။

November 18, 2009

Network မှတစ်ဆင့် Windows တင်ခြင်း

အောက်ပါပို့စ်သည် Networking နှင့် Windows Server 03 ကို အကျွမ်းတ၀င်ရှိသော Technician များ အတွက်သာ ဖြစ်ပါသည်။ စာရေးသူက မိမိအတွေ့အကြုံကို ပြောပြသည့်သဘောသာဖြစ်ပြီး How to မဟုတ်ပါ၊ Step by Step မဟုတ်ပါ။ Server 2k3 လေ့လာနေသော စာဖတ်သူများ တစ်ချိန်ချိန် အသုံးတည့်လိုတည့်ငြားဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။

သူငယ်ချင်းတစ်ယောက်က သူ့ Laptop လေး OS တင်လို့မရလို့ဆိုပြီး ကျွန်တော့်ဆီ သယ်လာတယ်။ ဘယ်လို ဖြစ်တာလဲလို့ မေးကြည့်တော့ Internel Drive က ပျက်သွားတယ်တဲ့။ အဲဒါကြောင့် External USB DVD Drive နဲ့ Boot တက်တာ ဘယ်လိုမှတက်လို့မရဘူးလို့ ပြောပါတယ်။ သူ့ Laptop က Dell Latitude လေးဆိုတော့ BIOS က နိမ့်တယ်လေ။ USB ကနေ Boot မလုပ်နိုင်ဘူး။

သူက ဘယ်လိုလုပ်ရင် ကောင်းမလဲလို့မေးပါတယ်။ စဉ်းစားကြည့်တဲ့အခါမှာ Windows က External Drive နဲ့လည်း တင်လို့မရဘူး။ Memory Stick နဲ့လည်း တင်လို့မရဘူးဆိုတော့ နည်းတစ်ခုကို ကျွန်တော် သွားသတိရပါတယ်။ MCSE Windows XP စာအုပ်ကြီး ဖတ်ခဲ့တုန်းက အဲဒီစာအုပ်ထဲမှာပါတဲ့ Network ကနေ Windows တင်တာကိုပါ။ ကျွန်တော်လည်း ဖတ်တာဖတ်ဖူးတာ။ တစ်ခါမှ မစမ်းဖူးဘူး။ အဲဒါနဲ့ သူ့ကို ကဲ ငါတို့ Network ကနေ မင်း Laptop ကို Windows လှမ်းတင်ရအောင်လို့ပြောပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော့် Desktop PC လေးမှာက Windows Server 2003 တင်ထားတာဆိုတော့ တစ်ခုတော့ အဆင်ပြေသွားပါတယ်။ သူ့ Laptop ကို Network ကနေ Boot လုပ်နိုင်၊မလုပ်နိုင် (PXE ROM ပါမပါ) စစ်ဆေးကြည့်တဲ့အခါမှာလည်း Network ကနေ Boot လုပ်နိုင်တာကို တွေ့ရပါတယ်။

ကျွန်တော့် Server ကို အရင် Configuration လုပ်ပါတယ်။ အခုလို Network ကနေ Windows တင်တာကို RIS (Remote Installation Service) လို့ သုံးနှုန်းပါတယ်။ ကျွန်တော်လည်း အဲဒါကိုပဲ ကြားဖူးပါတယ်။ RIS ကို ဘယ်လိုလုပ်ရမှန်း မသိဘူးလေ။ အဲဒါနဲ့ Help and Support ကိုဖွင့်ပြီး RIS လို့ ရိုက်ထည့်ရှာတယ်။ ပြီးတော့ ထွက်လာတဲ့ Result တွေကို ဖတ်ပြီး စလုပ်ကြည့်ပါတယ်။

ကျွန်တော်လုပ်လိုက်တဲ့ Configuration မှာ ပထမဆုံး Windows Server 2003 မှာ Role တွေ တင်ပါတယ်။ DHCP ရယ်၊ DNS ရယ်၊ AD ရယ်ပါ။ DHCP role တင်တဲ့အခါမှာ Gateway IP မထည့်ခဲ့ပါဘူး။ Role တွေတင်ပြီးတဲ့အခါမှာ Control Panel ထဲမှာပါတဲ့ Add/Remove Programs ထဲက Add/Remove Windows Component ကိုသုံးပြီး RIS ကို install လုပ်ပါတယ်။ install လုပ်လိုက်တဲ့အခါမှာ RIS Install Wizard ဟာ All Programs ထဲက Administrative Tools ထဲကို ရောက်သွားပါတယ်။ Drive ထဲမှာ Windows XP ခွေထည့်ပြီး အဲဒီ Wizard လေးနဲ့ Image ရိုက်ပါတယ်။ ၁၀ မိနစ်လောက်ကြာပါတယ်။

Server Configuration ကို အဲဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။ ပြီးတော့ Laptop နဲ့ Server နဲ့ကို Switch နဲ့ Network ချိတ်ပါတယ်။ (Direct မဟုတ်ပါ) Laptop ရဲ့ Boot Sequence ထဲမှာ Network Boot ကို First ထားပါတယ်။ ပြီးတော့ Boot လုပ်ကြည့်ပါတယ်။ IP ပဲရပြီး Boot မလုပ်နိုင်ပါဘူး။ အဲဒါနဲ့ Server ရဲ့ Help ကိုဖွင့်ပြီး ထပ်ရှာကြည့်တဲ့ခါမှာ Configuration တစ်ခုကျန်တာကို တွေ့ရပါတယ်။ ဘာကျန်လဲဆိုတော့ AD Users and Computers ထဲမှာ Server က Windows တင်ပေးရမယ့် Computer ကို ထည့်ပေးဖို့ လိုပါတယ်။ အဲဒါနဲ့ Computer ထည့်ပါတယ်။ ထူးဆန်းတာက ကွန်ပျူတာထည့်တဲ့အခါမှာ Computer Name မတောင်းဘဲ GUID တောင်းတာပါ။ အဲဒီ GUID ကို ဘယ်ကယူရမယ်မှန်းမသိဘဲ ဖြစ်နေခဲ့ပါတယ်။ ဒါနဲ့ Laptop ကို ဖွင့်ကြည့်တဲ့အခါမှာ သူက Network boot လုပ်နေတဲ့အခါမှာ GUID ဆိုပြီး ပြပါတယ်။ (GUID က Serial Number တွေနဲ့တူပါတယ်။ GUID တွေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့တောင် တစ်ခုနဲ့တစ်ခု မထပ်ဘူးလို့ Ebook တစ်ခုမှာ ဖတ်ခဲ့ဖူးတယ်။ Hardward ပစ္စည်းတွေမှာလည်း GUID သုံးသလို စာဖတ်သူ ကွန်ပျူတာထဲမှာ ရှိနေတဲ့ Program တွေမှာလည်း GUID ကိုယ်စီရှိပါတယ်။)

အဲဒါနဲ့ Laptop ရဲ့ GUID ကို Server မှာ ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ ရလောက်ပြီ အထင်နဲ့ Laptop ကို Network ကနေ Boot လုပ်ခိုင်းပါတယ်။ အဲဒီအခါမှာ Error က ဘယ်လိုတက်သလဲဆိုတော့ No Boot File Found ဆိုပြီး တက်ပါတယ်။ အဲဒါနဲ့ DHCP ထိုင်တိုင်း Boot File ဆိုတာလေးကို တွေ့ဖူးသလိုလိုရှိတာကို မှတ်မိပြီး Server စက်ရဲ့ DHCP ထဲ မွှေကြည့်တဲ့အခါမှာ Boot File ဆိုတာလေးကို တွေ့ပါတယ်။ သူ့ကို အမှန်ခြစ်လေးခြစ်ပြီး Value တစ်ခု ထည့်ပေးလိုက်ပါတယ်။ သူက String value မို့ xp ဆိုပြီး ပေးကြည့်ပါတယ်။

Laptop ကနေ Boot လုပ်လိုက်ပါပြီ။ ဟော အပြာရောင် Screen ကြီးနဲ့ Windows Setup ကြီး ပေါ်လာတဲ့အခါ မှာတော့ ကျွန်တော်တို့နှစ်ယောက် ထခုန်မတတ် ၀မ်းသာသွားခဲ့ကြပါကြောင်း....

November 15, 2009

Kaspersky 2010 ကို အင်တာနက်မလိုပဲ Activation လုပ်နိုင်

အရင်ပို့စ်တစ်ခုမှာ Kaspersky 2010 ဟာ အင်တာနက်ရှိမှ Activation လုပ်လို့ ရမယ်၊ ပြီးတော့ Offline Update လုပ်လို့ မရဘူးလို့ ဖော်ပြမိခဲ့ပါတယ်။ သေချာမစမ်းသပ်ဘဲ အလောတကြီး ဖော်ပြမိခဲ့တဲ့အတွက် စာဖတ်သူများကို တောင်းပန်အပ်ပါတယ်။ Kaspersky 2010 ဟာ အင်တာနက်မလိုဘဲ Key file နဲ့ Activate လုပ်နိုင်ပြီး update ကိုတော့ officeextract ကနေ ဆွဲနိုင်ပါတယ်။
Kapsersky 2010 ကို Activation လုပ်နည်း၊ Update လုပ်နည်းကိုတော့ မရေးတော့ပါဘူး။ အွန်လိုင်းမှာ တခြား ညီနောင်တွေက ရေးသားပြီးကြပါပြီ။
ဒီ Link တွေမှာ ရေးထားကြပါတယ်။
http://www.mmso.org/forum/index.php//topic,200.msg6753.html#msg6753
http://www.nyinaymin.com/search?q=kaspersky
အင်တာနက်မလိုဘဲ လုပ်နိုင်တဲ့အကြောင်း Comment တွေ ပေးခဲ့ကြတဲ့ စာဖတ်သူများကို အထူးကျေးဇူးတင်ပါတယ်။

IT Men Blog တွင် Favicon ထည့်သွင်းထား

IT Men Blog မှာ အခု favicon လေး ထည့်သွင်းလိုက်ပါပြီ။ အားလုံးလည်း သတိပြုမိကြမယ် ထင်ပါတယ်။ Browser ရဲ့ address bar မှာ ပေါ်နေတာလေးကိုလေ။ ကျွန်တော်တို့ IT Men Logo ကိုပဲ icon အနေနဲ့ သုံးထားပါတယ်။ အဲဒီ icon လေးကို www.picpanda.com မှာသွားပြီး upload လုပ်ထားပါတယ်။ ကျွန်တော် သုံးနေကျ imageshack က direct link ရပေမဲ့ ico ဖိုင်ကို လက်မခံလို့ direct link လည်းရ၊ ico ကိုလည်း လက်ခံတဲ့ picpanda မှာ သွားပြီး လုပ်ရပါတယ်။

November 12, 2009

Deep Freeze Password Remover

Deep Freeze ကြီးတင်ပြီး password မေ့သွားလို့ အခက်တွေ့နေသူများအတွက် Deep Freeze Password Remover ကို ကိုဇော်ထက်ဟန်ကနေ မေးလ်ပို့လိုက်တဲ့အတွက် ပြန်ရှဲလိုက်ပါတယ်။ Deep Freeze version 6.10 မှာ စမ်းသပ်ကြည့်တာ ချက်ချင်းကိုပဲ password ပြုတ်သွားပါတယ်။
Download Link: http://www.mediafire.com/?my5wt4qjnkw
File Size: 104 KB

ပထမဆုံးသော မြန်မာအက္ခရာသုံးဒိုမိန်း

ICANN က Domain Name တွေမှာ Unicode ကိုသုံးစွဲခွင့်ပြုလိုက်တဲ့ နောက်ပိုင်းမှာ မြန်မာအက္ခရာသုံး ဒိုမိန်းအဖြစ် ပေါ်ထွန်းလာခဲ့တာကတော့ www.ဧရာ.com ပါ။ Browser ရဲ့ address bar မှာ www.ဧရာ.com လို့ ရိုက်ထည့်ပြီး ကြည့်နိုင်ပါပြီ။ အဲဒီအခါမှာ www.xn--fjdxq.com သို့ ရောက်သွားပါလိမ့်မယ်။ လောလောဆယ်တော့ ICANN က URL မှာသာ မိမိတို့ ဘာသာစကားတွေကို ထည့်သွင်းခွင့်ပြုထားသေးတာဖြစ်ပြီး DNS မှာ မိခင်ဘာသာစကားတွေ ထည့်သွင်းနိုင်ဖို့ကတော့ 2010 မှ ဖြစ်လာနိုင်မယ်လို့ သိရပါတယ်။
ဘာပဲပြောပြော နောက်ပိုင်းမှာတော့ Website လိပ်စာတွေက english လိုချည်းမဟုတ်တော့ပဲ နိုင်ငံတိုင်းဟာ ကိုယ့်ဘာသာစကားတွေကို သုံးစွဲလို့ရသွားပါပြီ။ အင်း မှတ်ရပြုရတာတော့ ခက်ခဲတော့မှာပါပဲ။ စာဖတ်သူတို့အတွက်လည်း www.အိုင်တီမန်း.com ဆိုပြီး လုပ်လိုက်ရင် ကောင်းမလားလို့။

သတင်းအပြည့်အစုံကို http://peoplemediavoice.net/tech-news/yes-we-can-use-burmese-name-in-url.html မှာ သွားကြည့်နိုင်ပါတယ်။

ICANN ရဲ့ gTLD ကို Internationalized လုပ်ခွင့်ပေးလိုက်တဲ့ ကြေငြာချက်ကိုတော့ http://www.icann.org/en/announcements/announcement-04oct09-en.htm မှာ သွားဖတ်နိုင်ပါတယ်။

November 11, 2009

Activating Kaspersky 2010

1. Download and install Kaspersky (Activate with a Trial License)
2. Go to Kaspersky's settings, click Options, and untick Enable Self-Defence
3. Exit Kaspersky
4. Go to Start, run, then type regedit and press enter
5. Press CTRL+F and type in ProductStatus and hit enter
6. Double click ProductStatus and change Release to Beta (it may say Trial instead of Release)
7. Press OK then open Kaspersky.
8. Tick Activate beta license then press Next and Finish
9. Re-enable Self-Defence.
10. Every 30 days Kaspersky will ask for a license, simply click Activate Beta and boom you're good to go Smile

If it still doesn't work, some users found re-installing the application worked, or removing the existing license key allowed the patch to work.

Common Problems
*Delete the old key before running the patch.
*Make sure Kaspersky isn't running
*Reboot before activating the beta license

မကွေးက ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းက ရှဲလုပ်လိုက်တာပါ။ အခု ပြန်ရှဲလိုက်ပါတယ်။ မြန်မာလို မပြန်တာက လူအများကြီး သိကုန်ရင် သိပ်မကောင်းဘူးလို့ ထင်လို့ပါ။ သူများစီးပွားရေးကို ထိခိုက်တယ်လေ။ စမ်းသပ်ကြည့်ထားပါတယ်။ အဆင်ပြေပါတယ်။

November 9, 2009

Download Kapsersky 2009 & 2010 Update



Kaspersky 2009 နဲ့ 2010 ကို Automatic Update အဆင်မပြေသူများအနေနဲ့ Update ကို http://www.officextracts.com/download.php မှာ ရယူနိုင်ပါတယ်။ Offical Update မဟုတ်ပေမဲ့ အဆင်ပြေပါတယ်။ ဒါကြောင့်မို့ အရင်ပို့စ်မှာ ရေးခဲ့သလို Kaspersky Antivirus 2009 နဲ့ 2010 ဟာ Internet နဲ့မှ Update လုပ်လို့ရမယ်ဆိုတာ မဟုတ်တော့ပါဘူး။ ဒီအကြောင်းကို မေးလ်ပို့ပြီး ပြောပြပေးတဲ့ Rain Cloud ကို ကျေးဇူးတင်ပါတယ်။

Redirecting Application Data in Windows XP


သင်တန်းက စက်တွေကို DeepFreeze တင်ဖို့ ကျွန်တော်ကြံနေတာ ကြာခဲ့ပါပြီ။ သင်တန်းသားတွေက ဟိုဟာကလိ၊ ဒီဟာကလိ လုပ်ကြတာဆိုတော့ ညတိုင်းညတိုင်း ကိုယ်က ပြန်ပြီး Maintain လိုက်လုပ်နေရတာ အဆင်မပြေဘူးလေ။ အဲဒါတွေကြောင့်မို့ DeepFreeze တင်ချင်တာပေါ့။

ဒါပေမဲ့ တင်လို့မရတဲ့အကြောင်းက ပေါ်လာပြန်ရော။ သင်တန်းသားတွေ လက်ကွက်ကျင့်ဖို့သုံးတဲ့ Mavis Beacon Teach Typing ကြောင့်ပါ။ အဲဒီ Program မှာက သင်တန်းသား တစ်ယောက်ချင်းစီရဲ့ Profile တွေ ထည့်ထားလို့ရတယ်။ လက်ကွက်ကျင့်မယ်ဆိုရင် အဲဒီ Program လေးဖွင့်၊ ကိုယ့်နာမည်လေး ရွေး၊ ပြီးရင် အရင်ရက်က ရောက်ခဲ့တဲ့နေရာကနေ ပြန်ကျင့်ရုံပဲ။ အဲ အဲဒီ Mavis Beacon က ဘယ်သူက ဘယ်နေရာ ရောက်နေတယ်ဆိုတာကို File လေးတွေနဲ့ မှတ်ထားတယ်။ ဘယ်နေရာမှာ သွားမှတ်ထားသလဲဆိုတော့ C:\Document and Settings\All Users\Application Data အောက်မှာပါ။

အဲဒါကြောင့်မို့ ကျွန်တော်က DeepFreeze ကြီးတင်ပြီး C: ကို Freeze လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ C: ကို Freeze လုပ်လိုက်မယ်ဆိုရင် Mavis Beacon ဟာ Application Data ထဲမှာ ဖိုင်တွေ သိမ်းနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအခါမှာ ကျောင်းသားရဲ့ လက်ကွက်အခြေအနေကို မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အဲဒီတော့ ကျွန်တော် စဉ်းစားရပါတယ်။ Mavis Beacon ကို C: အောက်မှာ မဟုတ်ဘဲ D: အောက်ကို သွားပြီး Install လုပ်ကြည့်တယ်။ ပြီးတော့ Deep Freeze တင်တယ်။ C: ကို Freeze လုပ်တယ်။ Mavis Beacon ကို ဖွင့်ပြီး User အသစ်တစ်ယောက် ထည့်ကြည့်တယ်။ ပြီးတော့ စက်ကို Restart လုပ်တယ်။ Mavis Beacon ကို ဖွင့်ကြည့်တယ်။ အစောက အသစ်လုပ်ခဲ့တဲ့ User က မရှိတော့ဘူး။ သွားရောပေါ့။ သူ့ကို D: ထဲမှာ Install လုပ်ပေမဲ့ သူက File တွေကို C: ထဲမှာ သွားရေးတာကိုး။

အဲဒါနဲ့ ထပ်စဉ်းစားရပါတော့တယ်။ ကဲ C:\Document and Setting\All Users အောက်မှာ ရှိနေတဲ့ Application Data ကို လမ်းကြောင်းလွှဲရင်တော့ ရနိုင်တယ်ဆိုပြီး စဉ်းစားမိပါတယ်။ Tweak UI နဲ့များ ရမလား ဆိုပြီး Tweak UI ကို တင်တယ်။ သူ့ထဲမှာက My Documents လောက်ကိုသာ လမ်းကြောင်းလွှဲတာပဲ ပါတယ်။ Application Data ကို လွှဲတာ မပါဘူး။ အဲဒါနဲ့ Manual လုပ်မယ်ဆိုပြီး Registry Editor ကို ဖွင့်လိုက်ပါတယ်။ ပြီးတော့ Application Data ဆိုပြီး ရိုက်ထည့်ရှာလိုက်တယ်။ အဲဒီမှာ Application Data ကို လွှဲလို့ ရနိုင်တဲ့ Key တစ်ခုကို တွေ့လိုက်ပါတယ်။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Explorer\User Shell Folders အောက်မှာ ရှိတဲ့ Common AppData ဆိုတာလေးပါ။ သူ့ရဲ့ Value က %ALLUSERSPROFILE%\Application Data ပါ။ ဆိုလိုရင်းက Application Data ကို %ALLUSERPROFILE% အောက်မှာ ထားတယ်ပေါ့။ %ALLUSERPROFILE% က C:\Document and Settings\All Users ကို ကိုယ်စားပြုပါတယ်။

ကျွန်တော်က သူ့ရဲ့ မူရင်း Value ကို D:\Application Data ဆိုပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ Restart လုပ်တယ်။ Mavis Beacon ကို ဖြုတ်တယ်။ ပြန်တင်တယ်။ တင်ပြီးတဲ့အခါ Mavis Beacon ကိုဖွင့်ပြီး User အသစ်လုပ်တယ်။ ဟော အရင်ကလို User ဖိုင်အသစ်ဟာ C: အောက်ကို ရောက်မသွားတော့ပဲ D:\ Application Data အောက်ကို ရောက်သွားပါပြီ။

အဲဒီလိုနည်းနဲ့ ကျွန်တော်အဆင်ပြေသွားပါတယ်။ အခုတော့ သင်တန်းက စက်တွေမှာ DeepFreeze တင်ပြီး C: ကို Freeze လုပ်ထားတဲ့အတွက် ကျွန်တော်လည်း Maintain လုပ်ရတဲ့ဘ၀ကနေ ကျွတ်လွတ်သွားပါကြောင်း.