October 2, 2009

လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ

လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ
ရေးသူ....မောင်ဒေး



ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက် ရာဇ၀တ်ကောင်တွေ သုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား တကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ
လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။
ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။
ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။

မောင်ဒေး
ချင်းတွင်းမဂ္ဂဇင်း
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ

September 26, 2009

Advanced Using Kaspersky 7.0

အချိန်ရလို့ Kaspersky ရဲ့ Setting ထဲမှာ လိုက်မွှေကြည့်မိတယ်။ အရမ်းအသုံးတည့်တဲ့ Features တွေ ပါဝင်နေတာကို တွေ့လိုက်ရပါတယ်။

Setting page ရဲ့ ဘယ်ဘက် panel မှာ
Protection
Scan
Threats and exclusions
Update
Proxy Server
Traffic Monitoring
Reports and data files
Service
Appearance ဆိုပြီး အုပ်စုလိုက် ခွဲထားပါတယ်။

Protection
Protection ထဲမှာ File Anti-Virus ဆိုပြီး ရှိပါတယ်။ သူ့ထဲမှာ Security Level ဆိုတဲ့ slider လေးပါပါတယ်။ Default အနေနဲ့ အလယ်မှာပဲ ထားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်စက်ကို ပိုလုံခြုံသထက် လုံခြုံချင်ရင်တော့ အပေါ်ဆုံးထိ တင်ထားလိုက်ပါ။ ပြီးရင် Customize ကိုနှိပ်ပြီး လုပ်လို့ရတာလေးတွေ ရှိပါသေးတယ်။ Kaspersky ဟာ ပုံမှန်အားဖြင့် Scan စစ်တဲ့အခါမှာ Programs တွေနဲ့ Documents တွေကို စစ်လေ့ရှိပါတယ်။ Documents တွေမှာ ဗိုင်းရပ်စ်ကပ်တယ်ဆိုတာ အရမ်းရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Scan programs and documents (by extension) ကိုရွေးလို့ရပါတယ်။ ဒါဆိုရင် Kaspersky က executable တွေကိုပဲ Scan စစ်ပါလိမ့်မယ်။ ဒါကြောင့် Scan စစ်တဲ့ကြာချိန် လျော့နည်းသွားပါလိမ့်မယ်။

အဲဒီ Customize ထဲမှာပဲ heuristic analyzer ဆိုတာပါပါတယ်။ သူ့ကို On ထားရင် ဗိုင်းရပ်စ်တွေကို ပိုပြီး ထိရောက်စွာနဲ့ ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စက်ရဲ့ performance လည်း အရမ်းကျသွားပါလိမ့်မယ်။ heuristic ဆိုတဲ့ စကားလုံးကတော့ မိမိဘာသာဝေဖန်ဆန်းစစ်နိုင်ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။

Customize ကနေ ထွက်လိုက်ပါ။ File Anit-Virus ထဲမှာပဲ Action ဆိုတာ ပါပါသေးတယ်။ သူက ဗိုင်းရပ်စ်တွေ့ရင် ဘယ်လိုလုပ်ချင်တာလဲဆိုတာ ရွေးပေးလို့ရပါတယ်။ ရွေးစရာအနေနဲ့ Prompt for action နဲ့ Block access ဆိုတာ ပါပါတယ်။ Prompt for action ဆိုတာကတော့ ဗိုင်းရပ်စ်တွေ့ရင် user ကို disinfect လုပ်မှာလား၊ delete လုပ်မှာလားဆိုပြီး မေးပါလိမ့်မယ်။ Block access ကို ရွေးလိုက်ရင်တော့ Kaspersky ဟာ ဗိုင်းရပ်စ်ကို တွေ့တဲ့အခါမှာ အရင်ဆုံး Disinfect (ဖိုင်တွင်ကပ်နေသောဗိုင်းရပ်စ်ကို ခွဲထုတ်သတ်ခြင်း) လုပ်ပါလိမ့်မယ်။ Disinfect မလုပ်နိုင်ရင် ဖျက်ပစ်ပါလိမ့်မယ်။

ဒီနည်းလမ်းဟာ ဗိုင်းရပ်စ်တွေ ထောင်ချီဝင်နေတဲ့ hard disk ကို scan စစ်တဲ့အခါမှာ အရမ်း အသုံးဝင်ပါတယ်။ Kaspersky က မေးသမျှကို အချိန်ကုန်ခံပြီး ထိုင်ဖြေနေစရာမလိုတော့ဘူးလေ။ Scan နှိပ်ပြီး ပစ်ထားလိုက်ရုံပါပဲ။ Kasper က သူ့အလိုလို သတ်သွားမှာပါ။

Kasper 2007 2009 နဲ့ 2010 မှာ ဒီ Feature ဟာ Default ဖြစ်သွားပါတယ်။ ဗိုင်းရပ်စ်တွေ့ရင် Disinfect လုပ်တယ်၊ မလုပ်နိုင်ရင် Delete လုပ်ပစ်ပါတယ်။ တချို့က အဲဒါကို နည်းနည်း မျက်စိလည်ကုန်ကြပါတယ်။ အဲဒီလို ဘာမှမမေးတဲ့အတွက် kaspersky က သူ့သဘောနဲ့သူ ဖိုင်တွေ ဖျက်ပစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်စိတ်ဝင်တဲ့သူတွေကိုလည်း တွေ့ဖူးပါတယ်။
ဒါကို ကျွန်တော် အနည်းငယ်ရှင်းပြချင်ပါတယ်။ Kasper ဟာ မသတ်နိုင်ရင် အလိုလို ဖျက်တာကို ကြောက်စရာမလိုပါဘူး။ သူက ဗိုင်းရပ်စ်အစစ်ကို ဖျက်တာပါ။ ကြောက်စရာမလိုပါဘူး။

ဆိုပါစို့. Stick ထဲမှာ abc ဆိုတဲ့ Folder လေးရှိတယ်။ ကိုယ့် data တွေ ထည့်ထားတယ်။ Stick ကို ဗိုင်းရပ်စ်ရှိတဲ့ စက်မှာ သွားထိုးလိုက်တယ်။ အဲဒီအခါမှာ Stick ထဲမှာ ရှိနေတဲ့ abc ဆိုတဲ့ Folder ကို ဗိုင်းရပ်စ်က ဖျောက်ပစ်ပါတယ်။ ပြီးတော့ abc ဆိုတဲ့ Folder အတု ဖန်တီးလိုက်ပါတယ်။ တကယ်တမ်းတော့ အဲဒါဟာ Folder မဟုတ်ဘဲ abc.exe သာ ဖြစ်ပါတယ်။

Kasper က ဖျက်တဲ့အခါမှာ အဲဒီ abc.exe ကိုသာ ဖျက်ပါတယ်။ မူရင်း abc Folder ကို လုံးဝ မဖျက်ပါဘူး။ ဒါပေမဲ့ abc ကို ဗိုင်းရပ်စ်က hidden လုပ်ပစ်ခဲ့တဲ့အတွက် user က မမြင်တော့ဘူး။ အဲဒီအခါမှာ Kaspersky က ငါ့ data တွေ ဖျက်တယ်ဆိုပြီး ဖြစ်ကုန်တော့တာပါ။

ဆက်ပါဦးမည်..

September 20, 2009

Problems With Dremweaver CS3

Website တစ်ခုရေးဖို့ လာအပ်တာနဲ့ မလုပ်တာကြာပြီဖြစ်တဲ့ Web ပိုင်းကို ပြန်လည် ခြေဦးလှည့်ဖြစ်ပါတယ်။ Web ကို အရူးအမူးလုပ်ခဲ့တုန်းက Dreamweaver က Version 8 အခုဆိုရင် CS4 (ver 10) တောင် ရောက်နေပါရော။ CS3 ရော CS4 ရော ခွေသာဝယ်ထားတာ။ တစ်ခါမှ မတင်ရသေးဘူး။ အဲဒါနဲ့ပဲ ကဲ ဒီ Website ကိုတော့ CS3 နဲ့ လုပ်မယ်ဆိုပြီး Dreamweaver CS3 ကို ကောက်တင်ပါလေရော။ Install လုပ်ချိန်က အရင်ကထက် ပိုကြာသွားတယ်ဆိုတာ သတိထားမိတယ်။ Install ပြီးတော့ Crack ဖြည်ပြီး သုံးဖို့ စဖွင့်တယ်။ နောက် သီချင်းနားထောင်ဦးမယ်ဆိုပြီး Windows Media Player ကို ဖွင့်တယ်။ WMP ဖွင့်ချိန်ဟာ တော်တော်လေးကြာသွားတယ်ဆိုတာ သတိပြုမိတယ်။ မသင်္ကာတာနဲ့ Task Manager ကို ဖွင့်ကြည့်တော့ Dreamweaver CS3 ဟာ CPU Usage 100% ပြနေတာကို တွေ့ရပါတယ်။ CS3 ဟာ အဲဒီလောက် ယူသုံးသလားဆိုတာ မတွေးတတ်အောင်ကို ဖြစ်ရပါတယ်။ Install လုပ်တဲ့စက်က Celeron D, 512 MB ပါ။

Crack ကြောင့် ဖြစ်တာလားဆိုပြီး Dreamweaver ကိုဖြုတ်၊ ပြန်တင်၊ Crack မဖြည်ဘဲ Trial Version နဲ့ run လည်း CPU Usage က 100% ကနေ ကျကိုမကျတော့ဘူး။ အဲဒါနဲ့ပဲ Dual Core စက်တစ်လုံးမှာ သွားတင်ကြည့်တယ်။ Dual Core မှာတော့ 50% ထိပဲ သူက သုံးတယ်။ ဒါပေမဲ့ 50% သုံးတယ်ဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။

နောက်တစ်ချက် စဉ်းစားမိတာက Installer ထဲမှာ အကောင်တွေဘာတွေ ပါလို့များလားလို့ တွေးမိသေးတယ်။ Kaspersky နဲ့တော့ စစ်သေးတယ်။ မတွေ့ဘူး။ နောက် အားတဲ့ရက်ကျမှ Dreamweaver CS3 ကို Adobe ကနေ Download ဆွဲပြီး တင်ကြည့်ရဦးမယ်။ အဲဒါမှ အဖြေပေါ်မှာပဲ။

အခုတော့ CS4 ကို တင်ပြီး လုပ်နေတယ်။ လက်ရှိသုံးနေသလောက်ကတော့ တော်တော်ကောင်းတယ်။ CSS ပိုင်းမှာ အရမ်းပြည့်စုံသွားတယ်။ ပြီးတော့ Ajax ပိုင်း။ Ajax အတွက် Adobe က သူတို့ရဲ့ Spry ကို တစ်ခါတည်း ထည့်ပေးလိုက်တယ်။ Marketing ဆင်းတာနဲ့တူပါတယ်။ ကျွန်တော်တောင် တခြား Ajax Framework တွေကို လေ့လာမလို့။ သူက အခုလို Spry ကိုပဲ ထည့်ပေးလိုက်တော့ Spry ပဲ သုံးဖြစ်တော့မယ်နဲ့ တူပါတယ်။ မှတ်မိသေးတယ်။ Spry ထွက်ခါစက နေ့နေ့ညည စမ်းသပ်ပြီးရေးကြည့်ခဲ့တဲ့ coding တွေက အခုကျ built-in တွေဖြစ်သွားရော။ ရင်နာလိုက်တာ။

Wallcoo.com


Quality ကောင်းကောင်း wallpaper တွေလိုချင်သူတွေ အတွက် www.wallcoo.com ဆိုတဲ့ဆိုဒ်တစ်ခုကို ညွှန်းချင်ပါတယ်။ ဒီဆိုဒ်မှာ Resolution အနေနဲ့ အနိမ့်ဆုံး 800x600 ကနေ 2560x1600 တွေလောက်အထိရှိပါတယ်။ ဒါ့အပြင် Dual-Screen တွေအတွက် 3200x1200 တွေလည်းရနိုင်ပါတယ်။
Category တွေအနေနဲ့ Landscapes, Animal, Celebrity, Illustration, Art, Photography, Anime, Holiday, Flower, Advertising, Movie, Travel, Auto, Sport, Game, Calendar စသဖြင့်စုံစုံလင်လင်ရှိပါတယ်။

တစ်ခုပဲပြောစရာရှိတာက China Site ဖြစ်တဲ့အတွက် အများစုကတော့ တရုတ်လိုရေးထားမှာပါ။ ဒါပေမယ့် တချို့ ကို English လိုလဲရေးထားပေးလို့ အဆင်ပြေပါတယ်။ English version အနေနဲ့ www.wallcoo.net ကိုကြည့်နိုင်ပေမယ့် www.wallcoo.com လောက်တော့ ပုံမများပါဘူး။
ဒီဆိုဒ်တွေက ပုံကောင်းကောင်း စုဆောင်းလိုသူတွေ အကြိုက်ဖြစ်ပါလိမ့်မယ်။

September 19, 2009

Photo Compressing Techniques

တစ်ရက်က သူငယ်ချင်းတစ်ယောက်က Gmail မှာ ပုံတွေကို attachment လုပ်ပြီး ပို့နေတာကို မေးလ်က မထွက်နိုင်ဘဲ ဖြစ်နေလို့ အတော် ညည်းတွားနေရှာတယ်။ ကော်နက်ရှင်..ကော်နက်ရှင်နဲ့ ပါးစပ်ကလည်း တဖျစ်တောက်တောက် ပြောနေလေရဲ့။

ကျွန်တော်လည်း ဘေးကနေပြီး မနေနိုင်တော့ဘူး။ နေစမ်းပါဦးဟဆိုပြီး သူပို့တဲ့ ပုံတွေရဲ့ File size ကို ကြည့်လိုက်တယ်။ အမယ်လေး တစ်ပုံကို 2.5 MB လောက်တောင် ရှိသဗျ။ သူက ဒီဂျစ်တယ် ကင်မရာနဲ့ ရိုက်ထားတဲ့ပုံတွေကို ဒီအတိုင်းပို့နေတာတဲ့လေ။ အေး မင်းမေးလ်က မထွက်တာတောင်မှ နည်းသေးတယ်။ ပုံတွေကို size လျှော့ဦးလေကွာလို့ ပြောရတယ်။

ပုံတွေရဲ့ File Size ကို လျှော့ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Paint ပဲဗျ။ အဟဲ အံသြသွားလားမသိဘူး။ ဒီလိုပါ။ ကိုယ် size လျှော့ချင်တဲ့ပုံကို Paint နဲ့ ဖွင့်လိုက်ပါ။ ပြီးရင် Paint ရဲ့ Menu ထဲကနေ File>Save ကို ရွေးလိုက်ပါ။ တခြား ဘာမှလုပ်စရာမလိုပါ။ ဒါဆိုရင် file size က အလိုလိုလျော့သွားပါလိမ့်မယ်။ စမ်းသပ်ချက်အရ 2.5MB ရှိတဲ့ ပုံကို Paint နဲ့ လျှော့လိုက်တာ 656 KB ပဲ ရှိပါတော့တယ်။

ပုံတွေရဲ့ အရွယ်အစားကို ချုံ့ချင်တယ်ဆိုရင်တော့ Office တင်ထားတဲ့စက်တိုင်းမှာရှိနေတဲ့ Microsoft Office Picture Manager ကိုသုံးခြင်းပါပဲ။ အများအားဖြင့် Digital Camera နဲ့ရိုက်ထားတဲ့ ပုံတွေရဲ့ Dimension ဟာ အရမ်းကြီးလွန်းနေတတ်ပါတယ်။ ဥပမာ 3264*2176 အထိ ရှိနေနိုင်ပါတယ်။ အဲဒါကို Office Picture Manager နဲ့ Dimension ကို 640*480 အထိ ထားလိုက်ရင် File size က အရမ်းကို သေးသွားပါလိမ့်မယ်။

ချုံ့ချင်တဲ့ပုံကို Office Picture Manager နဲ့ဖွင့်ပါ။ ပြီးရင် Toolbar မှာရှိတဲ့ Edit Pictures ကိုနှိပ်ပါ။ ညာဘက် Panel ကနေ Resize ကိုရွေးပါ။ Predefined Width and Height ကနေ ကိုယ်အဆင်ပြေမယ့်ဟာကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ပြီးရင် File>Save ကို နှိပ်လိုက်ပါ။ ဒါဆိုရပါပြီ။

အဆင်ပြေကြပါစေ။

September 15, 2009

Memory Stick များ My Computer မှာ မပေါ်တဲ့ပြဿနာ

Memory Stick ကို ကွန်ပျူတာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။

အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူတာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။

ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။

အဲဒါနဲ့ Run ထဲမှာ G: လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ G: က ဖျက်ခနဲပွင့်လာပြီး ပြန်ပျောက်သွားတယ်။ နောက်တစ်ဆင့်အနေနဲ့ Command Prompt ကနေ G: ကို access လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရတယ်။ ကဲ ဒါဆို Windows Explorer က ဖြစ်နေတာ သေချာသွားပြီပေါ့။

အဲဒါနဲ့ပဲ Registry Editor ကိုဖွင့်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ My Computer မှာပေါ်တဲ့ C: တွေ D: တွေကို MountPoint လို့ သုံးစွဲတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ Registry Editor မှာ MountPoint နဲ့ ပတ်သတ်တဲ့ Value တွေကို လိုက်ရှာကြည့်ပါတယ်။ မသကာင်္တာတွေ့ရင် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

တခြား Program တွေကြောင့်များလားဆိုပြီး Install လုပ်ထားတဲ့ Program တွေကို လိုက်ကြည့်လိုက်ပါတယ်။ အဲဒီမှာ Daemon Tools တင်ထားတာကို တွေ့လိုက်ရပါတယ်။ DT က သုံးမှာမို့တင်ထားတာလားလို့ Customer ကို မေးကြည့်တော့ မဟုတ်ဘူး ဘယ်သူတင်ထားမှန်းမသိဘူးလို့ ဖြေတာနဲ့ ကျွန်တော်လည်း Daemon Tools ကို Uninstall လုပ်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

ကျွန်တော် ခေါင်းစားရပါပြီ။ အဲဒါနဲ့ပဲ Customer ကို အခုတော့ မရသေးဘူးဗျာ။ ကျွန်တော် အင်တာနက်ထဲ ရှာလိုက်ဦးမယ်လို့ ပြောပြီး ရက်ချိန်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်ထဲ မွှေရတော့တာပေါ့။

အဲဒီအခါမှာမှ ကိုယ်နဲ့ဘ၀တူတွေအများကြီးပါလားဆိုတာ သိလိုက်ရပါတယ်။ အမလေးဗျာ Forum တွေထဲမှာ မေးတာ ဖြေထားတာတွေ တပုံကြီးပဲ။ သူတို့ရဲ့အမေးအဖြေတွေကို သေချာလိုက်ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အဖြေကို မတွေ့ဘူး။ နောက် နာရီဝက်လောက်ရှာကြည့်တော့မှ Forum တစ်ခုမှာ တွေ့သွားပါတယ်။ ဖြေတဲ့သူက Daemon Tools (DT) ကြောင့် ဖြစ်တာလို့ ဖြေထားတယ်။ အံကိုက်ပဲလေ။ ကျွန်တော်လည်း DT ကို မသင်္ကာဖြစ်နေတာကိုး။ ပြီးတော့ သူက ဆက်ပြောပါတယ်။ DT ကို ဖြုတ်ပါတဲ့။ ပြီးတော့ DT က install လုပ်တဲ့အခါမှာ Driver တစ်ခုကို C:\Windows\System32\Drivers အောက်မှာ သွားထည့်တယ်တဲ့။ အဲဒါကိုပါ ဖျက်ပါလို့ ပြောပါတယ်။ Driver ရဲ့ နာမည်က sptd.sys တဲ့။ ကိုင်း အိုကေပြီပေါ့ဗျာ။

နောက်ရက်ကျတော့ ဖြစ်တဲ့စက်ကို ဖွင့်ပြီး DT ကိုဖြုတ်၊ ပြီးတော့ C:\Windows\System32\Drivers အောက်မှာ ရှိတဲ့ sptd.sys ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။ ပြီးတော့ Stick လေး ထိုးကြည့်လိုက်တယ်။

ဟော My Computer မှာ ပေါ်လာလိုက်တာမှ ပြူးလို့ဗျာ။

September 14, 2009

My Computer ထဲကို Fonts folder ထည့်ခြင်း

ကျွန်တော်လည်း အလုပ်ထွက်ပြီး ကတည်းက itmenမှာ ဘလော့ပုံမှန်မရေးဖြစ်တာကြာပြီဗျာ။
ဒီတစ်ခေါက်တော့ Regisity ထဲ ခဏလောက် သွားလည်ကြတာပေါ့။
Fonts တွေကို အလွယ်တကူ ထည့်လို့ရအောင် My Computer ထဲကို Fonts folder လေးထပ်ထည့်ကြည့်ကြရအောင်ဗျာ။
Fonts မှမဟုတ်ပါဘူး ClassID မှာပါတဲ့ My Computer, Recycle Bin, History, My Document, Administrative Tools, Fonts, Ptinters and Faxes အစတာတွေကိုလည်းထည့်နိုင်ပါတယ်။
ကျွန်တော် Fonts ဖိုလ်ဒါလေး ထည့်ပြပါမယ်
Run ကနေ regedit ရိုက်ပြီး Regisity ထဲဝင် [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\MyComputer\NameSpace\]
အောက်ကို ရောက်အောင်သွား NameSpace ပေါ်မှာ Right Click နှိပ်ပြီး New ကနေ Key ကိုရွေး Key တစ်ခုတည်ဆောက်ပါ Name ကို {D20EA4E1-3957-11D2-A40B-0C5020524152} လို့ပေးလိုက်တယ်
ကဲအခု My Computer ကို ဖွင့် ကြည့်လိုက်ပါ Fonts ဆိုတာလေး ပေါ်နေပါပြီ.....double click နိပ်ပြီး fonts folder ထဲကို အလွယ်တကူသွားလို့ရပါပြီပေါ့..

အော်ဒါများ Fonts ဆိုတာလေး Desktop ပေါ်မှာ Shortcut လုပ်ပြီး ထားလိုက်လည်းရတာပဲ... လို့ ဆိုကောင်းဆိုနိုင်ပါတယ် ဟုတ်ပါတယ် သို့ပေမယ့် My Computer ထဲမှာ ထည့်ကြည့်ခြင်း နဲ့ ClassID ကို သုံးတတ်စေလိုခြင်းအတွက် ကျွန်တော် ဒီ post လေး ကိုတင်လိုက်ရတာပါ
ClassID တွေက ကိုယ်သုံးတတ်လျှင် သုံးတတ်သလို အသုံးဝင်ပါတယ် ဥပမာဆိုပါတော့ ကျွန်တော့ ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်လေးတွေကို MyFolder လို့ နာမည်ပေးပြီးထည့်ထားမယ် လူတိုင်းဖွင့်ကြည့်လို့မရအောင် လုပ်ထားချင်တယ်ဆိုကြပါစို့ လွယ် လွယ်လေး MyFolder ကို MyFolder.{D20EA4E1-3957-11D2-A40B-0C5020524152} လို့ ပြောင်းလိုက်ရင် ကျွန်တော့ရဲ့ MyFolder ကိုကြိုက်သလောက်သာဖွင့် Fonts folerကိုပဲသွားသွားပွင့်နေတော့မှာပေါ့ MyFolder.{D20EA4E1-3957-11D2-A40B-0C5020524152} မဟုတ်ပဲနဲ့ MyFolder.{645FF040-5081-101B-9F08-00AA002F954E} ဆို My Computer ပဲပွင့်လာတော့မှာပေါ့

ကျွန်တော်သိသလောက် ClassID တွေကို ရေးပေးလိုက်ပါတယ်
My Computer {20D04FE0-3AEA-1069-A2D8-08002B30309D}
Fonts {BD84B380-8CA2-1069-AB1D-08000948F534}
Recycle Bin {645FF040-5081-101B-9F08-00AA002F954E}
Printers and Faxes {2227A280-3AEA-1069-A2DE-08002B30309D}
Administrative Tools {D20EA4E1-3957-11d2-A40B-0C5020524153}
History {FF393560-C2A7-11CF-BFF4-444553540000}
Run... {2559a1f3-21d7-11d4-bdaf-00c04f60b9f0}
**ဒီထက်ပိုသိလိုပါက regisity ထဲမှ [HKEY_CLASSES_ROOT\CLSID\] အောက်တွင် ရှာဖွေနိုင်ပါတယ်

ကြိုးစားပါဦးမည်.....

September 9, 2009

Intel Processors

Pentium 4 ကို လူတိုင်းသိကြပါတယ်။ ပီဖိုး ပီဖိုးဆိုပြီးတော့ အရမ်းရေပန်းစားခဲ့ပါတယ်။ အခုတော့ ပီဖိုးကွန်ပျူတာဆိုတာ အတော်လေးကို ဒိတ်အောက်သွားပါပြီ။ ဒါ့အပြင် ပီဖိုးနောက်ပိုင်း ထွက်လာတဲ့ Intel ရဲ့ CPU တွေအကြောင်းကို သေချာစွာသိတဲ့သူ အလွန်နည်းပါးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ P4 နောက်ပိုင်းမှာ နည်းပညာပြောင်းလဲမှု အရမ်းမြန်ဆန်လွန်းခဲ့တယ်၊ ပြီးတော့ ရှုပ်ထွေးလှတဲ့ technology တွေ ပေါ်ထွန်းခဲ့တာရယ်ကြောင့်ပါ။

Intel Company က Pentium 4 နောက်ပိုင်း အစဉ်လိုက်ထုတ်ခဲ့တဲ့ Processor တွေကတော့
1. Pentium D & Celeron D
2. Pentium (Dual Core) & Celeron (Dual Core)
3. Core2 Duo
4. Core2 Extreme
5. Core2 Quad
6. i7 တို့ ဖြစ်ပါတယ်။

သေချာလေ့လာကြည့်မယ်ဆိုရင် Pentium 4 ပြီးတော့ Pentium D ထုတ်တယ်။ Pentium D ပြီးတော့ Pentium ဆိုပြီး နောက်က ဘာမှမပါပဲ ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အခု အဲဒီ Pentium ကို Dual Core လို့ပဲ လူသိများကြပါတယ်။

Pentium 4 ထိ 32bit ဖြစ်ပြီး Pentium D ကစပြီး 64bit တွေ ဖြစ်လာပါတယ်။ 32bit 64bit တွေဆိုတာက CPU ထဲမှာပါတဲ့ register တွေထဲမှာ သိမ်းဆည်းနိုင်တဲ့ data ပမာဏကိုပြောတာပါ။

Dual Core ဆိုတာက CPU ထဲမှာ Core နှစ်ခုပါတယ်လို့ပြောတာပါ။ သာမန် CPU တစ်လုံးမှာ Core တစ်ခုပဲ ပါပါတယ်။ Core ထဲမှာ ALU(Arithmetic Logic Unit), CU (Control Unit) နဲ့ Register ဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ Dual Core နည်းပညာဟာ သာမန် CPU နှစ်လုံးကို တစ်လုံးတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာနဲ့ တူပါတယ်။

Dual Core ပြီးတော့ သူတို့ထုတ်လိုက်တာက Core2 Duo ပါ။ Core2 Duo နဲ့ Dual Core လို့ လူတွေခေါ်ကြတဲ့ Pentium နဲ့ ဘာကွာသလဲဆိုတော့ Features အသစ်တွေ ပါတာ မပါတာပဲ ကွာပါတယ်။ ဒါ့အပြင် Core2 Duo က Dual Core ထက်ပိုကောင်းတယ်လို့လည်း ယတိပြတ်ပြောလို့မရပြန်ပါဘူး။ ဥပမာအားဖြင့် Intel Pentium E5300 နဲ့ Intel Core2Duo E4300 ကိုယှဉ်ကြည့်မယ်ဆိုရင် Pentium E5300 ကတောင်မှ Clock Speed ပိုများတာကို တွေ့ပါလိမ့်မယ်။ ဒါကြောင့် Dual Core (Pentium) နဲ့ Core2 Duo ကို နှိုင်းယှဉ်တဲ့အခါမှာ Process Number (Exxxx) တွေကိုပါ အတိအကျသိမှ နှိုင်းယှဉ်လို့ရပါလိမ့်မယ်။

Core2 Duo နဲ့ Core2 Extreme လည်း အလားတူပါပဲ။ ဒါပေမဲ့ မြန်မာပြည်ဈေးကွက်ထဲမှာတော့ Core2 Extreme ကို အတွေ့ရနည်းပါတယ်။

Core2 Duo နဲ့ Core2 Quad ရဲ့ ကွာခြားချက်ကတော့ အရမ်းသိသာပါတယ်။ Core2 Quad က Core လေးခု ပါတယ်လေ။

i7 အကြောင်းကတော့ လေ့လာပြီးပါပြီ။ နောင်အလျဉ်းသင့်မှ ရေးသားဖော်ပြပါဦးမယ်။
စာဖတ်သူများ မှန်ကန်တဲ့ Processor များကို ရွေးချယ်နိုင်ကြပါစေ။

MPT ကို ဒေါသထွက်တယ်

F-secure ကထုတ်တဲ့ Conflicker (သို့) Kido သတ်တဲ့ removable tool ကို download ဆွဲဖို့ ကြိုးစားတယ်။ သူတို့က FTP နဲ့ပဲ ပေးထားတာ။ အခုတစ်ပတ်လောက်အတွင်း ဘယ်လိုဖြစ်တယ်မသိပါဘူး။ လိုချင်တဲ့ဟာတွေ တော်တော်များများက FTP နဲ့ ပေးတာတွေချည်းပဲ ဖြစ်နေတယ်။ ခက်တာက ဒီနိုင်ငံမှာ FTP ကို ပိတ်ထားတယ်။ ဘာကြောင့် ပိတ်မှန်းလည်းမသိဘူး။ ရတယ် ပိတ်ပေါ့။ net2ftp နဲ့ ကျော်တယ်။ ရတော့ရတယ်။ ဒါပေမဲ့ လိုချင်တဲ့ဟာက File size ကြီးနေတော့ net2ftp က လက်မခံဘူး။ အဲဒါနဲ့ပဲ စလုံးမှာရှိတဲ့ အစ်ကိုကြီး၊ အစ်မကြီးတွေကို အကူအညီတောင်းရတယ်။ သူတို့ကို download ဆွဲခိုင်း၊ ပြီးမှ ifile နဲ့ ပြန်တင်ခိုင်းရတယ်။ အလုပ်ကို ရှုပ်သွားတာပါပဲ။ စလုံးနဲ့ မလေးရှားကနေ ကူညီပေးခဲ့တဲ့ friday june, netlynker နဲ့ dirty duck တို့ကို ကျေးဇူးအရမ်းတင်မိတယ်။
နောက်ရက်ကျရင်တော့ အဲဒီ FTP နဲ့ပေးနေတဲ့ ဆော့ဖ်ဝဲတွေကို စာဖတ်သူတွေထဲက တိုက်ဆိုင်သူတွေများရှိရင် ဆွဲရတာလွယ်အောင် http နဲ့ ပြန်တင်ပေးပါဦးမယ်။

September 7, 2009

MPT ရဲ့အပြောင်းအလဲများ

MPT လိုင်းသုံးသူတွေအတွက် အရင်ကလို ygncache.mpt.net.mm ကို သုံးစရာမလိုပဲ no proxy ဖြင့် အင်တာနက် ချိတ်ဆတ်နိုင်သွားပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Direct Connection ပေါ့။ Browser မှာ no proxy ထားပြီး သုံးရုံပါပဲ။ ကောင်းကျိုးကတော့ အရင်ကလို သူတို့ရဲ့ proxy ဒေါင်းတဲ့အတွက် အင်တာနက်လိုင်းကျတာမျိုး မဖြစ်နိုင်တော့ပါဘူး။ no proxy လုပ်ပစ်ရတဲ့အကြောင်းရင်းကိုတော့ အခုထိမသိသေးပါဘူး။ သီအိုရီအရတော့ Proxy ထားခြင်းဟာ site တွေကို မြန်ဆန်စွာကြည့်နိုင်ပါတယ်။ (သူတို့ cache ထဲမှာရှိရင်ပေါ့)

ဒါ့အပြင် ယခင်ပိတ်ထားတဲ့ site တော်တော်များများကိုလည်း ဖွင့်ပေးထားတာကို တွေ့ရပါတယ်။ ဖွင့်ပေးလိုက်တာလား။ မပိတ်သေးတာလားတော့ မသိပါဘူး။ scribd နဲ့ 4shared ဖွင့်ပေးလိုက်တာကိုတော့ တော်တော်ကျေးဇူးတင်ပါတယ်။ 4shared ပွင့်သွားပြီဆိုတော့ နောင်မှာ အိုင်တီမန်းက ပေးတဲ့ download တွေကို 4shared ကနေပဲ ပေးဖို့ စိတ်ကူးထားပါတယ်။ Virus Scan ပါတာရယ်၊ Download count ပြပေးတာရယ်၊ Comments တွေ ပေးလို့ ရတာရယ်ကြောင့်ပါ။

MPT မှာ တစ်ခုခက်တာက Access Denied Page မှာ Reason ထည့်မပေးတာပဲ။ ဘာကြောင့် ပိတ်တယ်ဆိုတဲ့အကြောင်းကတော့ user တွေကို ပြောသင့်တာပေါ့။ Bagan ခေတ်ကောင်းစဉ်က Reason ထည့်ရေးပေးပါတယ်။

Blogger.com ကိုတော့ ယောင်လို့တောင်မှ ဖွင့်ပေးမှာမဟုတ်ဘူးနဲ့တူတယ်။

September 5, 2009

Using Windows XP from Memory Stick

2008 ဖေဖော်ဝါရီတုန်းက တင်ခဲ့ဖူးတဲ့ Windows XP ကို Memory Stick က အသုံးပြုနည်းဟာ စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို အတော်လေးရခဲ့ပါတယ်။ ကျွန်တော်က အီးမေးလ်ပို့လိုက်ပါ၊ အသုံးပြုနည်း PDF ဖိုင်ကို ပြန်ပို့ပါ့မယ်လို့ ရေးထားလို့ မေးလ်ပို့ပြီး တောင်းတဲ့သူတွေလည်း မနည်းပါဘူး။ တချို့တွေကိုတော့ reply လုပ်နိုင်ပေမဲ့ တချို့တွေကိုတော့ reply မလုပ်နိုင်ခဲ့ပါဘူး။ အခုအချိန်ထိလည်း စိတ်ဝင်စားတဲ့သူတွေရှိနေတဲ့အတွက် နည်းနည်းပြန် modify လုပ်ပြီး PDF နဲ့မလုပ်တော့ပဲ ပို့စ်အနေနဲ့ပဲ တင်လိုက်ပါတယ်။

တချို့ကတော့ Windows XP ကို Memory Stick ကနေ တင်ချင်တာလို့ တောင်းဆိုကြပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက်တော့ ရှာကြည့်ပါသေးတယ်။ စမ်းလည်းစမ်းကြည့်ပါသေးတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး။ Windows Vista နဲ့ Windows 7 ကိုတော့ AskVG ကထုတ်တဲ့ Bootable USB ကိုသုံးပြီး Stick ကနေ တင်လို့ ရအောင် လုပ်လို့ရပါတယ်။

အခုနည်းလေးက Windows XP ကို Stick ကနေသုံးနည်းပါ။ တကယ်တမ်းပြောရရင် Windows XP လို့ ပြောတာထက် BartPE လို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။ ပြီးတော့ ဒီနည်းလေးနဲ့ Hard Disk ထဲမှာရှိနေတဲ့ XP ကို ပစ်ပြီး Stick ထဲက Windows နဲ့ ကွန်ပျူတာကို အသုံးပြုဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ Troubleshooting လုပ်တာ၊ ဗိုင်းရပ်စ်သတ်တာတွေလောက်ပဲ အသုံးဝင်ပါလိမ့်မယ်။

ပြီးတော့ အခုလိုမျိုး Stick ထဲက Windows ကို ခဏခဏသုံးမယ်ဆိုရင် Memory Stick မြန်မြန်ပျက်ဖို့ အခွင့်အလမ်း များပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုးလုပ်ခြင်းဟာ Stick ကို read/write cycle တွေ တိုးလာစေလို့ပါပဲ။

ပြီးတော့ အောက်မှာ ကျွန်တော်ပြောထားတဲ့နည်းအတိုင်း လုပ်ကြည့်လို့ ကျိန်းသေပေါက်ရပါ့မယ်လို့ ကျွန်တော် အာမမခံရဲပါဘူး။ ကျွန်တော်ကတော့ ဒီနည်းအတိုင်းလုပ်တာ ရပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းရဲ့ နောက်ဆက်တွဲ ပြဿာနာတွေ၊ ဒီအတိုင်းလုပ်တာပဲ လုပ်မရလို့ဆိုပြီး အီးမေးလ်ပို့ပြီး မေးတာတွေကို ကျွန်တော် လုံးဝ ဖြေကြားပေးမှာ မဟုတ်ပါဘူး။


လိုအပ်ချက်များ
၁။ USB 2.0 Memory Stick (2GB)
၂။ Windows XP CD (SP2 or Higher)
၃။ PE Builder 3.1.1.0a
၎။ PeToUSB 3.0.0.7

Installation Process

၁။ PE Builder ကို Download လုပ်ပါ။ ထို့နောက် Install လုပ်ပါ။
၂။ PE Builder ကိုဖွင့်ပါ။
၃။ Windows XP CD ကို CD Drive ထဲသို့ထည့်ပါ။ PE Builder ၏ Main Screen ရှိ Source နေရာတွင် XP ခွေ ထည့်ထားသော CD Drive ကိုရွေးပါ။ Output ကို မပြောင်းလဲဘဲထားပါ။ Media Output ကို None မှာ ထားပါ။ Burn to CD/DVD ကို uncheck လုပ်ထားပါ။ ပြီးရင်တော့ Build ကိုနှိပ်လိုက်ပါ။
၎။ PE Builder မှ Windows ခွေအတွင်းမှ ဖိုင်များကို ကူးယူသော လုပ်ငန်းစဉ်ကို ပြီးဆုံးအောင် စောင့်ပါ။ အကယ်၍ Warning နှင့် Error များတက်ပါက အခြား Windows ခွေနှင့်ပြောင်းစမ်းပါ။
၅။ အသုံးပြုမည့် Memory Stick ကို ကွန်ပျူတာမှာ တပ်ဆင်ပါ။
၆။ PEtoUSB ကို Download လုပ်ပါ။ Extract လုပ်ပါ။ PEtoUSB.exe ကိုဖွင့်ပါ။
၇။ Destination Drive တွင် USB Removable ကိုရွေးပါ။ အောက်မှ list box ထဲတွင် မိမိတပ်ဆင်ထားသော Memory Stick ကိုရွေးပါ။
၈။ Enable Disk Format ကို Check လုပ်ပါ။ Quick Format ကို Check လုပ်ပါ။ ပြီးတာနဲ့ Start ကိုနှိပ်ပါ။
၉။ Continue လို့မေးရင် Yes ကိုရွေးပါ။
၁၀။ Format လုပ်နေတာကို ပြီးအောင် စောင့်ပါ။
၁၁။ Operation Completed Successfully ဆိုရင် OK ကိုနှိပ်ပါ။
၁၂။ Source Path to Build BartPE/WinPE Files: နေရာတွင် C:\pebuilder3110a\BartPE ကိုရွေးပါ။ Enable File Copy ကိုရွေးထားပါ။ Dropdown menu ထဲက overwrite always ကိုရွေးထားပါ။
၁၃။ ပြီးရင် Start ကိုနှိပ်လိုက်ပါ။ Installation လုပ်နေပါပြီ။
၁၄။ Operation Completed Successfully လို့ပေါ်လာရင် OK ကိုနှိပ်လိုက်ပါ။ PeToUSB ကိုပိတ်လိုက်ပါ။

BIOS ထဲတွင် USB မှ Boot တက်စေရန်အတွက် ပြင်ဆင်ခြင်း

ကွန်ပျူတာကို ပိတ်လိုက်ပါ။ အခု USB Stick ကို တပ်ဆင်ပါ။ ပြီးရင် ကွန်ပျူတာကို ဖွင့်ပါ။ BIOS ထဲသို့ ၀င်ပါ။ First Boot Device တွင် USB ကိုရွေးပါ။ အကယ်၍ USB ကိုမတွေ့ပါက Motherboard သည် USB မှ boot တက်မပေးနိုင်သောကြောင့် ဖြစ်သည်။ Boot Other Device ကို Disable ပေးပါ။ Save လုပ်ပြီး BIOS ကနေ ထွက်ပါ။ Restart ဖြစ်သွားပြီးနောက် သင့်ကွန်ပျူတာသည် USB Stick လေးမှ တစ်ဆင့် Windows တက်လာသည်ကို မြင်တွေ့ရပါလိမ့်မည်။

September 1, 2009

အရေးကြီးတဲ့ဖိုင်တွေ ပျက်သွားတဲ့အခါ

တကယ်လို့များ ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ဖိုင်တစ်ဖိုင်ကို မှားဖျက်မိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ကွန်ပျူတာထဲကို နောက်ထပ်ဖိုင်အသစ်ထပ်ထည့်တာတွေ၊ ဖိုင်တွေထပ်ဖျက်တာတွေ လုံးဝ မလုပ်မိပါစေနဲ့။ အဲဒီလိုသာလုပ်မိရင် မှားဖျက်မိတဲ့ဖိုင်လေး ပြန်ရဖို့ အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။

ဖျက်မိလိုက်ချင်းဘဲ မှားဖျက်မိတယ်ဆိုတာကို သိရင် Free ပေးတဲ့ Recuva ကိုသုံးပြီး ပြန်ရှာလို့ရပါတယ်။ လက်တွေ့စမ်းသပ်ပြီးသားပါ။ တကယ်ကောင်းပါတယ်။

အဲဒီလိုပါပဲ။ Memory Stick ထဲကဖိုင်တွေ၊ MP4 ထဲက File တွေ၊ Digital Camera ထဲကဖိုင်တွေ မှားဖျက်မိတယ် ဆိုရင်လည်း နောက်ထပ် ဓာတ်ပုံတွေ ထပ်ရိုက်တာတို့ ဖိုင်အသစ်ထည့်တာတို့သာ မလုပ်မိပါစေနဲ့။ Recuva နဲ့ ပြန်ယူလို့ရနိုင်ပါသေးတယ်။

တခါတလေကျတော့ ဗိုင်းရပ်စ်ကြောင့် ဖိုင်တွေ၊ဖိုလ်ဒါတွေက ပျောက်သွားတတ်ပါတယ်။ ပျက်သွားတာ မဟုတ်ပါဘူး။ အဲဒီအခါမှာ XYPlorer ကိုသုံးပြီး Hidden ဖြစ်နေတာတွေကို မြင်တွေ့နိုင်ပါတယ်။ ပြီးရင် ပြန်ဖော်လို့ ရပါတယ်။

နောက် Recovery Software တွေမှာ ကွာခြားချက်တွေရှိပါသေးတယ်။ တချို့က FAT32 မှာပဲ ကောင်းကောင်း အလုပ်လုပ်တယ်။ တချို့က NTFS မှာ ကောင်းတယ်။ အခုအချိန်မှာတော့ HDD တိုင်းဟာ NTFS ဖြစ်နေပါပြီ။ NTFS အတွက်တော့ Active Undelete က ကောင်းပါတယ်။ Active က ထုတ်သမျှကတော့ အကောင်းတွေ ချည်းပါပဲ။ သူတို့ရဲ့ Product တွေအကြောင်းနဲ့ NTFS အကြောင်းကို www.ntfs.com မှာ သွားကြည့်နိုင်ပါတယ်။

Memory Stick တွေ Memory Card တွေထဲက ဖိုင်တွေ မှားဖျက်မိတယ်ဆိုရင်တော့ Active ရဲ့ Product တွေ သုံးလို့မရပါဘူး။ ပုံတွေပြန်ရှာဖို့အတွက်တော့ PhotoRescue ကို သုံးလို့ရနိုင်ပါတယ်။ တခြားဖိုင် အမျိုးအစားဆိုရင်တော့ Pandora Recovery ကို အသုံးပြုနိုင်ပါတယ်။ (စမ်းမကြည့်ဘူးပါ။ ဒါပေမဲ့ site တော်တော်များများက ညွှန်းကြပါတယ်။ ပြီးတော့ Freeware လည်းဖြစ်ပါတယ်)

August 31, 2009

IT Men Subscriptions in Google Reader (Reload)

ifile မှာ login မ၀င်ဘဲ တင်လိုက်လို့ Link က expire ဖြစ်သွားတယ်။ အခုတော့ google pages နဲ့ ပြန်တင်ပေးလိုက်ပါတယ်။ pages က ပိတ်တော့မှာသာ ပြောတာ အခုထိတော့ သုံးရနေတုန်းပဲ။ တကယ်ပိတ်တော့မှပဲ pages နဲ့ ပေးထားတဲ့ link လေးတွေကို ပြန်ပြောင်းလိုက်တော့မယ်။ တကယ်တမ်းကျ pages က download လုပ်ရတဲ့သူတွေအတွက်ကျ အရမ်းအဆင်ပြေတယ်လေ။ verification တွေ waiting တွေ လုပ်စရာမလိုဘူးမလား။

Download IT Men Subscriptions

August 29, 2009

IT Men Subscriptions in Google Reader

Google Reader နဲ့ ကျွန်တော်ဖတ်နေတဲ့ Feed တွေကို Share ပေးလိုက်ပါတယ်။ အိုင်တီနဲ့ပတ်သတ်တဲ့ မြန်မာ Blog တွေ၊ Website တွေ အများကြီးပါပါတယ်။ အောက်မှာပေးထားတဲ့ XML ဖိုင်လေးကို download ဆွဲပါ။ ပြီးရင် Google Reader ကိုဖွင့်ပြီး Manage Subscriptions ကိုသွားပါ။ ပြီးရင်တော့ Import/Export>Select an OPML file မှာ Browser ကိုနှိပ်ပြီး အခုဖိုင်လေးကို ရွေးပေးပါ။ ပြီးရင် Upload ကိုနှိပ်ပါ။ ဒါဆိုရင် စပြီး ဖတ်လို့ရပါပြီ။

http://ifile.it/q9s1xyh

August 28, 2009

Kido ရန်က ကာကွယ်ပါ

တစ်သက်မမေ့နိုင်တဲ့ Worm လေးတစ်ကောင်ပေါ့ဗျာ။

သူ့နာမည် အပြည့်အစုံက net-worm.win32.kido.ih တဲ့။ ဒါပေမဲ့ အလွယ်တကူ kido လို့ ခေါ်ကြပါတယ်။ ဂျပန် နာမည်လေးနဲ့တူတယ်နော်။ လက်ရှိ မြန်မာပြည်မှာ အပျံ့နှံဆုံးဖြစ်နေတဲ့ Worm လေးပေါ့။

သူအကိုက်ခံရပြီဆိုရင် စက်လေးတာတွေ ဘာတွေတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ network traffic တွေ အရမ်း ကျပ်သွားပါတယ်။ download တွေ သူ့အလိုလို ကောက်ဆွဲပါတယ်။ Network တစ်ခုလုံးကိုလည်း စက္ကန့်ပိုင်းအတွင်း ပျံ့သွားပါတယ်။ kido အကိုက်ခံတဲ့စက်ကို Memory Stick ထိုးလိုက်ရင် အဲဒီ Stick ထဲကို Recycler ဆိုတဲ့ Hidden Folder လေးတစ်ခုကို Kido ဟာ သူနေထိုင်ဖို့ တည်ဆောက်လိုက်ပါတယ်။ Kido အကြောင်း အသေးစိတ်ရှင်းလင်းချက်ကို ဒီမှာ ဖတ်နိုင်ပါတယ်။

Kaspersky 2009 ဟာ Kido ကို သိရုံပဲသိပြီး treated မလုပ်နိုင်ပါ။ Kaspersky 7 ကတော့ သတ်နိုင်ပါတယ်။ (ဘာကြောင့်မှန်းတော့မသိပါ)

စာဖတ်သူ ပီစီလေးလည်း kido လေး ၀င်နေပြီလား။ မ၀င်သေးဘူးဆိုရင်တော့ ကံကောင်းတယ်ပြောရမှာပေါ့။ (ကျွန်တော်ကတော့ ခံလိုက်ရပြီးပြီ) ဒါကြောင့်မို့ Antivirus ကို update လုပ်ထားပါတယ်။ နောက် အရေးအကြီးဆုံးတစ်ခုက Microsoft က kido ရန်က ကာကွယ်ဖို့ဆိုပြီး Patch လေးတစ်ခု ထုတ်ထားပါတယ်။ အဲဒါလေးကို download ဆွဲပြီး ကိုယ့်စက်မှာ install လုပ်ထားလိုက်ပါ။ Kido ရန်ကနေ ကျိန်းသေပေါက် ကာကွယ်နိုင်ပါတယ်။ (စမ်းသပ်ပြီးသားပါ)

August 27, 2009

Download သမားများ သတိပြုဖွယ်ရာ

ကျွန်တော် ဟိုတစ်နေ့က ဆော့ဖ်ဝဲတစ်ခုကို 4shared ကနေရှာပြီး download လုပ်မလို့ ကြံပါတယ်။ ဒါပေမဲ့ File size ကို ကြည့်လိုက်တော့ အတော်လေး ကြီးနေတယ်။ မသင်္ကာတာနဲ့ အဲဒီဆော့ဖ်ဝဲလ်ကို ထုတ်လုပ်တဲ့ မူရင်း Website မှာသွားကြည့်လိုက်တော့ size က အဲဒီလောက်မရှိဘူး။ Version က လုံးဝတူတယ်။ Major version ရော minor version နဲ့ build number ပါတူတယ်။ စဉ်းစားစရာပဲနော်။

နောက်တစ်ခုက 4shared က အကြောင်ရိုက်တဲ့ကိစ္စ။ သူ့ဆီကနေ download ဆွဲရင် No virus detected တွေ ဘာတွေနဲ့ လျှောက်ပြောတယ်ဗျ။ download ဆွဲပြီးလို့ ကိုယ့်စက်မှာ တင်ထားတဲ့ Kaspersky လေးနဲ့ စစ်လိုက်တော့ လားလား Trojan နှစ်ကောင်တောင်တွေ့တယ်။

ဒါကြောင့် စာဖတ်သူတို့လည်း software တွေကို download ဆွဲရင် အဲဒီ software ကိုထုတ်တဲ့ မူရင်း company ရဲ့ website ကနေပဲ ဆွဲပါ။ အကျိုးကျေးဇူးက Virus တွေ၊ Trojan တွေ ပါလာမှာမဟုတ်ဘူး။ ပြီးတော့ download speed ပိုမြန်လိမ့်မယ်။ ပြီးတော့မှ Crack တွေ Keygen တွေကို တခြား site တွေကနေ သက်သက်ရှာကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

August 26, 2009

Naevius USB Antivirus 2.1


Naevius USB Antivirus 2.1

လူသုံးများနေတဲ့ USB Disk Security လို ဆော့ဖ်ဝဲလ်တစ်ခုပါ။ ဒါပေမဲ့ USB Disk Security ထက် ပိုပြီး ကောင်းပါတယ်။ ဘယ်နေရာ ပိုကောင်းသလဲဆိုတော့ USB Disk Security က USB Stick ထိုးလိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ပါတယ်ဆိုရင် ပါတဲ့အကြောင်း သတိပေးပါတယ်။ user က ကိုယ့်ဘာသာကို Delete လုပ်ပေးရပါတယ်။ အခု Naevius ကတော့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ပါတဲ့ Memory Stick ထိုးလိုက်ရင် အဲဒီဗိုင်းရပ်စ်ကို အလိုလို ဖျက်ပစ်ပါတယ်။

ပြီးတော့ သူ့မှာ USB Protect ဆိုတဲ့ Function လေးတစ်ခုပါပါတယ်။ သူကဘာလဲဆိုတော့ ကျွန်တော်တို့ Memory Stick ထဲကို ဗိုင်းရပ်စ်မ၀င်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒါကြောင့်မို့ ဗိုင်းရပ်စ်ရှိတဲ့စက်မှာ Stick သွားထိုးလည်း ဗိုင်းရပ်စ်မကူးနိုင်တော့ပါဘူး။ ဒါပေမဲ့ အဲဒီလို Protect မလုပ်သေးခင် Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို အရင်ယူထားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ Protect လုပ်တဲ့အခါမှာ Stick ထဲမှာ ရှိသမျှ data တွေအကုန်လုံးကို ဖျက်ပစ်တာမို့ပါ။

တကယ်ကောင်းတာမို့ ဗိုင်းရပ်စ်ရန်က ကင်းဝေးလိုသူတိုင်း အသုံးပြုစေချင်ပါတယ်။
Download Naevius USB Antivirus 2.1

August 24, 2009

ချဲဆော့ဖ်ဝဲလ်

သူငယ်ချင်းတစ်ယောက်က မေးတယ်။ မင်းဆီ ချဲဆော့ဖ်ဝဲလ်ရှိလားတဲ့။ ကျွန်တော်က ရှိဘူးဟလို့ ပြောလိုက်တယ်။ မင်းက ဘယ်က ကြားလာတာလဲလို့ မေးတော့ သူက ချဲဆော့ဖ်ဝ်လ်ထွက်နေတယ်တဲ့၊ install လုပ်တာကိုတောင် ငွေခြောက်သိန်းယူတယ်လို့ ကြားတယ်တဲ့။ installer ကိုတောင် မပေးဘူးတဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ ချဲဆော့ဖ်ဝဲ..ငွေခြောက်သိန်း..ငွေခြောက်သိန်း..ချဲဆော့ဖ်ဝဲ

အဲဒါနဲ့ ကျွန်တော်လည်း လိုက်ပြီးစုံစမ်းကြည့်မိပါတယ်။ အဖြစ်က ဒီလိုဗျ။

Software သုံးရခြင်းရဲ့ရည်ရွယ်ချက်က Slip ကိုဖျောက်ချင်လို့တဲ့။ လက်ထဲမှာ Slip တွေ့ရုံနဲ့ကို ဖမ်းဆီးလို့ ရတာကိုး။ အခုကျတော့ Slip တွေမသုံးတော့ပဲနဲ့ ဆော့ဖ်ဝဲနဲ့ပဲ အလုပ်လုပ်ကြတယ်တဲ့။

ကျွန်တော်သိရသလောက်တော့

ချဲဒိုင်ဟာ Laptop ရယ်၊ Printer အသေးလေးတစ်လုံးရယ်၊ Memory Stick ရယ်ဝယ်ရတယ်တဲ့။ ပြီးရင် မန္တလေးမှာရှိတဲ့ ကွန်ပျူတာစင်တာ တစ်ခုမှာ ချဲဆော့ဖ်ဝဲလ်ကို ငွေခြောက်သိန်းပေးပြီး ထည့်ရတယ်တဲ့။ အဲဒါတောင်မှ Laptop ကို လူရှင်းတဲ့နေရာ ယူသွားပြီး ထည့်တယ်ဆိုပဲ။

အဲဒီ ချဲဆော့ဖ်ဝဲက သူတို့ပေးထားတဲ့ Memory Stick ထိုးမှပဲ ဖွင့်လို့ရတယ်ဆိုပဲ။ ဆော့ဖ်ဝဲတွေက Myanmar version ရော၊ English version ရော ရှိတယ်တဲ့။ ချဲဒိုင်ဟာ အဲဒီဆော့ဖ်ဝဲထဲမှာ သူ့ဆီလာထိုးတဲ့ ထိုးသားတွေရဲ့ ချဲနံပါတ်တွေကို ရိုက်ထည့်ရတယ်တဲ့။ Save နှိပ်လိုက်တာနဲ့ အဲဒီနံပါတ်တွေက Memory Stick ထဲ ရောက်သွားတယ်နဲ့ တူပါတယ်။ ဒါ့အပြင် ရှင်းတမ်းကို Print ထုတ်တာတို့၊ ကြွေးကျန် တွက်တာတို့ စတာတွေကိုပါ လုပ်နိုင်သေးတယ်ဆိုပဲ။

အဲဒီချဲဒိုင်က သူ့ရဲ့အထက်ဒိုင်ဆီသွားရင် Memory Stick လေးပဲ ယူသွားရုံပဲတဲ့။ အထက်ဒိုင်ကလည်း သူ့ကွန်ပျူတာမှာ အဲဒီ Stick လေးထိုးပြီး စာရင်းတွေ ဘာတွေကြည့်၊ ငွေပေးငွေယူတွေ လုပ်ကြတယ်ဆိုပဲ။

အဲဒီချဲဒိုင်အိမ်ကို ရဲက ၀င်စစ်တဲ့အခါမှာဆိုရင် ချဲဒိုင်က Memory Stick လေးကိုပဲ ဖျက်ဆီး ပစ်လိုက်တယ်ဆိုပဲ။ ရဲက ကွန်ပျူတာကို ဖွင့်ရှာလည်း ဘာမှ မတွေ့နိုင်တော့ဘူးတဲ့။

တစ်လုံးလို့ခေါ်တဲ့ ဘောလုံးလောင်းကစားအတွက်လည်း ဆော့ဖ်ဝဲရှိတယ်ဆိုပဲ။ နှစ်လုံးရယ်၊ သုံးလုံးရယ်ကတော့ ဆော့ဖ်ဝဲထဲမှာပဲ 2D နဲ့ 3D ဆိုပြီး ပါတယ်တဲ့။

အခု ချဲဒိုင်လုပ်မဲ့လူတွေက အရင်ဆုံး ကွန်ပျူတာဝယ်ကြတယ်ဆိုပဲ။ စာဖတ်သူတွေထဲကများ ကွန်ပျူတာ ၀ယ်ပေးနေကျ သူတွေများရှိရင် သတိထားပေါ့။ ကျွန်တော်ကတော့ အခုအချိန်ကစပြီး ကွန်ပျူတာဝယ်ချင်လို့ပါ ဆိုပြီး လာတဲ့သူမှန်သမျှကို ဘာအတွက် ၀ယ်မှာလဲလို့ ပွင့်ပွင့်လင်းလင်း မေးရတော့မှာပဲ။ ချဲအတွက် ဆိုရင်တော့ နိုး နိုး လူမိုက်အားပေးတာတော့ မလုပ်နိုင်ဘူးလို့ ပြောရမှာပဲ။

ကဲ..အဖြစ်ကတော့ မနှစ်ကနဲ့မတူတော့တာတော့ အမှန်ပဲခင်ဗျာ။

August 23, 2009

Window က ဖျက်မရတဲ့ autorun.inf တည်ဆောက်ခြင်း

အရင် post မှာ ကျွန်တော် ရေးခဲ့သလိုပေါ့ NUL, CON, AUX, PRN, COM0, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT0, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9 ဆိုတဲ့နာမည်တွေဟာ သာမန်ဆောက်လို့ မရနိုင်သလို ဖျက်လို့လဲမရနိုင်ပြန်ဘူး
ဒီတော့ ကျွန်တော် စဉ်းစားမိတာလေး တစ်ခုပေါ့ဗျာ share လုပ်ပေးလိုက်ပါတယ်

flash drive တွေမှာ autorun.inf ဆိုတဲ့ autorun လုပ်စေတဲ့ file လေးသာမန် ဖျက်မရနိုင်အောင် ဖန်တီးထားလိုက်ရင် တော်ရုံတန်ရုံ virus လောက်တော့ ကာကွယ်နိုင်မယ် လို့ထင်ပါတယ် command prompt ထဲက md ဆိုတဲ့ command လေးက make directroy(folder) ပါ ဒီတော့ autorun.inf ဆိုတဲ့ နာမည် ကို ကျွန်တော်က folder name လုပ်လိုက်တယ် "autorun.inf" folder ပေါ့ဗျာ သူ့ထဲမှာမှ con ဆိုတဲ့ folder လေးထပ်ဆောက်လိုက်တယ် ဘာလို့လဲဆိုတော့ con folder ကို သာမန် ဖျက်လို့ မရဘူး ဒီတော့ သူကိုထည့်ထားတဲ့ autorun.inf ကိုလဲ ဖျက်လို့ မရနိုင်တော့ဘူးပေါ့
start>run>cmd
change ur drive name (eg. J:)
md autorun.inf
md \autorun.inf\con\
ဖျက်ချင်ရင်
rd \autorun.inf\con\

NUL, CON, AUX, PRN, COM?, LPT? နာမည်တွေနဲ့ ကစားခြင်း

ဒီ post လေးကိုမဖတ်ခင် သင့် computer (Microsoft Window တင်ထားသော) ထဲကတစ်နေရာရာမှာ အောက်မှာပေးထားတဲ့ name တွေထဲက နာမည်တစ်ခုခုနဲ့ file name ဒါမှမဟုတ် folder name ပေးပြီး တည်ဆောက်ကြည့်ပါ။
NUL, CON, AUX, PRN, COM0, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT0, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9
ရကြရဲ့လားဗျာ ကျွန်တော်တော့ ရဘူး၊ တနေ့ အစ်ကိုတစ်ယောက်က ကျွန်တော့ကို con ဆိုတဲ့ folder လေး ဆောက်ခိုင်းကြည့်တယ် ဘယ်လိုမှ မရခဲ့ဘူး
ဒါနဲ့ ထုံးစံအတိုင်း Internet ဆိုင်ပြေးရှာတာပေါ့ဗျာ ဘာရမလဲ ဟဲဟဲ
ခုတော့တွေ့ပါပြီ၊ ရှင်းပါတယ် system က သုံးနေတဲ့ နာမည်တွေဖြစ်လို့ပါ ပိုပြီးအတိအကျ ပြောရရင်တော့ System Device Driver အတွက် window စပြီဆိုတာနဲ့ memory ထဲမှာနေရာယူထားပြီးသားမို့ပါ
CON - Keyboard and display (console)
PRN - System list device, usually a parallel port
AUX - Auxiliary device, usually a serial port
NUL - Bit-bucket device
COM1 - First serial communications port
COM2 - Second serial communications port
COM3 - Third serial communications port
COM4 - Fourth serial communications port
LPT1 - First parallel printer port
LPT2 - Second parallel printer port
LPT3 - Third parallel printer port
မရတဲ့ဟာကို ရအောင် ကြိုးစားနည်းလမ်းရှာကြရအောင် Alt+255 တို့ Alt+0160 တို့ကတော့ ရိုးလွန်းပါတယ် command prompt ထဲကနေ လိုချင်တဲ့ နေရာ (path) ကိုရောက်အောင်သွား ဥပမာ- desktop ပေါ်လိုချင်ရင် C:\Documents and Settings\Administrator\Desktop> md con\ ဆိုရင်တော့ administrator ရဲ desktop မှာ con ဆိုတဲ့ folder လေးကို ဆောက်နိုင်ပါတယ် နောက်ဆုံးကနေ backslash (\) လေးထည့်ဖို့တော့မမေ့နဲ့နော်
md \\.\c:\con လည်းရပါတယ် ( \\.\ ဆိုတာကတော့ symbolizes local system ပါ၊ c:\con ကတော့ path )
ပြန်ဖျက်ချင်ရင်လည်း rd con\ rd \\.\c:\con နဲ့ ဖျက်နိုင်ပါတယ် ရိုးရိုးဖျက်လို့တော့ ရမှာမဟုတ်ပါဘူး

Convert X to DVD



ကိုသူရိန်ကနေပြီး VCD, DVD ပြောင်းတဲ့ဆောဖ်ဝဲလ် အကြောင်းပြောတော့ ကျွန်တော်လည်း တစ်ခုဝင်ပြောတာပေါ့။ software နာမည်က Convert X to DVD ပါတဲ့။ နာမည်အတိုင်းပဲ ဘယ် Video format ကနေမဆို DVD အဖြစ်ပြောင်းနိုင်ပါတယ်။
DVD ရဲ့ Menus တွေမှာ Background picture, background music ထည့်တာတွေ၊ subtitle ဖိုင်ပေါင်းထည့်တာတွေ ကိုလုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ မိနစ် 90 ကျော်လောက်စီရှိတဲ့ avi Movie ဖိုင် ၅ ဖိုင်ကို ရိုးရိုး DVD-5 တစ်ချပ်ထဲမှာ ဒီဆော့ဖ်ဝဲလ် သုံးပြီးထည့်ပါတယ်။ DVD Player နဲ့ပြန်ကြည့်တဲ့ အခါမှာ မူရင်းဖိုင်လောက် ကြည်ကြည်လင်လင်ရှိပါတယ်။
သူ့ရဲ့ website မှာဒီလိုပြောထားပါတယ်။
  • Create DVD menus with different templates available, possibility to add background video, image or audio, have chapter and audio/subtitle menus
  • Conversion advisor wizard, control of the conversion speed vs. quality
  • Fast and quality encoder, typically less than 1 hour for converting 1 movie, and supports Multi-Core processors!
  • Included burning engine with burn speed control choice of SAO or packet writing methods, supports all DVD formats
  • Custom and or automatic chapter creation with markers and preview window
  • Advanced file merging possibilities
  • Audio formats supported internal and external: AC3, DTS, PCM, OGG, MP3, WMA and more... Select audio output format.
  • Subtitles files supported internal and external: SRT, .SUB/IDX, .SSA, opensubtitles, dvbsub with color and font selection, and supports tags like italic, bold, turn on/off with DVD player remote control
  • Video output for video standard (NTSC, PAL), TV Screen (Widescreen 16:9, Fullscreen 4:3) and DVD Resolution (Full D1, Broadcast D1, Half D1, SIF), or choose automatic for all choices listed above. Also convert video from NTSC to PAL or PAL to NTSC
  • Video post processing settings like video resize-pad/cropping and de-interlacing options

စိတ်ဝင်စားရင် http://www.vso-software.fr/products/convert_x_to_dvd/ မှာကြည့်နိုင်ပါတယ်။
ဆော့ဖ်ဝဲလ် Key ကိုတော့ ဒီမှာ ဒေါင်းလုပ်နိုင်ပါတယ်။
software version ကတော့ 3.8.0.193c Final ဖြစ်ပါတယ်။

August 22, 2009

Cyberlink PowerProducer 5


ကျွန်တော်သတိထားမိသလောက် စက်ထဲမှာရှိတဲ့ Video ဖိုင်ကို Nero နဲ့ VCD ခွေအဖြစ် Burn ရင် Quality က ဆိုးဆိုးရွားရားကို ကျသွားတယ်။ သူက ဘာကြောင့်မှန်းမသိဘူး။ ကျွန်တော်က 400 MB လောက်ရှိတဲ့ ဖိုင်တစ်ဖိုင်ထည့်လိုက်ရင် သူက 350 လောက်အဖြစ် အလိုလိုချုံ့ပစ်လိုက်ရော။ ချုံ့လိုက်မှတော့ quality က ကျရောပေါ့လေ။ အဲဒါနဲ့ Nero လို မူရင်းဖိုင်ကို မချုံ့ဘဲနဲ့ မူရင်းဖိုင်အတိုင်း VCD အဖြစ် Burn ပေးနိုင်တဲ့ software ကို ရှာနေတာ တော်တော်လေးကြာခဲ့ပါပြီ။ အခုတော့ တွေ့ပါပြီဗျာ။ Cyberlink PowerProducer တဲ့။ Interface ကလည်း ကောင်းတယ်။ မြန်လည်းမြန်တယ်။ VCD, DVD burn လို့ရတယ်။ ပြီးတော့ Sileshow တွေလည်း လုပ်လို့ရသေးတယ်။ စိတ်ဝင်စားရင် သုံးကြည့်လိုက်လေ။

Myanmardaily.net


Myanmardaily.net.. The first Myanmar RSS News portal တဲ့။ အင်တာနက်ပေါ်က မြန်မာ blog တွေ၊ site တွေရဲ့ Feed ကို စုစည်းဖော်ပြထားတဲ့ site တစ်ခုပါ။ user တွေအနေနဲ့ site တွေ blog တွေ အများကြီးကို လိုက် ကြည့်စရာမလိုတော့ဘဲ ဒီ site ကနေပဲ ကိုယ်ကြည့်နေကျ ဆိုဒ်တွေဟာ update ဖြစ်လား မဖြစ်လားဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် Category တွေကိုလည်း ခွဲခြားထားပေးပါသေးတယ်။
ကျွန်တော်လည်း အရင်တုန်းက ဒါမျိုး site လေးတစ်ခုလုပ်ဖို့ အကြံရပြီး ရေးခဲ့ဖူးပါတယ်။ ပြီးခါနီးမှ Google Reader ကြီးပေါ်လာလို့ မလုပ်တော့ပဲ ပစ်ထားခဲ့ရဖူးတယ်။ အခု myanmardaily.net ကတော့ Google Reader နဲ့တော့ မတူပါဘူး။ ဒါပေမဲ့ Google Reader လိုမျိုး ဘယ် Feed တွေ ထည့်ရမှာပါလိမ့်ဆိုပြီး စဉ်းစားစရာ မလိုတော့ဘူးလေ။ ကောင်းနိုးရာရာ site တွေကို သူတို့က အချိန်တွေပေးပြီး ရှာဖွေထားတယ်၊ Feed တွေကို ပြန်လည်ဖော်ပြခြင်းပြုလုပ်လိုက်တာပါပဲ။
Site ကို ပိုပြီးကောင်းမွန်လာအောင် ပြုလုပ်ဖို့တော့ လိုပါသေးတယ်။ အထူးသဖြင့်တော့ design ပိုင်းပဲ။ ဆွဲဆောင်မှုရှိတဲ့ Web design မဟုတ်သေးဘူး။ ပြီးတော့ searching ပိုင်းမပါသေးဘူး။ အဲ… ပြောရင်းနဲ့ ပိုများလာလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်ဗျာ ကြိုဆိုတယ်.. ချီးကျူးတယ် ရေရှည်တည်တံ့ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

August 19, 2009

Why should you use Windows 7


အခုအချိန်မှာ ကွန်ပျူတာတစ်လုံး ၀ယ်သုံးမယ်ဆိုရင် သေချာတာကတော့ CPU ဟာ Dual Core သို့မဟုတ် Core2 Duo ဖြစ်မှာ အသေအချာပါပဲ။ အများသိတဲ့အတိုင်း Intel ဟာ Pentium 4 ပြီးတော့ Pentium D ကို ထုတ်လုပ်ခဲ့ပါတယ်။ Pentium 4 ဟာ 32 bit CPU အမျိုးအစားဖြစ်ပြီး Pentium D ဟာ 64 bit CPU အမျိုးအစားပါ။ 32 bit တွေ 64 bit တွေဆိုတာကတော့ CPU ထဲမှာပါတဲ့ register တွေရဲ့ အရွယ်အစားကို ပြောတာပါ။ CPU တိုင်းဟာ Process လုပ်တိုင်းလုပ်တိုင်း register တွေကို အသုံးပြုရပါတယ်။ ဥပမာအားဖြင့် ကွန်ပျူတာကို သုံးနဲ့ လေးနဲ့ မြှောက်ခိုင်းတယ်ဆိုပါစို့။ သုံးဆိုတဲ့ ဂဏန်းကို register တစ်ခုထဲမှာ ထည့်ရပါတယ်။ နောက် လေးဆိုတဲ့ ဂဏန်းလေးကို နောက် register တစ်ခုထဲမှာ ထည့်ရပါတယ်။ အဲ..မြှောက်လို့ရလာတဲ့ အဖြေကိုတော့ တတိယ register ထဲမှာ ထည့်လိုက်ပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် CPU ရဲ့ register အရွယ်အစားကြီးလေ data အများကြီးကို တပြိုင်တည်း တွက်ချက်နိုင်လေပါပဲ။

ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက ကျွန်တော်တို့တွေဟာ Pentium D တွေ Dual Core တွေလို 64bit hardware တွေကို အသုံးပြုနေကြပေမဲ့ OS က Windows XP လို 32 bit OS ဖြစ်နေခြင်းပါ်။ Windows XP ဟာ 32 bit ထိပဲ အလုပ်လုပ်နိုင်တာကြောင့် hardware က 64 bit ဖြစ်ပေမယ့်လည်း သူကတော့ အပြည့်အ၀ မခိုင်းနိုင်ပါဘူး။ ဒါကြောင့်မို့ လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ hardware တွေနဲ့ ကိုက်ညီတဲ့ OS ဟာ 64 bit OS တွေပါပဲ။ ကျွန်တော်တို့ အသုံးပြုနေတဲ့ 64 bit hardware ပစ္စည်းတွေရဲ့ အစွမ်းကို အပြည့်အ၀ခံစားရဖို့အတွက် ကျွန်တော်တို့တွေ 64 bit OS တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ သုံးလည်း သုံးသင့်နေပါပြီ။ Dual Core ကွန်ပျူတာတစ်လုံးဟာ XP OS ကိုအသုံးပြုခြင်းဟာ ကားအကောင်းစားကြီးဝယ်ပြီး တစ်နာရီ မိုင်သုံးဆယ်နှုန်းနဲ့ မောင်းနေတာနဲ့ တူတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။

ကဲ ဒါဖြင့် 64 bit OS တွေကို လေ့လာကြည့်ရအောင်။ Microsoft က Windows XP ကို 64 bit အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပေါက်ခဲ့ခြင်းမရှိပါဘူး။ နောက် Vista။ Vista မှာကျတော့ 32 bit နဲ့ 64 bit ဆိုပြီး နှစ်မျိုးခွဲထုတ်ခဲ့ပါယ်။ Vista ဟာ 64 bit ဖြစ်လို့ မြန်ဆန်သင့်ပေမဲ့ သူ့မှာပါတဲ့ Aero ရယ်၊ တခြား services တွေ ရယ်ကြောင့် တော်ရုံတန်ရုံကွန်ပျူတာမှာဆိုရင် ၀ပ်သွားပါတယ်။ ဒါ့အပြင် program တွေ တော်တော်များများနဲ့ Compatible မဖြစ်တာကြောင့် Vista ဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Vista ကို မသုံးခဲ့ပါ။
ကဲ.အခုတော့ Windows 7 ကြီးလာပါတော့မယ်။ တခြားဘာတွေပဲ ထည့်ထားပါစေဦး။ XP mode ပါတာရယ်၊ 64 bit ဖြစ်တာရယ်ကြောင့်ကို ကျွန်တော်တို့တွေ သုံးစွဲသင့်နေပါပြီ။ ကားအကောင်းစားကြီးစီးပြီး တစ်နာရီမိုင်သုံးဆယ်နှုန်းနဲ့တော့ မမောင်းသင့်တော့ဘူးပေါ့ဗျာ။

August 16, 2009

About TrueType Font

TrueType Font Overview
TrueType font ကို Apple ကနေစပြီး တီထွင်ခဲ့ပါတယ်။ အခုအခါမှာတော့ Apple မှာရော Microsoft မှာပါ သုံးလို့ရနေပါပြီ။ TrueType font တွေဟာ Computer Screen နဲ့ Printer တွေမှာ အရည်အသွေး အကောင်းဆုံးနဲ့ ပြသနိုင်အောင်၊ သုံးစွဲရအောင်လွယ်ကူအောင်ဆိုပြီး ဖန်တီးခဲ့ကြတာပါ။

TrueType font နည်းပညာမှာ TrueType Font ရယ်၊ ပြီးတဲ့အခါ TrueType rasterizer ဆိုပြီး နှစ်မျိုး ပါဝင်ပါတယ်။ TrueType rasterizer ဟာ လက်ရှိ OS တွေ တစ်ခါတည်းပါလာပြီးသားပါ။ သူဟာ TrueType Font တွေရဲ့ အမြင်ပိုင်းဆိုင်ရာထိန်းချုပ်မှုတွေကို ပြုလုပ်ပေးပါတယ်။

လူသုံးများတဲ့ မြန်မာ Font တွေဖြစ်ကြတဲ့ Art House Font တွေဟာ TrueType အမျိုးအစားတွေ ဖြစ်ပါတယ်။ Win Font တွေကတော့ မျိုးစုံပါပဲ။ သတိထားမိသလောက်တော့ DTP အတွက် သုံးတဲ့ Font တွေဟာ TrueType တွေပဲ များပါတယ်။

TrueType Fonts Technology

TrueType Font ဖိုင်တစ်ဖိုင်ရဲ့အထဲမှာ Font designer က ဆွဲလိုက်တဲ့ဒီဇိုင်းအတိုင်း ကွန်ပျူတာ သို့မဟုတ် Printer ပေါ်မှာ အတိအကျပုံဖော်နိုင်တဲ့ အချက်အလက်တွေပါပါတယ်။ ဒါ့အပြင် အဲဒီ Font ထဲမှာ ပါတဲ့ စာလုံးတစ်လုံးဟာ Vertical Space ဘယ်လောက်ရှိရမယ်၊ Horizontal Space ဘယ်လောက်ရှိရမယ် စသည်ဖြင့် သတ်မှတ်ထားတာတွေလည်း ပါပါသေးတယ်။ ပြီးတဲ့အခါမှာတော့ Character Mapping တွေ ပါပါတယ်။ Character Mapping ဆိုတာကတော့ ဘယ်အက္ခရာအတွက် ဘယ်ခလုတ်ကို နှိပ်ရမယ် ဆိုတာတွေပေါ့။ a နှိပ်ရင် a လို့ပေါ်အောင် Font Designer က Mapping လုပ်ရတာပါ။ Font Designer တစ်ယောက်အနေနဲ့ a နှိပ်ရင် b ပေါ်လာအောင်လည်း သူက ဖန်တီးလို့ရပါတယ်။

TrueType Font ဖိုင်ထဲမှာပါဝင်တဲ့ Character တွေဟာ Outline Format တွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ TrueType Font တွေကို Outline Font Format လို့လည်း ခေါ်ကြပြန်ပါသေးတယ်။

Character တွေကို Outline အနေနဲ့ သိမ်းရခြင်းရဲ့ရည်ရွယ်ချက်ကတော့ Font Size ကို ကြိုက်သလို သတ်မှတ်ပြီး သုံးလို့ရအောင်ဖြစ်ပါတယ်။ Outline တွေဟာ size အမျိုးမျိုးကို Scale လုပ်နိုင်ကြပါတယ်။ ပုံမှာ ကြည့်ပါ။


ဒါပေမဲ့ TrueType font ကို သုံးတဲ့သူတစ်ယောက်အနေနဲ့ ဒီ outline ကို လုံးဝ မြင်ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ TrueType font ဖိုင်ထဲမှာပါဝင်တဲ့ Character တွေကို Screen သို့မဟုတ် Printer ပေါ်မှာ မပြသခင် TrueType rasterizer က Bitmap အဖြစ် ပြောင်းလဲလိုက်လို့ပါပဲ။ Bitmap အဖြစ် ဘာကြောင့် ပြောင်းလဲပစ်လိုက်သလဲဆိုရင် Screen နဲ့ Printer တွေဟာ ပုံရိပ်တွေကို ပြသတဲ့အခါမှာ dot patterns လို့ ခေါ်နိုင်တဲ့ pixel ဆိုတဲ့ အလွန်သေးငယ်တဲ့ အမှုန်အစက်လေးတွေနဲ့ ပြသလို့ပါပဲ။

TrueType font ထဲမှာ Outline Character တွေဟာ ကျွန်တော်တို့သတ်မှတ်လိုက်တဲ့ Font size အတိုင်း အရွယ်အစားပြောင်းလဲလိုက်တယ်။ ပြီးတဲ့အခါ Bitmap အဖြစ် (Outline တွေကို Pixel အနေနဲ့ပြသခြင်း) ပြောင်းလဲလိုက်ပါတယ်။ ဒီ process ကို scan conversion သို့မဟုတ် resterization လုပ်တယ်လို့ ခေါ်ပါတယ်။ Photoshop သုံးတဲ့သူတွေအနေနဲ့ rasterize ဆိုတဲ့စာလုံးကို တွေ့ဖူးကြမှာပါ။ rasterize type ဆိုတာ font ကို bitmap အဖြစ်ပြောင်းလဲတာကို ဆိုလိုကြောင်း ကျွန်တော်လည်း အခုမှ သိရတယ်။

TrueType font တွေကို Mac မှာရော Windows မှာပါ သုံးလို့ရပေမဲ့ ထုတ်လုပ်တဲ့သူတွေပေါ် မူတည်ပြီး အနည်းငယ်ကွဲပြားမှုတွေရှိနိုင်ပါတယ်။ Mac မှာဆိုရင် TrueType font file ကို SFNT လို့ ရည်ညွှန်းပြီး Windows မှာတော့ .ttf ဆိုပြီး သုံးစွဲပါတယ်။

Font တွေအကြောင်းကို Font Designer တွေက ပိုသိမှာပါ။ စာဖတ်သူထဲက Font Designer များပါခဲ့ရင် TrueType Font အကြောင်းကို Comments ပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

Reference: http://www.microsoft.com/typography/default.mspx

Cracking Windows Genuine Advantages (WGA)


WGA(Windows Genuine Advantages) ဟာ Windows XP ထဲမှာပါလာတဲ့ program တစ်ခု ဖြစ်ပါတယ်။ သူက ကျွန်တော်တို့သုံးနေတဲ့ Windows ဟာ License Version ဟုတ်မဟုတ်ကို စစ်ဆေးပေးပါတယ်။ လိုင်စင်ဗားရှင်း မဟုတ်ဘူးဆိုတာသိတာနဲ့ တပြိုင်နက် သင်ဟာ Genuine Victim တစ်ယောက် ဖြစ်နေပြီဆိုပြီး သူက ပြောပါလိမ့်မယ်။ ပြီးတဲ့အခါမှာ ၀င်းဒိုးထဲက ဟိုဟာဒီဟာဖွင့်လို့မရအောင် စပြီး တားဆီးပါတော့တယ်။


ဒါပေမဲ့ ကျွန်တော်တို့သုံးနေတဲ့ ၀င်းဒိုးစီဒီခွေ တော်တော်များများဟာ Crack version တွေ များတာမို့ အဲဒီ WGA ဟာ ဖြုတ်ထားပြီးသား ဖြစ်နေတတ်ပါတယ်။ WGA ကို ဘယ်အချိန်မှာ ရှောင်လွှဲလို့မရသလဲဆိုတော့ ကိုယ့် Windows XP မှာ Windows Media Player 11 တင်တဲ့အခါမှာပါ။ XP တင်ပြီးတဲ့အခါမှာ ပါလာတဲ့ WMP က version 10 ပါ။ သိပ်အဆင်မပြေပါဘူး။ Interface ကလည်း WMP11 လောက် မလှပါဘူး။ WMP11 က Microsoft ကနေ သက်သက် download ဆွဲရပါတယ်။ တစ်ချို့ Windows CD တွေမှာတော့ WMP11 တစ်ခါတည်း ပါလာအောင် လုပ်ထားတာကိုတော့ တွေ့ဖူးပါတယ်။
WMP 11 တင်တဲ့အခါမှာ သူဟာ ကျွန်တော်တို့ သုံးနေတဲ့ ၀င်းဒိုးက လိုင်စင်ဗားရှင်းဟုတ်မဟုတ်ကို Validate လုပ်ခိုင်းပါတယ်။ လိုင်စင်ဗားရှင်းမဟုတ်ဘူးဆိုရင် WMP 11 ကို တင်လို့ရမှာမဟုတ်တော့ပါဘူး။


အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့် Windows ကြီး လိုင်စင်ဗားရှင်းဖြစ်အောင် လုပ်ရပါတော့မယ်။ ၀င်းဒိုးကြီးကို တကယ်ဝယ်သုံးစရာမလိုပါဘူး။ Windows ရဲ့ Product Key လေးကို ပြောင်းလဲရုံနဲ့ ရပါတယ်။ အဲဒီလို ပြောင်းရုံနဲ့ မရဘူးဆိုရင်တောင်မှ နောက်ထပ်အဆင့်တွေနဲ့ ထပ်ပြီး ချိုးဖောက်လို့ရပါသေးတယ်။ အဲဒီအတွက် အောက်မှာပေးထားတဲ့ WGA ကို Crack လုပ်တဲ့ Program လေးကို Download ဆွဲထားလို့ ရပါတယ်။ Genuine Victim ဖြစ်နေတဲ့ စာဖတ်သူတွေလည်း ဒီ Program နဲ့ပဲ Genuine Victim ကနေ လွတ်အောင် လုပ်လို့ရပါတယ်။

Download Link: http://ifile.it/n0w78qz

August 14, 2009

Download from Any Hosting Site

အင်တာနက်ထဲမှာ ကိုယ်လိုချင်တဲ့ ဖိုင်တွေ ဆော့ဖ်ဝဲလ်တွေ ရှာတဲ့အခါမှာ ဖိုင်တွေက Rapidshare , Mediafire စတာတွေနဲ့ တွေ့ရင် အတော်စိတ်ပျက်မိကြမှာပါ။ Premium Account မရှိရင်တော့ ဒီဆိုဒ်တွေကဖိုင်တွေကို ဒေါင်းရတာ တော်တော်ခက်ပါတယ်။ Validation နံပါတ်နှိပ်ရတာနဲ့ . . download speed မကောင်းတာနဲ့ စတာတွေပေါ့။ အခုတော့ ဟိုမွှေဒီမွှေနဲ့ ဆိုဒ်တစ်ခုတွေ့လာပါတယ်။ ကိုယ်ဒေါင်းမယ့်ဖိုင်ရဲ့ လင့်ခ်လေးသာ ထည့်ပေးလိုက်၊ သူ့ဆာဗာပေါ် ပြောင်းပြီး လင့်ခ် ပြန်ထုတ်ပေးလိမ့်မယ်။ အဲဒီကနေ ဒေါင်းရင် ရိုးရိုးတန်းတန်းဒေါင်းတာထက် download speed ပိုမြန်ပါတယ်။ ဥပမာ Rapidshare ကနေဆိုရင် Premium Account နဲ့ ဒေါင်းသလို မြန်ပါတယ်။ စမ်းကြည့်ကြပါဦး။






တကယ်လို့ Same IP download ဖြစ်နေခဲ့ရင် ဆာဗာ ပြောင်းပြီးလုပ်ကြည့်ပါ။ ဆာဗာ ၈ ခုရှိပါတယ်။
အဲ . . ဆိုဒ်လိပ်စာက www.ohay.info ပါ။
server 1 အတွက် http://sv1.ohay.info
server 2 အတွက် http://sv2.ohay.info စသည်ဖြင့်ပါ။

August 12, 2009

Creating Gtalk Bot


Gtalk bot လုပ်နည်းကို mmgeeks အဖွဲ့က en2mm dictionary ကို Gtalk မှာရအောင် လုပ်ပြီး မြန်မာအွန်လိုင်းပရိတ်သတ်ကို bot တွေနဲ့ မိတ်ဆတ်ပေးခဲ့တယ်။ နောက် etrade myanmar က gtalk မှာပဲ sms ပို့ပေးတဲ့ bot တစ်ခုကို ဖန်တီးလိုက်ပြန်တယ်။ အခုနောက်ဆုံး technomation studio က mydirectory bot ကို ဖန်တီးပြလိုက်တယ်။
bot ဆိုတာ လူမဟုတ်ဘူးလေ။ Gtalk မှာ သူဟာအမြဲတမ်း အွန်လိုင်းဖြစ်နေလိမ့်မယ်။ သတ်မှတ်ထားတဲ့ အလုပ်တစ်ခုကိုပဲ လုပ်ပေးလိမ့်မယ်။ ဥပမာ technomation studio ရဲ့ mydirectory bot ဆိုရင် database query လုပ်ပေးတဲ့ bot တစ်မျိုးပဲပေါ့။ စာဖတ်သူရော အဲဒီလို လုပ်မကြည့်ချင်ဘူးလား။
ပထမဆုံးအနေနဲ့ bot ကို PHP နဲ့ ရေးရပါတယ်။ database တွေပါရင် MySQL နဲ့ပါ တွဲရေးပေါ့။ ဒီနေရာမှာ bot ကို PHP နဲ့တင် ရေးလို့ မရပါဘူး။ API တစ်ခုခုကို သုံးရပါလိမ့်မယ်။ www.imified.com ကထုတ်ပေးထားတဲ့ API ဆိုရင် တော်တော်လေးကောင်းပါတယ်။ သူ့ API ကိုသုံးပြီး ရလာတဲ့ bot ရဲ့ လိပ်စာဟာ botname@bot.im ဆိုပြီး ဖြစ်ပါလိမ့်မယ်။ ကဲ..အောက်မှာတော့ PHP နဲ့ imifield ရဲ့ API ကိုသုံးပြီး ရေးထားတဲ့ bot တစ်ခုရဲ့ coding ပါ။

switch ($_REQUEST['step']) { // user က ပထမဆုံး စာရိုက်ပြီး enter ခေါက်လိုက်တာနဲ့ step တန်ဖိုးက 1 ဖြစ်သွားပါတယ်။
case 1: //step တန်ဖိုး 1 ဆိုရင်
echo "Hi, what's your name?"; //မင်းနာမည်ဘယ်သူလဲဆိုပြီး bot က ပြန်မေးပါလိမ့်မယ်။ အဲဒီမှာ user က သူ့နာမည်ကိုရိုက်ပြီး enter ခေါက်ပါလိမ့်မယ်။ ဒါဆို step တန်ဖိုးက 2 ဖြစ်သွားပါပြီ။
break;
case 2:
echo "Hi " . $_REQUEST['value1'] . ", where do you live?"; // step တန်ဖိုး 2 ဆိုရင် အခုလို ပေါ်ပါလိမ့်မယ်။ $_REQUEST['value1'] ဆိုတာ step 1 တုန်းက user ရိုက်လိုက်တဲ့ စာကို ပြန်ဖော်ပြတာပါ။
break;
case 3:
echo "Well, welcome to this hello world bot, " . $_REQUEST['value1'] . "
from " . $_REQUEST['value2'] . ".";
break;
}

?>

ဒီ coding ကို notepad ထဲရိုက်၊ ပြီးရင် php ဖိုင်အနေနဲ့ သိမ်းပါ။ ပြီးတဲ့အခါ သူ့ကို PHP ရတဲ့ Free Web Server တစ်ခုခုမှာ သွားပြီး host လုပ်ရပါမယ်။ အဆင်ပြေဆုံး Free PHP Web server ကတော့ www.110mb.com ပါ။ register လုပ်လိုက်ရင် subdomain တစ်ခု ရပါတယ်။ ဥပမာ itmen.110mb.com ပေါ့။ အစောက php ဖိုင်လေးကို host လုပ်လိုက်မယ်ဆိုရင် ဥပမာ http://itmen.11mb.com/bot.php ဆိုပြီး ရပါလိမ့်မယ်။ အဲဒီ Link ကို ကော်ပီကူးထားလိုက်ပါ။

ပြီးတဲ့အခါ www.imified.com ကိုသွားပြီး register လုပ်ပါ။ ပြီးတဲ့အခါ login ၀င်ပြီး Bot Name မှာ bot ရဲ့ နာမည်ပေး၊ ပြီးရင် Bot URL မှာ bot တင်ထာတဲ့ Path (e.g itmen.110mb.com/bot.php) လမ်းကြောင်းကို ပေးလိုက်ပါ။ ဒါဆိုရင် ရသွားပါပြီ။

ပြီးရင် Gtalk လေးကို ဖွင့်ပြီး ကိုယ့် bot နဲ့ကိုယ် ပြောကြည့်ပေါ့ဗျာ။

August 8, 2009

Powerline Networking

Powerline networking ဆိုတာက ကျွန်တော်တို့လက်ရှိသုံးနေတဲ့ လျှပ်စစ်ပါဝါကြိုးတွေကိုပဲ သုံးပြီး Network ချိတ်ဆတ်နိုင်တဲ့ နည်းပညာပါ။ CAT5 ကြိုးကို လုံးဝမသုံးရတာတော့ မဟုတ်ပါဘူး။ ဥပမာ အပေါ်ထပ်မှာ ရှိတဲ့ ကွန်ပျူတာနဲ့ အောက်ထပ်မှာရှိတဲ့ ကွန်ပျူတာနှစ်လုံးကို Network ချိတ်ချင်တယ်ဆိုပါစို့။ Network ကြိုး အရှည်ကြီး ၀ယ်စရာမလိုတော့ပါဘူး။ တိုတိုလေး နှစ်ချောင်းရှိရင် ရပြီ။ ပထမကြိုးကို အောက်ထပ်က ကွန်ပျူတာမှာစိုက်ထားတဲ့ Network Card မှာထိုးတပ်လိုက်၊ ကျန်တဲ့တစ်ဘက်ကို မီးပလက်ပေါက်မှာ သွားထိုးတပ်လိုက်။ RJ45 ခေါင်းကြီးကို မီးပလပ်ပေါက်မှာ ဒီအတိုင်းထိုးလို့တော့ ဘယ်ရမလဲဗျာ။ Powerline adaptor ဆိုတာလာတယ်။ သူနဲ့ကြားခံရမှာပေါ့။ ဒီမှာတော့ ၀ယ်လို့ရမရ မသိဘူး။ အပေါ်ထပ်လည်း အဲဒီအတိုင်း လုပ်လိုက်။ ဒါဆို Network ချိတ်လို့ ရသွားပါပြီ။ ပုံကတော့ Powerline adaptor ရဲ့ပုံပါ။
ဟဲ..ဟဲ ရေးတာလေးကတော့ ချောနေတာပဲ။ ကျွန်တော်လည်း PC World ထဲ ပါတာနဲ့ လိုက်လေ့လာကြည့်ရင်း နားလည်သလောက် ပြန်ရေးလိုက်တာပါ။ ကိုယ်လည်း တစ်ခါမှ မချိတ်ဖူးပါဘူး။ အားနည်းချက်ကတော့ Powerline Networking ဟာ 14 Mbps ပဲရတာပါ။ တစ်ချို့ကတော့ 200 Mbps ရှိတယ်လို့လည်း ပြောကြပြန်ပါတယ်။ အခု LAN တွေမှာက 100 Mbps လေ။ အခုဆို 1Gbps ထိတောင် ရောက်နေပြီလေ။ ပြီးတော့ ဈေးနှုန်း။ Powerline Networking မှာသုံးတဲ့ adaptor တစ်ခုရဲ့ တန်ဖိုးက မြန်မာငွေနဲ့တွက်ရင် နှစ်သောင်းကျော်လောက်ရှိတယ်။ ဒါတောင် RJ45 port တစ်ခုပဲ ပါတယ်။ ပြီးတော့ လျှပ်စစ်ဝပ်အား အသုံးများရင် များသလို သူ့ရဲ့ စွမ်းဆောင်ရည်ကို သွားပြီး ထိခိုက်နိုင်တယ်လို့လည်း သိရပါတယ်။
ဘာတွေပဲပြောပြောပါ နည်းပညာအရ အကုန်လုပ်လို့ရနေပြီလေ။ UTP နဲ့မှ မဟုတ်ဘူး၊ ဖုန်းကြိုးနဲ့ ဟောအခုတော့ လျှပ်စစ်ကြိုးနဲ့လည်း Network ချိတ်လို့ရပါကြောင်း...
စာဖတ်သူထဲက Powerline Networking အကြောင်း သိတဲ့သူများပါရင် Comments ပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

July 30, 2009

USBcillin is not a Virus


USBcillin ကို တော်တော်များများတွေ့ဖူးကြမှာပါ။ Stick ထဲကို ဘယ်ကနေဘယ်လိုရောက်လာမှန်းကို မသိဘူးလေ။ သူ့ကို Double Click နှိပ်လိုက်ရင် System Tray Area ထဲ ရောက်သွားပြီး ဘယ်လိုပဲပိတ်ပိတ် Restart လုပ်လိုက်ရင် ပြန်ပေါ်လာတာပဲ မဟုတ်လား။ ဒီကြားထဲ အဲဒီစက်ကို Stick ထိုးလိုက်ရင်လည်း အဲဒီ Stick ထဲ ရောက်သွားပြန်ရော။ ဗိုင်းရပ်စ်လို့ ထင်ချင်စရာပဲလေ။
www.rajat.com.np ဟာ USBcillin ရဲ့ offical site ပါ။ သူ့ထဲမှာတော့ အခုလိုလေး ရေးထားပြန်ပါတယ်။

USBcillin is a software that protects your PC from autorun.inf virus that infects your PC when you plug in infected USB Drive. USBcillin automatically scans the autorun.inf file and search for the linked exe/com/bat file in the drive and deletes it. USBcillin also fixes different windows registry that are changed by USB drive viruses. USBcillin allows you to access your Control Panel Task Manager, Hidden Files, System Files etc that USB-Drive viruses blocks you from accessing. USBcillin also changes the Internet Explorer Title to default.USBcillin is not a Virus.

သူက ဘာပဲပြောပြော ကျွန်တော်ကတော့ အဲဒီကောင်လေးကို မျက်စိနောက်တယ်ဗျ။ အဲဒါနဲ့ သူတို့ပေးတဲ့ removable tool နဲ့ ဖယ်ရှားပစ်လိုက်ပါတယ်။

Download USBcillin Removable Tool

Command Prompt ထဲက အသုံးကျတဲ့ Command များ (၂)

attrib ကတော့ attributes ရဲ့အတိုကောက်ပါ။ attributes ဆိုတာ မြန်မာလို အရည်အချင်းပါ။ attrib အသုံးပြုနည်းကို သိချင်ရင် cmd ထဲမှာ attrib /? လို့ ရိုက်ထည့်ပြီး ကြည့်လို့ရပါတယ်။ attrib မှ မဟုတ်ပါဘူး။ cmd ထဲမှာ ဘယ် command မဆို အသုံးပြုနည်းကို သိချင်ရင် command ရဲ့နောက်မှာ space တစ်ချက်ပုတ်ပြီး /? ထည့်ပြီး Enter ခေါက်ကြည့်လို့ရပါတယ်။

ကဲ..သူက ဘယ်လိုအသုံးကျသလဲဆိုတော့..
ဗိုင်းရပ်စ်တွေဟာ သူတို့ကိုယ်သူတို့ hidden လုပ်ထားပါတယ်။ read only လည်းပေးထားတယ်။ ပိုပြီး အမြင်ကတ်စရာကောင်းတာက သူတို့ကိုယ်သူတို့ system file တစ်ခုအနေနဲ့ သတ်မှတ်ထားတာပါပဲ။ hidden တွေ read only တွေက Explorer ထဲမှာ အဲဒီဖိုင်လေးပေါ် Right Click လုပ် Properties ကို ရွေးပြီး Check Box က အမှန်ခြစ်လေးတွေ ဖြုတ်ပေးရင် ရပေမဲ့ System attirbute အဖြစ် ပေးထားတာကိုတော့ အဲဒီ Explorer နဲ့ လုပ်လို့မရတော့ပါဘူး။ ဒီတော့ ကျွန်တော်တို့က cmd ထဲမှာ attrib ကို သုံးပြီး ဗိုင်းရပ်စ်ဟာ သူ့ကိုယ်သူ system ဖိုင်အဖြစ်သတ်မှတ်ထားတာကို ဖြုတ်ပစ်ရပါတယ်။ ပြီးတဲ့အခါမှာမှ del ကို သုံးပြီး ဖျက်ပစ်ရပါတယ်။ တစ်ခု သတိထားရမှာက attributes တွေ မဖြုတ်ဘဲ အဲဒီဖိုင်ကို ဘယ်လိုမှ ဖျက်လို့မရပါဘူး။

Usage ကတော့
attrib –s –h –r filename ပါ။
-s ဆိုတာ system attribute ပေးထားတာကို ဖြုတ်မယ်လို့ပြောတာပါ။ -r က read-only ကို ဖြုတ်မယ်၊ -h က hidden လုပ်ထားတာကို ဖယ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဥပမာ ကျွန်တော် kavo ဗိုင်းရပ်စ်ကို သတ်မယ်ဆိုပါစို့။ သူက C:\Windows\System32 အောက်မှာ ၀င်သွားတယ်လေ။ အဲဒီတော့ cmd ထဲမှာ windows\system32 ထိ ရောက်အောင်သွားပြီး attrib –s –h –r kavo.exe လို့ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။ ပြီးတော့မှ del kavo.exe ဆိုပြီး သူ့ကို ဖျက်ပစ်လို့ရသွားပါပြီ။

ကျွန်တော်မှတ်မိသလောက် kavo ကို သတ်ခဲ့တုန်းက အခုအတိုင်းဖျက်လည်း ပြန်ပြီး ပေါ်လာခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်တွေရဲ့သဘောတရားက သူတို့မှာ အမြဲတမ်း ဖိုင်နှစ်ဖိုင်လောက် ပါပါတယ်။ a ရှိနေသလားဆိုတာကို b က အမြဲတမ်းစောင့်ကြည့်နေတယ်။ a ကို ဖျက်လိုက်ရင် b က a ကို ပြန်ပြီး ဖန်တီးပါတယ်။ kavo ဆိုလည်း အဲဒီအတိုင်းပါပဲ။ kavo.exe ကို ဖျက်လိုက်လည်း သူက ပြန်ပြီး ပေါ်လာတယ်။ ဘာကြောင့်လဲဆိုတော့ kavo.exe ရှိမရှိကို kg2v.com ဆိုတဲ့ ဖိုင်လေးက အမြဲတမ်းကြည့်နေလို့ပါပဲ။

Techinical အရပြောရရင် ဗိုင်းရပ်စ်သတ်မယ်ဆိုရင် သူတို့ရဲ့ Host Program ကို တွေ့အောင်ရှာရပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်အများစုဟာ Windows Folder အောက် ဒါမှမဟုတ် Windows\System32 အောက်မှာ အမြဲတမ်း ခိုအောင်းနေလေ့ရှိပါတယ်။ ပြီးတော့ Drive တွေအောက်မှာလည်း(C:,D:) ခိုအောင်းလေ့ရှိပါတယ်။ Host Program ကို ရှာတွေ့ဖို့ဆိုတာကလည်း အချိန်တော့ပေးရပါတယ်။ ပထမဆုံး System32 အောက်မှာပါတဲ့ ၀င်းဒိုးက တစ်ကယ်သုံးတဲ့ exe ဖိုင်တွေစာရင်း၊ com ဖိုင်တွေစာရင်းကို အလွတ်နီးပါး သိထားရပါမယ်။ ဒါမှ မသင်္ကာတဲ့ ဗိုင်းရပ်စ်ရဲ့ exe ဖိုင်ကို ရှာနိုင်မှာပါ။


ဒီနေရာမှာ အရမ်းရှုပ်ထွေးတဲ့ ဗိုင်းရပ်စ်တွေကိုတော့ ဒီအတိုင်းသတ်လို့ မရတော့ပါဘူး။ Antivirus သုံးရပါမယ်။ Antivirus ဟာ ဗိုင်းရပ်စ်တွေကို သတ်ရုံပဲသတ်ပေးပါတယ်။ ဗိုင်းရပ်စ်က မွှေသွားတဲ့ Registy တွေ၊ Windows Setting တွေကိုတော့ လုံးဝမပြင်ပေးနိုင်ပါဘူး။ အဲဒီတော့ ဗိုင်းရပ်စ်သတ်မယ်ဆိုပြီး Antivirus တစ်ခုတည်း သုံးမရပါဘူး။ Removalable Tool တွေ သုံးရပါတယ်။ Removal Tool သုံးဖို့ဆိုတာကလည်း ရမ်းသုံးလို့ မရပါဘူး။ စက်ကို ကိုက်တဲ့ ဗိုင်းရပ်စ်ရဲ့ နာမည်ကို သိရပါလိမ့်မယ်။ Win32 ဗိုင်းရပ်စ်ထင်တာပဲဆိုပြီးတော့ မလုပ်ပါနဲ့။ ဗိုင်းရပ်စ်မှန်သမျှဟာ win32 ချည်းပါပဲ။ 32 bit Windows တွေကို ကိုက်တဲ့ဗိုင်းရပ်တွေမို့ win32 ဆိုပြီး Antivirus Company တွေက နာမည်ပေးထားတာကို သတိရစေချင်ပါတယ်။ ဥပမာ Win32.Kido ဆိုပြီး အတိအကျသိရပါလိမ့်မယ်။ ဒါကလည်း ခက်ခဲ့တဲ့ကိစ္စမဟုတ်ပါဘူး။ Antivirus မှန်သမျှဟာ သူတွေ့တဲ့ဗိုင်းရပ်စ်နာမည်တွေကို Report ထဲမှာ ဖော်ပြပေးပါတယ်။

နောက်တစ်ခုက Antivirus က ဗိုင်းရပ်စ်ကို သိတယ်ဆိုတိုင်း သတ်နိုင်တယ်လို့ မယူဆပါနဲ့။ Detect ဖြစ်တာနဲ့ Treated လုပ်နိုင်တာနဲ့ မတူပါဘူး။ လက်ရှိ စာရေးနေတဲ့အချိန်ထိ Kaspersky ဟာ Win32.kido.ah ကို သိရုံပဲ သိပြီး မသတ်နိုင်သေးပါဘူး။ အဲဒီလိုအခြေအနေကျ ကျွန်တော်တို့ဟာ Google ထဲမှာ win32.kido.ah Removable Tool လို့ ရိုက်ပြီး kido ah ကို သတ်နိုင်တဲ့ Removale Tool ကို တွေ့အောင် ရှာရပါလိမ့်မယ်။ Microsoft ရဲ့ Malware Removable Tool (MRT) ကလည်း တော်တော်များများကို သတ်နိုင်ပါတယ်။

ဆက်ပါဦးမည်….

July 29, 2009

Command Prompt ထဲက အသုံးကျတဲ့ Command များ (၁)

အစပိုင်းတော့ ကျွန်တော် Batch File ရေးနည်းကို အပိုင်းခွဲပြီး
တင်မလို့ပါပဲ။ ဒါပေမဲ့ စဉ်းစားမိတာက Batch File ထဲမှာ အဓိကပါတာတွေက
windows command တွေပဲ ဖြစ်နေတော့ အဲဒီ command တွေအကြောင်းကိုပဲ
အရင်ပြောပြီးမှ Batch File ရေးနည်းကို ဆက်တက်မယ်ဆိုပြီး
ဆုံးဖြတ်လိုက်ပါတယ်။
Windows Command တွေက တကယ်တမ်းတော့ အများကြီးပါပဲ။ ဒါပေမဲ့
လေ့လာတဲ့သူတစ်ယောက်တဲ့ အနေနဲ့တော့ အဲဒါတွေ အကုန်သိစရာမလိုပါဘူး။
ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလောက်ကိုသာ သိထားရင် ဖြစ်ပါတယ်။ ဥပမာ Network
သမားတစ်ယောက်အတွက် nslookup တွေ ping တွေလို အစရှိတဲ့ Network နဲ့
ပတ်သတ်တဲ့ Command တွေလောက်ပဲ သိထားရင် အဆင်ပြေပါတယ်။

အခုဒီပို့စ်မှာတော့ ကျွန်တော်တို့လည်း အမြဲတမ်းသုံးဖြစ်တဲ့ တကယ်လည်း
အသုံးကျတဲ့ command တွေကို ကျွန်တော်ရေးပေးသွားပါ့မယ်။
တော်တော်များများလည်း သိပြီးသားဖြစ်ချင်ဖြစ်ကြမှာပါ။ ဒါပေမဲ့ သုံးနေတဲ့
command တွေကိုပဲ Parameter တွေ Switch တွေထည့်လိုက်တဲ့အခါ
ပိုပြီးအစွမ်းထက်သွားတဲ့အကြောင်းကို ကျွန်တော့်ကိုယ်တွေ့လေးတွေနဲ့
ယှဉ်ပြီး ရေးသွားပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်သိထားတာတွေက Network နဲ့
ပတ်သတ်တာတွေနဲ့ ဗိုင်းရပ်စ်သတ်တဲ့အခါမှာ အသုံးကျတဲ့ command တွေပဲ
ရှိပါတယ်။

dir /ah

dir ဆိုရင် directory တစ်ခုအောက်မှာရှိတဲ့ Subfolder တွေ ဖိုင်တွေရဲ့
List ကို ပြပေးနိုင်ပါတယ်။ ဒါဟာ သိပ်မထူးဆန်းပါဘူး။ ကျွန်တော်တို့တွေ
Explorer ကနေလည်း ကြည့်ရနေတာပဲ မဟုတ်လား။ ဒါပေမဲ့ /ah လို Parameter နဲ့
တွဲသုံးလိုက်မယ်ဆိုရင် Explorer မှာ မရနိုင်တဲ့ Features တွေကို
ရနိုင်ပါလိမ့်မယ်။
ဥပမာ
ကျွန်တော်က Stick တစ်ခုကို ပီစီမှာ တပ်လိုက်တယ်။ အဲဒီ Stick ထဲမှာ
ဗိုင်းရပ်စ်ရှိလား မရှိဘူးလားဆိုတာကို ကျွန်တော်သိချင်တယ်ဆိုပါစို့။
ပီစီမှာက Antivirus လည်းမရှိဘူး။ ကံဆိုးစွာနဲ့ Folder Option ပျောက်နေတဲ့
အတွက် Hidden File တွေကို မမြင်နိုင်ဘူးဆိုပါစို့။
အဲဒီလိုအခြေအနေမှာဆိုရင် cmd ထဲမှာ Stick ရဲ့ Drive Letter ထိ
ရောက်အောင်သွားပြီး dir /ah ကို သုံးလိုက်ရင် Hidden တွေ
တန်းစီမြင်ရပြီလေ။ ဗိုင်းရပ်စ်တော်တော်များများကလည်း Hidden အနေနဲ့
တည်ရှိကြတာဆိုတော့ တွေ့ရင် del နဲ့ ဆော်လိုက်ရုံပဲလေ။
dir /ah မှာ a က attribute ကို ပြောတာပါ။ /a ရဲ့နောက်မှာ ကိုယ်ကြိုက်တဲ့
File attribute တွေကို ထည့်ပေးလို့ ရပါတယ်။ ဥပမာ dir /as ဆိုရင် System
Files တွေကိုပဲ ပြပေးပါလိမ့်မယ်။
ဒါကတော့ attribute တွေ အပြည့်အစုံပါ။

D Directories R Read-only files
H Hidden files A Files ready for archiving
S System files I Not content indexed files
L Reparse Points - Prefix meaning not

ဆက်ပါဦးမည်...

July 21, 2009

Not enough Server Storage


တစ်နေ့က ကွန်ပျူတာနှစ်လုံးကို Network ချိတ်ပေးရပါတယ်။ PC to PC ပါ။ IP တွေပေး၊ Computer Name တွေပေး၊ Workgroup name တွေ သတ်မှတ်လိုက်တယ်။ အဲဒီလို လုပ်ပြီးတော့ Ping ရိုက်ကြည့်တယ်။ Reply တွေ တက်လာတယ်။ OK ပေါ့။ အဲဒါနဲ့ PC2 ကနေ PC1 ရဲ့ Partition D: ကို လှမ်းခေါ်ကြည့်တယ်။
အဲဒီအခါမှာ ကျွန်တော်လုံးဝမမြင်ဖူးတဲ့ error တက်လာပါတယ်။ ဒါမျိုးလေးပါ။

အစပိုင်တော့ Not enough Server Storage ဆိုတော့ Memory များ နည်းလို့လားလို့ဆိုပြီး ထင်မိတယ်။ (အလိုက်ပုံက) ဒါပေမဲ့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလေ။ PC1 က Memory က 1GB တောင် ရှိတာ။ ဟိုလိုလုပ်ကြည့်၊ ဒီလိုလုပ်ကြည့်နဲ့ ဘယ်လိုမှ မရတော့ နောက်ဆုံးမှာ Event Viewer ကို ခေါ်ကြည့်မိတယ်။ အဲဒီမှာ အခုလို Event လေး တက်နေပါတယ်။

ဘာတဲ့။ irpstacksize is too small ဆိုပါလား။ irp တန်ဖိုးနည်းနေလို့ ဒါမျိုးဖြစ်တာပေါ့။ အဲဒီ irp တန်ဖိုး ဘယ်နား သွားတိုးရမှန်း ကျွန်တော်လည်း မသိခဲ့ဘူး။ အဲဒါနဲ့ customer ကို နောက်ရက်မှ ပြန်လာခဲ့မယ်ဆိုပြီး ချိန်းလိုက်ပါတယ်။ ပြီးတော့ အင်တာနက်မှာ ရှာကြည့်ခဲ့ပါတယ်။ IRP အကြောင်းရယ်၊ ဘယ်လို တန်ဖိုးတိုးရမလဲ ဆိုတာကိုပါ သိခဲ့ရပါတယ်။

IRP ဆိုတာ I/O Request Packets ရဲ့ အတိုကောက်ပါ။ IRP stack တစ်ခုဟာ 36 bytes ဆီ အသုံးပြုပြီး အဲဒီ IRP တွေကို buffer လုပ်ပေးနိုင်ပါတယ်။ IRPStackSize ဆိုတာကတော့ IRP Stack အရေအတွက်ကို ပြောတာပါ။ သူ့ရဲ့ Default Value 15 ဖြစ်ပါတယ်။ Default Value ထက် နည်းနေတယ်ဆိုရင် အခု ကျွန်တော် ကြုံသလိုမျိုး error တွေ တက်လာပါလိမ့်မယ်။

ဖြေရှင်းနည်း

Microsoft ကတော့ အခုလို လုပ်ခိုင်းထားပါတယ်။
To resolve this behavior, increase the IRPStackSize value in the registry:
1. Click Start, and then click Run.
2. Type regedit, and then click OK.
3. Navigate to the following key:
HKEY_LOCAL_MACHINESystemCurrentControlSetServicesLanmanServerParameters
4. In the right pane, double-click the IRPStackSize value.

NOTE: If the IRPStackSize value does not already exist, use the following procedure to create it:
a. In the Parameters folder of the registry, right-click the right pane.
b. Point to New, and then click DWord Value.
c. Type IRPStackSize.

IMPORTANT: Type "IRPStackSize" exactly as it is displayed because the value name is case-sensitive.
5. Change the Base to decimal.
6. In the Value Data box, type a value that is larger than the value that is listed.

If you created the IRPStackSize value using the procedure described in step 4, the default value is 15. It is recommended that you increase the value by 3. Therefore, if the previous value was 11, type 14, and then click OK.
7. Close the Registry Editor.
8. Restart the computer.

(မူရင်းအတိုင်း ဖော်ပြတာ ဘာသာပြန်ဖို့ အပျင်းကြီးမဟုတ်ပါဘူး။ မြန်မာလိုရေးလိုက်ရင် ဖတ်ရတာလွယ်ပြီး ကောင်းနေတဲ့စက်တွေမှာပါ လျှောက်ကလိကုန်ကြမှာ မို့လို့ပါ)

July 19, 2009

Hacking Windows and Linux Passwords in 10 Seconds


Kon Boot အကြောင်းကို စသိတာက Knowledge Bridge ဆိုတဲ့ မဂ္ဂဇင်းအသစ်ရဲ့ ကြော်ငြာကို ဖတ်ပြီး သိခဲ့တာပါ။ သူ့ထဲမှာရေးထားတာက Windows ရဲ့ Kernel အထိ Hack လုပ်နိုင်တဲ့ Kon Boot ဆိုပြီး ရေးထားပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Kon Boot ဆိုတာ ဘာပါလိမ့်ဆိုပြီး Google မှာ ရှာကြည့်လိုက်တဲ့အခါ တကယ့်ကို အံသြစရာကောင်းလောက်တဲ့ အရာတစ်ခုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ Windows တွေ Linux တွေရဲ့ Password ဟာ လုံးဝကို မလုံခြုံပါလားဆိုတာကိုပါ သိခဲ့ရပါတယ်။
အရင်တုန်းကလည်း Windows Password ဖျက်နိုင်တဲ့ Software တွေကို တွေ့ခဲ့ဖူးပါတယ်။ ဥပမာ Password Changer ဆိုရင် Password ကို ပြောင်းပစ်နိုင်တယ်။ Windows Key ဆိုရင် Password ကို 12345 အဖြစ် ပြောင်းလဲပေးတယ်။ အဲနောက် SAM Inside ဆိုရင်လည်း Password ကို Blank ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဖောက်ထွင်းမဲ့သူတစ်ယောက်ဟာ အဲဒီ tools တွေကို သုံးလည်း ပိုင်ရှင်ကတော့ သိမှာပါဘဲ။ အခု Kon Boot ကတော့….
အခု ကျွန်တော် Kon Boot အကြောင်းကို ရေးလိုက်တာဟာ သူခိုးလမ်းပြ လုပ်တာမဟုတ်ပါ။ ဒါမျိုး နည်းလမ်းတွေ ရှိနေပြီဆိုတာကို စာဖတ်သူတွေ သိစေချင်တာပါ။ ပြီးတော့ ဒါဟာ အပြောသက်သက်တင် မဟုတ်ဘူး။ လက်တွေ့မြင်မှ ယုံမယ်ဆိုတဲ့သူတွေအတွက် လက်တွေ့စမ်းသပ်ခဲ့တာကို ရေးပြထားပါတယ်။

Kon Boot ကို လက်တွေ့စမ်းသပ်ခြင်း

၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ ကျွန်တော်သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ ကျွန်တော် စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ ကျွန်တော်လည်း Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။
၃။ Kon Boot တက်လာပါတယ်။ Screen မှာတော့ Kryptos Logic ဆိုပြီး ပေါ်လာပါတယ်။ Space လေး တစ်ချက်ပုတ်လိုက်ပါတယ်။ စာကြောင်းလေးငါးကြောင်းလောက် ပေါ်လာပါတယ်။ ခဏနေတော့ Windows က ပုံမှန်အတိုင်း တက်လာပါတယ်။ (Kon Boot အလုပ်လုပ်သွားတာ 10 စက္ကန့်ပဲကြာပါတယ်)
၎။ Windowx XP ရဲ့ Welcome Screen ကြီး ပေါ်လာပါပြီ။ အစောက ကျွန်တော် Password ပေးထားတဲ့ Admin Account ကို ဖွင့်လိုက်ပါတယ်။ Password လုံးမမတောင်းတော့ပါ။ ဒီအတိုင်း ပွင့်သွားပါတယ်။
၅။ Control Panel ထဲဝင်ပြီး အဲဒီ Account ကိုပဲ Password ပြောင်းကြည့်ပါတယ်။ လုံးဝ ပြောင်းမရပါ။ Windows Cannot Change Password ဆိုတဲ့ Dialog Box တစ်ခုပဲ ပေါ်လာပါတယ်။
၆။ စက်ကို Restart ပြန်လုပ်လိုက်ပါတယ်။ Kon Boot ထည့်ထားတဲ့ Memory Stick ကနေတော့ Boot မလုပ်တော့ပါ။ ပုံမှန်အတိုင်း Hard Disk ကနေပဲ Boot လုပ်လိုက်ပါတယ်။
၇။ Windows တက်လာပါတယ်။ Welcome Screen ပေါ်လာပါတယ်။ အစောက Password မတောင်းတော့တဲ့ Admin Account ဟာ အခု Password ပြန်တောင်းနေပါတယ်။ Password ရိုက်ထည့်ပေးလိုက်တယ်။ Account ပွင့်သွားပါတယ်။

အခု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် Kon Boot ဟာ Windows Password ကို တစ်ခါပဲ ဖျက်ပေးပါတယ်။ နောက်တစ်ခါ Restart လုပ်လိုက်မယ်ဆိုရင် Password က နဂိုအတိုင်းပဲ ပြန်တောင်းနေဦးမှာပါ။ အဲဒါ Kon Boot ပါ။ ဒါကြောင့်မို့ ကွန်ပျူတာပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။

Kon Boot ဟာ အောက်မှာရေးပြထားတဲ့ Windows OS တွေမှာ အလုပ်လုပ်နိုင်ပါတယ်။

Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7

ဒီ Linux Distro မျိုးစုံမှာလည်း ရပါသေးတယ်

Gentoo 2.6.24-gentoo-r5 GRUB 0.97
Ubuntu 2.6.24.3-debug GRUB 0.97
Debian 2.6.18-6-6861 GRUB 0.97
Fedora 2.6.25.9-76.fc9.i6862 GRUB 0.97

ဘယ်လိုကာကွယ်မလဲ
ကျွန်တော် စဉ်းစားရသလောက်တော့ CD ကနေ ဒါမှမဟုတ် USB Device ကနေ Kon Boot ကို သုံးပြီး Boot လုပ်လို့မရအောင် BIOS ကို Password ပေးထားရင်တော့ လုံခြုံနိုင်ပါတယ်။ ဒါပေမဲ့ BIOS Password ဆိုတာကလည်း CMOS Battery ကိုဖြုတ်ရင် ပြုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ System Casing ပုံးကို ဖွင့်ပြီး လုပ်ရမယ့်ကိစ္စမို့ အနည်းငယ်တော့ ကြန့်ကြာမှု ဖြစ်စေမှာပါ။ ဒါပေမဲ့ Casing ပုံးမဖွင့်ဘဲ BIOS Password ဖျက်တဲ့ နည်းတွေကလည်း ရှိနေပြပါသေးတယ်။ ဥပမာ BIOS အမျိုးအစားပေါ်မူတည်ပြီး Master Password တွေ သုံးတာတို့၊ Software နဲ့ CMOS Battery ကို Spike လှမ်းရိုက်ပြီး ဖြုတ်နိုင်တာတွေလည်း ရှိနေပြန်ပါသေးတယ်။
ယေဘုယျပြောရရင်တော့ Windows Password ဟာ လုံခြုံမှုမရှိတော့ပါဘူး။ Admin Password ကို Hack လုပ်နိုင်ပြီးတဲ့အခါမှာ NTFS Permission ပေးထားတဲ့ Data တွေကိုပါ ခိုးယူနိုင်ပါလိမ့်မယ်။ ဆိုးကျိုးတွေ ကတော့ တကယ်တမ်းအများကြီးပါ။
တကယ်တမ်းတော့ အရေးကြီး Data တွေကို Portable Hard Disk ထဲပဲ ထည့်ထားလိုက်တာ အကောင်းဆုံးပါပဲ။ သွားလေရာ သယ်သွားလို့ရတယ်။ ဖွက်ချင်တဲ့နေရာ ဖွက်ထားလို့ရတယ်။ ကဲ ကျွန်တော့် အကြံ မပိုင်ဘူးလားဗျာ…..

(Kon Bot ကို ဘယ်လိုသုံးရမှာလဲဆိုပြီးတော့ ကျွန်တော့်ကို မေးမြန်းခြင်းများ သည်းခံကြပါခင်ဗျာ။ သူ့ရဲ့ Offical Site မှာ install လုပ်နည်း၊ အသုံးပြုနည်း အသေးစိတ်ရေးထားပါကြောင်း…)

July 16, 2009

Restore My Computer

ဟိုတစ်နေ့က စက်တစ်လုံး ၀င်းဒိုးမတက်လို့ဆိုပြီး လာအပ်တယ်။ ဖွင့်ကြည့်လိုက်တော့ တကယ်တမ်း ၀င်းဒိုးက တက်တယ်။ Loading ပြီးသွားတဲ့အခါကျ Desktop ပေါ်လာရမယ့်အစား ဘာမှမပေါ်ဘဲ အပြာရောင် Screen ကြီးဘဲ ပေါ်နေတယ်။ (BSOD မဟုတ်ပါ)
အဲဒါနဲ့ ကျွန်တော် Task Manager ကို ခေါ်ကြည့်လိုက်တယ်။ ခေါ်လို့ရတယ်။ အဲဒါနဲ့ Task Manager ကိုသုံးပြီး Windows Folder ထဲ လိုက်ကြည့်တော့ explorer.exe မရှိတော့တာကို တွေ့ရတယ်။ သေချာတယ်ပေါ့။ ဗိုင်းရပ်စ်က explorer.exe ကို ဖျက်ပစ်လိုက်လို့ Desktop ကြီး မပေါ်နိုင်ဖြစ်နေတာလေ။ နောက်မှ သိရတာက ဗိုင်းရပ်စ်က explorer.exe ကို ၀င်ကိုက်တဲ့အချိန် Kaspersky ကြီးက ထအော်တာကို user က Delete ဆိုပြီး ချလိုက်တာ ဗိုင်းရပ်စ်တင်မကဘဲ explorer.exe ပါ ပျက်သွားတာပါ။

အဲဒါနဲ့ ကျွန်တော်လည်း Memory Stick နဲ့ တခြားစက်က explorer.exe ကို copy ကူးပြီး အဲဒီစက်ထဲ ထည့်လိုက်တယ်။ restart လုပ်လိုက်တယ်။ ဟော Desktop ကြီးပေါ်လာပြီ။ စိတ်ထဲမှာတော့ ပြီးပြီဆိုပြီး ထင်နေလိုက်တယ်။

မပြီးသေးဘူးဗျ။ သကောင့်သား ဗိုင်းရပ်စ်မွှေသွားပုံက My Computer ဖွင့်လိုက်ရင် My Computer မပွင့်ဘဲနဲ့ Command Prompt ကြီးပွင့်လာတယ်။ Start Menu က My Computer ပဲဖွင့်ဖွင့်၊ Desktop ပေါ်က My Computer ပဲဖွင့်ဖွင့် Command Prompt ပဲ ပွင့်လာတယ်။ နောက် Windows Key နဲ့ E ကို တွဲနှိပ်လည်း Windows Explorer ပွင့်မလာတော့ဘူး။ The Parameter is incorret ဆိုပြီး Dialog Box လေးတစ်ခု ကျလာတယ်။ ခေါင်းစားသွားတယ်ပေါ့ဗျာ။
Registry ထဲ ပြန်ပြင်ရမယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ ဘယ်နေရာ သွားပြင်ရမယ်မှန်းမသိဘူး။ သုံးနာရီလောက်ကြာအောင် လိုက်မွှေကြည့်လည်း မထူးဘူးဗျာ။ နောက်မှ Desktop ပေါ်က My Computer ပေါ် Right Click နှိပ်ကြည့်တဲ့အခါ CMD Shell ဆိုပြီး item လေးတစ်ခု တိုးပြီး ပေါ်နေတာကို သတိထားမိတယ်။ သဲလွန်စတော့ ရပြီပေါ့ဗျာ။

အဲဒါနဲ့ registry ထဲသွားပြီး CMD Shell ဆိုပြီး ရိုက်ပြီး ရှာလိုက်တာ ဒီ key လေးကို စတွေ့ပါတယ်။

HKEY_CLASSES_ROOTFolder hellcmdcommand အောက်မှာ Default Value က C:WindowsSystem32cmd.exe ဆိုပြီး တွေ့ရပါတယ်။


ကျွန်တော် အဲဒီ Key ကို မသင်္ကာဘူး။ အဲဒါနဲ့ တခြားစက်မှာသွားကြည့်တော့ တခြားစက်မှာ အဲဒီလို key မရှိဘူး။ ဒါနဲ့ အဲဒီ key ကို ဖျက်ပစ်လိုက်တယ်။ ပြီးတော့ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ အရင်လို Command Prompt မပွင့်တော့ဘဲ error တစ်ခု တက်လာတယ်။ နီးတော့ နီးလာပြီပေါ့ဗျာ။
အဲဒါနဲ့ တခြားစက်မှာရှိတဲ့ key အတိုင်း လိုက်ပြီး ဖန်တီးလိုက်တယ်။


HKEY_CLASSES_ROOTFolder hell အောက်မှာ Explore ဆိုပြီး key တစ်ခု ထပ်ဆောက်လိုက်တယ်။ အဲဒီ Explore အောက်မှာ command ဆိုပြီး key ထက်ဆောက်လိုက်တယ်။ သူ့ရဲ့ Default Value ကို %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်တယ်။ ဆိုလိုရင်းကတော့ My Computer ကို ဖွင့်လိုက်ရင် explorer.exe ကို သွားဖွင့်ခိုင်းလိုက်တာပါပဲ။ နောက်မှာပါတာတွေက Switch တွေပါပဲ။ အဲဒီ Switch တွေ အကြောင်းကိုတော့ ကျွန်တော်လည်း မသိပါဘူး။

နောက်ထပ် HKEY_CLASSES_ROOTFolder hell အောက်မှာပဲ Open ဆိုပြီး key တစ်ခု ဆောက်လိုက်ပါတယ်။ အဲဒီ Open အောက်မှာ command ဆိုပြီး Key တစ်ခု ထပ်ဆောက်ပါတယ်။ သူ့ရဲ့ Default Value ကိုလည်း အစောကအတိုင်းပဲ %SystemRoot%Explorer.exe /e,/idlist,%I,%L ဆိုပြီး ပေးလိုက်ပါတယ်။

ပြီးတော့ Registry Editor ကို ပိတ်လိုက်ပါတယ်။ My Computer ကို ဖွင့်ကြည့်လိုက်ယ်။ ဟော My Computer မှ My Computer ကြီး ပွင့်လာပါကြောင်း။

စာဖတ်သူတွေထဲက ကျွန်တော့်လိုမျိုး My Computer ဖွင့်လိုက်လို့ My Computer မပွင့်ဘဲ တခြားဟာတွေ ပွင့်လာတယ်ဆိုရင် အောက်မှာပေးထားတဲ့ reg ဖိုင်လေးကို download ဆွဲပြီး double click နှိပ်ဖွင့်လိုက်ပါ။ ပြီးရင် Yes ကို နှိပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ reg ဖိုင်ထဲမှာ တခြား ဘာ code မှ မပါပါဘူး။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။


Download Restore My Computer Registry

July 14, 2009

Memory Stick ကောင်းမကောင်း စမ်းသပ်နည်း


စာဖတ်သူဆီမှာရှိတဲ့ Memory Stick ကောင်းမကောင်း စမ်းသပ်ချင်ရင်တော့ Check Flash ဆိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခု ရှိပါတယ်။ install လုပ်စရာမလိုပါဘူး။ သူ့ကိုဖွင့်ပြီး Start ကို နှိပ်လိုက်ရုံပါပဲ။ တကယ်လို့များ Memory မှာ error ရှိခဲ့မယ်ဆိုရင် အနီရောင်အတုံးလေးတွေ ပေါ်လာမှာပါ။ ဒါ့အပြင် ဒီဆော့ဖ်ဝဲကို read speed နဲ့ write speed ကို တိုင်းတာဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

Download Check Flash

July 13, 2009

IT Men Blog တွင် Delicious Linkrolls ထည့်သွင်းထား

Delicious ထဲမှာ ကျွန်တော်မှတ်ထားတဲ့ site လိပ်စာတွေရဲ့ Link-rolls ကို Blog ရဲ့ ညာဘက် panel မှာ ထည့်ထားလိုက်ပါပြီ။ ကျွန်တော့်အကျင့်က ကောင်းတဲ့ site လေးတွေတွေ့ရင် delicious မှာ မှတ်နေကြပါ။ အခုလို ထည့်ထားလိုက်တော့ ကျွန်တော်အသစ်မှတ်တိုင်း ပေါ်နေတော့မှာလေ။

July 12, 2009

Sample, Sampling and Bit Rate

Audio/Video Converter တွေကို သုံးစွဲတဲ့အခါမှာ Sample Rate ဆိုတာကို ခဏခဏ တွေ့နေရတယ်။ KHz နဲ့ တိုင်းတာထားတာလေ။ အများအားဖြင့် 48000 KHz ဆိုပြီး တွေ့ရတတ်ပါတယ်။ အဲဒါနဲ့ Sampling Rate ဆိုတာ ဘာပါလိမ့်ဆိုပြီး Wiki ထဲ ရှာကြည့်တာ တော်တော်လေး ခေါင်းမူးသွားတယ်။ Techterms မှာ ရှာကြည့်မှ ရှင်းရှင်းလင်းလင်း သိသွားတယ်။ အခု ကျွန်တော်နားလည်သလောက် ပြန်ရေးလိုက်ပါတယ်။


Sample ဆိုတာဘာလဲ
Sample ဆိုတာဟာ analog signal တွေကို digital အနေနဲ့ ကိုယ်စားပြုထားတဲ့ data တွေကို ပြောတာပါ။
လက်တွေ့ဘ၀မှာ ကျွန်တော်တို့ မြင်သမျှ၊ကြားသမျှ အကုန်လုံးဟာ analog format တွေပါပဲ။ တစ်ဖက်မှာတော့ ကွန်ပျူတာဟာ digital ကိုပဲ နားလည်တယ်၊ digital information တွေကို သိမ်းဆည်းနိုင်၊ တွက်ချက်နိုင်ပါတယ်။ ကျွန်တော်တို့ အသံတစ်ခုကို ကက်ဆက်နဲ့အသံဖမ်းလိုက်မယ် ဆိုပါစို့။ အဲဒီ ကက်ဆက်တိပ်ခွေထဲရောက်သွားတဲ့ အသံဟာ analog format မှာဘဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ အဲဒီအသံကို ကွန်ပျူတာထဲ သိမ်းဆည်ဖို့အတွက် အဲဒီ analog format ကို digital format အဖြစ် ပြောင်းရပါလိမ့်မယ်။ အဲဒီလိုပြောင်းလို့ရလာတဲ့ digital data တွေကို sample လို့ခေါ်ပါတယ်။

Sampling ဆိုတာဘာလဲ
Analog ကနေ digital ကိုပြောင်းလဲတာကို Sampling လုပ်တယ်လို့ ခေါ်ပါတယ်။ Sampling အဆင့်မှာ အသံ သို့မဟုတ် ရုပ်ကို တစ်စက္ကန့်အတွင်းမှာ အခါပေါင်းတစ်သိန်းလောက်နီးပါး ဖမ်းယူလိုက်ပါတယ်။ Sampling Rate များလေ ရလာတဲ့ digital format ဟာ အရည်အသွေးကောင်းလေပါပဲ။ ဒီနေရာမှာ bit rate ဆိုတာပါ တိုးလာပါတယ်။ bit rate များလေ sample များများထုတ်နိုင်လေ၊ Sample များများထုတ်နိုင်လေ၊ အရည်အသွေးကောင်းလေပါပဲ။ ဥပမာအားဖြင့် စီဒီခွေထဲမှာပါတဲ့ သီချင်းသံဟာ Sampling Rate 44.1 KHz ရှိပါတယ်။ တစ်နည်းအားဖြင့် တစ်စက္ကန့်မှာ sample ပေါင်း 44100 ပါဝင်ပါတယ်။ Sampling Rate 44.1 KHz ရှိတဲ့ digital အသံဟာ အပြင်ကအသံနဲ့ ထပ်တူနီးပါးရှိပါတယ်။ သာမန်လူတွေ မခွဲခြားနိုင်ပါဘူး။ တကယ်လို့များ ကျွန်တော်တို့ဟာ အဲဒီအသံကို 22 KHz နဲ့ ဖမ်းလိုက်မယ်ဆိုရင် ပြန်နားထောင်ကြည့်တဲ့အခါမှာ ဟာ အသံအရည်အသွေးကလည်း မကောင်းဘူးဆိုပြီး ဘယ်သူမဆို ပြန်ပြောကြပါလိမ့်မယ်။

Bitrate

Bitrate ဟာ သူ့ရဲ့နာမည်လေးအတိုင်းပါပဲ။ တစ်နေရာကနေ တစ်နေရာကို Bit တွေ စီးဆင်းတဲ့နူန်းကို ပြောတာပါ။ အများအားဖြင့် Bitrate ကို bps (bits per second) သို့မဟုတ် Kbps (kilo bit per second) , Mbps (Mega bit per second) တိုင်းတာပါတယ်။
အင်တာနက်လိုင်း လျှောက်တဲ့အခါမှာ 256 လိုင်း၊ 512 လိုင်း စသည်ဖြင့် ရွေးရပါတယ်။ အဲဒါဟာ 256 Kbps လိုင်း သို့မဟုတ် 512 Kbps ကို ပြောခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက bitrate ကို audio file သို့မဟုတ် video file တွေရဲ့ အရည်အသွေးကို ဖော်ပြတဲ့အခါမှာလည်း သုံးစွဲပါတယ်။ ဥပမာအားဖြင့် 192 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းတစ်ပုဒ်ဟာ 128 Kbps နှုန်းနဲ့ ချုံ့ထားတဲ့ MP3 သီချင်းထက် ပိုပြီး နားထောင်ကောင်းပါလိမ့်မယ်။ သဘောတရားက ကွန်ပျူတာမှာ အသံဆိုတာကလည်း bit နဲ့ဘဲ ကိုယ်စားပြုတာကြောင့် bit များလေ အသံကိုပိုပြီး သိပ်သည်းစွာနဲ့ ကိုယ်စားပြုနိုင်လေပါပဲ။ 192 Kbps MP3 သီချင်းတစ်ပုဒ်ဆိုရင် သူဟာ တစ်စက္ကန့်အတိုင်းအတာရှိတဲ့ အသံကို 192 Kilobit နှုန်းနဲ့ ကိုယ်စားပြုထားတယ်လို့ ဆိုလိုပါတယ်။ အဲဒီလိုမျိုးပါပဲ Bitrate 3000 Kbps ရှိတဲ့ Video ဖိုင်တစ်ဖိုင်ဟာ Bitrate 1000 Kbps ရှိတဲ့ Video ထက် ပိုပြီး ကြည့်ကောင်းမှာ အသေအချာပါပဲ။

July 9, 2009

Microsoft Visio 2007


သူငယ်ချင်းတစ်ယောက်ရဲ့ Thesis ကို ကူညီရင်းနဲ့ Diagram တွေ ဆွဲဖို့ လိုလာတယ်။ CorelDraw နဲ့ ဆွဲရင်တော့ ရပေမဲ့ လက်ဝင်တယ်လေ။ အဲဒါနဲ့ လှည့်ရှာကြည့်လိုက်တာ Microsoft ကထုတ်တဲ့ Visio ကို တွေ့သွားပါတယ်။ တကယ်ကို ကောင်းပါတယ်။ Diagram တွေဆွဲဖို့ပေါ့လေ။ Network Diagram, Data Modeling Diagram, software diagram, flowcharts စသည်ဖြင့်ပေါ့။

လိုချင်တဲ့သူတွေအနေနဲ့ အဝေးကြီးရှာစရာမလိုပါဘူး။ Microsoft Office 2007 DVD ခွေထဲမှာ ပါပြီးသားလေ။

July 1, 2009

Prevent virus for usb

usb မှာ autorun.inf လေး ရေးထားရင် အထိုက်အလျောက် တော့ virus ကာကွယ် နိုင်ပါတယ်။ အခုရေးထားတဲ့ autorun.inf ကိုရေးသားနည်း သိသူပဲ ဖျက်လို့ရမှာပါ၊ ကျွှန်တော် ရေးနည်းကော ဖျက်နည်းကော ဖော်ပြထားပါတယ်၊
၁ - Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်ပါ။
၂ - md \\.\\e:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။
ဒါဆိုရင် autorun.inf ကို create လုပ်ပြီးပါပြီ။
drive letter "e:" မှာသွားကြည့်ရင် autorun.inf ကိုတွေ့ပါလိမ့်မယ်။ Delete လုပ်လို့မရပါဘူး။ Format ရိုက်ရင်တော့ပျက်ပါတယ်။
drive "e:" နေရာမှာ မိမိ usb drive letter ရေးရမှာပါ။

ပြန်ဖျက်ချင်ရင်

command prompt မှာ rd \\.\\e:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။

Thanks for reading my post.

Portable XYPlorer

XYPlorer က ကောင်းလွန်းတော့ သွားလေရာ သယ်သွားနေရတယ်။ အခုတော့ Portable လေး ရှာတွေ့သွားတယ်။ အဲဒါနဲ့ စာဖတ်သူတွေကို ရှယ်ယာပေးလိုက်တယ်။ download လုပ်ရတာ အဆင်ပြေအောင် Hot Link ပေးတဲ့ sigmirror နဲ့ ရှဲလိုက်ပါတယ်။

Download Portable XYPlorer



Microsoft(R) Windows(R) Malicious Software Removal Tool

Microsoft က ထုတ်ထားတာတော့ ကြာပါပြီ။ ကျွန်တော်ကတော့ MSRT လို့ပဲ အတိုခေါ်လိုက်ပါတယ်။ အောက်မှာ ရေးထားတဲ့ ဗိုင်းရပ်စ်တွေကို သတ်နိုင်ပါတယ်။ ဟိုးတစ်လောက နာမည်ကြီးလိုက်တဲ့ Conflicker တောင်ပါပါတယ်။
 
Alcan Alemod Allaple Alureon Antinny Atak Badtrans Bagle Bagz Bancos Banker Banload Beenut Berbew Blaster Bobax Bofra Brontok Bropia Bugbear Busky Captiya Ceekat Chir Codbot   Conficker Conhook Corripio Cissi Cutwail DoomJuice Dumaru Esbot Evaman Eyeveg FakeSecSen FakeXPA F4IRootkit Fizzer Fotomoto Frethog Funner Gael Ganda Gaobot GibeGimmiv  Goweh Hacker Defender Hacty Harnig Haxdoor Horst Hupigon InternetAntivirus IRCBot Ispro Jeefo Kelvir Koobface Korgo Ldpinch Locksky Lolyda Lovgate MabutuMagistr  Maslan Matcash Mimail Mitglieder Mydoom Mytob Mywife Nachi Netsky Newacc Nsag Nuwar Oderoor Opaserv Optix Optixpro Parite Passalert Plexus Purstiu RandexRbot  Reatle Renos Rjump Rustock Ryknos Sasser Sdbot Sinowal Slenfbot Sober Sobig Spybot Spyboter Srizbi Storark Stration Swen Taterf Tibs Tilcun Torvil Valla VirtumondeVirut  Vundo Waledac Winwebsec Wootbot Wukill Yaha Yektel Zafi Zindos Zlob Zonebac Zotob Zuten

Download MSRT

June 27, 2009

proxy လေးတစ်ခုရထားတယ်

South Africa က proxy တစ်ခုရထားတယ် ၀က်ပေ့ တော်တော်များများ ဖွင့်လို့ရတယ် browser မှာ သွားထည့်ပေးလိုက်ရုံလေးပဲ blog ရေးရတာတော့ တော်တော် အဆင်ပြေတယ်ဗျာ။ အင်း......... ဘမ်းလိုက်မှာတော့ စိုးရိမ်သား လိုချင်တဲ့သူ ဒီမှာထောက်ကြည့်လိုက် status bar မှာ ကြည့်ပါ

June 24, 2009

Virus များအတွက် website

scanwith ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool, antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက် မျှဝေလိုက်ပါတယ် www.scanwith.com
virus ရန်မှ ကင်းဝေးကြပါစေ

June 22, 2009

Cbox မှာ မမေးစေလိုပါ

Cbox ဟာ ကြာလာတဲ့အခါမှာ အရင်တုန်းက Message အဟောင်းတွေကို အလိုလိုဖျက်ပစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မေးခွန်းနဲ့အဖြေတွေကို ထိန်းသိမ်းထားချင်တာ ဖြစ်တဲ့အတွက် www.mmitmen.co.cc မှာသာ မေးစေလိုပါကြောင်း အသိပေးအပ်ပါသည်။

Prevent Virus Infecting To Your Memory Stick

ကျွန်တော်တွေ့ရှိခဲ့တဲ့ နည်းမဟုတ်ပါဘူး။ ကျွန်တော့်ဆီကို မေးလ်ပို့ပြီး ရှဲလုပ်လိုက်လို့ ဆီလျော်အောင် ပြန်လည် ရေးသားဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

အခုပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်တော်တော်များများဟာ Memory Stick ထဲကို ၀င်ရောက်တဲ့အခါ ဗိုင်းရပ်စ်နဲ့အတူ autorun.inf ဖိုင်လေးပါ အလိုလိုထည့်ရေးလိုက်ပါတယ်။ အဲဒီအခါမှာ အဲဒီ Stick ကို တခြား ဗိုင်းရပ်စ်မရှိတဲ့စက်မှာ တပ်၊ My Computer ကနေ ဖွင့်လိုက်တဲ့အခါမှာ autorun.inf က စတင်အလုပ်လုပ်ပြီး ဗိုင်းရပ်စ်ဟာ စပြီး အလုပ်လုပ်ပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ Stick ထဲမှာ autorun.inf ဖိုင် တစ်ခုကြိုတင်ဆောက်ထားပြီး အဲဒါကို Read Only ပေးထားလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်ရှိတဲ့စက်မှာတပ်လိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ဟာ ၀င်တော့ဝင်သွားနိုင်ပေမဲ့ autorun.inf ဖိုင်ဟာ ရှိပြီးသားဖြစ်နေပြီး read only ပေးထားတဲ့အတွက် သူဟာ နောက်ထပ် ထပ်မရေးနိုင်တော့ပါဘူး။ ဒါကြောင့် အဲဒီ Stick ကို တခြား ကွန်ပျူတာတပ်ပြီး My Compute ကနေ ဖွင့်ရင်တောင် ဗိုင်းရပ်စ်ဟာ အလုပ်လုပ်မလုပ်နိုင်တော့ပါဘူး။ (မှတ်ချက်၊ Folder ဟန်ဆောင်ထားတဲ့ ဗိုင်းရပ်စ်ကို ဖွင့်မိရင်တော့ ကူးမှာပါ။ ဒါတော့ ကိုယ်ဘာသာကိုယ် သတိထားရမှာပါ)

Autorun.inf ဖန်တီးနည်း
လွယ်လွယ်လေးပါ။ notepad ကိုဖွင့်ပြီး ဘာမှမရိုက်ဘဲနဲ့ Stick ထဲမှာ autorun.inf ဆိုပြီး သိမ်းလိုက်ပါ။ ပြီးရင် အဲဒီဖိုင်ပေါ်မှာ right click နှိပ် properties ခေါ်ပြီး Read-Only ကို အမှန်ခြစ်ပေး OK နှိပ်လိုက်ရုံပါပဲ။

XMAPP

အသိနောက်ကျလေခြင်းဗျာ။ XMAPP ကို အခုမှသိတယ်။ အရင်တုန်းက PHP လေး run ဖို့အတွက် IIS တင်ရတယ်၊ PHP ကို တင်ရတယ်၊ Database ပါသုံးမယ်ဆိုရင် MySQL ပါတင်ရတယ်။ သုံးခုတောင်တင်ရတယ်ဗျာ။ install လုပ်ရုံနဲ့လည်း မပြီးဘူး။ Configuration တွေလည်း လုပ်ရသေးတယ်။ ဟော အခု XMAPP ကတော့ One Click တည်းနဲ့ Apache ရော PHP ရော MySQL ပါ အကုန်တင်ပေးသွားတယ်။ ချက်ချင်း run ရုံပဲ။ Web Server က IIS တော့ မဟုတ်ဘူးပေါ့။ Apache ကို တင်ပေးသွားတယ်။ ကျွန်တော်ကတော့ Apache ကို ပိုကြိုက်တယ်။ Free ပေးတာကြောင့်လေ။ ပြီးတော့ Log တွေ ကြည့်လို့ရတယ်။
ကဲ စာဖတ်သူလည်း PHP ကို လေ့လာချင်တယ်ဆိုရင် XMAPP ကိုသာ သုံးလိုက်တော့ဗျာ။

June 18, 2009

နည်းပညာအသစ်များအကြောင်း

ဟိုတစ်နေ့က ပီစီမဂ္ဂဇင်းထဲမှာ တွေ့လိုက်တယ်။ Mac OS ကို PC မှာ သုံးလို့ရနေပြီတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ခွေဆိုင်မှာ သွားရှာလိုက်တယ်။ ဟုတ်ပါ့ဗျာ။ Mac Leopard OS for PC version တဲ့။ စမ်းတော့ တင်မကြည့်ရသေးဘူး။ ခွေကာဗာပေါ်မှာ ရေးထားတာက Core2 Duo Recommended လို့ ရေးထားတော့ ကျွန်တော့်ရဲ့ Pentium D စက်ကလေးနဲ့ ဖြစ်ပါ့မလားလို့ စိုးရိမ်စိတ်ဝင်နေတယ်ဗျာ။ Mac က ဗိုင်းရပ်စ်ရန်က စိတ်ချရနီးပါး ရှိတော့ သုံးရတာ အဆင်ပြေတာပေါ့။ ဒါပေမဲ့ Software ကန့်သတ်ချက်တွေ ရှိနေတာ တစ်ခုပါပဲ။

အခု ဈေးကွက်ထဲမှာ Load Balancer တွေရောက်လာတာကို ဂျာနယ်တွေထဲကနေတစ်ဆင့် သိလိုက်ပါတယ်။ အင်တာနက်လိုင်း နှစ်လိုင်းကို ပေါင်းသုံးချင်ရင် ပြေးဝယ်လိုက်ပေါ့ဗျာ။ Server 2003 မှာ Load Balancing ပါပါတယ်။ ဒါပေမဲ့ Hardware နဲ့က ပိုကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်။ ဟိုးအရင်တုန်းက Dual WAN Router ဆိုပြီး ဒီကို ရောက်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အင်တာနက်ဆိုင်တွေ ခုလောက် မပေါသေးတော့ မပေါက်ခဲ့ဘူးပေါ့ဗျာ။

ဆရာဇော်လင်းက အခု Website တစ်ခုလုပ်ပြီး သူ့ဆောင်းပါးတွေ ရေးတင်ထားမယ်။ ဒီအတိုင်းတော့ မရဘူး။ ၀င်ကြေးပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုတစ်လော ကြော်ငြာလာတာကို တွေ့ရပါတယ်။ အဲဒီလို Prepaid Card တွေ ရောင်းပြီး ၀င်ကြည့်ရတဲ့ပုံစံက ကျွန်တော့်အမြင်တော့ အကောင်းလည်းရှိတယ်၊ အဆိုးလည်းရှိတယ်လို့ ထင်ပါတယ်။
အကောင်းက နည်းပညာဟာ အလကားမရဘူးဆိုတဲ့ အမြင်ကို လူတွေအသိထဲ ရောက်သွားအောင် ထည့်ပေးနိုင်လို့ပါ။ ကွန်ပျူတာမှာ နှံ့စပ်ကျွမ်းကျင်ဖို့အတွက် ကျွန်တော်တို့တွေ အချိန်တွေ၊ ငွေတွေအများကြီး ရင်းခဲ့ရတယ်။ ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်။ ဒါတွေကို အလကားချည်းသက်သက် ဖြန့်ဝေဖို့ကတော့ မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်ဖောက်စားခြင်းပေါ့ဗျာ။ အခုနောက်ပိုင်းဆိုရင် တချို့ Forum တွေထဲမှာ ဘာလေးလိုချင်လို့ပါ၊ ပို့ပေးပါ ဆိုတာမျိုးအထိတောင် ရောက်လာပါတယ်။ အလွယ်လမ်းကို ကလေးတွေ လိုက်လာတယ်ဆိုတာ သတိထားမိပါတယ်။ အမှန်ဆိုရင် ကိုယ့်ဘာသာကိုယ် အရင်ကြိုးစားရှာသင့်တာပေါ့လေ။ ဘယ်လိုမှ မတွေ့တော့ဘူးဆိုမှ တောင်းတာက ပိုကောင်းမယ်လို့ထင်ပါတယ်။

အဆိုးရှိတယ်ဆိုတာကတော့ ဆရာဇော်လင်းအနေနဲ့ ကိုယ့် Site ရဲ့ Value ကို အရင်တွက်ချက်ပြီးမှာ ၀င်ကြေးသတ်မှတ်သင့်ပါတယ်။ အခုမှစလုပ်တယ်၊ အခုဝင်ကြေးတောင်းတယ်ဆိုတာမျိုးတော့ နည်နည်းလေး အံလွဲနေတယ်လို့ ထင်ပါတယ်ဆရာ။ ပြီးတော့ အားမနာတမ်းပြောရရင် ရေးမယ့်သူက အရမ်းနည်းနေတယ်။ Myanmar IT Pros လို Contributer တွေ အများကြီးရှိတဲ့ Site တောင်မှ Free ၀င်ခွင့်ပေးထားတာပါ။ Software တွေ Ebooks တွေ Knowledge Base တွေအများကြီးရှိတဲ့ နိုင်ငံခြား Site တွေလည်း Free ဖွင့်ပေးထားတာပါ။

ကဲ. နောက်တစ်ခုဗျာ။
MCPA က Layer2 Networking အကြောင်း သင်တန်းဖွင့်မယ်လို့ ကြားတယ်ဗျ။ အနော်လည်း Layer2 Networking ဆိုတာ ဘာမှန်းမသိသေးဘူး။ လေ့လာရဦးမယ့် ခေါင်းစဉ်တွေထဲ တစ်ခု တိုးသွားပြန်ပြီဗျာ။ ဟိုးတစ်လောကလည်း Layer3 Swith ဆိုတာကို ကြားလိုက်သေးတယ်။ အင်း အဲဒါကိုလည်း........

စကားမစပ်
ကွန်ပျူတာဂျာနယ်နဲ့ ပီစီဝါးလ်က အယ်ဒီတာများ စာဖတ်သူထဲ ပါတယ်ဆိုရင် Local Articles တွေ၊ Local Interviews တွေ များများထည့်ပေးဖို့ တောင်းဆိုလိုပါတယ်ခင်ဗျာ။ အခုနောက်ဆုံးထွက်သွားတဲ့ PC Magazine ပုံစံဆိုရင် တော်တော်ကောင်းတာပဲဗျ။ ပြည်တွင်းဆောင်းပါးတွေအများကြီးပါတယ်၊ ပြည်တွင်းက ဆရာကြီးတွေရဲ့ အင်တာဗျူးတွေလည်း ထည့်ပေးထားတယ်။ အထူးသဖြင့် ကိုဝဏ္ဏကိုကိုရဲ့ အင်တာဗျူးနဲ့ ဆရာမောင်မောင်လှမြင့်ရဲ့ အင်တာဗျူးပါတာနဲ့ကို ဖတ်ရတာ တန်နေပြီဗျာ။ ချီးကျူးပါတယ် PC Magazine အယ်ဒီတာရေ။ (PC Magazine မှာ ရွာရိုးကိုးပေါက် ဒိုးဒိုးဒေါက်ဒေါက် ပါတာတော့မကြိုက်ဘူးဗျာ)

June 10, 2009

gmail နှစ်ခုပြိုင်ဖွင့်ကြမယ်..

အိုင်တီမန်း ပရိတ်သတ်ကြီး ကို mozilla firefox ရဲ့ add-ons တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ် IE Tab ဆိုတာလေးပါ။ IE ရဲ့ rendering engine ကို Tab တစ်ခု အနေနဲ့ သုံးနိုင်စေပါတယ် ဒီတော့ gmail ပြိုင် သုံးလို့ရသွားတာပေါ့ နောက်ပြီး firefox နဲ့ ဖွင့်ထားတဲ့ tab ပေါ်မှာ right click နှိပ် ပြီးတော့လဲ rending engine ကို ပြောင်းလို့ရပါသေးတယ်။
IE Tab add-ons ကို ဒီနေရာကနေ https://addons.mozilla.org/en-US/firefox/addon/1419 ယူ၍ install လုပ်လိုက်ပါ နောက်ပြီး Navigation Toolbar ပေါ် right click နှိပ် customize ရွေးပြီး icon လေး ဆွဲတင်ပေးလိုက်ပါအုံး icon လေးက သူ့ပေါ်ကို left click နှိပ် ရင် လက်ရှိ firefox နဲ့ ပွင့်နေတဲ့ tab ကို IE နဲ့ပြောင်းပေးမယ် middle click ဆို နောက်ထပ် tab တစ်ခုနဲ့ ပြောင်းပြီး ပွင့်လာပါမယ် right click ဆိုရင်တော့ option dialog box ပေါ်လာမှာပါ။
gmail account နှစ်ခုပြိုင်ဖွင့်ဖို့ အတွက် tab နှစ်ခု နဲ့ https://mail.google.com ကို အရင်ဖွင့်လိုက်ပါ IE tab icon ပေါ်ကို left click နှိပ်လိုက်ပါ ဒါဆို ရပါပြီ username password တွေဖြည့်ပြီး ပြိုင်သုံးလို့ရပါပြီ

Reference: http://www.universefirefox.com/add-ons/internet-explorer-rendering-engine-in-firefox-ie-tab

June 9, 2009

Grou.ps


Ning ပုံစံမျိုး Social Network ဖန်တီးတဲ့ site ပါပဲ။ ကျွန်တော်တော့ စမ်းမကြည့်ရသေးဘူး။ Grou.ps ကို အစက ဘယ်လိုအသံထွက်ရမှန်းမသိဘူး။ ဂရို ဒေါ့ ပီအက်စ် လို့ ယောင်ပြီး ထွက်မိတယ်။ နောက်မှ အော် Groups ကို dot လေးနဲ့ ခွဲထားမှန်းသိတာ။ Ning နဲ့ ရေးထားတဲ့ Social Site တွေဟာ MPT လိုင်းတွေနဲ့ ကြည့်မရတာကြောင့် Social Network ဖန်တီးလိုသူတွေအနေနဲ့ grou.ps ဘက်ကို လှည့်သင့်ပါတယ်။ ပြီးတော့ သူက opensource ဖြစ်တဲ့အတွက် ပိုပြီးကောင်းတာပေါ့။ သူက http://grou.ps/yourname ဆိုပြီး ထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ domain name လေးဝယ်ပြီး Domain Masking လုပ်လိုက်ရင် site လိပ်စာမှတ်ရတာ လွယ်သွားမှာပေါ့လေ။ သူ့မှာပါဝင်တဲ့ Features တွေကတော့

People: Short profiles of group members
Blogs: Aggregation of blogs that group members own and/or may be interested
Map: A real world map showing members' current location and souvenirs (w. photos)
Talks: Forum + mailing lists; for all communication needs of your group
Photos: Share photos; aggregate Flickr accounts or enter them separately
Links: Share links, bookmarks; aggregate del.icio.us, digg, reddit accounts
Wiki: Create web pages easily, share documents and collaborate
Calendar: Share your agenda
Groups: Let your users play with subgroups and engage even more
Videos: Your very own YouTube!
Files: Share files, your own Downloads section! (3GB)
Chat: Real time chat with group members

Microsoft's New Search Engine

Microsoft ကနေပြီးတော့ Search Engine အသစ်တစ်ခု ထပ်ထုတ်လိုက်ပါပြီ။ နာမည်ကတော့ Bing တဲ့။ Bing ဟာ အရင် Live Search မဟုတ်ပါဘူးတဲ့။ Live ပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး making a purchase decision, planning a trip, researching a health condition or finding a local business ဆိုတဲ့ အချက်တွေကို အဓိက Focus လုပ်ထားတာ ဖြစ်တယ်လို့ Microsoft က ပြောပါတယ်။ အပြည့်အစုံကို ဒီမှာနှိပ်ပြီး ဖတ်နိုင်ပါတယ်။

Save Youtube Videos

သူငယ်ချင်းတစ်ယောက်က သူ့ကောင်မလေးအတွက် မွေးနေ့လက်ဆောင်အဖြစ် စီဒီခွေထဲကို animation ထည့်ပြီး ပေးချင်တယ်တဲ့။ ကျွန်တော့်ကို အကူအညီတောင်းရော။ အဲဒါနဲ့ ကျွန်တော်လည်း youtube မှာ birthday ဆိုပြီး ရိုက်ရှာလိုက်တာ တော်တော်ကောင်းတဲ့ birthday animation လေးတွေ ထွက်လာပါတယ်။ ကိုယ်က အဲဒါလေးတွေကို လိုချင်တာ။ ဘယ်လို download ချရမှန်းမသိဘူး။ အဲဒါနဲ့ Google မှာ ရှာကြည့်လိုက်တယ်။ တွေ့တာတွေကတော့ အများကြီးပဲ။ အဲဒီထဲကနေ အကောင်းဆုံးကတော့ www.keepvid.com ပါပဲ။ ကဲ ရောင်းရင်းတို့လည်း youtube ကနေ download ဆွဲချင်ရင် တခြား site တွေ ရှာမနေနဲ့တော့။ အချိန်တွေကုန်နေလိမ့်မယ်။ အဲဒီ site ကပဲ အကောင်းဆုံးဗျို့။

June 4, 2009

Gmail Inbox preview

gmail သုံးတဲ့ လူတိုင်း mail ဖွင့်လိုက်တာနဲ့ ကိုယ့် ဆီ ကို ဘယ်သူတွေ ဘာတွေပို့ထားမလဲ လို့ သိချင်ကြမှာပေါ။့ ဒါပေမယ့် mail က တော်တော်နဲ့မပွင့်နိုင်။ ဒီတော့ ကျွန်တော်ကတော့ google Lab ထဲက inbox preview ဆိုတာကို enable လုပ်ပေးထားလိုက်တယ်။ ဖွင့်ကြည့်လို့ မရပေမယ့် ဘယ်သူတွေ ဘာတွေပို့ထားတယ် ဆိုတာလောက်တော့ သိရတာပေါ့။
လုပ်ပုံလုပ်နည်းက
gmail ရဲ့ setting ထဲက Labs ကိုသွား ပြီး Inbox preview မှာ Enable လုပ်ပေးထားလိုက်ရုံပါပဲ။
နောက်တစ်ကြိမ် gmail ဖွင့်တဲံ အချိန် ကြရင် ပုံမှာအတိုင်း ပေါ်လာပါလိမ့်မယ်။

June 3, 2009

ကိုစိုးမင်း၏ Dictionary


မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကိုလဲ ပြောင်းလို့ရတယ်။ အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကိုလဲ ပြောင်းနိုင်တယ်။ စကားလုံးအရေအတွက်က Babylon ထက်သာတယ်ဗျာ။ အခုလို မြန်မာနိုင်ငံမှာ မြန်မာလူမျိုးများအတွက် အချိန်တွေကိုစတေးပြီး အထူးပြုလုပ်ပေးတဲ့ ပရိုဂရမ်မာ ကိုစိုးမင်း အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

Download wxPyDict

May 30, 2009

Explorer အစား XYplorer

virus တွေက၀င် foler option ကပျောက် အော် folder option က ပြန်ပေါ်တော့ hidden နဲ့ system ကို ပြန်ဖော် OK တောင်မနှိပ်ရသေးဘူး Apply ပဲရှိသေး ပြန်ပြောင်းသွားပြီ XYplorer နဲ့မှပဲ စိတ်ချမ်းသာ ရတော့တယ်ဗျာ။ window က explorer လိုပဲ ထူးခြားတာက security ပေးထားတဲ့ flie/folder, hidden, system file/folder ကြိုက်တဲ့ file လာခဲ့ ကြိုက်တဲ့ folder လာခဲ့ အကုန်ကြည့် လို့ change လို့ရစေတယ်ဗျာ။ security folder ဆိုတာ System Volume Information လို folder ကိုပြောတာပါ။ ဟိုးတစ်ခါက ကျွန်တော်ရေးခဲ့တဲ့ software လည်းလွင့်ပစ် လိုက်တော့။ မလိုတော့ဘူး။ XYplorer ထဲမှာ တစ်ခါတည်း ပြောင်းလို့ရပါတယ်။ ကျွန်တော်တာ့ window က explorer နေရာအစား ဒီ XYplorer လေးကိုတောင် အစားထိုးထားလိုက်ချင်သေးတယ်ဗျာ။
ဒီမှာ downwload link က
http://www.mediafire.com/?d2zliiiwmhh
http://www.mediafire.com/file/d2zliiiwmhh/XYplorer.exe

May 29, 2009

Driver

Internet ပေါ်မှာ ASUS, MSI, GIGABYTE, Intel and ECS Motherboards အတွက် Drivers ရှာရင် အောက်ပါ Links တွေက အသုံးဝင်ပါလိမ့်မယ်။

http://support.asus.com.tw/download/download.aspx?SLanguage=en-us
http://www.msi.com/index.php?func=service
http://www.gigabyte.com.tw/Support/Motherboard/DownloadCenter_List.aspx
http://downloadcenter.intel.com/
http://www.ecs.com.tw/ECSWebSite/Downloads/Category_Download.aspx?MenuID=6&LanID=0

SimpleHelp.net

အင်တာနက်ဂျာနယ်ထဲ ပါလာတာနဲ့ ၀င်ကြည့်မိတယ်။ အတော်လေး ကောင်းပါတယ်။ Step by Step လေးတွေနဲ့ ရှင်းပြထားတယ်။ လုပ်နည်းတွေကတော့ အစုံပါပဲ။ အောက်မှာ သူရဲ့ recent posts လေးတွေကို ပြထားပါတယ်။
အဲဒီလို အဲဒီလိုမျိုးတွေ အများကြီးပါပဲ။
ကဲ Let's Go to www.simplehelp.net

May 27, 2009

Origmai


ကွန်ပျူတာနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ စာဖတ်သူတိုင်း စိတ်ဝင်စားလောက်ပါတယ်။ ဘာလဲသိလား။ စက္ကူခေါက်နည်းလေ။ စပယ်ရှယ် လုပ်နည်းတွေတင်ထားတဲ့ site နှစ်ခုရှိတယ်။
http://www.origami-instructions.com/ နဲ့ http://www.origami.com/ ပါ။ ဖတ်ပြီး လိုက်ခေါက်ကြည့်လိုက်။ ပျော်စရာကောင်းတယ်နော်။