July 5, 2008

How to open *.docx, *.xlsx, *.pptx files without Microsoft Office 2007

Post From thinzar00.blogspot.com

MS Office 2007 မှာ file format အသစ်တွေ ပြောင်းသွားတာ သတိထားမိမှာပေါ့။

*.docx, *.xlsx, *.pptx file တွေကို microsoft office 2007 မရှိဘဲနဲ့ ဘယ်လို ဖွင့်မလဲ။ နည်းလမ်း နှစ်နည်း ရှိပါတယ်။

First method:

File Format Converter (Compatibility pack for MS office 2007) ကို ဒီမှာ download လုပ်ပြီး install လုပ်ပါ။ file size က 25MB လောက်ရှိတယ်။ install လုပ်ပြီးသွားရင်တော့ Word 2007 document (*.docx), Excel 2007 workbook (*.xlsx), Powerpoint 2007 presentation (*.pptx) တွေကို MS Office 2003 သုံးပြီး အရင်အတိုင်း ဖွင့်လို့ ရသွားပါပြီ။


Second method:
အကယ်လို့ ကိုယ်က အင်တာနက် မရှိတဲ့ နေရာမှာ ရောက်နေမယ်။ အထဲမှာ ပါတဲ့ content ကို အရေးတကြီး ကြည့်ချင်တယ်ဆိုရင် နောက်တစ်နည်းကို သုံးလို့ရပါတယ်။

Step 1: ဥပမာ file name က mynotes.docx ဆိုရင် right click > rename လုပ်ပြီး mynotes.zip လို့ပြောင်းလိုက်ပါ။
Step 2: zip file အနေနဲ့ ဖြစ်သွားပြီဆိုရင် folder ပေါ်မှာ right click လုပ်ပြီး Extract All လုပ်လိုက်ရင် အောက်ကလိုမျိုး file/folder တွေ ရလာလိမ့်မယ်။
Step 3: word ဆိုတဲ့ folder ထဲက document.xml ဆိုတဲ့ file ကို Microsoft Internet Explorer (သို့) Mozilla Firefox နဲ့ဖွင့်လိုက်ရင် XML code တွေ ကြားထဲကနေ content ရှာပြီး ဖတ်လို့ ရပါတယ်။ document ထဲမှာ ပုံတွေ ပါမယ်ဆိုရင်တော့ media ဆိုတဲ့ folder ထဲမှာ save လုပ်ထားပေးပါတယ်။

Excel 2007 Workbook (*.xlsx) နဲ့ powerpoint (*.pptx) တွေကိုလည်း ဒီနည်းအတိုင်း ဖွင့်လို့ ရပါတယ်။

ဒုတိယ နည်းက document ကို original format အတိုင်း ဖတ်လို့ ရမှာ မဟုတ်ပေမယ့် အရေးတကြီး လိုအပ်လာရင် သိထားသင့်တဲ့ နည်းတစ်ခုပါ။ Office 2007 ရဲ့ XML format တွေကိုပါ လေ့လာလို့ ရသွားတာပေါ့။

July 4, 2008

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၄)

wathan: Access Point တစ်ခုကနေ အခြားAccess Point တွေအများကြီးလိုချင်ရင် ဘယ်လို Config လုပ်ရမလဲ...ဘယ်လိုစက်အမျိုးအစားတွေသုံးရမလဲ...ကျေးဇူပြုပြီးပြောပြ ပေးပါခင်ဗျာ..
အဖြေ - AP တစ်ခုကနေ တစ်ခြား AP တွေကို ချိတ်ဆတ်ချင်တာလား။ ရှင်းအောင်လေး ပြောပေးပါဦး။

wathan: Network မှ တဆင့် တခြာကွန်ပြူတာတွေကို shutdown လုပ်နည်းလေးသိချင် ပါတယ်..ကျေးဇူးပြုပြောပေးပါ
အဖြေ - cmd မှာ shutdown -m \\computername -s လို့ ရိုက်ထည့်ပြီး shutdown လှမ်းလုပ်လို့ ရပါတယ်။

wathan: Sharp notebook PC-MJ 730R ရဲ့ driver လိုချင်လို့ ပါ ..ဘယ်မှာရနိုင်မလဲ..ကျေးဇူပြုပြီးပြောပြ ပေးပါခင်ဗျာ...
အဖြေ - Sharp notebook ဆိုတာ့ www.sharpusa.com ကို သွားကြည့်လိုက်ပါ။ ရှိမယ်လို့တော့ အာမမခံရဲဘူးဗျာ။ အဲဒီမှာ မတွေ့လည်း Google တစ်ခုလုံး ရှိတာပဲ။

thantzawhein: Help me. Please give me Last C#.net VCE link for MCTS
အဖြေ - MCTS ebooks တွေကတော့ www.esnips.com မှာ ရှိတတ်ပါတယ်။ VCE ကတော့ ကျွန်တော်လည်း လိုချင်လို့ ရှာနေတုန်းပါပဲ။



Svchost.exe Virus ကို နှိမ်နင်းနည်း

ကျွန်တော်ကတော့ မကြုံဘူးသေးဘူး။ ဒါပေမဲ့ တော်တော်များများက svchost.exe ဗိုင်းရပ်စ် အတော်လေးသောင်းကျန်းနေတယ်လို့ ပြောကြပါတယ်။ ဒီဘလော့ခ်လေးကို ခဏလာလည်တဲ့ ကိုမျက်လုံးက အဲဒီ svchost.exe ဗိုင်းရပ်ကို open source anitvirus တစ်ခုဖြစ်တဲ့ clamwin နဲ့ နှိမ်နင်းလို့ ရတယ်လို့ ပြောသွားပါတယ်။ အောက်မှာ ပေးထားတဲ့ link နဲ့ download လုပ်နိုင်ပါတယ်။

http://downloads.sourceforge.net/clamwin

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၃)

uvitjota@gmail.com: svchost.exe virus စက်ထဲရောက်နေလို့ တစ်လုံးကတော့ ဒေါင်းသွားပြီ။ အဲဒီအတွက် အကူအညီ လိုနေလို့ လှမ်းပြောရတာပါ။
အဖြေ- svchost.exe ဆိုတာက windows ကြီး အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် run နေရတဲ့ process တွေပါ။ Virus တွေ ဘယ်လောက်ပဲအစွမ်းထက်ထက် windows process ရဲ့ နာမည်တွေအတိုင်း မrun နိုင်သေးပါဘူး။ ဒါကြောင့် တတ်နိုင်ရင် အပြည့်အစုံ ပြောပြပေးပါ။ အဲဒီ Virus က windows ကို ဘယ်လိုလုပ်လိုက်သလဲ။ မေးခွန်းထဲမှာ တစ်လုံးကတော့ ဒေါင်းသွားပြီလို့ ပါတယ်။ ဘယ်လိုဒေါင်းတာလဲ။ ပြီးတော့ Kaspersky တင်ပြီး နောက်ဆုံး Update နဲ့ရော သတ်ကြည့်သေးလား။

cm17: ယိုးဒယားဝင်းဒိုးတင်ထားတဲ့စက်မှာ language ပြောင်းချင်ရင်ဘယ်လိုပြောင်းရမလဲဆိုတာလေး ကျေးဇူးပြု၍ ဖြေပေးပါဦး
အဖြေ: Windows မှာ ပေါ်သမျှတွေအကုန်လုံး ယိုးဒယားလိုဖြစ်နေတာလား။ ဒါမှမဟုတ် တချို့နေရာတွေပဲ ဖြစ်နေတာလား။ အဲဒါလေး ပြန်ပြောပါဦး။ လောလောဆယ်တော့ ဒီနည်းလေးနဲ့ စမ်းကြည့်ပါ။ Start ကနေ Control Panel ကိုသွားပါ။ Regional and Language Options ကိုဖွင့်ပါ။ အဲဒီမှာ Regional Options ရယ်၊ Language ရယ်၊ Advanced ရယ်ဆိုပြီး Tab သုံးခုပါပါတယ်။ Regional Option Tab ရဲ့ အပေါ်ဆုံး drop-down list box ကိုဖွင့်ပြီး English (United States) ကို ရွေးပါ။ ပြီးရင် Advanced Tab ကို ဖွင့်လိုက်ပါဦး။ အဲဒီမှာပါတဲ့ အပေါ်ဆုံး box ထဲမှာလည်း English(United States) ကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ဒါဆို ရပါပြီ။

tuang: Dear,sia Please,how can i solve Antivirus, update,thank.
အဖြေ: Antivirus က ဘယ် Antivirus ကို ပြောပါသလဲ။ အဲဒါလေး ပြန်ပြောပေးပါဦး။

htinlinn: my office use MPT ADSL connection and BaganNET email accounts, before this time, can download emails with MPT ADSL, now cann't, pls tell me how to fix that, mail to me. Thanks a lot
အဖြေ: အစ်ကိုသုံးတဲ့ Email Program ကို သိမှဖြစ်ပါမယ်။ Outlook Express လား။

komin: english-myanmar dictionary ဘယ်မှရှာရမှန်းမသိပါ။ကျေးဇူးပြုပြီးအကို့ blog မှာတင်ပေးစေချင်ပါသည်။
အဖြေ: komin ရေ ပို့ပေးလိုက်ပြီနော်။ ကျွန်တော့်ဘလော့ခ်မှာ ပါပြီးသားပါ။ သေချာလေးကြည့်စမ်းပါဦး။

wathan: ကျန်တော်ကိုလည်းတစ်ခုလောက်ကူညီပါအုံး..kaspersky 7.0.128 မှာkey မတောင်းတဲ့ key တစ်ခုလောက်လိုချင်လို့ ပါ..
အဖြေ: www.kavkiskey.com မှာ key တွေ အများကြီးပေးထားပါတယ်။ download လုပ်ပြီး တစ်ခုပြီးတစ်ခု စမ်းကြည့်ပါ။ Blacklist မဟုတ်တဲ့ key တွေ့ပါလိမ့်မယ်။

July 2, 2008

PDF Search Engine

Post from nyilynnseck.blogspot.com
As all we know, most ebooks and papers are in Adobe's PDF fomat and it's quite difficult to find specific title on the net; unless you are not a bit familiar with some search engine code. But now newly found that search engine is a good helping hand for those who wanna digg the PDF articles. Likewise you also can use following code as google search engine.

xxxxxx filetype:pdf

Link: http://www.pdf-search-engine.com

သိတဲ့အတိုင်းပဲ ebooks တော်တော်များများနဲ့ paper တွေဟာ pdf အမျိုးအစားတွေလေ။ Search engine တွေမှာသုံးရတဲ့ ရှာဖွေမှု code တွေမသိရင်တော့ ရှာရတာနည်းနည်းခက်ပါလိမ့်မယ်။ ဒါပေမဲ့ အခုဆိုရင်တော့ PDF ဖိုင်တွေကို ရှာပေးနိုင်တဲ့ search engine တစ်ခုကို တွေ့ရှိထားပါတယ်။ Google မှာ PDF ဖိုင်တွေ ရှာနိုင်ဖို့ အောက်ပါပါတဲ့ code လေးအတိုင်း ရိုက်ထည့်ပါ။
         xxxx filetype:pdf 
         xxxx မှာ ကိုယ်ရှာချင်တဲ့ ebooks နာမည်ကို ရိုက်ထည့်ရမှာပါ။

Link: htpp://www.pdf-search-engine.com

Search Engine Crawlers as Proxy

Post from nyilynnseck.blogspot.com
ဒီနေ့ ပျင်းပျင်း ရှိတာနဲ့ Search Engine Crawler တွေကို လျှောက်စမ်းနေရင်းက နည်းလမ်းလေးတစ်ခု သွားတွေ့တယ်။ Crawler တွေကို Proxy Tunnel တွေပုံစံနဲ့ သုံးတဲ့နည်း ဆိုပါတော့။ နေ့တိုင်းနေ့တိုင်း ဘလော့တွေကို ဘယ်လို ဝင်ရမလဲ မေးကြလွန်းလို့ ဖြေရတာလည်း မောလှပြီ။ ပရောက်ဆီ ဝဘ်ဆိုဒ်တွေလည်း ပိတ်ထားတာဆိုတော့ ဘယ်ဟာ အသစ်တွေမှန်း မသိတော့ဘူး။ ဒီနည်းလမ်းလေးကတော့ သိပြီးသူတွေလည်း သိပြီးကြမှာပဲ။ မသိသေးတဲ့ သူတွေအတွက်ပေါ့။ ကျော်တဲ့ခွတဲ့ဟာတွေ ဖြန့်ဝေနေတယ်လို့ မထင်စေချင်ပါဘူး။ အသစ်တွေ့တာလေးမို့ မျှဝေတဲ့ သဘောပါပဲ။ တွေ့ပုချိ :)
အဲဒီဝဘ်ဆိုဒ်ကို ရောက်ရင် ကိုယ်သွားချင်တဲ့ ဆိုဒ်နာမည်ကို (URL ဆိုတဲ့ textbox ထဲမှာ) ရိုက်ထည့်လိုက်။ ပြီးရင် Submit လုပ်လိုက်ပါ။ ခဏစောင့်ရင် Crawler ဆိုတဲ့ အတန်းမှာ အနီရောင်နဲ့ Click here to view the page ဆိုပြီး ပေါ်လာလိမ့်မယ်။ ကိုယ့်ဘရောက်ဇာကို Popup နဲ့ Java Script run နိုင်အောင် ဖွင့်ထားပေးဖို့တော့ လိုပါလိမ့်မယ်။ မြန်လည်းမြန်တယ်၊ ကောင်းလည်းကောင်းတယ် ဆိုတော့ မကြာခင် ဒီဆိုဒ်လည်း ပိတ်တော့မယ် ထင်ပါရဲ့။ တကယ့်ကို ပရောက်ဆီဆိုဒ် မဟုတ်ရပါဘူးခင်ဗျာ။ Crawler တွေအလုပ်လုပ်ပုံကို ပြတဲ့ ဆိုဒ်လေးမို့ ချမ်းသာပေးကြပါလို့။ (မမြင်ရအောင် လင့်(ခ်)လေးကို သေးထားဦးမှ)

Link: http://www.smart-it-consulting.com/internet/google/googlebot-spoofer/

Online Bookmarking

တော်တော်များများ တွေ့ဖူးတယ်။ Website ကောင်းကောင်းလေးတွေ တွေ့ရင် စာအုပ်ထဲမှာ၊ စာရွက်ထဲမှာ ရေးမှတ်တဲ့သူတွေကိုပါ။ တကယ်တမ်းတော့ အဲဒီလို မှတ်စရာမလိုပါဘူး။ စာအုပ်ထဲမှတ်တယ်ဆိုတာက သွားလေရာ အဲဒီစာအုပ်ကြီး သယ်သွားရမှာလေ။ စာရွက်ထဲမှတ်တယ်ဆို ပိုဆိုးတာပေါ့။ ပျောက်လွယ်ရှလွယ် ဖြစ်နိုင်တယ်။
အဲဒီတော့ ဘယ်လိုမှတ်ရမလဲ။ လွယ်ပါတယ်။ အင်တာနက်ထဲမှာ ကိုယ် မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Website တွေ ရှိပါတယ်။ အဲဒီလို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ခေါ်ပါတယ်။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။
Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Website ကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ Ctrl+D နှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Add ကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။ နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefox မှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါ ကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menu bar က Favorites ထဲမှာရှိပါတယ်။
ဒါပေမဲ့ အဲဒီနည်းတွေက အင်တာနက်ကို အိမ်မှာသုံးတဲ့သူတွေအတွက်ပဲ အဆင်ပြေမှာပါ။ ကဖီးတွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲ မှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့ Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေ ခေတ်စားလာတာပေါ့။
အဲဒီလို Online Bookmark Site တွေထဲမှာ နာမည်အကြီးဆုံးကတော့ del.icio.us ပါ။ address bar မှာ del.icio.us လို့ ရိုက်ရင်ရပါပြီ။ သူကတော့ ကိုယ်ပိုင် bookmark တွေလည်း မှတ်လို့ရတယ်။ သူများမှတ်ထားတာတွေလည်း ရှာလို့ရတယ်။ Register လုပ်ဖို့တော့ လိုတာပေါ့။
Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ်။ address bar မှာ www.google.com/bookmarks လို့ ရိုက်ထည့်လိုက်ပါ။ Gmail username နဲ့ password ရိုက်ထည့်ပါ။ ပြီးရင် Sign in ဆိုတဲ့ button ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Google Account ကို Sign in လုပ်ပြီးသွားပါပြီ။ Google Bookmarks ဆိုတဲ့ page လေးလည်း ကျလာပါလိမ့်မယ်။ အဲဒီ page ပေါ်မှာ Google Bookmark ဆိုတဲ့ မီးခိုးရောင် ခလုတ်လေးတစ်ခုရှိပါတယ်။ ကိုယ်မှတ်ချင်တဲ့ website ကို tab အသစ်တစ်ခုတောင်းပြီး(Ctrl+T) ဖွင့်လိုက်ပါ။ (Firefox ကိုသုံးပါ) ပြီးရင် အဲဒီ မီးခိုးရောင်ခလုတ်ကလေးကို ကိုယ်မှတ်ချင်တဲ့ Website ဖွင့်ထားတဲ့ tab ပေါ်မှာ သွားတင်လိုက်ပါ။ ဒါဆိုရင် မှတ်လို့ပြီးသွားပါပြီ။ နောက်တစ်ခါ Google Bookmark ကို ဖွင့်တိုင်း ဖွင့်တိုင်း ကိုယ်မှတ်ထားတဲ့ Website လိပ်စာလေးတွေ ပေါ်နေပါလိမ့်မယ်။

July 1, 2008

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း ၂

komin: ကျတော့် ကိုတစ်ခု ကူညီပေးပါအုံး (007Peep password )password ဖတ်တဲ့ software လေးလိုချင်လို့ ညွှန်းပေးထားတဲ့ www.uexcape.com/spysoft3.asp မှာမတွေ့ လို့ အကူညီပေးပါအုံး။
အဖြေ: ခင်ဗျားပြောတဲ့ www.uexcape.com ဆိုတဲ့ site က မရှိဘူးခင်ဗျ။ spelling မှားတာဖြစ်နိုင်တယ်။ လိုချင်တဲ့ software နာမည်က 007Peep password တဲ့လား။ Google နဲ့ ရှာရင်တွေ့မှာပါ။ တခြား site တွေမှာလည်း ရှိမှာပါ့။

ကျွန်တော့ရဲ့အခက်အခဲ: ကျွန်တော့ဘလော့မှာ mp3 ဒါရိုက်နားထောင်လို့ရအောင်လုပ်ချင်တယ် ဘယ်လိုလုပ်ရမလဲချင်ဗျာ
အဖြေ: http://next.yahoo.net/archives/32/easylistener ကို သွားကြည့်လိုက်ပါ။ လုပ်နည်းလေးတွေ ရေးထားပါတယ်။

Kyaw Htut: အကိုရေ အကို ရဲ့ Post လေးတွေ ကို အသုံးပြူခွင့်ပေးနိုင်မလား
အဖြေ: ရပါတယ်။ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

sanlinhtet: ကျနော် ကိုတခု လောက်တော့ မေခွင့် ပြု ပါ ကျနော် gtalk 2 ခု ခွဲတာ အကိုပြော သလို လုပ်ကြည့် တယ်ဗျ ဒါ ပေမဲ့ dest ပေါ်က အိုင်ကွန် ကို ကလစ် လိုက်ရင် ရှိရင် ဟာ ကိုပြောက် ပြောက်သွာတယ် အကို
အဖြေ: ပျောက်သွားတာမဟုတ်ပါဘူး။ Screen ရဲ့ ညာဘက်အောက်ထောင့်ကို ရောက်သွားတာပါ။ အဲဒီမှာပေါ်နေတဲ့ Gtalk icon ကို နှိပ်ပြီး ပြန်ဖွင့်လို့ရပါတယ်။

thantzawhein: please solve Tasklist password problem. i want to know this solution. pls help me.
Answer: I am trying to solve this problem. Because of many possible error, i am trying to write complete solution.

အာကာ: web developer တစ်ယောက်ဖြစ်ဖို့ ဘယ်သင်တန်းတွေ တက်ရမလဲ ဘာ software တွေ သင်ထားရမလဲ ပြေပြပေးပါ
အဖြေ: web developer ဖြစ်ဖို့ဆိုရင်တော့ web language တွေသိထားဖို့လိုပါမယ်။ Client language တွေဖြစ်တဲ့ HTML, CSS, Javascript ကို သိထားရပါမယ်။ ပြီးတော့ Server side language တွေဖြစ်တဲ့ PHP, ASP, Coldfusion ထဲက တစ်ခုခုကို ကျွမ်းကျင်ရပါ့မယ်။ ပြီးတော့ Database ကို နိုင်နင်းရပါ့မယ်။ MySQL ပဲဖြစ်ဖြစ်၊ Microsoft SQL Server ထဲက တစ်ခုခုပေါ့။ ပြီးတော့ နောက်တစ်ခုက XML ပါ။ အရေးကြီးပါတယ်။ အခုနောက်ပေါ်နည်းပညာတွေဖြစ်တဲ့ Ajax တို့၊ Silverlight တို့ကို သိထားရင်ပိုကောင်းပါတယ်။ သင်တန်းကတော့ MICT Park မှာ M3WI နဲ့ Creative ရှိပါတယ်။

newbie: I want to use mIRC by using dial up connection .....please help me how to do?
Answer: I don't use mIRC, so i can't possible to tell you. Sorry about that.


ကွန်ပျူတာကာတွန်းလေးတွေ ကြည့်ဖို့ရာ

www.glasbergen.com မှာ ကွန်ပျူတာနည်းပညာနဲ့သက်ဆိုင်တဲ့ ဟာသကာတွန်းတွေ အများကြီးရှိပါတယ်။ အပျင်းပြေ သွားကြည့်နိုင်ပါတယ်။

June 28, 2008

MPT မှ Proxy Server များပြောင်းလဲ

MPT နဲ့ net ချိတ်ဆတ်ထားတဲ့သူတွေအတွက် MPT က ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ Internet သုံးဖို့အတွက် Proxy Server address တွေ သုံးစရာမလိုတော့ပါဘူးတဲ့။ ဆိုလိုတာက အရင်တုန်းကဆိုရင် IE (or) Firefox မှာ Proxy Server ရဲ့ address ကို ထည့်ပေးထားရပါတယ်။ အခု အဲဒီလိုထည့်ထားစရာမလိုတော့ဘူးတဲ့။ သူတို့ ကြေငြာချက်ထဲမှာတော့ မြန်ဆန်ကောင်းမွန်တဲ့ အင်တာနက်ရရှိဖို့ ရည်ရွယ်တာပါဆိုပြီး ရေးထားတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ MPT နဲ့ ကိုယ်ပိုင် အင်တာနက်ချိတ်ထားသူများ အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ကြပါကုန်..

Instructions on how to turn-off proxy in Web browser

Internet Explorer

1. Open Internet Explorer.
2. Go to "Tools" menu and click on "Internet Options". (Note: Dial-up customers, skip to Step-6)
3. Choose "Connections" tab and click on "LAN settings".
4. Under "Proxy server" sub item, turn-off "Use a proxy server for your LAN".
5. Press "OK' button and "OK" button again the save the settings.
6. Choose "Connections" tab and double-click "BaganNet" dial-up name in "Dial-up and Virtual Private Network settings" window.
7. Under "Proxy server" sub item, turn-off "Use a proxy server for this connection".
8. Press "OK' button and "OK" button again the save the settings.

Mozilla Firefox

1. Open Mozilla Firefox.
2. Go to "Tools" menu and click on "Options".
3. Choose "Advanced" tab and click on "Network" sub-tab.
4. Click on "Settings" under "Connections" sub item.
5. Turn on "Direct connection to the Internet" and click "OK".
6. Click "OK" again to save the settings

Unicode 5.1 သို့ ပြောင်းသင့်ပြီ

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ website များတွင် Unicode 5.1 compatible Font ကို တဖြေးဖြေးခြင်း စသုံးရမှာ တော့မှာဖြစ်ပါတယ်။ Myanmar web developer များအနေဖြင့် သိသင့်သည်များကို အတိုဆုံးဖော်ပြလိုက်ပါတယ်။ ၁။ Myanmar character အတွက် အရေးကြီးသည့် ​Unicode 5.1 Standard ကို 2008 April 4 တွင် The Unicode Consortium မှပြဌာန်းလိုက်ပြီး သိပ်ပြောင်းလဲဖို့ မရှိဘူးဟု ယူဆရပါသည်။ မြန်မာပြည်အနေဖြင့်တော့ တရားဝင် ပြဌာန်းခြင်း မရှိသေးပါ (၁)။ ​Mainstream OS များတွင် Myanmar Font build-in ပါဖို့ နှစ်အချို့ကြာနိုင်ပါတယ်။ ၂။ Unicode Font တစ်ခုတည်းတွင် computer ဖြင့်ရေးလို့ ရသော ဘာသာစကား အားလုံးကို အကန့်လိုက် ပါဝင်နိုင်ပါတယ်။ Unicode 5.1 တွင် မြန်မာဘာသာအတွက် တိုင်းရင်းသားဘာသာစကား အပါအဝင် U+1000 မှ U+109F ထိ ၁၅၆ လုံးပါဝင်ပါတယ်။ ထို့ကြောင့် system နှင့် application များသည် annotate မှလုပ်ရဘဲ language ကို အလိုလျှောက်သိရှိပြီး search engine များက localize လုပ်သွားမြည်ဖြစ်ပါသည်။ ၃။ Unicode Format သည် data ကို အလေးပေး သော format ဖြစ်ပါသည် (၂)။ ​ Unicode Format data သိမ်းဆီးမှု စနစ်ကျပါတယ်။ အမြင် ဘယ်လိုဖြစ်နေနေ syllable တိုင်းတွင် ဗျည်းမှစ၍ ပင့်ရစ်ဆွဲထိုး၊ finals, သရ၊ အသံ စသည့် သက်မှတ်ထားသည့်အတိုင်း သိမ်းဆီးရမှာဖြစ်ပါတယ်။ ဥပမာ ပေါ ကို ပေါ ဟုသိမ်းဆီးပါမယ် (၃)။ ဒါဟာ algorithm များ ရေးသားရာတွင် လွယ်ကူစေပါတယ်။ ဥပမာ sorting ဆို အလိုလို အဆင်ပြေသွားမလားပဲ။ ၄။ Unicode Format data သည် data ကျစ်လစ်သည်။ ဥပမာ အောက်ကာမြင့် ကို U+1037 တစ်လုံး ဖြင့် သက်မှတ်ထားပါတယ်။ Non-Unicode Font တစ်ခုဖြစ်တဲ့ Wininnwa မှာ အောက်ကာမြင့် သုံးလေးခုရှိပါတယ်။ Unicode Font တွင် အလုံးဆင့် မရှိပါ။ အထူးရှယ် အပဲ့အရွဲ့ အသတ်အညှောက် များမရှိပါ (၅)။ ထို့အတွက် အမြင် အဆင်ပြေအောင် နေရာအထားအသို ညှိပေးသော algorithm များ Unicode Format Font တွင် ပါရှိပါတယ်။ ၅။ မြန်မာစာ Line breaking ပြဿနာ ဟာအများသိဖြစ်ပါတယ်။ ဥပမာ တဝေးထိုး အပေါ် line မှာ ကျန်နေတာမျိုး။ ထို့အတွက် U+200B ကို Word break marker အဖြစ် အသုံးပြုရန် Unicode standard မှ ​ဆိုထား ပါသည်။ သို့သော်လည်း web page အတွက်မူ line break နှင့် indexing ကောင်းရန် U+200B ကို syllable break marker အသုံးပြုခြင်းက ပို၍သင့်တော်ပါမည် (၄)။ Unicode 5.1 Font များသုံးခြင်းဖြင့် မြန်မာစာ အတွက် annotate မလုပ်ပဲ Multi-lingual content ပြနိုင်ခြင်း၊ SEO ကောင်းခြင်း၊ စာလုံး ပိုမိုလှပခြင်း၊ data သန့်ခြင်း၊ language processing algorithm များရှင်းလင်း လွယ်ကူခြင်း၊ font ပြောင်းရန် လွယ်ကူခြင်း တို့ကြောင့် Unicode 5.1 Font ​ကို တဖြေးဖြေးခြင်း ပြောင်းလဲအသုံးပြုကြရမှာဖြစ်ပါတယ်။ ​ Unicode 5.1 Font ပြောင်းရန် Burglish Toolkit များသုံးနိုင်ပါတယ်။ Open source Myanmar Unicode Font များကို Zawgyi.ORG တွင်ရယူနိုင်ပါတယ်။ ၁။ Unicode 5.1.0 ၂။ Unicode Explained by J. K. Korpela 2006 ၃။ Representing Myanmar in Unicode by Martin Hosken ၄။ Discussion for Syllable breaking ၅။ Myanmar charmap rendering အကြောင်းရှင်းပြပေးသော ကိုရဲမြတ်သူ အား ကျေးဇူးတင်ပါသည်။

IT Men said....
www.zawgyi.org မှာ ဖော်ပြထားတာကို ပြန်လည်ဖောက်သည်ချထားတာပါ။ ကဲ.ဘယ်လိုလုပ်ကြမလဲ။ Unicode 5.1 ကို စသုံးရတော့မှာတဲ့။ ၀မ်းနည်းစရာကောင်းတာက ကျွန်တော်တို့ blogger တွေ မက်မက်မောမောသုံးနေတဲ့ Zawgyi ကြီးက Unicode 5.1 မဟုတ်ဘူးတဲ့။ Unicode 5.1 ဖြစ်ဖို့အတွက်လည်း အချိန်အတော်ကြာဦးမှာ၊ ဖြစ်ချင်မှလည်း ဖြစ်လာမှာလို့ သူတို့ Site ထဲမှာ ပြောထားပါတယ်။ ဒါကြောင့် Zawgyi ကို မသုံးသင့်တော့ဘူးလို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ Zawgyi One Font နဲ့ ရိုက်ထားတဲ့ data တွေဟာ နောက်ဆိုရင် သုံးရမှာ မဟုတ်တော့ဘူး။ ရှင်းအောင်ပြောရရင် နောက်ပိုင်းမှာ မြန်မာစာ sorting စီပေးတဲ့စနစ်တွေ၊ Searching၊ Spelling Checking စတာတွေ ပေါ်လာရင် သူတို့တွေက Unicode 5.1 Font တွေသုံးပြီး ရိုက်ထားတဲ့ data တွေကိုပဲ လုပ်ပေးမှာ။ Zawgyi နဲ့ ရိုက်ထားတဲ့ စာတွေကိုတော့ ၀မ်းနည်းပါတယ်ဗျာဆိုပြီး တာ့တာ လုပ်မှာဗျ။ အခု Unicode 5.1 Font တွေ ပေါ်လာပါပြီ။ Myanmar 3, Parabaik, Padauk, MyMyanmar တွေပါပဲ။ ကဲ..အဲဒီထဲက ဘာရွေးကြမလဲ။

June 25, 2008

မြန်မာဝီကီသုံးစွဲသူများ တွေ့ဆုံပွဲ

Wikipedia ဆိုသည်မှာ အင်တာနက်ပေါ်တွင် အခမဲ့ရယူနိုင်၊ သုံးစွဲနိုင်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ထိုအခမဲ့သုံးစွဲနိုင်သော ဘာသာစကားမျိုးစုံဖြင့် ကဏ္ဍစုံတွင် အမြဲမပြတ် ရေးသားသောကြောင့် ဖတ်ရှုသူများအနေဖြင့် ဗဟုသုတ များစွာရရှိသော ၀က်ဘ်ဆိုဒ်စုကြီး ဖြစ်ပါသည်။ ၀ီကီပီဒီယားကို စတင်လုပ်ဆောင်ပေးခဲ့သော Wikimedia Foundation သည် စွယ်စုံကျမ်းအပြင် သတင်းများ၊ စာအုပ်များ၊ အဘိဓာန်နှင့် အခြားသော အခမဲ့ယူနိုင်သည့် ဘာသာရပ်ကျွမ်းကျင်သူများ ပေါင်းစပ်လုပ်ကိုင်နိုင်သော အခြားကဏ္ဍများကိုပါ ဆက်လက်ကြိုးစားလုပ်ကိုင်လျက်ရှိပါသည်။
ဝီကီပီဒီးယားသည် အခမဲ့ဖတ်ရှုနိုင်သည်သာမက ၀င်ရောက်ရေးသား အသိပညာဖြန့်ဝေလိုပါကလည်း လွတ်လပ်စွာ ရေးသားနိုင်သော နေရာတစ်ခုဖြစ်ပါသည်။ အခြားသူများမှာ ရေးသားချက်များကို ၀င်ရောက်ဖြည့်စွက်ရေးသားခြင်း၊ မှန်ကန်သော အချက်များ ဖြည့်သွင်းခြင်းနှင့် မလိုအပ်သည်များကို ဖယ်ရှားခြင်းတို့ကို ကိုယ်တိုင်ဝင်ရောက် လုပ်ဆောင်နိုင်ပါသည်။
ဝီကီပီဒီးယားကို ယခုအခါ မြန်မာဘာသာစကားဖြင့် သုံးစွဲနိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပမှ မြန်မာကွန်ပျူတာပညာရှင်များမှ ကြိုးစားလုပ်ဆောင်ခဲ့ရာ my.wikipedia.org တွင် စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာ ၀ီကီပီဒီယားတွင် အချက်အလက်အလွန်နည်းသေးသော်လည်း စတင်ခဲ့ပြီးဖြစ်သောကြောင့် မြန်မာအင်တာနက်သုံးစွဲသူများသို့ မိတ်ဆတ်ပေးရန် လိုအပ်နေပါသည်။ မြန်မာဝီကီတွင် ရေးသားပါဝင်ကူညီလိုသူများကိုလည်း စတင်ရေးသားနိုင်ရန် မိတ်ဆတ်ပေးလိုပါသည်။ စိတ်ပါဝင်စားသူများမှ ၀ိုင်းဝန်းကူညီရေးသားခြင်းဖြင့်  ပိုမိုပြီးပြည့်စုံသော အခမဲ့လွတ်လပ်စွယ်စုံကျမ်းတစ်ခု ဖြစ်လာမည်ဟု ယူဆမိပါသည်။
ထို့ကြောင့် Solveware Solution မှ မြန်မာဝီကီပီဒီယား လုပ်ဆောင်နေမှုများ မိတ်ဆတ်အသိပေးနိုင်ရန်အတွက် မြန်မာဝီကီသုံးစွဲသူများတွေ့ဆုံပွဲ ကို ဇူလိုင်လ ၅ရက်နေ့တွင် မြန်မာအင်ဖိုတက် အခန်း၂၀၅တွင် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ပါမည်။ ထိုတွေ့ဆုံပွဲတွင် လက်ရှိမြန်မာဝီကီပီဒီယား၏ အခြေအနေ၊ လုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးနိုင်ပြီး သုံးစွဲသူများ၏ ဆနများနှင့် ကူညီလုပ်ဆောင်နိုင်မှုအခြေအနေများကို တင်ပြဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးမည့် အကြောင်းအရာ အချက်အလက်မျုားပေးပို့လိုခြင်းနှင့် အသေးစိတ်အချက်အလက်များ မေးမြန်းလိုပါက Solveware Solution အခန်း ၂၊ အဆောင် ၄၊ မြန်မာ အင်ဖိုတက်၊ ဖုန်း 652291 Email: info@solvewaresolution.net သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Mystery Zillion

Mystery Zillion ကိုတော့ တော်တော်များများ သိကြမှာပါ။ မသိသေးရင်တော့ www.mysteryzillion.com ကို သွားလည်ကြည့်ကြပါ။ လူငယ်ကွန်ပျူတာပညာရှင်လေးတွေ တည်ထောင်ထားတယ်လို့ ယူဆမိပါတယ်။ အဓိကဇောင်းပေးထားတာကတော့ Forum ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်လို့ရတယ်။ ကိုယ့်အခက်အခဲတွေပြောပြလိုက် ကူညီမယ့်သူတွေ တစ်ပုံကြီးပါ။ ဒါပေမဲ့တစ်ခုရှိတာက အဲဒီ site ကို အပေါ်ယံလေးတင် မကြည့်ပါနဲ့။ အချိန်ပေးပြီး Forum လေးတွေကို လိုက်ဖတ်ကြည့်ပါ။ ဗဟုသုတ တစ်ကယ်တိုးပါတယ်။ member ၀င်ထားရင်တော့ ပိုကောင်းတာပေါ့။ နောက်ဆိုရင်တော့ မြန်မာပြည်က ကွန်ပျူတာသမားတွေ အမြဲဆုံတဲ့ နေရာလေးတစ်ခု ဖြစ်လာမလားပဲ။

June 23, 2008

Tasklist ပြဿနာ

Tasklist command သုံးမရဘူး။ password တောင်းနေတယ်လို့ တော်တော်များများ ပြန်ပြောကြပါတယ်။ ကျွန်တော့် Network မှာ စမ်းတုန်းကတော့ အဆင်ပြေတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်က Windows အသစ်တင်ထားတဲ့ ကွန်ပျူတာနှစ်လုံးမှာ သွားစမ်းကြည့်တာကိုး။ ပြီးတော့ တင်ထားတဲ့ Windows က Windows XP SP2 August 07 version ဗျ။ အဲဒီကောင်တွေကတော့ အဆင်ပြေတယ်။ အရင်တုန်းက Windows တွေတင်ထားတဲ့ တခြားကွန်ပျူတာတွေနဲ့ ထပ်စမ်းကြည့်တော့ ကျွန်တော်လည်း အဆင်မပြေဘူး။ Password တောင်းထားပဲ။ အဲဒါ ဘာကြောင့်ဖြစ်တာလဲပေါ့။ လိုက်ရှာကြည့်တော့ အဖြေကို တွေ့ရှိသွားကြောင်းပါခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ Windows security ကြောင့်ပါ။ Local Security မှာပါတဲ့ DCOM ကြောင့်ပါ။ ဖြေရှင်းနည်းအသေးစိတ် မနက်ဖြန်တင်ထားမယ်နော်။ အခုတော့ ဘယ်လိုမှ မအားသေးလို့ပါ။

Kaspersky Key

Kaspersky key အသစ်လေး တင်ပေးလိုက်ပါပြီ။ ၇ လပိုင်း ၁ ရက်နေ့ Update နဲ့တော့ Blacklist မဖြစ်ပါဘူး။
http://zawthureintun.googlepages.com/KAV7_20090417_025FEE1E.KEY

June 19, 2008

thG Trojan အား ဖယ်ရှားနည်း

အခုတစ်လော Memory Stick တွေမှာ thG.exe ဆိုတဲ့ ဖိုင်လေးတစ်ဖိုင် တွေ့နေရပါတယ်။ ဖျက်လို့လည်းမရဘူး။ ကျွန်တော့် ကွန်ပျူတာလေးလည်း Memory Stick တွေကနေတစ်ဆင့် ကူးပါလေရော။ Kaspersky က လုံးဝကို မသိဘူး။ ကျွန်တော်လည်း တော်တော်စိုးရိမ်သွားတာပေါ့။ ဒီကောင် ဘယ်လိုများ ဒုက္ခပေးမှာလဲဆိုပြီး စောင့်ကြည့်နေလိုက်တယ်။ ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်စက်ကို Stick ထိုးလိုက်တိုင်း အဲဒီကောင်လေးက ခုန်ကူးသွားတယ်။

thG  ဆိုတာ ဘာလဲ?
thG ဆိုတာ trojan horse Gallery ရဲ့ အတိုကောက်ပါ။ virae.org က ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ကိုယ့် Memory Stick မှာ thG ရှိမှန်း ဘယ်လိုသိနိုင်မလဲ?
Stick ကို ဖွင့်တဲ့အခါ wget.exe ဆိုတဲ့ဖိုင်လေး တွေ့လိမ့်မယ်။ My Computer မှာပေါ်တဲ့ Removable Disk icon ဟာ ခါတိုင်း icon ပုံမဟုတ်ဘဲ Hard Disk icon ပုံဖြစ်နေလိ့မ်မယ်။ ဖွင့်တဲ့အခါမှာလည်း တော်တော်လေးကြာမှ New Window နဲ့ ပွင့်လာလိမ့်မယ်။

ကိုယ့်စက်မှာ thG.exe ၀င်နေမှန်း ဘယ်လိုသိနိုင်မလဲ?
Task Manager ဖွင့်ကြည့်တဲ့အခါ thG.exe သို့မဟုတ် wget.exe သို့မဟုတ် wscript.exe ဆိုတာ run နေရတာကို တွေ့ရမယ်ဆိုရင်၊ ကွန်ပျူတာကို Memory Stick တပ်သုံးပြီး Safely Remove နဲ့ဖြုတ်တဲ့အခါ error တက်ပြီဆိုရင် ခင်ဗျားစက်မှာ  thG Trojan လေးဝင်နေတာ သေချာပြီပေါ့ဗျာ။

သူက ကွန်ပျူတာကို ဘယ်လိုဒုက္ခပေးသလဲ
ဘာမှတော့ မဖြစ်ပါဘူး။ အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာဆိုရင်တော့ Restart လုပ်တိုင်းလုပ်တိုင်း Desktop Background ပြောင်းပြောင်းသွားပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တဲ့ Stick မှန်သမျှထဲ ကူးသွားပါလိ့မ်မယ်။

ဘယ်လိုဖယ်ရှားမလဲ
လွယ်လွယ်လေးပါ။ ကွန်ပျူတာထဲမှာ ရှိနေတဲ့ thG ကိုဖယ်ရှားတဲ့ Program လေးကို ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ Double Click နှိပ် ဖွင့်လိုက်ရုံပါပဲ။ Flash Drive ထဲမှာရှိတဲ့ thG.exe ကို ဖယ်ရှားတဲ့ Program ကိုတော့ ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ ဖွင့်ပြီး run ပါ။


June 15, 2008

Blogspot တွေ ကြည့်နိုင်ဖို့

ကိုညီလင်းဆက် ဘလော့ခ်ကို ကြည့်တဲ့သူတွေကတော့ သိပြီးသားဖြစ်မှာပါ။ blogspot လိပ်စာနဲ့ ဘလော့ခ်တွေကို ကျော်ကြည့်နိုင်တဲ့ (အားတိုင်းယားတိုင်း ပိတ်နေတာကိုး) site တစ်ခုကို ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။ လိပ်စာကတော့ http://blogspotproxy.com ဖြစ်ပါတယ်။ မြန်တယ်။ ကြော်ငြာမပါဘူး။ ကဲ..ကျော်တော့မှာ မဟုတ်လား။

Gtalk Shortcut များ

Shortcuts

  • CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
  • ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
  • Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
  • ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
  • ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
  • ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။


Others

  • Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ  32767 characters ထိ ကန့်သတ်ထားပါတယ်။
  • စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
  • Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
  • Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
  • Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။

June 14, 2008

Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်း (၁)

BlackGhost နဲ့ york တို့ Cbox မှာ အော်ထားလို့ လုပ်နည်းလေးတစ်ခုကို
ဖော်ပြပေးလိုက်ပါတယ်။ Network နဲ့ မရင်းနှီးသေးသူတွေအတွက်တော့ အိမ်သုံး၊
ရုံးသုံး ကွန်ရက် လက်တွေ့တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်လေးရေးပြီးတော့မှပဲ
လက်ဆောင်ပေးတော့မယ်။
ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကို
ထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါတယ်။
တခြားကွန်ပျူတာဘာလုပ်နေတာကအစ ထိုင်ကြည့်လို့ရတဲ့ Program တွေလည်း
မြောက်မြားစွာရှိပါတယ်။ Local Chat (Text, Voice) ၊ Local Mail၊ Local
Intranet စတာတွေလည်း ဖန်တီးလို့ ရပါသေးတယ်။ နောက်ပိုင်းမှာ
တစ်ခုချင်းရေးတင်သွားပါ့မယ်။ (နောက်မှတွေများနေပြီနဲ့တူတယ်)
အခုတော့ တခြားကွန်ပျူတာတွေမှာ သုံးနေတဲ့ Program တွေကို
လှမ်းပိတ်တဲ့နည်းလေး တင်လိုက်ပါတယ်။ တစ်ခုလောက်တောင်းဆိုချင်တာက
ဒီနည်းလမ်းကို အသုံးချပြီး သူတစ်ပါးကို အနှောင့်အယှက်မပေးပါနဲ့။
အထူးတောင်းဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့
tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /s
computername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်
ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။ ဥပမာ
notepad.exe

ခဏလောက် စောင့်ကြည့်ပါ။ ပြီးရင် အဲဒီကွန်ပျူတာ ကိုင်တဲ့သူ ငါ့ကွန်ပျူတာ
ဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့
ကြည့်နေလိုက်ပေါ့။

June 13, 2008

Google Site

Google ကနေပြီး Free Website ဖန်တီးပေးနိုင်တဲ့ Site တစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။ သိသိချင်းပဲ အခုတင်လိုက်တာပါ။ အသေးစိတ်ကိုတော့ မကြည့်ရသေးဘူး။ Site တစ်ခုလောက်ဖန်တီးကြည့်ပြီးမှ ထပ်ရေးပါ့ဦးမယ်။ လိပ်စာအသစ်လေးကတော့ http://sites.google.com  ဖြစ်ပါတယ်။


Fasterfox

Fasterfox - Firefox ၏ စွမ်းဆောင်ရည်တိုးစေသည့် Tweak
  • Prefetch Links
    Fasterfox သည် အားနေသော bandwidth များကို အသုံးပြုခြင်း၊ မိမိကြည့်နေသော page ၏ link မှန်သမျှကို နောက်ကွယ်မှ loading လုပ်ပေးနိုင်သည်။
  • Tweak Network
    Firefox ၏ များစွာသော network နှင့် rendering setting များ (ဥပမာ- simultaneous connections, pipelining, cache, DNS cache and initial paint delay) များကို အပြောင်းအလဲလုပ်နိုင်သည်။
  • Page Load Timer
    Web Page ကို ခေါ်ရသည့် ကြာမြင့်အချိန်ကို timer ဖြင့် ပြပေးသည်။ 
  • Block Popups
    ကြော်ငြာ Box များကို တားဆီးပေးနိုင်သည်။  .
Install Fasterfox 2.0.0

June 11, 2008

Virtualization အကြောင်း ရေးပါဦးမည်

Virtualization Software တစ်ခုဖြစ်တဲ့ Virtual PC 2007 ကို စမ်းကြည့်နေတာ ပြီးသွားပါပြီ။ Virtualization ဆိုတာဘာလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို နောက်ပိုင်း တင်ထားပါ့မယ်။

Babylon Crack

ဟိုတလောက တင်လိုက်တဲ့ Babylon Crack က အလုပ်မလုပ်ပါဘူး။ ကျွန်တော်လည်း တင်ပြီးမှ သိတာပါ။ အခု ကိုကျော်ဖုန်းမြင့်ကပဲ နောက်ထပ် Crack တစ်ခုကို ပို့လိုက်ပါတယ်။ အောက်က လင့်ခ်နဲ့ download လုပ်ကြပါခင်ဗျား။

http://rs35.rapidshare.com/files/121380465/BabylonPro_1_.7.0.3.11.zip

June 10, 2008

DVD ခွေတွေမှာ မြန်မာ Subtitle ပါလာ

အခုနောက်ပိုင်း ထွက်လာတဲ့ DVD9 နိုင်ငံခြားဇာတ်ကားခွေတွေမှာ မြန်မာ Subtitle တွေပါလာပါတယ်။ အများအားဖြင့် Diamond တံဆိပ်ခွေတွေမှာ ပါပါတယ်။ DVD Player က Remote နဲ့ Subtitle ပြောင်းတဲ့အခါ 1. English လို့ပါတယ်။ ပြီးတော့ 2 ဆိုပြီး ပါပါတယ်။ အဲဒါက Myanmar Subtitle ပါပဲ။ အရင်တုန်းကတော့ Movie ပေါ်မှာ စာတန်းတွေကို အသေထိုးထားပါတယ်။ အခုစနစ်ကတော့ မြန်မာ Subtitle ကိုရွေးမှ Subtitle ဖိုင်လေးကို ဖတ်ပြီး ပြပေးတာပါ။ ကျွန်တော့်အထင် အဲဒီ Subtile ဖိုင်လေးမှာ ဘယ်မိနစ်၊ ဘယ်စက္ကန့်မှာ ဘယ်စာတန်းထိုးပေးပါဆိုတဲ့ instruction တွေပါမယ်ထင်တာပါပဲ။ အင်္ဂလိပ် Subtitle လုပ်နည်းကတော့ အရင်တုန်းကတော့ တစ်ခါစမ်းဖူးပါတယ်။ အောင်မြင်တယ်။ အခု Myanmar Subtitle တွေ ဘယ်လိုလုပ်ထားသလဲဆိုတာကိုတော့ လေ့လာလိုက်ပါဦးမယ်။ ပြီးရင်တော့ ဒီ Blog မှာ လုပ်နည်း တင်ထားပေးမယ်လေ။

June 5, 2008

Babylon 7 Crack

ကိုကျော်ဖုန်းမြင့်က Babylon 7 အတွက် Crack ကို Gmail ကန ကျွန်တော့်ဆီ လှမ်းပို့လိုက်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ် ကိုကျော်ဖုန်းမြင့်။
Download Link:
http://download.9down.com/Babylon7.0.1.4.Incl.Crack.rar

Crack ဖြည်နည်းကို နောက်ရက်မှတင်တော့မယ်နော်။ အခုတော့ မအားသေးလို့။

June 4, 2008

PhProxy အဆက်

PhProxy အကြောင်းကို ကျွန်တော်ရေးပြီတဲ့နောက် လိုက်သုံးကြည့်တဲ့သူတွေ အစပိုင်းအဆင်ပြေပေမယ့် နောက်ပိုင်း အဆင်မပြေတော့ဘူး အီးမေးလ်တွေပို့ပြီး ပြောကြပါတယ်။ အဲဒါအတွက် ဖြေရှင်းနည်းလေးကို တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ဘာကြောင့် အလုပ်မလုပ်တော့တာလဲ ဆိုတော့ PhProxy နဲ့ ဆက်သွယ်ထားတဲ့ Proxy Server တွေ မအားတော့တာ၊ မရှိတော့တာကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် နောက်ထပ် Proxy Server အသစ်တွေနဲ့ ထပ်မံချိတ်ဆက်ဖို့လိုပါတယ်။ လုပ်နည်းကတော့
၁။ PhProxy install လုပ်ထားတဲ့ Firefox ကိုဖွင့်ပါ။
၂။ Tools ကနေ Add ons ကိုရွေးပါ။
၃။ ပေါ်လာတဲ့ box ထဲမှာ PhProxy ပေါ်မှာ တစ်ချက်နှိပ်ပါ။ Options ကိုနှိပ်ပါ။
၎။ ဘယ်ဘက်က Server Updating ပေါ်မှာ တစ်ချက်နှိပ်ပါ။
၅။ Update from Server ကို တစ်ချက်နှိပ်ပါ။ ခဏစောင့်ပါ။
၆။ ပြီးရင် ဘယ်ဘက်က Proxy Setup ကို ပြန်သွားပါ။
၇။ အဲဒီမှာ Other available sever ဆိုတဲ့ drop down list box လေးရှိပါတယ်။ အဲဒါကို ဖွင့်ပြီး တခြား server တွေကို ရွေးပါ။
၈။ Save New Server ကိုနှိပ်ပါ။ ပြီးရင် အဲဒီ box တွေကနေ ထွက်လိုက်ပါ။
၉။ PhProxy ကိုသုံးကြည့်ပါ။ အဆင်မပြေရင် အပေါ်ကနည်းအတိုင်း တခြား server တွေကို ပြောင်းသုံးကြည့်ပါ။

အဆင်ပြေကြပါစေ။

အိုင်တီမန်း

June 3, 2008

Cbox မှ မေးခွန်းမေးကြသော သူငယ်ချင်းများသို့

ကျေးဇူးပြုပြီး Cbox ကနေ တစ်ခုခုမေးရင် Email လိပ်စာလေးတွေ ထားပေးခဲ့ပါ။ သိတဲ့အတိုင်း Cbox မှာ ရေးထားတာက ကြာသွားရင် နောက်ရောက်သွားတာကိုး။ အဲဒီတော့ သူငယ်ချင်းတို့က မေးခွန်းတွေမေးထားမယ်။ ကျွန်တော်က နောက်ကျပြီးမှ ဖြေရင် မေးခွန်းကတစ်ခြား၊ အဖြေက တစ်ခြား ဖြစ်သွားမှာပေါ့။ အဲဒီတော့ Cbox ဖတ်တဲ့သူတွေ မျက်စိလည်ကုန်ရော။ Email လေးချန်ထားခဲ့ရင် ကျွန်တော်လည်း Reply လုပ်ရတာလွယ်တယ်၊ အများသိချင်တာနဲ့ ကိုက်ညီတဲ့ မေးခွန်းဆိုရင်လည်း ဒီ Blog တင်ရတာ လွယ်တာပေါ့။ နော်..အဲဒါကြောင့်ပါ။ Cbox ကနေ မေးကြမယ်ဆိုရင် Email လေး ချန်ထားခဲ့ပါ။ Email မထားခဲ့ချင်ဘူးဆိုလည်း ကျွန်တော်တို့ဆီကို တိုက်ရိုက် Email ပို့နိုင်ပါတယ်။

register ရပြီဗျို့

---------- Forwarded message ----------
From: Min Naing Oo <minnai.u21@gmail.com>
Date: Sat, May 31, 2008 at 7:00 PM
Subject: Re: register ရပြီဗျို့
To: Thurein




On 6/1/08, Min Naing Oo <minnai.u21@gmail.com> wrote:
အစ်ကိုရေ babylon အတွက် register ရပြီဗျ။ babylon7 တော့မဟုတ်ဘူး။ 6 ကြီးဗျ။ ဒီမှာ download လုပ်လိုက်။ ပြီးရင် Babylon6_setup.exe ကို install လုပ်လိုက်။ ပြီးရင် babylon.6.0.3.4.pro-patch.exe ကိုcopy လုပ်ပြီး C:Program FilesBabylonBabylon-Pro ထဲမှာ paste လုပ်လိုက်။ task bar ညာဘက် အောက်ချေက system tray ထဲက babylon ကို right-click လုပ်ပြီး exit လိုက်။ ပြီးရင် C:Program FilesBabylonBabylon-Pro ထဲက babylon.6.0.3.4.pro-patch.exe ကို Run လိုက်။ ပြီးရင် patch ကို click လိုက်။ patch ပြီးရင် exit ကိုclick လိုက်။ အဲ့ဒါဆိုရပြီဗျ။ ပျော်လိုက်တာနော်..  :)
 
The download is from padonma.com

 

May 30, 2008

Gtalk ကို အမြဲ idle လုပ်ထားချင်လား??

From http://feeds.feedburner.com/~r/rapster88blog/~3/181159091/gtalk-idle.html

Google Talk မှာ Feature တစ်ခုပါတယ်လေ။ Keyboard နဲ့ Mouse ကို ၁၅ မိနစ် လှုပ်ရှားမှုမရှိရင် ကိုယ့်ရဲ့ Status ကို လိမ္မော်ရောင် အ၀ိုင်းလေးနဲ့ Idle ဆိုပြီးဖြစ်အောင်လုပ်ထားပေးတယ်။ Keyboard ဖြစ်ဖြစ် mouse ဖြစ်ဖြစ် ပြန်ပြီးလှုပ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Available or Busy ပြန်ဖြစ်သွားပါတယ်။ Google Talk မှာ Available or Busy Status ကိုကြိုက်သလိုပြောင်းလို့ ရပေမယ့် Idle ကိုတော့ ပြောင်းလို့မရပါဘူး။ Idle ကိုသာ ကြိုက်သလို ထိန်းထားခွင့်ရှိရင် ကိုယ်စကားမပြောချင်တဲ့သူတွေကို မရှိချင်ယောင်ဆောင်ပြီး လှည့်စားထားလို့ရတယ် :P ။

gAlwaysIdle ဆိုတဲ့ application သေးသေးလေးက idle status ကို ကြိုက်သလိုပြုပြင်လို့ရပါတယ်။ အမြဲပဲ idle ဖြစ်ချင်သလား normal ပဲထားမလား ဒါမှမဟုတ် လုံးဝကို idle မဖြစ်ချင်ဘူးပဲလား ဆိုတဲ့ options သုံးခုကို ရွေးလို့ရပါတယ်။ install လုပ်ရတာလဲ လွယ်ကူပြီးတော့ status ပြောင်းချင်ရင် System Tray ထဲက Google Talk Icon မှာ right click နှိပ်လိုက်ပြီး ရွေးရုံပါပဲ။

gAlwaysIdle က အခုအချိန်မှာတော့ Beta ပဲရှိနေသေးတဲ့အတွက် bug အနည်းငယ်ရှိနေပါတယ်။ အသိသာဆုံး bug ကတော့ status ကို idle ပြောင်းထားတုံး connection ကျနေရင် idle မဖြစ်သွားတာပါ။ နောက်ပြီး တစ်ခါတစ်လေ idle ဖြစ်အောင် ပြောင်းလို့မရတာပါ။ Connection ကောင်းတဲ့ အခါတွေမှာတော့ အဆင်ပြေပြေနဲ့ run နိုင်ပါတယ်။ ကဲ.. gAlwaysIdle နဲ့လူတွေကို လှည့်စားကြရအောင် ;)

>> Download gAlwaysIdle
>> gAlwaysIdle HomePage

Babylon And Padoma

အခုခေတ်က ကွန်ပျူတာခေတ်ပါ။ အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ ဆိုလိုရင်းကို သိဖို့ Oxford Dictionary အထူကြီးကို လှန်ရှာနေရမယ့်ခေတ်မဟုတ်တော့ဘူးလေ။ Computer နဲ့ရှာကြည့်၊ အချိန်တွေအများကြီးသက်သာသွားမယ်။ (ဒါကလည်း မီးလာမှပေါ့)။ အင်တာနက်မှာ ရနိုင်တဲ့ Dictionary Program တွေထဲက Babylon ကို ဖောက်သည်ချလိုက်ပါတယ်။ (Babylon ကို Gmail ကနေ မိတ်ဆတ်ပေးတဲ့ ကိုမင်းနိုင်ဦးကို ကျေးဇူးတင်ပါတယ်)
Babylon ဆိုတာက Dictionary Program လေးတစ်ခုပါ။ Size လည်းသေးတယ်။ ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့စကားလုံးတစ်ခု တွေ့ပြီဆိုရင် Control key နဲ့ Mouse တစ်ချက်နှိပ်ပြီး အနက်အဓိပာယ်ကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် dictionary တွေလည်း ထပ်ထည့်လို့ ရပါသေးတယ်။ အဲဒါကိုသိတဲ့ Padoma အဖွဲ့က Babylon မှာ ထပ်ထည့်လို့ရတဲ့ English-Myanmar Dictionary File လေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ တကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ စာဖတ်သူလည်း သုံးကြည့်ပါဦး။
အသုံးပြုနည်း
၁။ Babylon ရဲ့ မူရင်းလိပ်စာက www.babylon.com ပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ Myanmar ISP တွေက ပိတ်ထားပါတယ်။ ဒါကြောင့် www.download.com မှာ Babylon 7 လို့ရိုက်ထည့်ပြီး ရှာပြီး Download လုပ်ပါ။ ပြီးရင် Babylon မှာ English-Myanmar ရနိုင်ဖို့ ဒီဖိုင်လေးကို Download လုပ်ပါ။
၂။ ပြီးရင် Babylon ကို Install လုပ်ပါ။
၃။ English-Myanmar Dictionary ကို Babylon ထဲ ထည့်ဖို့အတွက် Options ကိုနှိပ်ပါ။ Dictionaries>Install dictionaries from disk ကိုရွေးပါ။
၎။ Padoma-English-Myanmar ဖိုင်ကိုရွေးပါ။ OK နှိပ်ပါ။
၅။ စသုံးကြည့်လို့ရပါပြီ။ Babylon ထဲမှာ ကိုယ်မသိတဲ့စကားလုံးကို ရိုက်ထည့်ပြီး ရှာနိုင်သလို ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့ စကားလုံးတွေ့ရင် Control key ကို ဖိထားပြီး Mouse နဲ့ တစ်ချက်နှိပ်ရင်လည်း အဲဒီစကားလုံးရဲ့ meaning ကို Babylon က ပြောပြပါလိမ့်မယ်။

May 27, 2008

Kaspersky Key Blacklist ဖြစ်သူများအတွက်

အရင်တစ်ခါ ကျွန်တော်တင်ထားတဲ့ kaspersky key က blacklist ဖြစ်သွားပြီဆိုပြီး email များပို့၊ key အသစ်တောင်းကြသူများခင်ဗျား..
www.kavkiskey.com ကိုသွားပြီး key များကို ကြိုက်သလောက်သာ ယူကြပါတော့။

အီးမေးလ်မှတစ်ဆင့် ဘလော့ခ်ရေးသားခြင်း

blogger တွေ ဘလော့ခ်တင်မယ်ဆိုရင် ကျော်ခွနေရတာကို စိတ်မရှည်ဖြစ်နေရင် ဒီနည်းလေးကို စမ်းကြည့်ပါ။ ပထမဆုံးတစ်ခါတော့ blogger.com ကို ရအောင်ဝင်လိုက်ပါ။ ပြီးရင် ကိုယ့် username နဲ့ password နဲ့ဝင်။ ပြီးရင် Setting ကိုနှိပ်ပါ။ အဲဒီမှာ Mail-to-blogger Address ဆိုတဲ့ textbox လေးရှိပါတယ်။ အဲဒီမှာ ကိုယ့်ရဲ့ username ရယ်၊ နောက်မှာ textbox လေးရယ်၊ @blogger ရယ်ဆိုပြီး ရေးထားပါလိမ့်မယ်။ အဲဒီ textbox မှာ ကြိုက်တဲ့ secret word လေးရိုက်ထည့်ပါ။ အဲဒီ email address ကိုမှတ်ထားပါ။  ပြီးရင် Save Setting ကိုနှိပ်ပါ။ Gmail ကိုဖွင့်ပါ။ To address မှာ စောစောက email address ကိုရိုက်ပါ။ Subject နေရာမှာ ကိုယ့် post ခေါင်းစဉ် ရိုက်ပါ။ Body မှာတော့ post စာသားတွေထည့်ပါ။ ပြီးရင် Send လိုက်တော့ပေါ့။ ပုံတွေထည့်ချင်ရင်တော့ Attachment လုပ်ပါ။ ကိုယ့် Blog မှာ ချက်ချင်းပေါ်ပါလိမ့်မယ်။ ဒီ Post လေးကိုတောင် Gmail ကနေ တင်ထားတာ။

Testing

This is testing.

USB Storage Device တွေ အသုံးပြုခွင့်ကို ပိတ်ရအောင်

Post From http://mghla.blogspot.com

ကျတော့်ရုံးမှာ ကွန်ပျူတာ တော်တော်များများကို security အရနဲ့ virus တွေ ဝင်မှာ စိုးတဲ့အတွက် USB Storage device တွေဖြစ်တဲ့ memory stick, MP3/MP4 Player, Digital Camera, USB portable harddisk တွေကို အသုံးပြုခွင့် ပိတ်ထားတယ်... ကျတော့် ရုံးမှာတော့ CMOS ထဲကနေ USB ကို disable လုပ်ထားတဲ့အပြင် USB port တွေကိုပါ physical အရပါ ပိတ်ထားရတယ်... အခုတော့ Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင် ဘယ်လို ပိတ်ရမလဲ ဆိုတဲ့ နည်းကို google ကျေးဇူးနဲ့ ရှာတွေ့ပြီ...

အခုရေးမယ့် အဆင့်တွေကတော့ USB storage device တစ်ခုခု အနည်းဆုံး ၁-ခါ တစ်ခါ တပ်ဆင် အသုံးပြုဖူးတဲ့ Windows XP သုံး ကွန်ပျူတာတွေ အတွက်ပါ... မိမိ အသုံးပြုနေတဲ့ user account ဟာ administrator အဆင့်တော့ ရှိစရာလိုပါတယ်...

1. ပထမအဆင့်အနေနဲ့ Start ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်...)
2. ပေါ်လာတဲ့ Open ရဲ့ဘေးမှာ ရှိတဲ့ text box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
3. HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor
4. ညာဘက် pane ထဲက Start ကို double click ခေါက်ပါ...
5. Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ 3 လို့ရိုက်ထည့် ပေးရမှာပါ...)
6. Registy Editor ထဲမှ ထွက်ပါ...


USB Storage device တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျန်တဲ့ USB device တွေဖြစ်တဲ့ printer, keyboard, mouse တွေတော့ ဆက်လက် အသုံးပြုနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ပါသည်... အပေါ်ကအဆင့်တွေဟာ Registry ကို ပြင်ရတာဖြစ်တဲ့ အတွက် အန္တရာယ်ရှိပါတယ်... မပြင်ခင်မှာ Registry ကို backup ကြိုလုပ်ထားပါ... အပေါ်ကအဆင့်တွေ ရှုပ်လို့ မပြင်ချင်ဘူးဆိုရင် USB Storage Device တွေ မသုံးစေချင်ရင် http://maunghla.googlepages.com/USBstorageDisable.reg ကို download လုပ်ပြီး run ပါ... ပိတ်ထားတဲ့ USB Storage Device တွေ ပြန်သုံးချင်တယ် ဆိုရင်တော့ http://maunghla.googlepages.com/USBstorageEnable.reg ကို download လုပ်ပြီး run ပါ...

May 20, 2008

icon လှလှလေးတွေ လိုချင်ရင်

Windows XP မှာပါတဲ့ Folder တွေရဲ့ icon တွေကို ကြည့်ရတာကြာလို့ ရိုးသွားပြီဆိုရင် တခြား icon လေးတွေ ပြောင်းကြည့်ပါလား။ ပထမဆုံး www.iconspedia.com ကနေ ကိုယ်ကြိုက်တဲ့ icon package လေးတွေကို download လုပ်ပါ။ ကိုယ် icon ပြောင်းချင်တဲ့ folder ပေါ်မှာ Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ Customize tab ကို နှိပ်ပါ။ Change Icon ကို နှိပ်ပါ။ Browse ကိုနှိပ်ပြီး download လုပ်ထားတဲ့ icon ကိုရွေးပါ။ Open ကိုနှိပ်ပါ။ OK..OK နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ Folder icon လှလှလေးကို မြင်တွေ့နိုင်ပါပြီ။

တောင်းပန်ခြင်း

အိုင်တီမန်းဘလော့ခ်မှာ ကိုယ်ရေးကိုယ်တာတွေ လုံးဝမရေးဘူးလို့ အစတုန်းကတည်းက ကိုယ့်ကိုယ်ကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အခုတော့ မရေးလို့မရတော့ဘူးဗျာ။ ပြောချင်တာက ဒီအိုင်တီမန်းဘလော့ခ်ကို အရင်တုန်းကလို ပုံမှန် Update မလုပ်နိုင်တဲ့ ကိစ္စပါပဲ။ အခုတစ်လော အလုပ်တွေအရမ်းရှုပ်နေလို့ပါ။ အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ ကျွန်တော်က အခု ကွန်ပျူတာသင်တန်းတစ်ခုမှာ နည်းပြလုပ်နေပါတယ်။ လောလောဆယ် A+ နဲ့ Network သင်နေရပါတယ်။ သင်တန်းအတွက် course စာအုပ်တွေ ရေးနေရတော့ လုံးဝကို မအားဘူး။ တခြားအလုပ်ရှုပ်နေတဲ့ဟာတွေလည်း ရှိပါသေးတယ်။ ညည်းပြရာ ရောက်မှာစိုးလို့ မရေးတော့ပါဘူး။ Email နဲ့ Cbox ကနေတစ်ဆင့် မေးကြတဲ့ မေးခွန်းတွေကိုလည်း တဖြည်းဖြည်း ဖြေကြားသွားပါ့မယ်။ တစ်ယောက်စီချင်းရဲ့မေးခွန်းတွေကို အသေးစိတ်ဖြေပေးရမှာမို့ နည်းနည်းကြာမှာကိုတော့ ခွင့်လွှတ်ပါ။ ပြီးတော့ post ခေါင်းစဉ်တွေ စဉ်းစားပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးဖြစ်စေချင်တာကို ကျွန်တော်လုပ်ပေးသွားမယ်၊ တင်ပေးသွားပါ့မယ်။ နည်းနည်းတော့ စောင့်ကြပါဦး။ ကျွန်တော့်ရဲ့ မိခင်မြန်မာပြည်ကို နည်းပညာနဲ့ကူညီသွားပါ့မယ်။

May 15, 2008

မေးခွန်းများအားဖြေကြားခြင်း

cbox ကနေတစ်ဆင့် မေးကြတဲ့မေးခွန်းလေးကို ဖြေပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေ။

မေးသူ - ကိုဇင်မင်းထက်
မေးခွန်း - a ko pyaw ta a tine "PhProxy "ko open loat tar ma ya bu de message kya lar par tal " PhProxy - InBasic 3.0.2B could not be installed because it is not compatible with Firefox 3.0b5 " phya shin pay
အဖြေ - PhProxy ကို Firefox 3 မှာ သုံးမရပါ။

မေးသူ - ကိုမောင်
မေးခွန်း - ကျွန်တော် USB flash drive မှာ WinXP ထည့်သုံးနည်းသိချင်ပါတယ်။ ကျွန်တော်က ကိုယ်ပိုင်ကွန်ပျူတာမရှိတော့ သူများစက်သွားသုံးရင် သုံးနေကျ ပရိုဂရမ်တွေ အဆင်သင့် မရှိလိုပါ။ ကူညီပေးပါ။ ကျွန်တော့လိပ်စာထားခဲ့ပါတယ်
အဖြေ - ဒီနေရာကနေယူပါ http://zawthureintun.googlepages.com/Using_Windows_XP_From_Memory_Stick.pdf

မေးသူ - minhun
မေးခွန်း -ှsubdomain လုပ်တာပြောပေးပါဗျာ ကျွှန်တော်လည်း blog ရေးနေပါတယ်
အဖြေ - phyoekyaw@gmail.com ဆီဆက်သွယ်ပြီး အခမဲ့တောင်းယူနိုင်ပါတယ်။

မေးသူ- အဲမွန်
မေးခွန်း - I can't see urs blog when my pc hasn't Zawgyi's font. How can i do?
အဖြေ - PC မှာ Zawgyi မရှိပါက ဒီ blog ကို ကြည့်မရပါ။

ဆက်ပါဦးမည်

May 9, 2008

ကူညီပေးကြပါ

အခုအချိန်မှာ ဒီ blog ကို ဖတ်မနေပါနဲ့။ မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။

April 28, 2008

Dialup Timer

ပြီးခဲ့တဲ့ အပါတ်က ကျွန်တော်ရဲ့ ADSL-S Line သုံးမရဖြစ်သွားလို့ အင်တာနက် မသုံးရရင် မနေနိုင်တဲ့ ကျွန်တော်က Dial Up နဲ့ ပြန်သုံးဖို့ Access Kit ကို အမြန် ပြေးဝယ်လိုက်ရပါတယ်။ Access Kit နဲ့ သုံးနေတဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုက Kit မှာ လက်ကျန် နာရီ ဘယ်လောက် ကျန်နေသလဲ ဆိုတာ မသိနိုင်တာပါ။ အချို့ကတော့ စိတ်နဲ့ မှတ်ပြီး သုံးပြီး အချို့ကတော့ သုံးထားသလောက် နာရီကို စာရွက်နဲ့ ရေးမှတ် ထားပြီး လက်ကျန်ကို တွက်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်လို့ ကျွန်တော်က Google မှာ နည်းနည်း မွှေကြည့်တော့ အောက်မှာ ညွှန်းထားတဲ့ ISP Timer ဆိုတဲ့ အသုံးဝင် Free software လေး တစ်ခုကို တွေ့လိုက်ပါတယ်။

Install လုပ်စရာ မလိုပဲ Portable Run နိုင်တဲ့ ISP Timer ကို သုံးရတာ အလွန်ကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ ISP Timer ကို Run လိုက်တာနဲ့ ကိုယ့်စက်ထဲမှာ ရှိတဲ့ Dialup Connection ကို Detects လုပ်ပေးပါတယ်။



"Time Allowance" ဆိုတဲ့ နေရာမှာ ကိုယ်ဝယ်ထားတဲ့ Access Kit ရဲ့ စုစုပေါင်း နာရီကို ထည့်ပေးရမှာ ဖြစ်ပြီး ( 30.00 = နာရီ သုံးဆယ် ) Time used နေရာမှာတော့ မသုံးရသေးရင် "0" လို့ ထည့်ပြီး သုံးထားပြီးသား ဖြစ်ခဲ့ရင်တော့ သုံးထားသလောက်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါ "Update" ကို နှိပ်လိုက်ပါ။

ပြီးတဲ့အခါ "Connect" ကို နှိပ်ပြီး Connection ချိတ်လို့ ရသွားတာနဲ့ "Time remaining" နေရာမှာ လက်ကျန်အချိန်ကို ပြနေတာကို တွေ့ရပါတယ်။ "I" ဆိုတာကို နှိပ်ပြီး Settings တွေကို ခေါက်ထားလို့ရပြီး "Send to Tray" ကို နှိပ်ရင် System Tray ထဲကို ISP Timer က ရောက်သွားမှာပါ။ သုံးနေရင်းနဲ့ လက်ကျန် ၁ နာရီကို ရောက်တဲ့အခါမှာနဲ့ နောက်ဆုံး ၅ မိနစ်ကို ရောက်တဲ့အခါ Warning လဲ ပေးမှာဖြစ်ပါတယ်။



ဒါ့အပြင် အသုံးပြုထားတာတွေကို Log ပါ မှတ်ထားနိုင်လို့ ("Log" ကို Check လုပ်ထားရပါမယ်) ဘယ်အချိန်က ဘယ်လောက် သုံးထားသလဲဆိုတာကိုပါ ပြန်စစ်ဆေးနိုင်ပါတယ်။


Download ISP Timer (EXE 64KB)
Download ISP TImer (ZIP 24KB)

Source: http://blog.atomicdevelopment.net

IT Men Blog ၏လိပ်စာ အသစ်

Myanmar ISP တွေက blog တွေကို ပိတ်ထားတာကြာပါပြီ။ IT Men blog ဆိုလည်း ဘာမှမပါဘဲနဲ့ အပိတ်ခံထားရပါတယ်။ တကူးတက ကျော်ခွပြီး လာရောက်လေ့လာတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သိတဲ့သူတွေက ကျော်တတ်ကြပေမဲ့ မသိတဲ့သူတွေဆိုရင် ဘယ်လိုလုပ်ရမှန်းတောင် မသိကြဘူး။ သူငယ်ချင်းတစ်ယောက် ကျွန်တော်ဘလော့ခ်လိပ်စာတောင်းလို့ ပေးလိုက်တယ်။ ပြီးတော့ သူက၀င်ကြည့်တယ်နဲ့တူပါတယ်။ ဟင်..မင်း blog က အပိတ်ခံထားရတာပဲဆိုပြီး မထိတထိပြောသွားပါတယ်။ အမှန်က blog တွေမှန်သမျှ၊ blogspot ပါတဲ့ domain မှန်သမျှ အကုန်ပိတ်ထားခြင်း ဖြစ်ပါတယ်။ ကဲဗျာ..နိဒါန်းပျိုးနေရတာ ကြာပါတယ်။ အဲဒီလို ပိတ်တော့ ကြည့်ရတဲ့သူတွေအဆင်မပြေဘူးဗျာ။ ဒါကြောင့် ဒီ blog ကိုလာရောက်လေ့လာတဲ့သူတွေ အဆင်ပြေအောင် ကိုပီကေ ရဲ့ အကူအညီနဲ့ လိပ်စာအသစ်တစ်ခု ဖန်တီးလိုက်ပါပြီ။ လိပ်စာအသစ်ကတော့ http://itmen.myanmarbloggers.org ပဲဖြစ်ပါတယ်။ အေးအေးဆေးဆေး လာလည်လို့ရပါပြီ။ ပိတ်မထားပါဘူး။ ဒီပို့စ် ဖတ်နေတဲ့သူတွေထဲမှာ blogger များပါရင် အဲဒီလို myanmarblogger.org ရဲ့ subdomain တစ်ခု ဘယ်လိုရနိုင်သလဲဆိုတာ နောက်ရက်မှာ တင်ပေးထားပါ့မယ်။ အခုတော့ အချိန်မရလို့ပါ။

April 24, 2008

DVD9 ခွေများကို ကူးယူနည်း

DVD-9 ခွေဆိုတာ တခြားမဟုတ်ပါဘူး။ အခု ဆိုင်တွေ၊ လမ်းဘေးတွေမှာ ချရောင်းနေတဲ့ ၁၂ကား၊ ၁၈ကားပါတဲ့ DVD ခွေတွေကို ပြောတာပါ။ အဲဒါတွေဟာ DVD ခွေဆိုပေမဲ့ တကယ်တမ်းက DVD-9 တွေဖြစ်ပါတယ်။ DVD-9 ခွေတွေက 8.54 GB ဆံ့ပါတယ်။ ကျွန်တော်တို့ ဈေးကွက်ထဲမှာ ၀ယ်လို့ရတဲ့ DVD ခွေ အလွတ်တွေက DVD-5 တွေဖြစ်ပါတယ်။ သူက 4.7 GB ပဲဆံ့ပါတယ်။ ဒါကြောင့် အဲဒီ DVD-9 Movies DVD တွေကို Nero နဲ့ DVD to DVD copy ကူးလို့မရနိုင်ပါဘူး။ size မတူဘူးလေ။ တခြား software ကို သုံးရပါတယ်။ သူက Intervideo ကထုတ်တဲ့ DVDCopy ပါ။ အခုဆို version 5 ရောက်နေပါပြီ။ သူက DVD-9 တွေမှာပါတာတွေကို compress လုပ်ပြီး DVD-5 နဲ့ဆံ့အောင် ထည့်ပေးပါတယ်။ တခြား လုပ်လို့ရတာတွေလည်း အများကြီး ပါပါသေးတယ်။ share ပေးချင်ပေမဲ့ file size ကြီးတဲ့အတွက် မပေးနိုင်တော့ပါဘူး။ ကွန်ပျူတာစီဒီအရောင်းဆိုင်တွေမှာ ရှိပါတယ်။

April 22, 2008

Myanmar Open Library

www.mmopenlibrary.com is the place for free download ebooks. Click the following link to download the available books list at myanmar open library.
http://zawthureintun.googlepages.com/MMOpenlibraryBooksList.doc

April 21, 2008

McAfee SiteAdvisor Plugin for Firefox

Post from cmsmdy.blogspot.com
This plug-in performs a little background check on the Web sites you visit. Get a warning icon next to potentially dangerous results from popular search engines, along with an icon in your status bar that shows the risks and annoyances associated with the page you're viewing.

မိမိ browsing လုပ်နေတဲ့ site တွေ ဒါမှမဟုတ် search engine result တွေမှာ ပြလာတဲ့ site တွေရဲ့ ယုံကြည်စိတ်ချရမှု ရှိမရှိဆိုတာကို McAfee SiteAdvisor Plugin က ကူညီပေးသွားပါလိမ့်မယ်။ အစိမ်းပြနေရင်တော့ အိုကေ စိတ်ချရတယ်ဆိုတဲ့သဘော၊ အ၀ါပြနေရင် နည်းနည်း စဉ်းစားသင့်တယ်၊ အနီပြနေရင်တော့ သွားမလုပ်နဲ့ ကွိသွားမယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ Site တစ်ခုကို browsing မလုပ်ခင်မှာ siteadvisor.com မှာသွားပြီး အဲဒီ site နှင့်ပက်သက်တဲ့ report တွေကို ဖတ်ကြည့်သင့်ပါတယ်။ အသုံးပြုတဲ့ user တွေအတွက် စိတ်ချယုံကြည်ရမည့် plugin တစ်ခုဖြစ်ပြီး Firefox မှာပဲ အသုံးပြုနိုင်ပါတယ်။

ဘာကြောင့် အွန်လိုင်းပေါ် ရောက်မလာကြတာလဲ

အခုအချိန်တွင် အိုင်တီခေတ် ၊ အိုင်တီခေတ် ဟု အော်နေကြသောကွန်ပျုတာနည်းပညာ စာစောင်မဂ္ဂဇင်းများက အွန်လိုင်းပေါ်ရောက်မလာဘဲ အခြား ဂျာနယ် ၊ မဂ္ဂဇင်းများသာ အွန်လိုင်းပေါ်တက်လာကြပါသည်။

အထူးသဖြင့် ကွန်ပျုတာဂျာနယ် ၊ ပီစီမဂ္ဂဇင်း(ကွန်ပျုတာမဂ္ဂဇင်း) ၊ ပီစီဝါးလ်ဒ် ၊ အင်တာနက် ဂျာနယ်များသည် အွန်လိုင်းပေါ်တွင် မရှိမဖြစ်ရှိနေသင့်ပါသည်။ ဘာကြောင့်လဲဟုမေးစရာရှိပါသည်။ ကွန်ပျုတာနည်းပညာပြန့်ပွားစေချင်လို့ပါ။ ဒါကတော့ မင်းပြောမှလားပေါ့။ သူတို့လည်း နည်းပညာ တိုးတက်စေချင်လို့ စာအုပ်ထုတ်နေတာပဲ။ မှန်ပါသည်။ office ဘယ်လောက်ပဲထုတ်ထုတ် ၊ ဘယ်နှစ်နှစ်သက်တမ်းပဲရှိပါစေ online ပေါ်ရောက်မလာသေးသရွေ့ထိုဂျာနယ် ၊ မဂ္ဂဇင်းများသည် အိုင်တီခေတ်၏ ပြယုဂ်များ မဖြစ်နိုင်သေးပေ။ ထုတ်ဝေသူများဘက်မှဆင်ခြေပေးစရာများစွာရှိနေနိုင်သော်လည်း ကျွန်တော်တို့စာဖက်သူများဘက်ကတော့ဖြစ်စေချင်လှပါပြီ။

အင်တာနက်ဂျာနယ် online ပေါ်ရောက်ခဲ့ဖူးပါသည်။ သို့သော်လည်း ဂျာနယ်ထွက်ပြီး အတော်ကြာမှတင်သည်။ မထူးပါ offline ကပို၍မြန်နေသည်။ ယခုမူ www.planet.com.m/internetjournal ဟု ရိုက်ထည့်လိုက်လျှင် planet ၏ new page ကိုသာ ရောက်သွားပါသည်။ internet ဂျာနယ်ကြီး ဘယ်ရောက်သွားပါသနည်း။

ဤနေရာတွင် eleven media group ၏ website(www.11mediagroup.com)နှင့် နှိုင်းယှဉ်ပြောလိုပါသည်။ ထို website တွင် weekly eleven , first eleven စသည်ဂျာနယ်များကို တင်ပေးထားပါသည်။ offline မှာ ဒီနေ့ထွက် ၊ ဒီနေ့ online ပေါ်ရောက်နေပါပြီ။ online ပေါ်တင်ထားလို့ offline မှာရောင်းအားကျသွားမည်လားဟု ထုတ်ဝေသူများဘက်မှစဉ်းစားလိုပါက လုံးဝမကျနိုင်ကြောင်းကျွန်တော်အာမခံရဲပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တစ်နေ့ online ပေါ်တက်နေသောသူအရေအတွက်သည် တတိုင်းပြည်လုံးရှိလူဦးရေနှင့်စာလျှင် မပြောပလောက်ပါ။ ဒုတိယအချက်အနေဖြင့် online ပေါ်တွင် ဘယ်လောက်ဖက်ရဖက်ရ ဂျာနယ်လေးကို လက်ကကိုင်ပြီး ဖက်ရတာနဲ့ အရသာချင်း မလဲနိုင်ပါ။ ကျွန်တော့်နည်းတူ အားလုံးလည်းကျွန်တော်ကဲ့သို့မြင်သည်ဟု ထင်ပါသည်။

ကွန်ပျုတာဂျာနယ်၊ ပီစီမဂ္ဂဇင်း၊ ပီစီဝါးလ် မဂ္ဂဇင်းများသည်လည်း www.pcworld.com , www.pcmag.com လိုလုပ်ဆောင်သင့်ပါသည်။ ထုတ်ဝေပြီးခဲ့သမျှ issue တွေထဲကနေ subject လေးတွေခွဲပေးထာမယ်။ ဥပမာ ကွန်ပျုတာသတင်း ၊ ကွန်ပျုတာသင်ခန်းစာ စသည်ဖြင့်ပေါ့။ ပြီးတော့ searching ပါသင့်တယ်။ ကျောင်းသား ၊ ကျောင်းသူ တစ်ယောက်က Reference တစ်ခုခုလုပ်ချင်တဲ့အခါမျိုး ၊ ဒါမှမဟုတ် အဟောင်းတွေပြန်ဖက်ချင်တာမျိုး ဖြစ်လာတဲ့အခါ မဂ္ဂဇင်းစာအုပ်တွေ တပုံကြီးကို ကိုင်မွှေရမယ့်အစား keyboard နဲ့ mouse ကိုသာသုံးပြီး ရှာနိုင်ရင်ဘယ်လောက်ကောင်းမလဲ။ အင်တာနက်မှာ သိချင်တာတွေမှန်သမျှ ရှာလို့ရတယ်ဆိုပေမယ့်မြန်မာလိုရေးထားတာတွေလောက်တော့ ဘယ်အင်္ဂလိပ်စာကမှ ခံတွင်းမတွေ့စေနိုင်ပါဘူး။

ကျွန်တော်ပြောတာ pdf ဖိုင်တွေတင်ပေးဖို့ပြောတာမဟုတ်ပါဘူး။ ရိုးရိုး webpage တွေသာတင်ရုံနဲ့ကို customer တွေကျေနပ်ကြမှာပါ။ issue တွေအားလုံးဟာ ကွန်ပျုတာနဲ့ စာစီထားခဲ့တာပဲမဟုက်လား။ သိပ်အကြာကြီးမဟုတ်လောက်ပါဘူး။ ခင်ဗျားတို့မအားဘူးဆိုရင်လည်း ကျွန်တော်တို့လုပ်ချင်ပါတယ်။ အလကားနူန်းနဲ့ပေါ့။ တကယ်ပြောတာပါ။

'နေရာတိုင်း computerized ဖြစ်မှ computer ခေတ်ကိုရောက်တာပါ'

Protocol များအကြောင်း

website လိပ်စာတစ်ခုကို ကြည့်မယ်ဆိုရင် ဥပမာ - http://www.google.com အဲဒီလိပ်စာမှာ ရှေ့က http ဆိုတာက hyper text rtansfer protocol ရဲ့ အတိုကောက်ဖြစ်ပါတယ် ။ protocol ဆိုတာက a set of rules and formats လို့ပြောကြပါတယ် ။ စည်းမျဉ်းစည်းကမ်းတွေကိုစုစည်းထားခြင်း လို့ပြောနိုင်ပါတယ် ။ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေလည်းဆိုရင်တော့ data အပို့အယူ လုပ်တဲ့အခါမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို ပြောတာပါ ။

protocol ပေါင်းမြောက်မြားစွာရှိပါတယ် ။ အင်တာနက် website တွေကိုကြည့်တဲ့အခါမှာသုံးရတဲ့ protocol က http ပါ။ hyper text transfer protocol ဆိုတော့ hyper text များပြောင်းရွေ့သယ်ယူရာတွင် သုံးရသော protocol ပေါ့။ hyper text ဆိုတာက ရိုးရိုး text တွေမဟုတ်ဘဲ link ပါတဲ့စာသားတွေကို hyper text လို့ခေါ်ပါတယ် ။ အားလုံးသိတဲ့အတိုင်း webpage တိုင်း webpage တိုင်းမှာ link ပါတဲ့ text တွေရှိတာပဲမဟုတ်လား။

http ပြီးတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ protocol ကတော့ https ပါ။ https ရဲ့အရှည်က hyper text transfer protocol over secure socket layer (ssl) ပဲဖြစ်ပါတယ် ။ ssl ပါတဲ့ http ပါ ။ ssl က ဘာလုပ်ပေးနိုင်သလဲဆိုတော့ encryption/decryption လုပ်ပေးနိုင်ပါတယ်။ encrypt လုပ်တယ်ဆိုတာက မြန်မာလိုပြောရင် ၀ှက်စာလုပ်တာပေါ့ ။ ဥပမာ ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို abc ဆိုတဲ့စာသားလေးကိုပို့မယ်ဆိုပါစို့။ ဒီအတိုင်းရိုးရိုးတန်းတန်းပို့မယ်ဆိုရင် ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို မရောက်ခင်ကြားမှာ တတ်တဲ့သူတစ်ယောက်က ခိုးယူလို့ရပါတယ်။ encrypt လုပ်ပြီးပို့မယ်ဆိုရင် ခိုးယူ၍ရခဲ့ရင်တောင်မှ ဖက်လို့ရမှာမဟုတ်တော့ပါဘူး။ abc လို့တိုက်ရိုက်မပို့ပဲ abc ဆိုတဲ့စာလုံးသုံးလုံးကြားမှာ 123 ထည့်ပြီး ပို့မယ်၊ ဒါဆိုရင်a1b2c3ဖြစ်သွားပြီ။ ပြီးတော့မှ ကွန်ပျုတာ B ကို မင်းငါပို့တဲ့ data ရတဲ့အခါမှာ 123 ကိုဖယ်ပြီးမှ လက်ခံလို့ပြောထားလိုက်မယ်။ ကြားကနေဖောက်တဲ့သူကတော့ a1b2c3 ဆိုတာကို နားလည်မှာ မဟုတ်တော့ဘူး။ ဒါက ဥပမာ အနေနဲ့ပြောတာပါ ။ တကယ်တမ်း encrypt လုပ်နည်းများစွာရှိပြီး အဲဒီ encrypt ကိုပြန်လည်ဖြည်ခြင်း decrypt လုပ်ဖို့ရာ အတော်ခက်ခဲပါတယ်။

့https protocol ကို login လုပ်ရတဲ့ website တွေမှာ အသုံးများပါတယ်။ user တွေ ရိုက်ထည့်တဲ့ login name နဲ့ password တွေ လုံခြုံမှုရှိစေဖို့ ဖြစ်ပါတယ်။ Gmail ဟာ https ကိုသုံးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ username နဲ့ password ကို ကြားကနေ ခိုးယူလို့မရနိုင်ပါဘူး။

နောက် Internet မှာ အသုံးများတဲ့ protocol ကတော့ ftp ပါပဲ။ file transfer protocol ဖြစ်ပါတယ်။ ဖိုင်တွေ ရွေ့ပြောင်းလို့ရအောင် အထူးတလည် တီထွင်ထားတဲ့ protocol ပါ။ website တိုင်းကို ftp နဲ့ access လုပ်လို့ရပါတယ်။ ftp://www.google.com ပေါ့။ ဒါပေမယ့် အဲဒီ ftp ကိုသုံးတဲ့အခါမှာ authorized person မှကြည့်လို့ရပါလိမ့်မယ်။ free ဖွင့်ပေးထားတဲ့ ftp site တွေလည်း ရှိပါတယ်။ ftp နဲ့ site တွေကို ကြည့်တဲ့အခါမှာ စာတွေပုံတွေကိုမြင်ရမှာမဟုတ်ဘဲ PC မှာ My Computer ကိုဖွင့်လိုက်သလိုမျိုး file တွေ folder တွေကိုပဲမြင်ရမှာပါ။

နောက်ကျန်သော Protocol များအကြောင်းကို ရေးသားသွားပါဦးမည်။

အိုင်တီမန်း

April 9, 2008

PhProxy

Firefox အတွက် proxy add on လေးတစ်ခုဖြစ်ပါတယ်။ ပိတ်ထားတဲ့ Site တွေကို ကျော်ဖို့သုံးနိုင်ပါတယ်။ ကျော်တာ မြန်တယ်ဗျာ။ http://zawthureintun.googlepages.com/phproxy_-_inbasic-3.0.2b-fx.xpi ကနေ download လုပ်နိုင်ပါတယ်။
Install လုပ်နည်း
download ပြီးရင် အဲဒီဖိုင်လေးပေါ်မှာ Right Click နှိပ် Open With ကိုရွေး၊ Select a Program From a list ကိုရွေး၊ OK နှိပ်ပါ။ ပြီးရင် Firefox ကိုရွေး၊ OK နှိပ်ပါ။ တကယ်လို့များ list ထဲမှာ firefox မပါဘူးဆိုရင် Browse ကိုနှိပ်၊ C:\Program Files\Mozilla Firefox\firefox.exe ကိုရွေးပြီး OK နှိပ်၊ OK ထပ်နှိပ်ပါ။
Firefox ပွင့်လာပြီး Install လုပ်မှာလား မေးတဲ့အခါကျရင် Install Now ကိုနှိပ်ပါ။ ပြီးရင် Firefox ကို restart လုပ်ပါ။

အဲဒီအခါမှာ firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ ပိတ်ထားတဲ့ site တစ်ခုခုကို သွားလိုက်ပါ။ Access Denied ပေါ်လာလိမ့်မယ်။ အဲဒီအခါကျရင် အဲဒီ အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက်ပါ။ ပိတ်ထားတဲ့ site ပွင့်လာပါလိမ့်မယ်။

Party Chat in Gtalk

Party Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat@gmail.com ကို invite လုပ်ပါ။ (partychat2, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ Partychat@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။ ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။
အောက်မှာ Partychat မှာ ထပ်ပြီးသုံးလို့ရတဲ့ command တွေကို ရေးပြထားပါတယ်။
/create chat_name password - party chat တစ်ခုဖန်တီးရန်၊ password ပေးချင်ပါက chat_name နောက်မှာ space ပုတ်ပြီး password ပေးနိုင်ပါတယ်။
/join chat_name password - party chat တစ်ခုကို ဆက်သွယ်ရန်၊ ထို chat သည် password ပေးထားပါက chat_name နောက်တွင် space ပုတ်ပြီး password ထည့်ပြီး enter ခေါက်ပါ။
/exit - party chat ကနေ ထွက်ဖို့ပါ။
/list - chat ထဲမှာ ရှိနေတဲ့ လူအရေအတွက်ကို ကြည့်ရန်။
တခြားကျန်နေတဲ့ command တွေကိုတော့ /commands နဲ့ကြည့်နိုင်ပါတယ်။

March 30, 2008

Shutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်

တစ်နေ့က ကျွန်တော့် Gmail Inbox ထဲ ရောက်လာတဲ့ email တွေကို ဖတ်ရင်း မိန်းကလေးတစ်ယောက်က ပို့ထားတဲ့ Please Help Me ဆိုတဲ့ email ကို တွေ့တာနဲ့ ဖတ်ကြည့်မိပါတယ်။ သူ့ကွန်ပျူတာမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တန်းစီပြီး ရေးပြထားပါတယ်။ သူ့မေးခွန်းတွေအများကြီးထဲမှာ ကွန်ပျူတာကို shud down လုပ်ရင် ကြာလွန်းလို့ မြန်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းတစ်ခု ပါလာပါတယ်။ အခုတလော ကျွန်တော်တွေ့နေရတဲ့ ကွန်ပျူတာတော်တော်များများမှာလည်း Shutdown လုပ်တဲ့အချိန် ကြာတာကို သတိပြုမိတာနဲ့ အဲဒီ ပြဿနာကို ဖြေရှင်းနည်းလေးကို ဒီနေ့ တင်ဖြစ်လိုက်ပါတယ်။

ဖြစ်ပေါ်ရခြင်း၏အကြောင်းရင်း

ွှWindows XP ကွန်ပျူတာကို shutdown လုပ်တဲ့အခါမှာ ကွန်ပျူတာသုံးစဉ်တုန်းက အလုပ်လုပ်နေတဲ့ services တွေကို အရင်ပိတ်ပါတယ်။ services ဆိုတာက ကျွန်တော်တို့ မသိဘဲ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ process လေးတွေကို ပြောတာပါ။ ဥပမာပြောရရင် ကွန်ပျူတာနဲ့ Print ထုတ်ဖို့အတွက် Print Spooler ဆိုတဲ့ service အလုပ်လုပ်နေမှ ရပါမယ်။ အဲဒီတော့ service တစ်ခုခုနဲ့ ပတ်သတ်ပြီး Problem ဖြစ်နေမယ်ဆိုရင် Shutdown လုပ်တဲ့အချိန်ဟာ မလိုအပ်ဘဲ ကြာမြင့်သွားပါလိမ့်မယ်။

ဖြေရှင်းနည်း

ကွန်ပျူတာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၎။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။

shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။

အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။

ကျန်ရှိသေးသည့် နည်းလမ်းများအား ဆက်လက်ဖော်ပြပါမည်။
အိုင်တီမန်း

March 29, 2008

Removable Disk Icon ပြောင်းလဲခြင်း

ကျွန်တော်တို့ လူငယ်တွေတော်တော်များများဆီမှာ MP3 Player ၊ MP4 Player ၊ Memory Stick တွေ အသီးသီး ကိုင်ဆောင်ထားကြပါတယ်။ အဲဒါတွေ ကွန်ပျူတာနဲ့တွဲတဲ့အခါ My Computer မှာ Removalbe Disk လို့ပေါ်လာတယ်။ ဒါပေမဲ့ Icon ကြီးက မလှဘူး။ အဲဒီ Icon အစား ကျွန်တော်တို့ ကိုယ့်ဓာတ်ပုံလေးကို ထည့်ကြည့်ရအောင်။
အောက်မှာ ပြထားတဲ့ ပုံလေးလိုပေါ့။


လိုအပ်သော Software များ
၁။ IconWorkshop
၂။ Notepad

ပထမဆုံး မိမိပုံကို Icon အဖြစ်ပြောင်းလဲခြင်း

၁။ Iconworkshop ဆိုတဲ့ Program လေးကို ဒီမှာနှိပ်ပြီး Download လုပ်ပါ။ ကွန်ပျူတာမှာ Install လုပ်ပါ။ Program ကို ဖွင့်ပါ။
၂။ File>Open ကို နှိပ်ပါ။ ကိုယ့်ဓာတ်ပုံကို ရွေးပါ။ Open ကို နှိပ်ပါ။
၃။ ပုံပွင့်လာရင် Ctrl+A နှိပ်ပါ။ ပြီးရင် Keyboard ကနေ I ကို နှိပ်ပါ။
၎။ Extra Format Area မှာ 128*128 ကို အမှန်ခြစ်ပေးပါ။
၅။ ပြီးရင် OK နှိပ်ပါ။ File ကနေ Save ကို နှိပ်ပါ။
၆။ သိမ်းမယ့်နေရာကို ကိုယ့်ရဲ့ Memory Stick နေရာကို ရွေးပေးပါ (G: တို့ F: တို့ ဖြစ်ဖို့များပါတယ်)။ Subfolder ထဲမသိမ်းပါနဲ့။ File Name ပေးပါ။ Save ကို နှိပ်ပါ။
ဒါဆိုရင် ဓာတ်ပုံကနေ Icon ပြောင်းတဲ့ လုပ်ငန်းစဉ် ပြီးသွားပါပြီ။

နောက်တစ်ဆင့်အနေနဲ့ MP3 MP4 Memory Stick ထဲထည့်ကြည့်ရအောင

၁။ Notepad ကို ဖွင့်ပါ။
၂။ [Autorun]
icon=xxx.ico လို့ရိုက်ပါ။ xxx တွင် အစောက ပြောင်းထားသော icon file name ကို အစားသွင်းရပါမည်။
၃။ File မှ Save ကိုနှိပ်ပါ။ သိမ်းမည့်နေရာကို Memory Stick ၏နေရာ ရွေးပေးပါ။ Subfolder ထဲ မသိမ်းပါနှင့်။
၎။ File name ကို autorun.inf လို့ ရိုက်ပြီး Save ကို နှိပ်ပါ။

ဒါဆိုပြီးသွားပါပြီ။ Memory Stick ကို ဖြုတ်ပါ။ Computer တွင် ပြန်တပ်ပါ။ My Computer ကိုဖွင့်ကြည့်လိုက်ပါဦး။

အိုင်တီမန်း

March 28, 2008

Website တစ်ခုကို Customize လုပ်ကြည့်ခြင်း

ဘာရယ်တော့မဟုတ်ပါဘူး။ အပျော်သဘောလေးအနေနဲ့ လုပ်ကြည့်ရအောင်။

ကျွန်တော်တို့တွေ Website တွေ၊ Blog တွေကြည့်ရင် ဒီအတိုင်းလိုက်ကြည့်နေရတာ ပျင်းစရာကောင်းတယ်ဗျာ။ အဲဒီ Website ဒါမှမဟုတ် Blog ကိုယ်ဖျက်ချင်တဲ့စာတွေ၊ ပုံတွေ လိုက်ဖျက်ကြည့်ရအောင်။ Google နဲ့ ကျွန်တော် နမူနာလုပ်ပြမယ်။

၁။ Browser ကို ဖွင့်ပြီး Address Bar မှာ www.google.com လို့ ရိုက်ပြီး Enter ခေါက်ပါ။
၂။ Done သွားရင် အဲဒီ Address Bar မှာပဲ အောက်မှာ ပြထားတဲ့ javascript code လေးကို copy ကူး၊ paste လုပ်ပြီး Enter ခေါက်လိုက်ပါ။
javascript: document.body.contentEditable= 'true'; document.designMode='on'; void 0
၃။ ဒါဆိုရင် Google စာမျက်နှာမှာ ရှိနေတဲ့ ပုံတွေ၊ စာတွေကို select လိုက်လုပ်ပြီး Delete key နှိပ် ဖျက်နိုင်ပါပြီ။ အောက်မှာ ကျွန်တော် Google Page မှာ ရှိနေတဲ့ စာတွေ၊ ပုံတွေကို ကျွန်တော်လိုက်ဖျက်ထားတယ်။ ကြည့်လိုက်ပါဦး။

March 27, 2008

Supper Hidden Folder

အရင် Windows 98 တွေကို ကိုင်တုန်းက Folder တွေ နာမည်ပေးတဲ့အခါ Alt key ကိုဖိထားပြီး 0255 လို့ရိုက်၊ Enter ခေါက်လိုက်ရင် Folder ဟာ နာမည်မပေါ်ပဲနဲ့ တည်ဆောက်လို့ရသွားပါတယ်။ windows xp စပေါ်တော့ အဲဒီလို စမ်းကြည့်သေးတယ်။ မရဘူး။ သြော် မရလို့ပဲနေမှာဆိုပြီး ပစ်ထားလိုက်တယ်။ ဟိုတလောက MetaCafe ကြည့်တော့မှ 0255 လို့ မရိုက်ဘဲ 255 ရိုက်ရင် ရတယ်ဆိုတာသိသွားတယ်။ အဲဒီနည်းလမ်းလေးကို သုံးပြီး Folder တွေကို Program မသုံးဘဲ ဖျောက်နည်းလေးတစ်ခုကို တင်ပြလိုက်ပါတယ်။

၁။ ပထမဆုံး Folder အသစ်တစ်ခု ဖန်တီးပါ။ Folder အမည်ပေးတဲ့အချိန်မှာ Alt ကိုဖိထားပြီး Numeric Keypad ကနေ 255 လို့ ရိုက်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Folder နာမည်မပေါ်ပဲ Folder တစ်ခုဖန်တီးပြီးသား ဖြစ်သွားပါပြီ။

၂။ ပြီးရင် Folder ပေါ် Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Customize Tab ကိုဆက်နှိပ်ပါ။

၃။ Change Icon button ကိုနှိပ်ပါ။

၎။ Icon ပုံလေးတွေ ရွေးတဲ့အခါကျရင် blank icon ကိုရွေးပေးပါ။ အောက်ပါပြထားတဲ့ပုံအတိုင်းလိုပေါ့။


၅။ OK နှိပ်ပါ။ OK ထပ်နှိပ်ပါ။ ပြီးရင် ကိုယ့် Folder လေးကို ကြည့်လိုက်ပါဦး။ အောက်ကပုံလေးလို ဖြစ်သွားပါပြီ။

ပုံမှာ ပေါ်နေတဲ့ အပြာရောင်တုံးလေးက Folder ပေါ် တစ်ချက်နှိပ်ထားလို့။ နိုမို့ဆို ဘာမှမမြင်ရဘူး။ နောက်တစ်ခါ ဖွင့်ချင်ရင် Folder ရှိမဲ့နေရာကိုသာမှန်းပြီး Double click နှိပ် ဖွင့်နိုင်ပါပြီ။ တစ်ခုသတိပြုရမှာက အဲဒီ Folder လေးကို ကြိုက်တဲ့နေရာမှာ ထားနိုင်ဖို့ Folder Windows ရဲ့ လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး Arrang Icons By> Auto Arrange အမှန်ခြစ်ကို ဖြုတ်ထားလိုက်ပါ။

အိုင်တီမန်း

March 24, 2008

Happy Birthday Virus နှင့်တစ်ညတာ

Post From nyinyithanlwin.blogspot.com
ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ဒီဗိုင်းရပ်စ် ဒုက္ခပေးတာနဲ့ အိပ်ချိန်တွေ အတော်လေး အခိုးခံလိုက်ရတယ်။ တော်သေးတာပေါ့.. သောကြာနေ့က Good Friday ဆိုတော့ စင်္ကာပူမှာ ရုံးပိတ်ရက်ဖြစ်နေပေလို့။ မဟုတ်ရင် ခွင့်ယူနေရဦးမယ်။ ဖြစ်ပုံက ဒီလို... အဲဒီနေ့ညက ဘောလုံးကန်နေတုန်း (စကားချပ်။ ညကြီးမင်းကြီး ချွေးသံတရွှဲရွှဲနှင့် ဘောလုံးကန်နေခြင်းမဟုတ်ပါ။ FIFA 2008 ဂိမ်းဆော့နေခြင်း ဖြစ်သည်။ ) မောက်စ် ဘယ်နား ရွှေ့ရွှေ့ Happy Birthday ဆိုတဲ့ စာတန်းလေးက ပေါ်ပေါ်လာတာကို သတိထားမိတယ်။ နေပါဦး.. အဲဒါက ဘာဖြစ်တာလဲပေါ့။ စဉ်းစားရင်းနဲ့ တလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရတာကို သတိရမိသွားတယ်။ မြန်မာနိုင်ငံရှိ ကွန်ပျူတာ တချို့တွင် ဟက်ပီးဘက်ဒေးဗိုင်းရပ်စ်များ ၀င်နေတယ် ဆိုလား။ သေပြီဆရာ.. ။ ဒါဆို ကျွန်တော့် စက်ထဲ ဒီအကောင် ရောက်နေပြီပေါ့။ ဂိမ်းဆော့ရတာ အရှိန်ကို ပျက်တယ်။ သိမ်းစရာရှိတာလေး သိမ်းဆည်းပြီး ဂိမ်းဆော့တာရပ်... ဂူဂယ်လ်ကို အကူအညီတောင်း .. ဒီအကောင်ကို မောင်းထုတ်ဖို့ ပြင်ရတယ်။ ဖတ်ကြည့်တော့မှ ဒီအကောင်ရဲ့ ဒုက္ခပေးပုံတွေကို တွေ့လာတယ်။ NT Loader တွေ system command တွေကို ဖျက်ပစ်တယ်ဆိုပဲ။ NT Loader ကို ဖျက်လိုက်ရင် ၀င်းဒိုးမတတ်တော့ဘူးလေ။ ဒီတော့ ဒီအကောင်ကို မောင်းထုတ်ဖို့ Safe Mode ထဲ ၀င်မယ်ဆိုပြီး စက်ကို restart လဲ လုပ်ရော.. "NTLDR is missing.. Windows cannot start" တဲ့။ သွားပြီ.. ၀င်းဒိုး မတက်လာတော့ဘူး။

ကွန်ပျူတာက BIOS Setup မှာ Boot Sequence ဆိုတာ ရှိတယ်။ အဲဒါက ခပ်လွယ်လွယ်ပြောရရင် စီဒီကို အရင်ဖတ်မလား Hard Disk Drive ကို အရင်ဖတ်မလားဆိုပြီး ညွှန်ကြားချက်ပေးထားရတာပါ။ NT Loader ကို ၀င်းဒိုးစီဒီထဲကနေ စက်ထဲ ပြန်ကူးထည့်ဖို့အတွက် စီဒီကို အရင် Boot လုပ်ဖို့ ၀င်ပြင်မယ်ဆိုပြီး BIOS ထဲဝင်ဖို့ ကြိုးစားပါတယ်။ F2 ကို နှိပ်ပါဆိုတော့ နှိပ်လိုက်တာနဲ့ login screen က ရုတ်တရက် ပေါ်လာတယ်။ ဆိုင်ကနေ မ၀ယ်ခင်တုန်းက BIOS password ကို ဘယ်သကောင့်သား လက်ဆော့ပြီး လျှောက်ထည့်ထားမှန်း မသိပါဘူး။ ကဲ.. တစ်ပူပေါ် နှစ်ပူဆင့်ပြီ။ ဗိုင်းရပ်စ်ကို မောင်းရမှာ တစ်လုပ်။ BIOS ထဲ ၀င်ဖို့ လုပ်ရမှာက
တစ်လုပ်ဖြစ်နေပြီ။ အကောင်းပကတိရှိတဲ့ နောက်စက်တစ်လုံးကနေ ဂူဂယ်လ်ကို အပူကပ်ရပြန်ပြီပေါ့။ သူက ကျွန်တော့်မှာ ရှိတဲ့ BIOS အမျိုးအစားမှာ ပေးလေ့ပေးထရှိတဲ့ default password တွေကို ရှာပေးတယ်။ အဲဒါတွေနဲ့ ကြိုးစားဝင်လည်း မရပါဘူး။ ၀ရန်တီကျန်သေးလား မကျန်သေးဘူးလား မသိ။ ဆိုင်ကို ပြန်ပို့ ရရင်လည်း ကြာဦးမယ်။ အလုပ်လည်း ရှုပ်တယ်။ ဘာလုပ်မလဲ.. ဘယ်လိုကျော်ဝင်မလဲဆိုတဲ့ နည်းကို အသည်းအသန်လိုက်ရှာတော့ BIOS Reset လုပ်လို့ ရတယ်ဆိုတဲ့ နည်းကို သွားတွေ့တယ်။ မဆိုးဘူး။ အဲဒီ နည်းကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆယ်တန်းအောင်ကာစက ကွန်ပျူတာသင်တန်းမှာ ဆရာသင်ပေးတုန်းကတော့ တစ်ခါနှစ်ခါ လုပ်ဖူးတယ်။ အဲဒီတုန်းကတော့ Desktop PC ပါ။ အဲဒီတုန်းကတော့ CMOS ဘက်ထရီကို ဖြုတ်။ မီး အဖွင့်အပိတ်လုပ်ပြီး CMOS ဘက်ထရီပြန်တပ်တာနဲ့ BIOS password reset လုပ်ပြီးသားပဲ။ အခုက Laptop ကို လုပ်ရမှာ ဆိုတော့ လုပ်ရမှာ နည်းနည်း လက်တွန့်တယ်။ ၀ယ်ကတည်းက ခုထိ တစ်ခါဆို တစ်ခါမှတောင် ဖွင့်ဖူးတာ မဟုတ်ဘူးလေ။ မထူးပါဘူး။ စက်ကိုဖွင့်ကြည့်ပြီး လုပ်မှကို ဖြစ်တော့မှာဆိုပြီး ရင်တမမနဲ့ ဖွင့်လိုက်တယ်။ ကဲ.. တွေ့ပြီ။ အခုက CMOS ဘက်ထရီကို ဆွဲဖြုတ်လို့ မရဘူး။ တိပ်တွေနဲ့
ပတ်ထားတယ်။ BIOS Connector လို့ ခေါ်တဲ့ CMOS Battery ကို ဆက်ထားတဲ့ ကွန်နက်တာ တစ်ခုကို ဖြုတ်ပြီး ပြန်တပ်ရမယ်လို့ ဂူဂယ်လ်က ပြောထားတော့ သူပြောတဲ့အတိုင်း လုပ်ကြည့်လိုက်တယ်။ ပြီးတော့ စက်ကို restart ပြန်လုပ်တယ်။ မရဘူး.. password တောင်းနေတုန်းပဲ။ ဘာလုပ်ကြည့်ရင် ကောင်းမလဲ။ ဆားဗစ်ပလပ်စ်က ညီတစ်ယောက်ကို ဂျီတော့ခ်မှာ တွေ့တာနဲ့ BIOS ထဲ ဘယ်လိုကျော်ဝင်ရမလဲ မေးကြည့်လိုက်သေးတယ်။ သူက default BIOS password တွေ ရှာပေးပြန်တယ်။ အားလုံး ကြိုးစားပြီးပြီ။ မရဘူးလို့ ပြန်ပြောလိုက်ရတယ်။ ဂူဂယ်လ်ကို မွှေနှောက်ကြည့်ရင်း ဖိုရမ်တစ်ခုမှာ BIOS connector ကို ခဏ ဖြုတ်ရုံနဲ့ မရဘူး။ မိနစ် နှစ်ဆယ်လောက်မှ ရတယ်ဆိုလို့ စမ်းကြည့်ဦးမှပဲဆိုပြီး ပြန်စမ်းကြည့်တယ်။ ၅မိနစ်.. ၁၀ မိနစ်.. ၁၅မိနစ်... ဟာ .. စိတ်မရှည်တော့ဘူး.. ၁၅ မိနစ်လောက်ဆို ရကောင်းပါရဲ့ ဆိုပြီး BIOS connector ကို ပြန်တပ်။ စက်ကို ပြန်ဖွင့်ကြည့်လိုက်တော့ အိုကေသွားပြီ။ တစ်ရန်တော့ ငြိမ်းပြီ။ ဘာအတားအဆီးမှ မရှိတော့။ တယ်ဟုတ်ပါလား။ မြန်မာပြည်က deadlock တွေကို အဲဒီလိုသာ ရှင်းလို့ရရင် လွှတ်ကောင်းပဲဗျာ။

BIOS Setup ထဲ ၀င်လို့ ရသွားပြီဆိုတော့ Boot Sequence ကို စီဒီကနေ Boot လုပ်ဖို့ ပြင်လိုက်တယ်။ ပြီးတော့ ၀င်းဒိုး စီဒီလေးထည့်ပြီး Boot လုပ်တယ်။ ပြီးတော့ Repair Mode ထဲ ၀င်လိုက်တယ်။ Administrator password လာတောင်းတယ်။ ဘာမှ မထည့်ဘဲ Enter နှိပ်လိုက်တော့ ၀င်သွားတာပါပဲ။ (စကားချပ်။ အိမ်သုံးကွန်ပျူတာအတော်များများမှာ administrator password ပေးထားလေ့ မရှိကြဘူး။) အဲဒီမှာ DOS Prompt ပေါ်လာပြီ။ ဒီ Command ("copy D:\i386\ntldr C:\") ပေးပြီး NT Loader ကို ကူးခိုင်းလိုက်တယ်။ စီဒီကို ထုတ်.. စက်ကို restart လုပ်လိုက်တော့ Windows is loading ဆိုတာကို စိတ်ချမ်းသာစရာ တွေ့ရတော့တာပဲ။ ကဲ.. ၀င်းဒိုးထဲ
ပြန်ရောက်ပြီဆိုတာနဲ့ ဗိုင်းရပ်စ်အစုတ်အပြတ်ကို မောင်းထုတ်ဖို့ ပြင်ရပြန်ရော။ CTRL-ALT-DEL ကို နှိပ်ပြီး process ဆိုတဲ့ အထဲကို ၀င်ကြည့်လိုက်တာနဲ့ ဒီဗိုင်းရပ်စ် ၀င်နေခြင်းရဲ့ သင်္ကေတဖြစ်တဲ့ "explorcr.exe" ဆိုတာကို တွေ့တော့တာပဲ။ အဲဒါကို ချက်ချင်း End process လုပ်ပစ်လိုက်တယ်။ system command တွေကို ဖြတ်ပစ်လိုက်တဲ့အတွက် Registry ထဲ ၀င်ကြည့်ဖို့ ကြိုးစားတဲ့အခါ ၀င်လို့ မရတော့ဘူး။ အဲဒါကို ဖြေရှင်းဖို့ Nod32 ဆိုတဲ့ registry recovery tool တစ်ခုကို ဒီကနေ
ဒေါင်းလုပ် လုပ်လိုက်တယ်။ .Compress ဖိုင်ကို .zip လို့ နာမည်ပြောင်းပြီးတော့ Unzip လုပ်.. .exc လို့ ပေးထားတဲ့ ဖိုင်ကို ... .exe လို့ နာမည်ပြောင်း လုပ်.. အဲဒီ ပရိုဂရမ်လေးကို သွင်းလိုက်တော့မှ Registry ထဲ ၀င်လို့ ထွက်လို့ ရသွားတယ်။ ဗိုင်းရပ်စ်မောင်းထုတ်ခြင်း လမ်းပြမြေပုံအရကတော့ အတော့်ကို ခရီးရောက်နေပါပြီ။

My Computer ကို Right Click နှိပ်ပြီး Properties ထဲကို ၀င်လိုက်တယ်။ အဲဒီမှာ "System Restore" ဆိုတဲ့ Tab ထဲကို ၀င်တယ်။ Turn off system restore on all drives ဆိုတာကို ရွေးလိုက်တယ်။ မဟုတ်ရင် ကိုယ်က ဗိုင်းရပ်စ်ကို မောင်းထုတ်လိုက်လည်း သူ့ဟာသူ restore လုပ်ပြီး ပြန်ပြန်ဝင်နေရော။ ကဲ.. ကာကွယ်ရေး လုပ်ငန်းစဉ်တွေ အားလုံး ပြီးသွားတဲ့အချိန်မှာ တိုက်ခိုက်ရေးလုပ်ငန်းစဉ်အရ စက်ကို restart လုပ်တယ်။ BIOS Checking ပြီးတာနဲ့ ၀င်းဒိုးမတက်လာခင် F8 ကို နှိပ်လိုက်တဲ့အခါ options တွေ တက်လာတယ်။ အဲဒီထဲကနေ Safe Mode ဆိုတာကို ရွေးလိုက်တဲ့အခါ Safe Mode ထဲကို ရောက်သွားပါတယ်။ ဒီဗိုင်းရပ်စ် ခွေးပြေးဝက်ပြေး ပြေးဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ စောစောက လုပ်ခဲ့သလိုပဲ CTRL-ALT-DEL ကို နှိပ်ပြီး process ဆိုတဲ့ အထဲကို ၀င်ကြည့်လိုက်တာနဲ့ ဒီဗိုင်းရပ်စ်
ဝင်နေခြင်းရဲ့ သင်္ကေတဖြစ်တဲ့ "explorcr.exe" ဆိုတာကို တွေ့နေပါသေးတယ်။ အဲဒါနဲ့ End process လုပ်လိုက်ပါတယ်။ ပြီးတော့ C:\Windows\system32 အောက်မှာ ရှိတဲ့ explorcr.exe ဆိုတဲ့ ဖိုင်ကို ရှာပြီး ဖျက်ပစ်လိုက်တယ်။ Registry ထဲ ၀င်ပြီး Search မှာ explorcr.exe ဆိုတာကို ရိုက်ထည့်ကာ ရှာလို့ တွေ့သမျှ Key တွေကိုလည်း ဖျက်ပစ်လိုက်ပါတယ်။ အားလုံးရှင်းပြီဆိုရင်တော့ ကိစ္စငြိမ်းပါပြီ။ စက်ကို restart လုပ်ကြည့်ပြီး ၀င်းဒိုးတက်လာပြီဆိုတာနဲ့ CTRL-ALT-DEL ကို နှိပ်ကြည့်ပြီး နောက်ကွယ်မှာ Run နေတဲ့ process တွေထဲမှာ "explorcr.exe" ဆိုတဲ့ "explorer.exe" ကို ပုံမှား ရိုက်ထားတဲ့ ဖိုင်မရှိတော့ဘူး ဆိုရင် ဒီဗိုင်းရပ်စ်ကိစ္စတုံးပါပြီ။

ကျွန်တော့်သူငယ်ချင်း ကိုဖြိုးကတော့ သူ့စက်မှာ ဒီဗိုင်းရပ်စ်ဝင်တုန်းက စက်ကို တခါတည်း format ချပြီး ၀င်းဒိုး ပြန်သွင်းလိုက်ပါတယ် တဲ့.. ဟဲဟဲ.. ကျွန်တော့်လို အပင်ပန်း မခံလိုသူတွေကတော့ ကိုဖြိုးရဲ့ နည်းအတိုင်း အလျင်အမြန်ဆောင်ရွက်နိုင်ပါတယ်။ ကိုယ့်သဘောနှင့်ကိုယ် format ချပြီး ၀င်းဒိုးပြန်သွင်းသည့်အခါတွင် ပျက်သွားမည့် ဖိုင်များအတွက်တော့ ဖျက်သူ မိမိကိုယ်တိုင်တွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။

Good Friday အကြိုရောက်လာတဲ့ ဗိုင်းရပ်စ်ကို တစ်ခါတည်း မေတ္တာပို့ပြီး Goodbye လုပ်လိုက်ပါတယ်..။

မြင်အပ် မမြင်အပ် အရပ်ရပ်မှဝင်လာ ဗိုင်းရပ်စ်သတ္တ၀ါ ကင်းကွာရန်ဘေး ရှင်းကြပါစေ.. ။

Trial Program တွေကို အမြဲသုံးလို့ရအောင်

ကျွန်တော်တို့တွေ Program တွေသုံးတဲ့အခါ Trail Version တွေကို အများအားဖြင့် သုံးကြရပါတယ်။ Trial ကာလ ၁ လ ပေးတာတို့ ၊ ၁၀ ရက် ပေးတာတို့မျိုးပေါ့။ ၁၀ ရက် Trial version ဆိုရင် ၁၀ ရက်ပြည့်တဲ့အခါ Your Trial Version is Expire ဆိုပြီး သုံးမရတော့ဘူးလေ။ အဲဒီလို Expire မဖြစ်ရအောင် လုပ်နည်းလေးပါ။ အရင်တုန်းကတော့ program expire မဖြစ်ခင် computer date ကို ရှေ့ပြန်တိုးပေးလိုက်ရင် အဆင်ပြေသွားပါတယ်။ အခုတော့ RunAsDate ဆိုတဲ့ Program လေးကို တွေ့လိုက်ပါတယ်။ ဥပမာ- Program တစ်ခုကို ၂၀၀၈ ၁ လပိုင်း ၁ ရက်နေ့မှာ install လုပ်မယ်၊ သူ့ရဲ့ Trial ကာလက ၁၀ရက်ပေးတယ်ဆိုရင် အဲဒီ Program ဟာ ၂၀၀၈ ၁ လပိုင်း ၁၁ ရက်နေ့ရောက်ရင် သုံးရမှာမဟုတ်တော့ပါဘူး။ ဒါကြောင့် အဲဒီ Trial Program ကို RunAsDate ဆိုတဲ့ Program ကနေတစ်ဆင့် ၂၀၀၈ ၁လပိုင်း ၁ရက်နေ့အနေနဲ့ပဲ အမြဲ run ခိုင်းပြီး သုံးမယ်ဆိုရင် ဘယ်တော့မှ expire ဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ့်အသုံးဝင်တဲ့နည်းလေးမို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

RunAsDate Program အတွက် Download Link ကတော့
http://zawthureintun.googlepages.com/runasdate.zip ဖြစ်ပါတယ်။

March 22, 2008

System Information အသေးစိတ်ကြည့်ခြင်း

computer တစ်လုံးမှာတပ်ဆင်ထားတဲ့ hardware item တွေအားလုံးရဲ့ detail information ကြည့်ချင်ရင်၊ Hotfix ဘယ်လောက်ထည့်ထားသလဲ၊ Page file size ဘယ်လောက်ရှိသလဲ၊ ကွန်ပျူတာကိုဖွင့်ထားတာ အချိန်ဘယ်လောက်ကြာပြီလဲ၊ IP Address ကဘယ်လောက်လဲစသည်ဖြင့် အချက်အလက်များ အားလုံးကို အမြန်ကြည့်နည်းလေးကို မျှဝေလိုက်ပါတယ်။
အောက်ပါအတိုင်းလုပ်ဆောင်ပါ။
၁။ Start>Run ကိုသွားပါ။
၂။ cmd ဟုရိုကဟုရိုက်ပြီး Enter ခေါက်ပါ။ (cmd သည် command prompt ၏အတိုကောက်ဖြစ်ပါသည်)
၃။ Command Prompt window ပွင့်လာသောအခါတွင် systeminfo ဟုရိုက်ပြီး Enter ခေါက်ပါ။
၎။ ထိုအခါ သင့်ကွန်ပျူတာ၏ အသေးစိတ်အချက်အလက်များ ကျလာပါလိမ့်မည်။
၅။ cmd မှထွက်ရန်အတွက် exit ဟု ရိုက်ပြီး Enter ခေါက်ပါ။

အင်တာနက်သုံးတာ မြန်အောင်လုပ်နည်းများ (၂)

အင်တာနက်ကြည့်တယ်ဆိုတာ တကယ်တော့ server များနဲ့ သွားချိတ်တာပါပဲ။ Google Website ကိုကြည့်တဲ့အခါ Computer က Google ရဲ့ Web Server နဲ့ connect လှမ်းလုပ်တာလေ။ ဆိုပါစို့ ကျွန်တော်တို့ဟာ တပြိုင်နက်တည်း server တွေအများကြီးနဲ့ ချိတ်ဆတ်မှုလုပ်ရင် (Website တွေအများကြီး တပြိုင်နက်တည်း ဖွင့်လိုက်ရင်) connection နှေးသွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ windows ရဲ့ ပုံသေသတ်မှတ်ချက်မှာ အဲဒီလို တစ်ပြိုင်နက်တည်း server တွေအများကြီး ချိတ်ဆတ်တာကို ခွင့်မပြုပါဘူး။ ဒါကြောင့် Registry ထဲမှာ တစ်ပြိုင်နက်တည်း server ၁၀ လုံးလောက်ထိ ချိတ်ဆက်ခွင့်ပြုပါလို့ သွားပြောထားလိုက်ရင် အင်တာနက်သုံးရတာ ပိုမြန်လာပါလိမ့်မယ်။

အောက်မှာ ပေးထားတဲ့ Registry File လေးကိုပဲ Download လုပ်ပြီး သင့်ကွန်ပျူတာမှာ Double Click နှိပ်ပြီးဖွင့်ပါ။ Dialog Box တစ်ခုပေါ်လာရင် Yes ကိုနှိပ်ပါ။ ပြီးရင် OK ကိုနှိပ်ပါ။ နောက်ပြီးရင် ကွန်ပျူတာကို restart လုပ်ပါ။ အင်တာနက်သုံးကြည့်ပါ။
http://zawthureintun.googlepages.com/speed_up_internet.reg

March 20, 2008

Blogger များ Web Developer များအတွက် Google Analytics

ကိုယ့် blog ကို ဒီနေ့လူဘယ်နှစ်ယောက်ဝင်ကြည့်သလဲ။ လူသစ်က ဘယ်လောက်လဲ။ လူဟောင်းက ဘယ်နှစ်ယောက်ပြန်လာသလဲ။ သူတို့တွေက ဘယ်နိုင်ငံကလဲ။ ဘယ်အကြောင်းအရာကို ဖတ်သွားကြတာလဲ။ သူတို့က ဘယ်ကနေလာတာလဲ။ search engine ကလား၊ တခြား website ကလား၊ တခြား website ကလာတာဆိုရင် ကိုယ့် site လေးကို ညွှန်းပေးတာ ဘယ် website လဲ။ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ ကိုယ့် blog လေးကို လူကြည့်များသလဲ။ သူတို့တွေ အချိန်ဘယ်လောက်ကြာကြာ ကြည့်တတ်သလဲ။
အဲဒီ မေးခွန်းလေးတွေရဲ့ အဖြေကို သိချင်တဲ့ blogger များ www.google.com/analytics ကို အမြန်သွားပြီး သုံးကြည့်လိုက်ပါတော့။ Free နော် Free ။
အကူအညီလိုရင် email ပို့နိုင်ပါကြောင်း ထပ်လောင်းပြောလိုက်ဦးမယ်။

ကြိုးစားလိုက်ရအောင်

စာဖတ်သူတွေကို ဟိုဆော့ဖ်ဝဲကောင်းတယ်၊ ဒီဝက်ဆိုက်ကောင်းတယ် စသည်ဖြင့် သိပ်မညွှန်းချင်ဘူးဗျ။ ဘာကြောင့်လို့ဆိုတော့ ကောင်းတဲ့ program တွေကလည်း အများကြီး၊ ကောင်းတဲ့ Website တွေကလည်း အများကြီး။ လိုက်သုံးလို့ ဆုံးမှာမဟုတ်တော့ဘူး။ ပြီးတော့ အဲဒါတွေ လိုက်သုံး၊ လိုက်ကြည့်နေရင် ကိုယ်က user အဆင့်က တတ်မှာမဟုတ်တော့ဘူး။ (တကယ်အကျိုးရှိမဲ့အရာတွေကိုတော့ ကျွန်တော်ညွှန်းပါသည်) ကျွန်တော်တို့တွေ normal user၊ advanvced user အဆင့်နဲ့တင် တန့်နေလို့ မဖြစ်ဘူး။ developer တွေဖြစ်အောင် ကြိုးစားရမှာ။ သူများတွေ (နိုင်ငံခြားကလူတွေ) ဖန်တီးထားတာကို အားကျနေမဲ့အစား ငါတို့လည်း သူတို့လို ဘာကြောင့်မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကလေးထားပြီး ကြိုးစားသင့်တယ်လို့ ကျွန်တော်မြင်တာပဲ။ ဟိုစပ်စပ်၊ ဒီစပ်စပ်လုပ်မနေပဲ တစ်လိုင်းလိုင်းကိုပဲ အပြင်းအထန်လိုက်၊ ကြိုးစား လေ့လာနေရမှာ။ ကွန်ပျူတာနဲ့ပတ်သတ်တာတွေက အကုန်လုံး စိတ်ဝင်စားစရာတွေချည်းပဲမဟုတ်လား။ အဲဒါပဲ..အကုန်လုံးက စိတ်ဝင်စားစရာကောင်းပေမဲ့ အကုန်လိုက်ပြီး မလေ့လာပါနဲ့။ ဆုံးမှာမဟုတ်ဘူး..လုံးဝဆုံးမှာမဟုတ်ဘူး။ တစ်ခုတည်းကိုပဲ ရွေးပါ။ networking လား၊ programming လား၊ database လား၊ web လား..ကိုယ်ဘာကိုစိတ်ဝင်စားသလဲ၊ ဘယ်ဟာကိုရွေးရင် ဖြစ်ထွန်းနိုင်သလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးပါ။ ပြီးရင် စလုပ်လိုက်ပါတော့။

March 18, 2008

Software များကို Crack လုပ်နည်းမျိုးစုံ

(၁) Serial Number Cracking
တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။ အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

(၂) Activation Cracking
Serial Key က ပြန့်သွားနိုင်တယ်၊ ဒါကြောင့် Acivation ထပ်လုပ်ရမယ်ဆိုပြီး Software company တွေက ကြိုးစားပြန်ပါတယ်။ Activation ဆိုတာက ကျွန်တော်တို့ရဲ့ Serial Key ကို အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။ သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှ ကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊ အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ် အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာ အင်တာနက်မရှိတဲ့သူတွေအတွက် ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။ အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။ ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။ တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။ Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊ Generate Activation Code ကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။ Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။

(၃) Executable File & Others File Adding Cracking
တစ်ချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation လည်းမတောင်းပါ။ ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။ အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။ ထိုကဲ့သို့ software မျိုးဆိုလျှင် Exe file replace လုပ်ခြင်းဖြင့် Crack လုပ်ရပါသည်။ ဥပမာပြရလျှင် Photoshop CS3 ဆိုလျှင် ထိုကဲ့သို့လုပ်ရပါသည်။ Installer CD အတွင်းရှိ Crack Folder ထဲတွင်ရှိသော Photoshop.exe File ကို Copy ကူးပြီး C:\Program Files\Adobe\Photoshop CS3 Folder ထဲသို့ Replace လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်ပါသည်။

(၄) Registration File Cracking
တစ်ချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိပါသည်။ ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်ပါသည်။ Kaspersky ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရပါသည်။ တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိပါသည်။ ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို Crack လုပ်ရန် ထို License key ကို အင်တာနက်ထဲရှာရပါသည်။ တွေ့တဲ့အခါမှာ ကောက်ထည့်။ ပြီးတော့မှ Automatic Updates ကို disable လုပ်ရပါသည်။ မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ ကိုယ့် Kaspersky ရဲ့ License Key ကို လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း သိသွားနိုင်ပါသည်။


Crack လုပ်ခြင်း၏ အကျိုးရလဒ်များ
Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရသည်တော့မှန်ပါသည်။ သို့သော်လည်း ထို Crack File များတွင် Virus များ၊ Spyware များ ပါလာလေ့ရှိပါသည်။ ထို့ကြောင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်ပါသည်။

Copyright ကို မထောက်ခံပါ

Copyright တွေကိုတော့ အားနာပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ အခုထက်ထိ Copyright law မရှိသေးတော့ Priate Software တွေကို အားရပါ;ရ သုံးကောင်းနေတုန်းပဲရှိပါသေးတယ်။ ဒေါ်လာ ၂၉၉ ဒေါ်လာတန်တဲ့ Windows Vista ကိုလည်း မြန်မာငွေ ၁၀၀၀ လောက်နဲ့ရ၊ Photoshop CS3 ဆိုလည်း နိုင်ငံခြားကလူတွေတောင် သုံးနိုင်ဦးမယ်မထင်သေးဘူး၊ ကျွန်တော်တို့က သုံးနိုင်နေပြီ။ ဒီကြားထဲ ဒီ software လေးကောင်းတယ်ကွ၊ ယူသွားပါလားဆိုပြီး share သမားတွေလည်း အများကြီး။ အဲဒါကြောင့်ပြောတာ။ မြန်မာပြည်ဟာ ကွန်ပျူတာသမားတွေအတွက် အကောင်းဆုံးနိုင်ငံပါဆို။ တကယ်ပြောတာပါ။ ကျွန်တော်တို့မှာ ငွေအနည်းငယ်နဲ့ ဒေါ်လာရာပေါင်းများစွာတန်တဲ့ software တွေကိုသုံးနိုင်တယ်။ Ebook တွေလည်း ဖတ်စမ်းပါလိမ့်။ နည်းပညာစာအုပ်တွေကိုလည်း re-print တွေလုပ်ကြ၊ ဈေးချိုချိုနဲ့ရောင်းကြ။ ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ တချို့က မြန်မာပြည် copyright မရှိဘူး ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောနေကြတာ။ တကယ်တမ်းသာ copyright law ရှိကြည့်ပါလား။ ကျွန်တော်တို့ရဲ့ လက်ရှိဝင်ငွေလေးတွေနဲ့ အခု သုံးနေတဲ့ Software တွေကို အနားတောင်သီနိုင်မှာမဟုတ်ဘူး။ copyright သမားများခင်ဗျား..လောလောဆယ် မြန်မာပြည်သူတွေရဲ့ တစ်ယောက်ချင်းစီ ပျှမ်းမျှဝင်ငွေကို လေ့လာတွက်ချက်ပြီးမှ copyright အကြောင်း ပြောပါခင်ဗျား။

ဘန်းထားသော ဘလော့ခ်များကိုကြည့်နည်။

ခင်ဗျားရဲ့ ဘလော့ခ်လေးအပိတ်ခံရရင် ကြည့်လို့ရအောင်လုပ်တဲ့နည်းလေးပါ။ Google Reader ကို အသုံးပြုရမှာ။ Google Reader ထဲကိုဝင်၊ ကိုယ့် ဘလော့ခ်ကို subscribe လုပ်ပါ။ ပြီးတော့ Folder တစ်ခုဆောက်ပြီး အဲဒါကို share ပေးလိုက်ပါ။ Google Reader က share link လေးထုတ်ပါလိမ့်မယ်။ ဒီ blog လေးကို ကျော်ခွပြီး ၀င်နေရသူများ အောက်ပါ link ဖြင့် update များကို အမြဲတမ်းကြည့်နိုင်ပါပြီ။
http://www.google.com/reader/shared/user/09660511293674232366
/label/Diary%20of%20IT%20Men

ထို link သည် Google Reader မှ ထုတ်ပေးသော link ဖြစ်ပါသည်။
မှတ်ချက်။ ဘလော့ခ်ပိုင်ရှင်များ အထက်ပါနည်းအတိုင်းလုပ်ကြည့်ပါ။ အဆင်မပြေမှုများရှိပါက email ပို့ကြပါကုန်။

March 17, 2008

Gtalk Profile

Gtalk Profile Website ဟာ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ Gtalk အသုံးပြုတဲ့သူတွေရဲ့ Profile တွေကို ရှာပေးနိုင်ပါတယ်။ Profile မှာ ကိုယ်ရေးအချက်အလက် အနည်းအကျဉ်းနဲ့ Email လိပ်စာ ပါဝင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Profile တစ်ခုကိုလဲ ဖန်တီးလို့ရပါတယ်။ Online မိတ်ဆွေ ပေါသထက် ပေါလိုသူများ ၀င်ရောက်ကြည့်ပါကုန်။
လိပ်စာက www.gtalkprofile.com ဖြစ်ပါတယ်။

Vista သုံးဖို့ရာ စောလွန်းပါသေးသည်

Windows Vista ပေါ်ထွက်လာသည်မှာ အတော်အတန်ကြာမြင့်လာပါပြီ။ ဒါပေမဲ့ ဘာကြောင့် အသုံးမများသေးတာလဲ။ သေချာသုံးသပ်ကြည့်လိုက်တော့ အားနည်းချက်တွေ ရှိသေးလို့ပဲဖြစ်ပါတယ်။

(၁) Upgrade လုပ်ရန်အတွက် Hardware ပိုင်း လိုအပ်ချက်မြင့်မားမှု
Windows Vista ကိုသုံးဖို့ရာ Memory ပမာဏ 1GB ရှိသင့်သည်ဟု Microsoft က အဆိုပြုထားပါသည်။ လောလောဆယ် သင့်ကွန်ပျူတာသည် Pentium 4 ကွန်ပျူတာတစ်လုံးဆိုပါက ထိုကွန်ပျူတာတွင်သုံးသော Memory အမျိုးအစားသည် DDR အမျိုးအစားဖြစ်ပါလိမ့်မည်။ အခုလက်ရှိတွင် DDR Memory များ ပျောက်ကွယ်သလောက်ရှိနေပြီး DDR2 Memory များသာ ဈေးကွက်ထဲရှိနေပါတော့သည်။ ထို့ကြောင့် DDR Memory ကို 1GB ပြည့်အောင် ဖြည့်ဖို့ရန်မူ လွယ်ကူသောအလုပ်မဟုတ်ပေ။ DDR Memory ကို ရတောင်မှ ဈေးနှုန်းကြီးမြင့်ပါလိမ့်မည်။ ကဲ..ဒါဖြင့် ဒီလောက်ရှားနေတဲ့ DDR Memory
မ၀ယ်ဘူးပေါ့။ လောလောဆယ် ဈေးကွက်ထဲရောင်းနေသော DDR2 Memory ကိုသာ ၀ယ်မည်ဆိုပါစို့။ ၀မ်းနည်းပါသည်။ Pentium 4 ကွန်ပျူတာများသည် DDR2 Memory ကို လက်မခံပါ။ ကဲ..ဒါဖြင့် လက်ခံအောင် ဘယ်လိုလုပ်မလဲ။ ဟုတ်ကဲ့..Motherboard အသစ်တစ်ခု ၀ယ်ရပါမည်။ ပို၍ ကံဆိုးသည်မှာ Pentium 4 CPU များတွင် ပါဝင်သော Pin အရေအတွက်သည် 478 ချောင်းဖြစ်ပြီး၊ ဈေးကွက်အတွင်း လက်ရှိရောင်းနေသော Motherboard များသည် 478 Pin CPU ကို support မလုပ်တော့ဘဲ 775 Pin ရှိသော CPU ကိုသာ တပ်ဆင်ရပါတော့သည်။ အတိုချုပ်ရသော် သင်သည် Pentium 4 ကွန်ပျူတာတစ်လုံးကို သုံးစွဲနေသူတစ်ယောက်ဖြစ်ပါက Windows Vista ကို သုံးရန်အတွက် DDR Memory 1GB ပြည့်အောင်ဖြည့်၊ မဖြည့်နိုင်လျှင်တော့ Motherboard လဲရမည်၊ Windows Vista ၏ Aero Glass Feature ကို ရရှိရန်အတွက် Graphic Card အကောင်းစား၊ Graphic Memory များများလိုအပ်သေးသည်။ လက်ရှိသုံးနေသော CPU ကြီး မြောင်းထဲပစ်ရမည်။ Power Supply ပါ အဆစ်ပါလိုက်ဦးမယ်ဗျား။

(၂) 64 Bit ဖြစ်နေတာကြောင့်ပါ

Windows Vista သည် 32bit နှင့် 64bit ဆိုပြီး နှစ်မျိုးလာသော်လည်း 64bit ကိုသုံးမှသာ Vista ၏စွမ်းပကားကို အပြည့်အ၀မြင်ရမည်ဖြစ်ပါသည်။ Operating System ကို 64 bit သုံးမည်ဆိုလျှင် Hardware များကလည်း 64bit ဖြစ်ရပါမည်။ Motherboard ကလည်း 64bit ၊ CPU ကလည်း 64 bit ဖြစ်ရပါမည်။ Pentium 4 CPU များသည် 32bit ဖြစ်ပြီး ယခုနောက်ပေါ် Pentium D CPU များကသာ 64bit ဖြစ်ပါသည်။ ထို့အပြင် Pentium 4 တပ်ထားသော Motherboard သည်လည်း 64bit မဖြစ်နိုင်ဘဲ 64bit Motherboard ထပ်မံဝယ်ယူရပါမည်။ လက်ရှိဈေးကွက်ထဲတွင် Vista Ready ဟု တံဆိပ်ကပ်ထားသော Motherboard များသည် 64bit ကို support လုပ်ပေးနိုင်ပါသည်။

(၃) 64bit ဖြစ်သော်လည်းပဲ

Vista ကို အရူးအမူးသုံးချင်၍ 64bit computer တစ်လုံးဝယ်ပြီး 64bit Windows Vista ကိုထည့်လိုက်ပြီဆိုပါစို့။ စောလွန်းပါသေးသည်။ 64bit Windows Vista ပေါ်တွင် run နိုင်သော 64bit program များအရေအတွက်မှာ လောလောဆယ် လက်ချိုးရေနိုင်သေးပါသည်။ 64bit တွေ မထွက်သေးလို့ 32bit Program တွေကိုပဲ Vista ပေါ်တင်မည် ဆိုပါစို့။ ဂီယာလေးချက်ပါသော ဆိုင်ကယ်ကြီးစီးပြီး ဂီယာနံပါတ်နှစ်နဲ့သာ မောင်းနေသလို ဖြစ်နေပါလိမ့်မည်။ Microsoft ကလည်း တော်တော်များများနှင့် ရန်ဖြစ်ထားပုံရပါသည်။ သူ့ 64 bit Vista အတွက် လက်ရှိထွက်နေသော 64bit Program များမှာ Microsoft ကသာ များပြီး အခြားကုမ္ပဏီများမှ မထုတ်ကြသေးပါ။ Adobe Photoshop တောင် 64 bit version မထုတ်သေးပါ။ Vista က ထပ်ပြီး ဂျီးများသည်မှာ လက်ရှိသုံးနေကြသော 32bit Program တောင်မှ တော်တော်များများတင်မရပါ။ အဓိကအားဖြင့် Hard disk နှင့်ပတ်သတ်သော Program များ၊ Antivirus Program များမှ Vista ပေါ်တွင် အလုပ်မလုပ်ပါ။ ထို့ကြောင့် 32bit ဖြစ်သော်လည်း Vista Compatiable ဖြစ်မှ Vista ပေါ်တွင် အဆင်ပြေပြေ run ပါလိမ့်မည်။ တလောကတော့ ထို Program Compatiable အပိုင်းကို ကိုင်တွယ်သော အရာရှိတစ်ယောက်ကို Program တော်တော်များများနှင့် Windows Vista အဆင်ပြေအောင် အလုပ်မလုပ်နိုင်ခြင်းကြောင့် အလုပ်ထုတ်လိုက်သည်ဟု ဖတ်လိုက်ရပါသည်။

(၄) Gamer တွေလည်း မသုံးကြသေးပါ

Windows Vista သည် Game များအတွက် အရေးကြီးသောနည်းပညာဖြစ်သည့် DirectX 10 ကို support လုပ်ပါသည်။ Windows XP တွင်မူ DirectX 9 ကိုသာ support လုပ်ပါသည်။ DirectX10 သည် DriectX9 ထက် Game များကို ရုပ်ထွက်အားပိုကောင်းစေပါသည်။ သို့သော်လည်း လက်ရှိ လူကြိုက်များသော Game များမှာ DirectX10 version အနေဖြင့် မထွက်သေးပါ။ ထို့ပြင် ထို Windows Vista ၏ DirectX10 ကို သုံးနိုင်ရန် မိမိကွန်ပျူတာတွင် DirectX10 ရသော Graphic Card စိုက်ရပါမည်။ လက်ရှိဈေးကွက်ထဲတွင်လည်း DirectX10 Graphic Card များသည် ဈေးနှုန်းကြီးမြင့် ၍ ရှားပါးနေဆဲဖြစ်ပါသည်။ ထို့ကြောင့်လည်း Gamer များအနေဖြင့် Vista ကို ကောင်းမှန်းသိတယ်၊ ဒါပေမဲ့ ပေါင်းမရသေးဘူး ဖြစ်နေပါသေးတယ်။

(၅) လှသော်လည်းပဲ အထိမခံမှု

Windows Vista သည် Interface အတော်လေးကို လှပသပ်ရပ်ပါသည်။ သို့သော်လည်း အထိမခံပါ။ ဆိုလိုသည်မှာ Protection ကောင်းလွန်းနေပါသည်။ Hard Disk ကို Defragment လုပ်သည်ကအစ မေးခွန်းနှစ်ခုလောက်မေးသည်ကိုဖြေပြီးမှ လုပ်နိုင်ပါလိမ့်မည်။ Vista ကို သုံးကြမည့်သူများအနေနှင့် ထိုကဲ့သို့ မေးခွန်းများကို လိုက်လံဖြေကြားရသည်မှာ အပိုအလုပ်တစ်ခုလို ဖြစ်နေပါသည်။ ထိုကဲ့သို့ မမေးရန် Vista တွင်
ပါဝင်သော UAC ကိုပိတ်ထားနိုင်သောလည်း မီးခံသေတ္တာရှိသောအခန်းကို သော့မခတ်ပဲ ပစ်ထားသည်နှင့် တူနေပါလိမ့်မည။်

(၆) ယခုအချိန်ထိလည်း မတည်ငြိမ်သေးပါ

Vista ထုတ်မည်ဟု ကြေငြာကတည်းက အားနည်းချက်များ မရှိသလောက်ဖြစ်မည်ဖြစ်ကြောင်း..စသည်ဖြင့် ပြောပြီးကာမှ ယခုမူ service pack 1 ဆိုပြီး ထပ်မံထုတ်ရပြန်သေးသည်။ ထို service pack 1 ဖြင့် Vista တည်ငြိမ်သွားပါမည်ဟု Microsoft လည်း အာမမခံနိုင်သေးပေ။

(၇) သာမန်userများအတွက် အသုံးပြုရသည်မှာ ရှုပ်ထွေးမှု

အပိုမဆလာတွေများလာခြင်း၊ သူတို့က လွယ်ကူစေအောင်လုပ်ပေးထားသည်များက ပို၍ခက်ခဲနေစေခြင်း စသည်တို့မှာ vista ကို စကိုင်မည့် သာမန် user များအတွက် ခေါင်းခဲစရာများပင်ဖြစ်သည်။ XP သုံးနည်း အလွတ်ကျတ်ထားသမျှ Vista တွင် အနည်းငယ်မျှသာ အကျုံးဝင်တော့မည်ဖြစ်သည်။ Vista ကို စသုံးသုံးချင်း ဘာတွေမှန်းလည်းမသိဘူး ရှုပ်ယှတ်ခတ်နေတာပဲဆိုပြီး စတင်မိတ်ဆက်ရပေလိမ့်မည်။

အခြား ပြောစရာအချက်များကျန်ရှိသေးသော်လည်း ဤမျှလောက်နှင့်ဆိုလျှင်ပင် Vista ကို သုံးဖို့ စောလွန်းသေးသည်ဆိုတာ သိသွားမည်ဟု ယူဆသဖြင့် ရပ်လိုက်ပါတော့မည်။

March 16, 2008

တွေ့လား Template အသစ်ပြင်ထားတယ်

ဒီဘလော့ခ်လေးရဲ့ Template အသစ်ပြောင်းလိုက်တာ တွေ့တယ်မလား။ ဘယ်လိုနေလဲ။ အကုန်လုံးကို ကိုယ့်ဘာသာကို dreamweaver နဲ့ အစအဆုံး လုပ်ထားတာပါ။ ဟဲ..ဟဲ own creating ပေါ့။ လေးငါးရက်အတွင်း ဒါမျိုး blogger template တစ်ခု ကိုယ့်ဘာသာကို ဘယ်လိုလုပ်ရမလဲဆိုတာကို ရေးပြီး တင်ပေးထားပါ့မယ်။ အခုတော့ ဒီ Template လေးမှာ လိုအပ်တာလေးတွေ ရှိနေသေးလို့ ထပ်ဖြည့်လိုက်ဦးမယ်။

March 14, 2008

Blog Post များကို Copy ကူးခြင်းကိစ္စ

တလောက ကွန်ပျူတာသမားတစ်ယောက်ရဲ့ ဘလော့ခ်ဖတ်ရင်း သူ့ရေးထားတဲ့ ပို့စ်တွေကို ကော်ပီကူးတာတွေတွေ့ရကြောင်း၊ တချို့ဆို သူ့ဘလော့ခ်ရဲ့ link တောင် မပါကြောင်း၊ အနည်းအကျဉ်းမှာ link ပါသော်လည်း သူ့ဆီက ခွင့်ပြုချက်တောင်းမထားကြောင်း ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောထားပါတယ်။ အဲဒီ ဘလော့ခ်လေး ဖတ်ပြီးလို့ တစ်ရက်နှစ်ရက်ပဲ ရှိပါသေးတယ်၊ ၁၁.၃.၀၇ ထုတ် အင်တာနက်ဂျာနယ်မှာ ကျွန်တော့်ရဲ့ ဒီဘလော့ခ်မှာရေးထားတဲ့ Firefox သုံးသူတွေ သတိထားရမယ့်အချက် ဆိုတာကို Mozilla Firefox သုံးသူတွေ သတိပြုရန်ဆိုပြီး ဆောင်းပါးတိုလေး ပါလာတာကိုတွေ့ရပါတယ်။ ကျွန်တော်ရေးထားတဲ့စာသားတွေကိုပဲ ပြန်ရေးပြီး နောက်မှာ ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားသည်လို့ ထည့်လိုက်ပါတယ်။ ကျွန်တော့်ဆီက ခွင့်ပြုချက်လည်း မတောင်းဘူး..ဗျဲ...၊
ကဲဗျာ..ကောင်းသလား။ ဟဲ..ဟဲ ကောင်းပါတယ်။ ကျွန်တော်ဘလော့ခ်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို မည်သူမဆို လွတ်လပ်စွာ ကိုးကား၊ ကူးယူ၊ ဖြန့်ချိ နိုင်ပါတယ်။ လူတွေ အသိပညာရစေချင်လို့ ရေးတာပါ။ ပြန်ကူးတဲ့သူတွေအနေနဲ့ ကျွန်တော့်နာမည် ထည့်ထည့် မထည့်ထည့် ခွင့်ပြုချက်တောင်းတောင်း မတောင်းတောင်း အရေးမကြီးပါဘူးခင်ဗျား...
တစ်ခုတော့သတိပြုပါဦး။ ကျွန်တော့်ရဲ့ ဒီဘလော့ခ်မှာ ရေးထားတဲ့ တချို့အကြောင်းအရာတွေက တခြားblog တွေဆီကနေ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ Post From.... ဆိုပြီး link ထည့်ထားတဲ့ post တွေကို ပြောတာပါ။ အဲဒါတွေကို copy လုပ်ရမရကတော့ ကျွန်တော်နဲ့မဆိုင်ပါဘူး။ မူရင်း blogger ကိုပဲ ဆက်သွယ်ပါ။ မူရင်း blogger တွေအနေနဲ့လည်း ခင်ဗျားတို့ရဲ့ တချို့ post တွေ ဒီ blog ထဲ ရောက်နေတာကို မကြိုက်ရင် email ပို့ပြီး ပိတ်ပင်နိုင်ပါကြောင်း.....

March 13, 2008

Kaspersky Key ရပြီဗျို့

ရှာလိုက်ရတာဗျာ၊ အခုမှပဲ တွေ့တော့တယ်။ ဘာလဲသိလား။ Kaspersky 7.0 Antivirus အတွက် License Key လေ။ 21 ရက် 9 လပိုင်းထိ valid ဖြစ်ပါတယ်။ ဒါပေမဲ့ download လုပ်မဲ့သူတွေကို တစ်ခုသတိပေးချင်တာက ဒီ Key နဲ့ automatic update မလုပ်ကြပါနဲ့။ automatic update လုပ်တဲ့အခါ သူတို့ဆီကို Key တွေ ရောက်သွားပါတယ်။ စက်နှစ်လုံးက Key တစ်ခုတည်း သုံးနေတာတွေ့ရင် သူတို့က အဲဒီ key ကို blacklist လုပ်ပစ်ကြတာခင်ဗျ။ ဒါကြောင့် manual update ပဲ လုပ်ပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။

Download link:
http://zawthureintun.googlepages.com/KAV7_9.21.2008_017CF78F.key

March 10, 2008

Ebooks From Internet (2)

Post From sharingtofrds.blogspot.com
လုံခြုံရေး၊ ဟက်ဟာ၊ ခရက်ကာ၊ ရုပ်ပုံများအတွင်းမှာ စာသားများလျှို့ဝှက်ထည့်သွင်းနည်းများ၊ ပီအိပ်ခ်ျပီ လုံခြုံရေး၊ လင်းနပ်စ် လုံခြုံရေး၊ ဆိုက်ဘာစစ်ပွဲ ဆိုင်ရာ နည်းဗျုဟာများနှင့် နည်းပရိယာယ်များ၊ ဆိုက်ဘာ တိုက်ခိုက်နည်းများနဲ့ ကာကွယ်နည်းများ... စတဲ့ လုံခြုံရေးနည်းပညာများနဲ့ သက်ဆိုင်တဲ့ အင်တာနက်နေရာတစ်ခုပါ...

အဲဒီနေရာမှာ ရနိုင်တဲ့ စုစုပေါင်းစာအုပ်.. ၁၉၃ အုပ် အတွက် ဒေါင်းလုဒ်လင့်ခ်တွေကို စုစည်းပေးထားတဲ့ ဖိုင်ကို အောက်မှာ ယူနိုင်ပါတယ်...

Ebooks From Internet (1)

Post From sharingtofrds.blogspot.com
ညီအကို မောင်နှမများနဲ့ ရောင်းရင်းများ အတွက် အင်တာနက်ထဲက စာအုပ်စင်လို့
(ကျွန်တော့်ဘာသာ) အမည်ပေးထားတဲ့ အင်တာနက် လိပ်စာ တစ်ခုကို ဝေမျှလိုက်ပါတယ်... စီ၊စီ++၊ ဂျာဗား၊ ပိုင်သွန်း၊ ပါးလ်၊ ပီအိပ်ခ်ျပီ၊ စီဂျီအိုင် အစရှိတဲ့ ပရိုဂရမ်ဘာသာ စကား - စာအုပ်များ... ဟက်ကာ၊ လုံခြုံရေးစနစ်များ၊ ခရက်ကင်းနဲ့ စီစီအင်အေစတဲ့ ကွန်ရက်စနစ်ဆိုင်ရာ စာအုပ်များ.. ဆိုလာရစ်၊ အပါချီ၊ လင်းနပ်စ်၊ ယူနစ်စ်၊ ဖရီးဘီအက်စ်ဒီ.. စတဲ့ စနစ်ဆိုင်ရာ စာအုပ်များ...စုစုပေါင်း စာအုပ်အမည်စုံ အမျိုးစုံ ၅၁၄ အုပ် ပါရှိတဲ့ အင်တာနက် နေရာတစ်ခု ဖြစ်ပါတယ်.. အဲဒီစာအုပ် တစ်အုပ်ချင်းစီအတွက် ဒေါင်းလုဒ်လင့်ခ်တွေကို ဖိုင်တစ်ခုအတွင်းမှာ စုထည့်ပေးထားပါတယ်.. အဲဒီဖိုင်လေးကို အရင် ဒေါင်းလုဒ် လုပ်ပြီးမှ လိုချင်တဲ့ စာအုပ်အမည်ကို ဖတ်ကြည့်ပြီး ကြိုက်တဲ့စာအုပ်ကို ဒေါင်းလုဒ်နိုင်ပါတယ်..

စာအုပ်တွေကိုတော့ ထုံးစံအတိုင်း Google အကူအညီနဲ့ ရှာဖွေတွေ့ရှိတာပါ...

March 9, 2008

IT Men has invited you to try out Google Reader

I've been using Google Reader and thought you might like to try it out. With Reader, keeping up with your favorite websites is as easy as checking your email.

You may want to check out and subscribe to my shared items. To take a look at them, visit this page:

http://www.google.com/reader/shared/09660511293674232366

Blog တွေကို အီးမေးလ်ဖတ်သလို ဖတ်နိုင်ဖို့

အင်တာနက်သုံးပြီဆိုရင် ကိုယ့်အမြဲကြည့်နေကျ Website လေးတွေ၊ blog လေးတွေရဲ့ အသစ်တင်တဲ့အကြောင်းအရာတွေကို လိုက်ကြည့်ရတာလည်း အမောပါပဲ။ တချို့ blog တွေ၊ Website တွေဆိုရင် ကိုယ်က အမောတကော ၀င်ကြည့်ပြီးမှ update လုပ်ထားတာမတွေ့ရရင် စိတ်ထဲ ကသိကအောက် ဖြစ်သွားတာပဲ မဟုတ်လား။ ကြာတော့လည်း ဒီလောက်တောင် update မလုပ်တဲ့ blog မကြည့်ဘူးကွာလို့ ဆုံးဖြတ်ချက်ချပြီး တစ်လလောက်နေ၊ နောက် ယောင်လည်လည်နဲ့ ၀င်ကြည့်တော့မှ မဖတ်ရသေးတာတွေက တစ်ပုံတစ်ခေါင်း။ အဲဒီလိုမျိုးလေးတွေ ကြုံနေရပြီဆိုရင်တော့ Google Reader ကိုသာ သုံးလိုက်ပါတော့မိတ်ဆွေ။
Google Reader အကြောင်း မပြောခင် RSS အကြောင်းလေး ပြန်ပြောရဦးမယ်။ အရင်တစ်ခါကလည်း ပြောဖူးပါတယ်။ RSS ဆိုတာ ဖိုင်တစ်ဖိုင်ပါပဲ။ Really Simple Syndication လို့ ခေါ်ပါတယ်။ အဲဒီ ဖိုင်ဟာ Website တော်
တော်များများမှာ ပါရှိပါတယ်။ (လေ့လာကြည့်သလောက် ပြည်တွင်း Website များတွင် မတွေ့သေးပါ) အဲဒီဖိုင်ထဲမှာ Website ဒါမှမဟုတ် Blog တစ်ခုရဲ့ Update ဖြစ်တဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဆိုလိုတာက Website ဒါမှမဟုတ် Blog တစ်ခု Update လုပ်လိုက်တဲ့အခါမှာ Update လုပ်တဲ့စာသားတွေဟာ Blog ပေါ်မှာရော အဲဒီ RSS ဖိုင်မှာပါ သွားရေးပါတယ်။ (RSS လုပ်နည်းကို နောင် အလျဉ်းသင့်ပါက ဖော်ပြပေးပါမည်။ Local Website တွေကို အဆင့်မြင့်စေချင်လို့ပါ)
ကဲ..ဒါဆိုရင် အဲဒီ RSS ဖိုင်လေးကို ဖွင့်ကြည့်ရုံနဲ့ blog တစ်ခုရဲ့ update တွေကို ဖတ်နိုင်ပြီပေါ့။ ၀မ်းနည်းစရာကောင်းတာက အဲဒီ RSS ဖိုင်တွေဟာ ဒီအတိုင်း ဖွင့်ကြည့်လို့မရပဲ RSS Reader လို့ခေါ်တဲ့ Program တွေနဲ့မှ ကြည့်လို့ရပါတယ်။ RSS Reader ဆိုလို့ အဝေးကြီးမတွေးပါနဲ့။ Google Reader ဆိုတဲ့ Online Application လေးဟာ RSS Reader ပဲဖြစ်ပါတယ်။ PC Word တို့၊ PC Mag တို့မှာဆိုရင် Feed (RSS ဖိုင်များကို နောက်တစ်မျိုးအခေါ်) တွေ ၁၀ ခုထက်မက ပေးထားပါတယ်။ Popular Download အတွက် Feed တစ်ခု၊ Software Review အတွက် Feed တစ်ခု စသည်ဖြင့်ပေါ့။ မြန်မာပြည်မှာတော့ Planet ကြီးတောင်မှ Feed မပေးနိုင်သေးတာ တွေ့ရပါတယ်။ ကျွန်တော်တို့ Blogger တွေအတွက်တော့ ကျွန်တော်တို့ရဲ့ Blog တွေ Feed တွေ အလိုလိုထုတ်ပေးနေအောင် blogger.com ကြီးက စွမ်းဆောင်ပေးထားပါတယ်။ ကဲပါ..အဲဒီ Feed တွေကို ဖတ်ချင်ရင် Feed Reader တွေသုံးဖတ်ရတယ်။ အဲဒီလို Feed တွေဖတ်ဖို့ တောင်းခံတာကို Subscription လုပ်တယ်လို့ ခေါ်တယ်။
Step By Step စလုပ်ကြည့်ရအောင်။
၁။ reader.google.com ကိုသွားပါ။
၂။ မိမိတွင်ရှိသော Gmail account ဖြင့် log on လုပ်ပါ။ အောက်တွင်ပြထားသောပုံတွင် Google Reader ကို ကျွန်တော် Log on လုပ်လိုက်သောအခါ မြင်ရသောမြင်ကွင်းဖြစ်ပါတယ်။
၃။ Feed များကို subscribe လုပ်ရန်အတွက် Add Subscription ကိုနှိပ်ပါ။ ပေါ်လာသော text box ထဲတွင် website (or) Blog တစ်ခု၏ address ကို ရိုက်ထည့်ပါ။ (ဥပမာ- itmen.blogspot.com) (ထို Website သို့မဟုတ် Blog သည် Feed ပေးမှသာရပါမည်။ Website တစ်ခု၊ သို့မဟုတ် Blog တစ်ခုသည် Feed ပေးမပေးသိနိုင်ရန် ထို Blog သို့မဟုတ် Website တွင် ဤသို့သော icon များ ပါမပါကြည့်၍ ဆုံးဖြတ်နိုင်ပါသည်။

Feed Icon
၎။ ဒါဆိုရင် စဖတ်လို့ရသွားပါပြီ။ မိတ်ဆွေထည့်လိုက်တဲ့ ဘလော့ခ် ဒါမှမဟုတ် ၀က်ဆိုက်ရဲ့ အမည်က ဘယ်ဘယ်မှာ လာပေါ်ပါလိမ့်မယ်။ အဲဒီအမည်ကိုနှိပ်လိုက် ညာဘက်မှာ သူ့ရဲ့ update content တွေထွက်လာပါလိမ့်မယ်။ email ဖတ်သလိုပဲ ဆက်ဖတ်လိုက်ပေါ့နော်။