July 31, 2008

IT Men များ၏ Cbox

ဒီ IT Men Blog ရဲ့ Cbox မှာ မေးကြတဲ့ မေးခွန်းတွေကို ၀င်ဖြေပေးကြတဲ့ ပညာရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်။ လှူတယ်ဆိုတဲ့နေရာမှာ ငွေကြေးတွေ၊ ပစ္စည်းတွေ လှူတာမျိုးလည်း ရှိသလို ကိုယ်တတ်တဲ့ပညာတွေကို တခြားသူတွေကို ဖြန့်ဝေပေးခြင်းဟာလည်း ပညာနဲ့ အလှူပြုတာပါပဲ။ တကယ့်ကို မွန်မြတ်တဲ့အလှူပါ။ အခု ကျွန်တော် ဒီနေရာကနေ တိုက်တွန်းလိုတာက ဆက်လက်ပြီး ကွန်ပျူတာကိုင်တဲ့သူတွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် ဖြေရှင်းပေးရအောင်ပါ။ ကွန်ပျူတာကျွမ်းကျင်သူအားလုံးကို ကျွန်တော် ဒီနေရာကနေ ဖိတ်ခေါ်ပါတယ်။ အင်တာနက်သုံးတဲ့အခါမှာ အချိန်ရရင် itmen.cbox.ws ကို ၀င်ပြီး ကွန်ပျူတာမေးခွန်းလေးတွေကို ဖြေရင်း ကုသိုလ်ယူကြပါ။ လက်လှမ်းမီရာ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ခေါ်ပေးကြပါ။ Begineer တွေ အနေနဲ့ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး အခက်အခဲရှိရင် itmen.cbox.ws မှာ မေးမြန်းကြမယ်။ ဆွေးနွေးကြမယ်ဗျာ။ ကဲ..စလိုက်ကြရအောင်။ itmen.cbox.ws နော်။

July 29, 2008

MMeyes.net

မြန်မာ့ မျက်လုံးအဖွဲ့သည် Computer ဆိုင်ရာ နည်းပညာများ ဗဟုသုတများ ပြန့်ပွားရေးအတွက် ကြိုးစားနေသော အဖွဲ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ Computer နည်းပညာတိုးတက်စေရုံသာမက ဗဟုသုတများ တိုးပွားစေရန်နှင့် Computer စာတမ်းပြုစုနေသူများ ၊ လေ့လာနေသူများ ၊ ဗဟုသုတရှာဖွေနေသူများ ၊ အခြားအခြားသော Computer နှင့်ပတ်သက်သော အကြောင်း အရာများကို စုစည်း ဖတ်ရှု လေ့လာ နိုင်ရန်ဖြစ်ပါသည်။

Project of MMEyes


Knowledge Blog

မြန့်မာ မျက်လုံး အဖွဲ့မှ လွှင့်တင် ထားသည်။ Knowledge Blog ဖြစ်ပါသည်။ Computer နှင့်ပါတ်သတ်သော အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်လွှင့်တင် ထားခြင်း ဖြစ်ပါသည်။ Knowledge Blog တွင် နေ့စဉ် အလိုက် Virus များ၏ သတင်းများ နှင့် နောက်ဆုံးပေါ် Virus များကို ဖြေရှင်းနည်းများ၊ computer ပေါ်တွင် ပြနေသည့် error များ ဖြေရှင်းနည်းများ စသည်တို့ကို ရေးသား လွှင့်တင် ပေးထားပါသည်။ knowledge blog ကို သွားဖို့ လိပ်စာ ကတော့ www.blog.mmeyes.net ဖြစ်ပါတယ်။

IT Wiki
မြန်မာ့ မျက်လုံးများ အဖွဲ့မှ လွှင့်တင်ထားသည်။ IT Wiki ဖြစ်ပါသည်။ မြန်မာနိုင်ငံ Computer နည်းပညာ တိုးတက်စေရုံ သာမက ဗဟုသုတများ တိုးပွားစေရန်နှင့် Computer စာတမ်း ပြုစုနေသူများ ၊ လေ့လာ နေသူများ ၊ ဗဟုသုတ ရှာဖွေနေသူများ ၊ မိမိ ဗဟု သုတများကို ဖြန့်ဝေလိုသူများ အပြင် အခြား အခြားသော Computer နှင့် ပတ်သက်သော အကြောင်း အရာများကို စုစည်းရေးသား ဖတ်ရှု လေ့လာနိုင်ရန် ဖြစ်ပါသည်။ လိပ်စာကတော့ www.wiki.mmeyes.net ဖြစ်ပါသည်။

MMHTML Editor
မြန်မာ့ မျက်လုံးများ အဖွဲ့ရဲ့ mmhtml editor ဖြစ်ပါသည်။ html code များ ရေးသား စရာမလိုပဲ စာစီ စာရိုက်ပြုလုပ် တတ်ရုံဖြင့် html code များ အသင့် ရေးသားပြီး ဖြစ်စေရန် ပြုလုပ် ပေးသော ၀န်ဆောင်မူဖြစ်ပါသည်။ အရိုးရှင်းဆုံး ပုံစံဖြင့် ရေးသား ပေးထားပါသည်။ Html စတင် လေ့လာ နေသူများ အနေဖြင့်လည်း မိမိတို့ ရေးသားမူ ကို အလွယ်တကူ ဆန်းစစ် နိုင်စေပါသည်။ mmhtml သို့ သွားရမည့် လိပ်စာ ကတော့ www.mmeyes.net/html ဖြစ်ပါသည်။

WebOS for Everyone

မြန်မာ့ မျက်လုံးများ အဖွဲ့ရဲ့ web os ဖြစ်ပါသည်။ Web ပေါ်တွင် Operation System (OS) တစ်ခု ကဲ့သို့ အသုံး ပြုနိုင်ရန် ဖန်တီး ထားပါသည်။ Desktop တစ်ခုပေါ်တွင် အသုံးပြု နေသည့် အလား အသုံးပြု နိုင်ပါသည်။ HD Space အနေဖြင့် 1GB အခမဲ့ ၀န်ဆောင်မှု့ပေးထားပါသည်။ ကိုယ်ပိုင် account ပေါ်တွင် Data များကို လြုံခုံစွာ သိမ်းစည်းထား နိုင်ပါသည်။ Data Shearing ပြုလုပ်နိုင်ရန်လည်း စီစဉ် ထားပါသည်။ Internal Email နှင့် Outlook ကဲ့သို့ Email software များ၊ Game များ၊ Office Software များ နှင့် အခြားခြားသော Application များလည်း ထဲ့သွင်းထားပါသည်။ မြန်မာ့ မျက်လုံး အဖွဲ့ရဲ့ Web OS ကို သုံးကြည့် ချင်တယ် ဆိုရင်တော့ www.mmeyes.net/webos ကိုကြွလှမ်း ခဲ့ပါ။

လိုအပ်သူများ အားလုံးအတွက်ပါ

ဒီမနက် Stick တစ်ခုကို Kaspersky နဲ. Scan လုပ်တာ Svchost ကိုမိပါတယ်.သတ်လည်းသတ်နိုင်ပါတယ်(Stick ထဲက Svchost ကိုနော်) အဲ စက်ထဲဝင်ပြီးရင်တော့မပြောတတ်ဘူး ရမရ...
Kaspersky Keys BlackList ဖြစ်နေရင် အောက်က link ကို download လုပ်လိုက်ပါ။
ရက် (၂၀၀) ကျော်ရနိုင်ပါသေးတယ်..
http://littlenyi.googlepages.com/Keys-KAV7.rar

သူငယ်ချင်းကတော့အပေါ် link ကို Blood Screen နိုင်တယ်လို.ပြောပါတယ်။ အောက်တစ်ခုက ukaizer ပါ
http://littlenyi.googlepages.com/SmitfraudFix.exe
http://littlenyi.googlepages.com/KaiZeRKillerV1.8.rar

ဒီဟာကတော့တစ်ခါကြုံဖူးတဲ့ kavo, ckvo အုပ်စု killer ပါ။
http://littlenyi.googlepages.com/kavo_killer.zip

ဗိုင်းရပ်စ်ကိုက်ပြီးတော့ ကျန်ခဲ့တဲ့ ခြေရာလက်ရာတွေရှင်းဖို. taskmanager, folderoption စတာတွေဖော်ဖို.ပါ။ အကောင်ကိုအရင်သတ်ရပါမယ်။ မသေသေးရင်တော့သူတို.ကိုသုံးလည်း မထူးပါဘူး။
http://littlenyi.googlepages.com/NOD32RegistryRecovery-V11.1.exe
http://littlenyi.googlepages.com/rrt.exe

အမြဲတန်းပုံသေမမှတ်ပါနဲ. အဆင်ပြေသလိုသုံးပါ။ တစ်ခုခုထူးရင်လည်း ပြန်ပြောပေးပါ။

July 25, 2008

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း (၁၀)

tunlinkyaw: ကိုသူရိန်...ukaizer.exe site အပန်းမကြီးရင် link လေးထည့်ပေးပါလားဗျာ...ကျွန်တော် ခံနေရပြီအစ်ကို....
littlenyi@gmail.com ဆီသာ လှမ်းတောင်းလိုက်ဗျာ။ သူပြောတဲ့ဟာ သူ့ဆီမှာပဲ ရှိမှာ။

servena: နောက်တစ်ကြိမ်လာသွားပါတယ်ခင်ဗျာ။ စာတွေကတော့ဖတ်လို့မကုန်သေးဘူး။ မသိတာတွေလည်း အများကြီးပါ။ ဖတ်ပြီး မစမ်းရသေးတာတွေလည်းအများကြီးပါ။ အကြံလေးတစ်ခုပေးချင်ပါတယ်။ အကြောင်းအရာအလိုက် ဖတ်လို့ရအောင် menu tab နဲ့ပဲဖြစ်ဖြစ် label လေးတွေဖော်ထားလို့ပဲဖြစ်ဖြစ် လုပ်စေချင်ပါတယ်။ လအလိုက်တော့ ပြထားတာပေါ့။ ကိုသိချင်တဲ့အကြောင်းအရာကို အလွယ်တကူရှာနိုင်အောင်ပါ။
ဒီ blog က အခုထိ layout template မပြောင်းရသေးဘူးဗျ။ ဒါကြောင့် Label တွေ တပ်လို့ မရသေးတာပါ။ အမြန်ဆုံး ထည့်သွားပါ့မယ်။

zweyannaing: DVD ထဲမှာဘယ်တံဆိပ်အကောင်းဆုံးလဲ။
Asahi ပါ။

13: ကျွန်တော်ရုံးမှာ ကွန်ပြူတာသုံးနေရင်း ခဏခဏ program တွေ အပိတ်ခံနေရပါတယ် လုပ်ထားသမျှတွေ သိမ်းမထားမိရင်သွားကုန်ရော ကျွန်တော်တို့ရုံးမှာ စက်တွေကို(ရုံးတွင်း) ချိတ်ထားပါတယ်။ ဘယ်သူဘယ်ဆိုတာလဲမသိပါဘူး။
ခင်ဗျားတို့ရုံးက Network ချိတ်ထားတာဆိုတော့ တစ်ယောက်ယောက် လှမ်းလုပ်တာဖြစ်ပါလိမ့်မယ်။ ကာကွယ်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ System ပုံးအနောက်က Network ခေါင်းကိုသာ ဖြုတ်ထားလိုက်ဗျာ။ လုပ်စရာရှိမှ ပြန်တပ်လိုက်ပေါ့။

newbie: newbie မေးတာဘာလို့ မဖြေပါလိမ့်......Desktop Icon caption (title) နောက်ခံကို Transparent ပြန်လုပ်လို့မရလို့.....ဖြေပါအုံးနော်...သိရင်ပေါ့....
အမလေး..newbie ရေ။ ညည်းအလှည့်မရောက်သေးလို့ပေါ့။ ကဲ..ဒီအတိုင်း လိုက်လုပ်လိုက်။ Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties ကို ရွေးပါ။ ပြီးရင် Desktop>Customize Desktop ကိုသွားပါ။ Web tab ကို နှိပ်ပါ။ အဲဒီမှာပါတဲ့ Lock desktop items အမှန်ခြစ်ကို ဖြုတ်လိုက်ပါ။ ဒါဆို အရင်လို Transparent ဖြစ်သွားပြီပေါ့။

ZM: shutdown -m \\computername -s အဲဒီ Command ကို Command Prompt မှာ ရိုက်တာ ..Access Denied လို့ Message ပြနေတယ် ဗျ...ဖြေရှင်းတဲ့ နည်းလမ်းလေး ရှိရင် ပြောပြပါဦးဗျ..
ခင်ဗျားက တခြားစက်ကို လှမ်း shutdown လုပ်တာလား။ limited account နဲ့မို့ပါ။ Admin account နဲ့ လုပ်ကြည့်လိုက်။

kyawko: အကိုရေ kaspersky 2009 license key များသိရင် ဝေမျှပေးပါအုံးခင်ဗျာ
www.kavkiskey.com ကိုသာ သွားရှာပါတော့ဗျာ။

tawgauli: dail-up connection နဲ့ သုံးတဲ့ proxy software လေးရှိရင် ပြောပေးပါ။ u89 က မကိုက်ဘူးဗျ
http://www.handcraftedsoftware.org/index.php?page=4&action=file&file_id=5 မှာ FreeProxy ဆိုတာ ရှိပါတယ်။ အဲဒါသုံးကြည့်လိုက်ပါ။

tuntun: ကိုသူရ ကျွန်တော် MPT mail server အကြောင်း သိချင်လိုပါ mail ထဲကို စာပို့ပြီး ရှင်းပြပေးပါလား။
MPT က Microsoft Exchange Server သုံးတာနဲ့ တူတယ်။ Exchange က အရမ်းကျယ်ပြန့်တယ်ဗျ။ သဘောတရားလောက်တော့ အီးမေးလ်ပို့လိုက်မယ်နော်။ မပို့ဖြစ်ရင်လည်း သတိပေးဦး။

komin: အစ်ကို့ဆီက http://zawthureintun.googlepages.com/petousb.zip ကိုဒေါင်းတာ the sever replies that that you don't have permissions to download this file. Details:HTTP/1.1 403 Forbitten ဆိုပြီးပေါ်နေတယ်။
ဘာ download manager မှ မသုံးပဲ down လိုက်ပါ။ ရပါတယ်။ ကျွန်တော် အဲဒီ လင့်ခ်နဲ့ စမ်းကြည့်ပြီးပါပြီ။

13:: my.wikipedia.orgမှာ မြန်မာစာတွေဖတ်မရအောင် ဖြစ်နေပါတယ် font ကြောင့်လား ဘယ်လို font ပြောင်းကြည့်ရပါမလဲ အခု zawgyi one သုံးထားပါတယ်
http://my.wikipedia.org/wiki/Wikipedia:Font ကိုသွားလိုက်ပါ။ အဲဒီမှာ ပြထားတဲ့ font တွေထဲက ကြိုက်တာ တစ်ခုခုကို ပြောင်းသုံးလိုက်ပါ။

July 23, 2008

Fwd: svchost : scvhost : scvvhsot : ssvichosst

ကိုသူရိန်ရေ...

svchost နဲ.ပတ်သတ်ပြီး ကျွှန်တော်သိထားတာလေးတွေရေးချင်လို.ပါ။ ကြုံဖူးသလောက်တော့ Svchost မှာ Scvhost, Scvvhsot, Ssvichosst စသဖြင့်များစွာရှိပါတယ်။
(1)  ဒီထဲမှာတော့ ခု Blood Window လို.လူသိများနေတဲ့ svchost ကအဆိုးဆုံးပါ။ ဖြစ်ပုံကိုပြောပြပါမယ်။ တစ်ခုခုကို Click လုပ်လိုက်တာနဲ့ Screen တစ်ခုလုံး တစ်အောင့်ကြာအောင်နီရဲသွားမယ်။ Taskbar က Start Button ကပေါ်လိုက်ပျောက်လိုက်ဖြစ်နေမယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ. FolderOption, Task Manager, Registry Editor စတာတွေအားလုံး Disable ဖြစ်နေတတ်ပါတယ်။
ဒါဆိုသေချာပါပြီ....
ဘယ်လိုဆက်လုပ်မလဲ.....Restart ချပြီး Safe Mode နဲ.တက်ကြည့်မယ်။ ဖြစ်နေတုန်းဘဲ.. သုံးလို.ရတဲ့ Tools (eg. rrt, nod32 registry recovery, ravmon_virus_removal tools) လေးတွေနဲ. ပျောက်နေတာလေးတွေဖော်ကြည့်မယ်....ဟောပေါ်လာရင် Hidden Files လေးတွေဖော်ကြည့်၊ msconfig နဲ့ start up ထဲဝင်ကြည့်နဲ.တွေ.ပါပြီ svchost
... c:\windows\system32\Restore ထဲမှာပါ sound icon, တေးဂီတသင်ကေတလေးနဲ့....သူက system restore ကို Turn off လုပ်ထားလည်းဘဲရှိနေပါတယ်....ဖျက်ရင် သူနဲ့အတူရှိနေတတ်တဲ. data ဆိုတဲ.folder လေးကိုပါတွဲဖျက်လိုက်ပါ။ Registry entry ထဲလဲဝင်ဖျက်ပါ..
start up ထဲမှာ winomc ဆိုတဲ.နာမည်လေးနဲ.ပါ။ သတိထားရမှာက registry ထဲမှာ svchost တွေအများကြီးရှိပါတယ်။ ဒီလိုလဲဖျက်လိုက်ရော desktop ပေါ်က install
လုပ်ထားတဲ့ program icon တွေအားလုံးက folder နဲ့ sound icon ပုံတွေအားလုံးဖြစ်ကုန်ပါတယ် (eg. gtalk icon က googletalk icon မဟုတ်တော့ဘဲ folder ပေါ်မှာ sound icon ပုံလေးနဲ.ဖြစ်သွားပါတယ်) freedom တို. vzochat တို. အားလုံး အဲဒီပုံစံဖြစကုန်ပါတယ်... အဲ virus ကိုက်နေတဲ့ program icon အရေအတွက်နဲ့အညီ text file လေးတွေပါပေါ်လာပါတယ် .ဖွင့်ကြည့် ရင်အောက်ပါအတိုင်းတွေ.ရမှာပါ...အလွတ်မရလို.အတိအကျတော့တူမှာမဟုတ်ဘူး ဆိုလိုရင်းပေါ့..

this virus is from yangon, not from sg, myanmar computer student created this virus, it is my second attempt, first is happy birthday
virus.

icon တွေကိုယောင်လို.များသွားဖွင့်ရင်..blood screen ကြီးပြန်ပေါ်လာပြီး ဖော်ထားတဲ. ဟာလေးတွေအကုန်ပြန်ပျေက်ပြီး svchost ပြန် run နေပါလိမ့်မယ်..မနှိပ်ပါနဲ... program တွေပြန်သုံးချင်ရင်တော. (eg, gtalk ကို uninstall, reinstall လုပ်ရုံနဲ.မရပါဘူ... uninstall လုပ် program files အောက်က google folder ကို ဖျက်. ပြီး reinstall
ပြန်လုပ်မှရပါတယ)်..စက်ထဲရှိသမျှ program ထွေဒီပုံစံနဲ. install ပြန်လုပ်ဖို.ကမလွယ်ဘူးလေ။ ဒါနဲ.လိုတာလေးတွေလဲ ပြန် install လုပ်ပြီးစောင့်ကြည်.လိုက်တယ်...c:\ အောက်မှာလဲအများကြီးဘဲ. windows folder ဆို window.exe , programfiles ဆိုလည်း programfiles.exe နဲ.လျောက်ဖြစ်ကုန်တယ်...လက်လှမ်းမီသလောက်လိုက် ဖျက်ကြည်.ပေါ့..
ဒါနဲ.ငြိမ်သွားရော...ပြန်သုံးလို.ရရော...... sound icon ပုံပါတဲ့ folder လေးကိုထပ်မနှိပ်မိခင်အထိပေါ...ဒါနဲ.နောက်ဆုံးတော format ချလိုက်ရပါတယ်....  :P

နောက်ပိုင်းမှထပ်တွေ.လာရ စက်ထဲမှာ svchost တော့ရှိနေတယ်... blood screen တော့မဖြစ်ဘူး..folder တွေ .exe နဲ့ပွားမနေဘူး process ထဲမှာ current useraccount နဲ. svchost.exe ဆိုပြီး run နေတယ်. cpu usage က 100% လောက်ဖြစ်နေတယ် စက်လေးနေတယ် (itmen မှာဖတ်ဖူးတာက virus တွေဘယ်လောက်စွမ်းစွမ်း system process name တွေအတိုင်းလိုက် မrun နိုင်သေးဘူးလို.တွေ.မိသလိုဘဲ) အဲဒီ svchost (run with user account) ကို kill လုပ်လိုက်မှ cpu usage လည်းပြန်ကျသွားတယ် ...သတ်ချင်ရင် system32\restore\ ထဲက svchost နဲ.data folder လေးကိုဖျက် registry entry , msconfig မှာဖျက်လိုက်ရင် ပျက်ပြီထင်တာ restart ချတော့ ပြန်တက်နေတုန်းဘဲ... နောက်မှ system 32 ထဲမှာ del.exe, dir.exe ဆိုပြီး
sound icon ပုံနဲ.အကောင်နှစ်ကောင်ကိုထပ်ဖျက်လိုက်တော့မှ အမြစ်ပြတ်သွားတော့တယ်....စမ်းကြည်.ပါလား...အဲ blood screen ဖြစ်နေတဲ့အချိန်မှာ အဲလိုလုပ်ရင် အဆင်ပြေမပြေတော့မသိဘူး...ထပ်မကြု့သေးလို...နောက်ပိုင်း customer တွေရဲ. stick တိုင်းလိုလိုမှာ svchost တွေပါလာတတ်တယ်...သတိထားပြီး explore
နဲ.ဖွင့် svchost နဲ. data ကိုဖျက်လိုက်ရင် ဘာမှ မဖြစ်တော့ဘူး..မသိလို. double click သွားနှိပ်မိရင်တော့ တိုင်ပတ်ပြီ... avg, nod32 နဲ.scan လုပ်ရင် မသိပါဘူး...kaspersky ကတော့ မိတယ် မသတ်နိုင်ဘူး skip လုပ်တယ်...

(၂) scvvhsot.exe ကတော့ တားမရ ဆီးမရအောင် folder ထဲ folder ၀င်ဆောက်ပြီးပွားတာ... newfolder.exe နဲ့တွဲတွေ.ရတယ်...nod32,, kaspersky နဲ.စစ်တယ်တွေ.တယ် သတ်တယ်.. နောက်နေ.တွေလည်းတွေ.တယ်လို.ထပ်ပြောနေတုန်းဘဲ.. အမြစ်ပြတ်ချင်ရင် u Kaizer.exe ဆိုတာလေးကောင်းတယ် download လုပ်ပြီး run လိုက်

ကဲ ကျွှန်တော်ရေးတဲ့ထဲမှာ မှားတာမှန်တာတွေရှိနိုင်ပါတယ်..လိုအပ်သလို edit လုပ်ပြီး itmen မှာ တင်ချင်တင်ပေးလိုက်ပါဗျာ.. အဲ svchost လိုချင်ရင်တော့
mail နဲ့ forward လုပ်ပေးလိုက်ပါမယ်။

IT Men said...
ကျေးဇူးအရမ်းတင်ပါတယ် littlenyi ရေ။ အခုလို အများအတွက် စိတ်ရှည်လက်ရှည် ကူညီပေးတာ ဂုဏ်ယူပါတယ်။ တစ်ခုတော့ စိတ်မကောင်းတာရှိတယ်ဗျာ။ ဒီဗိုင်းရပ်စ်က ရန်ကုန်ကွန်ပျူတာက ကျောင်းသားတွေလုပ်တာဆိုတော့ တွေးမိတယ်..သူများကို ဒုက္ခပေးရတာကို တော်တော်ပျော်နေကြသလားမသိဘူး။ လမ်းတွေလွဲနေကြပြီဗျာ။ အဲဒီကျောင်းသားတွေကို တစ်ခုတော့ ဒီကနေပြောချင်တယ်။ ပြည်သူတွေဆီက ရတဲ့အခွန်ငွေတွေနဲ့ တည်ဆောက်ထားတဲ့ ကွန်ပျူတာတက္ကသိုလ်ကြီးမှာတက်ပြီး ပြည်သူတွေကို ကျေးဇူးမကန်းနဲ့။

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၉)

thinzar: အခု windows explorer, internet explorer, applications ဘာဘဲ ဖွင့်ဖွင့် သူတို့ရဲ့ windows က active ဖြစ်လိုက် inactive ဖြစ်လိုက် ဖြစ်နေပါတယ်။ အထူးသဖြင့် စာရိုက်ရင် အရမ်း စိတ်ညစ်ရပါတယ်။ စာရိုက်ရင်း တန်းလန်း windows inactive ဖြစ်ဖြစ်သွားတော့ cursor ပြန်ပြန်ထောက်ပေးနေရတယ်။ windows XP သုံးပါတယ်။ Norton Corporate, Spybot နဲ့ scan လုပ်ပြီးပါပြီ။ virus မတွေ့ပါဘူး။ recently installed လုပ်ထားတဲ့ software တွေ အကုန်လဲ uninstall လုပ်ပြီးပါပြီ။ အခုထိ ဖြစ်နေတုန်းဘဲ။ ကွန်ပျူတာ ဖွင့်ပြီး ၂နာရီလောက်အထိ အဲလို ဖြစ်ပြီး နောက်ပိုင်း မဖြစ်တော့ပါဘူး။ အဲဒါ ဘာကြောင့်လဲ။ ဘယ်လို ဖြေရှင်းရမလဲဆိုတာ သိရင် ပြောပြပေးပါလား။ ကျေးဇူးတင်ပါတယ်။
TweakUI     ဆိုတဲ့ program နဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒီမှာနှိပ်ပြီး download လုပ်ပါ။ ပြီးရင် install လုပ်ပါ။ Start>programs>powertoys>tweakui ကိုသွားပါ။ General ကိုနှိပ်ပါ။ Expand လုပ်ဖို့ + ကိုလုပ်ပါ။ ပြီးရင် Focus ကို select လုပ်ပါ။ prevent applications from stealing focus ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆိုရပါပြီ။

rui: ကျွန်တော် Singapore ကပါ။ torrent ကို ဘယ်လို download လုပ်ပါသလဲ။
utorrent ဆိုတဲ့ program နဲ့ download လုပ်ရပါတယ်။ www.utorrent.com မှာ ရနိုင်ပါတယ်။

kaungkhinmoe: အစ်ကိုရေ ကျွန်တော့် စက်မှာ တစ်ချို့ ဘလော့ခ်လေးတွေဖတ်တဲ့အခါ သ?စ? လိုမျိုးလေးပေါ်ပေါ်နေတယ် ဘာကြောင့်လည်းဆိုတာဖြေကြားပေးပါအုံး ။လေးစားအားကျလျှက်
တချို့ဘလော့ခ်တွေဆိုတော့ ခင်ဗျားစက်နဲ့မဆိုင်တော့ဘူးဗျ။ အဲဒီဘလော့ခ်ရေးတဲ့သူရဲ့ လိုအပ်ချက်ပါ။ အများအားဖြင့် Zawgyi Win2Unicode နဲ့ ရေးတဲ့ post တွေဟာ ကောင်းကောင်းမပေါ်ပါဘူး။

minmin: pls tell me about fedora file server and window, i had problum,it is face was can't use from window,i had use, fedora 7,8,9 but i can't resolvoe for it
Linux ပိုင်းကို ကျွန်တော်မလုပ်သေးလို့ မသိသေးပါဘူးခင်ဗျာ။ တောင်းပန်ပါတယ်။

Sai Lwinn: I have 2 window xp in different directory (C & D). So how could I remove unnecessary one (D).
Partition Magic ဆိုတဲ့ Program နဲ့ ဖျက်လို့ရပါတယ်။ တကယ်တမ်းကျ partition ကို ဖျက်ရုံသက်သက်ဆို software မလိုပါဘူး။ ဒါပေမဲ့ ဖျက်လိုက်တဲ့အခါ ထွက်လာတဲ့ free space ကို C ထဲမှာ သွားပေါင်းဖို့အတွက် software သုံးရတာပါ။ XP မှာ partition တွေ ပေါင်းနိုင်တဲ့ feature မပါဘူးလေ။

evil: ကိုသူရီန်ရေ၊ Microsoft ရဲ. automatic update က On ထားရင်ကောင်းလား၊Off ထားရင်ကောင်းလား၊ Off ထားရင် ဘာဆိုးကျိုးတွေ ရလာနိုငိလဲ။ ရှင်းပြပေးပါခင်ဗျာ။
AU ကို On ထားရင် ကောင်းတာပေါ့ဗျာ။ Off လုပ်ရင်တော့ ဆိုးကျိုးတော့မရှိပါဘူး။ Microsoft က ထုတ်ပေးနေတဲ့ Updates တွေ မရတော့မှာပဲရှိတာ။

tuntun: I want to joy your myanmarbloggers.org.
ဒီဘလော့ခ်မှာ ရေးပြီးသားပါ။

Apple: ကွန်ပြူတာ Screen ကတစ်ခါတစ်ခါ သေးလိုက်ကြီးလိုက်ဖြစ်နေတယ်- Virtus ကိုက်တာလားမသိဘူး- ကယ်ပါဦး-ဘယ်လိုပြန်လုပ်ရမလဲဟ င်- ကယ်ပါ
ခင်ဗျားမေးမှပဲ ကြားဖူးတော့တယ်။ ဘယ်အချိန်မှာ ဖြစ်တတ်တာလဲ။ ကွန်ပျူတာဖွင့်ဖွင့်ချင်းလား။ ဒါမှမဟုတ် ဘယ်အချိန်မှာဖြစ်တာလဲ။ ဒီအတိုင်းနေရင်း ကြီးလိုက်သေးလိုက်ဖြစ်တာလား။ Program တစ်ခုခုကို ဖွင့်မှဖြစ်တာလား။ အသေးစိတ်လေးကို email ပို့ပေးလိုက်ပါ။ စိတ်ဝင်စားတယ်ဗျာ။ လုပ်ပေးချင်ပါတယ်။

samelann: အကိုရေ ကျွန်တော wimax အကြောင်းသိချင်လို့ ရှင်းပြပေးစေချင်ပါတယ်ဗျာ။။
ခင်ဗျားက အပေါ်ယံလောက်လား။ detail လား။ detail ဆိုရင်တော့ Ebook တွေရှိပါတယ်။ ရှာကြည့်လိုက်ပါ။ ကျွန်တော့်ဆီမှာတော့ တစ်အုပ်ရှိတယ်။ လိုချင်ရင် mail ပို့လိုက်ပါ။ နောက်ပိုင်း ကျွန်တော်အချိန်ရရင် ဒီဘလော့ခ်မှာ WiMax မိတ်ဆတ်လောက်တော့ တင်ပေးထားပါ့မယ်။

ကိုအောင်: ကျွန်တော့ဘလော့က domain name ကတော့ာ myanmarbloggers.org ဖြစ်သွားပါပြီ...ဒါပေမယ့် မူလ .blogspot.com မှာကြတော့မရတော့ဘူး.. အစ်ကို လို ဒိုမိန်းနှစ်ခုလုံးမှာရချင်ပါတယ်.. ဘယ်လိုလုပ်ရမလဲခင်ဗျာ..
ခင်ဗျားက redirect မလုပ်လို့ပါ။ blogger ရဲ့ Setting ထဲမှာ Publishing ကိုရွေးလိုက်။ အဲဒီမှာ redirect.... ဆိုတဲ့ checkbox ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို ရသွားပါလိမ့်မယ်။

sithu: အစ်ကိုရေ... ကျွန်တော် ကွန်ပြူတာမှာ blood window virus ကိုက်နေတာ.. ဘယ်လိုမှ သတ်လို့မရဖြစ်နေတယ်.. အစ်ကို တစ်ခါဖြေထားတဲ့ software တွေ့နဲ့ သတ်တာဘဲ.. မရဘူးဖြစ်နေတယ်.. အဲဒါ ဘာဆက်လုပ်ရမလဲ.. ကျွန်တော်စက်ကလည်း data တွေအရမ်းများတယ်.. ပျက်သွားလို့မဖြစ်ဘူး
အခု Kaspersky က သိသွားပြီဗျ။ နောက်ဆုံး Update နဲ့သာ သတ်လိုက်။ အဲဒီကောင် သေရောပဲ။

lynn lynn: hi my great brother i wanna know which website can i use to improve my english skill
www.bbc.co.uk/learningenglish

Crazy Frog: And i want to know free music sites.Special Thanks to u.
www.kohit.net

Crazy Frog: I want to make new gmail account.How can i do?Plz tell me.
Go to mail.google.com via www.blockmenot.com

naing win: ako kyun taw ta ku lout may chin lo par?kyun taw ye` gtalk contact list mhar fri 1 youte ka offline phit nay tae. but kyun taw ko chat lar lote tae.ae` de lo offline nit bae lo use lote la` so tar
Burglish မဖတ်တတ်ဘူးဗျ။

hEhE: menu tabs ထည့်တာကို ကိုရန်အောင်ပြောသလိုလိုက်လုပ်ကြည့်တာမရဘူးဗျာ ဘာဖြစ်တာလဲမသိဘူး
ကိုရန်အောင်ကိုသာ မေးပါတော့ဗျာ။

July 21, 2008

ClearType သုံးကြပါ

ကျွန်တော်တို့တွေ အင်တာနက်သုံးကြသည်။ မြန်မာဘလော့ခ်တွေ ကြည့်ကြသည်။ အိမ်မှာသုံးတဲ့သူကတော့ ထားတော့။ ကဖီးမှာသုံးသူတွေတော့ သတိထားမိမလားမသိဘူး။ တချို့စက်ကိုင်ရင် မြန်မာစာလုံးလေးတွေကြည့်ရတာ ကြည်လင်ပြတ်သားနေပြီး တချို့စက်မှာကျတော့ စာလုံးတွေက ဖွာတာတာဖြစ်နေမျိုးကိုလေ။ အဲဒါဘာကြောင့်ပါလဲ။
ဟုတ်ကဲ့..အဲဒါဘာကြောင့်လဲဆိုတော့ Windows XP မှာပါတဲ့ ClearType ကို သုံးထားတဲ့စက်နဲ့ သုံးမထားတဲ့စက်..ကွာခြားချက်ကတော့ အဲဒါပါပဲ။ ကဲ..အဲဒီတော့ မော်နီတာပေါ်တဲ့ စာလုံးတွေ ပြတ်သားရှင်းလင်းစွာပေါ်အောင် ClearType ကို အသုံးချလိုက်ပါ။ (မှတ်ချက်- LCD မော်နီတာသုံးပါက မဖြစ်မနေ လုပ်ဆောင်သင့်ပါသည်။)
ClearType ကို Apply လုပ်နည်း
၁။ Desktop ပေါ်တွင် Right Click လုပ်ပြီး Properties ကိုရွေးပါ။
၂။ Apperance Tab ပေါ်တွင် တစ်ချက်နှိပ်ပါ။
၃။ ပြီးရင် Effect button ပေါ်တွင်နှိပ်ပါ။
၎။ Use the following method to smooth..... က အမှန်ခြစ်ပြုတ်နေရင် ထည့်လိုက်ပါ။
၅။ ပြီးရင် သူ့အောက်က drop-down list box မှာ ClearType ကိုရွေးလိုက်ပါ။
၆။ OK တွေ နှိပ်ပြီး ထွက်လိုက်ပါ။ မော်နီတာပေါ်က စာလုံးတွေ ချက်ချင်းပဲ ကြည်လင်ပြတ်သားသွားပါလိမ့်မယ်။

July 19, 2008

Cbox မှမေးခွန်းများအားဖြေကြားခြင်း ၈

Kid: how to download from rapidshare.com
အဖြေ။ ။ rapidshare က အခုတော့ မသုံးသလောက်ဖြစ်နေပြီဗျ။ download လုပ်ရင်တောင်းတဲ့ word verification စနစ်ကလည်း ရှုပ်လာတယ်။ ပြီးတော့ download size ကို limit လုပ်တာတွေ ဘာတွေနဲ့ဆိုတော့ တော်တော်များများက မကြိုက်ကြတော့ဘူး။ အရမ်းအရေးကြီးရင်တော့ Mysteryzillion.com က Mr DBA ဆီမှာ အကူအညီတောင်းလို့ရပါတယ်။ သူက စလုံးမှာဆိုတော့ download လုပ်ပြီး ခင်ဗျားဆီကို တခြား site ကနေတစ်ဆင့် ပို့ပေးနိုင်ပါလိမ့်မယ်။

kaungkhinmoe: အစ်ကိုရေး blogger တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်ကနေစပြီးလေ့လာရမယ်ဆိုတာလေး ပြောပြပေးပါဗျာ ကျေးဇူးတင်စွာဖြင့်
့်
အဖြေ။ ။ myanmarblogdirectory.blogspot.com နဲ့ mmbloggershelpdesk.blogspot.com က အသုံးဝင်ပါလိ့မ်မယ်။

saund: ဘလော့ပေါ်မှာ button ထဲ့ပြီး လိုချင်တဲ့ နေရာ သွားလို့ ရအောင် လုပ်လို့ ရမလား ဖြေကြားပေးပါရှင့်
အဖြေ။ ။

Nyi Nyi: ကိုသူရခင်ဗျာ... အကိုပြေတဲ့ itmen.blogspot.comနဲ့ လည်းစမ်းကြည့်ပြီးပါပြီ..အဆင်မပြေသေးပါ.. အဆင်လေးစားအားကြလျှက်..
အဖြေ။ ။ ခင်ဗျားက ဘယ် Feed Reader ကိုသုံးတာလဲ။ Google Reader နဲ့ဆိုရင်တော့ itmen.blogspot.com က ရတယ်ဗျ။ တခြား Feed Reader ဆိုရင်တော့ http://feeds.feedburner.com/diaryofitmen ကို ချိတ်လိုက်ပါ။ သေချာပေါက် ရပါလိ့မ်မယ်။

ကိုအောင်: ဘလော့ spot လိပ်စာကို mmbloggers.org ဖြစ်အောင်ဘယ်လိုလုပ်လဲဗျ..
အဖြေ။ ။ ဒီဘလော့ခ်မှာ ကျွန်တော်ရေးထားပါတယ်။ ပြန်ရှာကြည့်ပါဦး။

komoe: နောက်တစ်ခုက file sharing လုပ်လို့မရဘူးဖြစ်နေတယ်။ dim ဖြစ်နေတာဗျ။ folder option မှာဝင်ကြည့်တော့လည်း check လုပ်ထားတယ်။ အဲဒါလေးလည်းဖြေပေးပါဦး။
အဖြေ။ ။ Folder Option ထဲက Simple File Sharing ကို ဖြုတ်လိုက်ပါ။ ပြီးရင် Share လုပ်ချင်တဲ့ Folder ပေါ်မှာ Right Click>Properties ကိုရွေး၊ Sharing Tab ကိုနှိပ်၊ Share this folder ကိုရွေးလိုက်ပါ။ ရပါလိ့မ်မယ်။

komoe: အစ်ကိုရေ.. ကျွန်တော့် PC မှာ FF နဲ့ IE browser တွေဖွင့်လို့မရဘူးဗျ။ blank page ပဲတတ်လာတယ်။ firewall ကနေ block လုပ်ထားမိတာလဲမဟုတ်ပါဘူး။ opera ကိုသုံးတော့ရနေပြန်ရော။ ဖြေရှင်းရမယ့်နည်းလေးပေးပါဦးဗျာ။
အဖြေ။ ။ ခင်ဗျားက bagan သုံးတာလား၊ MPT သုံးတာလား။ MPT ဆိုရင်တော့ Proxy Setting တွေ ကြည့်လိုက်ပါဦး။ အဲဒါတွေမှန်ရဲ့သားနဲ့ မတက်ဘူးဆိုရင်တော့ Malware၊ Spyware တစ်ခုခုဖြစ်နိုင်တယ်။ Ad-Aware ဆိုတဲ့ Program နဲ့ Scan စစ်ကြည့်လိုက်ပါ။

ချစ်လား: အစ်ကိုရေ Folder Windows ရဲ့ Background ကိုပြောင်းလဲနည်း အဲဒါလေးကို ကျွန်တော် သေချာနား မလည်လို့ ဗျာ ဖြစ်နိုင်ရင် အီးမေးလ် လေး နဲ့ ရှင်းပြပါဦး ။
အဖြေ။ ။ နည်းနည်းလေး ထပ်ကြိုးစားကြည့်ပါဦးဗျာ။ ဘာမှခက်တာမှ မဟုတ်ဘဲ။

nay: ကိုသူရ ဆိုဒ်မှာ search link ထည့်ပေးစေချင်ပါတယ် ...
အဖြေ။ ။ ထည့်ပေးပါမယ်ဗျာ။ တခြား ထည့်ရမယ့်ဟာတွေလည်းရှိသေးတယ်။ လောလောဆယ်မအားသေးလို့ Post တွေပဲတင်နေရတယ်ဗျာ။ Template ကို မပြင်အားသေးပါဘူး။ ကျွန်တော့်နာမည်က ကိုသူရိန်ပါခင်ဗျာ။ ဆရာဇာဂနာ မဟုတ်ရပါဘူး။

wkk: I m also facing with svchost.exe virus,that is in my thumb derive,seem to be as a hidden file ,and shown audio icon,,that make multi files in my drive file type is application ,while I try to format that drive ,system can not let to format ,said ,sth: is running in that drive ,I need to close that window and do that again ,,like that I met ,even for format I can't delete. I think bc of that virus pretending name svchost.exe
အဖြေ။ ။ Use Unlocker program to unlock files on memory stick that has been used by windows.

Ko Kyaw Kyaw: can u tell me about google lively new software
Answer: It is virtual 3D Chat Program. You can create your's 3D character and can chat at virtual 3D environment. Visit www.lively.com for more information.

naing naing: အစ်ကိုရေ pdf ဖိုင် ကိုဘယ်လိုရေးရမလဲဗျ ကူညီပါဦး software ရှိရင်လဲပေးပါဦး
အဖြေ။ ။ PDF Creator ဆိုတဲ့ software လေးနဲ့ လုပ်လို့ရပါတယ်။ အင်တာနက်ထဲမှာ ရှာကြည့်လိုက်ပါ။

myat thu: gtalk ကို group နဲ့ chat ချင်တာ ဘယ်လိုလုပ်ရပါမလဲခင်ဗျာ....
အဖြေ။ ။ ဒီဘလော့ခ်မှာ ရေးထားပြီးသားပါ ခင်ဗျ။

aunglay: အကို mozilla နဲ့ gmail ဖွင်လို့မရတာဘယ်လိုလုပ်ရမလဲအကို။
အဖြေ။ ။ Gmail က SSL protocol သုံးပါတယ်။ အဲဒါကြောင့် Firefox ရဲ့ Proxy number ထည့်တဲ့နေရာမှာ Use this proxy server for all protocols ကို check ပေးဖို့လိုပါတယ်။ အဲဒါမှ မရရင် Tools> Options> Advanced> Encryption မှာ Use SSL နဲ့ Use TLS ကို check ပေးလိုက်ပါ။

Kyaw: ကျွန်တော် အင်တာနက်ကို လိုင်းခွဲသုံးချင်ရင် ဘယ်လိုလုပ်ရင်ရမလဲ။
အဖြေ။ ။ ခင်ဗျားက ဘာလိုင်းသုံးတာလဲဆိုတာ ပြောမှ ရမှာဗျ။ ADSL လား၊ IPstar လား၊ broadband လား၊ WiMax လား။

monywathar: I also want to know about Gtalk.exe corrupt file.
Answer: I don't know about that. If you face problem with Gtalk, try to reinstall.

rui: torrent ကို ဘယ်လို download လုပ်ပါသလဲ
အဖြေ။ ။ torrent တွေကို မြန်မာပြည်မှာ ပိတ်ထားပါတယ်ခင်ဗျာ။

July 18, 2008

ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်ချင်

Post from sainnatkha.blogspot.com

ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်တဲ့ Web Site တခုတင်ပြချင်ပါတယ်။ ဒီ Web Site လေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ Name (or)Phone နေရာတွင် မိမိသိလိုသောဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး Enter ခေါက်ပါက ဖုန်းပိုင်ရှင်နာမည် နှင့်တကွ လိပ်စာပါတွေရပါလိမ့်မယ်။ အရေးကြီးသောဖုန်းနံပါတ်များပါဖော်ပြထားပါတယ်။ဒီနေရာမှ Click နှိပ်ပြီးသွာပါ


July 16, 2008

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၇)

chitloonthu: အစ်ကို..ရေ.အင်တာနက်ဆိုင်တစ်ဆိုင်သွားတာ folder တွေ အရောင်ပြောင်းနေတာတွေ့ရပါတယ်။ ဘယ်လိုလုပ်ပါသလဲ
အဖြေ။ ။ ဆော့ဖ်ဝဲနဲ့ပဲ လုပ်တာပေါ့ဗျာ။ Folder Marker ဆိုတာရှိတယ်။ ဒေါင်းလုပ်လင့်ခ်ကတော့ http://www.foldermarker.com/FolderMarker_Free.exe

thar soe: how do i type the myr font in c-box..how do i pass the proxy..
အဖြေ။ ။ ခင်ဗျားစက်မှာ Alpha Zawgyi ရှိမှရပါမယ်။ www.zawgyi.org မှာရှိပါတယ်။ အဲဒါကို သွင်းပြီးရင် Ctrl+Shift တစ်လှည့်စီနှိပ်ပြီး အင်္ဂလိပ်၊မြန်မာ တစ်လှည့်စီပြောင်းနိုင်ပါတယ်။ Proxy အကြောင်းကိုတော့ အီးမေးလ်နဲ့ပို့လိုက်ပါ့တယ်။

tarnaw0:ံHi brother, I downloaded HP Disk Storage Format Tool and format my usb, i see error that device media is write-protected. What should i do brother? please advice again. Thanks.
အဖြေ။ ။ ခင်ဗျား USB မှာပါတဲ့ Hold ဆိုတဲ့ slide ခလုတ်ကလေးကို On ထားလို့ပါ။ တခြားဘက်ကို ရွှေ့လိုက်ပါ။

ကိုစည်သူ: webmail hack software fullversion ကို ဘယ်မှာ download လုပ်ရင်ရနိုင်ပါလဲခင်ဗျာ
အဖြေ။ ။ ကျွန်တော်ကတော့ အားမပေးချင်ဘူးဗျာ။

heinandar: gtalk ၀င်ရတာ သိပ်ကြာတဘဲ တစ်ခါတစ်ခါ 45 မိနစ်လောက်ကြာတယ်။ ဆိုင်မှာသုံးတာပါ။ယူဇာတွေကို ဘယ်လိုလုပ်ပေးရမှန်းကို မသိတော့ဘူး။ ဆာဗာက 2003 ပါ။ ကလိုင်းယန့်တွေက ဆားဗစ်ပက်2 အိစ်ပီပါ
အဖြေ။ ။ Gtalk version အသစ် ပြန်တင်ကြည့်ပါလား။ Server စက်မှာ Server Role က ဘာတွေတင်ထားလဲ ပြန်ပြောပေးပါဦး။

samelann: myanmarblogdirectory မှာလဲဘယ်လို ကြော်ငြာရမလဲဗျ
အဖြေ။ ။ Comment ထဲမှာ ခင်ဗျားလိပ်စာလေး ရိုက်ထည့်ပေးလိုက်ရုံပါပဲ။

samelann: ဘလော့ကို google reader နဲ့ ဖတ်လို့ရအောင်လဲဘယ်လိုလုပ်ရမလဲဗျ
အဖြေ။ ။ ဒီဘလော့ခ်မှာ ရေးထားပါတယ်။ သေချာပြန်ရှာကြည့်ပါဦး။

samelann: brother ကျွန်တော်ဘလော့တခုလုပ်နေပါတယ်.cbox ကို register လုပ်ပြီးသွားပါပြီ but ဘလော့မှာဘယ်လိုထည့်ရမလဲဗျ..
အဖြေ။ ။ Cbox ကထုတ်ပေးတဲ့ code ကို copy ကူးပါ။ ပြီးရင် blogger.com ကိုသွားပြီး Login လုပ်ပါ။ Dashboard မှာ Manage Template ဆိုတာပါပါတယ်။ အဲဒါကိုနှိပ်ပြီး Cbox ကပေးတဲ့ code တွေကို paste လုပ်လိုက်ပါ။

komin: ကျွန်တော့်စက်မှာ registry ကို ပြင်လို့မရဘူဖြစ်နေတယ်။ registry edtion has been disable by administratior လို့ပြနေတယ် ..regedit ခေါ်လိုက်တိုင်းစက်က restart ဖြစ်သွားတယ်..ဘယ်လိုရှင်းရမလဲဆိုတာ ကျေးဇူပြုပြီး
အဖြေ။ ။ Ultimate Washer ဆိုတဲ့ program လေးရှိပါတယ်။ ကျွန်တော်သုံးနေကျပါ။ ဒီမှာနှိပ်ပြီး download လုပ်ပါ။ Install လုပ်စရာတောင်မလိုဘူး။ ဒီအတိုင်းလေးနှိပ်ဖွင့်လိုက်ပါ။ အဲဒီမှာ Registry ဆိုတဲ့ tab ကိုနှိပ်ပြီး Repair Registy ဆိုတဲ့ buttton လေးကို နှိပ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။

it search: စက်က Adobe Acrobat 7 Professional တင်ထားတာ clamwin-0.93.1-setup.exe ကို Download လုပ်ပြီးတဲ့နောက်ပိုင်း Software တော်တော်များများ acrobat.exe တွေပြောင်းပြီးတော့ Software တွေ Run လို့မရတော့ဘူး။ System restore point လည်းမရတော့ဘူး။ Acrobat ကို uninstall လုပ်တော့မှပြန်သုံးလို့ရတယ်။ Acrobat ကိုပြန်တင်ရင် ခုနလိုပဲပြန်ဖြစ်သွားတာပဲ။ ဘယ်လိုလုပ်ရမလည်းမသိဘူး။ ခုတော့ Acrobat ကို ဖြုတ်ထားပြီးသုံးနေရတယ်။
အဖြေ။ ။ Acrobat ရဲ့ keygen မှာ ဗိုင်းရပ်စ် ပါနေတယ်ထင်တယ်။ တခြား Acrobat ခွေဝယ်ပြီး တင်လိုက်ပါ။ ကောင်းသွားပါလိမ့်မယ်။

Nyi Nyi: ကိုသူရိန်ရဲ့ itmen.myanmarbloggers.org ကို google reader နှင့် link လုပ်လို့ မရဘူးဖြစ်နေတယ်.. အခြား site ကြတော့ရတယ်..ကူညီပါအုန်း... အမြဲလေးစားအားကျလျှက်...
အဖြေ။ ။ itmen.blogspot.com နဲ့ link လုပ်မှ ရမှာဗျ။

July 15, 2008

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၆)

romeo.dove: plz how pass for proxy?
အဖြေ။ Email နဲ့ ပို့လိုက်တယ်နော်။

sai hunhtike:
အစ်ကို..ကျနော်..gmailပေါ်မှာ ပုံလေးတွေတင်ချင်ပါတယ်....gmail တိုင်ပင်၇ိုက်ပြီးပေါ်လာတဲ့  စာမျက်နှာပေါ်မှာ ပုံ လေးတွေ ဘယ်လို တင်၇ပါသလဲ ခင်ဗျာ....
အဖြေ။ ပထမဆုံး Gmail ထဲထည့်ချင်တဲ့ပုံကို http://imageshack.us မှာ upload လုပ်လိုက်ပါ။ ပြီးသွားတဲ့အခါမှာ ကိုယ်တင်လိုက်တဲ့ ပုံအသေးစားလေး ပေါ်လာပါလိမ့်မယ်။ အဲဒါလေးကို select လုပ်ပြီး Ctrl+C နှိပ်ပါ။ ပြီးရင် Gmail ကိုသွားပြီး Compost Mail နှိပ်ပြီး ခါတိုင်းလိုပဲ စာတွေရိုက်ပေါ့။ ပုံထည့်ချင်တဲ့နေရာရောက်ရင် Ctrl+V ကိုနှိပ်လိုက်။ ဟော..ပုံလေးရောက်လာရော။

evil:
အစ်ကိုပြောတဲ့ Service Park 3 ဆိုတာ ကားပုံပါတဲ့ service Park 3 လား။ .
အဖြေ။ မဟုတ်ရပါဘူးဗျာ။ ဈေးကွက်ထဲမှာ SP3 ဆိုပြီး ထွက်နေတာကြာပါပြီ။ အဲဒါတွေက SP2 ကိုပဲ ထိုင်းတို့၊ တရုတ်တို့ကလူတွေက nLite ဆိုတဲ့ program မျိုးနဲ့ customize လုပ်ထားတာပါ။ အဲဒီ Windows တင်ထားတဲ့ကွန်ပျူတာမှာ Windows key နဲ့ Pause Break key နှိပ်လိုက်ရင် SP2 ဆိုပြီး ပြပါလိမ့်မယ်။ အခု SP3 က Microsoft က တရားဝင်ထုတ်တဲ့ဟာပါ။ ထုတ်တာမှ ဘာမှမကြာသေးဘူး။

MoeZaw
:
ကျွန်တော့် ကွန်ပျူတာ မှာ စက်ဖွင့် လိုက်တာနဲ့ blood windows ဆိုပြီး အနီရောင် screen ကြီး ဖြစ်ပြီး ဘာမှ လုပ်လို့မရတော့ပါ..ဖြေရှင်းနည်းလေး ပြောပြပေးပါခင်ဗျာ
အဖြေ။ အဲဒါ ဗိုင်းရပ်စ်ဗျ။ Antivirus (Kaspersky သို့မဟုတ် CalmWin) တင်ထားတဲ့ တခြားစက်မှာ ခင်ဗျား hard disk ကိုတပ်ပြီး scan စစ်ကြည့်လိုက်ပါ။

komin
: ကိုသူရိန်ခင်ဗျား ကျွန်တော့်memory stick format ရိုက်မရတော့ဘူးwindow cannot format this drive အဲဒီဘောက်ကျလာတယ်ဆက်မလုပ်တတ်တော့ဘူးကူညီပေးပါအုံးခင်ဗျ။
အဖြေ။ ဖြစ်တတ်ပါတယ်။ HP Disk Storage Format Tool ဆိုတာကို Google ကနေ ရှာပြီး ယူလိုက်။ ပြီးရင် အဲဒါနဲ့ Format ရိုက်ပါ။

Nyi Nyi
: အကို IT Men ခင်ဗျာ Protocol အကြောင်းလေးများ ကိုဆက်လက် ရေးသားပေးပါအုန်းခင်ဗျာ လေးစားစွာဖြင့်...
အဖြေ။ ဟုတ်ကဲ့...ရေးပါ့မယ်။ မကြာမီ..လာမည်..မျှော်..ပေါ့ဗျာ။ ဟဲ..ဟဲ

pethein
: Cbox background ပြောင်းထည့်ပုံလေးပြောပြပါဦး။ ကျေးဇူတင်စွာဖြင့်
အဖြေ။ ကိုပီသိန်းရေ www.cbox.ws မှာပဲ မွှေကြည့်ပါဗျာ။ ရှိပါတယ်။

itkoaung
: my blogspot page မှာ horizontal menu bar ကိုဘယ်လို့ထဲရပါလဲ ? သင်ပြပေးတဲ့ website , ebook
အဖြေ။ http://www.kaboodle.com/reviews/horizontal-menu-and-navigation-bar-tips-for-blogger မှာ ရေးထားပါတယ်။ စာတွေကို ဆက်ရေးထားလို့ ဖတ်ရတာတော့ နည်းနည်းခက်လိမ့်မယ်။ monywathar: I want to know about MPLS(multi protocol Label Switching)

monywathar
: I want to know about MPLS(multi protocol Label Switching)
အဖြေ။ Wikipedia မှာရှိပါတယ်ဗျ။ ဖတ်ကြည့်ပါဦး။ ပြီးမှ ဆွေးနွေးကြတာပေါ့။

န၀ဒေး
: အစ်ကိုရေ svchost .exe ကိုရှင်းတဲ့ sofwarw က အဆင်မပြေဘူး scan time တအားပေးရတယ် update လုပ်လို့လဲမရဘူး။ တခြားနည်းရှိရင်ပြောပါအုံး
အဖြေ။ ခက်တာကဗျ..အဲဒီ svchost.exe ကို ကျွန်တော် မကြုံဘူးသေးဘူးဗျ။ ကြုံဘူးမှ ဘယ်ဟာနဲ့ သတ်ရင် မြန်တယ်၊ကောင်းတယ်ဆိုတာ ပြောပြနိုင်မှာမို့ပါ။

visio
: Anonymous proxies အကြောင်းလေး အချိန်ရရင်ရေးပေးပါဦး။ သူ့ကိုသုံးရင်ဘာတွေထူမလဲ။ မသုံးတာနဲ့  အတူတူဘဲလား...
အဖြေ။ မတူဘူးဗျ။ Anonymous proxies ဆိုတာက မည်သူမဆို သုံးလို့ရတဲ့ proxy server တွေကို ပြောတာပါ။

Myo Aung
: Kaspersky Key အသစ်ရှိရင် လုပ်ပါအုံးဗျို့
အဖြေ။ www.kavkiskey.com ကိုသာ သွားရှာပါတော့ဗျာ။

Nyi Nyi
: အကို...Access Point <2> လုံးကို ဘယ်လို Network မိအောင်ချိတ်ဆက် အသုံးပြုရမလဲ...
အဖြေ။ Subnet Mask အတူတူပေးပါ။ SSID ကိုလည်း အတူတူပေးပါ။ အဲဒါဆို မိပါလိ့မ်မယ်။ အဆင်မပြေရင်လည်း ထပ်ပြောဦး။

romlay
: Hi, thanks for your advices kill svchost.exe . i am thurein aung Friend .do you know him .?
အဖြေ။ ကိုသူရိန်အောင်လား သိတာပေါ့ဗျာ။ ဟိုတစ်နေ့က Chat ပြောသေးတယ်။ Networking ပိုင်းမှာ ကျွန်တော်မသိသေးတာတွေကို ရှင်းပြသေးတယ်။

phyothirilwin
: ကျမ ADSL လိုင်းနဲ့အသုံးပြုနေတာ တစ်နှစ် နီးပါးရှိတော့မယ်။ ဒါပေမယ့်မကြာမီငှါးထားတဲ့ဖုန်းလိုင်းကပြည့်တော့မယ်ဆိုတော့ နောက်ဖုန်းတလိုင်းထပ်ပြောင်းရင်ဘယ်ကိုဆက်သွယ်ရမလဲရှင့်။
အဖြေ။ 4421111 ကို ဆက်သွယ်လိုက်ပါ။




July 14, 2008

Window XP SP3

Windows XP SP3 အကြောင်း

Microsoft ကနေပြီး Windows Operating System ကြီးရဲ့ Performance, Security နဲ့ Stability တွေ ကောင်းသထက် ပိုကောင်းမွန်အောင် Updates တွေ၊ Fixes တွေကို အမြဲတမ်း ထုတ်ပေးလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ Updates တွေ၊ Fixes တွေကို package တစ်ခုအနေနဲ့ စုစည်းပြီး ထုတ်ဝေလိုက်ပါတယ်။ အဲဒါကို Service Pack လို့ခေါ်ပါတယ်။ အတိအကျပြောရရင် Performance Updates, Security Updates, Stability Updates တွေ ပေါင်းစည်းထားတာကို Service Pack လို့ခေါ်ပါတယ်။

Windows XP အတွက် Microsoft ကနေပြီး Service Pack 1၊ Service Pack 2 ဆိုပြီး နှစ်ကြိမ်ထုတ်ဝေခဲ့ပြီး အခုအချိန်မှာတော့ Service Pack 3 ဆိုပြီး ထုတ်ဝေလိုက်ပါပြီ။ Windows Vista ဟာ လုံခြုံရေးပိုင်းမှာ ကောင်းမွန်တယ်လို့ပြောနိုင်ပေမဲ့ Vista ကို Upgrade မလုပ်နိုင်တဲ့ PC တွေအတွက် SP3 ဟာ အားကိုးအားထား ပြုစရာလေး ဖြစ်ပါလိမ့်မယ်။

Windows XP SP3 မှာ အရင်ကထုတ်ခဲ့သမျှ XP အတွက် updates တွေ၊ ကဏ္ဍအသစ်လေးတွေ အနည်းအကျဉ်း ပါဝင်ပါတယ်။ ဒါပေမဲ့ သာမန်အမြင်လေးနဲ့ ကြည့်ရင်တော့ သိသိသာသာပြောင်းလဲမှုတွေကို တွေ့ရမှာမဟုတ်ပါဘူး။

 

SP3 မှာဘာတွေပါသလဲ

            XP နဲ့ပတ်သတ်ပြီး ထုတ်ခဲ့သမျှ Updates တွေပါဝင်ပါတယ်။ Microsoft Management Console 3.0၊ Microsoft Core XML Service 6.0 (MSXML6) လိုမျိုးတွေပေါ့။ ဒါပေမဲ့ SP3 မှာ Internet Explorer 7 ပါရှိလာမှာမဟုတ်ဘဲ IE6 နဲ့ IE7 တွေရဲ့ Updates တွေသာ ပါလာပါလိမ့်မယ်။ နဂို ကိုယ့်စက်မှာ တင်ထားတဲ့ IE ကိုပဲ update လုပ်ပေးသွားမှာပါ။ သတိပြုစရာကောင်းလောက်အောင် ပါလာတာတစ်ခုကတော့ Network Access Protection (NAP) ပဲဖြစ်ပါတယ်။ Windows Server 2008 နဲ့ Windows Vista မှာ ထည့်သွင်းပေးခဲ့ပြီး အခု SP3 မှာပါ ထည့်သွင်းပေးလိုက်ပါပြီ။ Networking ပိုင်းဆိုင်ရာ Update 9 ခုလောက်ပါပါတယ်။ Security ပိုင်းအတွက် 3 ခုလောက်ပါတယ်။

            ပြီးတော့ Windows Product Activation ပါလာပါပြီ။ ဒါကြောင့် SP3 ထည့်ပြီးသား Widows ကို တင်တဲ့အခါ အရင်တုန်းကလို Product Key တွေ တောင်းမှာ မဟုတ်တော့ဘူး။ နောက်ပိုင်းမှ Genuine Advantage နဲ့ စစ်ဆေးမှာပါ။ Microsoft Update ကနေ ယူတဲ့ SP3 Update လေးကို run ရင်တော့ အဲဒါတွေ ဂရုစိုက်စရာမလိုပါဘူး။

 

ဘယ်မှာရနိုင်မလဲ

            Windows Update ကပဲဖြစ်ဖြစ်၊ Microsoft Download Center ကနေပဲဖြစ်ဖြစ် ရယူနိုင်ပါပြီ။ Windows Update ကနေယူရင်တော့ Size က 70MB လောက်ပဲရှိပြီး Download Center မှာတော့ 580 MB လောက်ထိ ရှိပါတယ်။

Network Load Balancing

Network Load Balancing မိတ်ဆတ်

 

NLB service ဟာ Web Server, Firewall Server, Proxy Server စသည်တွေမှာသုံးတဲ့ Internet Server Application တွေကို အချိန်တိုင်းခေါ်ယူသုံးစွဲနိုင်အောင် (server down သည့်အချိန်နည်းပါးအောင်) နဲ့ cluster (server များကို အုပ်စုဖွဲ့ထားခြင်း) တစ်ခုဟာ performance နှေးနေပါက နောက်ထပ် system များ အလွယ်တကူ ထပ်တိုးနိုင်အောင် စသည်တို့ကို ပိုကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။ Windows Server တင်ထားတဲ့ ကွန်ပျူတာတစ်လုံးဟာ စွမ်းဆောင်ရည်အပိုင်းမှာရော၊ စိတ်ချရမှုမှာပါ အကန့်အသတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ Windows Server တင်ထားတဲ့ ကွန်ပျူတာနှစ်လုံး၊ သုံးလုံးလောက်ကို cluster တစ်ခုအနေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် NLB ဟာ အဲဒီ server တွေ အချင်းချင်းအတွက် performance တွေ reliability တွေကို ညီအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဥပမာ Web Server၊ FTP Server၊ Telnet Server သုံးလုံးကိုစုထားတဲ့ cluster တစ်ခုမှာဆိုရင် NLB ဟာ ၀င်လာတဲ့ client request မှန်သမျှကို အဲဒီ cluster အတွင်းမှာရှိတဲ့ host (Network အတွင်းရှိသော IP ပါသည့် device မှန်သမျှ) တွေအကုန်လုံးဆီ ဖြန့်ဝေပေးပါတယ်။ ဒါမှမဟုတ်လည်း NLB ကိုသုံးပြီး traffic တွေမှန်သမျှကို host တစ်ခုတည်းဆီသွားအောင်လည်း လုပ်လို့ရပါသေးတယ်။

ပြီးတော့ NLB ဟာ cluster အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေအကုန်လုံးကို cluster IP address သုံးပြီး address တပ်လို့ရပါသေးတယ်။ (မူရင်း IP ကို မထိခိုက်စေပါဘူး)

ကိုယ့် Network မှာ NLB ကိုလည်း သုံးထားမယ်၊ run နေတာကလည်း Load-Balanced application ဖြစ်မယ်ဆိုရင် အဲဒီ application တင်ထားတဲ့ ကွန်ပျူတာ down သွားတောင်မှ NLB က တခြား အလုပ်လုပ်နေသေးတဲ့ ကွန်ပျူတာဆီကို အဲဒီကွန်ပျူတာဆီရောက်လာတဲ့ load တွေကို လွှဲပေးမှာပါ။ မူလကွန်ပျူတာ ပြန်ကောင်းသွားရင်တော့ load တွေကို share ပြန်ယူလို့ရပါတယ်။

July 10, 2008

Gtalk တွင် ဘာသာပြန်စနစ် ထည့်သွင်းနည်း

အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။ Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။ ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။

Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။ ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။

အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။

Arabic – English ar2en en2ar

Bulgarian - English bg2en en2bg

Czech - English cs2en en2cs

Danish - English da2en en2da

German - English de2en en2de

German - French de2fr fr2de

Greek - English el2en en2el

Spanish - English es2en en2es

Finnish - English fi2en en2fi

French - English fr2en en2fr

Hindi - English hi2en en2hi

Croatian - English hr2en en2hr

Italian - English it2en en2it

Japanese - English ja2en en2ja

Korean - English ko2en en2ko

Dutch - English nl2en en2nl

Norwegian - English no2en en2no

Polish - English pl2en en2pl

Portuguese - English pt2en en2pt

Romanian - English ro2en en2ro

Russian - English ru2en en2ru

Swedish - English sv2en en2sv

Chinese - English zh2en en2zh

Traditional Chinese -

Englishzh-hant2en en2zh-hant

Traditional Chinese -Chinesezh-hant2zh zh2zh-hant

 

Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။

July 8, 2008

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း (၅)

caaung: i have a problem with IE antivirus(spyware).dialogue box came up when opening folder.I try with many spy ware soft but cant solve ......So PLS HELP ME ...With respects Geek
အဖြေ။ ။ folder တွေကို ဖွင့်တိုင်း ဖွင့်တိုင်း dialog box ပေါ်လာတာကို ပြောတာလားမသိဘူး။ အဲဒီ dialog box မှာရော ဘာတွေရေးထားတာလဲ။ အသေးစိတ်ပြောပေးပါဦး။

kophyo: How can I recover my win XP login that was give a password by unknown user.
အဖြေ။ ။ Passware Recovery Kit 7.0 ဆိုတဲ့ software နဲ့ recover လုပ်လို့ရပါတယ်။ စီဒီဆိုင်တွေမှာ မေးဝယ်ပါ။

caaung: i wanna know Torrent and how to use
အဖြေ။ ။ Torrent တွေကို မြန်မာပြည်မှာ သုံးမရဘူးဗျ။ ပိတ်ထားတယ်။

သန်းထိုက်: CCNA Exam ဖြေဖို့ဘာတွေကိုကြည့်ဖို့လိုမလဲဆိုတာသိချင်ပါတယ်။
အဖြေ။ ။ CCNA စာအုပ်တွေ ကွန်ပျူတာဂျာနယ်တိုက်မှာ ရှိပါတယ်။ အဲဒါတွေကိုပဲ ပြီးအောင် ဖတ်ပါဦး။

KMT: How I can set email account in portable Thunderbird email program.
အဖြေ။ ။ Thunderbird ကိုတော့ မသုံးဘူးဗျ။ အခု ဆိုင်မှာဗျ။ အိမ်ရောက်မှ check လုပ်ပြီး မေးလ်ပို့လိုက်မယ်နော်။

mgmg: ကွန်ပျူတာကိုpassword ဘယ်နှမျိုးရှိပါသလဲ..အစ်ကို။ပြောပြပါနော်။လုပ်နည်းလေးပါရေးထားပေးပါ။ညီလေး..mail ကိုပို့ပေးရင် ပိုကောင်းပါတယ် အစ်ကို..ကူညီပါလို့ တောင်းဆိုပါရစေ.
အဖြေ။ ။ password ဘယ်နှစ်မျိုးရှိသလဲ။ အဲ..password ပါဆို password တစ်မျိုးတည်းရှိတာပေါ့။

thetnaingwin: Laser Printer ကို Network Printer ကနေ ထုတ်ရင် ကနေထုတ်ရင် အရမ်းကြာနေတယ် Virus ကြောင့်လား
အဖြေ။ ။ share ပေးထာတဲ့စက်ရဲ့ spooler service ကို စစ်ကြည့်ပါ။ Run ထဲမှာ services.msc လို့ ရိုက်ထည့်ပြီး Print Spooler ကို တွေ့အောင်ရှာပါ။ သူက Started ဖြစ်နေရဲ့လား။ ဖြစ်မနေရင် Double Click နှိပ်ပါ။ ပေါ်လာတဲ့ box ထဲမှာ Start ခလုတ်ကို နှိပ်ပါ။ ပြီးရင်  Recovery tab ပေါ်မှာနှိပ်လိုက်ပါဦး။ First Failure, Second Failure, Subsequent Failure တွေမှာ Restart the Service ကိုပဲ ရွေးပေးပါ။
နောက်ဖြစ်နိုင်ချေတစ်ခုက share ပေးတဲ့စက်ရဲ့ Memory နဲ့ ဆိုင်ပါတယ်။ နည်းနေရင်တော့ ကြာမှာပဲ။
နောက် ဖြေရှင်းနည်းတစ်ခုက လှမ်းထုတ်မဲ့ စက်ရဲ့ Priority ကို မြှင့်ပေးရင် ရနိုင်ပါတယ်။ လှမ်းထုတ်မဲ့စက်ရဲ့ Control Panel>Printer and Fax ကို သွားပါ။ Printer ရဲ့ Properties ထဲမှာ Priority ပါပါတယ်။ ရှာကြည့်ပါ။ အဲဒီတန်ဖိုးကို တိုးကြည့်ပါ။

wathan: လက်ရှိ့ Mother Board တွေထဲမှာအကောင်းဆုံးMother Board ကိုပြောပြပေးပါနော်..
အဖြေ။ ။ အကောင်းဆုံးရယ်လို့တော့ ဖြေရခက်တယ်ဗျာ။ ကိုယ်က ဘာအတွက်သုံးချင်တာလဲ။ အဲဒီအပေါ်မှာ မူတည်တယ်။ လောလောဆယ် အိမ်သုံးအတွက်လောက်ကတော့ ASUS ရဲ့ P5GCMX ကို ကြိုက်တယ်။ တချို့ကလည်း MSI ကို ကြိုက်ကြတယ်။ လက်တွေ့စမ်းသပ်ချက်အရ MSI က ASUS ထက် နည်းနည်းပိုမြန်တယ်။ ပြီးတော့ ASUS လောက်တော့ ဈေးမများဘူး။ ဒါပေမဲ့ ASUS က service ပိုင်းမှာ သာတယ်။ တော်ရုံတန်ရုံ ဖြစ်တာလောက်တော့ ပြည်တွင်းမှာတင်ပဲ ရအောင်ပြင်ပေးနိုင်တယ်။

wathan: Assess Point တွေ ပွားခြင်တာပါ.. ပြီးရင် User Password တွေနဲ့ User တွေရဲ့အသုံးပြုမှု Time တွေကို Charges တွက်ချင်တာပါ.. ကူညီပါဦးနော်..
အဖြေ။ ။ AP ပွားချင်တာ။ အဲ..ဟိုဒင်း နည်းနည်းလေးပါလာပြီ။ လုပ်လို့ရပါတယ်။ မေးလ်နဲ့ ပို့လိုက်ပါ့မယ်။ ရောက်မလာရင်လည်း လှမ်းသတိပေးဦး။ ကျွန်တော်က မေ့တတ်တယ်။ Time တွေကို Charges တွက်ချင်တာဆိုတော့ ခင်ဗျားက Net Cafe ဖွင့်ထားတာလား။ Cafezee, Handy Cafe, CyberCafe Pro အဲဒီဟာတွေ သုံးကြည့်လေ။

နတ်သျှင်နောင်: ကျွန်တော့်computer မှာ network မှတဆင့်ထိန်းချုပ်ခြင်းကိုစမ်းကြည့်ပါတယ်...Run ထဲကနေ tasklist နဲ့ computer name ထဲ့ပြီးခေါလိုက်တာနဲ့ ခဏပဲပေါပြီးပျောက်သွားပါတယ်...ဘာမှဆက်လုပ်လို့မရတော့်ပါဘူး
အဖြေ။ ။ tasklist နဲ့ မဆိုင်ပါဘူး။ အဓိကက command prompt ကို run မရတာ။ ဗိုင်းရပ်စ်က လုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ရှင်းပစ်လိုက်လေ။

aungpainglin: အစ်ကို့ဆီကနေ Babylone Eng-Myan Dic: ယူပြီး တင်ထားတာ Expire ဖြစ်သွားပြီ။ ထပ်တင်လို့လည်းမရဘူး။ ဘယ်လို လုပ်ရမလဲ။ ကူညီပါဦး။
အဖြေ။ ။ ဒီ blog မှာ Crack ဖိုင် ပေးထားပါတယ်။ သေချာ ရှာကြည့်လိုက်ပါဦး။


July 5, 2008

Software Review (Amic Email Backup)

Post From thinzar00.blogspot.com

အရင် အပါတ်က PC ပြောင်းရမယ်ဆိုတော့ Microsoft Outlook က mail တွေ အရေးကြီးတဲ့ attachment တွေကို ပြောင်းဖို့ နည်းနည်း ခေါင်းစားသွားတယ်။ Outlook ရဲ့ export/ import feature က email တွေကို ကောင်းကောင်း export လုပ်ပေးပေမယ့် attachment တွေကို export မလုပ်ပေးတော့ ခက်နေတာ Amic Email Backup ဆိုတာ သုံးလိုက်မှဘဲ အဆင်ပြေသွားတော့တယ်။ free software ဖြစ်ပြီးတော့ တော်တော်လေး lightweight ဖြစ်လို့ သဘောကျသွားတယ်။ မြန်လဲ တော်တော်မြန်တယ်။ messages, address book, settings, mail and news accounts, message rules, blocked senders lists, the signatures တွေအားလုံးကို backup လုပ်လို့ရတယ်။ အခုတော့ အရေးကြီးတဲ့ email တွေကို backup လုပ်ဖို့ ဆက်သုံးဖြစ်မှာပါ။ interface ကလည်း တော်တော် သုံးလို့ လွယ်တယ်။ one-click ဘဲ။ Amic Tools Website မှာ download လုပ်နိုင်ပါတယ်။

How to open *.docx, *.xlsx, *.pptx files without Microsoft Office 2007

Post From thinzar00.blogspot.com

MS Office 2007 မှာ file format အသစ်တွေ ပြောင်းသွားတာ သတိထားမိမှာပေါ့။

*.docx, *.xlsx, *.pptx file တွေကို microsoft office 2007 မရှိဘဲနဲ့ ဘယ်လို ဖွင့်မလဲ။ နည်းလမ်း နှစ်နည်း ရှိပါတယ်။

First method:

File Format Converter (Compatibility pack for MS office 2007) ကို ဒီမှာ download လုပ်ပြီး install လုပ်ပါ။ file size က 25MB လောက်ရှိတယ်။ install လုပ်ပြီးသွားရင်တော့ Word 2007 document (*.docx), Excel 2007 workbook (*.xlsx), Powerpoint 2007 presentation (*.pptx) တွေကို MS Office 2003 သုံးပြီး အရင်အတိုင်း ဖွင့်လို့ ရသွားပါပြီ။


Second method:
အကယ်လို့ ကိုယ်က အင်တာနက် မရှိတဲ့ နေရာမှာ ရောက်နေမယ်။ အထဲမှာ ပါတဲ့ content ကို အရေးတကြီး ကြည့်ချင်တယ်ဆိုရင် နောက်တစ်နည်းကို သုံးလို့ရပါတယ်။

Step 1: ဥပမာ file name က mynotes.docx ဆိုရင် right click > rename လုပ်ပြီး mynotes.zip လို့ပြောင်းလိုက်ပါ။
Step 2: zip file အနေနဲ့ ဖြစ်သွားပြီဆိုရင် folder ပေါ်မှာ right click လုပ်ပြီး Extract All လုပ်လိုက်ရင် အောက်ကလိုမျိုး file/folder တွေ ရလာလိမ့်မယ်။
Step 3: word ဆိုတဲ့ folder ထဲက document.xml ဆိုတဲ့ file ကို Microsoft Internet Explorer (သို့) Mozilla Firefox နဲ့ဖွင့်လိုက်ရင် XML code တွေ ကြားထဲကနေ content ရှာပြီး ဖတ်လို့ ရပါတယ်။ document ထဲမှာ ပုံတွေ ပါမယ်ဆိုရင်တော့ media ဆိုတဲ့ folder ထဲမှာ save လုပ်ထားပေးပါတယ်။

Excel 2007 Workbook (*.xlsx) နဲ့ powerpoint (*.pptx) တွေကိုလည်း ဒီနည်းအတိုင်း ဖွင့်လို့ ရပါတယ်။

ဒုတိယ နည်းက document ကို original format အတိုင်း ဖတ်လို့ ရမှာ မဟုတ်ပေမယ့် အရေးတကြီး လိုအပ်လာရင် သိထားသင့်တဲ့ နည်းတစ်ခုပါ။ Office 2007 ရဲ့ XML format တွေကိုပါ လေ့လာလို့ ရသွားတာပေါ့။

July 4, 2008

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၄)

wathan: Access Point တစ်ခုကနေ အခြားAccess Point တွေအများကြီးလိုချင်ရင် ဘယ်လို Config လုပ်ရမလဲ...ဘယ်လိုစက်အမျိုးအစားတွေသုံးရမလဲ...ကျေးဇူပြုပြီးပြောပြ ပေးပါခင်ဗျာ..
အဖြေ - AP တစ်ခုကနေ တစ်ခြား AP တွေကို ချိတ်ဆတ်ချင်တာလား။ ရှင်းအောင်လေး ပြောပေးပါဦး။

wathan: Network မှ တဆင့် တခြာကွန်ပြူတာတွေကို shutdown လုပ်နည်းလေးသိချင် ပါတယ်..ကျေးဇူးပြုပြောပေးပါ
အဖြေ - cmd မှာ shutdown -m \\computername -s လို့ ရိုက်ထည့်ပြီး shutdown လှမ်းလုပ်လို့ ရပါတယ်။

wathan: Sharp notebook PC-MJ 730R ရဲ့ driver လိုချင်လို့ ပါ ..ဘယ်မှာရနိုင်မလဲ..ကျေးဇူပြုပြီးပြောပြ ပေးပါခင်ဗျာ...
အဖြေ - Sharp notebook ဆိုတာ့ www.sharpusa.com ကို သွားကြည့်လိုက်ပါ။ ရှိမယ်လို့တော့ အာမမခံရဲဘူးဗျာ။ အဲဒီမှာ မတွေ့လည်း Google တစ်ခုလုံး ရှိတာပဲ။

thantzawhein: Help me. Please give me Last C#.net VCE link for MCTS
အဖြေ - MCTS ebooks တွေကတော့ www.esnips.com မှာ ရှိတတ်ပါတယ်။ VCE ကတော့ ကျွန်တော်လည်း လိုချင်လို့ ရှာနေတုန်းပါပဲ။



Svchost.exe Virus ကို နှိမ်နင်းနည်း

ကျွန်တော်ကတော့ မကြုံဘူးသေးဘူး။ ဒါပေမဲ့ တော်တော်များများက svchost.exe ဗိုင်းရပ်စ် အတော်လေးသောင်းကျန်းနေတယ်လို့ ပြောကြပါတယ်။ ဒီဘလော့ခ်လေးကို ခဏလာလည်တဲ့ ကိုမျက်လုံးက အဲဒီ svchost.exe ဗိုင်းရပ်ကို open source anitvirus တစ်ခုဖြစ်တဲ့ clamwin နဲ့ နှိမ်နင်းလို့ ရတယ်လို့ ပြောသွားပါတယ်။ အောက်မှာ ပေးထားတဲ့ link နဲ့ download လုပ်နိုင်ပါတယ်။

http://downloads.sourceforge.net/clamwin

Cbox မှ မေးခွန်းများအားဖြေကြားခြင်း (၃)

uvitjota@gmail.com: svchost.exe virus စက်ထဲရောက်နေလို့ တစ်လုံးကတော့ ဒေါင်းသွားပြီ။ အဲဒီအတွက် အကူအညီ လိုနေလို့ လှမ်းပြောရတာပါ။
အဖြေ- svchost.exe ဆိုတာက windows ကြီး အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် run နေရတဲ့ process တွေပါ။ Virus တွေ ဘယ်လောက်ပဲအစွမ်းထက်ထက် windows process ရဲ့ နာမည်တွေအတိုင်း မrun နိုင်သေးပါဘူး။ ဒါကြောင့် တတ်နိုင်ရင် အပြည့်အစုံ ပြောပြပေးပါ။ အဲဒီ Virus က windows ကို ဘယ်လိုလုပ်လိုက်သလဲ။ မေးခွန်းထဲမှာ တစ်လုံးကတော့ ဒေါင်းသွားပြီလို့ ပါတယ်။ ဘယ်လိုဒေါင်းတာလဲ။ ပြီးတော့ Kaspersky တင်ပြီး နောက်ဆုံး Update နဲ့ရော သတ်ကြည့်သေးလား။

cm17: ယိုးဒယားဝင်းဒိုးတင်ထားတဲ့စက်မှာ language ပြောင်းချင်ရင်ဘယ်လိုပြောင်းရမလဲဆိုတာလေး ကျေးဇူးပြု၍ ဖြေပေးပါဦး
အဖြေ: Windows မှာ ပေါ်သမျှတွေအကုန်လုံး ယိုးဒယားလိုဖြစ်နေတာလား။ ဒါမှမဟုတ် တချို့နေရာတွေပဲ ဖြစ်နေတာလား။ အဲဒါလေး ပြန်ပြောပါဦး။ လောလောဆယ်တော့ ဒီနည်းလေးနဲ့ စမ်းကြည့်ပါ။ Start ကနေ Control Panel ကိုသွားပါ။ Regional and Language Options ကိုဖွင့်ပါ။ အဲဒီမှာ Regional Options ရယ်၊ Language ရယ်၊ Advanced ရယ်ဆိုပြီး Tab သုံးခုပါပါတယ်။ Regional Option Tab ရဲ့ အပေါ်ဆုံး drop-down list box ကိုဖွင့်ပြီး English (United States) ကို ရွေးပါ။ ပြီးရင် Advanced Tab ကို ဖွင့်လိုက်ပါဦး။ အဲဒီမှာပါတဲ့ အပေါ်ဆုံး box ထဲမှာလည်း English(United States) ကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ဒါဆို ရပါပြီ။

tuang: Dear,sia Please,how can i solve Antivirus, update,thank.
အဖြေ: Antivirus က ဘယ် Antivirus ကို ပြောပါသလဲ။ အဲဒါလေး ပြန်ပြောပေးပါဦး။

htinlinn: my office use MPT ADSL connection and BaganNET email accounts, before this time, can download emails with MPT ADSL, now cann't, pls tell me how to fix that, mail to me. Thanks a lot
အဖြေ: အစ်ကိုသုံးတဲ့ Email Program ကို သိမှဖြစ်ပါမယ်။ Outlook Express လား။

komin: english-myanmar dictionary ဘယ်မှရှာရမှန်းမသိပါ။ကျေးဇူးပြုပြီးအကို့ blog မှာတင်ပေးစေချင်ပါသည်။
အဖြေ: komin ရေ ပို့ပေးလိုက်ပြီနော်။ ကျွန်တော့်ဘလော့ခ်မှာ ပါပြီးသားပါ။ သေချာလေးကြည့်စမ်းပါဦး။

wathan: ကျန်တော်ကိုလည်းတစ်ခုလောက်ကူညီပါအုံး..kaspersky 7.0.128 မှာkey မတောင်းတဲ့ key တစ်ခုလောက်လိုချင်လို့ ပါ..
အဖြေ: www.kavkiskey.com မှာ key တွေ အများကြီးပေးထားပါတယ်။ download လုပ်ပြီး တစ်ခုပြီးတစ်ခု စမ်းကြည့်ပါ။ Blacklist မဟုတ်တဲ့ key တွေ့ပါလိမ့်မယ်။

July 2, 2008

PDF Search Engine

Post from nyilynnseck.blogspot.com
As all we know, most ebooks and papers are in Adobe's PDF fomat and it's quite difficult to find specific title on the net; unless you are not a bit familiar with some search engine code. But now newly found that search engine is a good helping hand for those who wanna digg the PDF articles. Likewise you also can use following code as google search engine.

xxxxxx filetype:pdf

Link: http://www.pdf-search-engine.com

သိတဲ့အတိုင်းပဲ ebooks တော်တော်များများနဲ့ paper တွေဟာ pdf အမျိုးအစားတွေလေ။ Search engine တွေမှာသုံးရတဲ့ ရှာဖွေမှု code တွေမသိရင်တော့ ရှာရတာနည်းနည်းခက်ပါလိမ့်မယ်။ ဒါပေမဲ့ အခုဆိုရင်တော့ PDF ဖိုင်တွေကို ရှာပေးနိုင်တဲ့ search engine တစ်ခုကို တွေ့ရှိထားပါတယ်။ Google မှာ PDF ဖိုင်တွေ ရှာနိုင်ဖို့ အောက်ပါပါတဲ့ code လေးအတိုင်း ရိုက်ထည့်ပါ။
         xxxx filetype:pdf 
         xxxx မှာ ကိုယ်ရှာချင်တဲ့ ebooks နာမည်ကို ရိုက်ထည့်ရမှာပါ။

Link: htpp://www.pdf-search-engine.com

Search Engine Crawlers as Proxy

Post from nyilynnseck.blogspot.com
ဒီနေ့ ပျင်းပျင်း ရှိတာနဲ့ Search Engine Crawler တွေကို လျှောက်စမ်းနေရင်းက နည်းလမ်းလေးတစ်ခု သွားတွေ့တယ်။ Crawler တွေကို Proxy Tunnel တွေပုံစံနဲ့ သုံးတဲ့နည်း ဆိုပါတော့။ နေ့တိုင်းနေ့တိုင်း ဘလော့တွေကို ဘယ်လို ဝင်ရမလဲ မေးကြလွန်းလို့ ဖြေရတာလည်း မောလှပြီ။ ပရောက်ဆီ ဝဘ်ဆိုဒ်တွေလည်း ပိတ်ထားတာဆိုတော့ ဘယ်ဟာ အသစ်တွေမှန်း မသိတော့ဘူး။ ဒီနည်းလမ်းလေးကတော့ သိပြီးသူတွေလည်း သိပြီးကြမှာပဲ။ မသိသေးတဲ့ သူတွေအတွက်ပေါ့။ ကျော်တဲ့ခွတဲ့ဟာတွေ ဖြန့်ဝေနေတယ်လို့ မထင်စေချင်ပါဘူး။ အသစ်တွေ့တာလေးမို့ မျှဝေတဲ့ သဘောပါပဲ။ တွေ့ပုချိ :)
အဲဒီဝဘ်ဆိုဒ်ကို ရောက်ရင် ကိုယ်သွားချင်တဲ့ ဆိုဒ်နာမည်ကို (URL ဆိုတဲ့ textbox ထဲမှာ) ရိုက်ထည့်လိုက်။ ပြီးရင် Submit လုပ်လိုက်ပါ။ ခဏစောင့်ရင် Crawler ဆိုတဲ့ အတန်းမှာ အနီရောင်နဲ့ Click here to view the page ဆိုပြီး ပေါ်လာလိမ့်မယ်။ ကိုယ့်ဘရောက်ဇာကို Popup နဲ့ Java Script run နိုင်အောင် ဖွင့်ထားပေးဖို့တော့ လိုပါလိမ့်မယ်။ မြန်လည်းမြန်တယ်၊ ကောင်းလည်းကောင်းတယ် ဆိုတော့ မကြာခင် ဒီဆိုဒ်လည်း ပိတ်တော့မယ် ထင်ပါရဲ့။ တကယ့်ကို ပရောက်ဆီဆိုဒ် မဟုတ်ရပါဘူးခင်ဗျာ။ Crawler တွေအလုပ်လုပ်ပုံကို ပြတဲ့ ဆိုဒ်လေးမို့ ချမ်းသာပေးကြပါလို့။ (မမြင်ရအောင် လင့်(ခ်)လေးကို သေးထားဦးမှ)

Link: http://www.smart-it-consulting.com/internet/google/googlebot-spoofer/

Online Bookmarking

တော်တော်များများ တွေ့ဖူးတယ်။ Website ကောင်းကောင်းလေးတွေ တွေ့ရင် စာအုပ်ထဲမှာ၊ စာရွက်ထဲမှာ ရေးမှတ်တဲ့သူတွေကိုပါ။ တကယ်တမ်းတော့ အဲဒီလို မှတ်စရာမလိုပါဘူး။ စာအုပ်ထဲမှတ်တယ်ဆိုတာက သွားလေရာ အဲဒီစာအုပ်ကြီး သယ်သွားရမှာလေ။ စာရွက်ထဲမှတ်တယ်ဆို ပိုဆိုးတာပေါ့။ ပျောက်လွယ်ရှလွယ် ဖြစ်နိုင်တယ်။
အဲဒီတော့ ဘယ်လိုမှတ်ရမလဲ။ လွယ်ပါတယ်။ အင်တာနက်ထဲမှာ ကိုယ် မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Website တွေ ရှိပါတယ်။ အဲဒီလို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ခေါ်ပါတယ်။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။
Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Website ကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ Ctrl+D နှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Add ကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။ နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefox မှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါ ကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menu bar က Favorites ထဲမှာရှိပါတယ်။
ဒါပေမဲ့ အဲဒီနည်းတွေက အင်တာနက်ကို အိမ်မှာသုံးတဲ့သူတွေအတွက်ပဲ အဆင်ပြေမှာပါ။ ကဖီးတွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲ မှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့ Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေ ခေတ်စားလာတာပေါ့။
အဲဒီလို Online Bookmark Site တွေထဲမှာ နာမည်အကြီးဆုံးကတော့ del.icio.us ပါ။ address bar မှာ del.icio.us လို့ ရိုက်ရင်ရပါပြီ။ သူကတော့ ကိုယ်ပိုင် bookmark တွေလည်း မှတ်လို့ရတယ်။ သူများမှတ်ထားတာတွေလည်း ရှာလို့ရတယ်။ Register လုပ်ဖို့တော့ လိုတာပေါ့။
Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ်။ address bar မှာ www.google.com/bookmarks လို့ ရိုက်ထည့်လိုက်ပါ။ Gmail username နဲ့ password ရိုက်ထည့်ပါ။ ပြီးရင် Sign in ဆိုတဲ့ button ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Google Account ကို Sign in လုပ်ပြီးသွားပါပြီ။ Google Bookmarks ဆိုတဲ့ page လေးလည်း ကျလာပါလိမ့်မယ်။ အဲဒီ page ပေါ်မှာ Google Bookmark ဆိုတဲ့ မီးခိုးရောင် ခလုတ်လေးတစ်ခုရှိပါတယ်။ ကိုယ်မှတ်ချင်တဲ့ website ကို tab အသစ်တစ်ခုတောင်းပြီး(Ctrl+T) ဖွင့်လိုက်ပါ။ (Firefox ကိုသုံးပါ) ပြီးရင် အဲဒီ မီးခိုးရောင်ခလုတ်ကလေးကို ကိုယ်မှတ်ချင်တဲ့ Website ဖွင့်ထားတဲ့ tab ပေါ်မှာ သွားတင်လိုက်ပါ။ ဒါဆိုရင် မှတ်လို့ပြီးသွားပါပြီ။ နောက်တစ်ခါ Google Bookmark ကို ဖွင့်တိုင်း ဖွင့်တိုင်း ကိုယ်မှတ်ထားတဲ့ Website လိပ်စာလေးတွေ ပေါ်နေပါလိမ့်မယ်။

July 1, 2008

Cbox မှ မေးခွန်းများအား ဖြေကြားခြင်း ၂

komin: ကျတော့် ကိုတစ်ခု ကူညီပေးပါအုံး (007Peep password )password ဖတ်တဲ့ software လေးလိုချင်လို့ ညွှန်းပေးထားတဲ့ www.uexcape.com/spysoft3.asp မှာမတွေ့ လို့ အကူညီပေးပါအုံး။
အဖြေ: ခင်ဗျားပြောတဲ့ www.uexcape.com ဆိုတဲ့ site က မရှိဘူးခင်ဗျ။ spelling မှားတာဖြစ်နိုင်တယ်။ လိုချင်တဲ့ software နာမည်က 007Peep password တဲ့လား။ Google နဲ့ ရှာရင်တွေ့မှာပါ။ တခြား site တွေမှာလည်း ရှိမှာပါ့။

ကျွန်တော့ရဲ့အခက်အခဲ: ကျွန်တော့ဘလော့မှာ mp3 ဒါရိုက်နားထောင်လို့ရအောင်လုပ်ချင်တယ် ဘယ်လိုလုပ်ရမလဲချင်ဗျာ
အဖြေ: http://next.yahoo.net/archives/32/easylistener ကို သွားကြည့်လိုက်ပါ။ လုပ်နည်းလေးတွေ ရေးထားပါတယ်။

Kyaw Htut: အကိုရေ အကို ရဲ့ Post လေးတွေ ကို အသုံးပြူခွင့်ပေးနိုင်မလား
အဖြေ: ရပါတယ်။ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

sanlinhtet: ကျနော် ကိုတခု လောက်တော့ မေခွင့် ပြု ပါ ကျနော် gtalk 2 ခု ခွဲတာ အကိုပြော သလို လုပ်ကြည့် တယ်ဗျ ဒါ ပေမဲ့ dest ပေါ်က အိုင်ကွန် ကို ကလစ် လိုက်ရင် ရှိရင် ဟာ ကိုပြောက် ပြောက်သွာတယ် အကို
အဖြေ: ပျောက်သွားတာမဟုတ်ပါဘူး။ Screen ရဲ့ ညာဘက်အောက်ထောင့်ကို ရောက်သွားတာပါ။ အဲဒီမှာပေါ်နေတဲ့ Gtalk icon ကို နှိပ်ပြီး ပြန်ဖွင့်လို့ရပါတယ်။

thantzawhein: please solve Tasklist password problem. i want to know this solution. pls help me.
Answer: I am trying to solve this problem. Because of many possible error, i am trying to write complete solution.

အာကာ: web developer တစ်ယောက်ဖြစ်ဖို့ ဘယ်သင်တန်းတွေ တက်ရမလဲ ဘာ software တွေ သင်ထားရမလဲ ပြေပြပေးပါ
အဖြေ: web developer ဖြစ်ဖို့ဆိုရင်တော့ web language တွေသိထားဖို့လိုပါမယ်။ Client language တွေဖြစ်တဲ့ HTML, CSS, Javascript ကို သိထားရပါမယ်။ ပြီးတော့ Server side language တွေဖြစ်တဲ့ PHP, ASP, Coldfusion ထဲက တစ်ခုခုကို ကျွမ်းကျင်ရပါ့မယ်။ ပြီးတော့ Database ကို နိုင်နင်းရပါ့မယ်။ MySQL ပဲဖြစ်ဖြစ်၊ Microsoft SQL Server ထဲက တစ်ခုခုပေါ့။ ပြီးတော့ နောက်တစ်ခုက XML ပါ။ အရေးကြီးပါတယ်။ အခုနောက်ပေါ်နည်းပညာတွေဖြစ်တဲ့ Ajax တို့၊ Silverlight တို့ကို သိထားရင်ပိုကောင်းပါတယ်။ သင်တန်းကတော့ MICT Park မှာ M3WI နဲ့ Creative ရှိပါတယ်။

newbie: I want to use mIRC by using dial up connection .....please help me how to do?
Answer: I don't use mIRC, so i can't possible to tell you. Sorry about that.


ကွန်ပျူတာကာတွန်းလေးတွေ ကြည့်ဖို့ရာ

www.glasbergen.com မှာ ကွန်ပျူတာနည်းပညာနဲ့သက်ဆိုင်တဲ့ ဟာသကာတွန်းတွေ အများကြီးရှိပါတယ်။ အပျင်းပြေ သွားကြည့်နိုင်ပါတယ်။

June 28, 2008

MPT မှ Proxy Server များပြောင်းလဲ

MPT နဲ့ net ချိတ်ဆတ်ထားတဲ့သူတွေအတွက် MPT က ကြေငြာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ Internet သုံးဖို့အတွက် Proxy Server address တွေ သုံးစရာမလိုတော့ပါဘူးတဲ့။ ဆိုလိုတာက အရင်တုန်းကဆိုရင် IE (or) Firefox မှာ Proxy Server ရဲ့ address ကို ထည့်ပေးထားရပါတယ်။ အခု အဲဒီလိုထည့်ထားစရာမလိုတော့ဘူးတဲ့။ သူတို့ ကြေငြာချက်ထဲမှာတော့ မြန်ဆန်ကောင်းမွန်တဲ့ အင်တာနက်ရရှိဖို့ ရည်ရွယ်တာပါဆိုပြီး ရေးထားတာပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ MPT နဲ့ ကိုယ်ပိုင် အင်တာနက်ချိတ်ထားသူများ အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ကြပါကုန်..

Instructions on how to turn-off proxy in Web browser

Internet Explorer

1. Open Internet Explorer.
2. Go to "Tools" menu and click on "Internet Options". (Note: Dial-up customers, skip to Step-6)
3. Choose "Connections" tab and click on "LAN settings".
4. Under "Proxy server" sub item, turn-off "Use a proxy server for your LAN".
5. Press "OK' button and "OK" button again the save the settings.
6. Choose "Connections" tab and double-click "BaganNet" dial-up name in "Dial-up and Virtual Private Network settings" window.
7. Under "Proxy server" sub item, turn-off "Use a proxy server for this connection".
8. Press "OK' button and "OK" button again the save the settings.

Mozilla Firefox

1. Open Mozilla Firefox.
2. Go to "Tools" menu and click on "Options".
3. Choose "Advanced" tab and click on "Network" sub-tab.
4. Click on "Settings" under "Connections" sub item.
5. Turn on "Direct connection to the Internet" and click "OK".
6. Click "OK" again to save the settings

Unicode 5.1 သို့ ပြောင်းသင့်ပြီ

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ website များတွင် Unicode 5.1 compatible Font ကို တဖြေးဖြေးခြင်း စသုံးရမှာ တော့မှာဖြစ်ပါတယ်။ Myanmar web developer များအနေဖြင့် သိသင့်သည်များကို အတိုဆုံးဖော်ပြလိုက်ပါတယ်။ ၁။ Myanmar character အတွက် အရေးကြီးသည့် ​Unicode 5.1 Standard ကို 2008 April 4 တွင် The Unicode Consortium မှပြဌာန်းလိုက်ပြီး သိပ်ပြောင်းလဲဖို့ မရှိဘူးဟု ယူဆရပါသည်။ မြန်မာပြည်အနေဖြင့်တော့ တရားဝင် ပြဌာန်းခြင်း မရှိသေးပါ (၁)။ ​Mainstream OS များတွင် Myanmar Font build-in ပါဖို့ နှစ်အချို့ကြာနိုင်ပါတယ်။ ၂။ Unicode Font တစ်ခုတည်းတွင် computer ဖြင့်ရေးလို့ ရသော ဘာသာစကား အားလုံးကို အကန့်လိုက် ပါဝင်နိုင်ပါတယ်။ Unicode 5.1 တွင် မြန်မာဘာသာအတွက် တိုင်းရင်းသားဘာသာစကား အပါအဝင် U+1000 မှ U+109F ထိ ၁၅၆ လုံးပါဝင်ပါတယ်။ ထို့ကြောင့် system နှင့် application များသည် annotate မှလုပ်ရဘဲ language ကို အလိုလျှောက်သိရှိပြီး search engine များက localize လုပ်သွားမြည်ဖြစ်ပါသည်။ ၃။ Unicode Format သည် data ကို အလေးပေး သော format ဖြစ်ပါသည် (၂)။ ​ Unicode Format data သိမ်းဆီးမှု စနစ်ကျပါတယ်။ အမြင် ဘယ်လိုဖြစ်နေနေ syllable တိုင်းတွင် ဗျည်းမှစ၍ ပင့်ရစ်ဆွဲထိုး၊ finals, သရ၊ အသံ စသည့် သက်မှတ်ထားသည့်အတိုင်း သိမ်းဆီးရမှာဖြစ်ပါတယ်။ ဥပမာ ပေါ ကို ပေါ ဟုသိမ်းဆီးပါမယ် (၃)။ ဒါဟာ algorithm များ ရေးသားရာတွင် လွယ်ကူစေပါတယ်။ ဥပမာ sorting ဆို အလိုလို အဆင်ပြေသွားမလားပဲ။ ၄။ Unicode Format data သည် data ကျစ်လစ်သည်။ ဥပမာ အောက်ကာမြင့် ကို U+1037 တစ်လုံး ဖြင့် သက်မှတ်ထားပါတယ်။ Non-Unicode Font တစ်ခုဖြစ်တဲ့ Wininnwa မှာ အောက်ကာမြင့် သုံးလေးခုရှိပါတယ်။ Unicode Font တွင် အလုံးဆင့် မရှိပါ။ အထူးရှယ် အပဲ့အရွဲ့ အသတ်အညှောက် များမရှိပါ (၅)။ ထို့အတွက် အမြင် အဆင်ပြေအောင် နေရာအထားအသို ညှိပေးသော algorithm များ Unicode Format Font တွင် ပါရှိပါတယ်။ ၅။ မြန်မာစာ Line breaking ပြဿနာ ဟာအများသိဖြစ်ပါတယ်။ ဥပမာ တဝေးထိုး အပေါ် line မှာ ကျန်နေတာမျိုး။ ထို့အတွက် U+200B ကို Word break marker အဖြစ် အသုံးပြုရန် Unicode standard မှ ​ဆိုထား ပါသည်။ သို့သော်လည်း web page အတွက်မူ line break နှင့် indexing ကောင်းရန် U+200B ကို syllable break marker အသုံးပြုခြင်းက ပို၍သင့်တော်ပါမည် (၄)။ Unicode 5.1 Font များသုံးခြင်းဖြင့် မြန်မာစာ အတွက် annotate မလုပ်ပဲ Multi-lingual content ပြနိုင်ခြင်း၊ SEO ကောင်းခြင်း၊ စာလုံး ပိုမိုလှပခြင်း၊ data သန့်ခြင်း၊ language processing algorithm များရှင်းလင်း လွယ်ကူခြင်း၊ font ပြောင်းရန် လွယ်ကူခြင်း တို့ကြောင့် Unicode 5.1 Font ​ကို တဖြေးဖြေးခြင်း ပြောင်းလဲအသုံးပြုကြရမှာဖြစ်ပါတယ်။ ​ Unicode 5.1 Font ပြောင်းရန် Burglish Toolkit များသုံးနိုင်ပါတယ်။ Open source Myanmar Unicode Font များကို Zawgyi.ORG တွင်ရယူနိုင်ပါတယ်။ ၁။ Unicode 5.1.0 ၂။ Unicode Explained by J. K. Korpela 2006 ၃။ Representing Myanmar in Unicode by Martin Hosken ၄။ Discussion for Syllable breaking ၅။ Myanmar charmap rendering အကြောင်းရှင်းပြပေးသော ကိုရဲမြတ်သူ အား ကျေးဇူးတင်ပါသည်။

IT Men said....
www.zawgyi.org မှာ ဖော်ပြထားတာကို ပြန်လည်ဖောက်သည်ချထားတာပါ။ ကဲ.ဘယ်လိုလုပ်ကြမလဲ။ Unicode 5.1 ကို စသုံးရတော့မှာတဲ့။ ၀မ်းနည်းစရာကောင်းတာက ကျွန်တော်တို့ blogger တွေ မက်မက်မောမောသုံးနေတဲ့ Zawgyi ကြီးက Unicode 5.1 မဟုတ်ဘူးတဲ့။ Unicode 5.1 ဖြစ်ဖို့အတွက်လည်း အချိန်အတော်ကြာဦးမှာ၊ ဖြစ်ချင်မှလည်း ဖြစ်လာမှာလို့ သူတို့ Site ထဲမှာ ပြောထားပါတယ်။ ဒါကြောင့် Zawgyi ကို မသုံးသင့်တော့ဘူးလို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ Zawgyi One Font နဲ့ ရိုက်ထားတဲ့ data တွေဟာ နောက်ဆိုရင် သုံးရမှာ မဟုတ်တော့ဘူး။ ရှင်းအောင်ပြောရရင် နောက်ပိုင်းမှာ မြန်မာစာ sorting စီပေးတဲ့စနစ်တွေ၊ Searching၊ Spelling Checking စတာတွေ ပေါ်လာရင် သူတို့တွေက Unicode 5.1 Font တွေသုံးပြီး ရိုက်ထားတဲ့ data တွေကိုပဲ လုပ်ပေးမှာ။ Zawgyi နဲ့ ရိုက်ထားတဲ့ စာတွေကိုတော့ ၀မ်းနည်းပါတယ်ဗျာဆိုပြီး တာ့တာ လုပ်မှာဗျ။ အခု Unicode 5.1 Font တွေ ပေါ်လာပါပြီ။ Myanmar 3, Parabaik, Padauk, MyMyanmar တွေပါပဲ။ ကဲ..အဲဒီထဲက ဘာရွေးကြမလဲ။

June 25, 2008

မြန်မာဝီကီသုံးစွဲသူများ တွေ့ဆုံပွဲ

Wikipedia ဆိုသည်မှာ အင်တာနက်ပေါ်တွင် အခမဲ့ရယူနိုင်၊ သုံးစွဲနိုင်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ထိုအခမဲ့သုံးစွဲနိုင်သော ဘာသာစကားမျိုးစုံဖြင့် ကဏ္ဍစုံတွင် အမြဲမပြတ် ရေးသားသောကြောင့် ဖတ်ရှုသူများအနေဖြင့် ဗဟုသုတ များစွာရရှိသော ၀က်ဘ်ဆိုဒ်စုကြီး ဖြစ်ပါသည်။ ၀ီကီပီဒီယားကို စတင်လုပ်ဆောင်ပေးခဲ့သော Wikimedia Foundation သည် စွယ်စုံကျမ်းအပြင် သတင်းများ၊ စာအုပ်များ၊ အဘိဓာန်နှင့် အခြားသော အခမဲ့ယူနိုင်သည့် ဘာသာရပ်ကျွမ်းကျင်သူများ ပေါင်းစပ်လုပ်ကိုင်နိုင်သော အခြားကဏ္ဍများကိုပါ ဆက်လက်ကြိုးစားလုပ်ကိုင်လျက်ရှိပါသည်။
ဝီကီပီဒီးယားသည် အခမဲ့ဖတ်ရှုနိုင်သည်သာမက ၀င်ရောက်ရေးသား အသိပညာဖြန့်ဝေလိုပါကလည်း လွတ်လပ်စွာ ရေးသားနိုင်သော နေရာတစ်ခုဖြစ်ပါသည်။ အခြားသူများမှာ ရေးသားချက်များကို ၀င်ရောက်ဖြည့်စွက်ရေးသားခြင်း၊ မှန်ကန်သော အချက်များ ဖြည့်သွင်းခြင်းနှင့် မလိုအပ်သည်များကို ဖယ်ရှားခြင်းတို့ကို ကိုယ်တိုင်ဝင်ရောက် လုပ်ဆောင်နိုင်ပါသည်။
ဝီကီပီဒီးယားကို ယခုအခါ မြန်မာဘာသာစကားဖြင့် သုံးစွဲနိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပမှ မြန်မာကွန်ပျူတာပညာရှင်များမှ ကြိုးစားလုပ်ဆောင်ခဲ့ရာ my.wikipedia.org တွင် စတင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာ ၀ီကီပီဒီယားတွင် အချက်အလက်အလွန်နည်းသေးသော်လည်း စတင်ခဲ့ပြီးဖြစ်သောကြောင့် မြန်မာအင်တာနက်သုံးစွဲသူများသို့ မိတ်ဆတ်ပေးရန် လိုအပ်နေပါသည်။ မြန်မာဝီကီတွင် ရေးသားပါဝင်ကူညီလိုသူများကိုလည်း စတင်ရေးသားနိုင်ရန် မိတ်ဆတ်ပေးလိုပါသည်။ စိတ်ပါဝင်စားသူများမှ ၀ိုင်းဝန်းကူညီရေးသားခြင်းဖြင့်  ပိုမိုပြီးပြည့်စုံသော အခမဲ့လွတ်လပ်စွယ်စုံကျမ်းတစ်ခု ဖြစ်လာမည်ဟု ယူဆမိပါသည်။
ထို့ကြောင့် Solveware Solution မှ မြန်မာဝီကီပီဒီယား လုပ်ဆောင်နေမှုများ မိတ်ဆတ်အသိပေးနိုင်ရန်အတွက် မြန်မာဝီကီသုံးစွဲသူများတွေ့ဆုံပွဲ ကို ဇူလိုင်လ ၅ရက်နေ့တွင် မြန်မာအင်ဖိုတက် အခန်း၂၀၅တွင် ၉နာရီမှ ၁၁နာရီထိ ကျင်းပပြုလုပ်ပါမည်။ ထိုတွေ့ဆုံပွဲတွင် လက်ရှိမြန်မာဝီကီပီဒီယား၏ အခြေအနေ၊ လုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်မည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးနိုင်ပြီး သုံးစွဲသူများ၏ ဆနများနှင့် ကူညီလုပ်ဆောင်နိုင်မှုအခြေအနေများကို တင်ပြဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးမည့် အကြောင်းအရာ အချက်အလက်မျုားပေးပို့လိုခြင်းနှင့် အသေးစိတ်အချက်အလက်များ မေးမြန်းလိုပါက Solveware Solution အခန်း ၂၊ အဆောင် ၄၊ မြန်မာ အင်ဖိုတက်၊ ဖုန်း 652291 Email: info@solvewaresolution.net သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Mystery Zillion

Mystery Zillion ကိုတော့ တော်တော်များများ သိကြမှာပါ။ မသိသေးရင်တော့ www.mysteryzillion.com ကို သွားလည်ကြည့်ကြပါ။ လူငယ်ကွန်ပျူတာပညာရှင်လေးတွေ တည်ထောင်ထားတယ်လို့ ယူဆမိပါတယ်။ အဓိကဇောင်းပေးထားတာကတော့ Forum ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင်လို့ရတယ်။ ကိုယ့်အခက်အခဲတွေပြောပြလိုက် ကူညီမယ့်သူတွေ တစ်ပုံကြီးပါ။ ဒါပေမဲ့တစ်ခုရှိတာက အဲဒီ site ကို အပေါ်ယံလေးတင် မကြည့်ပါနဲ့။ အချိန်ပေးပြီး Forum လေးတွေကို လိုက်ဖတ်ကြည့်ပါ။ ဗဟုသုတ တစ်ကယ်တိုးပါတယ်။ member ၀င်ထားရင်တော့ ပိုကောင်းတာပေါ့။ နောက်ဆိုရင်တော့ မြန်မာပြည်က ကွန်ပျူတာသမားတွေ အမြဲဆုံတဲ့ နေရာလေးတစ်ခု ဖြစ်လာမလားပဲ။

June 23, 2008

Tasklist ပြဿနာ

Tasklist command သုံးမရဘူး။ password တောင်းနေတယ်လို့ တော်တော်များများ ပြန်ပြောကြပါတယ်။ ကျွန်တော့် Network မှာ စမ်းတုန်းကတော့ အဆင်ပြေတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်က Windows အသစ်တင်ထားတဲ့ ကွန်ပျူတာနှစ်လုံးမှာ သွားစမ်းကြည့်တာကိုး။ ပြီးတော့ တင်ထားတဲ့ Windows က Windows XP SP2 August 07 version ဗျ။ အဲဒီကောင်တွေကတော့ အဆင်ပြေတယ်။ အရင်တုန်းက Windows တွေတင်ထားတဲ့ တခြားကွန်ပျူတာတွေနဲ့ ထပ်စမ်းကြည့်တော့ ကျွန်တော်လည်း အဆင်မပြေဘူး။ Password တောင်းထားပဲ။ အဲဒါ ဘာကြောင့်ဖြစ်တာလဲပေါ့။ လိုက်ရှာကြည့်တော့ အဖြေကို တွေ့ရှိသွားကြောင်းပါခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ Windows security ကြောင့်ပါ။ Local Security မှာပါတဲ့ DCOM ကြောင့်ပါ။ ဖြေရှင်းနည်းအသေးစိတ် မနက်ဖြန်တင်ထားမယ်နော်။ အခုတော့ ဘယ်လိုမှ မအားသေးလို့ပါ။

Kaspersky Key

Kaspersky key အသစ်လေး တင်ပေးလိုက်ပါပြီ။ ၇ လပိုင်း ၁ ရက်နေ့ Update နဲ့တော့ Blacklist မဖြစ်ပါဘူး။
http://zawthureintun.googlepages.com/KAV7_20090417_025FEE1E.KEY

June 19, 2008

thG Trojan အား ဖယ်ရှားနည်း

အခုတစ်လော Memory Stick တွေမှာ thG.exe ဆိုတဲ့ ဖိုင်လေးတစ်ဖိုင် တွေ့နေရပါတယ်။ ဖျက်လို့လည်းမရဘူး။ ကျွန်တော့် ကွန်ပျူတာလေးလည်း Memory Stick တွေကနေတစ်ဆင့် ကူးပါလေရော။ Kaspersky က လုံးဝကို မသိဘူး။ ကျွန်တော်လည်း တော်တော်စိုးရိမ်သွားတာပေါ့။ ဒီကောင် ဘယ်လိုများ ဒုက္ခပေးမှာလဲဆိုပြီး စောင့်ကြည့်နေလိုက်တယ်။ ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်စက်ကို Stick ထိုးလိုက်တိုင်း အဲဒီကောင်လေးက ခုန်ကူးသွားတယ်။

thG  ဆိုတာ ဘာလဲ?
thG ဆိုတာ trojan horse Gallery ရဲ့ အတိုကောက်ပါ။ virae.org က ဖန်တီးထားခြင်း ဖြစ်ပါတယ်။

ကိုယ့် Memory Stick မှာ thG ရှိမှန်း ဘယ်လိုသိနိုင်မလဲ?
Stick ကို ဖွင့်တဲ့အခါ wget.exe ဆိုတဲ့ဖိုင်လေး တွေ့လိမ့်မယ်။ My Computer မှာပေါ်တဲ့ Removable Disk icon ဟာ ခါတိုင်း icon ပုံမဟုတ်ဘဲ Hard Disk icon ပုံဖြစ်နေလိ့မ်မယ်။ ဖွင့်တဲ့အခါမှာလည်း တော်တော်လေးကြာမှ New Window နဲ့ ပွင့်လာလိမ့်မယ်။

ကိုယ့်စက်မှာ thG.exe ၀င်နေမှန်း ဘယ်လိုသိနိုင်မလဲ?
Task Manager ဖွင့်ကြည့်တဲ့အခါ thG.exe သို့မဟုတ် wget.exe သို့မဟုတ် wscript.exe ဆိုတာ run နေရတာကို တွေ့ရမယ်ဆိုရင်၊ ကွန်ပျူတာကို Memory Stick တပ်သုံးပြီး Safely Remove နဲ့ဖြုတ်တဲ့အခါ error တက်ပြီဆိုရင် ခင်ဗျားစက်မှာ  thG Trojan လေးဝင်နေတာ သေချာပြီပေါ့ဗျာ။

သူက ကွန်ပျူတာကို ဘယ်လိုဒုက္ခပေးသလဲ
ဘာမှတော့ မဖြစ်ပါဘူး။ အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာဆိုရင်တော့ Restart လုပ်တိုင်းလုပ်တိုင်း Desktop Background ပြောင်းပြောင်းသွားပါလိမ့်မယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်တဲ့ Stick မှန်သမျှထဲ ကူးသွားပါလိ့မ်မယ်။

ဘယ်လိုဖယ်ရှားမလဲ
လွယ်လွယ်လေးပါ။ ကွန်ပျူတာထဲမှာ ရှိနေတဲ့ thG ကိုဖယ်ရှားတဲ့ Program လေးကို ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ Double Click နှိပ် ဖွင့်လိုက်ရုံပါပဲ။ Flash Drive ထဲမှာရှိတဲ့ thG.exe ကို ဖယ်ရှားတဲ့ Program ကိုတော့ ဒီမှာ နှိပ်ပြီး ရယူပါ။ ပြီးတော့ ဖွင့်ပြီး run ပါ။


June 15, 2008

Blogspot တွေ ကြည့်နိုင်ဖို့

ကိုညီလင်းဆက် ဘလော့ခ်ကို ကြည့်တဲ့သူတွေကတော့ သိပြီးသားဖြစ်မှာပါ။ blogspot လိပ်စာနဲ့ ဘလော့ခ်တွေကို ကျော်ကြည့်နိုင်တဲ့ (အားတိုင်းယားတိုင်း ပိတ်နေတာကိုး) site တစ်ခုကို ပြန်လည် ဖောက်သည်ချလိုက်ပါတယ်။ လိပ်စာကတော့ http://blogspotproxy.com ဖြစ်ပါတယ်။ မြန်တယ်။ ကြော်ငြာမပါဘူး။ ကဲ..ကျော်တော့မှာ မဟုတ်လား။

Gtalk Shortcut များ

Shortcuts

  • CTRL + Mousewheel up/down: Chat Box အတွင်းရှိ Font size ကို ပြောင်းပေးသည်။
  • ချက်ပြောနေရင်းနဲ့ Call ခေါ်ချင်ရင် F9 နှိပ်ပါ။
  • Call ပြန်ပိတ်ဖို့ F12 ကို နှိပ်ပါ။
  • ချက်ပြောတာကနေ ထွက်ဖို့ Esc ကို နှိပ်ပါ။
  • ချက် window တွေကို minimize လုပ်ဖို့ Alt+Esc နှိပ်ပါ။
  • ပြောနေတဲ့ Chat windows တွေကို တစ်လှည့်စီ ပြောင်းဖို့ TAB ကို သုံးပါ။


Others

  • Gtalk မှာ ရိုက်နိုင်တဲ့ စာလုံးအရေအတွက်ဟာ  32767 characters ထိ ကန့်သတ်ထားပါတယ်။
  • စာလုံးတွေကို bold အနေနဲ့ ပေါ်ချင်ရင် * ခံပြီး ရိုက်ပါ။ ဥပမာ. *great* လို့ ရိုက်ရင် great လို့ ပေါ်ပါလိမ့်မယ်။
  • Italic လုပ်ဖို့အတွက်တော့ _ နှစ်ခု ခံရိုက်ပါ။
  • Message အသစ်အတွက် အကြောင်းကြားတဲ့ window တွေကို Right Click နှိပ်ပြီး ပိတ်နိုင်ပါတယ်။
  • Gtalk မှာ ပေါ်တဲ့ နာမည်ကို ပြောင်းဖို့အတွက်ဆိုရင်တော့ Gmail Setting မှာ ၀င်ပြင်ရပါမယ်။
myanmar-cartoon.blogspot.com တွင် ဖော်ပြထားသည်ကို လိုအပ်သလောက်ကိုသာ ရွေးပြီး ဘာသာပြန်ထားပါသည်။

June 14, 2008

Network မှတစ်ဆင့် အခြားကွန်ပျူတာများကို ထိန်းချုပ်ခြင်း (၁)

BlackGhost နဲ့ york တို့ Cbox မှာ အော်ထားလို့ လုပ်နည်းလေးတစ်ခုကို
ဖော်ပြပေးလိုက်ပါတယ်။ Network နဲ့ မရင်းနှီးသေးသူတွေအတွက်တော့ အိမ်သုံး၊
ရုံးသုံး ကွန်ရက် လက်တွေ့တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်လေးရေးပြီးတော့မှပဲ
လက်ဆောင်ပေးတော့မယ်။
ကိုယ့် Network အတွင်းမှာရှိတဲ့ တခြားကွန်ပျူတာတွေကို
ထိန်းချုပ်တဲ့နည်းတွေ မြောက်မြားစွာ ရှိပါတယ်။
တခြားကွန်ပျူတာဘာလုပ်နေတာကအစ ထိုင်ကြည့်လို့ရတဲ့ Program တွေလည်း
မြောက်မြားစွာရှိပါတယ်။ Local Chat (Text, Voice) ၊ Local Mail၊ Local
Intranet စတာတွေလည်း ဖန်တီးလို့ ရပါသေးတယ်။ နောက်ပိုင်းမှာ
တစ်ခုချင်းရေးတင်သွားပါ့မယ်။ (နောက်မှတွေများနေပြီနဲ့တူတယ်)
အခုတော့ တခြားကွန်ပျူတာတွေမှာ သုံးနေတဲ့ Program တွေကို
လှမ်းပိတ်တဲ့နည်းလေး တင်လိုက်ပါတယ်။ တစ်ခုလောက်တောင်းဆိုချင်တာက
ဒီနည်းလမ်းကို အသုံးချပြီး သူတစ်ပါးကို အနှောင့်အယှက်မပေးပါနဲ့။
အထူးတောင်းဆိုလိုပါတယ်။
၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။
၂။ တခြားကွန်ပျူတာမှာ run နေတဲ့ Program list ကို ကြည့်နိုင်ဖို့
tasklist command ကို သုံးရပါ့မယ်။ Parameter တွေ ခံရပါမယ်။ tasklist /s
computername လို့ ရိုက်ပါ။ computername နေရာမှာ ကိုယ်ဆက်သွယ်မယ့်
ကွန်ပျူတာရဲ့ name ကို ထည့်ရပါမယ်။
၃။ ဒါဆိုရင် အဲဒီ ကွန်ပျူတာမှာ run နေတဲ့ program list တွေ ပေါ်လာပါပြီ။
၎။ လှမ်းပိတ်နိုင်ဖို့အတွက် taskkill command ကို ထပ်သုံးရပါ့မယ်။
၅။ taskkill /s computername /im programname ပါ။
၆။ programname နေရာမှာ ပိတ်ချင်တဲ့ program name ကို ရိုက်ရပါမယ်။ ဥပမာ
notepad.exe

ခဏလောက် စောင့်ကြည့်ပါ။ ပြီးရင် အဲဒီကွန်ပျူတာ ကိုင်တဲ့သူ ငါ့ကွန်ပျူတာ
ဘာဖြစ်သွားတာပါလိမ့်ဆိုတဲ့ မျက်နှာကြီးကို စပ်ဖြီးဖြီးနဲ့
ကြည့်နေလိုက်ပေါ့။

June 13, 2008

Google Site

Google ကနေပြီး Free Website ဖန်တီးပေးနိုင်တဲ့ Site တစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။ သိသိချင်းပဲ အခုတင်လိုက်တာပါ။ အသေးစိတ်ကိုတော့ မကြည့်ရသေးဘူး။ Site တစ်ခုလောက်ဖန်တီးကြည့်ပြီးမှ ထပ်ရေးပါ့ဦးမယ်။ လိပ်စာအသစ်လေးကတော့ http://sites.google.com  ဖြစ်ပါတယ်။


Fasterfox

Fasterfox - Firefox ၏ စွမ်းဆောင်ရည်တိုးစေသည့် Tweak
  • Prefetch Links
    Fasterfox သည် အားနေသော bandwidth များကို အသုံးပြုခြင်း၊ မိမိကြည့်နေသော page ၏ link မှန်သမျှကို နောက်ကွယ်မှ loading လုပ်ပေးနိုင်သည်။
  • Tweak Network
    Firefox ၏ များစွာသော network နှင့် rendering setting များ (ဥပမာ- simultaneous connections, pipelining, cache, DNS cache and initial paint delay) များကို အပြောင်းအလဲလုပ်နိုင်သည်။
  • Page Load Timer
    Web Page ကို ခေါ်ရသည့် ကြာမြင့်အချိန်ကို timer ဖြင့် ပြပေးသည်။ 
  • Block Popups
    ကြော်ငြာ Box များကို တားဆီးပေးနိုင်သည်။  .
Install Fasterfox 2.0.0

June 11, 2008

Virtualization အကြောင်း ရေးပါဦးမည်

Virtualization Software တစ်ခုဖြစ်တဲ့ Virtual PC 2007 ကို စမ်းကြည့်နေတာ ပြီးသွားပါပြီ။ Virtualization ဆိုတာဘာလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာကို နောက်ပိုင်း တင်ထားပါ့မယ်။

Babylon Crack

ဟိုတလောက တင်လိုက်တဲ့ Babylon Crack က အလုပ်မလုပ်ပါဘူး။ ကျွန်တော်လည်း တင်ပြီးမှ သိတာပါ။ အခု ကိုကျော်ဖုန်းမြင့်ကပဲ နောက်ထပ် Crack တစ်ခုကို ပို့လိုက်ပါတယ်။ အောက်က လင့်ခ်နဲ့ download လုပ်ကြပါခင်ဗျား။

http://rs35.rapidshare.com/files/121380465/BabylonPro_1_.7.0.3.11.zip

June 10, 2008

DVD ခွေတွေမှာ မြန်မာ Subtitle ပါလာ

အခုနောက်ပိုင်း ထွက်လာတဲ့ DVD9 နိုင်ငံခြားဇာတ်ကားခွေတွေမှာ မြန်မာ Subtitle တွေပါလာပါတယ်။ အများအားဖြင့် Diamond တံဆိပ်ခွေတွေမှာ ပါပါတယ်။ DVD Player က Remote နဲ့ Subtitle ပြောင်းတဲ့အခါ 1. English လို့ပါတယ်။ ပြီးတော့ 2 ဆိုပြီး ပါပါတယ်။ အဲဒါက Myanmar Subtitle ပါပဲ။ အရင်တုန်းကတော့ Movie ပေါ်မှာ စာတန်းတွေကို အသေထိုးထားပါတယ်။ အခုစနစ်ကတော့ မြန်မာ Subtitle ကိုရွေးမှ Subtitle ဖိုင်လေးကို ဖတ်ပြီး ပြပေးတာပါ။ ကျွန်တော့်အထင် အဲဒီ Subtile ဖိုင်လေးမှာ ဘယ်မိနစ်၊ ဘယ်စက္ကန့်မှာ ဘယ်စာတန်းထိုးပေးပါဆိုတဲ့ instruction တွေပါမယ်ထင်တာပါပဲ။ အင်္ဂလိပ် Subtitle လုပ်နည်းကတော့ အရင်တုန်းကတော့ တစ်ခါစမ်းဖူးပါတယ်။ အောင်မြင်တယ်။ အခု Myanmar Subtitle တွေ ဘယ်လိုလုပ်ထားသလဲဆိုတာကိုတော့ လေ့လာလိုက်ပါဦးမယ်။ ပြီးရင်တော့ ဒီ Blog မှာ လုပ်နည်း တင်ထားပေးမယ်လေ။

June 5, 2008

Babylon 7 Crack

ကိုကျော်ဖုန်းမြင့်က Babylon 7 အတွက် Crack ကို Gmail ကန ကျွန်တော့်ဆီ လှမ်းပို့လိုက်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ် ကိုကျော်ဖုန်းမြင့်။
Download Link:
http://download.9down.com/Babylon7.0.1.4.Incl.Crack.rar

Crack ဖြည်နည်းကို နောက်ရက်မှတင်တော့မယ်နော်။ အခုတော့ မအားသေးလို့။

June 4, 2008

PhProxy အဆက်

PhProxy အကြောင်းကို ကျွန်တော်ရေးပြီတဲ့နောက် လိုက်သုံးကြည့်တဲ့သူတွေ အစပိုင်းအဆင်ပြေပေမယ့် နောက်ပိုင်း အဆင်မပြေတော့ဘူး အီးမေးလ်တွေပို့ပြီး ပြောကြပါတယ်။ အဲဒါအတွက် ဖြေရှင်းနည်းလေးကို တင်ပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ဘာကြောင့် အလုပ်မလုပ်တော့တာလဲ ဆိုတော့ PhProxy နဲ့ ဆက်သွယ်ထားတဲ့ Proxy Server တွေ မအားတော့တာ၊ မရှိတော့တာကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် နောက်ထပ် Proxy Server အသစ်တွေနဲ့ ထပ်မံချိတ်ဆက်ဖို့လိုပါတယ်။ လုပ်နည်းကတော့
၁။ PhProxy install လုပ်ထားတဲ့ Firefox ကိုဖွင့်ပါ။
၂။ Tools ကနေ Add ons ကိုရွေးပါ။
၃။ ပေါ်လာတဲ့ box ထဲမှာ PhProxy ပေါ်မှာ တစ်ချက်နှိပ်ပါ။ Options ကိုနှိပ်ပါ။
၎။ ဘယ်ဘက်က Server Updating ပေါ်မှာ တစ်ချက်နှိပ်ပါ။
၅။ Update from Server ကို တစ်ချက်နှိပ်ပါ။ ခဏစောင့်ပါ။
၆။ ပြီးရင် ဘယ်ဘက်က Proxy Setup ကို ပြန်သွားပါ။
၇။ အဲဒီမှာ Other available sever ဆိုတဲ့ drop down list box လေးရှိပါတယ်။ အဲဒါကို ဖွင့်ပြီး တခြား server တွေကို ရွေးပါ။
၈။ Save New Server ကိုနှိပ်ပါ။ ပြီးရင် အဲဒီ box တွေကနေ ထွက်လိုက်ပါ။
၉။ PhProxy ကိုသုံးကြည့်ပါ။ အဆင်မပြေရင် အပေါ်ကနည်းအတိုင်း တခြား server တွေကို ပြောင်းသုံးကြည့်ပါ။

အဆင်ပြေကြပါစေ။

အိုင်တီမန်း

June 3, 2008

Cbox မှ မေးခွန်းမေးကြသော သူငယ်ချင်းများသို့

ကျေးဇူးပြုပြီး Cbox ကနေ တစ်ခုခုမေးရင် Email လိပ်စာလေးတွေ ထားပေးခဲ့ပါ။ သိတဲ့အတိုင်း Cbox မှာ ရေးထားတာက ကြာသွားရင် နောက်ရောက်သွားတာကိုး။ အဲဒီတော့ သူငယ်ချင်းတို့က မေးခွန်းတွေမေးထားမယ်။ ကျွန်တော်က နောက်ကျပြီးမှ ဖြေရင် မေးခွန်းကတစ်ခြား၊ အဖြေက တစ်ခြား ဖြစ်သွားမှာပေါ့။ အဲဒီတော့ Cbox ဖတ်တဲ့သူတွေ မျက်စိလည်ကုန်ရော။ Email လေးချန်ထားခဲ့ရင် ကျွန်တော်လည်း Reply လုပ်ရတာလွယ်တယ်၊ အများသိချင်တာနဲ့ ကိုက်ညီတဲ့ မေးခွန်းဆိုရင်လည်း ဒီ Blog တင်ရတာ လွယ်တာပေါ့။ နော်..အဲဒါကြောင့်ပါ။ Cbox ကနေ မေးကြမယ်ဆိုရင် Email လေး ချန်ထားခဲ့ပါ။ Email မထားခဲ့ချင်ဘူးဆိုလည်း ကျွန်တော်တို့ဆီကို တိုက်ရိုက် Email ပို့နိုင်ပါတယ်။

register ရပြီဗျို့

---------- Forwarded message ----------
From: Min Naing Oo <minnai.u21@gmail.com>
Date: Sat, May 31, 2008 at 7:00 PM
Subject: Re: register ရပြီဗျို့
To: Thurein




On 6/1/08, Min Naing Oo <minnai.u21@gmail.com> wrote:
အစ်ကိုရေ babylon အတွက် register ရပြီဗျ။ babylon7 တော့မဟုတ်ဘူး။ 6 ကြီးဗျ။ ဒီမှာ download လုပ်လိုက်။ ပြီးရင် Babylon6_setup.exe ကို install လုပ်လိုက်။ ပြီးရင် babylon.6.0.3.4.pro-patch.exe ကိုcopy လုပ်ပြီး C:Program FilesBabylonBabylon-Pro ထဲမှာ paste လုပ်လိုက်။ task bar ညာဘက် အောက်ချေက system tray ထဲက babylon ကို right-click လုပ်ပြီး exit လိုက်။ ပြီးရင် C:Program FilesBabylonBabylon-Pro ထဲက babylon.6.0.3.4.pro-patch.exe ကို Run လိုက်။ ပြီးရင် patch ကို click လိုက်။ patch ပြီးရင် exit ကိုclick လိုက်။ အဲ့ဒါဆိုရပြီဗျ။ ပျော်လိုက်တာနော်..  :)
 
The download is from padonma.com

 

May 30, 2008

Gtalk ကို အမြဲ idle လုပ်ထားချင်လား??

From http://feeds.feedburner.com/~r/rapster88blog/~3/181159091/gtalk-idle.html

Google Talk မှာ Feature တစ်ခုပါတယ်လေ။ Keyboard နဲ့ Mouse ကို ၁၅ မိနစ် လှုပ်ရှားမှုမရှိရင် ကိုယ့်ရဲ့ Status ကို လိမ္မော်ရောင် အ၀ိုင်းလေးနဲ့ Idle ဆိုပြီးဖြစ်အောင်လုပ်ထားပေးတယ်။ Keyboard ဖြစ်ဖြစ် mouse ဖြစ်ဖြစ် ပြန်ပြီးလှုပ်လိုက်တာနဲ့ ကိုယ်လုပ်ထားတဲ့ Available or Busy ပြန်ဖြစ်သွားပါတယ်။ Google Talk မှာ Available or Busy Status ကိုကြိုက်သလိုပြောင်းလို့ ရပေမယ့် Idle ကိုတော့ ပြောင်းလို့မရပါဘူး။ Idle ကိုသာ ကြိုက်သလို ထိန်းထားခွင့်ရှိရင် ကိုယ်စကားမပြောချင်တဲ့သူတွေကို မရှိချင်ယောင်ဆောင်ပြီး လှည့်စားထားလို့ရတယ် :P ။

gAlwaysIdle ဆိုတဲ့ application သေးသေးလေးက idle status ကို ကြိုက်သလိုပြုပြင်လို့ရပါတယ်။ အမြဲပဲ idle ဖြစ်ချင်သလား normal ပဲထားမလား ဒါမှမဟုတ် လုံးဝကို idle မဖြစ်ချင်ဘူးပဲလား ဆိုတဲ့ options သုံးခုကို ရွေးလို့ရပါတယ်။ install လုပ်ရတာလဲ လွယ်ကူပြီးတော့ status ပြောင်းချင်ရင် System Tray ထဲက Google Talk Icon မှာ right click နှိပ်လိုက်ပြီး ရွေးရုံပါပဲ။

gAlwaysIdle က အခုအချိန်မှာတော့ Beta ပဲရှိနေသေးတဲ့အတွက် bug အနည်းငယ်ရှိနေပါတယ်။ အသိသာဆုံး bug ကတော့ status ကို idle ပြောင်းထားတုံး connection ကျနေရင် idle မဖြစ်သွားတာပါ။ နောက်ပြီး တစ်ခါတစ်လေ idle ဖြစ်အောင် ပြောင်းလို့မရတာပါ။ Connection ကောင်းတဲ့ အခါတွေမှာတော့ အဆင်ပြေပြေနဲ့ run နိုင်ပါတယ်။ ကဲ.. gAlwaysIdle နဲ့လူတွေကို လှည့်စားကြရအောင် ;)

>> Download gAlwaysIdle
>> gAlwaysIdle HomePage

Babylon And Padoma

အခုခေတ်က ကွန်ပျူတာခေတ်ပါ။ အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ ဆိုလိုရင်းကို သိဖို့ Oxford Dictionary အထူကြီးကို လှန်ရှာနေရမယ့်ခေတ်မဟုတ်တော့ဘူးလေ။ Computer နဲ့ရှာကြည့်၊ အချိန်တွေအများကြီးသက်သာသွားမယ်။ (ဒါကလည်း မီးလာမှပေါ့)။ အင်တာနက်မှာ ရနိုင်တဲ့ Dictionary Program တွေထဲက Babylon ကို ဖောက်သည်ချလိုက်ပါတယ်။ (Babylon ကို Gmail ကနေ မိတ်ဆတ်ပေးတဲ့ ကိုမင်းနိုင်ဦးကို ကျေးဇူးတင်ပါတယ်)
Babylon ဆိုတာက Dictionary Program လေးတစ်ခုပါ။ Size လည်းသေးတယ်။ ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့စကားလုံးတစ်ခု တွေ့ပြီဆိုရင် Control key နဲ့ Mouse တစ်ချက်နှိပ်ပြီး အနက်အဓိပာယ်ကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် dictionary တွေလည်း ထပ်ထည့်လို့ ရပါသေးတယ်။ အဲဒါကိုသိတဲ့ Padoma အဖွဲ့က Babylon မှာ ထပ်ထည့်လို့ရတဲ့ English-Myanmar Dictionary File လေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ တကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ စာဖတ်သူလည်း သုံးကြည့်ပါဦး။
အသုံးပြုနည်း
၁။ Babylon ရဲ့ မူရင်းလိပ်စာက www.babylon.com ပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ Myanmar ISP တွေက ပိတ်ထားပါတယ်။ ဒါကြောင့် www.download.com မှာ Babylon 7 လို့ရိုက်ထည့်ပြီး ရှာပြီး Download လုပ်ပါ။ ပြီးရင် Babylon မှာ English-Myanmar ရနိုင်ဖို့ ဒီဖိုင်လေးကို Download လုပ်ပါ။
၂။ ပြီးရင် Babylon ကို Install လုပ်ပါ။
၃။ English-Myanmar Dictionary ကို Babylon ထဲ ထည့်ဖို့အတွက် Options ကိုနှိပ်ပါ။ Dictionaries>Install dictionaries from disk ကိုရွေးပါ။
၎။ Padoma-English-Myanmar ဖိုင်ကိုရွေးပါ။ OK နှိပ်ပါ။
၅။ စသုံးကြည့်လို့ရပါပြီ။ Babylon ထဲမှာ ကိုယ်မသိတဲ့စကားလုံးကို ရိုက်ထည့်ပြီး ရှာနိုင်သလို ကွန်ပျူတာသုံးနေရင်းနဲ့ ကိုယ်မသိတဲ့ စကားလုံးတွေ့ရင် Control key ကို ဖိထားပြီး Mouse နဲ့ တစ်ချက်နှိပ်ရင်လည်း အဲဒီစကားလုံးရဲ့ meaning ကို Babylon က ပြောပြပါလိမ့်မယ်။

May 27, 2008

Kaspersky Key Blacklist ဖြစ်သူများအတွက်

အရင်တစ်ခါ ကျွန်တော်တင်ထားတဲ့ kaspersky key က blacklist ဖြစ်သွားပြီဆိုပြီး email များပို့၊ key အသစ်တောင်းကြသူများခင်ဗျား..
www.kavkiskey.com ကိုသွားပြီး key များကို ကြိုက်သလောက်သာ ယူကြပါတော့။

အီးမေးလ်မှတစ်ဆင့် ဘလော့ခ်ရေးသားခြင်း

blogger တွေ ဘလော့ခ်တင်မယ်ဆိုရင် ကျော်ခွနေရတာကို စိတ်မရှည်ဖြစ်နေရင် ဒီနည်းလေးကို စမ်းကြည့်ပါ။ ပထမဆုံးတစ်ခါတော့ blogger.com ကို ရအောင်ဝင်လိုက်ပါ။ ပြီးရင် ကိုယ့် username နဲ့ password နဲ့ဝင်။ ပြီးရင် Setting ကိုနှိပ်ပါ။ အဲဒီမှာ Mail-to-blogger Address ဆိုတဲ့ textbox လေးရှိပါတယ်။ အဲဒီမှာ ကိုယ့်ရဲ့ username ရယ်၊ နောက်မှာ textbox လေးရယ်၊ @blogger ရယ်ဆိုပြီး ရေးထားပါလိမ့်မယ်။ အဲဒီ textbox မှာ ကြိုက်တဲ့ secret word လေးရိုက်ထည့်ပါ။ အဲဒီ email address ကိုမှတ်ထားပါ။  ပြီးရင် Save Setting ကိုနှိပ်ပါ။ Gmail ကိုဖွင့်ပါ။ To address မှာ စောစောက email address ကိုရိုက်ပါ။ Subject နေရာမှာ ကိုယ့် post ခေါင်းစဉ် ရိုက်ပါ။ Body မှာတော့ post စာသားတွေထည့်ပါ။ ပြီးရင် Send လိုက်တော့ပေါ့။ ပုံတွေထည့်ချင်ရင်တော့ Attachment လုပ်ပါ။ ကိုယ့် Blog မှာ ချက်ချင်းပေါ်ပါလိမ့်မယ်။ ဒီ Post လေးကိုတောင် Gmail ကနေ တင်ထားတာ။

Testing

This is testing.

USB Storage Device တွေ အသုံးပြုခွင့်ကို ပိတ်ရအောင်

Post From http://mghla.blogspot.com

ကျတော့်ရုံးမှာ ကွန်ပျူတာ တော်တော်များများကို security အရနဲ့ virus တွေ ဝင်မှာ စိုးတဲ့အတွက် USB Storage device တွေဖြစ်တဲ့ memory stick, MP3/MP4 Player, Digital Camera, USB portable harddisk တွေကို အသုံးပြုခွင့် ပိတ်ထားတယ်... ကျတော့် ရုံးမှာတော့ CMOS ထဲကနေ USB ကို disable လုပ်ထားတဲ့အပြင် USB port တွေကိုပါ physical အရပါ ပိတ်ထားရတယ်... အခုတော့ Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင် ဘယ်လို ပိတ်ရမလဲ ဆိုတဲ့ နည်းကို google ကျေးဇူးနဲ့ ရှာတွေ့ပြီ...

အခုရေးမယ့် အဆင့်တွေကတော့ USB storage device တစ်ခုခု အနည်းဆုံး ၁-ခါ တစ်ခါ တပ်ဆင် အသုံးပြုဖူးတဲ့ Windows XP သုံး ကွန်ပျူတာတွေ အတွက်ပါ... မိမိ အသုံးပြုနေတဲ့ user account ဟာ administrator အဆင့်တော့ ရှိစရာလိုပါတယ်...

1. ပထမအဆင့်အနေနဲ့ Start ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်...)
2. ပေါ်လာတဲ့ Open ရဲ့ဘေးမှာ ရှိတဲ့ text box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
3. HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor
4. ညာဘက် pane ထဲက Start ကို double click ခေါက်ပါ...
5. Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ 3 လို့ရိုက်ထည့် ပေးရမှာပါ...)
6. Registy Editor ထဲမှ ထွက်ပါ...


USB Storage device တွေကို အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး... ဒါပေမယ့် ကျန်တဲ့ USB device တွေဖြစ်တဲ့ printer, keyboard, mouse တွေတော့ ဆက်လက် အသုံးပြုနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ပါသည်... အပေါ်ကအဆင့်တွေဟာ Registry ကို ပြင်ရတာဖြစ်တဲ့ အတွက် အန္တရာယ်ရှိပါတယ်... မပြင်ခင်မှာ Registry ကို backup ကြိုလုပ်ထားပါ... အပေါ်ကအဆင့်တွေ ရှုပ်လို့ မပြင်ချင်ဘူးဆိုရင် USB Storage Device တွေ မသုံးစေချင်ရင် http://maunghla.googlepages.com/USBstorageDisable.reg ကို download လုပ်ပြီး run ပါ... ပိတ်ထားတဲ့ USB Storage Device တွေ ပြန်သုံးချင်တယ် ဆိုရင်တော့ http://maunghla.googlepages.com/USBstorageEnable.reg ကို download လုပ်ပြီး run ပါ...

May 20, 2008

icon လှလှလေးတွေ လိုချင်ရင်

Windows XP မှာပါတဲ့ Folder တွေရဲ့ icon တွေကို ကြည့်ရတာကြာလို့ ရိုးသွားပြီဆိုရင် တခြား icon လေးတွေ ပြောင်းကြည့်ပါလား။ ပထမဆုံး www.iconspedia.com ကနေ ကိုယ်ကြိုက်တဲ့ icon package လေးတွေကို download လုပ်ပါ။ ကိုယ် icon ပြောင်းချင်တဲ့ folder ပေါ်မှာ Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ Customize tab ကို နှိပ်ပါ။ Change Icon ကို နှိပ်ပါ။ Browse ကိုနှိပ်ပြီး download လုပ်ထားတဲ့ icon ကိုရွေးပါ။ Open ကိုနှိပ်ပါ။ OK..OK နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ Folder icon လှလှလေးကို မြင်တွေ့နိုင်ပါပြီ။

တောင်းပန်ခြင်း

အိုင်တီမန်းဘလော့ခ်မှာ ကိုယ်ရေးကိုယ်တာတွေ လုံးဝမရေးဘူးလို့ အစတုန်းကတည်းက ကိုယ့်ကိုယ်ကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အခုတော့ မရေးလို့မရတော့ဘူးဗျာ။ ပြောချင်တာက ဒီအိုင်တီမန်းဘလော့ခ်ကို အရင်တုန်းကလို ပုံမှန် Update မလုပ်နိုင်တဲ့ ကိစ္စပါပဲ။ အခုတစ်လော အလုပ်တွေအရမ်းရှုပ်နေလို့ပါ။ အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။ ကျွန်တော်က အခု ကွန်ပျူတာသင်တန်းတစ်ခုမှာ နည်းပြလုပ်နေပါတယ်။ လောလောဆယ် A+ နဲ့ Network သင်နေရပါတယ်။ သင်တန်းအတွက် course စာအုပ်တွေ ရေးနေရတော့ လုံးဝကို မအားဘူး။ တခြားအလုပ်ရှုပ်နေတဲ့ဟာတွေလည်း ရှိပါသေးတယ်။ ညည်းပြရာ ရောက်မှာစိုးလို့ မရေးတော့ပါဘူး။ Email နဲ့ Cbox ကနေတစ်ဆင့် မေးကြတဲ့ မေးခွန်းတွေကိုလည်း တဖြည်းဖြည်း ဖြေကြားသွားပါ့မယ်။ တစ်ယောက်စီချင်းရဲ့မေးခွန်းတွေကို အသေးစိတ်ဖြေပေးရမှာမို့ နည်းနည်းကြာမှာကိုတော့ ခွင့်လွှတ်ပါ။ ပြီးတော့ post ခေါင်းစဉ်တွေ စဉ်းစားပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးဖြစ်စေချင်တာကို ကျွန်တော်လုပ်ပေးသွားမယ်၊ တင်ပေးသွားပါ့မယ်။ နည်းနည်းတော့ စောင့်ကြပါဦး။ ကျွန်တော့်ရဲ့ မိခင်မြန်မာပြည်ကို နည်းပညာနဲ့ကူညီသွားပါ့မယ်။

May 15, 2008

မေးခွန်းများအားဖြေကြားခြင်း

cbox ကနေတစ်ဆင့် မေးကြတဲ့မေးခွန်းလေးကို ဖြေပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေ။

မေးသူ - ကိုဇင်မင်းထက်
မေးခွန်း - a ko pyaw ta a tine "PhProxy "ko open loat tar ma ya bu de message kya lar par tal " PhProxy - InBasic 3.0.2B could not be installed because it is not compatible with Firefox 3.0b5 " phya shin pay
အဖြေ - PhProxy ကို Firefox 3 မှာ သုံးမရပါ။

မေးသူ - ကိုမောင်
မေးခွန်း - ကျွန်တော် USB flash drive မှာ WinXP ထည့်သုံးနည်းသိချင်ပါတယ်။ ကျွန်တော်က ကိုယ်ပိုင်ကွန်ပျူတာမရှိတော့ သူများစက်သွားသုံးရင် သုံးနေကျ ပရိုဂရမ်တွေ အဆင်သင့် မရှိလိုပါ။ ကူညီပေးပါ။ ကျွန်တော့လိပ်စာထားခဲ့ပါတယ်
အဖြေ - ဒီနေရာကနေယူပါ http://zawthureintun.googlepages.com/Using_Windows_XP_From_Memory_Stick.pdf

မေးသူ - minhun
မေးခွန်း -ှsubdomain လုပ်တာပြောပေးပါဗျာ ကျွှန်တော်လည်း blog ရေးနေပါတယ်
အဖြေ - phyoekyaw@gmail.com ဆီဆက်သွယ်ပြီး အခမဲ့တောင်းယူနိုင်ပါတယ်။

မေးသူ- အဲမွန်
မေးခွန်း - I can't see urs blog when my pc hasn't Zawgyi's font. How can i do?
အဖြေ - PC မှာ Zawgyi မရှိပါက ဒီ blog ကို ကြည့်မရပါ။

ဆက်ပါဦးမည်

May 9, 2008

ကူညီပေးကြပါ

အခုအချိန်မှာ ဒီ blog ကို ဖတ်မနေပါနဲ့။ မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။