May 27, 2009

How to Block Spam Mails

Spam တွေ ရန်ကနေ ကြိုတင်ကာကွယ်ဖို့အတွက်

(၁) Forum တွေ Website တွေပေါ်မှာ မိမိရဲ့ email လိပ်စာ ရိုက်ထည့်ခြင်းမျိုးကို ရှောင်ပါ။ မဖြစ်မနေဆိုပါက ဥပမာ kyawkyaw at gmail dot com ဟုသာ ရိုက်ပါ။ format အမှန်အတိုင်းသာ ရိုက်မယ်ဆိုရင်တော့ Google မှာ @gmail.com ဆိုပြီး ရိုက်ထည့် ရှာလိုက်တာနဲ့ ကိုယ့်လိပ်စာကြီးကို တန်းခနဲ တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။

(၂) ဖြစ်နိုင်ရင် အီးမေးလ်လိပ်စာကို နှစ်ခုသုံးပါ။ Website တွေမှာ Registration လုပ်ဖို့အတွက်တစ်ခုသုံး၊ personal အတွက် တစ်ခုသုံးပေါ့။ ကိုယ့်အီးမေးလ်လိပ်စာကို spammer တွေကို ရောင်းစားတဲ့ Site တွေ အင်တာနက်မှာ အများကြီး ရှိနေပါတယ်။ အီးမေးလ်လိပ်စာ တစ်ခုတည်းပဲ သုံးချင်ရင်တော့ Registration လုပ်တဲ့အခါမှာ gmail ရဲ့ plus addressing ကို သုံးပါ။ ဒါမှ Gmail ရဲ့ Filter နဲ့ ပိတ်ပစ်လို့ ရမှာကိုး။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ Plus addressing ကို လက်မခံတဲ့ site တွေကို တွေ့လာပါတယ်။ ကျွန်တော်ကတော့ အဲဒီလို site ဆိုရင် ဘာပဲပေးပေး register မလုပ်တော့ပါ။

(၃) File sharing site တွေကို သုံးသူတွေ သတိထားပါ။ File sharing မှာ ပေးပို့တဲ့သူရဲ့ mail ကို တောင်းတဲ့အခါ မိမိရဲ့ personal mail လိပ်စာကို လုံးဝမပေးမိပါစေနဲ့။

(၄) Spam တော်တော်များများကို Gmail ကသိပေမဲ့ Invitation mail တွေကို Gmail က မတားတော့ပါ။ ကိုယ့်ရဲ့ Inbox ထဲသာ ရောက်လာပါလိမ့်မယ်။ ဥပမာ Tagged ရဲ့ invitation mail ကို လက်မခံချင်တော့ဘူးဆိုရင် အဲဒီမေးလ်ရဲ့ အောက်ဆုံးနားမှာ Unsubscribe သို့မဟုတ် block လုပ်တဲ့ link တွေပါပါတယ်။ အဲဒါတွေကို အသုံးချပြီး ကိုယ့်ဆီကို နောက်ထပ် invitation mail တွေ ရောက်လာတဲ့ရန်ကနေ ကာကွယ်ပါ။

(၅) Forward တွေကို ပြန် Forward လုပ်တဲ့သူတွေ သတိထားပါ။ Forward mail တစ်ခုကို ပြန် Forward လုပ်လိုက်တာနဲ့ ကိုယ့်မေးလ် လိပ်စာက အဲဒီ Forward စာရင်းအတွဲကြီးထဲမှာ ပါသွားပြီဆိုတာ သတိရပါ။ မယုံရင် Forward မေးလ်တစ်စောင်လောက်ကို ဖွင့်ကြည့်ပါ။ Show Details ကို နှိပ်လိုက်တာနဲ့ မေးလ်လိပ်စာတွေ တစ်သီကြီးကို တွေ့ရပါလိမ့်မယ်။ တကယ်လို့များ အဲဒီမေးလ်သာ Spammer တစ်ယောက်ဆီရောက်သွားရင်...ကဲ ဘယ်လိုလုပ်မလဲဗျာ။

Do not need to Restart

sound driver ကြေင့် ခဏတိုင်း restart လုပ်ပေး နေရရင်စိတ်ညစ်မနေပါနဲ့။ Device Mananger က နေ Audio drive ကို Uninstall လုပ်ပြီးရင် scan for hardware changes ကိုနှိပ်ပြီး ခဏစောင့်နေလိုက်။ အားလုံး ok သွားပါလိမ့်မယ်။

May 24, 2009

အရေးကြီးတာတွေ Forward လုပ်ပို့ရအောင်

ကိုယ်သိထားတဲ့သတင်းတစ်ပုဒ် အများသိဖို့လုပ်ချင်ရင်တော့ Forward လုပ်ပို့တာက အကောင်းဆုံးပါပဲ။ Gmail မှာ Forward လုပ်ပို့တယ်ဆိုတာက အရင်လို Email လိပ်စာတွေ အများကြီး ရိုက်ထည့်စရာ မလိုတော့ပါဘူး။ Group တစ်ခု ဖန်တီးလိုက်မယ်။ Forward လုပ်တော့မယ်ဆိုရင် To မှာ အဲဒီ Group နာမည် ရိုက်ထည့်လိုက်တာနဲ့ အဲဒီ Group ထဲမှာရှိတဲ့ Email တွေ အကုန်လုံးဆီကို ကိုယ့်မေးလ်က ရောက်သွားပါလိမ့်မယ်။

Gmail မှာ Group ဆောက်ဖို့အတွက်

၁။ သင်ဟာ Gmail ရဲ့ new version ကို သုံးနေတာ သေချာပါစေ။

၁။ Gmail Window ရဲ့ ညာဘက်မှာ ရှိတဲ့ Contacts မှာ တစ်ချက်နှိပ်ပါ။

၂။ ပြီးရင် လူနှစ်ယောက်ပုံလေးနဲ့ အပေါင်းလက္ခဏာလေးပေါ်နေတဲ့ Create Group button မှာ တစ်ချက်နှိပ်ပါ။


၃။ အဲဒီအခါမှာ Group နာမည်တောင်းတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။ Group နာမည်ရိုက်ပြီး OK နှိပ်ပါ။

၎။ အဲဒီအခါမှာ ပုံမှာပြထားသလို Group နာမည်လေး ပေါ်လာပါလိမ့်မယ်။ အခု ဥပမာအနေနဲ့ MyFriends ဆိုပြီး ရိုက်ထည့်လိုက်ပါတယ်။


၅။ ပြီးရင် All Contacts မှာ တစ်ချက်နှိပ်ပါ။ Select All ကို နှိပ်ပါ။ ဒီနေရာမှာ Select All ကို မနှိပ်ပဲ Group ထဲ ထည့်ချင်တဲ့ လိပ်စာတွေကို Checkmark လေးတွေ ပေးပြီး ရွေးရင်လည်း ရပါတယ်။

၆။ ပြီးရင် ညာဘက်က Groups list box လေးကို ဖွင့်ချပြီး အခုအသစ်လုပ်လိုက်တဲ့ Group (MyFriends) ကို ရွေးပေးလိုက်ပါ။ ဒီအခါမှာ Group ထဲကို မေးလ်လိပ်စာတွေ ရောက်သွားပါပြီ။


၇။ အခု စပြီးတော့ မေးလ်ပို့လို့ ရသွားပါပြီ။ Compose mail ကို နှိပ်ပြီး To နေရာမှာ Group နာမည်ကို ရိုက်ထည့်လိုက်ရုံပါ။ Body ထဲ ကိုယ်ပို့လို့တဲ့စာတွေထည့်ပြီး Send ကို နှိပ်လိုက်ရင် အဲဒီ Group ထဲမှာ ရှိတဲ့ လိပ်စာတွေ အကုန်လုံးဆီကို အီးမေးလ်တွေ ရောက်သွားပါလိမ့်မယ်။


Bit rate, Sample Rate, Codec

Audio CD ကနေ MP3 ပြောင်းတဲ့အခါပဲဖြစ်ဖြစ်၊ VCD ကနေ MP4 ပြောင်းတဲ့အခါပဲ ဖြစ်ဖြစ် sample rate တို့ bit rate တို့ codec တို့ဆိုတာက မမြင်ချင်မှ အဆုံးပါ။ အရင်တုန်းကတော့ အသေပဲ မှတ်ထားတယ်။ bit rate များရင် သီချင်းက ပိုနားထောင်ကောင်းတယ်။ ဒါပေမဲ့ ဖိုင်ဆိုက်ဒ်ကြီးတယ်ပေါ့။ sample rate ဆိုတာကျ ဘာမှန်းလဲမသိတော့ အဲဒီ value တွေကို သွားတောင် မထိဘူး။ အခုနောက်ပိုင်း Xilisoft Video Converter ကို တော်တော်လေး မွှေကြည့်ရင်းနဲ့ audio ဖိုင်တွေ video ဖိုင်တွေ converting လုပ်တဲ့အခါမှာ codec ကို သုံးတယ်ဆိုတာ သိလာပါတယ်။ အရင်တုန်းက avi ဖိုင်၊ dat ဖိုင်၊ wmv ဖိုင် စသည်ဖြင့် အဲဒီလိုတွေပဲ သိရာကနေ အခုတော့ avi ဖိုင်တောင်မှ အများကြီး ကွဲတယ်ဆိုတာ သိလာပါတယ်။ codec ကြောင့် ကွဲသွားတာပေါ့လေ။
ဟိုတစ်နေ့က MP4 Model အသစ်တစ်လုံးကို စမ်းသုံးကြည့်တဲ့အခါ သူက avi ဖိုင်တစ်မျိုးထဲပဲ လက်ခံတယ်။ အဲဒါနဲ့ စက်ထဲရှိတဲ့ avi ဖိုင်တစ်ဖိုင်ကို ကောက်ထည့်လိုက်တယ်။ ပြီးတော့ ဖွင့်ကြည့်တော့ ဖွင့်မရဘူး။ အဲဒါနဲ့ သူ့ထဲမှာပါပြီးသား sample video file ရဲ့ properties ကို ကြည့်လိုက်တော့ သူက xvid codec ကို သုံးထားတာကို သိရပါတယ်။ အဲဒါနဲ့ avi ဖိုင်ကိုမှ xvid codec သုံးပြီး convert လုပ်လိုက် အတော်လေး အဆင်ပြေသွားပါတယ်။
bit rate တွေ sample rate တွေဟာ ဘာလဲဆိုတာ သိချင်တော့ Wikipeida ထဲ ရှာကြည့်ပါတယ်။ သူ့ description တွေ ဖတ်ကြည့်လိုက်တာ ခေါင်းကို မူးသွားတာပါပဲ။ အဲဒါနဲ့ google မှာ ထပ်မွှေကြည့်တဲ့အခါ www.techterms.com က အတော်လေး ကောင်းတာကို တွေ့ခဲ့ပါတယ်။ ရှင်းပြတာလည်း တိုတယ်၊ နားလည်လွယ်တယ်ဗျာ။

May 20, 2009

Gmail message translator

Gmail က message translation ဆိုတာလေး 18 ရက်နေ့က ထပ်ထည့်လိုက်ပါတယ်
သင်ဆီကို သင်နားမလည်တဲ့ language နဲ့ mail ရောက်လာ ခဲ့ရင် သင်နားလည်တဲ့ language တွေနဲ့ ပြောင်းနိုင်ပါပြီ
gmail labs ထဲက Message translation ကို Enable လုပ်ပြီး ၀င်လာတဲ့ mail ကို Translate message to:English ဆိုတာလေးကို နှိပ်ပြီး english လိုဖတ်နိုင်ပါတယ် change language မှာ laguage ပြောင်းဖတ်နိုင်ပေမယ့် Myanmar မပါလာ တာတော့ တော်တော် ၀မ်းနည်း စရာကောင်းပါတယ်...

နမူနာ စမ်းကြည့် လိုသူများ အတွက် ဒီစာသား လေးတွေကို ကိုယ့်mail ကိုပြန်ပို့ ၍ စမ်းကြည့်နိုင်ပါတယ်

Vittoria Colonna (* 1492 in Castello di Marino bei Rom; † 25. Februar 1547 in Rom) war eine berühmte Dichterin. Für viele ihrer gebildeten Zeitgenossen war sie eine vorbildliche Idealfigur, die neben die großen Frauengestalten der Antike gestellt wurde. Sie entstammte dem alten, schon im Mittelalter mächtigen römischen Adelsgeschlecht der Colonna, einer der einflussreichsten Familien im Kirchenstaat. Durch ihre Ehe mit dem Markgrafen von Pescara, einem erfolgreichen Heerführer, wurde sie Markgräfin. Nach seinem Tod an den Folgen einer in der Schlacht erlittenen Verwundung blieb sie Witwe und kinderlos und widmete sich kulturellen und religiösen Aufgaben. Sie stand mit bedeutenden humanistischen Gelehrten, Künstlern und kirchlichen Würdenträgern in freundschaftlicher Verbindung. Besonders mit Michelangelo verband sie eine enge Freundschaft. mehr

Deep Freeze Enterprise

internet cafe တွေမှာ deep freeze ကို တော်တော်လေး သုံးကြတယ်။ တစ်ခုခက်တာက ကိုယ်က program တွေဘာတွေ တင်တာတွေ လုပ်ချင်ရင် အဲဒီ deep freeze ကို ခဏပိတ်ရတာပါပဲ။ တစ်လုံးဆို ကိစ္စမရှိဘူး။ အလုံးနှစ်ဆယ်လောက်ဆိုရင် လူလည်း ဟောဟဲဟောဟဲ ဖြစ်ရော။ ဒါပေမဲ့လည်း လုပ်ခဲ့ရတာပါပဲ။
ဟိုတစ်နေ့က အသိဦးလေးတစ်ယောက်က Active ကနေ Max11 ဆိုတဲ့ software ခွေလေး ၀ယ်လာခဲ့တယ်။ ကံကောင်းချင်တော့ အဲဒီထဲမှာ Deep Freeze Enterprise ကြီး ပါလာရော။ အဲဒါနဲ့ အဲဒီကောင်ကြီး install လုပ်ပြီး သုံးကြည့်တယ်။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ စက်အလုံးနှစ်ဆယ်မကလို့ တစ်ရာပဲရှိရှိ အဲဒီစက်တွေရဲ့ Deep Freeze ကိုပိတ်ချင်ရင် Mouse ကလေးနဲ့ One Click ပါပဲ။
ဘယ်လိုလုပ်ရသလဲဆိုတော့ အရင်ဆုံး Deep Freeze Server အနေနဲ့ ထားမယ့်စက်မှာ Deep Freeze Enterprise ကို တင်ရပါတယ်။ ပြီးတဲ့အခါမှာ File menu ထဲကနေ Create Workstation Install Program ကို ရွေးရပါတယ်။ အဲဒီအခါ သူက workstation တွေမှာ install လုပ်ရမယ့် deep freeze installer လေး ထုတ်ပေးပါလိမ့်မယ်။ အဲဒီကောင်ကို workstation တိုင်းမှာ လိုက်တင်ရပါတယ်။ တကယ်လို့များ workstation တွေမှာ deep freeze standard တွေရှိနေရင်တော့ သူ့ကို အရင်ဖြုတ်ပစ်မှ ရပါလိမ့်မယ်။
အားလုံးပြီးသွားတဲ့အခါမှာ deep freeze server စက်မှာ deep freeze ကို ပြန်ဖွင့်ပြီး File Menu ကနေ Create Enterprise Console ကိုရွေးရပါတယ်။ ထွက်လာတဲ့ဖိုင်ကို ထပ်ပြီး install လုပ်လိုက်ပါ။ ပြီးတော့ အဲဒီကောင်ကို run လိုက်။ Toolbar ကနေ Wake On Lan ကို ရွေးလိုက်။ ဟော workstation တွေ တစ်တန်းကြီး ပေါ်လာလိမ့်မယ်။ Select All လုပ်ပြီး Thawed တွေ Frozen တွေ ကိုယ်ကြိုက်တာ လုပ်ခိုင်းရုံပါပဲ။
မှတ်ချက်။ deep freeze enterprise ver 6.10 သည် vista တွင် အလုပ်မလုပ်ပါ။ 6.40 မှသာ အလုပ်လုပ်ပါလိမ့်မည်။

May 19, 2009

ISA ကို ပိုမြန်အောင် လုပ်နည်းများ

ပထမဆုံးအချက်ကတော့ OpenDNS ကို သုံးကြည့်ပါ။ စာဖတ်သူရဲ့ ISP က အဲဒီ OpenDNS ရဲ့ IP ကို ban မထားဘူးဆိုရင်ပေါ့လေ။ configuration အတွက် အသေးစိတ်ကို www.opendns.com ကို သွားကြည့်နိုင်ပါတယ်။
နောက်တစ်ခုကတော့ DNS ကို cache လုပ်တာပါ။ ကိုယ့် Server ကို DNS Role တော့ တင်ထားရမှာပေါ့လေ။ တကယ်တမ်းကတော့ Forward Lookup လုပ်လိုက်တာပါပဲ။ ကိုယ့် Local Network ရဲ့ DNS request တွေကို ISP ရဲ့ DNS Server ဆီ forward လုပ်ပေးတာပါပဲ။ ISA က request တစ်ခုကို Forward လုပ်ပေးပြီးတဲ့အခါ နောက်တစ်ခါ အဲဒီ request လာတဲ့အခါ Forward မလုပ်တော့ပဲ DNS Cache ထဲက ထုတ်ပေးလိုက်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကလည်း Zone ကို ကော်ပီကူးမရတော့လည်း Forward လေးပဲ လုပ်ရတော့တာပေါ့လေ။
နောက်တစ်ခုက Proxy ရဲ့ Cache ထုတ်ပေးတဲ့ Policy ကို active cache ထားပေးရပါမယ်။ Active cache ဟာ Dynamic Content တွေပါတဲ့ site တွေနဲ့ ပြဿနာတက်တာကြောင့် Dynamic Content Site တွေကိုတော့ Cache မလုပ်သင့်ပါဘူး။ Active cache ဆိုတာက any version ကို ရွေးလိုက်တာဖြစ်ပြီး passive cache ဆိုတာက valid version ကို ရွေးလိုက်တာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုက QoS ကို သုံးတာပါ။ XP မှာ QoS က သက်သက်ထည့်ပေးရပေမဲ့ Vista မှာတော့ QoS က ပါပြီးသားပါ။ server 2k3 ထိုင်တဲ့သူတွေအနေနဲ့ QoS ကို ထည့်ပြီး Group Policy မှာ configuration လုပ်ရပါလိမ့်မယ်။ Client တွေ တစ်လုံးချင်းစီကို သွားလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။ Limit Reservable bandwidth ကို 20 percent လောက် ထားကြည့်လိုက်ပါ။ QoS ဟာ VIOP application အတွက် သီးသန့် ဖြစ်တာကြောင့် Browser နဲ့ VOIP တွဲသုံးတဲ့အခါ VOIP တွေက bandwidth ပိုရပါလိမ့်မယ်။

(ISA သမားများအတွက် Tips များ ပေးခြင်းသားဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာများကို Gtalk မှတစ်ဆင့် ပြောပြပေးသော ကိုnetlyner အား အထူး ကျေးဇူးတင်ရှိပါသည်)

ISA ကို ပိုမြန်အောင် လုပ်နည်းများ

ပထမဆုံးအချက်ကတော့ OpenDNS ကို သုံးကြည့်ပါ။ စာဖတ်သူရဲ့ ISP က အဲဒီ OpenDNS ရဲ့ IP ကို ban မထားဘူးဆိုရင်ပေါ့လေ။ configuration အတွက် အသေးစိတ်ကို http://www.opendns.com/ ကို သွားကြည့်နိုင်ပါတယ်။

နောက်တစ်ခုကတော့ DNS ကို cache လုပ်တာပါ။ ကိုယ့် Server ကို DNS Role တော့ တင်ထားရမှာပေါ့လေ။ တကယ်တမ်းကတော့ Forward Lookup လုပ်လိုက်တာပါပဲ။ ကိုယ့် Local Network ရဲ့ DNS request တွေကို ISP ရဲ့ DNS Server ဆီ forward လုပ်ပေးတာပါပဲ။ ISA က request တစ်ခုကို Forward လုပ်ပေးပြီးတဲ့အခါ နောက်တစ်ခါ အဲဒီ request လာတဲ့အခါ Forward မလုပ်တော့ပဲ DNS Cache ထဲက ထုတ်ပေးလိုက်ပါတယ်။

ကျွန်တော်တို့အနေနဲ့ကလည်း Zone ကို ကော်ပီကူးမရတော့လည်း Forward လေးပဲ လုပ်ရတော့တာပေါ့လေ။

နောက်တစ်ခုက Proxy ရဲ့ Cache ထုတ်ပေးတဲ့ Policy ကို active cache ထားပေးရပါမယ်။ Active cache ဟာ Dynamic Content တွေပါတဲ့ site တွေနဲ့ ပြဿနာတက်တာကြောင့် Dynamic Content Site တွေကိုတော့ Cache မလုပ်သင့်ပါဘူး။ Active cache ဆိုတာက any version ကို ရွေးလိုက်တာဖြစ်ပြီး passive cache ဆိုတာက valid version ကို ရွေးလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုက QoS ကို သုံးတာပါ။ XP မှာ QoS က သက်သက်ထည့်ပေးရပေမဲ့ Vista မှာတော့ QoS က ပါပြီးသားပါ။ server 2k3 ထိုင်တဲ့သူတွေအနေနဲ့ QoS ကို ထည့်ပြီး Group Policy မှာ configuration လုပ်ရပါလိမ့်မယ်။ Client တွေ တစ်လုံးချင်းစီကို သွားလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။ Limit Reservable bandwidth ကို 20 percent လောက် ထားကြည့်လိုက်ပါ။ QoS ဟာ VIOP application အတွက် သီးသန့် ဖြစ်တာကြောင့် Browser နဲ့ VOIP တွဲသုံးတဲ့အခါ VOIP တွေက bandwidth ပိုရပါလိမ့်မယ်။

(ISA သမားများအတွက် Tips များ ပေးခြင်းသာဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာများကို Gtalk မှတစ်ဆင့် ပြောပြပေးသော ကိုnetlyner အား အထူး ကျေးဇူးတင်ရှိပါသည်)

May 14, 2009

gmail trace လိုက်နည်း

gmail ရဲ့ feature တစ်ခုဖြစ်တဲ့ Show original ကိုသုံးပြီး ကိုယ့်ဆီ ရောက်လာတဲ့ mail ဘယ်ကပို့လဲလို့ အလွယ်လေးသိနိုင်တယ် inbox ထဲက သိချင်တဲ့ mail ကိုဖွင့်ကြည့် လိုက်ပါအုံး Reply ဘေးကမျှားလေးကို နှိပ်ပြီး Show original ကို ရွှေးလိုက်၊ဒီတော့ web page တစ်ခုကျလာပြီ X-Originating-IP: ဆိုတာရှာ သူ့နောက် က IP address ကိုကူး၊

http://ipinfo.info/html/ip_checker.php (proxy တစ်ခုခုနှင့်ကျော်ပါ)
ကိုသွား domain whois record ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေး လိုက်ပါအုံး၊ (မကျော်ချင်ရင် http://www.geobytes.com/IpLocator.h tm?GetLocation ကိုသွားပါ) ကဲ စောစောက ကူးထားတာလေး past လုပ်ပေး ပြီး enter နှိပ်လိုက်တော့၊

ဟော ဟော မိပြီ Domain Whois Record အောက်မှာ Owner/Main contact အောက်မှာ နာမည်ရော လိပ်စာရော နိုင်ငံရောပါပဲ အကုန်ကို ပေါ်တာပါပဲ

May 11, 2009

Online မှာပဲ သိမ်းတော့မယ်

ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ မှတ်စုတွေ၊ ဖိုင်တွေကို အွန်လိုင်းပေါ်မှာပဲ သိမ်းရင် ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်မိတယ်။

မှတ်စရာလေးတွေရှိရင် စာအုပ်ထဲမှတ်တဲ့သူရှိမယ်၊ ဦးနှောက်ထဲ မှတ်တဲ့သူ ရှိမယ်။ စာအုပ်ထဲ မှတ်တယ်ဆိုတာက စာအုပ်ပျောက်တာတွေ၊ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဦးနှောက်ထဲမှတ်ရင်လည်း တစ်ချိန်ကြရင် မေ့သွားနိုင်တယ်။ ဟော အွန်လိုင်းပေါ်မှာ Blog ရေးပြီးတော့ပဲဖြစ်ဖြစ် Zoho တို့လို Google Notebook တွေလိုဟာ သုံးပြီးတော့ပဲ ဖြစ်ဖြစ် မှတ်ထားရင်တော့ ပျောက်သွားမှာတွေ ဘာတွေ ရှိမှာ မဟုတ်တော့ဘူးလေ။ private notes လေးတွေ မှတ်ချင်ရင် Google Notebook ကို သုံးလို့ ရတာပဲလေ။ Gmail ရှိရုံနဲ့ သုံးလို့ရတယ်။ ကိုယ်ကလွဲပြီး ဘယ်သှူ ကြည့်လို့ရမှာမဟုတ်တော့ဘူး။ အဲ အများသိဖို့ လိုတာလေးတွေကိုတော့ Blog ရေးပြီး တင်သင့်တာပေါ့ဗျာ။

တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ မြန်မာတွေ ဖန်တီးထားတဲ့ Forum တွေ၊ Website တွေမှာ Blog တင်တာတွေ၊ data သိမ်းတာတွေ၊ Discussion လုပ်ကြတာတွေကတော့ နည်းနည်း သတိထားသင့်တယ်။ ဒီလိုဗျာ Webiste တစ်ခု အသက်ရှင်သန်နိုင်ဖို့ ဒိုမိန်းကြေး၊ Hosting ကြေးတွေက နှစ်စဉ် ပေးနေတာကိုး။ သူတို့တွေ မ run နိုင်တော့တဲ့ တစ်နေ့ကျရင် ကျွန်တော်တို့ ဆွေးနွေးထားသမျှ၊ တင်ထားသမျှတွေက အလကား ဖြစ်သွားမှာလေ။ ရှေ့ပြေးတွေကလည်း ရှိထားတာကိုး။ ပြီးတော့ မြန်မာ site တွေကလည်း ဘာကြောင့်မှန်းမသိ Hack တွေ ခဏခဏအလုပ်ခံရတယ်။ အဲဒီတော့ site တစ်ခု သေဆုံးသွားဖို့ အခွင့်အလမ်းတွေက များနေပြီ။

အဲဒါကြောင့် ကျွန်တော်ကတော့ စိတ်ချရတာတွေကိုပဲ သုံးတယ်။ ဥပမာ Google ဆိုရင် ဘယ်တော့မှ down သွားမှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယူဆထားတယ်။ Forum အတွက်ဆိုလည်း Google Groups ရှိတယ်ဗျာ။ ကျွန်တော်တို့ http://www.mmitmen.co.cc/ ဆိုလည်း Google Groups ကို သုံးထားတာပဲ။ Free ဗျာ။ စိတ်ချရတယ်ဗျာ။ Discussion လုပ်ထားတာတွေ ဘယ်တော့မှ ပျက်သွားမှာမဟုတ်ဘူး။
ပြီးတော့ သေခြင်းတရားကို ကျွန်တော်တို့တွေ အမြဲတမ်းသတိရသင့်တယ်။ အကောင်းကြီးကနေ ဖျတ်ခနဲ သေသွားနိုင်တာပဲလေ။ ကိုယ်သေသွားတဲ့အခါမှာ ကိုယ်သိထားတာတွေကို တစ်ယောက်ယောက်ကို မပြောခဲ့ရဘူးဆိုရင် ဘယ်လောက်နှမြောစရာကောင်းမလဲ။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပညာရှင်တွေ ကိုယ်သိထား၊တတ်ထားတာတွေကို ဖြန့်ဝေခဲ့လို့သာ လူ့လောကကြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့တာပဲ မဟုတ်လား။

တကယ်တော့ ဒီလိုပါဗျာ။ ကျွန်တော် အားမရလို့ပါ။ ကျွန်တော်တို့ထက် သိတဲ့၊ တတ်တဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မသိသေးတာတွေကို သိထားတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ online ပေါ် ရောက်မလာကြဘူး။ offline မှာလည်း မမြင်ဘူး။ သြော် မအားကြလို့ နေမှာပါဆိုပြီ ဖြေသိမ့်နေရတယ်။ မြန်မာပြည်မှာက လူတော်ဆိုရင် ကြာကြာမနေရဘူးလေ။ မတော်လို့ ဖျတ်ခနဲ မသင်းမေက ခေါ်သွားရင်ဖြင့် နှမြောစရာကောင်းလွန်းပါတယ် Pro အပေါင်းတို့ရေ...

May 10, 2009

Inserting a Button in Blog Post (2)

ဟိုတစ်နေ့က Blog Post ထဲ button ထည့်နည်းကို ရေးခဲ့တာ code တွေ မမှန်လို့ အလုပ်မလုပ်ခဲ့ပါဘူး။ အခု အမှန်ကို ပြင်လိုက်ပါပြီ။ ပြီးတော့ အဲဒီတုန်းကလို javascript မှာ function ကြေငြာစရာမလိုပါဘူး။ ကိုယ် button ထည့်ချင်တဲ့ နေရာမှာ အောက်က code လေး တစ်ကြာင်းတည်းကိုပဲ ရိုက်ထည့်လိုက်ပါ။
ဒါဆိုရင်တော့ သေချာပေါက် ရသွားပြီပေါ့ဗျာ။

May 7, 2009

DVD/CD-ROM စက်မပိတ်ပဲ ဖြုတ်မယ်

ကဲကဲ အိုင်တီမန်း ပရိတ်သတ်တွေမို့ လက်တို့ ပြောလိုက် CD Drive ကို စက်မပိတ်ပဲ ဖြုတ်လို့ရတယ်ဗျို့ Device Manager ထဲက DVD/CD-ROM drives ကို ဖွင့်ချလိုက်ပြီး ဖြုတ်ချင်တဲ့ Drive ကို right click နှိပ်ပြီး Uninstall ကိုရွှေးပြီး စိတ်ချလက်ချသာဖြုတ် (ပျက်သွားလဲမသစ်ပေါ့ ဟဲဟဲ) စက်လုံးဝလုံးဝ မဟန်း ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် အိုင်တီမန်း ပရိတ်သတ်အပေါင်းတို့ခင်ဗျား

May 5, 2009

Microsoft Word နှင့် registry ကို စောင့်ကြည့်ခြင်း

window registry ကို စောင့်ကြည့်နိုင်ဖို့ Third party software တွေ စမ်းသုံးရင်းနဲ့ တော်တော်ကြာခဲ့ပါပြီ။ ဖြစ်နေကြ ပြဿနာကတော့ စက်တိုင်း လိုက်တင်တင်နေရတာပါပဲ ခုတော့ microsoft word နဲ့အဆင်ပြေသွားပြီ။
word ဆိုတာက စက်တိုင်းလိုလို ရှိနေတယ် မဟုတ်လား။ ကဲလိုရင်းကိုစပြောတော့မယ်။ ပထမဆုံး Trace လိုက်ချင်တဲ့ regisity key ကိုမပြောင်းမီတခါ ပြောင်းပြီးတစ်ခါ export လုပ်ထားရမယ်။ ပြီးမှတိုက်ကြည့်မယ်လေ။ microsoft word က Tools Menu ထဲက Compare & Merge Document... နဲ့ပေါ့။

နမူနာအနေနဲ့ ကျွန်တော်စမ်းထားပုံလေး ပြောပြပါ့မယ်။
>ကျွန်တော်က gtalk မဖွင့်ခင်မှာ HKEY_CURRENT_USER\Software\Google ကို အရင် export လုပ်ထားလိုက်တယ် (1.reg)
>>နောက်တော့ gtalk ကိုဖွင့်လိုက်တယ် gtalk တတ်လာတဲ့အခါ HKEY_CURRENT_USER\Software\Google ကို နောက်တစ်ကြိမ် export လုပ်ထားလိုက်တယ် (2.reg)
>>>ပြီးတော့ 1.reg ကို microsoft word နဲ့ ဖွင့်လိုက်တယ် encode မှာသူ့အတိုင်း ok ပေးလိုက်တယ်
>>>> Tools > Compare & Merge Document... ကိုရွှေးပြီး 2.reg ရွှေးပေးလိုက်တယ်လေ ပြီးရော


have a nice day :)

May 4, 2009

copy ကူးရင်စိတ်မညစ်ရလေအောင်

ကျွန်တော်တို့ copy ကူးကြတဲ့အခါ virus file ပါလို့ပဲဖြစ်ဖြစ်၊ ကူးမရ ရွှေ့မရတဲ့ file တွေ့နဲ့တွေလို့ပဲဖြစ်ဖြစ် "ဒုန်" ဆိုတဲ့အသံထွက်လာရင် အရမ်းစိတ်ညစ်ရတယ်ဗျာ။ file error တတ်လဲ ဆက်ကူးတဲ့ non stop copy software တွေရှိပေမယ့် စက်တိုင်းမှာ မရှိနိုင်ပြန်တော့ အဆင်မပြေပြန်ဘူးလေ။

ဒါကြောင့် window က ပါတဲ့ xcopy utility တစ်ခုကို သုံးကြည့်ကြရအောင်။ command prompt ကနေသုံးရပါ့မယ်။
ကျွန်တော့ CD Drive က F: ဆိုပါတော့။ ကျွန်တော်က CD ခွေထဲကနေ hard disk (D:) ထဲကိုကူးမယ်။ ဒီတော့
အရင်ဆုံး D: ထဲမှာ aquartz ဆိုတဲ့ folder လေးအရင်ဆောက်လိုက်တယ်
> Run box ကနေ cmd လို့ ရိုက်ပြီး Ms DOS cmmand pormpt ထဲကို ၀င်လိုက်ပြီ၊
>> F: ဆိုပြီး enter နှိပ်လိုက်တယ် ပြီးတော့
> xcopy /c /s *.* D:\aquartz (ကြားထဲမှာ space တွေပါတယ်နော်) လို့ ရိုက် enter နှိပ်ပြီး ကော်ဖီသောက်ရင်း ကြည့်နေလိုက်တယ်လေ အေးဆေးပဲ
ဒီနေရာမှာ xcopy command လေး အကြောင်းနဲနဲ(သိသလောက်) ရှင်းပြပါရစေ
xcopy /s /c *.* D:\aquartz ကျွန်တော်သုံးလိုက်တာက
xcopy က အဓိက commnad, /s *.* ကတော့ CD ထဲကရှိသမျှ file တွေနဲ့ subfolder တွေအားလုံးကူးမယ်
/c ကတော့ error တတ်လည်း ဆက်ကူးပါ ပေါ့
နောက်ဆုံး D:\aquartz ဆိုတာကတော့ paste လုပ်မဲ့ destination ပေါ့ဗျာ



အသေးစိတ်သိချင်သူများအတွက် Xcopy ပုံစံကတော့ ဒီလိုပါ (as type XCOPY /? in command prompt)
XCOPY source [destination] [/A | /M] [/D[:date]] [/P] [/S [/E]] [/V] [/W]
[/C] [/I] [/Q] [/F] [/L] [/G] [/H] [/R] [/T] [/U]
[/K] [/N] [/O] [/X] [/Y] [/-Y] [/Z]
[/EXCLUDE:file1[+file2][+file3]...]

source Specifies the file(s) to copy.
destination Specifies the location and/or name of new files.
/A Copies only files with the archive attribute set, doesn't change the attribute.
/M Copies only files with the archive attribute set, turns off the archive attribute.
/D:m-d-y Copies files changed on or after the specified date. If no date is given, copies only those files whose source time is newer than the destination time.
/EXCLUDE:file1[+file2][+file3]... Specifies a list of files containing strings. Each string should be in a separate line in the files. When any of the strings match any part of the absolute path of the file to be copied, that file will be excluded from being copied. For example, specifying a string like \obj\ or .obj will exclude all files underneath the directory obj or all files with the .obj extension respectively.
/P Prompts you before creating each destination file.
/S Copies directories and subdirectories except empty ones.
/E Copies directories and subdirectories, including empty ones. Same as /S /E. May be used to modify /T.
/V Verifies each new file.
/W Prompts you to press a key before copying.
/C Continues copying even if errors occur.
/I If destination does not exist and copying more than one file, assumes that destination must be a directory.
/Q Does not display file names while copying.
/F Displays full source and destination file names while copying.
/L Displays files that would be copied.
/G Allows the copying of encrypted files to destination that does not support encryption.
/H Copies hidden and system files also.
/R Overwrites read-only files.
/T Creates directory structure, but does not copy files. Does not include empty directories or subdirectories. /T /E includes empty directories and subdirectories.
/U Copies only files that already exist in destination.
/K Copies attributes. Normal Xcopy will reset read-only attributes.
/N Copies using the generated short names.
/O Copies file ownership and ACL information.
/X Copies file audit settings (implies /O).
/Y Suppresses prompting to confirm you want to overwrite an existing destination file.
/-Y Causes prompting to confirm you want to overwrite an existing destination file.
/Z Copies networked files in restartable mode.

The switch /Y may be preset in the COPYCMD environment variable. This may be overridden with /-Y on the command line.
အားလုံးပဲ ကော်ပီကူးရင်း ကော်ဖီဇိမ်နဲ့သောက်နိုင်ကြပါစေ 

Inserting a Button in Blog Post

တော်တော်လေးတော့ ကြာခဲ့ပါပြီ။

ကျွန်တော့်ဆီကို အီးမေးလ်တစ်စောင် ရောက်လာခဲ့ဖူးတယ်။ သူမေးတာက ထူးထူးခြားခြား။ Blog တင်တဲ့အခါမှာ Post ထဲကို button လေးတွေ ထည့်လို့မရဘူးလားတဲ့။ ဖြစ်ချင်တာက အဲဒီ button လေးကို နှိပ်လိုက်ရင် browser မှာ Link တစ်ခုခုကို new window နဲ့ ပွင့်သွားစေချင်တယ်တဲ့။ လုပ်လို့ရလား။ ရရင်ကော ဘယ်လို လုပ်ရမှာလဲဆိုပြီး မေးခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ ကျွန်တော်က Link ချိတ်တာများ Text Link လုပ်လို့ရနေတာပဲ ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး button ကြီးနဲ့ ချိတ်နေမှာလဲဗျာဆိုပြီး ပြန်ပြောမိပါတယ်။ ပြီးတော့ စိတ်ထဲမှာ မဖြစ်နိုင်လောက်ဘူးလို့လည်း ထင်မိခဲ့ပါတယ်။ Post တွေထဲမှာ စာတွေ၊ ပုံတွေ၊ ဗွီဒီယိုတွေပဲ ထည့်လို့ရမယ်လို့ ထင်ခဲ့တာလေ။

အခုနောက်ပိုင်းမှာမှ Post တွေတင်ရင်း သတိထားမိတာက Post ရေးတဲ့အခါ Edit HTML ရယ် Compose ရယ် ဆိုပြီး View နှစ်ခုရှိတဲ့နေရာမှာ Edit HTML ထဲမှာ ကိုယ်ကြိုက်တဲ့ HTML code တွေပါ ထပ်ထည့်လို့ ရတာဆိုတာကို တွေ့ရပါတယ်။ ပြီးတော့ Javascript ရော ရသလားဆိုပြီး ကျွန်တော်စမ်းကြည့်တယ်။ ရတယ်။

ဒါကြောင့် အခု Post မှာ button ထည့်ပြီး Link ချိတ်နည်းလေးကို Share ပေးလိုက်ပါတယ်။ Blogger တွေ အတွက်တော့ အသုံးကျမှာပါ။

ပထမဆုံး အောက်က script လေးကို Post ရေးတဲ့နေရာမှာ Edit HTML ကို ပြောင်းပြီး ထည့်လိုက်ပါ။




Enter your link here နေရာမှာတော့ ကိုယ်ချိတ်မယ့် link ကို ထည့်ပေးရမှာပေါ့။ ပြီးတော့ အောက်ကနေ ဒါမျိုးလေး ဆက်ရေးလိုက်ပါ။


Enter button name နေရာမှာတော့ button မှာပေါ်ချင်တဲ့ နာမည်ကို ထည့်ပေးရပါမယ်။

ကဲပြီးရင် ကိုယ်တင်မယ့် Post ကို ဆက်ရေးပြီး Publish လုပ်လိုက်တဲ့အခါမှာ Post ထဲမှာ button လေးတစ်ခု ရောက်နေမှာဖြစ်ပြီး အဲဒီ button ကို နှိပ်လိုက်ရင် ကိုယ်ပေးထားတဲ့ Link အတိုင်း Browser က new window နဲ့ ဖွင့်ပေးပါလိမ့်မယ်။

နမူနာအနေနဲ့ အောက်က button လေးကို နှိပ်ကြည့်လိုက်ပါဦးဗျာ။ google ကို နောက်ထပ် new window နဲ့ ဖွင့်ပေးပါလိမ့်မယ်။

နောက်ရက်ကျရင် Textarea ထည့်နည်းလေးပါ တင်ပေးထားပါဦးမယ်။




နှိပ်လည်း Google ကို ရောက်မှာမဟုတ်သေးဘူးဗျို့။ Code ပြင်ရဦးမှာ။ အခုတော့ သွားစရာရှိလို့ သွားလိုက်ဦးမယ်။ နောက်ရက်မှ ပြင်ထားလိုက်မယ်။

May 2, 2009

IT Men's Blog Gadget

ကျွန်တော်တို့ IT Men Blog ရဲ့ Gadget ကို ဖန်တီးလို့ ပြီးသွားပါပြီ။ စာဖတ်သူ ညီအစ်ကိုတွေထဲက Blogger တွေများ ပါတယ်ဆိုရင် ဒီ gadget လေးကို ကိုယ်ပိုင် blog မှာ ထည့်ပေးကြပါဦးလို့ တောင်းဆိုလိုပါတယ်ဗျာ။ Gadget ပုံစံကတော့ အောက်မှာ ပြထားသလိုပါ။ အဲဒီမှာ တစ်ချက်နှိပ်လိုက်ရင် itmen blog ကို ရောက်သွားမှာပါ။


အထက်ပါ Gadget အား မိမိ Blog တွင် ထည့်သွင်းနည်း
၁။ Blog ရဲ့ Layout မှာ Add a Gadget ဆိုတာကို နှိပ်ပါ။
၂။ Add a gadget dialog box ပေါ်လာရင် ဘယ်ဘက်အောက်နားက Add you own ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။
၃။ အဲဒီအခါမှာ Blogger က gadget ရှိတဲ့ URL ကို ထည့်ခိုင်းပါလိမ့်မယ်။ အဲဒီ text box ထဲမှာ http://itmenblog.googlepages.com/itmen.xml ဆိုပြီး copy ကူးထည့်လိုက်ပါ။
၎။ Add by URL ကိုနှိပ်ပါ။
၅။ Save ကို နှိပ်ပါ။

ဒါဆိုရင် မိမိ Blog မှာ IT Men's Blog ရဲ့ Gadget လေး ရောက်သွားပါပြီ။

Google Insights for Search



See what the world is searching for

တကမ္ဘာလုံးကလူတွေ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကလူတွေ Google ကြီးမှာ ဘာတွေများ ရှာနေကြသလဲ ဆိုတာ သိချင်ရင်တော့ အောက်က လင့်ခ်သာ နှိပ်လိုက်ပေတာ့။
www.google.com/insights/search

Microsoft Computer Dictionary Fifth Edition

ကျွန်တော့်ဆီမှာ ရှိနေတာတော့ ကြာပြီ။ တင်မယ် တင်မယ်နဲ့ မတင်ဖြစ်တာ။ အခုတော့ ရှဲလိုက်ပြီ။ Microsoft Computer Dictionary ပါ။ တော်တော်လေး စုံပါတယ်။ ဆောင်ထားပေါ့။ ကိုယ်မသိတဲ့ ကွန်ပျူတာ term တစ်ခုခုတွေ့ရင် ရှာကြည့်လိုက်ပေါ့။ မသိဘူးဆိုရင် သိအောင်လုပ်ရမှာပေါ့။ မသိတာကို မသိဘူးလို့ပဲ ပြောနေရင်တော့ မသိတော့မှာပဲ ရှိမှာပေါ့။ သိလိုစိတ်ရှိမှ တတ်ကျွမ်းမှုရှိမှာပေါ့...


Download Microsoft Computer Dictionary 5th Edition

April 30, 2009

How to Improve Hard Disk Performance

ကျွန်တော် ဟိုတစ်နေ့က ကွန်ပျူတာတစ်လုံးကို လိုက်ဝယ်ပြီး ဆင်ပေးခဲ့ရပါတယ်။ ၀ယ်တုန်းကတော့ စိတ်ကြိုက် ရွေးဝယ်ခဲ့တာပါပဲ။ ပစ္စည်းတွေကို တစ်ခုချင်းစီ ရွေးဝယ်တာပေါ့။ အဲဒီမှာ ဆိုင်ကို ကျွန်တော်က Hard disk ဘာ အမျိုးအစားတွေရှိသလဲ၊ ဘယ်လောက် GB တွေ ရှိလဲလို့မေးတော့ သူတို့က Seagate 160 GB တစ်မျိုးပဲ ရှိတာ လို့ ပြောပါတယ်။ ကဲ ယူပါ့မယ်လေဆိုပြီး ကွန်ပျူတာတစ်စုံစာလုံးအတွက် ငွေချေလိုက်တယ်။ တခြားပစ္စည်းတွေကို စစ်ဆေးကြည့်မိပေမဲ့ အဲဒီ့ Hard disk ကိုတော့ မကြည့်မိဘူး။

ပြဿနာက အဲဒီမှာ စတာပါပဲ။ စင်တာရောက်တော့ စက်ကလေး ဆင်မယ် လုပ်တော့ Hard disk က ခါတိုင်းလိုမဟုတ်ဘဲ တရုတ်စာတွေ ပါနေတယ်။ စိတ်ထဲမှာ နည်းနည်းတော့ ထင့်သွားတယ်။ ဒီဟာကြီးက တရုတ် ပြည်တွင်းသုံးကြီးပဲ ဖြစ်မှာ သေချာနေပြီလေ။ Export Quality ရှိမှာမဟုတ်ဘူး။

အဲဒါနဲ့ Windows တင်၊ Software တွေ တင်ပြီး သုံးကြည့်တယ်။ ဘာမှ မဖြစ်သေးဘူး။ Nero 8 ကို တင်ပြီး ခွေကူးကြည့်တော့မှ ခွေကူးတာဟာ အရမ်းနှေးတာကို သတိထားမိတယ်။ အောက်မှာ မြင်ရတဲ့အတိုင်းပဲ။

ခွေကူးတဲ့အချိန်မှာ ခွေမကူးခင် Hard Disk ထဲ Image ရိုက်ထည့်တဲ့အချိန်မှာ ကြာနေတာ။ အစပိုင်း ကျွန်တော် DVD Driver ကြောင့်လားလို့ ထင်မိတယ်။ ၀ယ်လာတဲ့ DVD Drive က Aopen အမျိုးအစားပါ။ တစ်ခါမှ မသုံးဖူးသေးဘူး။

ကျွန်တော့်စက်ကလေးကတော့ Asus DVD Writer တပ်ထားတယ်။ အဲဒါနဲ့ Sandra ကို သုံးပြီး Aopen DVD Writer ရဲ့ specification နဲ့ Asus DVD Writer ရဲ့ Specification ကို ယှဉ်ကြည့်တယ်။ သိပ်မကွာဘူး။ အဲဒီတော့ Drive ကြောင့် ဖြစ်တာမဟုတ်နိုင်ဘူးဆိုပြီး သုံးသပ်လိုက်တယ်။

နောက်ထပ် စဉ်းစားမိတာက Hard Disk။ သိတယ်မလား။ ပေါက်ဖော်ကြီးလေ။ စိတ်မချရဘူး။ ပြီးတော့ ကျွန်တော်က 160GB ကို Windows အတွက် 40GB တစ်ပိုင်း၊ Data အတွက် 120GB တစ်ပိုင်း စုစုပေါင်း partition ကို နှစ်ပိုင်း ပိုင်းထားတယ်။

ကဲ အဲဒီတော့ Hard Disk ရဲ့ Write Speed ကို စမ်းဖို့ လိုလာပြီ။ Nero Burning ROM ကို ဖွင့်လိုက်တယ်။ New Compilation Dialog box မှာ CD Copy ကို ရွေးလိုက်တယ်။ ပြီးတော့ Image tab ကို နှိပ်တယ်။ ပြီးတော့ Test Speed ကို နှိပ်လိုက်တယ်။ အဲဒီအခါ Partition တစ်ခုချင်းစီရဲ့ Write Speed တွေ ပေါ်လာပါတယ်။ ပုံမှာ ပြထားသလိုပေါ့။


သိထားစရာကောင်းတာက C: D: E: partition သုံးခုမှာ E: ဟာ အနှေးဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ သူက platter ရဲ့ အပြင်ဆုံးမှာ ရှိတာလေ။ အဲဒီတော့ hard disk က arm ကို ရွေ့နေရတာနဲ့ ကြာသွားတာနဲ့ တူပါတယ်။ အဲ..အဲ.. ဘေးရောက်ကုန်ပြီ။ ဒီလိုဗျာ အဲဒီလို စမ်းကြည့်တော့ စက်အသစ်လေးခဗျာ ကျွန်တော့် စက်အဟောင်းလေးကရဲ့ speed ကို မမှီဘူးခင်ဗျ။

ကျွန်တော် စဉ်းစားရပြီလေ။ ဘာကြောင့်လဲပေါ့။ ဘာဖြစ်လို့ Hard Disk ရဲ့ Speed က နှေးနေရတာလဲပေါ့။ ပထမဆုံး ကျွန်တော်တွေးမိတာက partition size က ကြီးလွန်းနေတယ်ဆိုတာကို တွေးမိတာ။ 120GB ကို တစ်ပိုင်း ပိုင်းထားတာ။ partition size ကြီးလွန်းတာဟာ performance ကို ထိခိုက်နိုင်သလားဆိုတာကို internet ထဲရှာကြည့်တော့ ထိခိုက်နိုင်တယ်ဆိုတဲ့ အဖြေကို တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မယုံပါဘူး။ သူများပြောတိုင်း ယုံစရာလားလို့။

လက်တွေ့စမ်းကြည့်လိုက်တယ်။ 120GB Partition ကို 60GB နှစ်ပိုင်း ပိုင်းလိုက်တယ်။ ပြီးတော့ Nero Burning ROM နဲ့ Test Speed လုပ်လိုက်တယ်။ အားပါးပါး speed အတော်လေး တက်လာတာကို ၀မ်းသာအားရ တွေ့လိုက်ပါတယ်။ အင်တာနက်ထဲ ထပ်ရှာကြည့်တော့လည်း တွေ့ပါပြီ။ Partition များလေ Performance တက်လေတဲ့။ အနည်းဆုံး သုံးပိုင်းလောက်တော့ ရှိသင့်တယ်တဲ့။

ကျွန်တော် ဒီလောက်နဲ့ တင်းတိမ်မှုမရှိခဲ့ဘူးဗျ။ Hard Disk ကို ပိုပြီးတော့ မြန်ချင်သေးတယ်။ အဲဒါနဲ့ ထပ်ရှာပြန်ရော။ ဟော တွေ့ပြန်ပြီ။ Cluster size ပြောင်းပါတဲ့။ Cluster size ကို ခပ်ကြီးကြီး ထားလိုက်တာဟာ အကျိုးကျေးဇူးလည်း ရှိတယ်၊ တစ်ဘက်က ဆိုးကျိုးလည်း ရှိပါတယ်တဲ့။

ဘယ်လိုလည်းဆိုတော့
ဆိုပါစို့ Cluster size ကို 128 KBytes ထားမယ်ဆိုပါစို့။
အဲဒါဆို 1 MB ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါ 1MB(1024 KB) ကို 8 ပိုင်း ပိုင်းရမှာလေ။ (file size/cluster size=number of block) ပြဿနာမရှိသေးဘူး။ ကွက်တိဖြစ်တုန်းပဲ။

ကဲ တကယ်လို့များ 1.3 MB (1331.2 KB) ရှိတဲ့ ဖိုင်တစ်ဖိုင်ကို Hard Disk ပေါ် ရေးတဲ့အခါမှာတော့ တကယ်တမ်းယူရမှာက cluster အရေအတွက် 10.4 (1331.2/128=10.4) ပဲယူရမှာ ဖြစ်ပေမဲ့ cluster တွေဟာ ဖဲ့ယူလို့ မရတော့ cluter 11 ခုစာ နေရာယူပါလိမ့်မယ်။ 25.6 Kbytes ပုပ်သွားပါတယ်။
Kbytes လောက် နေရာပုပ်တာကို စာထဲထည့်ရေးတယ်လို့ မထင်ပါနဲ့ဦး။ ဖိုင်တွေအများကြီးနဲ့ဆို MBytes နဲ့ချီပြီးတော့ နေရာပုပ်နိုင်ပါတယ်။ ဒါတွေက cluster size ကြီးကြီးထားလို့ ရလာတဲ့ ဆိုးကျိုးပါ။

အကျိုးကျေးဇူးက ဘာလဲဆိုတော့
cluster size 4 Kbytes ရှိတဲ့ hard disk (A) နဲ့ 128 Kbytes ရှိတဲ့ Hard Disk (B) နှစ်လုံးကို ယှဉ်ကြည့်ရအောင်ဗျာ။
အဲဒီနှစ်လုံးမှာ 1 MB ရှိတဲ့ ဖိုင်ကို အတူတူသွားရေးမယ်ဆိုရင် A ဟာ အဲဒီဖိုင်လေးအတွက် block ပေါင်း 256 ခု ခွဲရပါမယ်။ B ကတော့ block 8 ခုပဲ ခွဲရမှာပါ။ block ခွဲရတဲ့အချိန်နည်းသွားတဲ့အတွက် B ဟာ A ထက် ပိုမြန်ပါလိမ့်မယ်။

အခုလောက်ဆို စာဖတ်သူရဲ့ Hard Disk ကို cluster size ပြောင်းဖို့ စဉ်းစားနေပြီလား။ နေဦးဗျ Windows ကပါတဲ့ Format ဟာ cluster size ကို အများဆုံး 4KB ထိပဲ ခွင့်ပြုပါတယ်။ အပေါ်က ပြောခဲ့သလို cluster size ကို 128 ထားချင်ရင်တော့ Paragon Partition Manager သို့မဟုတ် Acronis Disk Director အစရှိသည်တို့ကို သုံးစွဲနိုင်ပါကြောင်း........

April 29, 2009

Send SMS to Myanmar From Gtalk

gtalk at etmsms.com ကို add လုပ်ပါ။ Auto accept လုပ်ပါလိမ့်မယ်။
ပို့ရမယ့်ပုံစံက
sms(space bar)09xxxxxx(space bar)message ပါ။

April 26, 2009

Downadup Worm

Virus ရေးတဲ့သူ ဖမ်းကြမလား ဒေါ်လာ သန်း ၂၅၀ ရမှာနော်


February 12, 2009 ရက်နေ့ မှာ Microsoft ကကြေငြာထားတယ်
http://www.microsoft.com/Presspass/press/2009/feb09/02-12ConfickerPR.mspx
virus နာမည်ကတော့ Conficker / Downadup တဲ့ ကျွန်တော့ ဆီမှာတော့ သူဝင်မွှေနေပြီ။ သူလာရင်ဒီလိုလာတာ


ဒါပေမယ့် Symantec ကယ်လို့ OK သွားပါပြီ။
ကဲဗျာ ကြာပါတယ် http://www.symantec.com/security_response/writeup.jsp?docid=2009-011316-0247-99 ကိုသာသွား ကြည့်လိုက်ပေတော့ဗျို့။
အဆင်မပြေသူရှိရင် mail ပို့လိုက်ပေါ့
Downadup ရေ အမျှအမျှ

April 23, 2009

VCD ကာရာအိုကေ စာတန်းထိုးနည်း

VCD သီချင်းတွေကို ကြည့်ရင်း သီချင်းစာသားထိုးတာတွေကို ဘယ်လိုများ လုပ်တာပါလိမ့်ဆိုပြီး အရမ်း သိချင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ Adobe Premier နဲ့ Title Deko ကို သုံးလုပ်တာဆိုပြီး သူငယ်ချင်း တစ်ယောက်က ပြောလို့ သိခဲ့ရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Premier တင်ပြီး စမ်းကြည့် ခဲ့တယ်။ အားပါး တော်တော်လေးကို အချိန်ပေးရပါတယ်။ စာနဲ့အသံနဲ့ ကိုက်အောင် လုပ်ရတာ အတော်လေးကို လက်ဝင်ပါတယ်။ ဒါတောင် အသံအလိုက် စာသားကို highlight လုပ်တာ မပါသေးဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ပျင်းပြီး ဆက်မလုပ်ဖြစ်တော့ပါဘူး။

ဟိုတလောက ကွန်ပျူတာဂျာနယ်မှာ ကာရာအိုကေ စာတန်းထိုးနည်း ပါလာပါတယ်။ ကြည့်လိုက်တော့ Premier နဲ့ပါပဲ။ Premier ဆိုတာနဲ့ ကျွန်တော် လည်းလန့်နေပြီ။ အဲဒါနဲ့ စမ်းတောင် မကြည့်တော့ပါဘူး။

ကိုယ့်မှာ သိချင်စိတ်ရှိနေလို့ပဲလားတော့ မသိပါဘူး။ မရှာဘဲနဲ့ အလွယ်နည်းလေးကို မထင်မှတ်ပဲ အခု ရလိုက်ပါပြီ။ Reader နဲ့ Feed တွေ လိုက်ဖတ်ရင်း Techpp ရဲ့ Feed မှာ အဲဒီအကြောင်းလေး ပါလာတယ်။ အဲဒါနဲ့ ကျွန်တော်စမ်းကြည့်တယ်။ အရမ်းလွယ်တယ်။ အဆင်ပြေပါတယ်။ ဒါကြောင့် အခု ဖောက်သည်ချလိုက်ပါပြီ။


စာတန်းထိုးဖို့အတွက် လိုအပ်တဲ့ Software တွေက Divxland Media Subtitler ပါ။ ပြီးတော့ VirtualDub ရယ်၊ Xvid Encoder ရယ်ပါ။ စုစုပေါင်း သုံးမျိုးပါ။ အကုန်လုံးဟာ Free ပေးတာဖြစ်ပြီး http://www.divxland.org/ မှာ ရနိုင်ပါတယ်။


စလုပ်ဖို့အတွက် Notepad ထဲမှာ Myanmar Font နဲ့ (Unicode Font သုံးမရပါ) သီချင်းစာသားတွေကို အဖြတ်လိုက် တကြောင်းချင်း ရိုက်ထည့်ရပါမယ်။ ပြီးရင် တစ်နေရာမှာ သိမ်းလိုက်ပါ။ နောက် Divxland Media Subtitler ကို ဖွင့်ပြီး စာသားထည့်မယ့် Video ဖိုင်ကို ဖွင့်ရပါတယ်။ ကျွန်တော်ကတော့ လိပ်ပြာ ၀ှက်တမ်း ဇာတ်ကားခွေထဲမှာပါတဲ့ ဗွီဒီယိုသီချင်းဖိုင်လေးနဲ့ စမ်းကြည့်ပါတယ်။ သူက MTV ပါ။ စာသားမပါတော့ စမ်းသပ်ဖို့ ကောင်းသွားတယ်။


ပြီးတော့ အစောက Notepad နဲ့ ရိုက်ထားတဲ့ စာသားဖိုင်လေးကို ဖွင့်ရပါတယ်။ ပြီးတဲ့အခါမှာ သီချင်းကို Play လုပ်ပြီး အဲဒီ Program မှာပါတဲ့ Apply ခလုတ်လေးကို နှိပ်လိုက်၊ လွှတ်လိုက်လုပ်ပြီး အသံနဲ့ စာနဲ့ ကိုက်အောင် လုပ်ရပါတယ်။ ပြီးသွားရင် ဖိုင်ကို သိမ်းရပါတယ်။ သူက Subtitle ဖိုင်လေး တစ်ဖိုင်ကို ထုတ်ပေးပါလိ့မ်မယ်။ ဒီနေရာမှာ သတိပြုရမှာက သိမ်းတဲ့အခါမှာ ဖိုင် Format ကို SubStation Alpha ကို ရွေးရပါတယ်။


ပြီးရင်တော့ File ကနေ Embed Subtitle ကို ရွေးရုံပါပဲ။ အဲဒီအခါမှာ VirtualDub Program ရှိတဲ့ နေရာကို ရွေးရတာတို့၊ Xvid Encoder ကို သုံးရတာတို့ စတာတွေကို လုပ်ပေးရပါတယ်။
နောက်ဆုံးမှာတော့ စာတန်းထိုးပြီးသား ဗွီဒီယိုသီချင်းတစ်ပုဒ်ကို အချိန်တိုလေးအတွင်းမှာ ဖန်တီးလို့ ရသွားပြီပေါ့။


လုပ်နည်း အသေးစိတ်ကို http://www.divxland.org/ မှာ လေ့လာလို့ရပါတယ်။ အခု software တွေနဲ့ လုပ်တာ တွေဟာ စာတန်းထိုးရုံ သက်သက်ဖြစ်ပြီး အသံအတိုင်း highlight လုပ်တာကိုတော့ လုပ်မရပါဘူး။ ပြီးတော့ Myanmar Font တွေနဲ့ ပတ်သတ်ပြီး နည်းနည်းပြဿနာ ရှိပါတယ်။ ရ မပေါ်တာတို့ ဘာတို့ ဖြစ်ပါတယ်။ ကျွန်တော် ရှာကြည့်သလောက်တော့ Gandamar-Letter1 Font နဲ့ကတော့ လုံးဝအဆင်အပြေဆုံးပါပဲ။

April 21, 2009

My Current Activity

ဒီလထုတ် PC World လေးဖတ်ရင်းနဲ့ OpenDNS ဆိုတာ တွေ့လို့ တော်တော်ကြိုက်သွားတယ်။ ဒါပေမဲ့ အချည်းနှည်းပါပဲ။ စမ်းကြည့်တော့ သုံးလို့လည်းမရဘူး။ မြန်မာပြည်ကမို့ ထင်ပါရဲ့။

Driver တွေ Backup လုပ်ဖို့ DriverMax ဆိုတဲ့ Free ပေးတဲ့ program လေး အင်တာနက်မှာ ရနေပြီ။ စမ်းကြည့်ပြီးပြီ။ ကောင်းတယ်။

Auslogic ဆိုတဲ့ Free ပေးတဲ့ Hard Disk Defragment လုပ်တဲ့ကောင်ကိုတော့ သူများတွေ ကောင်းတယ်ပြောလွန်းလို့ download ဆွဲထားတယ်။ မစမ်းရသေးဘူး။

ကိုဇော်လင်းရဲ့ PC Mechanic စာအုပ်လေး Scan ဖတ်ပြီး Ebook လုပ်တာ ပြီးသွားပြီ။ File Size က 40MB နား ကပ်နေလို့ ရှယ်ယာလုပ်ဖို့တော့ အဆင်မပြေတော့ဘူး ထင်ပါရဲ့။

Avira Antivir က Free လည်းပေးတယ်၊ ကောင်းလည်းကောင်းတယ်ဆိုတာနဲ့ Kaspersky နဲ့ ယှဉ်စမ်းကြည့်ဖို့ download ဆွဲထားတာ ပြီးသွားပြီ။

Himachi ဆိုတာ ဘာကြီးပါလိမ့်လို့ ရှာကြည့်တာ VPN ဆောက်တဲ့ဟာကြီး ဖြစ်နေတယ်။ ဒီမှာတော့ သုံးရမယ် မထင်။

DVD ဇာတ်ကားခွေထဲ Subtitle ထည့်နည်းလေး လေ့လာမလို့ဟာ ဘယ်တော့မှ အားမယ်မသိပါဘူးဗျာ။

IT Men Group ထဲ Porn တွေ လာလာထည့်နေလို့ အမြဲတမ်းရှင်းနေရတာ ကြာတော့ ရူးချင်လာပြီ။

IT Men Blog ရဲ့ Cbox ထဲလည်း ကြော်ငြာတွေ လာလာရေးတာ။ Ban လည်း ခဏပဲ။ သူတို့က တခြားနာမည်နဲ့ ၀င်ရေးပြန်ရော။ ကျွန်တော်က ban လိုက်၊ သူတို့က ပြန်ဝင်ရေးလိုက် လုံးချာကိုလိုက်နေတာပဲ။

April 20, 2009

Myanmar3 Unicode One Click Installer

Myanmar NLP က Myanmar3 ကို One click installer မလုပ်တာဟာ Keyman ရဲ့ License နဲ့ ညှိနေတာကြောင့် ဖြစ်မယ်ထင်တယ်။ Myanmar NLP က လောလောဆယ်ပေးထားတဲ့ Myanmar3 ဟာ Installer လုပ်ရတာ အတော်လက်ဝင်ပါတယ်။ Keyman ကို install လုပ်ရတယ်။ ပြီးတော့ Myanmar3 Keyman Package ကို install လုပ်ရတယ်။ Font ထည့်ရတယ်။ Restart လုပ်ရတယ်။ ပြီးတော့ Documentation လုံးဝမပါဘူး။

အဲဒါတွေအားလုံး အဆင်ပြေစေဖို့ သင်္ကြန်တွင်းတုန်းက လုပ်ထားတာလေး တင်ပေးလိုက်ပါပြီ။ Myanmar3 One Click Installer ပေါ့။ ကျွန်တော်ကတော့ End User တွေ အဆင်ပြေစေဖို့ပဲ ရည်ရွယ်ပြီး လုပ်ထားတာပါ။ Restart လုပ်စရာမလိုဘူး။ Desktop နဲ့ Start Menu ထဲမှာ Shortcut တွေ ထည့်ပေးသွားလိမ့်မယ်။ Myanmar3 ရိုက်နည်းကိုပါ pdf အနေနဲ့ ထည့်ထားပါတယ်။
အကောင်းအဆိုး ကြိုက်သလို ဝေဖန်နိုင်ပါတယ်။

Download Myanmar3 One-Click Installer

March 30, 2009

English to Myanmar Translator

Myanmar NLP အဖွဲ့၏ တီထွင်ဖန်တီးမှုအား များစွာ ဂုဏ်ပြုအပ်ပါသည်

http://img19.imageshack.us/img19/6688/banner2gqq.jpg

Download Here Free
Windows Myanmar Translator (82.9 MB)

March 25, 2009

Windows Live Search Engine

တခါတလေမှာ Google မှာ ရှာမတွေ့တာတွေ သူ့က ရှာပေးတယ်။ Image တွေ
ရှာပေးတာကိုတော့ အကြိုက်ဆုံးပဲ။ Google လုံးဝမမှီဘူး။
ပုံအကောင်းစားတွေရတယ်။ ရှာရတာ ခေါင်းမီးတောက်နေရင် သတိရလိုက်ပေါ့။
ခင်လို့ ပြောတာနော်။

www.live.com

March 24, 2009

Inno Setup

software တွေ တော်တော်များများကို တင်လိုက်၊ ဖြုတ်လိုက် လုပ်လာရင်းနဲ့ သတိထားမိတာက သူတို့တွေရဲ့ Installer တွေက ပုံစံတွေ တူနေတာကို သတိထားမိပါတယ်။ Wizard မှာလည်း InstallShield ဆိုတာ ပါလာလေ့ရှိတယ်။ အဲဒါနဲ့ InstallShield ဆိုတာ Installer လုပ်တဲ့ Software ပဲလို့ ယူဆပြီး ခွေဆိုင်ရောက်တော့ InstallShield ကို ရှာဝယ်ပြီး စမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သုံးရတာနှေးတာရယ်၊ ရှုပ်ထွေးတာရယ်ကြောင့် မသုံးဖြစ်တော့ဘူး။ ပြီးတော့ Package ထုတ်စရာလည်း သိပ်မရှိဘူးလေ။

ဟိုတစ်လောကစပြီး ခေါင်းထဲမှာ အကြံတစ်ခုရတယ်။ Myanmar3 Unicode ရယ်၊ သင်တန်းမှာသုံးတဲ့ Mouse Lesson Game တစ်ခုဖြစ်တဲ့ VCop2 ရယ်၊ နောက် မြန်မာ Typing Tutor တစ်ခုဖြစ်တဲ့ TypingXP တွေဟာ Install လုပ်ရတာ နည်းနည်းလက်ဝင်တယ်လေ။ Program Files အောက် သွားထည့်ရတာနဲ့၊ Desktop ပေါ်မှာ Shortcut ကိုယ့်ဘာသာကို တင်ရတာနဲ့ဆိုတော့ အတော်လေး အချိန်ပေးရတယ်။ အဲဒါနဲ့ အဲဒါတွေအတွက် ကိုယ့်ဘာသာကိုယ် Installer တွေ လုပ်ကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။

အခုအချိန်မှာ တော်တော်များများက WinRAR self extracting archive ကိုပဲ Installer အနေနဲ့ လုပ်နေကြတာကိုလည်း သိပ်မကြိုက်ဘူး။ ပြီးတော့ InstallShield ကိုလည်း မသုံးချင်ဘူး။ သူက Free ပေးတာမဟုတ်ဘူးလေ။ Crack ဖြည်တိုင်း စိတ်ထဲမှာ ခိုးသုံးနေရတယ်ဆိုတဲ့ အသိကြီး ရောက်လာတာကိုက မကောင်းဘူး။ အဲဒါနဲ့ Free ပေးတာတွေ လိုက်ရှာတော့ Inno Setup Compiler ဆိုတာကို တွေ့ပါတယ်။ အတော်လေး ကောင်းပါတယ်။ ဒါပေမဲ့ သုံးရတာ အလွယ်တကူကြီး မဟုတ်ဘူး။ Script တွေရေးရတယ်။ Compile လုပ်ရတယ်။ ပြီးတော့ Output အနေနဲ့ Installer Package တစ်ခု ထွက်လာပါတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ ပညာပါတယ်။ နောက်ရက်တွေမှာလည်း ကျွန်တော်လုပ်ထားတဲ့ Installer လေးတွေကို Share လုပ်သွားပါဦးမယ်။

Inno ကိုစမ်းသပ်လိုသူများ www.innosetup.com သို့ သွားကြပါကုန်။

March 20, 2009

Viewing Proxy Server IP using nslookup

ကိုညီညီဦး(nnyioo.googlepages.com)က ပို့လိုက်တဲ့အတိုင်းပဲ ပြန်ဖော်ပြလိုက်ပါတယ်။

Bagan net proxy (or) myantel proxy တို့ ၏ လိပ်စာကိုသိချင်လျှင်
Start>>run. Enter the "cmd". And then , you try the Following Command.

nslookup cache.bagan.net.mm >>> Enter
203.81.71.229
203.81.71.234
203.81.71.237
203.81.71.238
203.81.71.70
203.81.71.74
203.81.71.75
203.81.71.80
203.81.71.88
203.81.71.111
203.81.71.116
203.81.71.120
203.81.71.228

nslookup cache.myantel.net.mm >>>Enter
203.81.71.237,
203.81.71.238,
203.81.71.70,
203.81.71.74,
203.81.71.75,
203.81.71.80,
203.81.71.88,
203.81.71.120,
203.81.71.228,
203.81.71.229,
203.81.71.234,

March 17, 2009

Everyday Internet By Myo Thura

နေ့စဉ်သုံးအင်တာနက် (သို့မဟုတ်) အင်တာနက်စတင်သုံးစွဲမည့်လူငယ်များအတွက်



Download Everyday Internet Ebook
Size: 29.8 MB
MD5: 5603186eda04bac1dbee9dce6cfbf599

March 16, 2009

Aquartz Attribute Changer

ကဲမနေ့က Brontok ကြောင်းလေးဆက်ရအောင် System နဲ့ Hidden attribute တွေဖြစ်သွားတဲ့ file တွေကို ပုံမှန်ပြန်လုပ်ရတာ လက်ဝင်လွန်းလို့ လွယ်ကူအောင် utility လေးတစ်ခု ကျွန်တော်ရေးထားတယ်ဗျာ။ အဲဟုတ်ပါဘူး ဖြတ်၊ညှပ်၊ကပ် လေးလုပ်ထားတာ သုံးကြည့်ပြီး ကောင်းမကောင်း ဝေဖန်ပေးကြပါအုံး……
Aquartz Attribute Changer
Download မရပါက aquartzblog at gmail dot com သို့ email ဖြင့်တောင်းပါ၊

March 15, 2009

Mulitproxy

Multiproxy ဟာ proxy program လေးတစ်ခုပါပဲ။ အဲဒါလေးနဲ့ အင်တာနက်သုံးတာ ပိုမြန်အောင် လုပ်လို့ရတယ်လေ။ ကျွန်တော်တို့ အင်တာနက်သုံးတဲ့အခါ Proxy Server တစ်လုံးတည်းဆီကနေပဲ Web Content တွေကို လှမ်းယူနေရတာလေ။ Mutiproxy ကတော့ သူ့နာမည်လေးအတိုင်းပဲ Proxy Server အများကြီးဆီကနေ Web Content တွေကို သွားယူပေးပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ Proxy List အတိုင်း ဆွဲပေးပါတယ်။ သူက default ပေးထားတဲ့ proxy တွေ ပါပေမဲ့လည်း အများအားဖြင့် ကျွန်တော်တို့ရဲ့ Local Proxy တွေလောက်တော့ response မကောင်းတာ တွေ့ရပါတယ်။

MPT လိုင်းကို သုံးတဲ့သူတွေအတွက်တော့ Multiproxy က သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ MPT က public အတွက် Proxy Server တစ်လုံးတည်းပဲ ပေးထားလို့ပါ။ Bagan လိုင်းကတော့ Proxy Server တစ်လုံးထက်ပိုပေးထားပါတယ်။ Bagan ရဲ့ Proxy Server IP တွေကိုတော့ နောက်ရက်ကျ တင်ပေးထားပါတယ်။ စာဖတ်သူတွေထဲက Bagan Proxy Server တွေရဲ့ IP ကိုသိတဲ့သူတွေ ရှိရင်လည်း Comment လေး ပေးခဲ့ဖို့ တလေးတစား ဖိတ်ခေါ်ပါတယ်။

http://www.multiproxy.org/mproxy12.zip
Brontok ကိုက်လို့ Computer, MP3/4, Flash Drive တွေထဲက data ပျောက် သွားတာမျိုး ကြုံဘူးကြမှာပါ။ အတော်အုံးစားရတယ်ဗျာ Tools>Folder Option>View ထဲက နေ Show hidden files and folders နဲ့ Hide protected operating system file (recommended) တွေပြောင်းလိုက်တော့ hidden ဖြစ်နေတာတွေ ပေါ်လာပါတယ်။ ဒါနဲ့ normal attribute ကို ပြန်ပြောင်းမယ်လုပ်တော့ properties မှာ hidden က disable ဖြစ်နေပြန်တယ်။ နောက်ဆုံးတော့ command prompt ထဲကနေ
attrib /s /d –s –h –r [drive:][path] ဆိုပြီးပြောင်းမှပဲရတော့တယ်။

Brontok ရန်မှကင်းဝေးကြပါစေ

March 14, 2009

How to Make FREE International Calls to Any Phone from Google Talk using Talkster

Exciting News!
Google Talk users can now make free international phone calls!

  • Always Free
  • No Credit Cards
  • No Registration
  • No Conditions
  • Unlimited
  • No Sign-up
  • Call to any phone, landline or mobile
  • More than 30 countries supported

How it Works

Adding phone numbers to your Google Talk contact list
1) To start, launch Google Talk on your desktop

2) Add contacts the same way you usually do: click on the Add button to add a friend

3) Type in the phone number of the person you want to call in the following format.
Use full phone number, including country code and area code:

phonenumber@talkster.gtalk2voip.com

Example: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

(Note: be sure to check the list of Talkster's supported countries to check if the friend you want to call is in one of the available countries)

4) You'll get a confirmation from Talkster with instructions.
We assign a local Talkster number for your friend in their country. Your friends will use Talkster phone numbers to call-in to be connected with you.

5) If you are calling your friend on a mobile phone, he will receive an SMS with his Talkster call-in number for you. Otherwise, let him know the Talkster number by IM or email.

Make calls from your Google Talk

1) Click on your friend's number in your Google Talk Contact List

2) Click on the Call button to start the call with your friend

3) Talkster will dial out to your friend from Google Talk

4) When your friend answers, you will have 10 seconds to check to see if he's available to talk. Tell him to hang up and call right back, using his local Talkster phone number for you.

5) You wait while your friend hangs up and calls back using his local number for you. (If he doesn't know his number, send it to him by email or IM.)

6) As soon as your friend calls in, we connect you and you can talk as long as you want for FREE.

7) When you're done, you just end the call!

8) Tell your friend to save his Talkster call-in number in his phone so he can use it whenever you want to call him from Google Talk.

You can call as often as you like and talk as long as you like. There are no catches, no limits, and no conditions!

Source: http://www.gtalk2voip.com/

March 11, 2009

InterfaceLIFT

Wallpaper ပေါင်း နှစ်ထောင်နီးပါး ရှိပြီး hight resolution တွေ ပေးထားပါတယ်။

March 9, 2009

Details မှာ မြန်မာလိုပေါ်အောင်လုပ်နည်း

နောက်ဆုံးလုပ်လို့ရခဲ့တာလေးပါ…
Details မှာ မြန်မာလိုပေါ်ချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ
တစ်ဆင့်ချင်း ဖော်ပြပါ့မယ်
Royale Theme ကို အရင် Install လုပ်ရပါမယ်
ပြင်ရမယ့် File ကတော့ %systemroot%\Resources\Themes\Royale\Shell\NormalColor ထဲက
ShellStyle.dll ပါ
1) Resource Hacker နဲ့ ShellStyle.dll ကိုဖွင့်ပါ
2) ဘယ်ဘက် Tree View မှ String Table ကို expand လုပ်၊ 1 ကိုလည်း expend လုပ်
3) 1033 ကို select လုပ်၊ ညာဘက်မှ Tahoma ကိုရှာပြီး Zawgyi-One ဟုပြောင်းပါ
4) Compile Script ကိုနှိပ် ၍ save လုပ်လိုက်ပါ
Ready made ကြိုက်သူများအတွက် ဒီမှာ Download လုပ်ပါ၊
5) Display setting မှ Themes tab တွင် Royale ကိုပြောင်းလိုက်ပါ
6) ပြီးပါပြီ ။

March 7, 2009

Office 2007 File Format Converter

Office 2007 နဲ့ ရေးထားတဲ့ word ဖိုင်တွေ၊ powerpoint ဖိုင်တွေ၊ excel ဖိုင်တွေဆိုရင် office 2003 ကနေ ဖွင့်လို့မရပါဘူး။ ဖိုင်အမျိုးအစားက မတူဘူးလေ။ ဒါပေမဲ့လည်း 2007 ဖိုင်တွေဖတ်ဖို့ office 2007 ကြီး install လုပ်စရာမလိုတော့ပါဘူး။ office 2003 နဲ့ office 2007 ဖိုင်တွေကို ဖတ်ဖို့ Microsoft ကနေပြီးတော့ Microsoft Office Compatibility Pack for Word, Excel, and PowerPoint 2007 File Formats ကို ထုတ်ပေးထားပါတယ်။ အဲဒါလေးကို install လုပ်ပြီးတဲ့အခါ office 2007 ဖိုင်တွေကို 2003 နဲ့ အလိုလို ဖွင့်ပေးသွားပါလိမ့်မယ်။

March 6, 2009

Ning က MPT ကို ban လိုက်ပြီ

မြန်မာပြည်မှာ လူသုံးများနေပြီး social network ဖန်တီးနိုင်သော site တစ်ခုဖြစ်တဲ့ Ning ဟာ မြန်မာ့ဆက်သွယ်ရေးရဲ့ IP တစ်ခုဖြစ်တဲ့ 203.81.72.200 ကို ban လိုက်ပါပြီ။ ဒါကြောင့် MPT လိုင်း သုံးတဲ့သူများအနေနဲ့ ning နဲ့လုပ်ထားတဲ့ social network site မှန်သမျှ ကြည့်လို့ရမှာမဟုတ်တော့ပါဘူး။ ultrasurf နဲ့ ကျော်ရင်တော့ ရပါသေးတယ်။

Uniextract

Uniextract program ဟာ Installer package တွေကို extract လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့တွေ install လုပ်နေရတဲ့ installer ထဲမှာ ဘာတွေပါသလဲဆိုတာ ကြည့်လို့ရတာပေါ့။ အဲဒီတော့ အရမ်းပညာတိုးပါတယ်။ ဘယ်ဖိုင်တွေပါတယ်၊ ဘယ်လိုရေးထားတယ် စတာတွေကို ကြည့်လို့ရတာပေါ့။ ကျွန်တော်ကတော့ အခုအဲဒါလေးသုံးပြီး အကုန်လိုက် extract လုပ်ကြည့်နေတယ်ဗျ။
မူရင်း Site ရဲ့ လိပ်စာကတော့
http://legroom.net/software/uniextract ပါ။ လုံးဝ free download ပါ။ ပြီးတော့ Open Source ပါ။

March 5, 2009

Google ကြီး မြန်မာလိုဖြစ်တော့မယ်

Google Site ကို တခြားဘာသာတွေနဲ့ ဖော်ပြနိုင်ဖို့အတွက် Google က Google In Your Language ဆိုတဲ့ Services တစ်ခု ပေးထားပါတယ်။ Google Account ရှိသူတိုင်း အဲဒီ GIYL ကို သုံးနိုင်ပြီး သူတို့ release မလုပ်သေးတဲ့ language ကိုရွေးပြီး ကိုယ်ကိုယ်တိုင် Volunteer အနေနဲ့ သူတို့စကားလုံးတွေကို ဘာသာပြန် ပေးလို့ ရပါတယ်။

မြန်မာပြည်က volunteer များ ရဲ့ ကြိုးစားမှုကြောင့် အခုဆိုရင် Google ရဲ့ Main Search Site ဟာ 100% မြန်မာလို ဖြစ်သွားပါပြီ။ ဒါပေမဲ့ တခြားဟာတွေကျန်ပါသေးတယ်။ အောက်ကပုံလေးကို ကြည့်လိုက်ပါ။

Google In Burmese Language

လူတိုင်း ဘာသာဝင်ပြန်နေလို့ရတဲ့အတွက် Zawgyi သုံးထားတာ၊ Myanmar3 သုံးထားတာ စသည်ဖြင့် ရောထွေးနေပါတယ်။ တစ်ခုတည်းကိုပဲ သုံးပြီး ဘာသာပြန်ပေးကြရင် အဆင်ပြေမှာပါ။ အကုန်လုံး 100% ဖြစ်သွားရင်တော့ Google ကြီးကို မြန်မာလို မြင်ရတော့မှာပါ။

စာဖတ်သူလည်း အချိန်ရရင် ရသလို Volunteer လုပ်ပြီး Google ကြီး မြန်မာလိုဖြစ်အောင် ကူညီကြည့်ပါလား။
လိပ်စာက www.google.com/transconsole ဖြစ်ကြောင်းပါဗျား။

March 3, 2009

Bandwidth Splitter for ISA Server 2004

Internet Cafe တွေမှာ တစ်ယောက်ယောက်က download ဆွဲလိုက်ရင် တခြားစက်တွေပါ Connection နှေးသွားတတ်ပါတယ်။ အဲဒီလိုမျိုး မဖြစ်အောင် စက်တစ်လုံးချင်းစီကို Bandwith ဘယ်လောက်ပဲ သုံးခွင့်ရှိတယ် ဆိုတာမျိုး သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ ISA Server 2004 ထိုင်ထားတဲ့ Cafe တွေမှာပဲ ရမှာပါ။ ISA မှာ အဲဒီလိုမျိုး Bandwdith ကန့်တဲ့ Function မပါပါဘူး။ ဒါကြောင့် Bandwidth Splitter ဆိုတဲ့ Plugin လေးတစ်ခုကို Install လုပ်ပေးရမှာပါ။

February 24, 2009

Gmail To IP, IP To Location


Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

  1. Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
  2. နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
  3. Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
  4. ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
  5. အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
  6. ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး။

How Proxy Connection Status?

Internet Connection က တကယ်လေးနေသလား၊ ဒါမှမဟုတ် ကိုယ်ကွန်ပျူတာကပဲ ဖြစ်နေတာလားဆိုတာ Proxy Server ကို Ping လုပ်ကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ MPT လိုင်းဆိုရင် Proxy က ygncache.mpt.net.mm ပါ။ အဲဒီတော့ အဲဒီကို Ping လုပ်ကြည့်မယ်။

C:\>ping ygncache.mpt.net.mm

Pinging ygncache.mpt.net.mm [203.81.72.200] with 32 bytes of data:
Reply from 203.81.72.200: bytes=32 time=103ms TTL=61
Reply from 203.81.72.200: bytes=32 time=54ms TTL=61
Reply from 203.81.72.200: bytes=32 time=340ms TTL=61
Reply from 203.81.72.200: bytes=32 time=57ms TTL=61

Ping statistics for 203.81.72.200:
Packets: Sent = 4, Received = 4, Lost = 0 (0% loss),
Approximate round trip times in milli-seconds:
Minimum = 54ms, Maximum = 340ms, Average = 138ms

ဟော အဲဒီမှာ time=340ms ဆိုတာ response time ကို ပြောတာပါ။ response time နည်းလေ အင်တာနက် သုံးရတာ မြန်လေဖြစ်ပြီး response time များလေ သုံးရတာ နှေးလေးပါ။ အများအားဖြင့် နေ့ခင်းပိုင်း တွေမှာ response time က 1000ms ကျော်ရှိတတ်ပြီး မနက်ပိုင်းအစောကြီးဆိုရင် အပေါ်ကလို 100ms ကျော်ကျော်ပဲ ရှိတတ်ပါတယ်။

ပိတ်ထားသော Site တစ်ခုအား IP ဖြင့် ၀င်ကြည့်ခြင်း

www.4shared.com က သိတဲ့အတိုင်းပဲ ပိတ်ထားတယ်လေ။ အဲဒီတော့ အခုလို ၀င်လိုက်တယ်။

Start>Run ထဲမှာ cmd လို့ ရိုက်ပြီး Enter ခေါက်လိုက်တယ်။
ပြီးတော့ ping www.4shared.com ဆိုပြီး ရိုက်ပြီး Enter ခေါက်လိုက်တယ်။ အဲဒီအခါမှာ Pinging www.4shared.com [72.233.72.144] with 32 bytes of data: ပေါ်လာတယ်။ အဲဒီ့ 72.233.72.144 က 4shared ရဲ့ IP လေ။
Firefox ကိုဖွင့်ပြီး address bar မှာ 72.233.72.144 လို့ရိုက်ပြီး Enter ခေါက်လိုက်တာ 4shared.com Site ကြီး ပွင့်လာပါရော။

တခြားပိတ်ထားတဲ့ Site တစ်ချို့ကိုလည်း ဒီနည်းလေးနဲ့ စမ်းကြည့်လို့ရပါတယ်။

Kaspersky Antivirus 2009 License Version

Key တွေရှာလိုက်၊ Update လုပ်လိုက် Blacklist ဖြစ်လိုက်၊ နောက်ထပ် Key ထပ်ရှာလိုက်ရနဲ့ သံသရာလည်နေတာကို သည်းမခံနိုင်တဲ့အဆုံး Kaspersky ကို License Version ၀ယ်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဓိကကတော့ Automatic Update ရချင်လို့ပါ။

အင်း အဲဒါနဲ့ ဆိုင်တွေမှာလိုက်ကြည့်လိုက်တယ်။ ကျွန်တော့်အထင်က Package တွေနဲ့ ရောင်းမယ်ထင်တာ၊ အထဲမှာ Software ခွေအပြင် User Guide တွေဘာတွေပါ ပါမယ်ထင်နေတာ၊ အခုတော့ ပလစ်စတစ်ဗူးခွံလေးနဲ့ ရောင်းတာကို အောင့်သီးအောင့်သက်နဲ့ ၀ယ်လာခဲ့ပါတယ်။

အိမ်ရောက်တော့ ဘူးခွံကို ဖွင့်လိုက်ပါတယ်။ ဗူးခွံရဲ့ ဘယ်ဘယ်အတွင်းကာဗာမှာ Activation Code ကို အပေါ်က စက္ကူကာဗာလေးနဲ့ အုပ်ထားပါတယ်။ အမလေး အဲဒါလေးကို အတော်ခွာယူရပါတယ်။ မတော်လို့များ Key စာရွက်လေး ဆုတ်ပြဲသွားရင် သွားရောလေ။ တကယ်လို့များ ခဲခြစ်လေးနဲ့ဆိုရင် အတော်ကောင်းမှာပဲဗျာ။

ခွေထည့်ပြီး Install လုပ်ပါတယ်။ Install လုပ်ပြီးတော့ Kaspersky က Activation Code တောင်းပါတယ်။ အဲဒါနဲ့ Code ရိုက်ထည့်ပေးရပါတယ်။ Next ကို နှိပ်လိုက်တော့ သူက Internet ကနေတစ်ဆင့် Kaspersky Server နဲ့ ချိတ်ပြီး Key မှန်မမှန်စစ်ပါတယ်။ ပြီးတဲ့အခါ Email Address တောင်းပါတယ်။ အဲဒါနဲ့ ကျွန်တော့် Gmail လိပ်စာကို ရိုက်ထည့်လိုက်ပါတယ်။ ပြီးတော့ Finish ကို နှိပ်လိုက်ပါတယ်။ အဲဒီမှာ Kaspersky က အခု 365 days remain ဆိုပြီး ပြပေးပါတယ်။ အိုကေဖြစ်သွားပြီလေ။ တစ်နှစ်အတွင်းတော့ Key ပြဿနာ မတက်တော့ဘူး။

နောက် Gmail ကို ဖွင့်ကြည့်တော့ Kaspersky ကပို့တဲ့ အီးမေးလ်တစ်စောင် ရောက်နေပါတယ်။ ဖွင့်ကြည့်လိုက်တော့ Kaspersky Website ရဲ့ Customer Support ကိုဝင်ဖို့ UserName နဲ့ Password ပေးထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ဘာရမလဲ။ ၀င်ကြည့်လိုက်တာပေါ့။ အထဲဝင်ကြည့်လိုက်တဲ့အခါ Key File ကိုပါ download လုပ်ခွင့်ပေးထားတာကို တွေ့ရပါတယ်။ အဲဒါနဲ့ download လုပ်လိုက်ပါတယ်။

ကျွန်တော်ကတော့ အခု key လေးကို internet ချိတ်မထားတဲ့ သူငယ်ချင်းတွေရဲ့ စက်ထဲမှာ လိုက်ထည့်ပေးလိုက်ပါတယ်။ ခက်တာက Network ချိတ်ထားတဲ့ ကွန်ပျူတာတိုင်းမှာ key အတူတူ သုံးလို့မရတာပါပဲ။ Kaspersky က အတော်သိတာပဲဗျ။

စာဖတ်သူတွေကိုတော့ အဲဒီ key လေး Present ပေးချင်ပါတယ်ဗျ။ ဒါပေမဲ့လည်း မတော်လို့ အဲဒီ Key ကြီးနဲ့ Automatic Update လုပ်လိုက်ရင် အနော့် Key လေး Blacklist ဖြစ်သွားမှာမို့ မပေးရဲတော့ဘူး။

February 23, 2009

Kaspersky Key ပေါင်းချုပ်

8 ရက် ၂ လပိုင်း Update နဲ့ Blacklist မဖြစ်တဲ့ Key တွေ ပါပါတယ်။ တစ်ခုပြီးတစ်ခု စမ်းကြည့်လိုက်ပါ။ စုစုပေါင်း 59 ခု ပါပါတယ်။ Kaspersky Version 7 အတွက်သာ ဖြစ်ပါတယ်။

February 20, 2009

PDF Password Remover 2.5

Features
Password ပေးထားတဲ့ PDF ဖိုင်တွေကို Password ဖြုတ်ပစ်နိုင်ပါတယ်။
Edit/Copy/Print လုပ်ဖို့တားထားတာတွေကို ဖြုတ်ပစ်နိုင်ပါတယ်။
သုံးရတာလွယ်တယ်၊ မြန်တယ်။


Download PDF Password Remover 2.5

February 19, 2009

Comment ပေးရတာ အဆင်ပြေအောင် လုပ်ထားတယ်

IT Men Blog ကို ကြည့်ဖို့အတွက် ကျော်ခွစရာ မလိုပေမဲ့ Comments ပေးဖို့ဆိုရင်တော့ ကျော်ရပါတယ်။ ဒါကြောင့် အခု အဲဒီဒုက္ခကင်းဝေးသွားအောင် Third Part Comments Service တစ်ခုဖြစ်တဲ့ JS Kit ကိုသုံးလိုက်ပါပြီ။ Comments ပေးဖို့အတွက် ကျော်စရာမလိုတော့ပါဘူး။ ပြီးတော့ အခုကစပြီးတော့လည်း Comments တွေကို အချိန်ပေးဖတ်ပြီး ပြန်လည်ဆွေးနွေးသွားပါဦးမယ်။
Free Image Hosting at www.ImageShack.us

PDF Password Remover 2.5

Features
Password ပေးထားတဲ့ PDF ဖိုင်တွေကို Password ဖြုတ်ပစ်နိုင်ပါတယ်။
Edit/Copy/Print လုပ်ဖို့တားထားတာတွေကို ဖြုတ်ပစ်နိုင်ပါတယ်။
သုံးရတာလွယ်တယ်၊ မြန်တယ်။


Download PDF Password Remover 2.5

အင်တာနက်ကဖီးဆိုင်တစ်ဆိုင်၏ အတ္တုပ္ပတ္တိ (၃)

ကွန်ပျူတာများ တပ်ဆင်ခြင်း

ကွန်ပျူတာတွေ ၀ယ်တုန်းက ဆိုင်ကို မဆင်ခိုင်းပဲ တစစီဝယ်လာပါတယ်။ နောက် မုံရွာပြန်ရောက်မှ ဆင်ပါတယ်။ ကွန်ပျူတာတစ်လုံးကို တပ်ဆင်တာဟာ သိပ်ခက်ခဲတဲ့လုပ်ရပ်လည်း မဟုတ်ပါဘူး။ Casing ကိုဖွင့်၊ Casing ပုံးမှာ ပါလာတဲ့ I/O Sheild သံပြားလေးကို ခွာပစ်။ Motherboard ဗူးထဲမှာပါတဲ့ I/O Shield ကိုတပ်ရပါတယ်။ ပြီးရင်တော့ Motherboard တပ်၊ Screw တွေနဲ့စုပ် အဲ ဆောရီး Motherboard ကို Casing ပုံးထဲမတပ်ခင် CPU နဲ့ Heat Sink ကို ကြိုတပ်ရပါတယ်။ (Motherboard ကို Casing ထဲတပ်ပြီးမှ CPU ကို install လုပ်ရင် ပိုလက်ဝင်လို့ပါ) ပြီးတော့ RAM ချောင်းတွေစိုက်၊ ၀ယ်ခဲ့တာက 1GB နှစ်ချောင်းစီဆိုတော့ Dual Channel ရအောင် အရောင်တူ Slot နှစ်ခုမှာ RAM နှစ်ချောင်း စိုက်လိုက်ရုံပါပဲ။ အဲဒါ Dual Channel ရရောပေါ့။
ပြီးတော့ Hard Disk တပ်ရပါတယ်။ အခုနောက်ပိုင်းလာတဲ့ Hard Disk တွေက SATA Interface တွေနဲ့ဆိုတော့ အရမ်းကောင်းပါတယ်။ လေ၀င်လေထွက်ကောင်းတယ်။ ဖြုတ်ရတပ်ရတာ လွယ်ပါတယ်။ အရင်တုန်းက EIDE ကြိုးပြားကြီးတွေဆို ဖြုတ်ရတာလဲမလွယ်၊ တပ်ရတာလည်း မလွယ်ပါဘူး။ Hard Disk တပ်ပြီးတဲ့အခါမှာ Power Supply က Power Connector တွေကို တပ်ရပါတယ်။ Motherboard ကို ပါဝါပေးတယ်။ ပြီးတော့ CPU ကို ပါဝါပေးတယ်။ ပြီးတော့ Hard Disk ကို Power Connector တပ်ရပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ကတော့ Casing ရဲ့ Front Panel မှာရှိတဲ့ ခလုတ်တွေ၊ USB Port တွေ အလုပ်လုပ်အောင် အဲဒီကထွက်လာတဲ့ကြိုးတွေကို Motherboard က Pin လေးတွေပေါ်မှာ သွားစွပ်ရပါတယ်။ တချို့ Board တွေက Pin လေးတွေရဲ့ဘေးမှာ Lablel တွေပါပေမဲ့ တချို့ Board တွေက ပါလေ့မရှိပါဘူး။ Asus Board တွေက label တွေပါပေမဲ့ သေးလွန်းလို့ ကျွန်တော်အတွက်ကတော့ Manul စာအုပ်ကြည့်ပြီး တပ်ရပါတယ်။
ဒါဆို ကွန်ပျူတာ တပ်ဆင်တာပြီးသွားပါပြီ။ Monitor နဲ့ Keyboard တွေ တပ်ပြီး Monitor မှာ BIOS Screen ပေါ်မပေါ် ကြည့်ရပါတယ်။ ပြီးတော့ Casing ထဲက Fan တွေလည်သလား၊ Hard Disk ကို သိရဲ့လား စသည်ဖြင့် Checking လုပ်ရပါတယ်။
မှတ်မှတ်ရရပါပဲ။ Asus ရဲ့ P5KPL ကို 16 ခု ၀ယ်ခဲ့တာ Motherboard တစ်ခုက ဘယ်လိုမှ တက်မလာပါဘူး။ Golden Power ကို ပြန်ပို့ရမှာပါ။ ဒါပေမဲ့လည်း အခု ဒီစာရေးနေတဲ့အချိန်ထိ ပြန်မပို့ရသေးပါဘူး။ ကျွန်တော်ကတော့ နောက်ထပ် Customer တွေကို စက်တွေဆင်ပေးရရင် P5KPL ကို မသုံးတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်။ အခုလိုမျိုး ငါးခုတ်မလေးတွေ ပါလာရင် အချိန်ကုန်ပြီး အလုပ်ရှုပ်တယ်လေ။
နောက်ထပ် မကောင်းကြောင်း ပြောရဦးမယ်။ Cosair ကို ပိုကောင်းမယ်ထင်ပြီး ၀ယ်ခဲ့တာလေ။ စုစုပေါင်း 34 ချောင်းဝယ်ခဲ့တာ။ 4 ချောင်းက ပျက်နေတယ်ခင်ဗျ။ အစပိုင်းတော့ ဘယ်သိမလဲ။ Windows တင်မရတာတွေ၊ Blue Screen ပေါ်တာတွေ ဖြစ်တော့ မသင်္ကာလို့ RAM တွေ လဲကြည့်တော့မှ အဲဒီ Cosair တွေက ဖြစ်နေတာလေ။ တစ်ခါတစ်လေကျပြန်တော့လည်း ကောင်းသွားပြန်ရော။ တော်ပြီ မသုံးဘူးကွာဆိုပြီး အဲဒီ လေးချောင်းကို ပစ်ထားတာ အခုထိပဲ။ ၀ယ်ခဲ့တဲ့ ICE ဆိုင်ကို ပြန်ပို့ရဦးမှာ။ Cosair ဆိုရင် နောက်တော့ ဆလံအခါတစ်ရာ ပေးတယ်။ လုံးလုံးမသုံးတော့ဘူး။ ကျွန်တော်က အဲဒီလို အပျက်တွေ၊ အကြောင်တွေ ပါလာတတ်တဲ့ Model တွေ Brand တွေကို အရမ်းမုန်းလွန်းလို့ဗျာ။

February 17, 2009

Myanmar English Dictionary

ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာစာအဖွဲ့ဦးစီးဌာနတို့ ပူပေါင်းပြီး ထုတ်ဝေနေကြဖြစ်တဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန် ထွက်ရှိလာပါပြီ။ န၀မအကြိမ်မြောက် ပုံနှိပ်ခြင်း ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ မြန်မာအဘိဓာန်ပါ တွဲထွက်လာပါတယ်။ ခါတိုင်းနဲ့မတူတာက စာအုပ်တွေထဲမှာ စီဒီခွေပါလာပါတယ်။ အဲဒီစီဒီခွေထဲမှာ အဲဒီအဘိဓာန်တစ်ခုလုံးကို ထည့်သွင်းပေးထားပြီး အလွယ်တကူ ရှာဖွေလို့ ရအောင် ပြုလုပ်ပေးထားပါတယ်။

စီဒီခွေထဲမှာပါတဲ့ Dictionary Software ကို Technomation Studio က ရေးသားပေးထားပါတယ်။ သေသပ်လှပတယ်။ အသုံးပြုရတာ လွယ်ကူအောင် On Screen Keyboard ပါ ထည့်ပေးထားပါတယ်။ ပြီးတော့ ဘယ် Font ကိုမဆို သုံးပြီး ရိုက်ထည့်နိုင်အောင် စီစဉ်ပေးထားပါတယ်။ Print ထုတ်လို့ရအောင်၊ ကြိုက်နှစ်သက်တာတွေ မှတ်ထားဖို့အတွက် Favorites တွေပါ ထည့်ပေးထားပါတယ်။ Program ရဲ့ Icon လေးကစ အတော်လေးကို လှပချစ်စရာကောင်းပါတယ်။ Installion Guide စာအုပ်သေးသေးလေးပါ ထည့်သွင်းပေးထားပါတယ်။

.Net နဲ့ရေးထားတာဖြစ်လို့ အဲဒီ Software ကို သုံးဖို့ ကိုယ့်စက်မှာ .Net Framework 2.0 ရှိရပါမယ်။ မရှိရင်လည်း သူ့ Installer က အလိုလိုတင်ပေးသွားမှာပါ။

အဆင်မပြေတာကတော့ ဈေးနှုန်းပါပဲ။ စာအုပ်ရောစီဒီခွေပါ တွဲရောင်းတာ ဖြစ်ပြီး တစ်သောင်းခွဲ ပေးရပါတယ်။ တကယ်လို့များ ဆော့ဖ်ဝဲစီဒီခွေကိုလေးကိုပဲ သုံးလေးထောင်လောက်နဲ့ ရောင်းရင် အတော် အဆင်ပြေမှာပါ။ Technomation အနေနဲ့ ဆော့ဖ်ဝဲစီဒီခွေကိုပဲ သီးသန့်ရောင်းနိုင်ရင် ရောင်းကြည့်ဖို့ အကြံပေးလို ပါတယ်။ ပြီးတော့ အခု အဘိဓာန်ထဲမှာပါတဲ့ စီဒီခွေဟာ CD-R ဖြစ်နေပါတယ်။ ဒါဟာ ရေရှည်သိမ်းဖို့ အတွက် အဆင်မပြေပါဘူး။ CD-ROM အနေနဲ့ ထည့်ပေးသင့်ပါတယ်။ (ခဲရောင်ခွေကို ပြောတာပါ) အဲဒီလို ဆိုရင်တော့ ပေးရတဲ့ငွေကြေးနဲ့တန်တယ်လို့ ပြောချင်ပါတယ်။

မူပိုင်ခွင့်တွေလုပ်ထားတဲ့အတွက် စာဖတ်သူတွေကို Blog ပေါ်ကနေ ရှယ်ယာမလုပ်နိုင်တာကိုတော့ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သူတို့ကြိုးစားဖန်တီးထားတာကို အလကား မယူသင့်ဘူးလေ။

February 10, 2009

Gtalk

Here is the link to download for Gtalk replacement buddy that it’s pretty easy and simple. Just follow the below mentioned steps. Also, consult the Pidgin setup window Screen Shot for better clarification.
1- Get the latest version of Pidgin and Install it on your computer.
2- Select “Accounts“-> “Manage“-> “Add”
This will open a new window- “Add Account”
3- From the drop down box choose XMPP as the Protocol.
4- In case of Screen name enter your Gmail Id (e.g. - raks.khare).
5- Type gmail.com as the Domain/Server.
6- In Resource Field enter Home.
7- Type your Gmail Password in the Password Field.
8- Choose any Nickname (e.g. - Rakshit) as Local alias.














That’s it you are almost then.
Now, if you are behind a proxy server that is blocking Pidgin to connect to Internet and to log in your account, just follow the below mentioned steps. I am sure you’ll be able to run Pidgin freely like I do.
Click on the “Advanced” tab in Add/Modify Account window and do the following:-














1- Force old (port 5223) SSL: Checked
2- Allow plaintext auth over unencrypted streams: Un-Checked
3- Connect Port: 443
4- Connect Server: talk.google.com
5- Proxy Type: Choose your protocol and enter desired proxy settings. In my case it’s HTTP, Host: 127.0.0.1 and Port: 4001. If you don’t know about this, select Proxy Type as “Use Global Proxy Settings”.
You are done. Now, you can use Pidgin as much as you like.
It’s very simple. Just follow the steps:-
1- Log in to on Pidgin by using your Gmail account .
2- Go to “Buddies” -> “Show Offline Buddies“. (A person who has blocked you must be showing offline to you. So you need to make all offline friends visible)












3- Now all your contacts are visible to you. Pick any one of those.
4- Right Click on your chosen contact name and select “Get Info“.
It will show you the brief information of your contact. Now, if any of your contact has blocked you on Google Talk, you will not be able to see his/her profile.
6- Select a contact who you think may have blocked you. Again, Right Click on his/her name and select “Get Info“. You will not see anything. Not even the contact’s name.







This goes to show that this particular contact has blocked you on Google Talk and don’t want to talk to you and so it appears to be offline always.
Hope, you like this article. This is the only way I could able to find out to determine who has blocked you on Google Talk. What’s your comment on this?

February 9, 2009

အင်တာနက်ကဖီးဆိုင်တစ်ဆိုင်၏ အတ္တုပ္ပတ္ထိ (2)

အပိုင်း (၂)
ကွန်ပျူတာတွေဝယ်ပြီ

ကွန်ပျူတာတွေဝယ်တော့ ရန်ကုန်ကိုသွားဝယ်ပါတယ်။ ကျွန်တော်က မအားလို့ လိုက်မသွားနိုင်ပါဘူး။ ကျွန်တော်ရေးပေးတဲ့ စာရင်းအတိုင်း သူငယ်ချင်းက သွားဝယ်ခဲ့ပါတယ်။

တကယ်တမ်း ကွန်ပျူတာတွေဝယ်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါ။ ပထမဆုံးက Motherboard ပါ။ Golden Power မှာသွားဝယ်တော့ GCMX တွေက မ၀င်တော့ဘူး။ P5KPL ဆိုတာရှိတယ် GCMX လိုပဲလို့ ပြောပါတယ်။ Chipset ကိုကြည့်လိုက်တော့ GCMX ထက်တောင် မြင့်နေလို့ Client 16 လုံးစာအတွက် ၀ယ်လိုက်ပါတယ်။ ပြီးတော့ ဈေးကလည်း GCMX နဲ့ နင်လားငါလားပဲ ရှိတာကိုး။
နောက်တစ်ခုက RAM ပါ။ ကျွန်တော်မှာလိုက်တာက RAM မှာ Kingston က ကောင်းတယ်။ ဒါပေမဲ့ အတုပေါတယ်လို့ ပြောလိုက်လို့ သူငယ်ချင်းက KingSton ကို မ၀ယ်ရဲတော့ဘူး။ သူက Cosair တွေကို ၀ယ်ချလာပါတယ်။ Cosair က KingSton ထက်ပိုဈေးကြီးပါတယ်။ ဒါပေမဲ့ Package နဲ့လာတာကြောင့် စိတ်ချရသယောင် ရှိပါတယ်။ ပြီးတော့ 2GB ဆိုပြီး မလာဘဲ 1GB နှစ်ချောင်းကို Package တစ်ခုတည်းမှာပဲ Twin ဆိုပြီး ထည့်ပေးထားတာကြောင့် ပိုအဆင်ပြေပါတယ်။ တကယ်လို့ 2GB ရလည်း ကျွန်တော်က မ၀ယ်ခိုင်းပါဘူး။ 1GB နှစ်ချောင်းစိုက်မှ Dual Channel ရမှာမို့ပါ။

နောက်တစ်ခုအဆင်မပြေတာက Processor ပါ။ မှန်းတုန်းကတော့ Dual Core ကို FSB များများ၊ Cache များများပေါ့။ ဒါပေမဲ့ တကယ်တမ်းဝယ်လို့ရတာက FSB ကတော့ 800 MHz ရပါရဲ့။ ဒါပေမဲ့ Cache က 1MB ပဲရှိပါတယ်။ 2MB လောက်ဆို ပိုကောင်းမှာပေါ့။ ဒါပေမဲ့ 2MB က ဘယ်လိုမှ ရှာလို့မရခဲ့ပါဘူး။ ဒါပေမဲ့လည်း အင်တာနက်သုံးရုံပဲဥစ္စာ သိပ် Heavy ကြီးမလိုပါဘူးလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရပါတယ်။

Casing ကိုတော့ သူငယ်ချင်းက 2theMax တွေ Gview တွေ သုံးချင်တာလို့ ပြောပါတယ်။ ကျွန်တော်က အကုန်အကျများနေမယ် Casing က Performance နဲ့ဆိုင်တာမဟုတ်ဘူး ရိုရိုး ထိုင်း Casing လောက်သာ ၀ယ်လို့ပြောလို့ ထိုင်း Casing တွေပဲ သူက ၀ယ်လာပါတယ်။ ဒါတောင် Casing ထဲပါတဲ့ Power Supply တွေက 400 W တွေပဲ ထွက်လို့ ဆင်ထားတာတွေနဲ့ လောက်ရဲ့လားဆိုပြီး Asus Website ထဲဝင်ပြီး Power Usage ကို တွက်ကြည့်ရပါသေးတယ်။ အဲ သူပြောတော့ ကျွန်တော်တို့သုံးထားတာတွေက 300 W နဲ့ကို လောက်နေပြီတဲ့။ Casing ၀ယ်တော့ သတိထားခဲ့ရတာက Front Panel မှာ USB Port ပါတာနဲ့ ဘေးမှာ Fan ပါတာကို ရွေးဝယ်ရတာပါ။

Monitor ကတော့ အဆင်ပြေပါတယ်။ SAMSUNG ကို နောက်ဆုံးပေါ် Model ကိုရလာတယ်။ ဘေးက ဖန်ကွပ်လေးတွေနဲ့ဆိုတော့ အတော်လေးကြည့်လို့လှပါတယ်။ ကာလာထွက်ကလည်း အတော်စိုပါတယ်။ ဒါပေမဲ့ အဲဒီ Model ကိုရဖို့ လေးငါးရက်လောက် စောင့်ရပါသေးတယ်။ ကျွန်တော်တို့က အွန်လိုင်းပေါ်ကနေ အဲဒီ Model ကိုမြင်ပြီးကတည်းက ကြိုက်နေကြတာကိုး။

အင်တာနက်စက်ဆိုတော့ သက်သာတာက DVD Drive ထည့်စရာမလိုတာ၊ UPS ပါစရာ မလိုတာရယ်ပါ။ UPS အစား Linyama ကိုသုံးမှာမို့ပါ။ Linyama ကလည်း UPS ပါပဲ။ ကျွန်တော်ဆိုလိုတာက PowerTree လိုမျိုး UPS ၀ယ်စရာမလိုတာကို ပြောတာပါ။
Hard Disk ကတော့ Seagate ပါပဲ။ ဆိုင်တွေကလည်း Seagate ပဲ ရှိကြပါတယ်။ တချို့ဆိုင်တွေက SAMSUNG လည်းထားပါတယ်။ ဒါပေမဲ့ SAMSUNG က အပျက်များလို့ စိတ်ကူးထဲတောင် မရှိပါဘူး။ အရင်တုန်းက Western Digital တို့ Maxtor တို့ကိုတောင် ပြန်သတိရပါသေးတယ်။ အဲဒါတွေသာရှိရင် အဲဒါတွေပဲ ၀ယ်လိုက်မှာ။ Hard Disk ၀ယ်တဲ့အခါမှာတော့ ကြည့်ရတာက RPM ဘယ်လောက် ရှိသလဲဆိုတာပါ။ ဒါပေမဲ့လက်ရှိ ဈေးကွက်ထဲမှာတော့ အကုန်လုံးက 7200 RPM ကိုပဲ ထားကြပါတယ်။ ဒါပေမဲ့ တကယ်စကားပြောတာက Buffer ပါ။ ခက်တာက Hard Disk မှာ buffer ဘယ်လောက်ပါသလဲဆိုတာ Hard Disk ကိုကြည့်ပြီး မသိနိုင်တာပါပဲ။

သူငယ်ချင်းက Hard Disk Fan တွေ ၀ယ်ခဲ့ရဦးမလားလို့ မေးပါတယ်။ တကယ်တမ်းက 80GB ကျော်တာနဲ့ Fan တပ်သင့်ပါပြီ။ ဒါပေမဲ့ ဆိုင်လေးကို Silent ဖြစ်စေချင်လို့ မ၀ယ်ပါနဲ့တော့ကွာဆိုပြီး ပြောခဲ့ပါတယ်။

February 5, 2009

အင်တာနက်ကဖေးဆိုင် တစ်ဆိုင်၏ အတ္ထုပ္ပတ္တိ

သူငယ်ချင်းတစ်ယောက်၏ အင်တာနက်ဆိုင်လေး ဖြစ်လာဖို့အတွက် ကြိုစားခဲ့ရပုံ၊ ကြုံခဲ့ရတဲ့ နည်းပညာ အခက်အခဲများနဲ့ ဖြေရှင်းခဲ့ပုံတွေကို အပိုင်းလေးတွေ ခွဲပြီး ရေးတင်သွားပါမယ်။

ဆိုင်ဖွင့်ဖို့ အကြံရခြင်း
မုံရွာမှာ အင်တာနက်ကဖေးဆိုင်တွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ သုံးတဲ့သူဦးရေနဲ့ ဆိုင်အရေအတွက်နဲ့က မမျှဘူး။ ရုံးပိတ်ရက်လိုနေ့တွေဆိုရင် ဆိုင်တိုင်း လူပြည့်နေပါတယ်။ ပြီးတော့ ဆိုင်တွေ အနေနဲ့ကလည်း ပြီးပြည့်စုံမှုရယ်လို့လည်း မရှိပါဘူး။ အဲဒါနဲ့ပဲ တခြားဆိုင်တွေထက်သာတဲ့၊ သုံးစွဲသူတွေအတွက် စိတ်ကျေနပ်မှု အပြည့်အ၀ရနိုင်တဲ့ ဆိုင်လေးဖန်တီးဖို့ ကျွန်တော့်သူငယ်ချင်းက အကြံထုတ်ပါတော့တယ်။
အဓိကရည်ရွယ်တာကတော့
(၁) သုံးရတာ မြန်ရမယ်
(၂) ဈေးနှုန်းသင့်တင့်ရမယ်
(၃) Privacy အပြည့်အ၀ရှိရမယ်
(၄) အင်တာနက်ဆိုင်မှာ ရှိသင့်တဲ့အရာတွေ အကုန်ပါဝင်ရမယ် ဆိုတာပါပဲ။

ဆိုင်လေးဖြစ်လာဖို့အတွက် ပြင်ဆင်ရတာတွေ အများကြီးရှိပေမဲ့ အခုဒီမှာတော့ ကွန်ပျူတာပိုင်းဆိုင်ရာ နဲ့ပတ်သတ်တာတွေကိုပဲ ရေးသားသွားပါ့မယ်။


စက်တွေဝယ်ဖို့ ပြင်ဆင်ခြင်း
စက်တွေဝယ်မယ်ဆိုတော့ စပြီးစဉ်းစားရပါတော့တယ်။ ဘယ် brand တွေကို သုံးမလဲပေါ့။ အင်တာနက် သုံးမယ့်စက်တွေဆိုတော့ သိပ်မြင့်စရာမလိုဘူးလေ။ ဆင်မဲ့ ပစ္စည်းတွေကို ဗလာစာရွက်ပေါ် ချရေးကြည့်ပါတယ်။ Motherboard ကိုတော့ Asus ပဲသုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်စားလှယ်ရှိတာရော၊ Service Center ရှိတာရော မို့လို့ပါ။ ပြီးတော့ ကျွန်တော့်သင်တန်းမှာလည်း သုံးနေတာ၊ ဘာ error မှ ဖြစ်တာမျိုး မရှိခဲ့ဘူးလို့လည်း ပါတာပေါ့လေ။

အဲဒါနဲ့ ဘယ် Model သုံးမလဲလို့ စဉ်းစားပါတယ်။ P5GCMX ကိုပဲ သုံးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဈေးလည်း ချိုတယ်။ လက်တွေ့လည်း သုံးနေတာ။ error တက်တာမျိုးလည်း မရှိဘူးလေ။ Chipset ကလည်း 945 Chipset၊ Memory အတွက်ကလည်း DDR2 ကို 667 MHz ထိရတာဆိုတော့ အင်တာနက်စက်အတွက် ကောင်းကောင်းလုံလောက်နေပြီးသားပေါ့။

ကဲ ဒါဆို Motherboard ကိုတော့ ရွေးပြီးသွားပြီ။ နောက်တစ်ခုက CPU ကို စဉ်းစားရပါတယ်။ တကယ်တမ်းကျတော့ Celeron D လောက်ဆိုရင်ကို ရနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဝယ်မဲ့ အချိန်မှာ ဈေးတွေ အရမ်းကျလာတော့ Dual Core တစ်လုံးကိုမှ ဈေးက ဘာမှရှိတော့တာ မဟုတ်ဘူးလေ။ အဲဒါနဲ့ပဲ Intel Dual Core တွေကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တမ်း ၀ယ်ရင်တော့ L2 Cache များများပါတဲ့ဟာ၊ FSB 800 MHz လောက် ရှိတဲ့ဟာ ၀ယ်မယ်ဆိုပြီး မှန်းထားပါတယ်။

နောက် RAM ဘယ်လောက်ထည့်မလဲပေါ့။ Vista က အင်တာနက်သုံးရင် ပိုမြန်တယ်လေ။ ကျွန်တော် ကိုယ်တိုင် XP နဲ့ ယှဉ်စမ်းကြည့်ထားတာ။ ဒါပေမဲ့ Vista က 1GB ထည့်ထားတာတောင် အတော်လေးတာ။ ပြီးတော့ Memory ဈေးတွေကလည်း အတော်လေးကျနေတာဆိုတော့ 2GB သုံးမယ်လို့ မှန်းလိုက်တယ်။ Kingston က အတုပေါလွန်းလို့ Cosair ပဲ သုံးမယ်ဆိုပြီး မှန်းလိုက်ပါတယ်။

နောက်တစ်ခုက Hard Disk ပေါ့။ တကယ်တမ်း 80 GB ဆိုရင်ကို တော်တော်ပိုနေပြီ။ ဘာမှ ထည့်မှာမှ မဟုတ်ပဲလေ။ ဒါပေမဲ့ ခက်တာက ဆိုင်တွေကို ဖုန်းဆက်မေးကြည့်တော့ 80GB တွေ မရှိတော့ဘူး၊ 120 GB အနည်းဆုံး ရှိတယ်လို့ ပြန်ဖြေကြပါတယ်။ 120 GB သုံးမယ်လုပ်တော့ 120 GB နဲ့ 160 GB က ဈေးက ထောင်ဂဏန်းပဲ ကွာတာဆိုတော့ 160 GB ပဲ သုံးမယ်ဆိုပြီး မှန်းလိုက်ပါတယ်။ အမျိုးအစားကတော့ Seagate ပဲပေါ့လေ။

နောက်တစ်ခုက Power Supply။ သူက အရေးအကြီးဆုံးပဲ။ မှားလို့ မဖြစ်ဘူးလေ။ ကြိုက်တာကတော့ SVC အမျိုးအစားကို ကြိုက်ပေမဲ့ သူက ဈေးကြီးလွန်းတယ်။ မဖြစ်ဘူး။ Casing တွေမှာ တစ်ခါတည်း ပါတဲ့ Power Supply တွေကိုလည်း သိပ်မကြိုက်ဘူး။ ဒါပေမဲ့ စုံစမ်းကြည့်တော့ ထိုင်း Casing တွေရှိတယ်။ Watt ပြည့်တယ်၊ မှန်တယ်ဆိုတာနဲ့ အဲဒါတွေကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီလိုနဲ့ System Unit အတွက် အကုန်လုံးအဆင်ပြေသွားပြီ။

နောက်တစ်ခုက Monitor။

သုံးမှာကတော့ LCD ပဲသုံးမှာပေါ့။ မီးအားစား သက်သာတယ်။ သုံးတဲ့သူတွေ အတွက်လည်း မျက်လုံး ထိခိုက်မှုနည်းတယ်။ Style လည်းမိတယ်လေ။ ခက်တာက ဘယ်အမျိုးအစား သုံးမလဲ။ လက်မ ဘက်လောက် သုံးမလဲ အဲဒါက တော်တော်စဉ်းစားရတာပါ။ ကျွန်တော်က ViewSonic ပဲကြိုက်တယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ViewSonic က မြန်မာပြည်ရဲ့ LCD Monitor ဈေးကွက်မှာ ပထမဦးဆုံး Distributor ပါ။ အရင်တုန်းကလည်း ဆင်ပေးနေကျ။ ပျက်တာတွေ ဘာတွေမရှိဘူး။
ဒါပေမဲ့ သူငယ်ချင်းက တခြားအမျိုးအစားတွေကို စမ်းကြည့်ချင်သေးတယ်လို့ ပြောတာနဲ့ လှည့်စုံးစမ်းကြည့်မိတယ်။ အသိတစ်ယောက်က သူ LCD Monitor တွေကို ယှဉ်စမ်းကြည့်တာ ViewSonic က Color အမွဲဆုံးပဲလို့ ပြောတော့ နည်းနည်း စဉ်းစားစရာ ဖြစ်သွားတယ်။ ကျွန်တော် ViewSonic ကို အဲဒီလို ယှဉ်မစမ်းဘူးဖူး။ အဲဒါနဲ့ အွန်လိုင်းပေါ်တက်ပြီး Forum တွေထဲ မွှေကြည့်တော့ တော်တော်များများက Samsung အကြောင်းကို အပြောများကြတယ်။ အဲဒါနဲ့ ဒီမှာရှိတဲ့ Samsung Model တစ်ခု အကြောင်းကို လိုက်ဖတ်ကြည့်တော့ သုံးဖူးတဲ့သူ တော်တော်များများ ကြိုက်ကြတယ်လို့ ရေးထားကြတယ်။ အဲဒါနဲ့ ကဲ.. Samsung ပဲဝယ်မယ်။ သုံးတဲ့သူတွေလည်း အားရပါးရကြည့်နိုင်အောင် 19 လက်မကိုပဲ ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်ကြတယ်။


အပိုင်း(၂) ပစ္စည်းတွေဝယ်ပြီ….. အား ဆက်လက်ရေးသားပါဦးမည်။

February 1, 2009

Free RapidShare Premium Account

http://alamciruas.blogspot.com/search/label/Rapidshare
http://blog.funkruti.com/2009/01/free-rapidshare-premium-account.html
http://buzyline.blogspot.com/2009/01/rapidshare-premium-account.html
http://mirchibada.blogspot.com/2009/01/31-rapidshare-premium-accounts.html
http://k3lvinmitnick.blogspot.com/
http://www.hackersenigma.com/2009/01/get-rapidshare-premium-account-numbers-live/
http://www.downarchive.com/software/others/12784-13-accounts-rapidshare-premium-2009.html
http://infopirate.org/bm_free-rapidshare-premium-accounts-and-megaupload
http://www.comptalks.com/free-rapidshare-premium-accounts-enjoy/
http://rapidshare-premiumz.blogspot.com/2009/01/29-january-premiumz-updated-at-23.html

QuickPath And DDR3

Intel ရဲ့ i7 မှာ FSB ကို မသုံးတော့ပဲနဲ့ QuickPath ဆိုတဲ့ နည်းပညာကို အစားထိုးသုံးစွဲလိုက်ပါပြီ။ အဲဒီ QuickPath အကြောင်း သိချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
ပြီးတော့ အခုလူသုံးများလာပြီဖြစ်တဲ့ SD DDR3 RAM အကြောင်းကို သိချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။
တကယ်လို့များ စာဖတ်သူထဲက ဒီထက်ကောင်းတဲ့ Link တွေများ ရှိထားရင်လည်း Comment ပေးခဲ့ပါဦးလို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

ကွန်ပျူတာဝယ်ရင် သုံးမျိုးတူရမယ်

ကွန်ပျူတာတစ်စုံဆင်တဲ့အခါမှာ

  • CPU ရဲ့ FSB Speed ရယ်
  • RAM ရဲ့ Bus Speed ရယ်
  • Motherboard က Support ပေးတဲ့ CPU FSB Speed ရယ်

သုံးမျိုးတူရင် အဲဒီစက်က ပိုမြန်ပါတယ်။

Core2Duo And WinXP Fix

Core2Duo သုံးထားပြီး Windows XP တင်ထားတဲ့စက်တွေမှာ ဘာမှလည်း မလုပ်ရဘဲနဲ့ Windows တွေရဲ့ Size ကို ချုံ့ရုံ ချဲ့ရုံနဲ့ Blue Screen တက်လာတယ်ဆိုရင် အောက်မှာပေးထားတဲ့ Microsoft က ထုတ်တဲ့ HotFix လေးကိုသာ install လုပ်လိုက်ပါ။

January 21, 2009

About Proxy Server

Proxy Server ဆိုတာ ဘာလဲ
Proxy Server ဆိုတာ သင့်ကွန်ပျူတာနဲ့ အင်တာနက်ကြားမှာ တည်ရှိပြီး အင်တာနက်က သတင်းအချက်အလက် တော်တော်များများကို ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့က Website တစ်ခုကို ကြည့်တဲ့အခါ အရင်ဆုံး Proxy Server ဆီကို request ရောက်သွားပါတယ်။ Proxy Server က သူ့ဆီမှာ ကျွန်တော်တို့တောင်းဆိုတဲ့ Website ရှိရင် ပြန်ပို့ပေးလိုက်ပါတယ်။ ဒါကြောင့် အင်တာနက်သုံးစွဲရတဲ့သူအဖို့ ပိုပြီးမြန်တဲ့ကောင်းကျိုးကို ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က Proxy Server တွေဟာ အဲဒီလို Cache လုပ်တာထက် Website Filtering အတွက်ပဲ လုပ်ထားသလားလို့တောင် ထင်ရပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ
ရှိတဲ့ တစ်ချို့ Proxy Server တွေဟာ မူရင်း Website က Update လုပ်လိုက်တာတောင် သူတို့က Update မလုပ်နိုင်သေးပါဘူး။ Technical အရ ပြောရရင်တော့ TTL (Time To Live) တန်ဖိုးကို အများကြီး ပေးထားတယ်နဲ့ တူပါတယ်။ Web Filtering လုပ်မထားတဲ့ Proxy Server တွေ မြန်မာပြည်မှာ ရှိပေမဲ့ သုံးတဲ့အခါ username နဲ့ password တောင်းတာကို တွေ့ရပါတယ်။ (ygncache2.mpt.net.mm ပါ)

Anonymous Proxy Server ဆိုတာဘာလဲ
Website တော်တော်များများဟာ ယုံလို့မရပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ IP ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ Hard Disk ထဲက အချက်အလက်တွေကိုတောင်မှ လှမ်းခိုးနိုင်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက်ကလည်း အလကားရတဲ့ Hacking program လေးတွေကို သုံးပြီး လုပ်နိုင်ပါတယ်။
Anonymous Proxy Server တွေဟာ ကျွန်တော်တို့ရဲ့ IP ကို ဖျောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အချက်အလက်ခိုးယူနိုင်တဲ့ Website ကို ကြည့်ရင်တောင်မှ ကျွန်တော်တို့ရဲ့ IP ကို အဲဒီ Site
ဟာ မသိနိုင်ပါဘူး။ Anonymous Proxy Server တွေကပဲ အဲဒီလို user ရဲ့ IP ကို ဖျောက်ပေးနိုင်ပြီး သာမန် Proxy Server တွေကတော့ ကျွန်တော်တို့ရဲ့ IP ကို target Server ဆီကို ပို့ပေးလေ့ရှိပါတယ်။

Free Proxy Server ဆိုတာဘာလဲ
Free Proxy Server ဆိုတဲ့အတိုင်းပါပဲ။ Free ရတယ်၊ လူတိုင်းသုံးလို့ရပါတယ်။ နိုင်ငံတော်တော်များများမှာ Free Proxy Server များစွာရှိပေမဲ့ တော်တော်များများဟာတော့ Anonymous Proxy Server တွေ မဟုတ်ကြပါဘူး။

Proxy Server အမျိုးအစားများ

HTTP Proxy
Proxy ဆိုတာ Server သက်သက်ပါပဲ။ ဘာ Proxy လဲဆိုတာ သိမှ ကိုယ့်အတွက် အသုံးဝင်မှာပါ။ HTTP Proxy ရဲ့ အကူအညီနဲ့ Web Pages တွေ ကြည့်နိုင်မယ်၊ download ဆွဲနိုင်ပါမယ်။ အခုနောက်ပိုင်းမှာတော့ Program တွေကလည်း HTTP Proxy တွေနဲ့ တွဲအလုပ်လုပ်နိုင်ပါပြီ။ ဥပမာ ICQ လို Chat Program တွေပါ။

SOCKS Proxy
သူကတော့ ပိုအစွမ်းထက်ပါတယ်။ အင်တာနက်ပေါ်မှာရှိတဲ့ ဘယ် Information ဆိုရင် ဘယ်လို လွှဲယူပေးရမယ်ဆိုတာ သိပါတယ်။ အဓိကကတော့ TCP/IP Protocol နဲ့ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တာပါ။ ဒါပေမဲ့ SOCKS Proxy ကို သုံးမယ်ဆိုရင်တော့ အဲဒီ Proxy Server ဟာ SOCKS 4 လား SOCKS 5 ဆိုတာ သိဖို့ လိုပါလိမ့်မယ်။

CGI Proxy
CGI Proxy ဟာ Browser ကနေပဲတစ်ဆင့် access လုပ်နိုင်တဲ့ Proxy Serve ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ သုံးနေကြတဲ့ ကျော်တဲ့Website ဆိုတာ အဲဒီ CGI Proxy ကိုပြောတာပါပဲ။

FTP Proxy
FTP Proxy ကတော့ FTP Server တွေနဲ့ တွဲအလုပ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CuteFTP လို GetRight တို့တွေမှာ FTP Proxy တွေ ထည့်သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံက Proxy တွေမှာ FTP Proxy တွေ ရှိပေမဲ့ Public အတွက်တော့ ပိတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ FTP သုံးချင်ရင်တော့ နိုင်ငံခြားက FTP
Proxy တွေ လှမ်းသုံးရင်တော့ ရနိုင်ပါတယ်။ (လက်တွေ့တော့ ကျွန်တော်လည်း မစမ်းဖူးပါ)

Proxy Server သုံးလို့ ရတဲ့အကျိုးကျေးဇူး
အဓိကကတော့ ကိုယ်ကြည့်နေတဲ့ Site, ကိုယ်သုံးနေတဲ့ Mail, ကိုယ်သုံးနေတဲ့ Web Chat တွေက ကိုယ်ဘယ်ကလဲ ဆိုတာ မသိတော့တာပါပဲ။ အဲဒီတော့ ကိုယ့် information အတွက် လုံခြုံမှုရှိပါတယ်။ မြန်မာပြည်မှာ အဲဒါက ဖန်တီးပြီးသားပါ။ ကျွန်တော်တို့တွေ ဘယ် site ပဲကြည့်ကြည့် သူတို့က ကျွန်တော်တို့ IP
ကို မသိပါဘူး။ data မခိုးနိုင်ပါဘူး။
ဒီမှာတော့ Proxy ဆိုရင် ကျော်ဖို့ပဲလို့ကို ထင်နေကြတော့ပါ။ ကျွန်တော်တို့နိုင်ငံရဲ့ Proxy က Web Filtering လုပ်ထားတယ်၊ တခြားနိုင်ငံက Proxy က Web Filter လုပ်မထားဘူး၊ အဲဒီတော့ ကျွန်တော်တို့က အဲဒီ Proxy ကို သုံးလိုက်ရင် အလိုလို ကျော်ပြီးသား ဖြစ်သွားတာပါ။ တခြား Proxy တွေ သုံးတယ်ဆိုတာကလည်း အရမ်းခက်ခဲတာမဟုတ်ပဲ ကိုယ်သုံးနေတဲ့ Browser ရဲ့ Option ထဲမှာ Proxy Server ဆိုတဲ့ နေရာမှာ ကိုယ်သုံးချင်တဲ့ Proxy Server ရဲ့ IP ကို ရိုက်ထည့်လိုက်ရုံနဲ့ ရပါတယ်။
ဒါပေမဲ့ တခြားနိုင်ငံက Proxy ကို လှမ်းသုံးဖို့ဆိုတာ အဲဒီလောက်ကြီးထိလည်း မလွယ်ပါဘူး။ (CGI Proxy တွေကို မဆိုလိုပါ)
ဘယ်လို ပြဿနာတွေ ကြုံနိုင်လဲဆိုတော့
(၁) ကိုယ့်နေရာနဲ့ ကိုယ့်သုံးတဲ့ Proxy နဲ့ အရမ်းဝေးနေတဲ့အခါ နှေးတာတွေ၊ ချိတ်ဆတ်မရတာတွေ ဖြစ်တတ်ပါတယ်။
(၂) ကိုယ်သုံးတဲ့ Proxy ဟာ ကိုယ်ဟာ မြန်မာပြည်ကမို့ သုံးခွင့်မပေးတာမျိုးလည်း ရှိတတ်ပါတယ်။
(၃) တချို့ Proxy Server တွေကတော့ IP နဲ့ ကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့် IP က သူတို့ list
ထဲမှာ မပါရင် သုံးမရတာမျိုး ဖြစ်ပါတယ်။
(၄) အဓိကကတော့ ကျွန်တော်တို့ရဲ့ ISP က ကျွန်တော်တို့သုံးမဲ့ Proxy Server တွေကို Access Denied
လုပ်ထားတာလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒါက အများဆုံးပါ။

January 16, 2009

Download Myanmar Ebooks

မြန်မာစာဖတ်ပရိသတ်များ အီးဘွတ် (ebooks) များကို အခမဲ့ အလွယ်တကူ ဒေါင်းလုပ်လုပ်ပြီးဖတ်ရှု့လို့ရနိုင်ပါပြီ။ အခုလက်ရှိ မြန်မာစာအုပ်များ နှင့် english စာအုပ်ပေါင်း ၃၀၀ နီးပါးတင်ထားပြီး ဆက်လက်တင်နေဆဲဖြစ်ပါတယ်။ အားလုံးအသုံးပြုလွယ်ကူအောင် ၀ဘ်ဆိုဒ်ကို ရိုးရှင်းသေသပ်စွာပြုလုပ်ထားပြီး စာအုပ်များကို ကိုယ်ပိုင်ဆာဗာတွင်သာ သိမ်းဆည်းထားသောကြောင့် ဒေါင်းလုပ်လုပ်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်ခြင်းလုံးဝ မဖြစ်ပေါ်နိုင်ပါ။ Books Hive သည် မြန်မာလူမျိုးများအတွက်သာ ရည်ရွယ်ကာ သီးသန့်ပြုလုပ်ထားခြင်းဖြစ်ပါသည်။ သုတ ရသ ပညာပေး စာမေးပွဲစသည်တို့နှင့် သက်ဆိုင်သည့် စာအုပ်များ တင်ထားရှိနှင့်ပြီး ဖြစ်ပါသည်။ ၀ဘ်ဆိုဒ်ရဲ့လိပ်စာကတော့ www.books-hive.com ဖြစ်ပါတယ်။ အားလုံးပဲလာရောက် အားပေးကြလိမ့်မယ်လို့ မျှော်လင့်တောင်းတမိပါသည်။ ဒီအီးမေလ်းလေးကိုလဲ သူငယ်ချင်းများသိအောင် forward လုပ်ပြီး ဖြစ်စေ google status တွင်တင်ပြီးဖြစ်စေ အကြောင်းကြားပေးစေလိုပါသည်။ ကျေးဇူးအများကြီးတင်ပါတယ်။

January 14, 2009

Asus Power Supply Wattage Calculator

အခုအချိန်မှာ ကွန်ပျူတာဝယ်ရင် ထည့်စဉ်းစားစရာတစ်ခုက Power Supply ကို Watt ဘယ်လောက်ထုတ်ပေးတာ ၀ယ်မလဲဆိုတာကိုပါ
စဉ်းစားရမှာပါ။ ကိုယ်ဆင်ထားတဲ့ပစ္စည်းတွေပေါ် မူတည်ပြီး လိုအပ်တဲ့ Watt ကွာခြားနိုင်ပါတယ်။ ပိုပိုလိုလို များများထုတ်ပေးတာဝယ်ရင်တော့
အဆင်ပြေပေမဲ့ မလိုအပ်ဘဲ ငွေဖြုန်းတီးသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဆင်ထားတဲ့ပစ္စည်းတွေကို ရွေးချယ်ပေးရုံနဲ့ Watt ဘယ်လောက်
လိုမယ်ဆိုတာ တွက်ပေးတဲ့ Asus ရဲ့ Power Supply Wattage Calculator ဆိုတဲ့ Web Application ကို လိုတဲ့အခါသုံးနိုင်ကြဖို့ Link လေး
ရှယ်ယာပေးလိုက်ပါတယ်။

http://support.asus.com/PowerSupplyCalculator/PSCalculator.aspx?SLanguage=en-us

Asus P5B Deluxe and Core2 Duo

တစ်နေ့က သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပါတယ်။ သူ့စက်ကို အသစ်ဝယ်လာတဲ့ Core2Duo ပြောင်းတပ်လိုက်တာ ဖွင့်မရတော့လို့
ဘယ်လိုလုပ်ရမလဲလို့ မေးပါတယ်။ Monitor ပေါ်မှာတောင် ဘာမှမပေါ်ဘူးဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း ငါလာခဲ့ပါမယ်ကွာဆိုပြီး
သွားကြည့်လိုက်ပါတယ်။

ရောက်တဲ့အခါမှာ စက်ကိုဖွင့်ကြည့်တယ်။ စက်ကဖွင့်တဲ့အချိန်မှာ ခဏလေးတက်လာလိုက်၊ ပြီးတော့ ကျသွားလိုက်နဲ့
ဖြစ်နေပါတယ်။ စက်တက်လာတယ်ဆိုတာကတောင် မော်နီတာမှာ ဘာမှမပေါ်ပါဘူး။ CPU Fan နဲ့ Power Supply Fan တွေ လည်လာလိုက်
ရပ်သွားလိုက် အဲဒီလိုဖြစ်တာပါ။ ကျွန်တော်လည်း စဉ်းစားတာပေါ့။ Power Supply ကများ Watt နည်းတာလားပေါ့။ Core2 Duo က Power
Usage များတာကိုး။ အဲဒါနဲ့ Power Supply ကို ဖြုတ်ပြီး Watt ကြည့်လိုက်ပါတယ်။ Watt က 350 W တဲ့။ အဲဒါနဲ့ နည်းလို့လားမသိဘူးဆိုပြီး
တခြားစက်မှာတပ်ထားတဲ့ 550 W Power Supply နဲ့ ပြောင်းတပ်ကြည့်ပါတယ်။ အဲဒါလည်း မရဘူး။ အင်း 550 W ကြီးတပ်ထားတာတောင်
ဖြစ်တာဆိုတော့ Power Supply ကတော့ မဖြစ်နိုင်တော့ဘူးဆိုပြီး တွက်လိုက်ပါတယ်။ Motherboard ကလားမသိဘူးဆိုပြီး တွက်ကြည့်မိတယ်။
အဲဒါနဲ့ အရင်က သုံးနေတဲ့ Pentium D Processor ကို ပြန်တပ်ကြည့်တယ်။ အဲဒီလိုကျတော့ အကောင်း။ ဖျတ်ခနဲ တက်လာတယ်။

ဒါဆိုသေချာပြီပေါ့။ Motherboard က Core2Duo Processor ကို မသိတာပဲ။ Motherboard က Asus P5B Deluxe ပါ။ Chipset က 965 လေ။
အဲဒါနဲ့ Manual ကြည့်ဦးမှပဲဆိုပြီး သူငယ်ချင်းကို Manual ရှိလားလို့ မေးလိုက်တယ်။ သူက မရှိတော့ဘူးဆိုတာနဲ့ အွန်လိုင်းပေါ်တက်ပြီး
P5B Deluxe ရဲ့ Manual ကို Download လုပ်ပြီး ဖတ်ကြည့်ပါတယ်။ Manual ထဲ ရေးထားတာကတော့ Core2 Quad ထိတောင် ရတယ်လို့
ရေးထားတာ။ ဟ အဲဒါဆိုဘာကြောင့် အခုလိုမသိသလဲဆိုပြီး စဉ်းစားကြည့်မိတယ်။

နောက်ဆုံးတော့ BIOS တစ်ခုပဲ ဖြစ်နိုင်စရာရှိတာပဲ ဆိုပြီးတွက်လိုက်တယ်။ BIOS ကို Upgrade လုပ်ကြည့်ရမှာပဲဆိုပြီး Asus Website ထဲဝင်ပြီး
P5B Deluxe ရဲ့ BIOS Update ကို ရှာကြည့်ပါတယ်။ အားပါး P5B Deluxe အတွက် release လုပ်ထားတဲ့ BIOS Update တွေက မနည်းဘူးဘဲ။
အဲဒါနဲ့ နောက်ဆုံး BIOS Update ကို down လိုက်တယ်။ ပြီးတော့ Motherboard ၀ယ်တုန်းကပါတဲ့ CD ခွေကိုဖွင့်ပြီး Asus Update Program
ကို စက်မှာ Install လုပ်လိုက်ပါတယ်။ အရင် Pentium D လေးကို သုံးရတာပေါ့နော်။ ပြီးတော့ အဲဒီ Program နဲ့ BIOS ကို Upgrade လုပ်လိုက်
ပါတယ်။ ပြီးတော့ shutdown လုပ်၊ Core2Duo လေး ပြန်တပ်။ ပြန်ဖွင့်လိုက်တဲ့အခါ ဖျတ်ခနဲ ပွင့်လာကြောင်းပါဗျာ။

မှတ်ချက်။ ။ BIOS ကို Upgrade ပြုလုပ်ခြင်းဟာ အခန့်မသင့်ရင် Motherboard ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ခဏခဏ မလုပ်သင့်ပါ။
အခုလို မဖြစ်မနေအချိန်မှသာ လုပ်သင့်ပါတယ်။ ပြီးတော့ Upgrade လုပ်နေတဲ့အချိန်မှာ မီးမပျက်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်ကတော့
လင်းရာမ နဲ့ ကွန်ပျူတာကိုချိတ်ပြီး လုပ်ပါတယ်။

English2Myanmar Dictionary at Gtalk

Gtalk မှာ English2Myanmar Dictonary ထည့်လို့ရနေပါပြီ။ mmgeeks အဖွဲ့ကနေ ဖန်တီးထားတာပါ။ Gtalk ကိုဖွင့်ပြီး en2mm at mmgeeks dot org ကို
add လုပ်လိုက်ရုံနဲ့ သုံးလို့ရပါပြီ။ ဥပမာ ကိုယ်က computer လို့ရိုက်ထည့်ပြီး ပြောလိုက်ရင် သူက ကွန်ပျူတာ လို့ ပြန်ပြောပါလိမ့်မယ်။ လောလောဆယ်တော့
စကားလုံးတွေ သိပ်မစုံသေးပါဘူး။ ဒါပေမဲ့ /add englishword wordcategory myanmarword ကိုသုံးပြီး ထည့်ပေးလို့ရပါတယ်။ သူတို့က
အတည်ပြုပေးပါလိမ့်မယ်။ အဲဒီတော့ သုံးလည်းသုံးရင်း လိုတဲ့စကားလုံးလေးတွေကိုလည်း ထည့်ပေးရင်းနဲ့ ကူညီကြလိုက်ရအောင်။

January 5, 2009

New Technologies Come With 2009

ကွန်ပျူတာနည်းပညာအပြောင်းအလဲတွေကတော့ လိုက်မမှီနိုင်အောင်ကို မြန်လွန်းနေတာပါပဲ။ အခုလည်းကြည့်ပါဦး။ နည်းပညာအသစ်တွေ ပေါ်လာပြန်ပြီ။

နံပါတ်တစ် - Windows OS အသစ်

Widows Vista တောင် ကောင်းကောင်းမသုံးရသေးဘူး။ အခု Windows 7 ထွက်တော့မယ်တဲ့။ 2010 မတိုင်ခင် ထွက်မယ်လို့ ဖော်ပြကြပါတယ်။ Windows Vista ကလည်း သိကြတဲ့အတိုင်းပဲ အဆင်မပြေတာတွေက ခပ်များများဆိုတော့ Microsoft က အဲဒါကိုအစားထိုးတဲ့အနေနဲ့ အမြန်ထုတ်တာ ထင်တာပါပဲ။ ဘာတွေအသစ်ပါလာမလဲဆိုတော့
Network ပိုင်းမှာ အသစ်တွေပါလာမယ်
Touch Screen တွေအတွက် အဆင်ပြေအောင် လုပ်ထားတာတွေ အသစ်ပါမယ်၊
Device Stack ဆိုတာ ပါလာမှာဖြစ်ပြီး Hardware Device တစ်ခုတပ်လိုက်တာနဲ့ သူနဲ့ပတ်သတ်တာတွေ၊ လုပ်လို့ရတာတွေအားလုံး ဖော်ပြပေးမဲ့ Windows တစ်ခု ပေါ်လာမယ်၊
Vista ရဲ့ စိတ်ပျက်စရာကောင်းတဲ့ UAC (User Account Control) ပြန်ပါလာမယ်၊ ဒါပေမဲ့ Notify လုပ်တဲ့အရေအတွက်ကို လျှော့နိုင်လိမ့်မယ်
Network ချိတ်ထားတဲ့ PC တွေထဲကနေ Search လုပ်နိုင်တဲ့ Function ပါလာမယ်
Start Menu ထဲက Accessories မှာ ဘာမှပါလာတော့မှာမဟုတ်ပဲ Downloadable အနေနဲ့ပဲ ပေးတော့မယ်။
Interface အပြောင်းအလဲတွေ၊ Taskbar ပုံစံအသစ်တွေ ပါလာလိမ့်မယ်...တဲ့

နံပါတ်နှစ်- Gigabit Network

အခုအချိန်ထိ LAN တွေမှာ Speed က 100 Mbps နဲ့ ကောင်းကောင်းအလုပ်လုပ်နေပါတယ်။ အခုတော့ Gigabit LAN ဆိုပြီး ပေါ်လာပါပြီ။ LAN အတွက် Speed ကို 1 Gbps ထိ ရနေပြီ။
အော်..နည်းပညာကသာ ရနေတာ လိုက်သုံးနိုင်ဖို့က ပိုက်ပိုက်လိုသေးတယ်လေ။ Gigabit Network တစ်ခုဖြစ်လာဖို့ Gigabit Switch ၀ယ်ရမယ်။ Gigabit Switch ကလည်း လောလောဆယ်မှာတော့ ရိုးရိုး Switch ထက် ဈေးက နှစ်ဆလောက် များနေပါတယ်။ ပြီးတော့ လက်ရှိသုံးနေတဲ့ UTP ကြိုးတွေ သုံးမရတော့ဘူး။ အခုသုံးနေကြတာက CAT 5 တွေဖြစ်ပြီး 100 Mbps ပဲ အများဆုံးရပါတယ်။
Gigabit Network တစ်ခု ဖြစ်ဖို့ CAT 6 UTP ကြိုးတွေသုံးရပါလိမ့်မယ်။ CAT 6 ကလည်း CAT 5 ထက် ဈေးကြီးနေပါတယ်။ ပေါ်ခါစမို့လို့လည်း ဖြစ်မှာပါ။ ပြီးတော့ ကြိုးကလည်း CAT 5 ကြိုးထက် ပိုပြီး တုတ်လာပါတယ်။

နံပါတ်သုံး- 802.11n

လက်ရှိသုံးနေတဲ့ Wireless Standard က 802.11 g ဖြစ်ပြီး Speed က 54 Mbps ပဲ အများဆုံးရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Cable Network တွေရဲ့ Speed ကိုမမှီလို့ Wireless ကို လက်ရှိအချိန်မှာ အသုံးနည်းသေးတာပါ။ အခုတော့ 802.11n ဆိုတဲ့ Standard အသစ်က 248 Mbps အထိ ရနိုင်တဲ့အတွက် အခုလက်ရှိသုံးနေကြတဲ့ LAN တွေရဲ့ Speed ထက်တောင် နှစ်ဆပိုမြန်သွားပါပြီ။ အတော်လေးတော့ သုံးချင်စဖွယ်ပါ။ ဒါပေမဲ့ အဲဒီ 802.11n ကို support လုပ်တဲ့ Wireless Router အသစ်ဝယ်ရပါမယ်။ ပြီးတော့ PC တွေမှာတပ်မဲ့ Wirless Adapter တွေလည်း
အသစ်ထပ်ဝယ်ရပါ့မယ်။ Neo Tech မှာ အဲဒီပစ္စည်းတွေကို ၀ယ်လို့ရနေပါပြီ။ နည်းပညာဆိုတာကလည်း ငွေနဲ့လိုက်မှ မှီမယ်ထင်တော့တာပါပဲ။

နံပါတ်လေး- i7 and Socket 1366

Intel ကြီးက Pentium D တွေ Dual Core တွေ Quad Core ကြီးတွေ ဆက်တိုက်ထုတ်နေတော့ Eight Core တွေ Multi Core တွေလာမယ်လို့ ထင်နေတုန်းမှာပဲ i7 ဆိုတဲ့ Processor ကို ထုတ်လိုက်ပါပြီ။ ပိုကောင်းလာမယ်ဆိုတာကတော့ အားလုံးခန့်မှန်းမိပြီးသားပါ။ ဒါပေမဲ့ Socket ပြောင်းသွားတာကတော့ ရင်နာစရာပါပဲ။ Socket 1366 ကိုပြောင်းသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Socket 775 Motherboard လေးနဲ့ i7 ရဲ့အရသာကို မမြည်းနိုင်တော့ဘူးပေါ့။ လောလောဆယ် Socket 1366 Motherboard တွေကို ASUS နဲ့ MSI က အပြိုင် ထုတ်ထားပါတယ်။ ဈေးကွက်ထဲမှာလည်း ၀ယ်လို့ရနေပါပြီ။

နောက်ထပ်အသစ်ပေါ်လာတဲ့ နည်းပညာတွေကိုလည်း အချိန်ရရင် ရေးပြီးတင်ပါဦးမယ်။

Difference Between Wi-Fi & Wi-Max

သူငယ်ချင်းတစ်ယောက်က Wi-Fi နဲ့ Wi-Max နဲ့ ဘာကွာလဲလို့ လာမေးတာနဲ့ IT Men စာဖတ်သူတွေထဲမှာလည်း အဲဒီလိုသိချင်တဲ့သူ ရှိမှာပဲလေဆိုတဲ့ အတွေးနဲ့ တင်လိုက်တာပါ။

Wi-Fi က 802.11b standard ကိုပြောတာပါ။ frequency range က 2.4 GHz ရှိပါတယ်။ သီအိုရီအရ Speed က 11 Mbps ရှိပေမဲ့ လက်တွေ့မှာတော့5 Mbps လောက်ပဲ ရပါတယ်။ မီတာ 100 အကွာအဝေး ပေနဲ့ပြောရရင် 330 ပေအတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Transport Protocol ကEthernet ကို သုံးပါတယ်။

Wi-Max က 802.16 Standard နဲ့ 802.16a Standard ကိုပြောတာပါ။ 802.16 က 10 GHz ကနေ 66 GHz ထိ frequency range ရှိပါတယ်။802.16a ကတော့ 2GHz ကနေ 11GHz ထိရှိပါတယ်။ Speed အနေနဲ့ 802.16 ဟာ channel တစ်ခုအတွက် 124 Mbps အများဆုံးရပါတယ်။802.16a ကတော့ 20 MHz ရှိတဲ့ Channel မှာ 70 Mbps ရပါတယ်။ အကွာအဝေးမှာတော့ တစ်မိုင်ထက်ကျော်လွန်ပြီး သုံးလို့ရပါတယ်။ TransportProtocol ကတော့ TCP ကိုသုံးပါတယ်။